Category:လင်္ကာ

From Wikisource
Jump to navigation Jump to search

လင်္ကာဟူသည် ပါဠိစကား အလင်္ကာရ ဖြစ်၍ တန်ဆာဆင်ခြင်း အနက်ရသည်။ မိန်းမပျိုကလေး တစ်ဦးအား ရိုးရိုးဝတ်စား ဆင်ယင်သည်ထက် ပုတီး၊ လက်ကောက်၊ ခြေကျင်း၊ နားဍောင်းများကို ဆင်ထားပါက ပိုမိုကြည့်၍ ကောင်းသကဲ့သို့ စာပေတွင်လည်း ရိုးရိုးစကားလုံးများကို နားထောင်၍ကောင်းအောင် သုတိသာယာသော စကားလုံးများဖြင့် ညှပ်ကာ ပုလဲတတန့် ရွဲ့တစ်ကန့် စပ်ဆိုဖွဲ့နွဲ့ထားခြင်း စသော သဒ္ဒါအဆင်တန်ဆာ၊ အနက်အဆင်တန်ဆာများဖြင့် တန်ဆာဆင်ထားလျှင် အထူးနှစ်သက်ဘွယ်ရာ ဖြစ်လာလေသည်။ ထိုစာပေကို အလင်္ကာ၊ လင်္ကာ ဟုခေါ်ဆိုသည်။

လင်္ကာတွင် ပုဒ်ရေပေါင်း ဖွဲ့လိုသမျှ ဖွဲ့နိုင်သည်။ အဖျားချ တွင်လည်း စာလုံးရေ အကန့်အသတ် မရှိပေ။ ကဗျာ၊ လင်္ကာသည် ပုဂံခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည်။ ပုပ္ပါးနတ်တောင်ဖွဲ့ လင်္ကာ၊ အနန္တသူရိယ လင်္ကာ၊ မြကန်လင်္ကာ တို့သည် ပုဂံခေတ်လက်ရာများ ဖြစ်သည်။ သို့သော် ကျောက်စာများပေါ်တွင် ကဗျာ၊ လင်္ကာများကို မတွေ့ရပေ။

Pages in category "လင်္ကာ"

The following 83 pages are in this category, out of 83 total.