ပလိတဒဿနခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၃ ။ ပလိတဒဿနခဏ်း


တေန ဟိ မေ သမ္မ တံ ပလိတံ ဥဒ္ဓရိတွာ ပါဏိမှိ ဌပေဟီတိ စ ဝုတ္တေ သုဝဏ္ဏသဏ္ဍာသေန ဥဒ္ဓရိတွာ ရညော ပါဏိသ္မိံ ပတိဋ္ဌာပေသိ။

(၁၀၂) ဆတ္တာ ကျွန်ရင်း၊ တင်လျောက်ခြင်းကို၊ လောင်းမင်း ဘုန်းလူ၊ ကြားတော်မူက၊ မည်သူ မညွှန်း၊ တိုက်တွန်း မယှိ၊ ဉာဏ် ဇာတိဖြင့်၊ မြင်-သိသော့အား၊ တရား ရှေးရှူ၊ သံဝေ ယူမှ၊ မ ဉ္ဇူ နှုတ်တော်၊ အာလုပ် ဘော်၍့၊ ငယ်သော်က ဘက်၊ ငါ့ရွှေစက်ကို၊ ဦးထက် တင်မြှောက်၊ အမြဲး ဆောက်လျက်၊ ချစ်-ကြောက် ရိုသေ၊ ခစားထွေဖြင့်၊ ပတေ*ပတာ၊ *ယမ်းပည်းစွာဖြင့်၊ အာဏာ မလွန်၊ လက်ညှိုး†ညွှန်တိုင်း၊ †ညွန်ညွန် ရေရေ၊ အရှင်စေက၊ မသွေမဖည်၊ မိန့်တော်တည်သည့်၊ လူရည် ကောင်းစွာ၊ ကျွန် ဆတ္တာ။။ ခြင်းရာ ဧကန်၊ တင်တိုင်း မှန်က၊ အမြန် လွယ်ကူ၊ ထိုဆံဖြူကို၊ နုတ်ယူ ခုဘက်၊ ငါ့ရွှေလက်နှိုက်၊ ဆက်ထည့်မသွေ၊ ကြာမနေနှင့်၊ လျင်စေမဆိုင်း၊ အားလှိုင်း ခုပင်၊ မျက်တော် မြင်အောင်၊ ထင်ထင် လင်းလင်း၊ ကသိုဏ်းကွင်းသို့၊ ငါမင်း ဘုန်းမို၊ ရှုစလိုဟု၊ ထိုခဏ†ခြင်း၊ ကိုယ်လုံး†ချင်းအောင်၊ လွန်ပြင်း သံဝေ၊ ထိတ်လန့်ထွေဖြင့်၊ ရွှေမိန့်တော်မြတ်၊ ချက်ခြင်း မှတ်သည်။။ မြေပြတ် မိုးပြိုသော့လားတည်း။ (၁)

(၁၀၃) ဤသို့ မင်းကျော်၊ အာလုပ် ဘော်၍့၊ ရွှေမိန့်တော်မြတ်၊ ချက်ခြင်း မှတ်က၊ ဆတ္တာ ကျွန်ရင်း၊ ထို*အချင်းလည်း၊ ဝိုးဝင်း လျှံထိန်၊ စိန်လည်း တဆစ်၊ မြတရစ်ဖြင့်၊ ကျစ်လစ် မွေ့သိမ်၊ ရွှေပန်းထိမ်တို့၊ ခြူးလိမ် ခြူးကြွ၊ ပွရရွနှင့်၊ အလှ အနု၊ သိကြား ထုသို့၊ မျှော်ရှု မ†ငြီး၊ တညီးညီးတိ၊ မီးနှယ် တောက်ညိ၊ လောင်လလိမျှ၊ နဂ္ဃိ ဘိုး†များ၊ ကျောက်စုံ ခြားသား၊ ပတ္တ†မြား စီတပ်၊ ရွှေမွေးညှပ်ဖြင့်၊ ချဉ်းကပ် ရိုကျိုး၊ ရှိခိုး လက်အုပ်၊ ညွတ်တုပ်ပြီးခါ၊ ဖြည်းညှင်းစွာလျှင်၊ နုတ်ကာ လွယ်ကူ၊ အသာယူ၍့၊ စင်ဖြူ သန့်†ကြော၊ ချော်မနှောသား၊ ဘော်†ကျော ငွေ+ချည်၊ *တရထည်ဖြင့်၊ ရောင်+ခြည် ဖြူလွ၊ တပင်+မျှတိ၊ †မြရည် ဘောက်ပြား၊ ခြားနားအသွင်၊ ထိုဆံပင်ကို၊ ဘုရင်မင်းတရား၊ ရွှေလက်ဝါးနှိုက်၊ ထင်ရှား ပြက်ပြက်၊ တင်ထား ဆက်သည်။။ *ခေါက်ရက် မရှု မအားတည်း။ (၂)

ပလိတဒဿနခဏ်း (၂)ပိုဒ် ပြီး၏၊