သံဝေဂါကာရခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၅။ သံဝေဂါကာရခဏ်း


တေဿဝံ ပလိတဘာဝံ အာဝဇ္ဇန္တဿ သရီရေ သေဒေါ ဥပ္ပဇ္ဇိ။ သရီရာ သေဒါ မု ဉ္စိံသု၊ သာဋကာနိ ပီဠိတွာ အပနေတဗ္ဗာကာရပ္ပတ္တာနိ အဟေသုံ။။

(၁၃၇) ဤသို့ ခြင်းရာ၊ မင်းမြတ်စွာ၏၊ ကေသာ မြရိုး၊ သွေ့ညှိုး ခွေ†ပျောင်း၊ ဆံတချောင်းမျှ၊ ရုပ်†ပြောင်း မူခြား၊ ဖြူသော့အားဖြင့်၊ ထင်ရှား အသစ်၊ ပေါ်သည့်ဖြစ်ကို၊ စိစစ် ဉာဏ်ယှဉ်၊ ဆင်ခြင်စဉ်နှိုက်၊ ပညိန္ဒြိ၊ သတိ မလွတ်၊ သဟောတ္တပ္ပ၊ မြတ်ဉာဏဖြင့်၊ ယမမင်းကြီး၊ ထိပ်ထက်စီး၍့၊ အပြီး ခုပင်၊ ကြာမတင်ခင်၊ လျင်*တောက် တပတ်၊ မြန်*ရွတ်ရွတ်တိ၊ မလွတ် ဆွဲးငင်၊ ယူမည်သွင်သို့၊ ထင်ဘိရကား၊ တရား လက်တွေ့၊ တစေ့စေ့ဖြင့်၊ မမွေ့ စိတ်တော်၊ မပျော် မပြန့်၊ ထိတ်လန့် ကြောက်†ခြင်း၊ သည်း-အူ†ချင်းအောင်၊ ကိုယ်တွင်း နှလုံး၊ မီးအုံးသော့တူ၊ လှိုက်လှိုက်ဆူလျက်၊ ရှေးရှူ ရွှေဉာဏ်၊ မြင်တော်သန်သည်။။ ပူပန် ချွေးကျ ယို†စီးတည်း။ (၁)

(၁၃၈) လေးအသင်္ချေ၊ တသိန်း ကြေအောင်၊ လွန်လေခဲ့လျှင်း၊ ကမ္ဘာတွင်းက၊ ထွန်းလင်း ရွှေဉာဏ်၊ ပွင့်ကြလွန်သား၊ ငါးမာရ် ပယ်နှိပ်၊ အောင်တံဆိပ်နှင့်၊ နှစ်ကျိပ် သုံးပါး၊ ရှင်တော်များတွင်၊ ရှေးဖျား နာမ၊ ကောဏ္ဍညနှင့်၊ မင်္ဂလမြတ်စွာ၊ သုမေဓာ သုဇာတ၊ ဖုဿ ဝေဿဘူ၊ သုံးဆူ တဘန်၊ ကကုသန် ကောဏာဂမန၊ ကဿပတို့၊ လောက သုံးပါး၊ ပွင့် ထင်†ရှားစဉ်၊ ပယ်†ရှား အိမ်ရာ၊ သာသနာသမယ၊ ဒုလ္လဘနှိုက်၊ အရတော်လစ်၊ ရဟန်းဖြစ်၍့၊ ရှင်ချစ်ဘုရား၊ မြတ်ကိုးပါး၏့၊ ထံပါး ကပ်ဆည်း၊ *ခယမ်းပည်းလျက်၊ ခံနည်း ရယူ၊ ဂေါတြဘူနှင့်၊ အတူ ရှေးယှိ၊ နုလုံထိအောင်၊ ဝိပဿနာ၊ မဟာဝဇိရ၊ ဉာဏ အထူး၊ လေ့လာဖူးသား၊ ကျေးဇူး ဥပ၊ နိဿယကြောင့်၊ ဘဝ ယုတ်-မြတ်၊ လူ-နတ်-တိရစ္ဆာန်၊ သဏ္ဌာန် ထိုထို၊ ဖြစ်ရာကိုယ်နှိုက်၊ လိုလို*၄င်း၊ ဗောဓိလောင်းတို့၊ အကြောင်း အကျိုး၊ ကောင်းနှင့် ဆိုးကို၊ ထိုးထိုး ထွင်းထွင်း၊ ဆရာကင်းလည်း၊ သိခြင်း*တန်ထွာ၊ ဓမ္မတာသည်။။ မဟာသိဒ္ဓိ ဉာဏ်†ကြီးတည်း။ (၂)

(၁၃၉) “ရူပါရူပ၊ သဘာဝ၏့၊ မုချ လက္ခဏာ၊ အာရုံ အာရမ္မဏိ၊ လက်ကိုင်မိသို့၊ သိသည့်အရ၊ ပစ္စက္ခတည့်၊ ကြောင်းက ကျိုးထောက်၊ ကျိုးရောက် ကြောင်းယှိ၊ ဆ၍့ သိမူ၊ မည်ဘိ နာမ၊ နုမာနတည့်၊ သဂ္ဂ မောက္ခ၊ နိဗ္ဗာနကို၊ ကြံဆ ကြပ်ကြပ်၊ သိစအပ်ကား၊ သြကပ္ပန၊ ခေါ်မှတ်ကြတည့်၊”သုံးဝ သိဒ္ဓိ၊ ကျမ်းအယှိတွင်၊ စိစိ မှန်စွာ၊ လက္ခဏာဖြင့်၊ “ဇရာ ညီးပြောင်၊ မီးကြီး လောင်လျက်၊ အကောင်ပမာ၊ ဆောင် ရုပ်ဝါနှင့်၊ ငါးဖြာ ပ ဉ္စက်၊ ခန္ဓာပျက်ကို၊ သန်လျက် မိုးချီ၊ မမီမ†ချင်း၊ ငြိုးထား†ခြင်းဖြင့်၊ အတင်း မကွာ၊ နောက်ထပ် ပါ၍့၊ တွေ့ရာသင်းချိုင်း၊ ရပ်မဆိုင်းဘဲး၊ ပိုင်းအံ့ ဆတ်ဆတ်၊ လိုက်နေတတ်သည့်၊ သူသတ်ယောက်ျား၊ ရန်သူ့လားသို့၊ တရား ချက်ကျ၊ ပစ္စက္ခဖြင့်၊ လက်ရ ကိုင်မိ၊ ဒိဋ္ဌ သိ၍့၊ မချိမဆံ့၊ ပျော်မဝံ့အောင်၊ လတ္တံ့ တျားတျား၊ သေမင်းအားကို၊ သောက်စား *ငံရည်း၊ နေရ†ချည်းဟု၊ ခိုက်†ခြည်း *စိုက်ခြည်း၊ အမြင် သည်းလျက်၊ *လက်တည်း မကွာ၊ အမြဲးသာလျှင်၊ မရဏာသတိ၊ ထင်ဘိရကား၊ ကြောက်အား မဆိတ်၊ သံဝေဟိတ်ဖြင့်၊ *တထိတ်လလ၊ စိတ်မချဘဲး၊ နေ့ည*မူးမူး၊ သေမင်း†ရူးလျှင်၊ ယူးယူး နီးစွာ၊ ရှေ့*ပက်ပါဝယ်၊ တည်လာသော့လား၊ မမှား ဧကန်၊ မသွေလှန်အောင်၊ ရွှေဉာဏ် အာဒိ၊ မီ့းနှယ် ညီ့းသည်။။ မိုးထိ လောင်ဘွယ် ထိန်†ညီးတည်း။”(၃)

(သေခြင်းသဘောကို သူသတ်ကဲ့သို့ ကြံစည်၍့ဆိုသော 'ပရိကပ္ပါလင်္ကာရ'ရှိသော ပိုဒ်တည်း။)

(၁၄၀) အာဒီနဝ၊ မြတ်ဉာဏဖြင့်၊ ကာယ ဤကိုယ်၊ နေ့တိုင်း အို၍့၊ အလို မလိုက်၊ မီးသို့မြိုက်သား၊ လောင်တိုက်ပမာ၊ ပြစ်ကြီးစွာကို၊ သေချာ စိစိ၊ မြင်တော်မိက၊ မချိ ကိုယ်ဝယ်၊ မီ့းနှယ်*နှုန်း†ဂနှန်း၊ †နန်းလည်း မီးပုံ၊ ဝန်းအုံ ခြွေရံ၊ မိဿံ မောင်းမ၊ တကွ မပြား၊ မိဖုရားနှင့်၊ သားတော် သမီး၊ ရွှေပြည်ကြီးလည်း၊ ညီးညီး တောက်လောင်၊ မီ့းနှယ် ပြောင်၍့၊ တိမ်းရှောင် မသာ၊ ကွယ်ရာ မရ၊ လူ့လောကတွင်၊ ငါ့ထက် ခက်သူ၊ တလူ မယှိ၊ ဟူဘိစလောက်၊ ထိတ်ကြောက် ပြင်းစွာ၊ ဤလူ့့ရွာကို၊ ကမ္ဘာပျက်စ၊ သံဝဋ္ဋသို့၊ စိတ်က ဘန်လဲး၊ ထင်အမြဲးကြောင့်၊ ဝမ်းထဲး မဆံ့၊ ကိုယ်လုံးနှံ့၍့၊ သေအံ့ မယွင်း၊ မှတ်ယူခြင်းဖြင့်၊ သေမင့်းတ†မန်၊ အ†မှန်မလွဲး၊ သေစာ စွဲးပြီး၊ ဝံ့ရဲး မကြောက်၊ ထိပ် တက်ရောက်ဟု၊ နေ†ကျောက် ပဒုမ္မာ၊ ရွှေကြာ မိုးခ၊ နွမ်း*လျလျသို့၊ *တမျှ†ညှိုးယော်၊ မမွေ့လျော်ဘဲး၊ ထို†ရော် သံဝေ၊ ရလေလေတိုင်း၊ အနေ မခံ့၊ မင့်းမာန် ညံ့လျက်၊ မဝံ့ ပျော်ရေး၊ ယိုသည့်ချွေးဖြင့်၊ ခြုံထွေး ကိုယ်တွင်၊ ကိုယ်တော်ဆင်သား၊ *ဒုယင် သိန်းတန်၊ ရွှေ*ဖျင်*မွန်နှင့်၊ မမှန် အဘိုး၊ ရွှေပုဆိုးလည်း၊ ရေမိုး မလွတ်၊ စိုခဲ့စွတ်သို့၊ မပြတ်မ*စဲး၊ ဖပ်ဖပ်ရွှဲးမျှ၊ ကိုင်စွဲး လိမ်ကျစ်၊ ရေနှယ် စစ်၍့၊ ညှစ်ရကမန်း၊ မခန်းတို့နိုင်၊ ကိုယ်လုံး အိုင်အောင်၊ ဖြိုင်ဖြိုင်စက်စက်၊ စီး-ယိုထွက်သည်။။ နန်းထက် စိတ်တော် စံ†ငြီးတည်း။ (၄)

(၁၄၁) စံငြီး စိတ်တော်၊ လောင်းမင်းကျော်လျှင်၊ မပျော် နန်းထက်၊ ဝမ်းတော် ပျက်၍့၊ နှစ်သက် မယှိ၊ နေမချိဘူး၊ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ အပါယနှင့်၊ ဒုက္ခမဆိတ်၊ အတိတ် နာဂတ်၊ ခု ဝတ္တမာန်၊ ပစ္စုပ္ပန်ဟု၊ ရှစ်တန် ဝတ္ထု၊ သံဝေစုတွင်၊ အိုမှု ဇ†ရာ၊ ရောက်ခြင်း†ရာနှိုက်၊ မဟာသံဝေဂ၊ မိုဃ်းကြိုးကျသို့၊ ကြီးလှ ရှိန်စော်၊ ရွှေဉာဏ်တော်ဝယ်၊ ရှုမျှော်မယုတ်၊ ယထာဘုတ်ဖြင့်၊ သမုဒ်ရေလှိုင်း၊ စံတုနှိုင်းအောင်၊ ဟုတ်တိုင်းခါခါ၊ ထင်တော်စွာ၏၊ အာကာ ကောင်းကင်၊ စမထင်သို့၊ ဤသင်္ခါရ၊ ဟူသမျှလည်း၊ နိစ္စ ဓုဝ၊ သဿတဖြင့်၊ ထာဝရ မြဲးရာ၊ မရှိစွာဘူး၊ ဝိဇ္ဇာ ဇော်ဂျီ၊ တပသီနှင့်၊ လောကီဣဒ္ဓိပါဒ်၊ လွန်ကြီးမြတ်သည့်၊ မိုးနတ် ဗြဟ္မာ၊ ဖြစ်စေကာလည်း၊ ပညာ ဆေးဝါး၊ မန္တြားဖြင့်၊ ကုစား အရိုး၊ တန်းခိုး ဘန်ဆင်း၊ အို-သေခြင်းမှ၊ ရှောင်ကွင်း ဘယ်မှာ၊ လွတ်နိုင်ရာလိမ့်၊ ဓမ္မတာကိစ္စ၊ ဗဟိဒ္ဓက၊ သီတ ဥဏှာ၊ နှစ်ဖြာ ဥတု၊ ဓာတ်မီးစုဖြင့်၊ လေးခု မဟာ၊ ဘုတ်ခန္ဓာကို၊ စကြဝဠာတိုက်ကြီး၊ ဝိုက်ဆီး ကာမိုး၊ တွင်း ဝန်းအိုးနှိုက်၊ အခိုးလူလူ၊ ကြိုက်ကြိုက်ဆူအောင်၊ ရှိန်ပူ အုတ်အုတ်၊ နေ့တိုင်း ပြုတ်၏၊ ဤဘုတ်ကာယ၊ ကရဇ၏့၊ အန္တမည်ခြင်း၊ ကိုယ့်အတွင်းလည်း၊ ပူပြင်းသဘော၊ မပြတ်*ပြောသည်။။ တေဇောဓာတ်ရှိန် *မီး†ကျီးတည်း။ (၅)

(၁၄၂) တေဇောဓာတ်ရှိန်၊ တထိန်ထိန်ကြောင့်၊ သားပိန် ရေခန်း၊ နေဝယ်†လှန်းသို့၊ မ†လန်း ရုပ်ဝါ၊ ချည့်ပမာလျှင်၊ ကေသာ မြရွက်၊ ဘောက်ပြား ကွက်၍့၊ ပျက်ခဲ့ လက္ခဏာ၊ ထင်တုံလာပြီ၊ ပညာဆေးဝါး၊ ဘယ်စွမ်းအားမျှ၊ ကြိုးစားအံ့ငှါ၊ မတတ်ရာတည့်၊” “ခန္ဓာန်ကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍့ မ†ပျို၊ အိုသာ အိုခဲ့၊ ပျက်†ပြို မဆိတ်၊ တညိတ်ညိတ်ဖြင့်၊ တမှိတ် မ*စဲး၊ ဘောက်လဲး ဖြစ်-ချုပ်၊ မီးဟုပ်ဟုပ်သို့၊ နာမ်-ရုပ် နှစ်ခု၊ ပစ္စည်းပြု၍့၊ ပေါင်းစု ဖြစ်ကြ၊ သင်္ခတဟု၊ သဘာဝမျိုး၊ ကြောင်း-ကျိုးမျှသာ၊ ထင်စပါ၏၊ အကာ အတိ၊ နှစ် မယှိကြောင့်၊ ပကတိကိုယ်၊ မတည်လိုဘူး၊ ပုဂ္ဂိုလ်*အထု၊ ထိုအစုတွင်၊ အာယု ပုည၊ ခယနှစ်†မှာ၊ တဖြာဖြာကြောင့်၊ ဗြ†ဟ္မာတို့အား၊ စုတိငြား၏၊ နှစ်ပါးမည်ထ၊ ထိုခ+ယနှိုက်၊ ဟာ+ရ ကောပါ၊ ထည့်၍့သာလျှင်၊ လေးဖြာ အပေါင်း၊ နတ်သေကြောင်းတည့်၊ *၄င်းထိုမှ၊ မနုဿကား၊ ခယ နှစ်ချက်၊ ဥဘယက်နှင့်၊ လက်နက်ဟူပေ၊ ဥပစ္ဆေဖြင့်၊ လေးထွေအလို၊ သေကြောင်းဆို၏၊ ထိုထို သေခြင်း၊ မကင်း သတ္တဝါ၊ သေကြရာနှိုက်၊ ဝိဇ္ဇာ သိပ္ပ၊ ဣဒ္ဓိ စသား၊ ထိုမှ အားလုံး၊ လက်ချ ဆုံး၏၊ သုံးဆဲ့တထပ်၊ ဘုံအရပ်ဝယ်၊ မလပ် များစွာ၊ ကျင်လည်ပါသည့်၊ သတ္တဝါ မြတ်-ယုတ်၊ ထို*အစုတ်ကား၊ သမုဒြာ၊ စက္ကဝါနှင့်၊ မဟာပထဝီ၊ မေဒနီ မြင့်းမိုရ်၊ ယုဂန္ဓိုရ်တို့၊ ပျက်ပြို ဘန်ဘန်၊ ကြိမ်ကြိမ်ပြန်လည်း၊ အလွန်မြဲး†လှ၊ ခိုင်ခံ့စွသား၊ မူ†လ နှစ်မြွာ၊ အဝိဇ္ဇာနှင့်၊ တဏှာမြစ်-ငုတ်၊ ရင်း မပြုတ်၍့၊ မြတ်-ယုတ်ဘဝ၊ ဇာတိ ရက၊ အိုကြ သေကြ၊ မနေရဘူး၊ ဒုက္ခမြဲးစွာ၊ ဓမ္မတာဖြင့်၊ ဇရာ မရ†ဏ၊ ဆုံးဌာ†နဟု၊ ဘဝစက်ဝိုင်း၊ ဤဆစ်ပိုင်းကား။။ ဖြစ်တိုင်း ရောက်နေ †ခရီးတည်း။ (၆)

(၁၄၃) “လောကခြင်းရာ၊ လူတို့ရွာဝယ်၊ ဒိသာ ဒါဟ၊ ဓူမ ကေတု၊ ထင်ပြု *ဥပါတ်၊ *ဥကြတ်ရပ်လောင်၊ *တဘောင် *စံနည်း၊ တော်လည်း ငှက်သံ၊ မိုးယံ ဒိဗျ၊ အန္တရနှင့်၊ ဘောမ နတ်-ကိတ်၊ နိမိတ်*တမျဉ်၊ ဂြိုဟ်ယှဉ် ထိခတ်၊ နေကြတ် လကြတ်၊ ဥပါတ်ရှစ်ပါး၊ နတ် ရှစ်ပါးတို့၊ ထင်ရှား ပေါ်ထွက်၊ စီး,လက် ညံ့-ညှိုး၊ တိုင်,ကျိုး ဆည်,ပေါက်၊ တန်း အောက်ကျအိပ်၊ အနှိပ် အနာ၊ ကိုယ့်ဇာတာဝယ်၊ ကောဇာ ကောဝိန်၊ ဆတ္တိန်တြင်း၊ နဝင်း နက္ခတ်၊ မိတ္တုနတ်ဟု၊ ပါဒ်-ပါဒ် ခြောက်ခု၊ မြွေပွေးတုသို့၊ အာယု ခိုက်ထိ၊ ပုတိ ဘင်္ဂ၊ မရဏနှင့်၊ ကဏ္ဍ သုံးခွင်၊ ထွက်-ဝင် ကြုံလာ၊ ဒသာ မသန့်၊ အတန့် မကောင်း၊ သံတောင်း စီးနင်း၊ ပါပ ချင်း၍့၊ မလင်း မပွင့်၊ *အရိဌ် သင့်က၊ အခွင့် လျော်စွာ၊ ယ†တြာဖြင့်၊ ဆ†ရာ ဟူးရား၊ ပဏ္ဍိတ်များတို့၊ ကုစား စိတ်ဖြေ၊ ပျောက်လွင့်စေ၏၊ သေနိမိတ်ဟု၊ *အရိဌ် ဆံဖြူ၊ ပေါ်လာသူအား၊ ဘယ်လူ ဘယ်နတ်၊ ပြုနိုင်တတ်လိမ့်၊ ဝေဒတ္တယ၊ နီတိစသား၊ ထိုမျှ သွယ်သွယ်၊ ပရိယာယ်နှင့်၊ ဥပါယ်*တမျဉ်၊ ဉာဏ်ယှဉ် ကြိုးစား၊ မတတ်အားဘူး၊” “လေးပါး နွယ်ရိုး၊ ယုတ်-မြတ်မျိုးတို့၊ တန်းခိုးတေဇာ၊ ဘုန်း ပညာနှင့်၊ ချမ်းသာ ယှိယှိ၊ မယှိယှိပင်၊ မျက်စိ ကြောင်ကြောင်၊ နှာရောင် ကောက်စင်း၊ ခံတွင်း ဟောင်းလောင်း၊ ဥက္ခောင်း လုံးလျား၊ နား ကားကားနှင့်၊ သွားတိ ကျဲးကျဲး၊ ထိပ် ပြဲးပြဲးလျှင်၊ ဖြစ်မြဲး မပျက်၊ ခြေ-လက် ဖြာဖြာ၊ အင်္ဂါဟူထ၊ ထင်သမျှကား၊ ဥပသဂ္ဂ၊ ဆိုးလှအနေ၊ လွဲးမလွေသား၊ ကိန်းနေ လက္ခ†ဏာ၊ အို†နာဓမ္မ၊ မရဏ၏့၊ ပုဗ္ဗနိမိတ်၊ သေအ*ရိဌ်တည့်၊ အနိဋ္ဌဖိုလ်၊ ပါပဂြိုဟ်သို့၊ ဤကိုယ်တရား၊ နှိပ်စက်စား၏၊” “မိုးဖျား ထိနီး၊ ကျောက်တိပြီးသား၊ တောင်ကြီး *ကြိတ်†ကြိတ်၊ လေးလုံး ပိတ်၍့၊ ချေ+ကျိတ် ညက်စွာ၊ လေးမျက်နှာက၊ လွတ်ရာ မယှိ၊ လာတုံဘိသို့၊ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ ဓမ္မ လေးပါး၊ ဤတရားတို့၊ ထွားထွား ကျိတ်ချေ၊ ညက်ညက်ကျေအောင်၊ မြဲးနေ နိစ္စ၊ နှိပ်စက်စွတည့်၊ ဘဝ ပျက်†ပြို၊ လူထိုထိုကား၊ ရွယ်ပျို† ရွယ်လတ်၊ ကျန်မလွတ်သည်။။ မချွတ် သေအံ့ †အပြီးတည်း။”(၇)

သံဝေဂါကာရခဏ်း (၇)ပိုဒ် ပြီး၏၊