ကပ္ပကာရောစနခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၂ ။ ကပ္ပကာရောစနခဏ်း


ကပ္ပကောပိ ဒီဃမဒ္ဓါနံ ခေပေတွာ ဧကဒိဝသံ ရညော အ ဉ္ဇနဝဏ္ဏာနံ ကေသာနံ အန္တရေ ဧကမေဝ ပလိတံ ဒိသွာ ဒေဝ ဧကန္တေ ပလိတံ ဒိဿတီတိ အာရောစေတိ။။

(၉၆) ကပ္ပ ဆေဒနေ၊ မသွေ မှတ်ခင်း၊ ဓာတ်ရင်း ဓာတ်နက်၊ ဏွု,သက်၍့၊ ရုပ်တွက် ပုဒ်ပြီး၊ *အတီး ရှေးက၊ စီရင်ပြသား၊ အနိစ္စဝါဒီ၊ ကမ္ဘီ ကမ္ဘာ၊ ဆက်ဆက် လာ၍့၊ ဝေါဟာ တသီး၊ လိုလို ပြီးသား၊ ဖျက်ဆီး မရ၊ ပသိဒ္ဓဟု၊ နိစ္စဝါဒီ၊ မညီ ဝါဒ၊ နှစ်မျိုးပြလည်း၊ သဒ္ဒါ့အရာ၊ မကြံသာကြောင့်၊ နေဝါနိစ္စ၊ နာနိစ္စဟု၊ ဆရာ့အယူ၊ နှစ်မူ လိုက်ပြု၊ မရုဗိမ္ဗော၊ ဂုဠောပမာ၊ သဒ္ဒါ အနိစ္စ၊ ဗျာကရဏဖြင့်၊ ပသိဒ္ဓဟုတ်၊ နိစ္စပုဒ်၏့၊ ကတ္တုက္ကရဏ၊ စသည်မကင်း၊ အတု ကျင်းလျက်၊ အလင်း ပြညှိ၊ ဆီမီ့းသဖွယ်၊ သိကြောင်းရွယ်သား၊ အလယ် သိမ်းဆည်း၊ မဇ္ဈုံနည်းဖြင့်၊ ကစ္စည်းမလွန်၊ သဒ္ဒါဉာဏ်ကို၊ ဘိဓာန် သင်္သကရိုဋ်၊ ကျမ်းရိုးလိုက်၍့၊ လူနှိုက်အထင်၊ ဆံပင် မုစ္ဆိတ်၊ ပယ်-ရိတ် ဦး†ပြီး၊ ခြေ-လက်သည်းကို၊ ဖြင်†ပည်း များစွာ၊ မျိုး စဉ်လာတိုင်း၊ အာဇီဝရေး၊ သက်မွေးကိစ္စ၊ ယေဘုယျဖြင့်၊ စိတ်က မငြီး၊ ဖြတ်လှီး သုတ်သင်၊ ပြုပြင်တတ်စွ၊ နက်အတ္ထကြောင့်၊ ကပ္ပကမည်၊ ဆတ္တာသည်လည်း၊ ဘုန်းစည် မှတ်ချက်၊ မိန့်တော်စက်ကို၊ ဦးထက်တင်ရ၊ နေ့က စ၍့၊ ကိစ္စ တသီး၊ ရေးတကြီးသည်။။ ရွယ်ပြီး မိုဃ်းကြိုးသဖွယ်တည်း။ (၁)

(၉၇) မိုဃ်းကြိုး ထိပ်ဝယ်၊ ရွယ်ပြီ့းနှယ်သို့၊ အကယ်မှတ်၍့၊ ထိုဆတ္တာကျွန်၊ ကြီးသည့်ဝန်ဖြင့်၊ အလွန်ရှည်စွာ၊ ကာလကြာအောင်၊ ပတာ *ပတေ၊ ရိုသေ မမေ့၊ တစေ့စေ့လျှင်၊ ရက်-နေ့ မချာ၊ ရေးရာတစ်ခု၊ လေးကြီး ပြုလျက်၊ ဂရုကတ၊ ကြည့်ရှုရစဉ်၊ နှစ်-လ ရာ-ထောင်၊ မကအောင်တိ၊ *မြားမြောင်ကာလ၊ ရှည်*ကျွန်းမှလျှင်၊ ဧကဒိဝသံ၊ နေ့တရံနှိုက်၊ ဆံတော် မုစ္ဆိတ်၊ ပယ်-ရိတ် ပြင်ကာ၊ သုတ်သင်ရာဝယ်၊ ရာဇာ ဘုန်းမော်၊ မင်းမြတ်ကျော်၏့၊ ဗောင်းတော်တင်ဆက်၊ ဦးတော်ထက်နှိုက်၊ မည်းနက် ဘိတ်မှောင်၊ မျက်စဉ်းရောင်သို့၊ *ဥသျှောင် စူဠာ၊ ကေသာ မြသား၊ ဆံတော်†ကြားတွင်၊ ဖြူ†ကျားအသွင်၊ ဆံတော်ရှင်သည်၊ တပင်မျှတွက်၊ ဖွေးလက်လက်ကို၊ ပြက်ပြက် ကွင်းကွင်း၊ မချွတ်ယွင်းအောင်၊ လင်းလင်း ထင်ထင်၊ စေ့စေ့မြင်က၊ ရွှင်ရွှင် အားရမ်း၊ မြောက်သည့်ဝမ်းဖြင့်၊ မင်းကျွမ်းဝင်ဝင်၊ *ဆောတ†လျှင်သာ၊ မြင်†လျှင် မြင်ခြင်း၊ ဦးချခင်း၍့၊ ဝပ်စင်းယို့ယို့၊ တင်တုံမြို့သည်။။ ဤသို့ လက်အုပ် ချီရွယ်တည်း။ (၂)

(၉၈) ဘဝိဿ †ရိ၊ မဟိဒ္ဓိနှင့်၊ †တြိမဟတ်၊ အမြတ် သုံးဖြာ၊ မ*နှုန်းရာတည့်၊ မဟာသုဒဿန၊ ဘေးလောင်းကလျှင်၊ အစ *ပက†တူး၊ ဘုန်းတော်†ထူး၍့၊ ကျွန်းဦးသပြေ၊ သီးမှည့် ကြွေဖြင့်၊ ရွှေတခဲးနက်၊ ရိုးလက်လက်တိ၊ ကနက္ကဒဏ်၊ မင်းသာ တန်သည့်၊ ထီး*မွန်မင်္ဂလာ၊ မိုးအုပ် ကာလျက်၊ မဟာသမ္မတ၊ ကမ္ဘာစ,က၊ ဗြဟ္မာ့ရုံးဖြစ်၊ ဘုန်းသစ်သစ်နှင့်၊ မျိုးဇာစ် ဇာတိ၊ တုမယှိဘဲး၊ လောကီ့ပရမေ၊ ထွတ်ဆုံးနေသား၊ မဟေသရော်၊ နတ်မင်းကျော်တို့၊ မြေပေါ် တသောင်း၊ လူအပေါင်း၏့၊ ဥက္ခောင်း ဖြတ်ချိုင်၊ ဘုန်းသတ်ပိုင်၍့၊ *ဦးကိုင်စီးလျက်၊ လူတို့သက်ကို၊ ရွှေလက်တွင် အုပ်၊ အမြဲး ဆုပ်ပြီး၊ ချုပ်စေ ရှင်စေ၊ မိန့်တော်ထွေတိုင်း၊ သေ-ရှင် နှစ်မျိုး၊ ဘဝစိုးသည့်၊ တန်းခိုး ကြီးမြတ်၊ လူတို့နတ်။။ ဥက္ကဌ် ထိပ်နင်း၊ တေဇာပြင်းသား၊ လောင်းမင်းအ†သျှင်၊ ဘဝ†ရှင်၏့၊ ထက်ခွင်+မိုးက၊ +မိုဃ်းကြိုး ချသို့၊ ကြီးလှ ရှိန်ဝါ၊ မိန့် အာဏာကို၊ အာဠာဝက၊ ကုဝေရနှင့်၊ ယမ ဝတ္တဘူ၊ နတ် လေးဆူတို့၊ ဘွဲ့ဖြူ သံချောင်း၊ မျက်စောင်း ဝရဇိန်၊ ရွယ်ချိန် ချီမြှောက်၊ လက်နက်အောက်နှိုက်၊ သက်ပျောက် ဝေမူး၊ သေ*ယူးယူးသား၊ ဘီလူး နတ်ငယ်၊ ကုမ္ဘဏ့်နှယ်သို့၊ နှိုင်းဆွယ် မက၊ ကြောက်လှ ခြင်းရာ၊ ရိုသေစွာလျက်၊ ဆတ္တာ ငယ်ကျွန်၊ သွေမလွန်အောင်၊ ထိပ်စွန် ဦးထက်၊ ပန်ဆင် ရွက်၍့၊ မြခက် နှိုင်း*လျော်၊ မြတ်ဆံတော်ကို၊ တမျှော် စေ့စေ့၊ ခါမမေ့လျှင်၊ တနေ့ မချန်၊ ရက် အမှန်ဖြင့်၊ ပြန်လှန် သုတ်သင်၊ စုံစမ်းကျင်လည်း၊ တပင်တွက်မျှ၊ ယွင်းကွက် ဖြူရောင်၊ ကျား မကြောင်ဘဲး၊ လေးထောင် ကျော်ဆောင်း၊ နှစ်အပေါင်းသည်။။ ရှစ်သောင်း စင်ခဲ့ပြီဘုရား။ (၃)

(၉၉) မဟိဿရိ၊ စက်ရဝိသို့၊ ကြီးဘိ တေဇော်၊ တိုက်လုံးကျော်၍့၊ ဘိုးတော် ရန်လှည်း၊ ခမည်း ရန်နှိပ်၊ ဘုန်းဆိပ် ပြင်းစွာ၊ မြတ်ရာဇာတို့၊ စံရာ ရန်အောင်၊ နန်းဆောင်ဆောင်နှင့်၊ ရွှေရောင် ချိုး†ချက်၊ အောင်မြေ†ချက်ဟု၊ ရွှေ†ချက်တော်သို၊ *နဂိုရ် ဘူမိ၊ *သေဉ်ဇာတိထက်၊ သိရီ့ လျှံတိတ်၊ ပြည်မလိတ်နှိုက်၊ အာဒိတ်ကာလ၊ ကုမာရက၊ ဥပရာဇာ၊ ရွှေနန်း*လျာဟု၊ မင်္ဂလာအိမ်တော်၊ စံမြန်းပျော်စဉ်၊ ရေသော် *မြားမြောင်၊ လေးထောင် ရှစ်သောင်း၊ နှစ်ပြန်ပေါင်းနှင့်၊ နှောင်းမှ ထိုပြီ့း၊ ဤမိထိလာ၊ ပြည် အောင်ချာဝယ်၊ တရားမင်းတို့၊ ခွန်သွင်း*ကော်ရော်၊ ရှိ ပူဇော်၍့၊ မပေါ် ရန်ငြောင့်၊ ရှစ်သောင့်းလေးထောင်၊ နှစ်စဉ် အောင်တိ၊ *ရွှေတောင် လျှံ†ညီး၊ ရွှေနန်းကြီးထက်၊ မ†ငြီးမငွေ့၊ စံမွေ့ စက်ပျော်၊ ထက်မိုးပေါ်ဝယ်၊ ဘိုးတော် မာဃ၊ ဝါသဝလည်း၊ သည်မျှ ချမ်းသာ၊ မလွန်ရာခဲ့၊ မဟာပုည၊ ဗလဝကြောင့်၊ လောကသခင်၊ တို့နတ်သျှင်လည်း၊ *လုလင်ရွယ်လှ၊ တရုဏသို့၊ ရှုကြ မငြောင်း၊ ရွယ်တော် ကောင်း၍့၊ ရှစ်သောင်း သုံးခါ၊ မတန်ရာခဲ့၊ သမ္ဘာတော်ဟုန်၊ ဘုန်းတော်ဂုဏ်ကို၊ ဝသုန် မြေနှင့်၊ နှိုင်းရှည့် ချင့်လည်း၊ ကြီးမြင့် အထု၊ *နှုန်းတု မတန်၊ ရွှေဘုန်း လွန်၍့၊ ပြန်ပြန် သင်္ချာ၊ မကန်ရာခဲ့၊ ရွှေအာယုခေတ်၊ သက်တော် စစ်က၊ အနှစ် ရှစ်သောင်း၊ လေးထောင်ပေါင်းဖြင့်၊ ပြန်ဆောင်း သုံးခေါက်၊ တိုင်ရောက်ပြီး၍့၊ ဤယနေ့မှ၊ စေ့စေ့ ထင်ရှား၊ မြင် မမှားဘဲး၊ မြသားရောင်မြတ်၊ ကိတ္တပတ်သို့၊ ဥက္ကဌ် ထွတ်ဖျား၊ *တမွတ်ထားသည့်၊ ဘုရား ဘုန်းမော်၊ မြတ်ဆံတော်တွင်၊ ငွေဘော် ချည်လား၊ ခြား၍့ ဖြူ*ယောင်း၊ ရောင် မမောင်းသည်။။ တစ်ချောင်း ထင်ခဲ့ပြီဘုရား။ (၄)

(၁၀၀) ဇနိဿရိ၊ ဓိပ္ပတိဟု၊ လောကီ့ ကိုးရာ၊ စိုးထွတ်ချာတည့်၊ ရွှေသမ္ဘာဟုန်၊ မဟာဂုဏ်နှင့်၊ ဆန်-စုန် မြေ-မိုး၊ တန်းခိုး ဝှန်†ချောက်၊ ဘုန်းရှိန် တောက်၍့၊ ပိန်†ခြောက် ရာစင်း၊ ကြောံရွံ့ ပြင်းလျက်၊ သတင်း လူ့ဘောင်၊ မဆံ့အောင်လျှင်၊ မိုးခေါင် နတ်†ခြောက်၊ အနှံ့ ပေါက်၏၊ ထုတ်†ချောက် မြင်းမိုရ်၊ ဗွေ ကမ္ဗိုလ်ထက်၊ လိုတော်ယှိတိုင်း၊ တွန့် မဆိုင်းဘဲး၊ *ကွန့်လှိုင်း ရွှေစက်၊ ဖြန့်ချီ တက်၍့၊ နတ်ထက် လူမင်း၊ သာလွန်†ခြင်းဖြင့်၊ ကျော်†ချင်း ထင်ရှား၊ ဝေယန်ဖျားဝယ်၊ သိကြား သုံးကျိပ်၊ ခြောက်ယောက်ထိပ်ကို၊ နင်းနှိပ် စိုးနှိမ်၊ နတ်နန်းအိမ်နှိုက်၊ စည်းစိမ် စံပျော်၊ ရှည် သက်တော်နှင့်၊ အကျော် တဦး၊ ဘုန်းတော် ထူးသည့်၊ လူမှူး မဟာ၊ ကပ်ဦးခါက၊ စကြာ မန္ဓတ်၊ ဘေးတော်မြတ်သို့၊ ဆတ်ဆတ် မြဲးတည်၊ သက်တော်ရှည်၍့၊ လူ့ပြည်မတန်၊ နတ်ထက် လွန်အောင်၊ တမ်းခွန်ဆောက်ပြီး၊ ဘုန်းတော် ကြီးလိမ့်၊ ထီး*တကာ့ရှင်၊ တို့ ထိပ်တင်လျှင်၊ နန်းပြင် ပျော်မြူး၊ ရွယ်တော်ဦးက၊ ရှည်ကျူး အနှစ်၊ ရေတွက် စစ်သော်၊ ရှစ်သောင့်းလေးထောင်၊ ငယ်ရုပ် ဆောင်လျက်၊ ထို့နောင် ကာလ၊ ရုံးရောင်ပ၍့၊ မွေးဘ ရာဇာ၊ ခံ *ရိုက်ရာနှင့်၊ မင်း*လျာ *ကြငှန်း၊ *ကွမ်းထည့်မှန်းသား၊ ဘုန်းပန်း ပွင့်သစ်၊ ဥပရာဇ်လည်း၊ ရှစ်သောင့်းလေးထောင်၊ နှစ် *မြားမြောင်တည့်၊ မင်းခေါင် မင်းဖျား၊ ပြည်ထောင် ပွား၍့၊ တရားစည်ကြီး၊ ဆော်တီး ထိန့်ဆူ၊ ကနက် ထူလျက်၊ ဇမ္ဗူ တသောင်း၊ မြေနေပေါင်းနှင့်၊ ထီးဆောင်း ဆယ်ကျိပ်၊ မင်းမျာ့းထိပ်ကို၊ နင်းနှိပ် ခွန်ယူ၊ မင်း*ဓီးမူ၍့၊ ရိပ်ဖြူ မိုးလှစ်၊ စိုးသည့်နှစ်လည်း၊ ရှစ်သောင့်းလေးထောင်၊ သုံးပြန်ဆောင်သော်၊ *မြားမြောင် တွက်ကိန်း၊ နှစ်သိန့်းငါးသောင်း၊ နှစ်ထောင် ဆောင်းသည်။။ နှစ်ပေါင်း *ဖြင်ခဲ့ပြီဘုရား။ (၅)

(ဤသုံးပိုဒ်ကား အချီ-အချ 'ကိုးတွင်းပြည့်'ချည်း။။ 'ခဲ့ပြီဘုရား'ချည်း ချရကား၊ 'သော်တာရောင်'ချ၊ ပိုဒ်ပေါင်း ၈၀- စီညီသဖြင့်။ ' ထူးဆန်းထွေလာ'လည်း ဟူ၏၊)

(၁၀၁) ဤသို့ ဆတ္တာ၊ ကျွန်ရင်း †ချာလျှင်၊ ကြောင်း†ခြာ မတိမ်း၊ ခပ်သိမ်း အ†ချင်း၊ ချန် မချွင်းသည့်။။ ချက်†ခြင်း မြင်+လျောက်၊ တင်+လျှောက် သံတော်၊ ထိပ်ပေါ် လက်မြှောက် ချီလတ်တည်း။ (၆)

(၁၅)-လုံးချ 'မဏိဥပြည်း'ချနည်း)

ကပ္ပကာရောစနခဏ်း (၆)ပိုဒ် ပြီး၏၊