ပုတ္တာရောစနခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မန်လည်ဆရာတော်ဘုရားကြီး
၂။ ပုတ္တာရောစနခဏ်း

(၁၆၃) ဗုဒ္ဓင်္ကူရ၊ ကျော်ပေါက်ပြသား၊ မဃဒေဝ၊ လောက သ †င်္ကျစ်၊ ဓမ္မရာဇ်လျှင်၊ ကြည်†ချစ် မြတ်လေး၊ ရိုးမဆွေးအောင်၊ ကျွန်ရေး ကျင်လည်၊ ဆတ္တာသည်အား၊ သာစည် ကြီးမင်း၊ ရွာဆု နှင်း၍့၊ သားရင်း နန်း*လျာ၊ မဟာဥပရာဇ်၊ ရွှေသ†င်္ကျစ်နှင့်၊ လွန်†ချစ် သက်နှံ၊ အိမ်ရွှေစံကို။။ အထံ ခေါ်တော်၊ သို့ မိန့်ဘော်တည်း။ (၁)

(၁၆၄) တလော်ကဓာတ်၊ ခေါ်စမှတ်သား၊ ရံပတ် သွန်း *သွန်း၊ တောင်စက် ဝန်းလျက်၊ ကျွန်းကြီး လေးသွယ်၊ ကျွန်းငယ် နှစ်ထောင်၊ လေးသွယ်ရောင်နှင့်၊ ရေဘောင် ပြင်ကျယ်၊ ပင်လယ် လေးစင်း၊ မကြွင်း ထိုမျှ၊ လူ့ဒေသထက်၊ နေ-လအပေါ်၊ လွန်ကျော် ထက်ခွင်၊ မိုးကောင်းကင်နှိုက်၊ စက်ရှင်ညီးညီး၊ ယာဉ်ပျံ စီး၍့၊ နတ်ကြီး လေးဘော်၊ စံပျော် ထင်ရှား၊ ယုဂန်ဖျားနှင့်၊ သိကြားနေပြည်၊ တာဝ*တည်ဟု၊ လေးမည် ရောင်ဟုံ၊ သိနေရုံတိုင်၊ စက်စုံ ဖြန့်ရိပ်၊ ဣန္ဒာ့ထိပ်ကို၊ နင်းနှိပ် စိုးစံ၊ တန်းခိုး လျှံ၍့၊ ကျော်သံ ဘက်ကင်း၊ စံစား†ခြင်းဖြင့်၊ လူ†ချင်းမမျှ၊ လူ့လောကနှိုက်၊ အဂ္ဂပညတ်၊ လေးပါး မှတ်တွင်၊ အမြတ် တဆူ၊ ဝင်တော်မူလျက်၊ နတ်လူတကြော၊ အံ့ဘွယ်မောသား၊ ဘေး*စော စက္ကဝတ်၊ လောင်း မန္ဓာတ်၏့၊ မပြတ် နွယ်တော်၊ ဆက်လာ ပေါ်၍့၊ ရွှေလှော် *ကျိုင်းထွား၊ ကသိုဏ်းလားသို့၊ ဘ,ဖျား သက်စု၊ နေ့တိုင်း ရှုသည့်၊ မောင်ပု မင်းဖြူ၊ သား သည်းအူ။။ မှတ်ယူ ခုသော်၊ ဘ,ဘုန်းမော်၏့၊ ဆံတော် မြရွက်၊ ဖြူ-ကျား ကွက်၍့၊ တရက် တရက်၊ ရွေ့ရွေ့†ပျက်လျက်၊ နေ†ပြက် ကြာ့နှယ်၊ မတင့်တယ်ဘဲး၊ နွမ်းနယ် လျော့ပါး၊ ဇရာအားဖြင့်၊ ဘောက်ပြား နှိပ်စက်၊ သေမင့်းလက်နှိုက်၊ သေဘက်သို့ နီး၊ သတ်တော် ကြီး၍့၊ ခရီးလမ်း တို၊ ရွယ်တော် အိုခဲ့၊ ဤကိုယ် ညှိုးမြန်း၊ ပျို မလန်းသည်။။ သေပန်း ပွင့်လာတော့ပြီတည်း။ (၂)

(၁၆၅) လူတို့ပြည်မှာ၊ လူ့ချမ်းသာကို၊ များစွာ နှစ်ပေါင်း၊ လေးထောင်ဆောင်းသား၊ ရှစ်သောင်း သုံးပြန်၊ ကာလ လွန်အောင်၊ ဗိမာန် ဘုံကြီး၊ တညီးညီးနှင့်၊ နန်း-ထီး အုပ်စိုး၊ လူအမျိုးကို၊ တန်းခိုးတော်†ရိုက်၊ ဘုန်းတော် ပိုက်က၊ တုန်†ယိုက် ညွတ်တိမ်း၊ ရန်မျိုး ငြိမ်း၍့၊ ခပ်သိမ်းမကျန်၊ မြေလုံး လှန်သို့၊ ထိပ်စွန် လက်မိုး၊ ကြောက်လန့်စိုး၏၊ မျက်ငြိုး မာန်ချောင်း၊ ရိပ်မစောင်းလည်း၊ သောင်းတိုက် လက်ျာ၊ မြေမျက်နှာထက်၊ တရာ ပြည်ထောင်၊ နန်းဆောင်ဆောင်နှင့်၊ ကုန်အောင် များစွာ၊ မင်း*တကာတို့၊ စကြာတော်ဦး၊ မဖူးတိုက်လို၊ မခိုလိုနိုး၊ ရွံ့မစိုးဟု၊ *အဲခိုး*သံယံ၊ ဝမ်းထဲ ကြံမျှ၊ တရံ တဘန်၊ မလွန်ဆန်တည့်၊ ပြန်လှန် သစ္စာ၊ မာန်သွင်းမာ၍့၊ အာဏာ လက်ရုံး၊ ငါနှင့် †ကြုံးက၊ †ကျုံး၍့ မီးဝယ်၊ ပစ်မည့်နှယ်သို့၊ ဘယ်ပြည်ထောင်မင်း၊ ရန် မတင်းဘဲး၊ ခွန်သွင်း ပဏ္ဏာ၊ ဆက် ကညာနှင့်၊ စူဠာ ဆံဦး၊ မကိုဋ်ဖူးဖြင့်၊ ညွတ်နူး သက်နှံ၊ သစ္စာခံ၍့၊ ထီးရံ နန်းကာ၊ လိုတော်ပါ၏၊ ငါသာ ဧကရာဇ်၊ မင်းဆုံး ဖြစ်လျက်၊ မင်းစစ်တပါး၊ ဝတိန်ဖျားက၊ သိကြား သူ†ဇံ၊ နတ်ဘုန်းလျှံသို့၊ ပျော်†စံမငြီး၊ ပျော်ခဲ့ပြီး၏၊ ရှစ်ထီး စကြာ၊ ဖြူရွက် ကာ၍့၊ လူ့ရွာရိပ်ငြိမ်၊ မင့်းစည်းစိမ်ကား၊ မိုးတိမ်*တစံ့၊ တည် မတံ့ဘူး၊ မခံ့ သက်သက်၊ ခဏတွက်ဖြင့်၊ ရေပြွက်ပမာ၊ တ*သက်လျာဟု၊ ထင်ကာ အပြီး၊ စိတ်တော်ငြီး၏၊ တသီး ယခု၊ ထက်ဘုံ လု၍့၊ ကြီးထု လွန်စွာ၊ နတ်ချမ်းသာကို၊ ဘွေရှာချိန်နီး၊ နတ်ခရီးနှင့်။။ နတ်ထီး ဘွင့်ရာတော့ပြီးတည်း။ (၃)

('ကြိယာဝိသေသလင်္ကာရဝင်္ကဝုတ္တိ'ရှိသောပိုဒ်)

(၁၆၆) ဤလူ့ပြည်မှာ၊ လူ့ချမ်းသာဟု၊ ကာမဝတ္ထု၊ ဤငါးခုကား၊ ဝတ်တုစံပ၊ ပထမနှင့်၊ ဒုတီယရွယ်၊ သည်မျှဝယ်သာ၊ နုနယ် ရူပ၊ *ပတ်လျ *တန်စို၊ *လုလင်ပျိုမှ၊ စိတ်လိုယှိရွေ့၊ တမွေ့ တလျော်၊ စံစား ပျော်၏၊ ရင့်ယော် ဣ†န္ဒြေ၊ ကိုယ်†ရေ လျော့ပါး၊ ခွန်အား ဆုတ်ပြီး၊ ခေါင်းဖြူကြီးနှင့်၊ သေနီးရောက်လျက်၊ နောက် ရွယ်သက်နှိုက်၊ ကြောက်-ရှက်*မဲ့စွာ၊ ပျော်စပါလည်း၊ လိုရာ ဘယ်သို့၊ ပျော်နိုင်တို့လိမ့်၊ ပျော်ဘို့ စွမ်းဟုန်၊ ကုန်ကြီး ကုန်ခဲ့၊ မြူးခုန် ကာမ၊ ပျော်ကိစ္စဖြင့်၊ လောဘတိုက်တိုက်၊ မောဟ ခိုက်၍့၊ တငိုက်*မျဉ်းမျဉ်း၊ သေချိန်ချဉ်းအောင်၊ ထိုင်းပျဉ်း ပျောင်းခွေ့၊ တမွေ့မွေ့သာ၊ လျော့မေ့ ဤကိုယ်၊ ဗြဟ္မစိုရ်နှင့်၊ ကုသိုလ် ကင်းပယ်၊ သီတင်း ကွယ်က၊ မဝယ် *မလှယ်၊ မိုးမှာ ကြယ်သို့၊ ခြောက်သွယ် နတ်ရပ်၊ မကပ်နိုင်စွာ၊ ကွာကြီး ကွာလိမ့်၊ ပမာ နှိုင်းဘက်၊ ပင်ဖျားထက်နှိုက်၊ လေတက်ခေါ်ကာ၊ ကိုင်းရာ ရွက်ခံ၊ ပက်လံ အိပ်ကြည့်၊ ဉာဏ်မပြည့်သား၊ နှိုင်းရှည့်*မဲ့သီး၊ လူမိုက်ကြီးဟု၊ အတီး *ရှေးက၊ ပေါရာဏတို့၊ ပြောပ ဘော်ထုတ်၊ ခေါ်သမုတ်သည့်၊ သစ်ခုတ်ယောက်ျား၊ လေး*ဦးသားသို့၊ ပျော်ပါး လူ့ဘောင်၊ မောဟ ဆောင်တိုင်း၊ သေအောင် ငါ့ကိုယ်၊ မမိုက်လိုဘူး၊ ကုသိုလ် ဝေးကွာ၊ မိုက်လေ့လာဖြင့်၊ ပျော်ကာ မြူးကာ၊ ယစ်မူးကာနှင့်၊ ကိလေသာဆိုး၊ အယုတ်မျိုးကား၊ *ထံပိုး လှိုင်းဟုန်၊ *သုန်ကြီး သုန်ခဲ့၊ လှေစုန် ရွက်တိုက်၊ ရေကြောလိုက်သို့၊ စိုက်စိုက်မယွင်း၊ လေး ပါယ်တွင်းသို့၊ စုန်ဆင်း လျင်မြန်၊ ရောက်ကြောင်း မှန်၏၊ ငါးတန် ရေစုန်၊ ကာမဂုဏ်ကို၊ အကုန် ပယ်ခွါ၊ စွန့်ပြီးခါမှ၊ မဟာပုရိ၊ လောင်းဗောဓိတို့၊ မငြိ မရှက်၊ မြတ်ဝိတက်ဖြင့်၊ တောထွက်ကိစ္စ၊ နိက္ခမ္မကို၊ ခဏ မနှေး၊ ရှည်မသွေးသည်။။ ပြုရေး သင့်စွာတော့ပြီတည်း။ (၄)

(ဤ ၃-ပိုဒ်ကား 'တော့ပြီတည်း'ဟူ၍့ ၃-ပိုဒ်လုံး သံတူ ချရကား 'သော်တာရောင်ချ'ချည်း။)

(၁၆၇) ဇာတိသန္ဓေ၊ ကိန်းကြနေသား၊ တွက်ရေ ငါးစု၊ စတု ဧက၊ ဘုံဌာနဝယ်၊ ခန္ဓာအလို၊ သုံး ပုဂ္ဂိုလ်တိ၊ မဂ်-ဖိုလ် မယှဉ်၊ ပုထု†ဇဉ်တို့၊ အ†စဉ်သဘော၊ ရွေ့လျော မတည်၊ သံသာပြည်နှိုက်၊ တလည်ပတ်ပတ်၊ စက်ရဟတ်သို့၊ ယုတ်-မြတ် မမှန်၊ ထူး သဏ္ဌာန်ဖြင့်၊ ပြန်လှန် အောက်ထက်၊ စဉ် မပျက်ဘဲး၊ ဘဝဂ် ဝီစိ၊ မြဲးယှိ မထင်၊ ဆုံး မမြင်ဘူး၊ လူတွင် စကြာ၊ နတ်မှာ သိကြား၊ မိုးဖြား ဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာ ပြိုကွဲး၊ ကုသိုလ် *စဲးက၊ ဘောက်လဲး ပယ်ရွာ၊ ရောက်ပြန်ကာတည့်၊ စကြာ ဥဒေါင်း၊ မြင့်ဆောင်း ဒေဝ၊ နိမ္မိတက၊ ဝသဝတ္တီး၊ နတ်ကြီး မဟာ၊ ဝီစိရွာနှင့်၊ ဗြဟ္မာက ဝက်၊ အဆက်ဆက်ဖြင့်၊ တက်-သက် လူးလာ၊ ဘောက်ပြန်စွာတည့်၊ ဤခန္ဓာညွန်၊ တဏှာဝန်ကား၊ အလွန် ပုပ်ဆွေး၊ ချစ်တိုင်း လေး၏၊ ဝဋ်ဘေး အစဉ်၊ ဝိညာဉ် နာမ်-ရုပ်၊ ဖြစ်-ချုပ် မပြတ်၊ ဆုံးမသတ်သား၊ ဥပါဒ် နိရော်၊ တ*အော်လဲးလဲး၊ သံသာဝဲးနှိုက်၊ အမြဲး*ဖက်ထစ်၊ မွန်း-မြုပ် နစ်၍့၊ တဆစ် တရံ၊ ဌီမဆံဘဲး၊ သီဝံ ခေမာ၊ ငြိမ်းဧးရာနှင့်၊ ရှည်ကြာ ကာလ၊ မနီးရအောင်၊ ဘဝဆောင်သွေး၊ ဖြစ်တိုင်း ဝေး၏၊ အိုဘေးမကွာ၊ နာဘေးအတိ၊ သေဘေး ဘိလျက်၊ ဇာတိ မြစ်†ခြေ၊ မကင်း†ချေတိုင်း၊ အနေမကျ၊ အနိစ္စနှင့်၊ ဒုက္ခအစု၊ နှိပ်စက်မှုဖြင့်၊ အထု *အထ၊ ပုရွ ပျို-အို၊ ခန္ဓာကိုယ်လည်း၊ သင်္ဂြီုဟ် ငါးရပ်၊ နာမ်-ရုပ် စပ်လျက်၊ တံလှပ်သ*ဖွယ်၊ အနည်းငယ်မျှ၊ ချစ်†ဘွယ်စရာ၊ ချမ်းသာ+ရာနှင့်၊ မြဲး+ရာ နိစ္စ၊ ရှာမရ၍့၊ မြင်မတွေ့သည်။။ ဘယ်ရွေ့ နေရမည်မသိ။ (၅)

(၁၆၈) အာဒိ ဉာဏ်ရွှေ၊ ညက်ညက်ချေလျက်၊ မဟေသယာ၊ ဂုဏ်ထူးရှာသား၊ ပညာ*နက်ကိ၊ ဉာဏ်ဇာတိဖြင့်၊ မြင်-သိမဆိတ်၊ ရှေးအတိတ်က၊ ပဏ္ဍိတ် ကဝေ၊ တိဟိတ်နေတို့၊ ခြွေရံ ဝန်းလျား၊ သားမယားနှင့်၊ တိုင်းကား ပြည်ထောင်၊ ကာမဘောင်ကို၊ ထိန်ပြောင် ညီးပြိုက်၊ မီ့းနှယ်မြိုက်သား၊ လောင်တိုက် ကြီးစွာ၊ ဝဋ်မီးစာဟု၊ ယထာဘူတ၊ မုချ ကြံတွေး၊ ထင်ရေးရေးဖြင့်၊ *ဦးလေး ငြီးငွေ့၊ မမွေ့နိုင်အား၊ မြင်တရားကြောင့်၊ *ယိုးယား ရှောင်ခွါ၊ ငါးကာမာကို၊ မညှာ မချစ်၊ ပစ်ကြီး †ပစ်လျက်၊ အ†ပြစ် မြင်မြင်၊ တောသို့ ဝင်မှ၊ သန့်စင် ချမ်းမြ၊ သီလ ဧးကြည်၊ နှင်းရည် ဆွတ်†ချိုး၊ ပူ မစိုးအောင်၊ *ခြိုးခြိုး*ခြံခြံ၊ ကိုယ်ရှောင် စံ၍့၊ ဗြဟ္မံစရိယ၊ နိက္ခမ္မဖြင့်၊ ကိစ္စ ကြီးစွာ၊ ဝေးကြောင်း ခွါ၏၊ ဤကာယပုပ်၊ နာမ်-ရုပ် နှစ်ခု၊ ခန္ဓာစုနှိုက်၊ အမှု မလို၊ အပို မရှာ၊ မလော်မာဘဲး၊ တဏှာအဘော်၊ မသူတော်နှင့်၊ အပျော် မ†ကြိုက်၊ တရားမြိုက်ကို၊ မျို†ကျိုက် ဝမ်းထဲး၊ လုံးလုံး စွဲး၍့၊ အမြဲး ချမ်းသာ၊ ဧးကြောင်း ရှာ၏၊ ဥပါဒါနက်၊ ခန္ဓာပျက်ကား၊ သက်သက် ညစ်ဆိုး၊ အပျက်မျိုးကြောင့်၊ ပြုကျိုး မထင်၊ ပြင်ကျိုး မမြောက်၊ မျက်စိအောက်နှိုက်၊ ယွင်းဘောက်သည်သာ၊ ဓမ္မတာတည့်၊ ဇရာ ညှိုးယော်၊ ရုပ်ဆိုး ပေါ်၍့၊ ရွယ်တော် မလှ၊ ခေါင်း ဖြူဆွပြီ၊ မောင့်ဘ ခမည်း၊ ငါ*ရန်လှည်းလည်း၊ ထို့နည်းအသွင်၊ မသေခင်နှိုက်၊ တောဝင်ကျင့်*နှုန်း၊ သတိ*ဆုန်း၍့၊ တောပုန်းရသေ့၊ သူတော်လေ့ဖြင့်၊ ယနေ့ ထွက်စံ၊ ကျင့်*ခြိုးခြံအံ့၊ ခြွေရံ ဝန်းလျက်၊ ရွှေနန်းထက်ဝယ်၊ နှစ်သက် မင်းလေ့၊ ပျော်မမွေ့သည်။။ ဘယ်နေ့ သေရမည်မသိ။ (၆)

(ဤ ၂-ပိုဒ်လည်း အချီအချ 'ကိုးတွင်းပြည့်'ချည်း၊ 'ရမည်မသိ'ဟူ၍့ ၂-ပိုဒ်လုံး ချရကား 'သော်တာရောင်'လည်း ဟူ၏၊ အသတ်မဲ့ရကား 'ပေါက်ပြ'လည်း ဟူ၏၊ 'ဖျော်ဆိတ်လလည်'ချမျိုးလည်း ဟူ၏၊ ၂-ပိုဒ်လုံး လုံးရေ (၈၀)စီ ညီရကား 'ထူးဆန်းထွေလာ'လည်း ဟူကုန်၏၊

(၁၆၉) ဤသို့ မှန်စွာ၊ လောင်းရာဇာလျှင်၊ ကေသာ မြရွက်၊ ဖြူ တခက်ဖြင့်၊ သေဘက် နီးပြီ၊ မသေ†မီဝယ်၊ ခို†မှီ တောကျောင်း၊ ကပ်လို+ကြောင်းကို။။ နန်းလောင်းမင်းအား၊ မိန့်တော်ကြားတည်း။ (၇)

ပုတ္တာရောစနခဏ်း (၇)ပိုဒ် ပြီး၏၊