သဗ္ဗနိဂမနိဂုံး

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၁၅။ သဗ္ဗနိဂမနိဂုံး


(၆၂၅) စရိယာပိဋက၊ ပဏ္ဏာသနှင့်၊ ဧကနိပါတ်၊ သုတ်-ဇာတ် သုံးမျိုး၊ အရင်း ကိုးမှ၊ ဟောရိုး ပါဠိ၊ စုံလင် ညှိလျက်၊ ဘွင့်ဘိ အဋ္ဌကထာ၊ ဋီကာ ထိုမျှ၊ ကျမ်းပေါင်း ပြသား၊ မဃဒေဝ၊ ဇာတက၏့၊ အစ အဆုံး၊ လင်္ကာ ကုံး၍့၊ နိဂုံးတိုင်အောင်၊ အပြီး ဆောင်သည်။။ စာစောင် ကျမ်းသစ် တုမရစ်တည်း။ (၁)

ဤသို့လျှင်တိ၊ ဤတွင် ရုံး†ပေါင်း၊ အကုန် †ပေါင်း၍့၊ ဇာတ်†ပေါင်း နိဂမ၊ ခဏ်း ဆုံးပြသည်။။ ဆဋ္ဌ လုံးစုံ ပြီး*ကုံလုံတည်း။

သဗ္ဗနိဂမနိဂုံး (၁)ပိုဒ် ပြီး၏၊

(အလုံးစုံ ဇာတ်ပေါင်းခဏ်း (၉၅)ပိုဒ်။)

ဆဋ္ဌပိုင်းကြီး ဤတွင် ပြီး၏၊