ရတနသုတ် လင်္ကာ

From Wikisource
Jump to navigation Jump to search
ရတနသုတ် လင်္ကာ
by အရှင်သာသနဝရ

၁။ လူ့ဘုံ နတ်ဘုံ၊ နဂါးဘုံမှာ၊ ရတနာကား၊ အစားစား၊ များပြားလှပါပေ။
၂။ တန်နိုးတေဇာ၊ ဝေဖြာတောက်ကြွား၊ မြတ်ဘုရားနှင့် မခြားတူမျှ၊ ရတနာက၊ လုံးဝ မရှိပါပေ။
၃။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၆။ လူ့ဘုံနတ်ဘုံ၊ နဂါးဘုံမှာ၊ ရတနာကား၊ အစားစား၊ များပြားလှပါပေ။
၇။ တန်ခိုးတေဇာ၊ ဝေဖြာတောက်ကြွား၊ မြတ်တရားနှင့် မခြားတူမျှ၊ ရတနာက၊ လုံးဝ မရှိပါပေ။
၈။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၉။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁ဝ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁၁။ လူ့ဘုံနတ်ဘုံ၊ နဂါးဘုံမှာ၊ ရတနာကား၊ အစားစား၊ များပြားလှပါပေ။
၁၂၊ တန်ခိုးတေဇာ၊ ဝေဖြာတောက်ကြွား၊ သံဃာများနှင့်၊ မခြားတူမျှ၊ ရတနာက၊ လုံးဝ မရှိပါပေ။
၁၃။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊
၁၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း၊ ကြပါစေ။
၁၆။ ရတနခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁၇။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၈။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၉။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။