အတ္တစိန္တာခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၄ ။ အတ္တစိန္တာခဏ်း


တဒါ ရညော စတုရာသီတိ ဝဿသဟဿာနိ အာယု အဝသိဋ္ဌံ အဟောသိ။ ဧဝံ သန္တေပိ ပလိတံ ဒိသွာဝ မစ္စုရာဇာနံ အာဂန္တွာာ သမီပေ ဌိတံ ဝိယ အတ္တာနံ အာဒိတ္တပဏ္ဏသာလံ ပဝိဋ္ဌံ ဝိယ စ မညမာနော သံဝေဂံ အာပဇ္ဇိတွာ ဗာလမဃဒေဝ ပလိတဿုပ္ပါဒါ နာမ ဣမေ ကိလေသေ ဇဟိတုံ နာသက္ခီတိ စိန္တေသိ။

(၁၀၄) ထိုသို့ *၄င်း၊ မြတ်ဥက္ခောင်းထက်၊ တချောင်း ဆံဖြူ၊ နုတ်ယူ ဆတ္တာ၊ ဆက်သော့ခါနှိုက်၊ ရာဇာ ထိုမင်း၊ လောင်း*သနင်းအား၊ ကြွင်းသည့်နန်းသက်၊ ဆက်ဆက် ကြာ*ညောင်း၊ နှစ်အပေါင်းဖြင့်၊ ရှစ်သောင့်းလေးထောင်၊ *မြားမြောင် ရှည်ဝေး၊ ကျန်ဘိသေး၏၊ အရေး ထင်လင်း၊ သို့သက်ကြွင်းလျှင်၊ ယှိလျှင်းကစား၊ ထိုမင်းဖျားကား၊ ဖြူ-ကျား ညှိုး†ယော်၊ ထိုဆံတော်ကို၊ ထို†ရော် တပ်တပ်၊ ဉာဏ်တော် ကပ်ပြီး၊ တိမ်းမပ် *လုလု၊ မျှော်ရှု၍့သာ၊ ထိတ်လန့်စွာလျက်၊ မကြာ အဟုတ်၊ ချက်*တဖြုတ်ခြင်း၊ သုတ်သုတ် လျင်စွာ၊ သေမင်းလာ၍့၊ အာဏာ ကြီးမား၊ ယူမည့်သားဟု၊ အပါး ကြပ်ကြပ်၊ ရပ်လာလှည့်သို့၊ ထိုမြို့တခြင်း၊ မင်းပြစ် မလွတ်၊ ရာဇဝတ်ကြောင့်၊ မချွတ် အပြီး၊ မီးပုံကြီးနှင့်၊ ညီးညီး ပြောင်ဝင်း၊ လောင်တိုက်တွင်းနှိုက်၊ ဆင်းရ၏့သို့၊ ဤကိုယ့်အပြစ်၊ ခြင်းရာ စစ်ကို၊ နစ်နစ်*နောနော၊ သူ မ†ပြောလည်း၊ မိန်း†ပျော ဆွတ်ဆွတ်၊ ထင်တော် မှတ်၏၊ “ဘုတ်ဓာတ်အလို၊ ပေါင်း သဂြိုဟ်၍့၊ ကိုယ်ဟု ပွား*ဖြီး၊ ဖြစ်တပြီးကား၊ ပျက်စီးဘို့†ရာ၊ အမြဲးသာတည့်၊ ဇ†ရာ မရဏ၊ ဒုက္ခ ဝဋ်တွင်း၊ အိုရခြင်းနှင့်၊ သေမင်း လွတ်အောင်၊ ဘယ်သို့ ရှောင်အံ့၊” “တောင် ခုနစ်ခွေ၊ ရေ ခုနစ်ထပ်၊ လေးရပ် ကျွန်းခွင်၊ ကောင်းကင် သမုဒြာ၊ စကြဝဠာမြေထဲး၊ ပုန်းခို လွဲးလည်း၊ အမြဲး မချွတ်၊ သေဘေးဝဋ်မှ၊ မလွတ်တို့သာ၊ မလွဲးရာတည့်၊ ဓမ္မတာအညီ၊ လမ်းရိုး မှီ၏၊ ငြင်းဖီ မရ၊ အနိစ္စသော၊ ထင်သည့်ဇောနှင့်၊ သဘောစိစိ၊ ကျမ်းရိုးမိသို့၊ မြင်-သိ အမှန်၊ သံဝေဉာဏ်ဖြင့်၊ ဘန်ဘန် မရွေ့၊ တစေ့စေ့သည်။။ အောက်မေ့ ဤသို့ ကြံသတည်း။”(၁)

(၁၀၅) “မောဟ မိုက်စွာ၊ မှောင်တိုက်မှာလျှင်၊ တဏှာလုံးပိုး၊ နေ့တိုင်း ထိုးလျက်၊ ကိုယ်ကျိုး နှစ်ခု၊ ကောင်း-ဆိုးမှုကို၊ မရှု မမြင်၊ မဆင်ခြင်ဘဲး၊ သက်ရှင်ရုံတိ၊ သည်သာယှိသည့်၊ မည်ဘိ ဗာလ၊”မင်းမဃ။။ မောဟ မှေးရစ်၊ သင့်အ†ဖြစ်ကို၊ လက်†ဖျစ် တတီး၊ အံ့ကြီး အကယ်၊ အံ့သြဘွယ်တည့်၊ ကြီးကျယ် ရိပ်ငြိမ်၊ မင့်းစည်းစိမ်နှင့်၊ စိုးရိမ်*မဲ့လစ်၊ ငါ မင်းဖြစ်ဟု၊ “မူးယစ် တဏှာ၊ ဤခန္ဓာကို၊ ပညာဉာဏ် မှေး၊ မြော် မတွေးဘဲး၊ မြွေပွေး ခါးပိုက်၊ အပျော်လိုက်သည့်၊ သူမိုက်သ†ဖွယ်၊ အံ့သြ†ဘွယ်တည့်၊” “လကွယ် သန်းခေါင်၊ တိမ်တောင် တောအုပ်၊ သရုပ်အပြား၊ ဤလေးပါးဖြင့်၊ စုံငြား အင်္ဂါ၊ မှောင်ကြီးစွာထက်၊ အဝိဇ္ဇာတမ၊ မောဟ မိုက်ခေါင်၊ ကိလေမှောင်နှိုက်၊ ဉာဏ်ရောင် ပျောက်ပြယ်၊ ရှင်းရှင်း ကွယ်လျက်၊ နွမ်းနယ် ရုပ်ဝါ၊ မရှုသာအောင်၊ ဇရာမြွေဆိပ်၊ ရိပ်ရိပ် မျိုတက်၊ ဤကိုယ်ပျက်လည်း၊ သက်သက် မထင်၊ မိုက်တွင်းဝင်ပြီး၊ *လုလင်*တံစို၊ စိတ်မုန်ယိုနှင့်၊ အလို*ရမ္မက်၊ ဉာဏ် မဘက်သား၊ ပျိုသက် နုနယ်၊ လူသူငယ်သို့၊ လူဝယ် ပျော်ရေး၊ ကာလသွေး၍့၊ ခေါင်းမွေး ဆံပင်၊ အဖြူထင်အောင်၊ သို့စင် မေ့မူး၊ အိမ်ထောင် ကြူးလျက်၊ ပျော်မြူး စမ္ပယ်၊ နန်းကြီးလယ်နှိုက်။။ အရွယ် သင့်သေးပါစံ့လော။ (၂)

(၁၀၆) “တအောင့် တမှိတ်၊ တဆိတ်ဆိတ်ဖြင့်၊ ညိတ်ညိတ်ရွေ့သွား၊ နေ့အလားသို့၊ လုံးပါး ချက်တိုင်း၊ ရပ်မဆိုင်းဘဲ၊ သင်းချိုင်း ရှေးရှူ၊ ပြေးစမူသား၊ ဤလူပေါယယ်၊ များ ကြီး-ငယ်တို့၊ ကိုယ်ဝယ် ဖြစ်†ခြင်း၊ ကိုယ့်ကြောင်းရင်းနှင့်၊ အ†ချင်း*အတ၊ သဘာဝကို၊ ယမ်းဆ စိုးစိ၊ မသိတုံရှောင်း၊ *ဦး မတောင်းသား၊ ရပ်ကောင်း ဘူမိ၊ ဘေးမရှိသို့၊ မိုက်မိ မိုက်မဲး၊ အိမ်ထောင်မြဲးလျက်၊ ပျော်ပွဲး ဘွဲ့ကာ၊ ပျော်စ,ပါခဲ့၊” “*ကြမ္မာ ယိမ်း*ယိုင်၊ ပျက်ချိန်တိုင်က၊ †ခရိုင်ပျက် ထီး၊ ဘောင်ကြီး ကွဲးလံ၊ သောင်ကြီး*ယွံသို့၊ မကြံနိုင်စွာ၊ ငေးမှိုင်ကာလျှင်၊ *ကြမ္မာအလျောက်၊ ရောက်ရာ ရောက်လိမ့်၊ ဘောက်ဘောက်ပြားပြား၊ မမြင်ငြားလော့၊ “များလှ*အစုတ်၊ မြတ်-ယုတ် မျိုးနွယ်၊ ကြီး-ငယ် ပုရွ၊ လူ ထိုမျှတို့၊ နေ့ည မခြား၊ အားပါးထုတ်မှု၊ ဆည်းပူးပြုသည့်၊ ပေါင်းစု ရရာ၊ ထိုဥစ္စာကား၊ စားကာ သောက်တုံ၊ ကြံပုံ ပျက်ရှုံး၊ ကုန်ခြင်း ဆုံး၏၊” “သုံးဆဲ့တရွာ၊ သတ္တဝါတို့၊ ခန္ဓာဟုဆို၊ ယှိတိုင်းကိုယ်လည်း၊ အိုတရွေ့ရွေ့၊ နောက်ဆုံးနေ့နှိုက်၊ စုတေ့ မမြဲး၊ ပြိုကွဲး အားလုံး၊ သေခြင်း ဆုံး၏၊ ဘုံထုံး ဘုံလေ့၊ မရွေ့စသာ၊ မချွတ်စွာတည့်၊” “ဘွားခါ ထိုမှ၊ နေ့က စ၍့၊ နှစ်လ ရက်ရေ၊ ကြာလေလေတိုင်း၊ သွားကြွေ ဆံပွင့်၊ တရင့်ရင့်ဖြင့်၊ အိုခြင့်း ဓမ္မတာ၊ ဤခန္ဓာကား၊ ယုတ်မာ ဆိုးရွား၊ အပြစ်များခဲ့၊”နည်းပါးပညာ၊ အကြင်ငါလည်း၊ သေစာ ရောက်မှု၊ သေလု*မူးမူး၊ သေ*ယူးယူးတိ၊ ကျူးခဲ့အခါ၊ သို့စင် ကြာ၏၊ “ခေါင်းမှာ ဖြူမွဲ၊ ဆံ ကျိုး†ကျဲးနှင့်၊ ခြေ†ကြဲ လက်မြှောက်၊ သေချိန် †ရောက်အောင်၊ ဂ†ယောက် ဂ†ယက်၊ လွန် နေ့+ရက်ဖြင့်၊ မရှက်တတ်အား၊ သူရူးလားသို့၊ အများ လူဗိုလ်၊ အရွယ်ပျိုနှင့်၊ မလိုတမာ၊ အဘက် ရှာ၍့၊ လူ့ရွာ ပွဲးလယ်၊ ပျော်စမ္ပယ်သည်။။ အကယ် တင့်သေးပါစံ့လော။”(၃)

(၁၀၇) “လူဟုဖြစ်လည်း၊ မဆစ် မရ၊ မိုက်အန္ဓသို့၊ ဒိဋ္ဌ တမလွန်၊ နှစ်တန် ချို့တဲ့၊ အကျိုး*မဲ့ကို၊ အကဲ့ ဟုတ်ဟတ်၊ ကျိုးယှိ မှတ်၍့၊ ရောက်တတ်ရာရာ၊ ယူတတ်စွာတည့်၊”မဟာမဃ၊ မင်းဗာလ။။ “မဆ မမြော်၊ အရွယ် ကျော်အောင်၊ တမော်မက်မက်၊ မကြောက်-ရှက်ဘဲး၊ အရက်ပြတ် ရူး၊ ခွက်ကပ် မူးသို့၊ အထူး ချမ်းသာ၊ မယှိပါလျက်၊ ဝါသနာ ဆိုးဝါး၊ အထင်မှား၍့၊ ငါးပါး ကာမ၊ ဝဋ်ကိစ္စ၏့၊ အပ္ပသာဒါ၊ နည်းစွာ သေးဖျင်း၊ သာယာခြင်းနှိုက်၊”မင်း၏့စည်းစိမ်၊ ကြီးရိပ်ငြိမ်ဟု၊ တင်းတိမ် မယှိ၊ အို မသိအောင်၊ ပျော်ဘိ မသင့်၊ ဉာဏ်မချင့်ဘူး၊ “သေမင့်းတိန်†ညင်၊ ရွေ သုံးအင်တို့၊ မ†ငြင်မ+ငြို၊ မကြည်+ညိုလည်း၊ အလိုလိုက်မှု၊ ဖြားယောင်းပြုလျက်၊ ကယု*ကယင်၊ ပျော်မြူးရွှင်အောင်၊ နန်းပြင် ဘုံပေါ်၊ ရံ ဖြေဖျော်၍့၊ ကြေးညှော် လိမ်းလူး၊ မိန်းမူး နေ့-ည၊ ကာမချမ်းသာ၊ ပျော်စံကာတည့်၊ ရာဇာမည်မှု၊ မင်းလျှင်ပြုလည်း၊ သမ္မုတိမင်း၊ ဤသို့မင်းကား၊ မင်းစစ် မမည်၊ *လော်လီကိစ္စ၊ ငါးကာမ၏့၊ တဏှာ့ကျွန်သာ၊ မှန်မောစွာ၏၊ ဒွါရာဓိပတိ၊ စိုးဘိ နှိပ်နင်း၊ ပြုနိုင်လျှင်းမှ၊ မင်းဟု မုချ၊ ဆိုထိုက်လှရှင့်၊”မောဟ သည်းစွာ၊ အကြင် ငါကား၊ တဏှာသခင်၊ အရှင် စိုးမင်း၊ ခေါင့်းထက် နင်း၍့၊ မကင်း နေ့-ည၊ ကျွန့်ကိစ္စနှင့်၊ တဏှာ့လိုရာ၊ လိုက်ကာသာလျှင်၊ လ-ကြာ နှစ်လွန်၊ တိရစ္ဆာန်သို့၊ နိဗ္ဗာန်တံခါး၊ မဘွင့်အားခဲ့၊ တရားလည်း ဝေး၊ သေဘေးလည်း ဆိုက်၊ အပျော်လိုက်၍့၊ လူမိုက်သေမျိုး၊ ငရဲးအိုးတွင်၊ စောက်ထိုး မြုပ်စွ၊ *အန်းမရဘဲး၊ အဆမတော်၊ ကျ မလျော်သည့်၊ မြေပေါ်လူနှိုက်၊ မလိုက်မနေ၊ မ†ရချေဘူး၊ ဆင်†ခြေ နတ္ထိ၊ မယှိ အကင်း၊ အာဏာပြင်းသား၊ သေမင်းရာဇာ၊ သေမိန့်စာဖြင့်၊ ခေါ်လာချအောင်၊ အိမ်ရာထောင်လျက်၊ မရှောင်မရှား၊ သား-မယားနှင့်၊ ပျော်ပါးလွန်ဘိ၊ မရိပ်မိဘဲး၊ သတိ မဘက်၊ မသိ နက်၍့၊ မိုက်မက် မိုက်မော၊ မောဟ*ပြောသည်။။ မိုက်ဇော မွှန်တော့ †မွှန်လွန်း၏၊ (၄)

(၁၀၈) “ငါ့အိမ် ငါ့ရာ၊ ငါ့ဥစ္စာဟု၊ ငါ-ငါ ကိုယ်-ကိုယ်၊ မြည်တမ်းဆို၍့၊ *ကစိုကဝါး၊ မိုက်ပျော်ပါးသား၊ တရား မထင်၊ ငှက်အသွင်နှင့်၊ အမြင် အသိ၊ မယှိ လက်လွတ်၊ အိမ်ရာဝတ်နှိုက်၊ ခွေးငတ် ရိုးခဲး၊ စွန့်နိုင်ဘဲးလျှင်၊ ချင်ရဲး မပြေ၊ တပေပေတည့်၊ မသေအံ့သို့၊ ရှေ့ဘို့ နောက်ရေး၊ မတွေးမဆ၊ ခေါင်းဖြူဆွအောင်၊ ပျော်ရ ပြီးစေ၊ တနေနေတည့်၊ လူလေ ပျော်ပိုက်၊ လူမိုက် ပျော်နည်း၊ *ကျော့တ†ကျည်းဖြင့်၊ ရွှင်†ကြည်း စိတ်ပြေ၊ တဖြေဖြေတည့်၊ လေလေဘင်ဘင်၊ တရွှင်ရွှင်နှင့်၊ ဆင်ခြင်ဉာဏ် ကင်း၊ လူပြိန်ပျင်းတို့၊ အဖျင်း သက်သက်၊ ကျိုး မနက်ဘဲး၊ အပျက် လူဝယ်၊ လွန်*ပေါယယ်ခဲ့၊ ချေစွယ် နဲ့နဲ့၊ ကျားပေါင်ပဲ့သို့၊ အကဲ့ ပုံသွေး၊ မှန်မဝေးဘူး၊” “သားမြေး တဘော်၊ အိမ်ထောင်*ဖျော်၍့၊ ပျော်တချိချိ၊ ရော့ရိ ရော့ရဲး၊ တဏှာ တွဲးလည်း၊ ဖြေခဲးစွာလျက်၊ အသက်ဆုံးထ၊ ပါယ်တွင်း ကျလိမ့်၊ ဓမ္မသဘော၊ ဘယ်သို့ ဟောလည်း၊ လိပ်ကျော ကြောင်ကော်၊ ပြောင်ချော်ချော်နှင့်၊ ပျော်တပြုံးပြုံး၊ မော်မဆုံးဘဲး၊ နှလုံးမယဉ်၊ ဉာဏ်မယှဉ်တည့်၊” “ပျိုစဉ် ယုတ်မာ၊ အိုခါ ဆိုးဝါး၊ ဤကိုယ်အားလျှင်၊ ယောက်ျား မိန်းမ၊ သမုတ်ကြလျက်၊ သုဘထင်၍့၊ မငြီးငွေ့ဘူး၊ အတွေ့ ခံစား၊ အောက်ရပ်သားတို့၊ ကျွဲး-နွား-သိုး-ဆိတ်၊ အဟိတ်ပမာ၊ ဟီနာစာရ၊ လေ့လာကြ၍့၊ ကာမသတ္တဝါ၊ ကာမရွာနှိုက်၊ ကာမာရမ္မဏ၊ ကာမသဘော၊ ကာမဇောဖြင့်၊ တပ်လောဘစိတ်၊ ပိတ်မျှ မသိ၊ ညစ်ညူးဘိ၏၊” “အဟိရီ့က၊ ပါပ သင်းဝင်၊ ဗိုလ်ကြီး တင်ပြီး၊ မစင် ညစ်ကြေး၊ ရွံ့စေး ညွန်ကြိုက်၊ ဝက်နှယ် မိုက်၍့၊ လူနှိုက် ဆိုးဝါး၊ တဘွားဘွားနှင့်၊ *ပက္ကား ညွန်စိုင်၊ ကိလေအိုင်ဝယ်၊ အနိုင် လိမ်းလူး၊ မိန်းတမူးဖြင့်၊ ပျော်မြူးစွာလျက်၊ မခွါရက်တည့်၊” “လက်စ *တည်း†လည်း၊ အပျော်သည်းစဉ်၊ တိုက်†လှည်းရက်ရက်၊ စစ်ဦး တက်သို့၊ ခေါင့်းထက် သေမင်း၊ နင်း၍့ ဆံဖြူ၊ အလံထူအောင်၊ ငယ်မူ ငယ်ရာ၊ မစွန့်ခွါဘဲး၊ ပညာ မဘက်၊ လောဘ တက်၍့၊ မက်မက်မောမော၊ တဏှာ*ပြောသည်။။ လိုက်လျောလွန်တော့ †လွန်လွန်း၏၊ (၅)

(၁၀၉) “ဇရာမီးကြီး၊ တညီးညီးလျှင်၊ ဖျက်ဆီး ဖုတ်မြိုက်၊ နေ့စဉ် တိုက်၍့၊ ကိုယ်နှိုက် ကျက်-ကြေ၊ လောင်ပျက်နေလည်း၊ နဝေ နဝါ၊ မရေရာအောင်၊ ယောင်ကာတဆိတ်၊ မောမူဟိတ်ကြောင့်၊ ပိတ်ပိတ်သို့စင်၊ ရိပ်မထင်သည့်၊ အမြင် ကာန်းစွ၊”မင်းအန္ဓ။။ ရူပ ရုပ်ဝါ၊ ငယ်သော့ခါနှင့်၊ ဇရာ လောင်ဟုပ်၊ ဤကြီးရုပ်ကို၊ လက်ဆုပ် ဖြန့်ဖြေ၊ ရှုဦးချေလော့၊ ကိလေ နောက်ဆူး၊ သင် ပျော်မြူး၍့၊ မူးထူး မင်ထင်၊ သိမမြင်ခဲ့၊ “နေ့သွင် မဆိုင်း၊ ခဏတိုင်းဖြင့်၊ နှင်စိုင်း မွေ့ညက်၊ မရေတွက်နိုင်၊ ဖြစ်-ပျက် မဆုံး၊ ဖြစ်တုံး ပျက်စု၊ ဘောက်ပြန်မှုကို၊ မရှုစအား၊ ပျော်မှု များ၍့၊ ထင်ရှားသို့စင်၊ သိ မထင်ခဲ့၊” “အကြင် လူ့ရွာ၊ လူ*တကာတို့၊ ပညာ သတိ၊ ကင်းကွာဘိလျက်၊ မိမိတဏှာ၊ အဝိဇ္ဇာမျိုး၊ အိုတိုင်း တိုး၏၊ အရိုးသာ ရင့်၊ ဉာဏ်မပွင့်ဘူး၊ သေမင့်း စစ်အင်၊ ကိုယ်တွင်း ဝင်၍့၊ ခုပင် အပြင်း၊ ရောက်လာလျှင်းပြီ၊” “ဆင်-မြင်း-ရထား၊ ဗိုလ်ပါအားဖြင့်၊ ပြား၍့ ပြိုင်ထိုး၊ တံစိုး ငွေကြေး၊ တောင်†ရှိ ပေးလည်း၊ အရေးမသာ၊ အောင်ရာ မယှိ၊ ဇာတိ မစစ်၊ သေမင်းညစ်နှင့်၊ မိတ်ချစ်ဘွဲ့ငှာ၊ မတတ်ရာခဲ့၊” “အာဏာ တန်းခိုး၊ အမျိုး ကျော်ထင်၊ ဘယ်ဘုရင်နှင့်၊ ရှင်က လူက၊ မနေရတည့်၊ လက်စ တင်းလင်း၊ တပိုင်းကြွင်းဖြင့်၊ မငြင်းနိုင်စွာ၊ အပြင်း ပါလိမ့်၊ မကြာ *ဆောလျင်၊ သေမင်း ငင်အံ့၊ အပြင်*အလျာ၊ ငယ်ရုပ်ဝါနှင့်၊ ပဇာတူရေး၊ ယှိသေးသနည်း၊ အချည်းသက်သက်၊ ကြာ နေ†ပြက်သို့၊ ပျက်ခဲ့ ဤကိုယ်၊ ဟောင်း ရွတ်ယို၏၊” “မီးလို ရှင်ရှင်၊ တောက် မမြင်လည်း၊ အသွင် အဆင်း၊ ဘောက်ယွင်း ညှိုးသွေ့၊ တမွေ့မွေ့လျှင်၊ အငွေ့ မငြိမ်း၊ ရှိမ်းရှိမ်း ပြိုက်ပြိုက်၊ နေ့တိုင်း မြိုက်၏၊ ခေါင်းနှိုက် ဦဦ၊ ဤဆံဖြူဖြင့်၊ ခုမူ မကြာ၊ သင့်ခန္ဓာကို၊ သေစာ ချသွင်း၊ သေစာရင်းနှင့်။။ သေမင်း †မှတ်လာပြီတကား။”(၆)

(၁၁၀) “လျှပ်စစ် တ†ပြက်၊ လက် တတွက်နှိုက်၊ ဖြစ်†ပျက်အနေ၊ နာမ်-ရုပ်သေတို့၊ ကုဋေ တသိန်း၊ ရေကိန်းတမျှ၊ စုပုံရသော်၊ ကောသလထုံး၊ တိုင်းသုံး မှတ်ခြင်း၊ တင်း ရှစ်ဆယ်ဝင်၊ အကြင် ခေါ်ဝေါ်၊ ရာကျော် လှည်းပေါင်း၊ တင်လောက်ကောင်းသား၊ တသောင်း ပုံပြု၊ စပါးစုထက်၊ အထု များစွာ၊ မက,ရာဟု၊ ကျမ်းလာမဆိတ်၊ ဝိပရိတ်တည့်၊” “အနိစ္စတာ၊ လက္ခဏာကို၊ အာကာ မိုးပြင်၊ နေ-လသွင်သို့၊ အထင်အရှား၊ အမြင်သားလျက်၊ တရား မယူ၊ မမူ သတိ၊ ဉာဏ်မျက်စိဖြင့်၊ မရှိ ကာန်းစွ၊ မိုက်အန္ဓကြောင့်၊ လောဘ မောဟ၊ တွန်းချ ဆွဲးဆောင်၊ ညီးညီးပြောင်သား၊ အရောင် ဝင်းဝင်း၊ မီးပုံတွင်းသို့၊ ဝင်ဆင်း ပိုးမိုက်၊ ရေသာလိုက်၍့၊ ရေနှိုက် မြူးတက်၊ ရူးပွက်ပွက်ဖြင့်၊ မူးမက် သောင်းပြောင်း၊ အိုင်-မြစ်-ချောင်းဝယ်၊ တပေါင်းတ†ပျစ်၊ ငါးရူး ယစ်တို့၊ ကျိုး†ပြစ် မသိ၊ မယှိ ဆင်ခြင်၊ မမြင် မမြော်၊ သေအောင်ပျော်သို့၊ တ*အော်လဲးလဲး၊ သေ*မစဲ့းနှင့်၊” “ပျော်ပွဲးခံကာ၊ လူတို့ရွာတွင်၊ သတ္တဝါအများ၊ သမီး သားက၊ မယားနှင့် လင်၊ တရွှင်ရွှင်ဖြင့်၊ မထင် သေဘေး၊ အရေး မပြု၊ ပျော်မှုနှင့်သာ၊ သူ့ထက် ငါတိ၊ တဏှာ ပျော်ပိုက်၊ သာယာ လိုက်လျက်၊ တသိုက် တအုံ၊ ပျာ့းနှယ် ဆုံ၍့၊ ကာမရာဂုံ၊ မောဟုံ မိုက်မူး၊ ပျော်မြူးထူးခဲ့၊ အရူးဓမ္မတာ၊ ကိလေသာကို၊ မခွါစနိုင်၊ မေ့ ဆုံးတိုင်အောင်၊ ရေဆိုင် ငါးတက်၊ ပိုး မီးမက်သို့၊ ဆက်ဆက် တူစွာ၊”အကြင်ငါလည်း၊ လူ့ရွာအတွင်း၊ သည်သေမင်းနှင့်။။ သွေကွင်း †တတ်သာပြီတကား။ (၇)

(ဤခြောက်ပိုဒ်လုံး အချများလည်း ၂-ပိုဒ်စီ 'ကိုးတွင်းပြည့်'ချည်း ကားဟူ၍့ ချရကား 'နေရောင်ခြည်ပြေး'ချလည်း ဟူကုန်၏၊)

(၁၁၁) နေ-လ ထွက် †ရာ၊ ရှေ့ပြုဗ္ဗာဟု၊ ဝင်†ရာ အနောက်၊ မြောက်ကား မြင်းမိုရ်၊ တောင်ကို စက္ကဝါ၊ ခေါ်သညာနှင့်၊ ဝေါဟာ တွင်မှု၊ မှတ်တခုဖြင့်၊ လေးကျွန်းသူ့မြောက်၊ မြင်းမိုရ်ဆောက်၍့၊ ရှေ့-နောက်မြောက်-တောင်၊ အရောင် လေးပါး၊ ပိုင်းခြား လေးဖြာ၊ လေးမျက်နှာမှ၊ “မဟာဒီပ၊ ဌာန လေးကျွန်း၊ ပင်လယ်*ဝန်းလျက်၊ ပေါ်ထွန်း နှစ်ထောင်၊ ရံကျွန်းမြောင်သား၊ လူ့ဘောင်တဝိုက်၊ စက်နှယ်တိုက်ကို၊ သိမ်းပိုက် လုံးစုံ၊ ဘုန်းတော် ခြုံပြီး၊ *ချက်ကုံ မကြွင်း၊ ရွှေစက်နင်း၍့၊ နတ်မင်း လေးဘော်၊ စံပျော် သာယာ၊ ယုဂန်ချာထက်၊ စကြာ*ကွန့်လှစ်၊ မဟာရာဇ်နှင့်၊ ကသစ်ပွင့်ရာ၊ ဝတိံသာတိုင်၊ ဣန္ဒာ သုံးကျိပ်၊ ခြောက်ယောက်ထိပ်ကို၊ နင်းနှိပ် စိုး†ကျယ်၊ တန်းခိုးကြွယ်၍့၊ မိုး†ကြယ်တ*စံ၊ ခြွေရံ ဗိုလ်စု၊ မြေအထုနှင့်၊ သိန္ဓု နှိုင်းဆွယ်၊ လွန်ကြောက်ဘွယ်ဖြင့်၊ နတ်နှယ်*ရှိ†ရှိ၊ ဘုန်းတော်†ရှိသား၊ သိရီ့စက္ကဝတ်၊ မန္ဓာတ် မင်းကျော်၊ ဘေးလောင်းတော်တို့၊ အဟော် ဝတ၊ တလော်ကထက်၊ တေဇ အာယု၊ ပြိုင်တု မထင်၊ သို့လောက်စင်လျက်၊ မမြင် ခုအောင်၊ သေမင်း ဆောင်၏၊ ဘုန်းခေါင် ဘုန်းဖျား၊ ထိုမင်းများမှ၊ *လောက်လား *ခန့်ရည်း၊ နည်းမျှ မညှာ၊ ထောက်မစာဘဲး၊ အားမနာ*စောက်၊ မကြောက် မရှက်၊ တိုက် လု†ယက်သို့၊ ရက်†ရက် ယူဆောင်၊ ကွင်းမရှောင်ဘူး၊” “လူကောင် မည်*ဆန်း၊ ဘုန်းတန်း ငယ်ငေါင့်၊ ဖြုတ်-ခြင်ယောင့်နှင့်၊ ယင်ကောင့်သ†ဖွယ်၊ ငါတို့နှယ်ကား၊ ဆို†ဘွယ်တစိ၊ အဘယ်ရှိလိမ့်၊ ဇာတိရသာ့း၊ ထိုမျှ ငယ်-ကြီး၊ အသီးသီးတို့၊ အပြီး မကင်း၊ ခေါင့်းထက် နင်းသည်။။ သေမင်း †တည်မကွာတကား။”(၈)

('သဗ္ဗဗျာဝီအတ္ထန္တရနျာသအလင်္ကာ'ရှိသော ပိုဒ်တည်း။)

(၁၁၂) “တဆဲ့တပုံ၊ မီးဝိုင်းအုံသည့်၊ ဤဘုံ ကာမဓာတ်၊ မမြတ် ယုတ်မာ၊ လူတို့ရွာကား၊ ရာဂုမ္မတ္တက၊ စသည် အပြား၊ ရှစ်ပါး ရူးမျိုး၊ နွာ့းနှယ် သိုးလျက်၊ လိုဆိုး ယစ်မိုက်၊ အပျော်လိုက်၍့၊ ကိုယ်နှိုက် ကုသိုလ်၊ ကောင်းမှုကိုလျှင်၊ မလိုစအား၊ သား မယားနှင့်၊ ပျော်ပါး လေ့†ကျက်၊ ဆောင်းတွင်း†ကြက်သို့၊ နံနက် ညနေ၊ မြဲးမသွေလျှင်၊ အသေ နီးစွာ၊ တသက်*လျှာမျှ၊ ပျော်ရာ နည်းလျက်၊ ခဏတွက်ကို၊ တမက် တမော်၊ မေ့လျော့ပျော်၏၊” “လူ့ဘော် ရပ်မှာ၊ နှစ် တရာဖြင့်၊ ဘုံ တာဝတိန်၊ နတ်စမြိန်လျှင်၊ ပြေချိန် ခါရောက်၊ တမိုးသောက်နှင့်၊ နှိုင်းထောက် လူ့သက်၊ လျှပ်†တပြက်သို့၊ ငမ်း†ပျက်ဘွယ်စွ၊ ဤလောကနှိုက်၊ ကာမရသ၊ ခံစားကြ၏၊” “ဒုက္ခ*တိုင်ထိ၊ မချိ ဘေးကြီး၊ သေ*ပြုန်းတီးလျက်၊ ပျက်စီးကြစွာ၊ လူ*တကာကား၊ ဂင်္ဂါရေကြော၊ မျောသား ပုပ်ရောင်၊ ဆင်သေကောင်ထက်၊ တော-တောင် ကမ်းခြေ၊ တက်မနေဘဲး၊ စိတ်ပြေ လက်သာ၊ စားသောက်ကာနှင့်၊ မကွာ နှစ်ခြိုက်၊ လောဘတိုက်၍့၊ စီးလိုက် အမြဲး၊ ပင်လယ်ထဲးဝယ်၊ လှိုင်း-ဝဲး ပုတ်ရိုက်၊ သေဘေးဆိုက်သား၊ ကျီးမိုက် ကာက၊ ငှက်ဗာလသို့၊ ကာမ မူးမော်၊ မေ့ကျူးကျော်၏၊”သေသော် စောက်ထိုး၊ ငရဲးအိုးနှိုက်၊ ခြေ မိုးမြှော်မြောက်၊ ကျလေ ရောက်လျက်၊ ထက်-အောက် တာရှည်၊ တ*လည်လည်လျှင်၊ *စိုပြည်ကာလ၊ မပေါ်ရသည့်၊ ဤမှ ထိုမှ၊ ဘဝ ဆက်ဆက်၊ ဆင်းရဲးနက်သား၊ ဒုက္ခက္ခန္ဓာ၊ ကာမာဒီနဝ၊ ပြစ်ဒေါသကို၊ တွေးဆ မြော်ကာ၊ ဆင်ခြင် ရှာသော်၊ တဏှာ လက်†ဖွဲ့၊ ဆောက်နှင်း†ဘွဲ့သား၊ ဆင်းရဲ့းအတိ၊ ရံဘိ ပတ်လည်၊ “ဤလူ့ပြည်ကား၊ သားစည် မြေးပွား၊ မီးပုံလားသို့၊ ငါးပါး ကာမာ၊ ဝဋ်မီးစာရှင့်၊ ဃရာဝါသ၊ သမ္ဗာဓဟု၊ ဒုက္ခ ဆိုးတောင်း၊ ကျဉ်းမြောင်း ပွေလီ၊ တအီအီလျှင်၊ *ကသီလင်တ၊ လောင်မီးကျသို့၊ နေ့-ည ပူ-ဆာ၊ လွန်ကြီးစွာခဲ့၊ ယထာဘုတ်ဉာဏ်၊ ဟုတ် အမှန်တိုင်း၊ ဧကန် ထိထိ၊ ရှုမြင်မိက၊ မချိထန်†ပြင်း၊ ထိတ်လန့်ခြင်းသည်။။ ငြီး†ပျင်း*ကြည်မသာတကား။”(၉)

(၁၁၃) “မယား သားမွေး၊ ပျော်မှု သွေး၍့၊ ပြည်ရေး ပြည်ရာ၊ ခမ်းနားစွာလျှင်၊ကာမာဝစရ၊ ဟီနဘူမိ၊ လူ့ဇာတိနှိုက်၊ လောကီ့အလေ့၊ တမွေ့မွေ့ဖြင့်၊ သေနေ့ချိန်ဆီ၊ မရောက်မီဝယ်၊ ပလီ*ပလာ၊ ဓမ္မတာဟု၊ ကိလေသာမှု၊ ဖုံးလွှမ်းပြု၍့၊ သူ့ထက်ကား ငါ၊ မရှက်စွာဘူး၊ အိမ်ရာ သိမ်းမြန်း၊ ထီး-နန်း တိုင်းပြည်၊ ထောင်ကြ တည်ပြီး၊ စည်စည် ကားကား၊ သား-မြေး ပွားလျက်၊ မယားနှင့် လင်၊ အရှင်နှင့် ကျွန်၊ မလွန် စိုးအုပ်၊ ပိုက်ထုပ် မွေ့လျော်၊ နေကြ ပျော်သည်၊ အဟော် ဝတ၊ အံ့ဘွယ်စွတည့်၊” “ပ ဉ္စအာရုံ၊ ဤလူ့ဘုံနှိုက်၊ ဘော်စုံပျော်မြူး၊ မိန်းမူး နွှဲးရှက်၊ မကွာရက်အောင်၊ *ရမ္မက် †ညစ်ကြေး၊ ပိတ်ပိတ်မှေး၍့၊ †ကျေးဇူး မထင်၊ အပြစ်*ဖြင်၏၊” “အမြင် မကောင်း၊ နံ့လှောင်း ရွံဘွယ်၊ မတင့်တယ်သား၊ အကယ် ပုပ်†လှ၊ ရုပ်ကာယဟု၊ တ†လ္လ ညှီစေး၊ ပြည်-သွေး ရိရွဲး၊ တရွှဲးရွှဲးနှင့်၊ အမြဲး ကာလ၊ စီးယိုကျလျက်၊ အဝ ကိုးဒွါ၊ ဝမ်းတွင်းပါသည့်၊ အနာ ကိုယ်ဆိုး၊ ပုပ်မျိုး ညစ်ကျု၊ အပုပ်စုကို၊ တုတုပပ၊ တ*လလဖြင့်၊ နေ့-ည မပြတ်၊ သုဘမှတ်၍့၊ လိမ်းသတ် ရောင်တင်၊ အသစ်ထင်၏၊” “ပြုပြင် ထောင်လွှား၊ အစဉ် မှားလျက်၊ ယောက်ျား မိန်းမ၊ သူ-ငါစသား၊ ရာဂ တပ်မက်၊ လွန်နှစ်သက်၍့၊ မြင်လျက် မသိ၊ သိလျက် မထင်၊ အညစ် တင်၏၊” “လင်နှင့် မယား၊ မယားနှင့် လင်၊ ဖြစ်ကြ†ကျင်သော်၊ ချစ်†ကြင် မဝ၊ သက်*တမျှတည်း၊ မိန်းမတို့တမ်း၊ သူ့မှာ ကျွမ်းက၊ စိတ်ဝမ်း လင်†မှာ၊ လွန်ပူဆာ၏၊ ပ†မာ ထို့လား၊ ယောက်ျားတို့လည်း၊ သူနှင့်*ရည်းသော်၊ အသည်း ကြွေမျှ၊ မိန်းမတို့ထုံး၊ မီးနှယ် အုံး၏၊ နှလုံးဒုက္ခ၊ လွန်ကြီးစွတည့်၊ တဏှာ့ ကျေးကျွန်၊ ကာမ†ဝန်ကား၊ *သည်း†ဝှန် ထပ်ထပ်၊ ရှင်တိုင်း +ကျပ်၏၊ မြဲး+ကြပ် ညှဉ်းပန်း၊ သက်ကုန်*ကျွန်းအောင်၊ မလန်း မ†ကြည်၊ ပွတ်နယ်နည်၍့၊ ဆုံ†ကျည်ပွေ့+ကြိတ်၊ တ+ကျိတ်ကျိတ်သို့၊ မဆိတ် ဘန်ဘန်၊ အလွန် ကျဉ်းမြောင်း၊ ဒုက္ခ *ထောင်း၏၊ ဆိုးတောင်း လွန်ကဲး၊ မီ့းနှယ် စွဲးလျက်၊ ဆင်းရဲး ဘွဲ့နှောင်၊ လူတို့ဘောင်ဟု၊ အိမ်ထောင် ကျပ်တင်း၊ နှောင်ချိုင့်တွင်းမှ၊ ရှင်းရှင်း ခွါချွတ်၊ ဆင်ထူး ကျွတ်သို့၊ လွတ်လွတ် ရှောင်ထ၊ နိက္ခမ္မဖြင့်၊ ရှေးက မြတ်လောင်း၊ သူတော်ကောင်းတို့၊ လမ်းကြောင်း ထွင်ကျင်း၊ တောထွက်ခြင်းသည်။။ *တီလင်း †ကျည်*လဟာတကား။ (၁၀)

(ဤသုံးပိုဒ်အချလည်း 'နေရောင်ခြည်ပြေး'အချပင်။)

(၁၁၄) အာသဝဟု၊ အနမတဂ်၊ သံသာစက်က၊ ဆက်ဆက်ရှည်စွာ၊ အစည်ပါလျက်၊ ခန္ဓာထိုထို၊ ဖြစ်ရာကိုယ်နှိုက်၊ ပုပ်*မို မကုန်၊ ပျောက် မ*သုန်ဘဲး၊ *အုန်အုန် အောက်အောက်၊ နောက်နောက် ကျုကျု၊ တည်နေ စု၍့၊ မဓုမု†ဒြက်၊ ထုံရေတက်သား၊ အ†ရက် ယစ်မျိုး၊ သေစာ ဆိုးနှင့်၊ ထိုး*ကျင့် ပြင်းစွာ၊ အိုင်းအမာမှ၊ ကျင်-နာ ပေါက်ကွဲး၊ လွန်ကိုက်ခဲးသည့်၊ ကိုယ်ထဲး အောင်းငုပ်၊ သွေး-ပြည်ပုပ်တို့၊ အောင့်ချုပ် မသာ၊ နှိပ်စက်စွာလျှင်၊ ဖြာဖြာ နေ့-ည၊ ယိုစီးကျသို့၊ ဘဝ ဘုံဖျား၊ *ချောက်ချားဆုံးတက်၊ ဘဝဂ်တိုင်ဟူ၊ ဓမ္မမူလည်း၊ ဂေါတြဘူရောက်၊ အာရုံ လျှောက်၍့၊ မွှေနောက် မကြွင်း၊ ပြန့်နှံ့ခြင်းဖြင့်၊ ကိုယ်တွင်း ယုတ်†မာ၊ အောင်း ရှည်ကြာသည့်၊ ကာ†မာသဝ၊ ဘဝါ စသား၊ ပါပသဘော၊ အာသဝေါတို့၊ ကျလျှော မပြီး၊ တတီးတီးသည်။။ ယိုစီး တတွေတွေနှင့်သာ*တမုံ့။ (၁၁)

(၁၁၅) သြဃဟူသည်၊ ဤလေးမည်လည်း၊ လူ့ပြည်လောက၊ လူ့ဌာနနှိုက်၊ ကာလ ဝဿန်၊ မိုးဦး သွန်သော်၊ ဟေမဝန်ရပ်၊ တောင်ထပ်ထပ်က၊ မလပ် အကုန်၊ စီးကျ*သုန်၍့၊ ယမုန် ဂင်္ဂါ၊ မြစ် ငါးဖြာနှင့်၊ ငါးရာ*၄င်း၊ *မြစ်လောင်း*တန်လည်း၊ ပေါင်းစည်း သွယ်သွယ်၊ မြစ် ကြီး-ငယ်တို့၊ *လျှမ်းကယ်*ဖြိုးမောက်၊ ရေ တောင်,မြောက်အောင်၊ ကျီးသောက် မက၊ မောက်မောက်ကြွပြီး၊ ထိုမျှ ကုန်း-ကျင်း၊ ဖျော*ဖျော ဆင်း၍့၊ *ပြည့်လင်း မနိုင်၊ *ကန်ပိုင် ကန်ရိုး၊ ပေါက်-ကျိုး ပြိုကျ၊ ဂါမ မြို့-ရွာ၊ သတ္တဝါ တောင်-တော၊ တွေ့ရာ မျှောလျက်၊ ရေကြော ထောင်းထောင်း၊ မြှုပ် ဘောင်းဘောင်းသား၊ သောင်းပြောင်း ယူဆောင်၊ ရေယဉ်*ပြောင်နှင့်၊ *ထောင်ရှစ်ဆဲ့လေး၊ တွက်ရေး ကျယ်-နက်၊ ပင်လယ်စက်တွင်၊ ဒီတက် ဒီစုန်၊ ပြင်းဟုန် အစဉ်၊ *ဖျားရေယဉ်လည်း၊ နှိုင်းရှဉ် မမျှ၊ ထိုမှ တချက်၊ မြောက်ဘက် အဿကဏ်၊ တောင်စွန် ရစ်ခွေ၊ ကျောက်ကမ်းခြေကို၊ ရေအဟုန် ရိုက်၊ ပြင်းစွာ တိုက်၍့၊ ဆူလှိုက် မိုးယံ၊ တက်ပျံ ယူဇနာ၊ သင်္ချာ *ဖြိုးကယ်၊ လေး-ငါးဆယ်နှင့်၊ ခြောက်ဆယ် အိအိ၊ တောင်ကြီ့းပမာ၊ မဟိန္ဒာက၊ ဂင်္ဂါရောဟဏ၊ နာမ သုံးမျိုး၊ မည် ကျော်ဟိုးသည့်၊ တံပိုး လိမ့်လဲ့၊ တိမ်ထွတ်ကဲ့သို့၊ ကြောက်ဘွဲ့ မဆုံး၊ ထိုလှိုင်းလုံးနှင့်၊ ခန်းချုံး*တရှိ၊ မိုးဖျာ့း ထိမျှ၊ ဂီရိမဟာ၊ တောင်စကြာမှ၊ ရိုက်ကာ ပြန့်တုံ၊ လှိုင်းချင်း ဆုံ၍့၊ တွေ့ကြုံ*ရွပ်ရွပ်၊ လင်းကွင်း ရှပ်သို့၊ ကြက်ခွပ် ကြီးစွာ၊ တိုက်ကြရာတွင်၊ ဗလဝါမုခ၊ ပါတာလဟု၊ ဧရာ့ န†ရက်၊ ကတော့ပွက်နှင့်၊ ရေယက်ကန်းဆွဲး၊ ပင်လယ်ထဲးနှိုက်၊ ဝဲး-သြဃကြီး၊ ဝီစိ နီးအောင်၊ လွန်စီး ခွေရစ်၊ *တုံမ*နစ်ဘဲး၊ ဖြစ်ထ အစဉ်၊ ထိုရေယဉ်ထက်၊ နှိုင်းရှဉ် မက၊ ကာမောဃ,က၊ စသည် လေးထွေ၊ ဤကိလေလည်း၊ သဝေချာချာ၊ လပ် မကွာလျှင်၊ ဆောင်ကာ *ဖက်ထစ်၊ မွန်း မြုပ်-နှစ်သည်။။ ဝဲးရစ် တခွေခွေနှင့်သာ*တမုံ့။ (၁၂)

(၁၁၆) ယောဂ လေးမည်၊ တရားသည်လည်း၊ *ပန်းလည် စက်တိုင်၊ မြဲးကြံ့ခိုင်နှိုက်၊ အနိုင် ကြပ်†ကြပ်၊ လွန်စွာ ကပ်ပြီး၊ ကျဉ်း†ကျပ် လွှမ်းမိုး၊ ဘိနှိပ် ချိုးလျက်၊ ထမ်းပိုးအတွင်း၊ နွားကို သွင်း၍့၊ အပြင်း မောင်းနှင်၊ လည်သွင်သွင်ဖြင့်၊ ဝန်ကျင် ပတ်ကာ၊ တချာချာသား၊ မကွာ ကတ်လပ်၊ ခြေရာစပ်အောင်၊ မရပ် မနား၊ လပ်မအားလျှင်၊ လှည့်သွား အစဉ်၊ မြဲးစေ ယှဉ်သို့၊ ပုပ်ကျဉ်မ*ဟေ့၊ ကံမျိုးစေ့နှင့်၊ သိမ်မွေ့စွာဘိ၊ ဆုံးမရှိအောင်၊ ဇာတိ မ*မြုံ၊ သုံးပါးဘုံဝယ်၊ တလုံ*လဲးလဲး၊ သန္ဓေ စွဲး၍့၊ ငရဲး တခါ၊ ပြိတ္တာ တဘန်၊ တိရစ္ဆာန် တသွယ်၊ သူရကာယ် တဖြစ်၊ လူ့ခေတ် နတ်ရွာ၊ ဗြဟ္မာ ဆဲ့†ခြောက်၊ ထက်နှင့် အောက်တိ၊ တ†ချောက်ချက်ချက်၊ တက်သက် လည်ထ၊ တည်မရသား၊ ဘဝယန္တြား၊ ဝဋ်ရထားနှိုက်၊ လေးပါး ယောဂ၊ ထမ်းပိုး က၍့၊ နေ့-ည မဆိုင်း၊ အပြင်းစိုင်းလျက်၊ ဖြစ်တိုင်း မနေ၊ တည်သန္ဓေနှင့်၊ အို-သေ မပြတ်၊ တပတ်ပတ်သာ၊ ရဟတ်စက်ထဲး၊ ယှဉ် အမြဲးဖြင့်၊ ဆင်းရဲးကြီးလှ၊ မလွတ်ရအောင်၊ ဘဝ ကြာ*ညောင်း၊ လှည့်ကာ မောင်းသည်။။ ကျဉ်းမြောင်း တ*မွေမွေနှင့်သာ*တမုံ့။ (၁၃)

(၁၁၇) “ဂန္ထ လေးထွေ၊ ထုံမပြေအောင်၊ ရစ်ခွေ ပတ်ပတ်၊ ဆုံးမသတ်တည့်၊ မတ်နှင့် ကြိုက်ငြား၊ ချင့်မယားလျှင်၊ ချင့်အား မ†ကြင်၊ လေးကြိမ်စင်မျှ၊ သတ်†ကျင်တုံလျက်၊ မပျက် တဏှာ၊ ပြေခဲးစွာသား၊ အဘိဇ္ဈာကာယ၊ ဤဂန္ထဖြင့်၊ မိဘ တပါး၊ ဖြစ်ရာ ယှားသို့၊ မယားဝမ်းတွင်၊ ပြန်၍့ ဝင်၏၊ သို့စင် ဖြစ်ရှောင်း၊ မဖြစ်တောင်းလျက်၊ မိဟောင်း ပစ်ပစ်၊ မိသစ် ရှာရှာ၊ ဤတဏှာကား၊ ယုတ်မာ ဆန္ဒ၊ တောင့်တ*သွေးချို၊ အလို ညစ်ဆိုး၊ အမျိုးမျိုးနှိုက်၊ စွတ်တိုး သန္ဓေ၊ တနေနေနှင့်၊ အခြေယှိ*မဲ့၊ ဒုက္ခ ချဲ့လျက်၊ *မဟဲ့အဆုံး၊ တလုံးလုံးလျှင်၊ ဝဋ်ထုံး ခုတိုင်၊ မပြေနိုင်ရှင့်၊” “လက်မှိုင် မချ၊ ဗျာပါဒဟု၊ ကာယဂန္ထော၊ ဤသဘောလည်း၊ နင်လော နေဦး၊ ရန်ငြိုး စူး၍့၊ ဘီလူးမ ဖြစ်၊ လူမ ဇာစ်နှင့်၊ တောသစ် သမင်၊ အိမ်တွင် ကြက်-ကြောင်၊ လင်ပေါင်မိန်းမ၊ စူဠသုဘဒ်၊ မိလင်သတ်တို့၊ ယုတ်-မြတ် များစွာ၊ တုံ့ပြန်ကာလျှင်၊ ငါးရာမက၊ နှိပ်စက်ကြ၏၊” “သီလဝတာ၊ ကျင့် မိစ္ဆာလည်း၊ လွန်စွာ ယူပြင်း၊ နှလုံးသွင်းလျက်၊ မှားယွင်းသဖြင့်၊ ခွေးအကျင့်နှင့်၊ နွားကျင့် ဆိတ်ကျင့်၊ အဟိတ်ကျင့်သို့၊ မသင့် ဆောက်တည်၊ မခိုင်*ကျည်ဘဲး၊ သွေဖည်သော့အား၊ ပျက်ရွေ့များက၊ လားဘိ ငရဲး၊ အမြဲး ဧကန်၊ မသွေလှန်သော်၊ တိရစ္ဆာန်မျိုး၊ ဖြစ်ရိုး ကျင့်တိုင်း၊ ဒုက္ခပိုင်းနှိုက်၊ တဝိုင်း တရုံး၊ ဂန္ထထုံးသည်။။ မဆုံး တပွေပွေနှင့်သာ*တမုံ့။ (၁၄)

(၁၁၈) “ဥပါဒါန်ဟု၊ ပြင်းထန် စွဲးလမ်း၊ တွေ့ရာ ဖမ်းသား၊ ညစ်ညမ်း ယုတ်မာ၊ ဤလေးဖြာတည့်၊ ကာမာဒီနဝ၊ မမြင်ကြ၍့၊ လောဘအဟုန်၊ ကာမဂုဏ်နှိုက်၊ တုန်တုန် ယဉ်ယဉ်၊ စုံမက်ကြင်လျက်၊ ဆင်ကိုသော်မျှ၊ အရ မလွှတ်၊ ရစ်ပတ် မြဲမြံ၊ ပင်လယ်ယံဝယ်၊ အလံ တရာ၊ နှစ်ရာ မက၊ ရှည် ကာ†ယနှင့်၊ ဧ†ရာ့ ကြောက်ဘွယ်၊ ညံကောင့်နှယ်သို့၊ တွယ်မိ မရွေ့၊ တွေ့မိ မခွါ၊ ကမ္ဘာဘာလည်း၊ ကြာကြာသမျှ၊ မလွတ်ရအောင်၊ ငါ့လင် ငါ့မယား၊ ငါ့သား ငါ့သမီး၊ ငါ့ထီး ငါ့စည်၊ ငါ့တိုင်းပြည်ဟု၊ မြည်မြည်တမ်းတမ်း၊ တလှမ်း†လှမ်းတည့်၊ စွဲး†လမ်း မပြတ်၊ ရစ်ပတ် လိုလား၊ အတ္တအားဖြင့်၊ ငါးပါး သင်္ဂြီုဟ်၊ ခန္ဓာကိုယ်လည်း၊ အလို လိုက်တတ်၊ အမြဲး မှတ်၍့၊ မပြတ် သက်ရှင်၊ ငါကောင်ထင်၏၊” “အမြင် တိမ်းပါး၊ ခွေး-ဆိတ်-နွားသို့၊ အမှား ယူချွတ်၊ ပေါက်လွှတ်ကျင့်မျိုး၊ အကျိုး မနပ်၊ အပါယ် ကပ်အောင်၊ သီလဗ္ဗတ၊ စွဲးလမ်းကြ၏၊ ယွင်းခွ ဆောက်တည်၊ မျက်စိလည်သို့၊ လူ့ပြည် နတ်ရပ်၊ ကပ်အံ့ မသိ၊ ဒိဋ္ဌိမှား ရှု၊ လှူ မပြုဘဲး၊ ကောင်းမှု မလို၊ ထိုပုဂ္ဂိုလ်လည်း၊ ကုသိုလ် မကြိုက်၊ သုစရိုက်သို့၊ မလိုက် စောင်းရွဲ့၊ လမ်းကြောင်း ဖဲ့၏၊” “ကျယ်ချဲ့ ဒုက္ခ၊ အ,ဟိတကို၊ မချ ရဲးရဲး၊ အလွန် မြဲးလျက်၊ လိပ်ခဲး*တည်းလည်း၊ ကြပ်တည်း ငမ်းငမ်း၊ မိကျောင်းဖမ်းနှင့်၊ ကြမ်းတမ်း ဆိုးဝါး၊ အပြင်းအားဖြင့်၊ ဘားကို မြွေရဲး၊ မျို-ကိုက်ခဲးသို့၊ စွဲးစွဲး လမ်းလမ်း၊ မလွတ် ဖမ်းသား၊ ကြိုးပမ်း လွန်စွာ၊ ဤတဏှာနှင့်၊ မိစ္ဆာ ဘောက်ပြန်၊ ဥပါဒါန်ကြောင့်၊ သုံးတန် ဘုံတွင်း၊ ပူပြင်း ဒုက္ခ၊ လူထိုမျှတို့၊ ဘဝပြန်ပြန်၊ အတန်တန်လျှင်၊ သန္ဓေ စုတိ၊ ရိုး တောင်*ရှိမျှ၊ မြေကြီ့းစီးပွား၊ ထပ် မနားသည်။။ ဘန်များ တသေသေနှင့်သာ*တမုံ့။”(၁၅)

(၁၁၉) နီဝရဏ၊ မည်နာမဖြင့်၊ ကိစ္စအပြား၊ ဤခြောက်ပါးတွင်၊ “ကြွေးစား ကိုယ်နှံ၊ စေပါးခံသို့၊ အာရမ္မဏ၊ ငါးကာမ၏၊ ရသ ခံစား၊ ကာမသားတို့၊ ဘန်များ ကာလ၊ တဘဝလုံး၊ တဏှာ့ကျေးကျွန်၊ မ*တော်လှန်ဘဲး၊ ဆန်ကန် မလှုံ့၊ တငုံ့ငုံ့နှင့်၊ *သုံ့ လက်ရစစ်၊ ဖြစ်ခဲ့ အပိုင်၊ မလွန်နိုင်ကြောင့်၊ သားတိုင် မြေးရောက်၊ တီ-တွတ်မြောက်လည်း၊ မဘောက်မပြန်၊ ကျွန်ရိုးမှန်၍့၊ နိရန္တရ၊ ကိုယ့်ကိစ္စကို၊ စိတ်က ဘယ်ရွေ့၊ မအောက်မေ့သား၊ ကျွန်လေ့ ကျွန်လာ၊ ကျွန့်မူရာနှင့်၊ တဏှာ လိုစု၊ အရှင့်မှုနှိုက်၊ မပြု မနေ၊ မရချေတည့်၊ သေသော် မြေတွင်း၊ မှုတင်းလင်းနှင့်၊ ဆင်းရသည်သာ၊ လက်မကွာရှင့်၊” “ဗျာပါ အမျက်၊ ခံတွင်းပျက်၍့၊ နှစ်သက် မမြိန်၊ ညှိုးကြုံပိန်သို့၊ ဘယ်ချိန် ဘယ်ခါ၊ ဘယ်ဆရာ၏၊ ရသာဓမ္မ၊ သြဝါဒကို၊ နားဝခံလျက်၊ နာ မရွက်ဘဲး၊ မနှစ်သက်လို၊ မကြည်ညိုတတ်၊ ပဋိဃာတ်နှင့်၊ မြိန်မြတ်မသိ၊ ပီတိအရှင်း၊ ကောင်းကျိုး ကင်း၏၊” “အပျင်းအရိ၊ တချိချိနှင့်၊ ထိန-မိဒ္ဓ၊ နီဝရဏကား၊ ထောင်ချသွင်းသွတ်၊ ထိတ်ကျဉ်းခတ်သို့၊ အမြတ်ဘူမိ၊ သုဂတိကို၊ မသိ မထင်၊ မမြင်ရငြား၊ လွန်ဝေးပါး၏၊” “ချောက်ချား တုန်လှုပ်၊ တည်းချုပ် မရ၊ ကုက္ကုစ္စနှင့်၊ ဥဒ္ဓစ္စမည်၊ ဤတုံသည်လည်း၊ လူရည် နွမ်းညှိုး၊ ကျွန့်အမျိုးဝယ်၊ အစိုးမရ၊ ဘယ်ခါမျှပင်၊ မလှ မျက်နှာ၊ မသာယာသား၊ အာဏာမဆန်၊ ရှင်ယှိကျွန်သို့၊ ကျူးလွန် ရှေးပြု၊ ဆိုး-ကောင်းမှုနှိုက်၊ ခုခုမတည်၊ စိတ်မ†ကြည်ဘဲး၊ *ခိုင်†ကျည် မရှိ၊ ပူပန်ဘိ၏၊” “ဝိစိကိစ္ဆာ၊ ယုံမှားစွာကား၊ ကန္တာမြိုင်ကြော၊ ခိုးသူတောနှိုက်၊ သို့လော သို့လော၊ ကြံတွေး မောလျက်၊ သဘောယှိတိုင်း၊ မဆိုင်းမငံ့၊ မသွားဝံ့သို့၊ ရွံ့ရွံ့ရှာရှာ၊ *တွန့်တိုကာကြောင့်၊ ကြီးစွာဒုက္ခ၊ တွေ့ကြုံရ၏၊” “မောဟ အဝိဇ္ဇာ၊ တောင့်နှယ် ကာလျက်၊ ပမာ တသီး၊ ခြောက်တန် ဆီးသား၊ ကင်းကြီးအလား၊ ပိတ်ဆို့ထားသို့၊ ခြောက်ပါး နီဝရဏ၊ ဤပါပဖြင့်၊ လေးဝ ကုသိုလ်၊ မပေါက်လိုဘဲး၊ မဂ်-ဖိုလ် နတ်ရွာ၊ မရောက်သာသည်။။ ဝေးကွာ *တစေစေနှင့်သာ*တမုံ့။ (၁၆)

(၁၂၀) “အနုသယ၊ ဤဓမ္မလည်း၊ နေ့-ည မွှန်†ခြောင်း၊ သတ်အံ့ †ချောင်းသား၊ ပုန်းအောင်း ထောင့်ကွယ်၊ ရန်သူ့နှယ်တည့်၊ ခြောက်သွယ် အာရုံ၊ ရှေးရှု ဆုံ၍့၊ တွေ့ကြုံ အခွင့်၊ အကြောင်းသင့်က၊ ကျောက်နှင့် သံခဲး၊ မီးလျှံစွဲးသို့၊ အမြဲး သည်းထန်၊ ဖြစ်ဘန်ဘန်ဖြင့်၊ တောင်းပန် မရ၊ ကာမဘဝ၊ တပ်ရာဂနှင့်၊ မာန တောင်*ရှိ၊ မိုးဖျား†ထိမျှ၊ ဒိ†ဋ္ဌိ ကဲးမိုး၊ မျက်ငြိုး ပဋိဃ၊ တွေးဆ ဝိုးဝါး၊ ယုံမှား ကိစ္ဆာ၊ မိုက်မူးစွာသည်၊ အဝိဇ္ဇာဟူ၊ ဆိုးရန်သူတို့၊ မဖြူ မဖြောင့်၊ ချိန်မစောင့်ဘဲး၊ မှောင့်ရောင့်မကင်း၊ ရံဗိုလ်သင်းနှင့်၊ ကိုယ်တွင်း နေ့-ည၊ တည်ကုန်ကြ၏၊” “ဘဝဆက်ဆက်၊ စဉ်မပျက်အောင်၊ စကြဝဠာ မြင်း†မိုရ်၊ ဘန်ဘန် ပြိုလည်း၊ †မှို*ကမ္ဘာဘာ၊ ရှည်ကြာသရွေ့၊ သိမ်တမွေ့ဖြင့်၊ ပျောက်လေ့ မယှိ၊ ဖြစ်ဇာတိတိုင်း၊ မျက်စိ မွဲးပြာ၊ ခေါင်းမှာ ဆံဖြူ၊ အနူ အဝဲး၊ အက်ကွဲး သား-ရေ၊ အထွေထွေကို၊ ဖြစ်စေ ကြောက်ဘွယ်၊ နှစ် လေးဆယ်မှ၊ ထိပ်လည် ဦးဆုံး၊ ရောက်တိုင်း ဖုံးပြီး၊ ကိုယ်လုံး နှံ့လျက်၊ ကြွက်ဆိပ်တက်သို့၊ မွေ့ညက် ခိုအောင်း၊ ကိန်းနေ ချောင်း၍့၊ ပျက်ကြောင်းကိုသာ၊ ပြုတတ်စွာ၏၊” “ယူဇနာသုံးထောင်၊ *ဟေဝန်တောင်ဝယ်၊ ကုန်အောင် လွှမ်းမိုး၊ သားအမျိုးကို၊ အစိုးရခြင်း၊ ခြင်္သေ့မင်းအား၊ ကိုယ်တွင်းက ပေါက်၊ ကိုယ့် ပိုးလောက်တို့၊ ထွင်းဘောက် ဘွားဘွား၊ ကိုယ်ကို စား၍့၊ ဆုံးပါး အာယု၊ သေသော့တုတည့်၊ အနုသယ၊ ပါပယုတ်မာ၊ လွန်စွာ ဆိုးတောင်း၊ ကိုယ်တွင်းအောင်းတို့၊ အကြောင်းအာရုံ၊ အသင့် ကြုံတိုင်း၊ ခြောက်စုံ ဒွါ†ရ၊ ဤကာ†ယ၏၊ အာယတနရွာကြီး၊ ကုန်-ပျက်စီးအောင်၊ ဖျက်ဆီး *ဟုပ်စား၊ လုယက်ငြားသည်။။ *ချောက်ချား တမွှေမွှေနှင့်သာ*တမုံ့။”(၁၇)

(၁၂၁) “သံယော†ဇဉ်ဟု၊ ဆယ်†စဉ်ဓမ္မ၊ ဤပါပကား၊ ဘဝ ကိုးလီ၊ အသညီနှင့်၊ သညီ နေဝ၊ ဖြစ်သမျှနှိုက်၊ မြဲးလှ ပတ်နှောင်၊ ကြိုး *သံလျောင်သို့၊ မချောင် ကျပ်တင်း၊ ဘွဲ့ချည်ပြင်း၍့၊ *ခပင်း*ပြောထူ၊ နတ်-လူထိုထို၊ ဖြစ်တိုင်းကိုယ်နှင့်၊ ပုဂ္ဂိုလ် ဇန္တု၊ များအထုတို့၊ ဝဋ်စုအတွင်း၊ ကျင်လည်ခြင်းဖြင့်၊ ဝဋ်ကင်းငြိမ်းရာ၊ မသွားသာခဲ့၊ ကာမရာဂ၊ ဘဝစသည်၊ လူတို့ပြည်ဝယ်၊ ကြာချည်မက၊ သိမ်မွေ့လှသား၊ ဒေဝဗန္ဓနာ၊ နတ်မှာ နတ်မျိုး၊ နတ်တို့ကြိုးထက်၊ ထံပိုး*လှန်ကန်၊ ဆဆလွန်၍့၊ အဗ္ဘန္တ†ရ၊ ဟဒ†ယနှိုက်၊ ဘွဲ့ထ သိမ်မွေ့၊ ချည်နှောင်လေ့လျက်၊ မရွေ့စအား၊ သား မယားနှင့်၊ တိုင်းကား ပြည်ရွာ၊ မကွာစနိုင်၊ သက်ဆုံးတိုင်၏၊” “လက်ကိုင် မမိ၊ မျက်စိ မထင်၊ ကြိုး ဆယ်မျှင်ဖြင့်၊ သို့စင် မပြတ်၊ ဆယ်ခွေ ပတ်ပြီး၊ မလွတ်နိုင်ကြ၊ ကိုးဘဝဝယ်၊ နေ့-ည ညည်း†ညူ၊ ကြွက်ကြွက်ဆူနှင့်၊ †ငြူငြူစူစူ၊ ဟိန်းဟဲးဦ+၍့၊ သည်း+အူမချိ၊ တိုင်ထိ*ပြင်းပြ၊ ပူ သောကနှင့်၊ ကြောင့်ကြ ထို†ဤ၊ တအီ†အီလျှင်၊ ကသီ*လင်တ၊ မဆုံးဆအောင်၊ ဒုက္ခ လွန်ကဲး၊ ချည်နှောင် မြဲးသည်။။ ဆင်းရဲး တပေပေနှင့်သာ*တမုံ့။”(၁၈)

(၁၂၂) “ကိလေသာဟု၊ ဆယ်ဖြာ*၄င်း၊ ဆိုး-ကောင်း ကိုယ်တွင်း၊ နှိပ်စက်ခြင်းဖြင့်၊ ပူပြင်း အောင်းခို၊ အကုသိုလ်လည်း၊ မြင်းမိုရ် စက္ကဝါ၊ နတ်ခြောက်ရွာနှင့်၊ ဗြဟ္မာအရောက်၊ အာဘသ်အောက်နှိုက်၊ တလျောက် ကုန်စေ၊ ဟုန်းဟုန်းမွှေလျက်၊ ကုဋေတသိန်း၊ တိုက်အကိန်းကို၊ *ပိတ်လိန်းအတိ၊ စွဲးလျှံငြိသား၊ ကပ္ပဂ္ဂိမည်၊ ဤသည် ထိန်ညီး၊ ကမ္ဘာမီးထက်၊ သီးသီး ဆယ်ဆ၊ ပူမကအောင်၊ နေ့-ည ပြောင်ပြောင်၊ မပြတ်လောင်၏၊” “ကျယ်ခေါင် ပညပ်၊ သောင်းလေးရပ်တွင်၊ သုံးထပ်ဌာန၊ မနုဿနှင့်၊ သက္က သူရိန်၊ စံရာချိန်သည့်၊ ဝတိန် သုရာ၊ ဇမ္ဗူချာနှိုက်၊ ယူဇနာ ခု†နစ်၊ ဆဲ့†နှစ် သုံးဆယ်၊ ငါးဆယ်မက၊ ထိုမျှတည်တည်၊ တိုင်းပြည်အချိ၊ ဘုံအိမ်ယှိလည်း၊ မထိ မစပ်၊ ချောင်ကြ လပ်၏၊ အောက်ရပ် မဟာ၊ ဝီစိမှာမူ၊ သတ္တဝါ သိပ်†နှက်၊ ဆုံမုံ့ညက်သို့၊ အ†နက် အ*ကျိ၊ များဘိသည်ကား၊ ဆယ်ပါး ညစ်တေ၊ ကိုယ်တွင်းနေသည်၊ ကိလေ ဤမီး၊ လောင်ညီးညီးနှင့်၊ ငယ်-ကြီး ထိုမျှ၊ ဒုကမ္မကို၊ ပြုကြ မစောင့်၊ များသည်ကြောင့်တည့်၊” “*ယခေါင့်ကာလ၊ ဘဝဝက၊ ဆုံးဆ မယှိ၊ မချိ ပူလောင်၊ အရောင် မ*စဲး၊ ကိုယ်တွင်း မြဲးလျက်၊ *ခပဲး*ပေါယယ်၊ ကြီးငယ် သေးနုပ်၊ လုပ်လုပ်ရွရွ၊ ရှိသမျှပင်၊ များလှ *ဗိုလ်လူ၊ ဟိန္ဒဂူတို့၊ အပူ မငြိမ်း၊ တရှိမ်းရှိမ်းနှင့်၊ ခပ်သိမ်းဘဝ၊ လောင်မီးကျသို့၊ လောဘ ဒေါသ၊ မောဟ ဒိဋ္ဌိ၊ အစယှိသား၊ ဝီစိမီးစာ၊ ဝဋ်ကြီးစွာတည့်၊” “အဝတ္ထာဘုံ၊ မြို့ရန်†လုံနှိုက်၊ ခို†လှုံ ဧးမြ၊ မတည်ရသေး၊ ဝေးကြ သတ္တဝါ၊ ထိုများစွာအား၊ ယုတ်မာ ညစ်ဆိုး၊ အခိုး မယှိ၊ ထိန်ထိန်ညီ့းလျက်၊ ဤကိလေသာ၊ မီးစကြာဖြင့်၊ ပူဆာ လွန်ကဲး၊ တရဲးရဲးသည်။။ လောင်စွဲး တချေချေနှင့်သာ*တမုံ့။ (၁၉)

(၉-လုံးချ 'မဏိဆံကျင်မျိုး'ချည်း။။ 'နှင့်သာတမုံ့'ဟူ၍့ လတ်တူ သံတူ ကာရန်တူချရကား 'သောတာရောင်ချ'လည်း ဟူ၏၊)

(၁၂၃) ထိုမှ တလျဉ်၊ “ခြောက်ဝိညာဉ်တို့၊ အစဉ် မကင်း၊ ဤကိုယ်တွင်းနှိုက်၊ စောင့်ခြင်း မနိုင်၊ မပိုင် လိုစိုး၊ ခြောက်မျိုး တိရစ္ဆာန်၊ တည်ဟန် ထူးခြား၊ ကျက်စားအမူ၊ မတူသော့နှယ်၊ ထိန်းမလွယ်တည့်၊ မှတ်ဘွယ် နှိုင်းယှဉ်၊ အစဉ်သဘော၊ မြွေလင်းရှောတို့၊ ချောချော ရှင်းရှင်း၊ မပျော်လျှင်းဘဲး၊ တွင်းနှင့် အမှိုက်၊ ရှုပ်ရာ ကြိုက်သို့၊ စရိုက် ဝသီ၊ ထို့တူပြီလျှင်၊ ဖြူ-နီ-ကြောင်†ကျား၊ အဆင်းများနှင့်၊ ကြို†ကြား ရှုပ်ရှက်၊ ပျော် နှစ်သက်သည်။။ စက္ခုဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ ရူပ ရှုပ်ထွေးတည်း။”(၂၀)

(၁၂၄) ထိုမှ တ †ကြောင်း၊ “ရေမိ†ကျောင်းတို့၊ ညွှန်ပျောင်းစိစက်၊ ရေနက်ရာ†ရာ၊ ဧးမြစွာနှိုက်၊ သာ†ယာ ပျော်ပါး၊ နေ ကျက်စားသို့၊ နား၏့အတွင်း၊ တည်နေခြင်းဖြင့်၊ မကင်း မြဲးစွာ၊ ငြိမ့်ငြိမ့်သာအောင်၊ တူရိယာ စောင်း†ငြင်း၊ တီးမှုတ်ခြင်းနှင့်၊ သံ†ညင်း ရင့်ရူး၊ မွေ့မွေ့ကျူးက၊ အထူး သာသာ၊ နှစ်သက်စွာလျက်၊ သဒ္ဒါရမ္မဏ၊ မဓုရဖြင့်၊ ဣဋ္ဌသံမျိုး၊ ကြည်ရွှင် ပျိုး၍့၊ မြတ်နိုး တောင့်တ၊ နာ မဝသည်။။ သောတဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ သဒ္ဒ ချိုဧးတည်း။”(၂၁)

(၁၂၅) ထိုမှ တဘော်၊ “ကျီး စင်ရော်နှင့်၊ ငှက်တော် တင်†ကျီး၊ ဘုံးမတီးက၊ တုန်း†ကြီး လင်းတ၊ စသည် ခေါ်ရိုး၊ ငှက်အမျိုးတို့၊ ထက် မိုးကောင်းကင်၊ *လဟာပြင်နှိုက်၊ မြူးရွှင် ဓလေ့၊ ပျံ ပျော်မွေ့သို့၊ အငွေ့ ရှူရှူ၊ ရနံ့ယူလျက်၊ မွှေးကြူ ထုံသင်း၊ ကြိုင်နံ့ရွှင်းသို့၊ နှာတွင်း ဟောင်းလောင်း၊ နှာခေါင်း *လဟာ၊ ဟင်းလင်းစွာနှိုက်၊ ဝင်လာသမျှ၊ မကျန်ရအောင်၊ တောင့်တ စုံမက်၊ လွန်နှစ်သက်၍့၊ လေ့ကျက် မြူးပျော်၊ မွေ့လျော် မဝ၊ တပွပွသည်။။ ဃာနဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ ဂန္ဓ ပျံ့မွှေးတည်း။”(၂၂)

(၁၂၆) ထိုမှ တသွယ်၊ “အိမ်ဝယ် မွေးငြား၊ လူ့နား ဆက်ဆံ၊ လူ့အထံတွင်၊ သဒ္ဒံ သုဏာတိ၊ ဗျုပ္ပတ်ချိသား၊ ပါဠိအလို၊ ဝိဂြိုဟ်အဘွင့်၊ လျော်အသင့်ဖြင့်၊ သခင့်အသံ၊ နာခံတတ်စွာ၊ သုနခါဟု၊ သညာခေါ်ရိုး၊ အိမ်ခွေးမျိုးကား၊ မြတ်နိုးတနာ၊ မြိန်မြတ်စွာသား၊ ရသာ သြဇ၊ ပဏီတကို၊ နေ့-ညမရွေး၊ ဝစွာကျွေးလည်း၊ ညစ်ကြေး မစင်၊ လူ-ရှင် စွန့်ပြု၊ *ဘင်အစုကို၊ *လှုလှု *တပ်ပြွေ့၊ စား ပျော်လေ့လျက်၊ တနေ့ရက်တုံ၊ ဂန္ဓာ†ရုံကို၊ ရှူ†ရုံကာမျှ၊ မနမ်းရက၊ ယုတ်လှ ခွေးမျိုး၊ နွမ်းညှိုး မရွှင်၊ ဘဝင် မနူး၊ ဥက္ခောင်းမူးဟု၊ အထူး လူ့ဘောင်၊ ပြောပအောင်လျှင်၊ မရှောင် နှစ်ခြိုက်၊ မစင်ကြိုက်သို့၊ လျှာနှိုက် စိုစို၊ ရတိုင်း မျိုသား၊ ထိုထို သား-ငါး၊ ပုပ်-ချဉ်အားဖြင့်၊ အသား-အဆီ၊ သွေးညှီ သံညှော်၊ နံ့ စိမ်းစော်နှင့်၊ ကျိချော် အာစေး၊ တံတွေး သလိပ်၊ ရောသိပ် ရုံးပေါင်း၊ မမြင်ကောင်းနှိုက်၊ *နှစ်ထောင်း ဝမ်းသာ၊ နှစ်သက်စွာသည်။။ ဇိဝှါဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ ရသ ညှီစေးတည်း။”(၂၃)

(၁၂၇) ထိုမှ တခြား၊ “အမျိုးအားဖြင့်၊ ဆိုးဝါး ယုတ်မာ၊ မြို့ပြ ရွာနှင့်၊ ဝေးစွာ ဖြစ်ပွား၊ လူနား မကြီး၊ လူနီး မဆံ၊ လူထံ မယဉ်၊ အစဉ် ဖြစ်တိုင်း၊ ဇာတိ ရိုင်းလျက်၊ သင်းချိုင်း သုသာန်၊ ဂုမ္ဗန္တရ၊ ဌာန *ပုပ္ပေါင်း၊ မြေတွင်းခေါင်းနှိုက်၊ နေအောင်း မွေ့လျော်၊ နံ့*သရော်ဖြင့်၊ ညှီစော် ပုပ်ဟောင်၊ ဖူးဖူးရောင်၍့၊ လူ့ဘောင် စွန့်ပယ်၊ ရွံဘွယ် စက်ဆုပ်၊ သူကောင်ပုပ်ကို၊ နမ်းရှုပ် ကိုက်ခဲး၊ စားအမြဲးနှင့်၊ တောထဲး ပျော်ရိုး၊ မြေခွေးမျိုးသို့၊ နံ့ဆိုး ယုတ်မာ၊ ပုပ်နံစွာဖြင့်၊ ကေသာ လော†မ၊ မွေး-ဆံ စသား၊ အူ†မ အူသိမ်၊ ရေအိမ်မက၊ ရွရွ ကျိကျိ၊ ပိုးအတိနှင့်၊ အရိ အရွဲး၊ နှပ်-ချွဲး ပြစ်ပြစ်၊ ရှုပ်ရှက်†ပျစ်လျက်၊ စာသစ် စာဟောင်း၊ မမြင်ကောင်းအောင်၊ ဟောင်းလောင်း အဝ၊ ကိုးဒွါရမှ၊ စီးကျ ယိုယို၊ တစိုစိုလျှင်၊ ဤကိုယ် ညစ်ကျု၊ ပုပ်မျိုးစုကို၊ အသုဘစစ်၊ ဉာဏ်ဖြင့် လှစ်၍့၊ အပြစ် မမြင်၊ ဖုံးပိတ်ပင်လျက်၊ လင်နှင့် မယား၊ သားနှင့် သမီး၊ ချစ်မငြီးဟု၊ ချစ်ကြီး ချစ်မှု၊ ချစ်တုံးပြု၍့၊ ချစ်စု ချစ်ပုံ၊ နှုတ်ဝယ် ငုံမျှ၊ စုံစုံ မက်မက်၊ ပိုက်ဘက် တွဲးမှီ၊ တအီအီလျှင်၊ ပွေ့ချီ ရှုပ်နမ်း၊ တ*ငမ်းငမ်းဖြင့်၊ စမ်းစမ်း ဆုပ်ဆုပ်၊ အုပ်အုပ် ဖုံးဖုံး၊ တပြုံးပြုံးနှင့်၊ မဆုံး ချစ်စ၊ မွေ့လျော်ကြသည်။။ ကာယဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ ဖောဋ္ဌဗ် ညစ်ကြေးတည်း။”(၂၄)

(၁၂၈) ထိုမှ တဦး၊ “တောဝယ် မြူးသား၊ အထူး ညစ်ဆိုး၊ တောမျောက်မျိုးတို့၊ စိတ် စိုးမရ၊ ရိုးရိုးရွနှင့်၊ ဥဒ္ဓစ္စဇော၊ လွန်ပြန့်*ပြော၍့၊ ထိုတော ထိုတောင်၊ ထိုချောင် ထိုခင်၊ ထိုသစ်ပင်ကို၊ မြင်မြင်သမျှ၊ တကြွကြွဘိ၊ စိတ်ချ မနှိမ်၊ မငြိမ်မသက်၊ ည-နေ့†ရက်တိုင်း၊ ယောက်†ယက် မြူးထူး၊ ကူးကူး ခုန်ခုန်၊ တောလုံးတုန်အောင်၊ သံကုန် ဟစ်အော်၊ တကြော်ကြော်နှင့်၊ လျှပ်ပေါ်*လော်လီ၊ ရပ်မတည်သို့၊ ဤသည် မနော၊ စိတ်သဘောလည်း၊ တောသို့ ရောက်တုံ၊ ရွာ ရောက်တုံဖြင့်၊ အာရုံ ခြောက်ပါး၊ မပြတ် သွား၍့၊ မနား မဆိတ်၊ အတိတ် နာဂတ်၊ ကာလတ္တယ၊ ရွရွနောက် ပွေ၊ တည်မနေဘူး၊ ထွေထွေ ထူးထူး၊ ပြောင်းကူး ထိုထို၊ အလိုသဘော၊ လွန်ပြန့်*ပြောသည်။။ မနောဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ ဓမ္မ ကြံတွေးတည်း။”(၂၅)

(၁၅-လုံး 'မဏိဦးပြည်းချ'မျိုးချည်း။)

(၁၂၉) ယင်းသို့ အစဉ်၊ ခြောက်ဝိညာဉ်တို့၊ ပုထုဇဉ်†ငြမ်း၊ သဘောတမ်းဖြင့်၊ ညစ်†ညမ်း ယုတ်မာ၊ ကိလေသာနှင့်၊ မကွာ တံ*တစ်၊ *ဖက်ထစ် အမြဲး၊ ယှဉ် မကွဲးအောင်၊ ကိုယ်ထဲး အောင်းကာ၊ ဆိုးဝါးစွာကြောင့်၊ သတ္တဝါ*ပုံယင်၊ ဤလူ-ရှင်တို့၊ ဆင်တကောင်ကြီး၊ အမြီးတွင် တစ်၊ ဟူတုံလစ်သို့၊ စင်စစ် မမှား၊ ဒွါရအားဖြင့်၊ ငါးပသာဒ၊ သန်းခေါင်းမျှမှ၊ ဖြစ်ထ ငယ်စွာ၊ ဝိညာဉ်သာလျှင်၊ သတ္တဝါဟုဆို၊ ဤသည့်ကိုယ်ကို၊ ထိုထိုအပြား၊ အာရုံ ငါးနှိုက်၊ မသွားနိုင်ထွေ၊ ငြိပစေလျက်၊ သေအောင် ညှစ်†ဖျစ်၊ တစ်ကြီး တစ်,၍့၊ ဖြစ်†ဖြစ် သေသေ၊ အနေမြဲးစွာ၊ လွတ်မကွာတည့်၊” “တဏှာ ပဋိဃာတ်၊ ထွေး ရစ်ပတ်လျက်၊ အဇ္ဈတ္တိက၊ ပသာဒဟု၊ ဒွါရ ပြည့်စုံ၊ ကာမဘုံဝယ်၊ ခြောက်ပုံ အာရမ္မဏ၊ ဗာဟိရက၊ ထင်ကြရာရာ၊ မဇ္ဈိမာယု၊ ညီညွတ်မှုဖြင့်၊ ဝတ္ထု အာရုံ၊ နှစ်ပါးကြုံတိုင်း၊ *တလုံလဲးလဲး၊ ရေယဉ်ဝဲးသို့၊ ဖြစ်မြဲး နိစ္စ၊ စိတ္တနိယံ၊ ကြောင်းခံ ကျိုးတည်း၊ ပစ္စည်း ပစ္စယုဂ်၊ ကြို့းနှယ်ရှုပ်၏၊” “ဖြစ်-ချုပ် မပြတ်၊ ဥပါဒ်-ဌီ-ဘင်၊ ဘဝင် အာဝဇ္ဇန၊ ပ ဉ္စဝိညာဉ်၊ မနော ယှဉ်လျက်၊ အစဉ် ဝုဋ္ဌော၊ ဇော တဒါရုံ၊ ဘုံ ပုဂ္ဂိုလ်လျောက်၊ မဘောက်ပြန်ဘိ၊ ဝီထိ မဆိတ်၊ ဖြစ်မြဲး စိတ်ကို၊ မပိတ်ဆို့နိုင်၊ တယိုင်ယိုင်လျှင်၊ ဇက်ကိုင် လိုက်ပြီး၊ မြင်းကြမ်းစီးသို့၊ ခရီး မဆုံး၊ လမ်းမတုံးဘဲး၊ နိဂုံး မသတ်၊ လည် မပြတ်တည့်၊ ပတ်ပတ် ရစ်ရစ်၊ အသစ်သစ်ဖြင့်၊ ဖြစ်ဖြစ် သေသေ၊ အနေ မတည်၊ လူ့ပြည် ပါယ်လေး၊ ရောက်ရာ ပြေးသည်။။ ဝဋ်ဘေး ရှည်ကြာ၊ လည်ကာ မသိမ်းနိုင်သတတ်။ (၂၆)

(၁၃၀) ဤသို့ မှန်စွာ၊ ဥပမာဖြင့်၊ “ပါယ်ရွာ သန္ဓေ၊ အဟိတ်နေသား၊ မြွေနှင့် မိကျောင်း၊ ထပ်လောင်း တဆင့်၊ ငှက်နှင့် အိမ်ခွေး၊ မြေခွေး တောမျောက်၊ ဤခြောက်မျိုးမှန်၊ တိရစ္ဆာန်သို့၊ နှိုင်းဟန် စပ်ယှဉ်၊ ခြောက်ဝိညာဉ်၏့၊ အလျဉ်မပြတ်၊ စက်နှယ်†ပတ်၍့၊ ဥ†ပါဒ်တုံထ၊ ဖြစ်ကုန်ကြလျက်၊ ဉာဏ်သမ္ပယုတ်၊ မဟုတ်သူမှာ၊ သညာ ဝိညာဉ်၊ ဉာဏ်မယှဉ်ဘဲး၊ အစဉ် ဒိဋ္ဌ၊ မှားကုန်ကြ၏၊” “ဒူရ သန္တိကေ၊ နီးဝေးထွေနှိုက်၊ မြေကို လုံးလုံး၊ မိုး ခုံးခုံးဟု၊ ဆုံးဖြတ်မရှိ၊ ထင်တိုင်း သိ၍့၊ သန္တတိမျိုး၊ ကိုးရိုး ကား†ရား၊ ယ†န္တြား စက်ရုပ်၊ ကြိုးဖြင့်+လှုပ်က၊ တုန်+လုပ် ရိုးရွ၊ ရပ်-ထိုင်ကြသို့၊ စိတ္တဇဓာတ်၊ တဆတ်ဆတ်ဖြင့်၊ လေခတ် ဆော်နှိုး၊ ဖြစ်ရိုးကိစ္စ၊ ပြားကုန်ကြ၏၊”ထိုမှ*၄င်း၊ “အပေါင်း*ရောရု၊ ဓာတ်အစုဖြင့်၊ ဘူတုပါဒါ၊ ဖြစ် ခြင်းရာ၏့၊ အင်္ဂါ သီးသီး၊ ငယ်-ကြီး ရှည်တို၊ ရုပ်သင်္ဂြီုဟ်ကို၊ ခေါင်း-ကိုယ်-ခြေ-လက်၊ နားရွက်-မျက်စိ၊ ပုဂ္ဂိုလ်ယှိဟု၊ ဒိဋ္ဌိ ယူပြင်း၊ နှလုံးသွင်းလျက်၊ ယင်းသည့် မိစ္ဆာ၊ ယူ သက္ကာဖြင့်၊ သဂ္ဂါဝရဏ၊ မဖြစ်ထလည်း၊ မဂ္ဂ မြစ်-တား၊ ခရီးမှား၏၊” “ပြေးသွား မတည်၊ မျက်စိလည်သို့၊ *စိုပြည် ရှည်ကြာ၊ သံသရာဝယ်၊ ကမ္ဘာသာ *ကျွန်း၊ ဝဋ် မခန်းဘူး၊ အကာန်း စင်စစ်၊ အန္ဓ ဖြစ်လျက်၊ *ဖက်ထစ် *စင်းလျင်း၊ မိုက်ဝဋ်တွင်းနှိုက်၊ မလင်း ဉာဏ်ရောင်၊ မှောင်ကြီး မှောင်ခဲ့၊ မြင်အောင် တပ်တပ်၊ ပြဆောင်အပ်လည်း၊ ကြပ်ကြပ် စိုးစိ၊ ရိပ်မသိတည့်၊ မှတ်မိ မှတ်ရာ၊ သညာ ဒိဋ္ဌိ၊ ကပ်ငြိ မချ၊ ကောင် အတ္တဟု၊ ဝါဒအမြဲး၊ မလွှတ် စွဲးသည်။။ လိပ်ခဲးမည်စွာ၊ သည်သာ မတိမ်းနိုင်သတတ်။”(၂၇)

(၁၃၁) “လိပ်ခဲးမည်စွာ၊ ဤခန္ဓာနှိုက်၊ သည်သာ ယိမ်းယိုင်၊ မတိမ်းနိုင်ဘဲး၊ စွဲးကိုင် အတ္တ၊ သက္ကာယဖြင့်၊ ဝါဒ ပြင်းစွာ၊ တငါငါနှင့်၊ တဏှာယောက်ျား၊ လက်သမားလျှင်၊ ဆောက်ငြား ကြိမ်ကြိမ်၊ ခန္ဓာအိမ်ကို၊ စည်းစိမ် မှတ်ပြု၊ ကိုယ်ဟု မှတ်ထင်၊ တခင်ခင်ဖြင့်၊ လူတွင်အထူး၊ *သောက်ထုတ်ကြူးတို့၊ အမူး အမက်၊ သေအရက်နှိုက်၊ နှစ်သက် လိုလား၊ သောက်စား မြဲးမြံ၊ ခါတရံမျှ၊ မရွံတတ်ခြင်း၊ နုံ့ဖျင်း လွန်စွာ၊ ပညာ ယှားပါး၊ လူဘိန်းစားလည်း၊ စပ်ခါး စိမ်းဆွံ၊ ဘိန်းနံ့ နံကို၊ မရွံတတ်ခြင်း၊ ခံတွင်းလျှာကျိုး၊ အမျိုး စရိုက်၊ ငါးပိကြိုက်သူ၊ ထိုသည့်လူလည်း၊ သိုးဦနံ့လှောင်း၊ ထောင်းထောင်း ပွက်လျှံ၊ ငါးပုပ်နံကို၊ မရွံတတ်ခြင်း၊ အလင်း မယှဉ်၊ ပုထုဇဉ်တို့၊ အစဉ် မိုက်မှား၊ တဏှာအားဖြင့်၊ ယောက်ျား မိန်းမ၊ ကိုယ်ကာယ၏့၊ အသုဘစစ်၊ ပုပ်ဟောင်ညစ်ကို၊ လွန်ချစ် ရောပြွံ၊ သက်လုံး နှံ၍့၊ မရွံတတ်ခြင်း၊ ဤလေးသင်းကား၊ မယွင်း တူမျှ၊ ဟူစကြ၏၊” “ဣဋ္ဌ နိဋ္ဌာ၊ ခြောက်ဖြာ အာရုံ၊ တွေ့ကြုံ မရွှေ့၊ ပျော်စလေ့သား၊ ထိုရွေ့သတ္တဝါ၊ များ*ဗိုလ်ပါတို့၊ ဝိပါကဝဋ်၊ ကမ္မဝဋ်နှင့်၊ မလွတ်နိုင်ကြ၊ ဤကိစ္စကြောင့်၊ လောဘ*သဟာယ်၊ ကံ ဆန်းကြယ်တိုင်း၊ ကြီး-ငယ် လုံး-ချွန်း၊ ဝိုင်းဝန်း ရှည်-တို၊ ဖြူ-ညို-နီ-ရွှေ၊ အခြေ ယှိ*မဲ့၊ တွက်ဘွဲ့များစွာ၊ မရေသာအောင်၊ သညာ ဧကတ်၊ နာနတ် ကာယ၊ ထူးပြားစွနှင့်၊ လေးဝ အောက်ခွင်၊ ဘုံတပြင်ဝယ်၊ အရှင်ယမမင်း၊ နိုင်ငံတွင်းက၊ စာရင်း မပျက်၊ ဝ,မကွက်ဘဲး၊ တက်-သက် တုံ့ပယ်၊ ယက်ကန်းရှယ်သို့၊ *သွတ်လှယ် မနား၊ ဘဝအားဖြင့်၊ မခြား စပ်လျက်၊ စဉ်ကာ ဆက်၍့၊ ဝင်-ထွက် လူးလာ၊ တချာချာလျှင်၊ ပေါ်ကာ ငုပ်ဆင်း၊ ကျင်လည်ခြင်းဖြင့်။။ ပါယ်တွင်း လည်ကာ၊ ရှည်ကြာ မငြိမ်းနိုင်သတတ်။ “ (၂၈)

('သဒိသဖလဘာဝမိဿာလင်္ကာရ' ၁၁-လုံး 'အာသာဝတီဝတ်ဆံချ'မျိုးချည်း)

(၁၃၂) ဓာတ်ရင်း ဗလ၊ ပထမနှိုက်၊ ဇီဝန *နက်၊ တချက် ထိုမှ၊ ဝိကပ္ပဖြင့်၊ ဒွိပဒပါဌ်၊ ဒွိရှေး မှတ်သား၊ လာဓာတ် လူဓာတ်၊ ယူဖြတ် နှစ်ချက်၊ ဓာတ်နက်ဘော်နည်း၊ အ-ပစ္စည်းနှင့်၊ သိမ်းဆည်း မှတ်ရာ၊ ဒွိသဒ္ဒါကို၊ ဗာ,ဟု ပြုငြား၊ ရုပ်ပြီးထား၍့၊ “တရား မရှာ၊ လူမည်ကာသို့၊ ပညာ မဘက်၊ ထွက်-ဝင်သက်မျှ၊ ရှူလျက် လူ့ဘုံ၊ သက်မွေးရုံနှင့်၊ နှစ်စုံ လောက၊ နှစ်ဝ ကောင်း-ဆိုး၊ နှစ်မျိုး ယုတ်-မြတ်၊ အတ္ထ နတ်ကို၊ ဖြတ်တတ် ယူတတ်၊ ကတ္တုသာဓ်ဖြင့်၊ ဟုတ်ဟတ် ထိုးထွင်း၊ မသိဖျင်းသည့်၊ အချင်း ဗာလ၊”မင်းမန္ဒ။။ ထိုမျှ နှစ်ပေါင်း၊ လွန်ခဲ့ရှောင်းသား၊ ရှစ်သောင့်းလေးထောင်၊ သုံးပြန်ဆောင်အောင်၊ မင်းရောင် မင်းရုပ်၊ မင်းပြုလုပ်လျက်၊ “ပျောက်ချုပ် နေ့-ည၊ သင့်ကာယကို၊ မောဟ ပိတ်ပင်၊ သင် မမြင်လည်း၊ ဌီ-ဘင်-ဥပါဒ်၊ ပရမတ်ဖြင့်၊ မပြတ် ခဏ၊ ဖျက်ဖျက်ကျ၏၊” “လောက ဓမ္မ၊ ဒိဋ္ဌ တမလွန်၊ နှစ်တန် ကျိုး-ပြစ်၊ စိစစ် မယှိ၊ မြင် မသိက၊ ပဏ္ဍိ လူနှိုက်၊ မဟူထိုက်ဘူး၊ သူမိုက်အတွင်း၊ ဗာလသွင်းလျက်၊ စာရင်းဦးရေ၊ ဝင်ထွေ မုချ၊ ဆက်ဆက်ကျ၏၊ မိုက်လှအကယ်၊ ဉာဏ် ကင်းကွယ်ခဲ့၊” “ရေငယ် နည်းပါး၊ အိုင်*ပက္ကားနှိုက်၊ ကျက်စားနေကျင်၊ ငါးအသွင်သို့၊ ကြာတင် ကာလ၊ မနေရပြီ၊ နေ့-ည မသိ၊ ဟူဘိမချွတ်၊ သေမင်းငတ်က၊ မလွှတ် †အလျင်၊ *ကြွက်ကြွက်ငင်လိမ့်၊ သို့†လျှင်ဖြစ်ဘိ၊ ချက်မှန် သိလျက်၊ ပဏ္ဍိယောက်ျား၊ သူ့စီးပွားကို၊ ဆောင်အား†ကြို့း၍့၊ ကိုယ်†ကျိုး*မဲ့စွာ၊ မဖြစ်ရာဘူး၊ ကမ္ဘာ လောင်မီး၊ ပျက်ကာနီးနှိုက်၊ ယောင်ရီး ယောင်တ၊ လူ့ဘဝကို၊ ရလာသော့သွင်၊ ဘယ်ကျိုးထင်လိမ့်၊” “ဤလျှင် ယမရာဇ်၊ သေမင်းညစ်၏့၊ နတ်စစ် †စေမှန်၊ နတ်တ†မန်တို့၊ ထိပ်စွန် ဦးဖျား၊ နင်းရောက်ငြား၍့၊ ထင်ရှားခုမူ၊ အလံထူသည်၊ ဆံဖြူ ဖွေးဖွေး၊ မမြင်သေးလော့၊ အရေး*လက်ငင်း၊ လွန်ကျပ်ပြင်းသည်။။ တင်း၍့ မညွတ်နိုင်ဝေးတည်း။ “ (၂၉)

(၁၃၃) မညွတ်နိုင်ဝေး၊ သည်အရေးတည့်၊ “လေးပါး သေနင်၊ စတုရင်ဖြင့်၊ မြင်း-ဆင်-ရထား၊ ခြေသည်များနှင့်၊ ပြား၍့ပြိုင်ခင်း၊ စစ်အင် ကျင်း၍့၊ နင်းသော်*၄င်း၊ အသောင်း အသိန်း၊ ကိန်း အကုဋေ၊ မရေတွက်အား၊ ရွှေငွေ†များနှင့်၊ ပတ္တ†မြား ကျောက်-စိန်၊ တောက်ထိန် ဝိုးဝင်း၊ မြေ*ပြည့်လင်းအောင်၊ ဆင်-မြင်း-သားကြီး၊ နန်းနှင့် ထီးက၊ သမီးကညာ၊ ရတ†နာဖြင့်၊ ပ†ဏ္ဏာ ဆက်နှင်း၊ တံစိုးသွင်း၍့၊ ငြင်းသော်*၄င်း၊ ရှစ်သောင်း တပသီ၊ ဇော်ဂီတက္ကသိုလ်၊ ဝိဇ္ဇာဓိုရ်တို့၊ ထိုထို များစွာ၊ ပညာ ဆေးဝါး၊ အပါးပါးတိ၊ ပြဒါး မီးနေ၊ သံသေ ဓာတ်ပြာ၊ ရသာယန၊ သြသဓစု၊ အာယုဝှါဇီ၊ ဝသီကရဏ၊ စသည် လိမ်းသပ်၊ စားမျိုအပ်နှင့်၊ အာထဗ္ဗဏာ၊ ဝိဇ္ဇာ မယိ+ဒ်၊ ဣဒ္ဓိဝိ+ဓ်သို့၊ မဟိဒ္ဓိမျိုး၊ တန်းခိုး *နတ်ရှိ၊ သိဒ္ဓိ လိုရာ၊ ပြီးနိုင်စွားသား၊ မဟာဂန္ဓာရီ၊ လောကီ ဉာဏ်ပေါင်း၊ အင်းကောင်း *တတ်ပွန်၊ မန္တာန်*မွန်ဖြင့်၊ ပြုဟန် ပယောဂ၊ မကျန်ရအောင်၊ အဋ္ဌသာခါ၊ ယတြာက၊ ဂါထာ မန်းမှုတ်၊ အစုတ် အနှံ၊ ကာယံ ကိုယ်တွင်း၊ ဘောက်ကာထွင်း၍့၊ သွင်းသော်*၄င်း၊ “လွှတ်ကြောင်း သေဘေး၊ မထင်ဝေးခဲ့၊ ပြေး၍့*ဆုန်းဆုန်း၊ ဘယ်တွင် ပုန်းအံ့၊ ကျင်းကုန်း ကောင်းကင်၊ ပင်လယ်ပြင်နှင့်၊ ဥမင် လိုဏ်ခေါင်း၊ အောင်းလည်း မလွတ်၊ မချွတ်မှန်ဘိ၊ လွဲးမယှိဘူး၊” “သိဒ္ဓိပြီးငြား၊ ဓာတ်ဆေးဝါးနှင့်၊ ပြဒါး သံပြာ၊ စားကာ မျိုပြု၊ လုပ်ရတ်မှုဖြင့်၊ အာယုသမား၊ ဆရာများတို့၊ ထင်ရှား ခုထိ၊ ဘယ်မှာရှိခဲ့၊” “အာဒိကပ္ပ၊ ကမ္ဘာစက၊ ကာလ ခုတောင်၊ ပြည်ကျိုးဆောင်သည်၊ ဘုန်းခေါင် မဟာ၊ ကြီးတေဇာနှင့်၊ စကြာ စိုးရ၊ မင်းထိုမျှက၊ ဗုဒ္ဓ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဟု၊ ခီဏာသဝ၊ ဝိသုဒ္ဓဖျား၊ အရှင်များလည်း၊ တပါးမျှတိ၊ မြဲးမရှိဘူး၊” “မျက်စိ-နား-နှာ၊ ကိုယ်အင်္ဂါကား၊ အို-နာ-သေမျိုး၊ နိမိတ်ဆိုးတည့်၊ ရိုးရွ လှုပ်လက်၊ အုတ်ကျွတ် ညံဆူ၊ နေဘိမူလည်း၊ ရန်သူ သေမင်း၊ ချောင်းနေလျှင်းခဲ့၊ ငြင်း၍့ မရ၊ ခ၍့ မသာ၊ ဤခန္ဓာအား၊ ကြင်နာ*မဲ့ငြား၊ သေမင်းဖျားလျှင်၊ သနား ကင်းလစ်၊ သူ မချစ်ဘူး၊ *ပစ္စရက္ခ၊ ဝဓကသို့၊ မုချ ဆတ်ဆတ်၊ တွေ့ရာသတ်လိမ့်၊ မှတ်လော့*စင်းလျှင်း၊ သေမယွင်းသည်။။ ကွင်း၍့ မတတ်နိုင်ရေးတည်း။ “ (၃၀)

(၁၃၄) အကြင်သို့တိ၊ “ လူတို့ဓမ္မတာ၊ ဘုံ သုံးရွာတွင်၊ ခန္ဓာ ပ ဉ္စ၊ ဧက စတု၊ ဒု-သုပုဂ္ဂိုလ်၊ ထိုထိုအမျိုး၊ ကောင်း-ဆိုး ယုတ်-မြတ်၊ များလူနတ်ကို၊ မလွတ်စေရ၊ သန္ဓေစက၊ စေ့င ကုန်အောင်၊ ယူဆောင် မကြွင်း၊ သေစာရင်းနှိုက်၊ သွင်း၍့အညီ၊ မှတ်ပြီးပြီကြောင့်၊ ဇော်ဂီဆရာ၊ ဝိဇ္ဇာယောက်ျား၊ သမား ဆေးတတ်၊ နတ်ဇီဝက၊ သမ္ပ†ရနှင့်၊ †ယမ အသု+ရာ၊ ဣန္ဒဇာဖြင့်၊ မာ+ယာအတတ်၊ လှည့်ပတ် ထွေပြား၊ ပြုတုံငြားလည်း၊ ကုစား မရ၊ ပဒုမ စက္က၊ သကဋနှင့်၊ ရထဗျူဟာ၊ လေးဖြာ ခင်းကျင်း၊ စစ်ဆင်ခြင်းဖြင့်၊ မင်း ရှစ်မျက်နှာ၊ ဧကာ ကွက်စီ၊ အညီမလွဲး၊ စစ်ကဲး ထောင့်လေး၊ ဆင်ရေး*၄င်း၊ ရှေ့တစ်လောင်းလျက်၊ မြင်းကြောင်း ရှစ်ကွက်၊ ထောင့်တက် မြင်းသွား၊ ရထား*တူရူ၊ နယ်မူ ရှေ့တစ်၊ တဆစ် ထို့ပြင်၊ ဆင် မဏ္ဍရေး၊ လေးဆဲ့လေးက၊ ခေါ်ရှေး မယွင်း၊ မြင်း မဏ္ဍရေး၊ ခြောက်ဆဲ့လေးသာ၊ ရထားမှာမူ၊ ဆဲ့ခြောက်ဟူသား၊ မှတ်ယူ အာဂုံ၊ လက်စွမ်းယုံတို့၊ ရွှေခုံအပြင်၊ စစ်တူရင်သို့၊ မြင်း-ဆင်-ရထား၊ ခြေသည်များနှင့်၊ ဆင်သွား မြင်းသွား၊ ရထားနယ်တက်၊ ကပ်လျက် လိမ်ကာ၊ ပူး-ခွါသော့အား၊ ပြား၍့ မကွဲး၊ *အားသွန် ခဲးပြီး၊ စစ်ကဲး ဝန်းရံ၊ မင်းပါ ခံလည်း၊ မကြံနိုင်စွာ၊ ကြံရာ မရ၊ လက်မှိုင်ချလျက်၊ တို့ကသာ သေ၊ သူက ခွေ၍့၊ သရေစရိုး၊ မရှိနိုးတည့်၊ တန်းခိုး ဣဒ္ဓိ၊ ဇာတိ ပညာ၊ ဂုဏ်ဝါ မြောက်†မြား၊ လွန်ထင်ရှားသား၊ †များစွာ ထိုမျှ၊ မကျန်ရအောင်၊ လောက တို့ဘိုး၊ ထက်မိုးဗြဟ္မာ၊ ပဇာပတေ၊ လောကေသရ၊ မြတ်လှ ထွတ်ထား၊ ဘုရား ပစ္စေကဗုဒ္ဓါ၊ အရိယာက၊ ဥပါဒါနက်၊ ခန္ဓာဖျက်တိ၊ ဤသက္ကာယ၊ ဗျာကတဟု၊ ဒုက္ခသစ္စာ၊ ကင်းသေးစွာဘဲး၊ သတ္တဝါဟူစေ၊ တည်သန္ဓေလျှင်၊ မနေရလျှင်း၊ သေစေခြင်းကား၊ သေမင်းဓမ္မတာ၊ မှန်လှစွာကြောင့်၊ လူ့ရွာ ပုရွ၊ မြင်သမျှတို့၊ မုချမချွတ်၊ မြေလက်ခတ်သို့၊ မလွတ်စိမ့်ဟူ၊ ယှိတိုင်းယူလိမ့်၊ မည်သူကား †ချင်း၊ မည်သူ မင်းဟု၊ ရှောင်†ခြင်းသဘော၊ မယှိသောရှင့်၊ ရက်ရော ကြမ်း†ကြော့၊ ကွင်းလည်†ကျော့သို့၊ မှတ်လော့ မရွေ့၊ သေကွက်စေ့က၊ သေလေ့ မယွင်း၊ ငင်အပြင်းသည်။။ ငြင်း၍့ မလွတ်နိုင်ဘေးတည်း။ (၃၁)

(၁၃၅) ထိုသို့မယွင်း၊ လူ *ခပင်းကို၊ အလျှင်း မလွတ်၊ တွေ့တိုင်း သတ်သား၊ နတ်နှင့်တကွ၊ လောက သုံးသွယ်၊ သေမင့်းနယ်တွင်၊ ကြီးငယ်မဆို၊ ရွယ် ပျို-အိုတို့၊ ထိုထို များလှ၊ ယှိသမျှကား၊ မရဏမင်း၊ ခံတွင်း အာဝ၊ အနီးစနှိုက်၊ ဖြစ်ရသည်ချည်း၊ အမှန်တည်းလျက်၊ *ဖြက်†ခြည်း *ရက်†ခြည်း၊ *တဖြုတ်+ခြည်းနှင့်၊ *ရုတ်+ခြည်း မကြာ၊ သေမည့်တာကို၊ ပညာမြင် နည်း၊ မောဟ သည်း၍့၊ *တင့်ရည်း စိတ်နေ၊ မထိတ်ချေတည့်၊ မသေသို့ပင်၊ မိုးမမြင်မျှ၊ လင်နှင့် မယား၊ သားနှင့် သမီး၊ နှောနှီး ရှက်ကာ၊ အိမ်ရာ တိုင်းပြည်၊ ထောင်တည် ပျော်မြူး၊ မွေ့လျော် ကြူး၏၊ ယစ်ရူး ကာမ၊ တပ်ရာဂဖြင့်၊ မောဟ လွန်ကဲး၊ ပိတ်ပိတ်မဲးလျက်၊ ပိန္နဲး သြဇာ၊ သကာချိုမျိုး၊ ထန်းလျက်အိုးနှင့်၊ ပျားအိုး ပျားခွက်၊ ပျားရည်စက်နှိုက်၊ ပရွက် ပိုးရွ၊ မိုက်အန္ဓတို့၊ ရသ ချိုမြက်၊ အာရုံ မက်၍့၊ †ဂအသက် ဆုံးစေ၊ သောက် သေသေသို့၊ ကိလေအာရုံ၊ ပျော်တုံ မိန်းမူး၊ သေအောင်မြူး၏၊ ညစ်ညူး ရာဂ၊ ကိလေသဖြင့်၊ တဏှာ့လိုလိုက်၊ *ဒုစရိုက်နှင့်၊ အမိုက် အားကိုး၊ ပုဂ္ဂိုလ်မျိုးကား၊ အကျိုး*မဲ့စွာ၊ အပြစ်သာရှင့်၊ ချမ်းသာ နည်းပါး၊ ဆင်းရဲး များအောင်၊ လိုက်စား ပျော်ကြူး၊ မေ့လျော့ မူး၏၊ မထူး ထို့တူ၊ ငါတမူလည်း၊ ရိပ်ဖြူညီးညီး၊ ရွှေရောင်ပြီးသား၊ ရွှေထီး ပြောင်ပြောင်၊ နန်းဆောင်ဆောင် ထက်၊ မြောက်-တောင်-အနောက်၊ အလယ်မြှောက်၍့၊ လေးယောက် မိဖုရား၊ အကြီးထားမှ၊ သုံးပါး ရွယ်လှ၊ နတ်*တမျှတို့၊ ဝန်းခ ပတ်ခြံ၊ သောင်း-သိန်း ရံလျက်၊ ပျော်စံမငြီး၊ သေလုနီးတိုင်၊ ငါ့ထီး ငါ့နန်း၊ ငါ့တိုင်းခန်းဟု၊ စွဲးမှန်းသဖြင့်၊ နေ ကြာမြင့်၏၊ သေမင့်းတ†မန်၊ သေချိန်တန်ဟု၊ အ†မှန် စိုက်စိုက်၊ ရောက်လာ ဆိုက်၍့၊ ခေါင်းနှိုက် ဆံဖြူ၊ အလံထူအောင်၊ ငယ်မူ မမေ့၊ မငြီးငွေ့ဘဲး၊ ညဉ့်-နေ့ မလင်း၊ အမြင် ကင်း၍့၊ မိုက်တွင်း ဝင်ပြီး၊ မိုက်သီး သီးလျက်၊ မိုက်ကြီး စတု၊ မှောင်လေးခု ထက်၊ ဆယ်စု *ထံပိုး၊ မက တိုးအောင်၊ မိုက်မျိုး ဆုံတွေ့၊ အစုံ မွေ့သား၊ ဘုံလေ့ ယုတ်မာ၊ မှောင် ကြီးစွာဝယ်၊ တဏှာ မိုက်†မည်း၊ ပျော် လိုက်သည်း၏၊ လား†မြည်း တိရစ္ဆာန်၊ အဟိတ်မှန်သို့၊ သဏ္ဌာန်ပမာ၊ ကိလေသာကို၊ ပယ်ခွါ မကင်း၊ ရှောင်မကွင်းသည်။။ ရှင်း၍့ မဖြတ်နိုင်သေးတည်း။ (၃၂)

(ဤနောက် ၄-ပိုဒ်အချတို့လည်း 'ကိုးတွင်းပြည့်'ချည်းပင်)။

(ဤအတ္တစိန္တာခဏ်းဖြင့် ဉာဏဘယဖြစ်သော 'ဘယဋ္ဌာယီဘာဝ၊ ဘယာနကရသ'ကို သေအံ့သော အာရုံတစ်ခုတည်းကို ကြံစည်ခြင်း စိန္တာဟူသော 'ဗျဘိစာရီဘာဝ'နှင့်တကွ အကျယ်ပြသတည်း။)

(၁၃၆) ဤသို့လောင်း†လျာ၊ မြတ်ရာဇာလျှင်၊ နှုတ်†လျှာ မလှုပ်၊ ဝမ်းထဲ ချုပ်၍့။။ ရွက်အုပ် သံဝေ၊ ကြံတုံလေတည်း။ (၃၃) အတ္တစိန္တာခဏ်း (၃၃)ပိုဒ် ပြီး၏၊