ဒေဝိယောဝါဒခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၄။ ဒေဝိယောဝါဒခဏ်း


(၃၉၈) အမစ္စောဝါဒ၊ မည်ရ တွင်မှန်း၊ ဤအခဏ်း၏့၊ အခြန်း *မဲ့သာ၊ မကင်းရာသား၊ အဝိနာဘာဝ၊ နည်း †နယဖြင့်၊ ဆောင်†ရ နန်းနေ၊ ညာမဟေနှင့်၊ ဒေဝီတို့အား၊ တရား စပ်လျဉ်၊ ကောင်းစွာ ယှဉ်၍့၊ ပိုက်*ယဉ် မိန့်ဟော၊ ဆုံးမ ပြောသား၊ ဒေဝိယောဝါဒ၊ နာမ တရပ်၊ ခဏ်းသီး ထပ်၍့။။ ဆိုအပ် ဆိုဘွယ်၊ *နှီးနွယ် ချိုပျံ့၊ ဆိုဦးအံ့တည်း။ (၁)

(၃၉၉) ဘဝသာမိ၊ ဗာရဝိသို့၊ လောကီ့ ထွတ်ချာ၊ နေနွယ်လာ၍့၊ မဟာပရဘူ၊ တန်းခိုးဆူသည့်၊ ပြည်သူတို့ ဘ၊ ဘုန်း ပပနှင့်၊ မဃဒေဝေါ်၊ လောင်းမင်းကျော်လည်း၊ မှူးတော် မတ်ပေါင်း၊ ရံ သိန်း-သောင်းအား၊ ကျိုး-ကြောင်း ပြသ၊ သြဝါဒဖြင့်၊ ဆုံးမတုံပြီး၊ ထံနီး ရံ-ခ၊ တောင်နန်းမနှင့်၊ များလှ *တူပြီ၊ နတ် ရွေညီသို့၊ ဒေဝီတို့ကို၊ ဆုံးမလို၍့၊ သံချို သာဖျား၊ ဤသို့ ကြား၏၊ ခြောက်ပါး အပြစ်၊ မရစ် ဆံလွှာ၊ ငါး ကလျာနှင့်၊ ရုပ်ဝါ ဆင်းပြင်၊ နတ်အသွင်တို့၊ လင်ကို မြင်က၊ အလျင် ထလျက်၊ နောက်မှ အိပ်မှု၊ မေးပြု လိုလိုက်၊ စရိုက် ချစ်ဘွယ်၊ သူ့ဝယ် ဆက်ဆံ၊ နှုတ်သံ ချိုမြေ့၊ ပြောဆိုလေ့ဖြင့်၊ စုံစေ့ ခြောက်လီ၊ ကျင့်ရေးညီသည်၊ ဒေဝီတဘော်၊ ဆောင်နန်းပျော်တို့။။ သက်တော် နှစ်ပေါင်း၊ ငါ မင်းကောင်းလျှင်၊ ရှစ်သောင်း သုံးပြန်၊ ရွယ်တော် လွန်ခဲ့၊ ဝေယန် ဆန်းတင့်၊ ရွှေနန်းမြင့်ထက်၊ ငါနှင့် မယ်တို့၊ နတ်သို့*တမျှ၊ စံပျော်ကြသား၊ ကာလ *တောင်တာ၊ မနည်း ကြာပြီ၊ “ပညာရှိသူ၊ လူဟူသည်ကား၊ တရားကိစ္စ၊ မယှိကြဘဲး၊ လောကရေးရာ၊ အားထုတ်ကာလျှင်၊ ရှည်ကြာ နေ့-ည၊ လွန်သမျှကို၊ ကာလအမြတ်၊ ရေ မမှတ်ဘူး၊ ကျင့်ဝတ် *ခိုင်ကျည်၊ ဆောက်တည် မပျက်၊ ထိုသည့်ရက်မှ၊ အသက်ရှင်မြတ်၊ ရေတွက် မှတ်၏၊”ဆုံးဖြတ် မှန်စွာ၊ ငါ ရာဇာလည်း၊ ဤခါ ဤရွေ့၊ ဤယနေ့ကား၊ ချစ်ငွေ့ မလှုံ၊ ချစ်အာရုံကို၊ လုံးစုံ ပယ်ဖြတ်၊ အဆုံးသတ်လျက်၊ အမြတ် စရိယာ၊ ကျင့်လိုငှာလျှင်၊ “မဟာဇနက၊ နရိန္ဒနှင့်၊ စူဠသုတ၊ မင်း သောမတို့၊ တကိစ္စပြီး၊ တောဝင်မှီးသို့၊ ဝတ်နှီး ဖန်ရည်၊ မြတ် သုံးထည်နှင့်၊ မလည် တဘန်၊ မပြန် တခေါက်၊ သက်ဆုံးရောက်အောင်၊ မဘောက် သိပ်သည်း၊ သူတော့်နည်းတည့်၊ အ*ရည်းတို့တမ်း၊ ကျောင်း *သင်္ခမ်းနှိုက်၊ ငြိမ်းချမ်း အောင်းခို၊ ဗြဟ္မစိုရ်နှင့်၊ တကိုယ်တော်ချင်း၊ ဘော် ရှောင်ကွင်း၍့၊ သီတင်း မြတ်ဆုံး၊ မြတ်နှလုံးဖြင့်။။ ကျင့်သုံး ဝတ်မူတော့မည်တည်း။”(၂)

(၄၀၀) “ဤရုပ်ဆွေး*မို၊ ခန္ဓာကိုယ်ကား၊ အိုတရွေ့ရွေ့၊ မီ့းနှယ် မွေ့၏၊ အငွေ့ မထင်၊ ခိုး မမြင်လည်း၊ ရုပ်သွင် ဘောက်ပြား၊ ရေ-သား ကြုံလှီ၊ သွေး-ဆီ မတိုး၊ ဆံဖြူ ညှိုး၍့၊ ဆိုးခဲ့ အရွယ်၊ မတင့်တယ်ပြီ၊ အမယ်တို့ ကိုယ်၊ ငါ၏ ကိုယ်ပင်၊ ပျို-အို နု-ရင့်၊ မဟူသင့်ဘူး၊ သေမင့်းအစာ၊ မှန်ကြစွာ၏၊”သေချာ မှတ်ပိုက်၊ နားတင် စိုက်တည့်၊ “လူနှိုက် ကြီးဘိ၊ သား အမိပင်၊ မချိ ကယ်ရေး၊ ကိုယ်လွတ် ပြေးသည့်၊ မီးဘေး ရေဘေး၊ ပြည်ပျက်ဘေးလည်း၊ ဆယ်ရေး တရေး၊ ကယ်နိုင်သေး၏၊ အိုဘေး နာဘေး၊ သေခြင်းဘေးဟု၊ ဤဘေး သုံးပါး၊ လွန် ကြီးမားကား၊ သားနှင့် အမိ၊ ဖြစ်တုံဘိလည်း၊ မျက်စိအောက်တွင်၊ ရင်ခွင် တင်လျက်၊ သက်သက် ရေးပိုင်၊ မကယ်နိုင်ဘူး၊ လက်မှိုင်ချကာ၊ နေရစွာရှင့်၊” “နေ့မှာ နေ့ချုပ်၊ ညဉ့်ရုပ် ညဉ့်ပျောက်၊ မိုးသောက် နေဝင်၊ မပါ†ကျင်တည့်၊ အ†ကြင် ရှေးက၊ ဗာရာဏဝယ်၊ ဥဒယဘဒ်၊ ဒေဝီမြတ်အား၊ မိုးနတ် မာ†ဃ၊ ဝါသဝလျှင်၊ ရွှေ†က ငွေ-ကြေး၊ ဆုတ်လျှော့ ပေး၍့၊ ချစ်ရေး *ရည်ငံ၊ တည စံမျှ၊ သက်နှံ လိုမှု၊ ပဏ္ဏာပြုရှင့်၊”ဝတ္ထု ထင်ရှား၊ ယှိသည်များကို၊ ကြားကြဖူးတိုင်း၊ ကသိုဏ်း တခု၊ ဆင်ခြင်ပြုလော့၊ “လူ့အဖြစ်နှိုက်၊ နုမျစ် ငယ်သွေး၊ ရွယ် ကွေးလေးတို့၊ လူရေး လူရာ၊ ဝင်သေးစွာဘဲး၊ လူ့ရွာ နှစ်သိမ့်၊ ပျော်စံငြိမ့်သား၊ စည်းစိမ့်သဘင်၊ မစံခင်တိ၊ မရှင်လတ်မီ၊ သေမင်း ချီ၏၊ ထို-ဤ ပု-ရွ၊ အနိစ္စကို၊ ဒိဋ္ဌ ယခု၊ မျက်မြင် ရှုလော့၊ တန္တု ဆိုမြောက်၊ ကျ ရေပေါက်သို့၊ တဖြောက် ဖျက်ဖျက်၊ နာမ်-ရုပ်သက်တို့၊ ပျောက်ပျက်လွယ်စွ၊ တဒင်္ဂတည့်၊ ရူပနတ်လို၊ ငါတို့ ကိုယ်ကား၊ ပျိုတလဲးလဲး၊ မအိုမြဲးဟု၊ ဝမ်းထဲ စိတ်မှာ၊ မမှတ်ရာဘူး၊ တဏှာ ရွရွ၊ ပမာဒဖြင့်၊ ငယ်က စရိုက်၊ ပျော် မလိုက်နှင့်၊”အမိုက်ဘုံလေ့၊ အစုံ တွေ့၍့၊ ဆုံမွေ့နေဘိ၊ မေ့ကျန်ယှိကို၊ နှမိ နှမြော၊ လွန်ခဲ့သောဟု၊ မနော စိတ်တွင်၊ ငါ မင်းထင်၏၊ “ယင်နှင့် အပုပ်၊ မစက်ဆုပ်သို့၊ အမြှုပ် ပွပွ၊ မြင် မလှနှိုက်၊ သူက ငါက၊ မွေ့လျော်ကြ၏၊ ရူပကာယ၊ ဒုဂ္ဂန္ဓနှင့်၊ အသုဘစစ်၊ အလွန် ညစ်လျက်၊ ရွှံ့နှစ် တူဂ†နှုန်း၊ ညွန်†နုန်း တူဘိ၊ ရွံစလိဖြင့်၊ ဇာတိ ယုတ်မာ၊ လူ့ခန္ဓာကို၊ ရှေးခါ ငါ†လျှင်၊ ပြစ် မမြင်ဘူး၊ ခု†လျှင် မနှေး၊ ဉာဏ်ရေ ဆေး၍့။။ မိုက်ကြေး ချွတ်ဖြူတော့မည်တည်း။”(၃)

(၄၀၁) အပ,ကသော်၊ ရှု မ†လျော်ကို၊ ဆေး†လျှော် ရေမိုး၊ သုတ်သင် ချိုး၍့၊ မွှေးမျိုး ထုံကာ၊ ပန်း နံ့သာနှင့်၊ တန်းဆာ ဆင်ယင်၊ ရှုမြင် မပြီး၊ ဖုံးအုပ် *နှီးလျက်၊ ကျင်ကြီး ကျင်ငယ်၊ ရွံဘွယ် ပြည်-သွေး၊ နှပ် တံတွေးက၊ အစေး အညှော်၊ နံစော် ညှီ*ငေါက်၊ *အုန်တအောက်ဖြင့်၊ အပေါက် ကိုးဝ၊ စီးကျ စိုစို၊ မပြတ် ယိုသား၊ ဤကိုယ် ဝဋ်နာ၊ ရုပ်ခန္ဓာနှိုက်၊ အဝိဇ္ဇာ တုံး၊ မောဟ ဖုံး၍့၊ လုံးလုံး ပိတ်ပင်၊ သိ မထင်ရှင့်၊” “အကြင် ကြီးစွာ၊ ဝဋ်အိုင်းမာလည်း၊ နာသည် တခြား၊ ယားသည် တပုံ၊ ထုံသည် တကြောင်း၊ ညောင်းသည် တထူး၊ မူးသည် တမူ၊ ပူသည် တရေး၊ ဧးသည် တမျိုး၊ နှိပ်စက် ဆိုး၏၊ ပြုကျိုး မထင်၊ ပြင်ကျိုး မယှိ၊ ခံ မချိဘူး၊ ပူတိကာယ၊ ဒုဂ္ဂန္ဓရှင့်၊” “ဒုက္ခ ဆုံပေါင်း၊ ဆိုးတောင်း ညစ်ညှော်၊ အတ္တဘော်ကား၊ ကြော်-လှော် ကြိုင်နံ့၊ လှိုင်-ပျံ့သင်း ချို၊ စား-သောက် မျိုလည်း၊ ဤကိုယ် ဝမ်းခေါင်း၊ တည အောင်းက၊ မကောင်း ရွံဘွယ်၊ မစင်ကြယ်သည်၊ အကယ် စင်စစ်၊ အပုပ် ဖြစ်၏၊ အညစ် *စတေ၊ မသရေတည့်၊ မသေလည်း ပုပ်၊ သေလည်း ပုပ်ရှင့်၊” “လူရုပ်မျှသာ၊ မဟုတ်စွာသား၊ နာနာရုပ်ထူး၊ ဘီလူး မြေဘုတ်၊ အမနုဿာ၊ ယက္ခာ ပေတိ၊ ယောနိ လေးထွေ၊ တစ္ဆေ ဥပေက၊ ပိသာစက၊ ဒေဝနွယ်ရိုး၊ ဘုမ္မဇိုဝ်းနှင့်၊ ရုက္ခဇိုဝ်းနတ်၊ စုတေ့လတ်သော်၊ ဥပပတ်ဘုံသား၊ ထက်နတ်များသို့၊ ကိုယ်အားလုံး ပျောက်၊ မီးတောက်သဖွယ်၊ ချုပ် မကွယ်ဘဲး၊ ဒရယ် စိုင်ဆတ်၊ ဖွတ် ပဒတ်က၊ ပေါက်ဖတ် ပိုးနှံ၊ ယုန်-ဖျံ သမင်၊ ပုတ်သင် မြွေဖား၊ မိကျောင်း ငါးနှင့်၊ သားငှက် တိရစ္ဆာန်၊ သဏ္ဌာန် ပြုလုပ်၊ စုတိ ချုပ်၍့၊ ကောင်ပုပ်အနံ့၊ မပျံ့ မသင်း၊ နံဟောင် ပြင်းရှင့်၊ အတွင်း ယုတ်မာ၊ ဤခန္ဓာကား၊ လွန်စွာ ဆိုးညစ်၊ ရွံဘွယ် †ဖြစ်၏၊ *ဖျစ်†ဖျစ် မြည်ထ၊ နေ့-ည ညှိုးမြန်း၊ အာယု ခန်းလျက်၊ ယက်ကန်း ချည်မျိုး၊ တိုး၍့ ရှေ့†ကို၊ ယက်တိုင်းတို့သို့၊ ဤ†ကိုယ်သက်လည်း၊ နေ့-ရက် လွန်တိုင်း၊ မဆိုင်း မ+ချည်း၊ ရွေ့ရွေ့ နည်းခဲ့၊ *ရုတ်+ခြည်း ခုပင်၊ သေမင်း ငင်လိမ့်၊ ကြာတင် ဆိုင်းလင့်၊ နေ မသင့်ဘူး၊” “သေမင့်းတ†မန်၊ ခု အ†မှန်လျှင်၊ အမြန် စိုက်†စိုက်၊ ရောက်လာ †ဆိုက်၍့၊ ခေါင်းနှိုက် လူလူ၊ အလံထူသည်၊ ဆံဖြူတချောင်း၊ ထင်ခဲ့ရှောင်းပြီ၊ မနှောင်းစေရာ၊ ကြံ သမ္မာဖြင့်၊ သဒ္ဓါ ဤစိတ်၊ ကွယ် မဆိတ်ခင်၊ အဘိတ္ထရေထ၊ ကလျာဏံ၊ မိန့်သံအရ၊ တရားပြတိုင်း၊ နိက္ခမ္မကြီး၊ ကိစ္စပြီးအောင်၊ *စောဓီး ငါလျှင်၊ နတ်လမ်း ထွင်၍့၊ နတ်ခွင် ရောက်မှု၊ နတ်ရွာဆုကို။။ ယခု ဆွတ်ယူတော့မည်တည်း။ (၄)

(၄၀၂) ဤသို့ နတ်သျှင်၊ လောင်းဗုဒ္ဓင်က၊ ဝန်းကျင် ပတ်ရစ်၊ နတ်စစ်စစ်သို့၊ *ကလျစ် ကလျူ၊ ပေါများ ထူသည့်၊ နန်းသူ ရွေဘော်၊ ရှစ်သောင်းကျော်အား၊ မိန့်တော်ကြားသော်၊ ညာထား အဂ္ဂ၊ မဟေရသား၊ နန်းမ တောင်တင်၊ ကမ္ဗုရှင်လျှင်၊ ဘဝင် ဖိုလှိုက်၊ ရှိဦးတိုက်၍့၊ ထိပ်နှိုက် လက်မြှောက်၊ တင်ကြား လျှောက်၏၊ မိုးအောက် မေဒနီ၊ မြေမဟီထက်၊ လေး ဒီပါလုံး၊ သမုဒ် ဆုံးဖြင့်၊ ပတ်ကုံး ရပ်ရာ၊ တိုက်စကြာနှင့်၊ ဣန္ဒာ ဒေဝိန်၊ စံရာ ချိန်သား၊ တာဝတိန်မြို့၊ မြင်းမိုရ့်ထိပ်တောင်၊ ဘုန်းတော်အောင်သည့်၊ ဘုန်းခေါင် မန္ဓတ်၊ ဘေးတော်နတ်၏့၊ နွယ်မြတ် မြေး-မြစ်၊ မျိုးချင်းဖြစ်၍့၊ ပတ်ရစ် *စုလျား၊ ဗြဟ္မာသားလျက်၊ သိကြား လက်ငင်၊ ရွှေနန်းတင်သည်၊ ဘုရင် နေမျိုး၊ ကျွန့်ဆံထိုး။။ ရှိခိုး လက်ရှက်၊ ထိပ်ဝယ် ရွက်၍့၊ ဆယ်ခက် စုံညီ၊ ငွေပုံချီသို့၊ အ ဉ္စလီပြု၊ ရိုသေမှုဖြင့်၊ နန်းသူ့ ကြေးမြင်၊ ရွှေဘုံ့ရှင်ကို၊ ဦးတင် ညွတ်ခ၊ ကြောင်းစ ထင်စွာ၊ တင်လျှောက်ပါအံ့၊ ငယ်ခါ ရွယ်သစ်၊ ဆယ်ကျော်နှစ်က၊ ကြင်ချစ် ကျွမ်းဝင်၊ ကျွန့်သခင်ကို၊ ဘယ်တွင် ဆိတ်စာ၊ ခွဲးဘူးပါဘဲး၊ *ကြမ္မာ နတ်စုန်း၊ ဘယ်သို့ မုန်း၍့၊ ဘုန်းဘုန်း ထိပ်တင်၊ နန်းကြီ့းရှင်နှင့်၊ မယ်ခင် နှ†မ၊ ယခု†မှသာ၊ ကွဲးကြကွာသော်၊ လူ့ရွာ မှတ်ရေး၊ ဥစ္စာကြွေးထက်၊ ချစ်ကြွေး တင်ချက်၊ ဆင်းရဲးနက်ဟု၊ စဉ်ဆက် ထိုမျှ၊ ဆိုကုန်ကြသို့၊ ဘဝ မကွယ်၊ ချစ်မပြယ်ဘဲး၊ *မစယ် ခန္ဓာ၊ ရှင်စဉ့်ခါနှိုက်၊ နာနာဘာဝေါ၊ ဝိပ္ပယောဖြင့်၊ လက်တလော ကွေ၊ ကွဲးရထွေကို၊ သက်သေသော်ပင်၊ မြတ်မည်ထင်ခဲ့၊ ရွှေရင်အုံနု၊ မီးပုံစုသို့၊ ကျွမ်းလု သည်းတွင်း၊ လောင် ပူပြင်းသည်။။ ရှင်ခြင်း ဘယ်သို့ မြတ်နိုင်တို့။ (၅)

(၄၀၃) မချို့ လက္ခဏာ၊ အင် ငါးဖြာနှင့်၊ စကြာမင်းကြီး၊ ချစ်မငြီးသည့်၊ သမီးစင်စစ်၊ ဖြစ်လင့်*ကစား၊ မင်းယောက်ျားဟု၊ သက်ထားရတနာ၊ လင်တန်းဆာနှင့်၊ ကင်းကွာတုံထ၊ မဆင်ရက၊ မိန်းမဓမ္မတာ၊ မတင့်ရာခဲ့၊ စဉ်လာကိစ္စ၊ သဘာဝလည်း၊ မိန်းမ ဆံထုံး၊ ယောက်ျား ရုံးအောက်၊ သက်ဆုံး ခိုမှ၊ ချမ်းသာကြ၏၊ ထိုမှတဖြာ၊ “လူ့ရွာဘဝ၊ ဤလောကနှိုက်၊ မိန်းမတို့မှာ၊ နွယ်ကြာအလား၊ ရေယောက်ျားနှင့်၊ လင်သားမှီရာ၊ ယှိမှသာလျှင်၊ မှန်စွာ တည်ကြား၊ ခိုင် စီးပွား၍့၊ ထင်ရှား ထွန်းပ၊ တင့်တယ်ကြ၏၊ မှန်လှ ထိုကြောင့်၊ ရှေး *ယခေါင့်က၊ မောင်ကောင့် နှမ၊ အရှိန်ရလျက်၊ ဘ,ကောင့်း သမီး၊ အရှိန်ကြီးရုံ၊ ဗူးသီး စင်ခံ၊ ထုံးစံစကား၊ အစဉ် ကြား၏၊ ဘုရားရှင်ရင်း၊ အလောင်းမင်းနှင့်၊ ကွာ ကင်းကုန်ကြ၊ ကျွန်တော်မတို့၊ ဘဝ လူဝယ်၊ ဘယ် တင့်တယ်လိမ့်၊ ညှိုးငယ် နွမ်းလျ၊ မုဆိုးမဟု၊ ဒုက္ခ ကြီးစွာ၊ သေကြရာရှင့်၊ မီးမှာ ခိုးကင်း၊ မင်း*မဲ့တိုင်းပြည်၊ ဟူတုံသည်သို့၊ သက်ရှည် ခန္ဓာ၊ နေရပါလည်း၊ ဂုဏ်*ဝါ အကျိုး၊ ဘယ်ယှိနိုးအံ့၊ ဘုန်းစိုး ထိပ်ချာ၊ ကင်းခဲ့ ကွာက၊ ရွှေကြာ နေသင့်၊ လန်း မပွင့်သို့၊ ဘုံမြင့် နန်းပေါ်၊ ဘယ်သို့ ဖျော်၍့၊ ပျော်နိုင်အံ့နည်း၊”အသည်းကပင်၊ ဆွတ်ဆွတ်†ကျင်ခဲ့၊ မ†ကြင် မနာ၊ တော ထွက်ခွါလည်း၊ ရုပ်ဝါ မတူ၊ ဆံတော် ဖြူ၍့၊ ငယ်သူပမာ၊ မတင့်ရာခဲ့၊ ထိုမှာ *မြစ်ခမ်း၊ တဘက်ကမ်းသို့၊ လက်လှမ်းဆန့်ကာ၊ မမှီ†ရာသို့၊ ဇ†ရာ ရောက်ပြီး၊ သေခါနီးမှ၊ တောကြီး ထွက်ပြု၊ သင် ကြည့်ရှုလည်း၊ ရှင်မူ မ*ကုံ၊ ဘယ် ပြည့်စုံလိမ့်၊ သွားပုံ လာပုံ၊ ဝတ်ရုံ မလှ၊ နိက္ခမ္မဟု၊ ဆိုကြစရာ၊ “ရှေးသော့ခါဝယ်၊ မဟာဇနက၊ မင်းသုတသို့၊ နန်းက ဆင်းမှု၊ တောထွက်ပြုမှ၊ ကြီးထု ချမ်းသာ၊ ထက်ရွာ နတ်ပြည်၊ ရောက်ရသည်သာ၊ မဟုတ်ပါဘူး၊ အ ဉ္ဇနာဂိရိ၊ *ပြောင်ကြီ့း*သနင်း၊ မင်း ကောရဗ္ဗ၊ ရောရုဝနှင့်၊ သာဓိနရာဇာ၊ မင်း*တကာလည်း၊ လှူ,ဒါ သီလ၊ မြတ်ပုညကို၊ နန်းက မဆင်း၊ ရွှေဘုံတွင်းနှိုက်၊ မင်းဖြစ် မခွါ၊ ပြုကြပါ၍့၊ နတ်ရွာ နတ်ဌာန်၊ ရောက်ကြဟန်ကို၊ ကျမ်းဂန် ထင်ရှား၊ ယှိပါငြား၏၊” “ဘုန်းဖျား မြတ်စွာ၊ ရွေ*တကာကို၊ ပူဆာ လောင်ခြစ်၊ မီးဝယ်ပစ်သို့၊ စင်စစ် မညှာ၊ စွန့်ခဲ့ ခွါသော်၊ များစွာ ကျွန်မ၊ ဆွေး ဒုက္ခနှင့်၊ သောက မကင်း၊ သေရခြင်းဖြင့်။။ ပါယ်တွင်း ဘယ်သို့ လွတ်နိုင်တို့။”(၆)

(၄၀၄) နတ်မြို့ပမာ၊ ဝတိံသာသို့၊ မိထိလာမည်၊ ဤရွှေပြည်လည်း၊ ဘုန်းစည် ပရမ၊ ကမ္ဘာစက၊ ဝရမန္ဓာတ်၊ ဘေးတော်မြတ်လျှင်၊ တည်မှတ် အစ၊ ဒုတီယနှိုက်၊ နာဂ *စောကျော်၊ ရှင့် ဘေးတော်ပင်၊ *မျှို့ခေါ် မင်္ဂလာ၊ နှစ်ကြိမ် သာအောင်၊ တည်ကာ ထို့နောက်၊ သုံးကြိမ်မြောက်ကား၊ ဘုန်းတောက် တေဇာ၊ နေ့နှယ် ဖြာ၍့၊ သမ္ဘာ ရင့်*ညောင်း၊ ပွင့် ဆုကောင်းနှင့်၊ မြတ်လောင်း ကျိပ်ဝင်၊ ဗျာဒိတ်ဆင်သည့်၊ ဗုဒ္ဓင်္ကုရော်၊ ရှင့်ဘုန်းတော်ဖြင့်၊ လူ့ဘော်ရပ်နှိုက်၊ နှိုင်းစပ် စံရာ၊ မယှိပါအောင်၊ ယူဇနာ ခုနစ်၊ ဝန်းကျင် လှစ်၍့၊ *သရစ် ရွှန်းရွှန်း၊ ဆောင်ဆောင် နန်းနှင့်၊ တင့်ဆန်း သာယာ၊ ဝတိံသာသို့၊ နတ်ရွာ *တရ†ထည်၊ ဘန်ဆင်း †တည်ရှင့်၊ ရွှေပြည် အောင်ချာ၊ မိထိလာနှင့်၊ သုံးရာ ကျယ်လှိုင်း၊ ဝိဒေတိုင်းက၊ ပြိုင်းနှိုင်း နေ-လ၊ တသန်းပသို့၊ ထိုမျှ ပြောင်ပြောင်၊ အဆောင်ဆောင်ဖြင့်၊ *ရွှေတောင် ရွှေ†နန်း၊ ဘုံ *ကြငှန်းပါ၊ ဂ†ဏာန်း တွက်ချ၊ ရေဆ *မကုံ၊ တောင့်နှယ် ပုံလျက်၊ လုံးစုံ များစွာ၊ ရတနာနှင့်၊ စကြာ ဆင်-မြင်း၊ *ဗိုလ်သင်း မှူးမတ်၊ ဝန်းပတ် ရံ-ခ၊ မောင်းမ မိဖုရား၊ အခြားခြားတည့်၊ မပြား *တဝေး၊ ကြယ့်နှယ် ဖွေးမျှ၊ ရင်သွေး မျက်ဖျော်၊ ရွှေနန်းပေါ်ဝယ်၊ သားတော် သမီး၊ အသီးသီးကို၊ *စောဓီး ဘုန်းလူ၊ ငဲ့တော်မူလော့၊ သည်းအူ ကျွန်မ၊ ပြတ်ကြွေရအံ့၊ ဘဝ ပတ္ထနာ၊ ငယ် သစ္စာနှင့်၊ မေတ္တာ တူမျှ၊ ချစ် မဝသား၊ ငယ်က ချစ်ရင်း၊ ငယ့်သက်နှင်းကို။။ ချစ်ခြင်း ဘယ်သို့ ဖြတ်နိုင်ဘို့။ (၇)

(ဤသုံးပိုဒ်ကား 'သောကဋ္ဌာယီဘာဝ ကရုဏာရသ'ကို ပြသတည်း။ ဤသုံးပိုဒ်လည်း 'မြင်းဆက်ခွ' အချီတည်း။)

(၄၀၅) ထိုသို့ နှုတ်လွှတ်၊ ဦးချီ ညွတ်၍့၊ ညာနတ် မဟေ၊ တောင်နန်းနေလျှင်၊ တင်လေသရော်၊ လောင်းမင်းကျော်က၊ သံတော်သာအိန့်၊ ဤသို့ မိန့်၏၊ နှစ်သိန့်း လေးသောင်း၊ မြေပေါင်း တည်ခါ၊ မိုးဗြဟ္မာတို့၊ သက်လာ လတ်လတ်၊ ဥပပတ်ဖြင့်၊ လူဇာတ်ဖြစ်ကြ၊ ကမ္ဘာစက၊ သမ္မတနတ်၊ ဘေးလောင်းမြတ်မှ၊ မပြတ် *အာဟိန်၊ အသမ္ဘိန်ဖြင့်၊ ရွှေသိင်္ဂနိက်၊ ရောင်ဘိတ်လျှပ်လျှပ်၊ နှစ်ပြား စပ်သို့၊ ကြာယပ် ပစ္စူ၊ ငွေရွက်ဖြူနှင့်၊ အတူ မယ်-မောင်၊ ပြည်ကျိုး ဆောင်သည်၊ ညာတောင် စံမြတ်၊ မိ*စောနတ်။။ အမှတ်ရမြောက်၊ ထိုမျှလောက်က၊ ဘုန်းတောက် မဟာ၊ ငါရာဇာနှင့်၊ တောင်ညာ မယ်လှ၊ ဆောင် နန်းမထက်၊ စံကြ မကွာ၊ နှစ်ပေါင်း ကြာပြီ၊ ရံခါ ဘယ်သို့၊ မနှစ်လို့၍့၊ မညှို့*မသုန်၊ မမှုန် မဆန်၊ ပြန်လှန် နှုတ်ကျူး၊ မမိန့်ဖူးတည့်၊ ဂုဏ်ထူး ခြောက်လီ၊ စုံ ပြည့်ညီသည့်၊ *မဟေသီ*သနင်း၊ ဒေဝီမင်းကား၊ အချင်းသနစ်၊ ဇာတိစစ်က၊ နေမြစ် မျိုးချင်း၊ ငါ သည်မင်းနှင့်၊ မောင်ရင်းလည်းဖြစ်၊ *စုလျား ရစ်လျက်၊ သည်းနစ် လိမ်ရှက်၊ ရွှေနန်းခက်သို့၊ ကိုယ်သက် မကြွင်း၊ စုပုံ နှင်း၍့။။ မယ်မင်း ချစ်သည် မဟုတ်လော။ (၈)

(၄၀၆) မဟုတ်လောဟု၊ သဘောအလို၊ ဤအဆိုနှိုက်၊ ထိုထို *ပြောစည်၊ အတည်တည်ဖြင့်၊ “တိုင်းပြည် နိုင်ငံ၊ အရံ ထီး-နန်း၊ ပြာသာဒ် *ကွန်းနှင့်၊ *ကြငှန်း ရ*ဝေ၊ ရွှေ-ငွေ ရတနာ၊ ဥစ္စာ ခမ်းနား၊ သားမယားကား၊ လေးပါး ပါယ်ရွာ၊ လားကြောင်းသာတည့်၊” “ရတနာ ရွှေငွေ၊ လယ်မြေ ဝတ္ထု၊ စုစု တွင်း-ပြင်၊ လွန်ချစ်ခင်သည့်၊ လင်နှင့် မယား၊ သားနှင့် သမီး၊ အသီးသီးကို၊ တပ်ပြီး ငဲ့ထွေ၊ စွဲးလမ်း သေသော်၊ မသွေ မှန်စွာ၊ တပ်ရာရာနှိုက်၊ ပြိတ္တာ ပြိတ္တိ၊ ဖြစ်ဘိ မလွဲး၊ ငရဲး တိရစ္ဆာန်၊ တတန်တန်ဖြင့်၊ ဘောက်ပြန် မယှိ၊ ဂတိ ယုတ်မာ၊ မှားကြောင်းသာတည့်၊” “ရှေးခါသော်က၊ သူကြွယ်မလျှင်၊ နာထတုံရှောင်း၊ ကြွေးတောင် တောရွာ၊ သား သွားရာသို့၊ တမ်းကာ သေက၊ ခဏ စင်စစ်၊ ခွေးမ ဖြစ်၍့၊ သားချစ် လာရာ၊ လမ်းမှာ မျှော်စား၊ နေရငြား၏၊” “မယားနှိုက်ပေ၊ တပ်လျက် သေ၍့၊ မြွေနှင့် ခွေး-နွား၊ ထံပါး ဝဲးရစ်၊ သုံးကြိမ် ဖြစ်ပြီး၊ တဆစ် ထိုမှ၊ လေးကြိမ်ကျသော်၊ မယားဝမ်းခေါင်း၊ ဝင်ကာ အောင်းရှင့်၊” “*၄င်းထိုမှ၊ ဗာရာ†ဏဝယ်၊ ဓ†န ကုဋေ၊ လေးဆယ်တွေကို၊ မြေဝယ် သိုဝှက်၊ ထို*ရမ္မက်ဖြင့်၊ တပ်လျက် သေကြ၊ မြွေ-ကျေးစသား၊ ကြွက်မ ကြွက်ထီး၊ သူဌေးကြီးတို့၊ ဖြစ်ပြီး နေကုန်၊ မဟာဝုန်တွင်၊ အောက်စုန်ဘဝ၊ အပါယ်ကျ၏၊” “ထိုမျှ*အထု၊ ဥစ္စာစုကို၊ မဆိုထား လွတ်၊ ကိုယ်ဝတ် ခြုံလွှမ်း၊ ပုဆိုးနွမ်းက၊ သင်္ကန်းမျှနှိုက်၊ လောဘ ဤဟိတ်၊ ငဲ့သည့်စိတ်ကြောင့်၊ ဘုတ်-ပြိတ် သန်းဖြ၊ ဖြစ်ကုန်ကြ၏၊” “ပြင်ပဥစ္စာ၊ မဟုတ်စွာသေး၊ အင်္ဂါ အဆင်း၊ ကိုယ့်အတွင်းဝယ်၊ မွေးညှင်း ဆံစု၊ ရုပ်ဝတ္ထုနှိုက်၊ တခုခု တပ်၊ စွဲးကပ် စွန်းငြိ၊ ဇောဝီထိဖြင့်၊ စုတိပုဂ္ဂိုလ်၊ မိမိ ကိုယ်တွင်၊ ထိုထို ပိုးလောက်၊ စားသောက်ပြန်ခါ၊ ဖြစ်တတ်စွာဟု၊ ကျမ်းလာ မုချ၊ ဤသို့ ပြ၏၊” “လောဘတရား၊ တဏှာအားဖြင့်၊ အလား မဖြောင့်၊ ဂတိ ထောင့်ခဲ့၊ ထို့ကြောင့် ငါ့ကို၊ ငဲ့ပါဆိုသော်၊ မလို အကျိုး၊ ငရဲးအိုးနှင့်၊ အမျိုး ယုတ်မာ၊ ပါယ် လေးရွာနှိုက်၊ ကျပါစေလို၊ ဆိုလတ်တုံသည်၊ သဘောမည်၏၊”အရှည် နောင်ရေး၊ ဖြစ်မည့်ဘေးကို၊ မတွေး မဆ၊ ချစ် လောဘနှင့်၊ နန်းမ ဧကီ၊ ဒေဝီသနင်း၊ ငါသည် မင်းကို။။ ပါယ်တွင်း နှစ်သည် မဟုတ်လော။ (၉)

(ဤအပိုဒ်ကား 'စမ္ပါယ်ရှေးချီ နောက်ချ')

(၄၀၇) ရှေးသရော့အခါ၊ ပြည်ကုသာဝယ်၊ မဟာသုဒသ်၊ စကြာနတ်ဘိ၊ ပြာသာဒ် ဓမ္မ၊ ပါသာဒထက်၊ သမဏမှု၊ ရဟန်းပြု၍့၊ စတုဗြဟ္မစိုရ်၊ ပွားရှု *ကြိုသော်၊ ချစ်လို ချစ်တာ၊ ချစ်မူရာနှင့်၊ မဟာသုဘဒ်၊ ဒေဝီမြတ်လျှင်၊ လောကဓာတ်နယ်၊ တတိုက်လယ်နှိုက်၊ ကျွန်းငယ် ကျွန်းကြီး၊ အသီးသီးပါ၊ ညီးညီး ရံဆိုင်း၊ စံ မနှိုင်းအောင်၊ *တံတိုင်း ခုနစ်ထပ်၊ ရောက်စုံ လျှပ်၍့၊ ရတနပ္ပဘာ၊ နေ့-ညဉ့် ဖြာလျက်၊ ကုသာဝတီ၊ အစချီသည့်၊ ပူရီ မြို့ပေါင်း၊ ကျော် ရှစ်သောင်းနှင့်၊ *ပုန်တောင်း စကြာ၊ ရတနာ ခုနစ်ပါး၊ မိဖုရားက၊ သားတော် သမီး၊ စည်းစိမ်ကြီးကို၊ မင်းကြီး ဘုန်းလူ၊ ငဲ့တော်မူဟု၊ ဆယ်ဆူရှိ ကြာ၊ တင်လျှောက်ရာနှိုက်၊ တဏှာဖြစ်ကြောင်း၊ မတင်ကောင်းဘူ့း၊ မယ်နှောင်း ညာထား၊ ငါ မင်းဖျားအား၊ လေးပါး ပါယ်ကို၊ လားစေ ဆိုသို့၊ မလိုစကား၊ ဆိုဘိငြားဟု၊ ပယ်ရှား မြစ်ထာ၊ တားပြီးခါမှ၊ အနိစ္စာ ဝတ သင်္ခါရာ၊ ဤဂါထာဖြင့်၊ သေချာ *စေ့ငု၊ ဟောဘော်ပြုက၊ သာဓု *ခြီးငေါ်၊ ကောင်းခြီး ခေါ်၍့၊ ဘုန်းတော် သမ္ဘာ၊ ကြီးမြတ်စွာသည့်၊ မဟာရာဇ၊ *စောဒေဝ။။ ကျွန်မ မသိ၊ မိုက်မှားဘိ၍့၊ တင်မိ ကျူးလွန်၊ ဤပြစ်ဝန်ကို၊ ဘုန်း*မွန် သည်းညံ၊ ခံတော်မူပါ၊ ယာဉ်စကြာနှင့်၊ ရတနာ သတ္တ၊ ဖျာ့းကျွန်မက၊ များလှ *ဥဿုံ၊ အလုံးစုံကို၊ အာရုံ မပြု၊ မြတ်ရာ ရှုဟု၊ မယ်သုဘဒ္ဒါ၊ တင်လျှောက်ရှာ၏၊ ပမာ ထို့တူ၊ မိနန်းသူလည်း၊ ကြည်ဖြူ မနော၊ သဒ္ဓါဇောနှင့်၊ သဘော လိမ္မာ၊ ဖြစ်ကောင်းစွာခဲ့၊ ဇရာ ရောက်ပြီး၊ သေလုနီးလည်း၊ *အတီး ရှေးခါ၊ မဟာသုဒဿ†န၊ လောင်း သတ္တသို့၊ သမ†ဏကိစ္စ၊ မြတ်ဓမ္မကို၊ လုံ့လ မကွာ၊ ဘယ် ယုတ်+မာလိမ့်၊ ပ+မာ တဆစ်၊ “ရေနစ်သူအား၊ ကြင် သနား၍့၊ ဆယ်မှားသော့နှယ်၊ ရေဝယ် စုံးစုံး၊ နှစ်ယောက်လုံး ဆိုင်၊ ပြိုင်၍့ နစ်သို့၊ လင်ချစ် သားချစ်၊ မယားချစ်နှင့်၊ အချစ် မကွဲး၊ သေကြ မြဲးသော်၊ ပါယ်ထဲး လေးရွာ၊ မလွတ်စွာတည့်၊ ငယ်ခါ စင်စစ်၊ မိုက်ရွယ်သစ်က၊ အချစ် တဏှာ၊ ဤသစ္စာကား၊ ပါရမီတရား၊ မဟုတ်ငြားဘူး၊ ကြိုးစား၍့သာ၊ ပယ်အပ်စွာ၏၊ မကွာ မကွေ၊ မသေရဘဲး၊ အတူ မြဲး၍့၊ မကွဲး တစိ၊ ဘယ်မှာ ယှိလိမ့်၊”လောကီ့ ရိပ်ငြိမ်၊ ဤနန်းအိမ်နှင့်၊ “စည်းစိမ်ဟူသမျှ၊ သင်္ခါရကား၊ အနိစ္စ†သာ၊ ဓမ္မတာတည့်၊ ကု†သာတွင်မည်၊ လွန်ထူးလည်သည့်၊ နတ်ပြည် *ရိုးရီး၊ ထိုပြည်ကြီးလည်း၊ ပျက်စီး မကြွင်း၊ ကုန်ပျောက် ကင်း၍့။။ ကွယ်ခြင်း ဖြစ်သည် မဟုတ်လော။”(၁၀)

('ကိုးတွင်းပြည့်ချ' 'သော်တာရောင်')

(၄၀၈) ယင်းသို့ မင်းကျော်၊ အာလုပ် ဘော်၍့၊ သံတော် ထင်စွာ၊ မိန့်သော့ခါနှိုက်၊ တောင်ညာ မိနတ်၊ မဟေမြတ်လည်း၊ သုဘဒ် မဟာ၊ ဒေဝီချာသို့၊ ပညာ သတိ၊ လက်ကိုင် မိ၍့၊ ရယှိသည့်†လျောက်၊ ပြန်ကြား †လျှောက်၏၊ ဘုန်းတောက် ဝေဖြာ၊ ကြီးတေဇာဖြင့်၊ လက်ျာ ဒီပ၊ သောင်းဌာနထက်၊ လူမျာ့း ထိပ်နင်း၊ မင်း*မင်းတကာ့၊ ခသီရတနာ၊ စူဠာ သျှောင်ဖျား၊ ပတ္တမြားဦးစိုက်၊ မကိုဋ် ညွန့်ဖူး၊ ရောင်မြူး ကွန့်ရာ၊ စုံစကြာနှင့်၊ မဟာနရိန်၊ ဗာရဝိန်သို့၊ *အာဟိန္ဒရာဇ်၊ နေမြစ် နွယ်မျိုး၊ လူ့ထွတ် စိုးလျက်၊ တန်းခိုး စက်ရောင်၊ နေ့ထက် ပြောင်သည့်၊ ဘုန်းခေါင် ဘုန်းဖျား၊ ကျွန့်ထိပ်ထား။။ ရွှေဘွား စက်အောက်၊ စုံလက် မြှောက်၍့၊ မကြောက်ရှက်သာ၊ တင်ချက်မှာကား၊ နရာသဘ၊ နရ ကေတု၊ သက်လုံးစုသည်၊ ဇမ္ဗူ့ ဆီမီး၊ နေညွန့်ထီးအား၊ ဖျက်ဆီးလို့ငှါ၊ မဟုတ်ပါဘူး၊ မဟာဇနက်၊ *စောဘုန်းထက်လျှင်၊ တောထွက်သ†မှု၊ ရဟန်းပြုသော်၊ သ†မု မျိုးနွယ်၊ မောင်လယ် နှမ၊ ချစ် မဝကြောင့်၊ အလှ ဧကီ၊ ဒေဝီ ဆွေမိ၊ သီဝလိသည်၊ မချိ စိတ်မှာ၊ လွန် ပူဆာ၍့၊ မကွာရက်ငြား၊ လင် မင်းဖျားအား၊ လျှောက်ထား *ပန်ထွာ၊ တားမြစ်ထာသို့၊ ပမာ ထို့တူ၊ ချစ်အားယူ၍့၊ နန်းသူ ကျွန်မ၊ ဆွေး ပူလှလျက်၊ ဘဝ*သနင်း၊ အလောင်းမင်းအား၊ မောင်ရင်း အစစ်၊ သခင်ဖြစ်၍့၊ အချစ် ပိုကာ၊ တင်မိပါသည်။။ ပြစ်ဆာသင့် မပေးစေသောဝ်။ (၁၁)

(၄၀၉) မိန်းမ *တန်†ထွာ၊ ဓမ္မတာဖြင့်၊ တ†ထွာ တညို၊ ရှည်အတိုတိ၊ ရှေ့ကို ရှု†မျှော်၊ လျော်-မလျော်ဟု၊ မ†မြော်တတ်စွာ၊ လိမ္မာ မသည်း၊ ပညာ နည်း၍့၊ *မရည်း ကျွတ်ဆု၊ ကောင်းမှု မလို၊ သဝန်တိုသို့၊ မယ့်ကို ကျွန်မ၊ ဝမ်းက မဆံ့၊ *ဆွတ်ပျံ့ အူ-သည်း၊ လွှမ်းစိတ် *ပည်း၍့၊ *ဟိုက်ကြည်း ပူပင်၊ မိုဃ်းမမြင်မျှ၊ လောင်လင် ဆွေးလှ၊ ကြီးဒုက္ခကြောင့်၊ မောဟ †ဖုံးငြား၊ †ဘုန်းဘုရားကို၊ ချစ်အား လွန်ဘိ၊ တင်မှားမိ၏၊ နန်းကြီ့း သခင်၊ ကျွန့်းထိပ်တင်သည်၊ ဘွင်တော် မချော၊ သဘောတော် ညို၊ လိုတော် မတွေ့၊ မချမ်းမြေ့က၊ ဘုန်း*ဟေ့ မြတ်စွာ၊ ဆင်ခြင်ကာလျှင်၊ မဟာသုဒဿန၊ စကြာ့*သနင်း၊ အလောင်းမင်းသို့၊ ဝမ်းတွင်း သိမ်မွေ့၊ သာချမ်းမြေ့လျက်၊ မျက်ငွေ့ မလျှံ၊ သည်းတော်ခံပါ့၊ ရွှေသမ္ဗောဓိ၊ ကြံတော်†ယှိတိုင်း၊ မြူ†ရှိ ဆံလွှာ၊ ငဲ့တော်ပါနှင့်၊ မဟာသုဘဒ်၊ ဒေဝီမြတ်သို့၊ ညာနတ်ရတနာ၊ တင်လျှောက်ပါ၏၊ ပြည်-ရွာ တိုင်းခန်း၊ ထီးနန်း ရွှေဘုံ၊ အလုံးစုံနှင့်၊ ရွေပုံ များလှ၊ ကျွန်တော်မက၊ စ၍့ မကြွင်း၊ ထို *ခပင်းကို၊ လောင်းမင်း *လျစ်လျူ၊ ရှုတော်မူ၍့၊ အယူ မပြောင်း၊ ငဲ့ မစောင်းဘဲး၊ အလောင်း*တကာ၊ ဓမ္မတာဖြင့်။။ သဒ္ဓါ *ဖင့်မလေးစေသောဝ်။ (၁၂)

(၄၁၀) မဟာသုဒဿန၊ လောင်းသတ္တလျှင်၊ ကာမအာရုံ၊ ရံရွေပုံနှင့်၊ မဆုံ မရှက်၊ ရွှေဘုံထက်၍့၊ ရွှေသက်ဆုံးအောင်၊ လူစော် †ရှောင်၍့၊ ကေ†သျှောင် ပယ်လှည်း၊ ဖန်ရည် စည်းလျက်၊ *အရည်း သမဏ၊ သွင် ရူပနှင့်၊ လေးဝ ဗြဟ္မစိုရ်၊ စျာန်ကုသိုလ်ကို၊ အလိုတော်တိုင်း၊ မဆိုင်း လွယ်ကာ၊ ပြီးစေစွာ၏၊ မဟာဇနက၊ စသည် ကျော်ကြား၊ ထိုမင်းများကား၊ တောဖျား မြိုင်ရပ်၊ အောင်းခို ကပ်၏၊ ထိပ်ချပ် ရတနာ၊ လောင်းမြတ်စွာလည်း၊ လိုရာ ဆန္ဒ၊ သဘောကျတိုင်း၊ စိတ်က မညှာ၊ ညွတ်တော်ပါလော့၊ မဟာဘိနိက္ခ†မ္မ၊ မြတ်ကိစ္စကို၊ နှ†မ နန်းသူ၊ တကွ ကူ၍့၊ သမ္ဗူ မဒ္ဒီ၊ ဒေဝီတို့လို၊ တောမြိုင်ညိုဝယ်၊ ခိုသော် ခိုချင်း၊ ရွှေနန်းတွင်းနှိုက်၊ *သီတင်းသုံးလည်း၊ သုံးချင်း သုံးတူ၊ ဘုန်းလူလူကို၊ ကြည်ဖြူ နှစ်ခြိုက်၊ နောက်တော် လိုက်၍့၊ ထံနှိုက် မကွာ၊ လုပ်ကျွေးပါအံ့။။ စကြာ လင့်မနှေးစေသောဝ်။ (၁၃)

(၄၁၁) ဤသို့ ရေးရာ၊ လွန် လိမ္မာသား၊ မဟာပုညဝန်၊ မိန်းမ *မွန်တို့၊ ကျွန်၏့သဘော၊ လင့်မနောကို၊ လိုက်လျော ကျင့်တတ်၊ အမြတ် ခြင်း†ရာ၊ ဓမ္မတာတိုင်း၊ လ†က်ျာ စံမြန်း၊ မိညာနန်းက၊ ရှိပန်း ပန်ဆင်၊ လျှောက် ဦးတင်သော်၊ ဘုရင်များ နတ်၊ လောင်းမင်းမြတ်လည်း၊ မိန့်လတ် ကြည်ဖြူ၊ ဤသို့ ဟူ၏၊ မျိုးတူ နွယ်မျှ၊ မကွဲးကြဘဲး၊ နှမအရင်း၊ တဘ†ချင်းဖြင့်၊ ချစ်+ခြင်းလည်း ဆိုင်၊ ဘုန်းချင်း ပြိုင်လျက်၊ မဏ္ဍိုင် ဥက္ကဋ္ဌ၊ ဥကင်္သဝယ်၊ သိကြာ့းနဖူး၊ ရွှေစံဦးနှင့်၊ မကျူး သစ္စာ၊ ဗွေသီဟာထက်၊ ဗြဟ္မာ ရွှေခွန်း၊ ဇေယျာ ညွှန်း၍့၊ ရေသွန်း ညာနေ၊ သာဘိသေဖြင့်၊ တဧကရီ၊ မဟေသီဟု၊ ဒေဝီမျာ့း မင်း၊ အခေါင် †နင်းသည့်၊ သက်†နှင်းရတနာ၊ နန်းတောင်ညာ။။ လိမ္မာ နက်ကိ၊ ခွင့်ရေး သိသား၊ ခင်မိ ဘုန်းလူ၊ တောင်နန်းသူလျှင်၊ အတူမကွာ၊ နောက်တော်ပါ၍့၊ မချာ ငါ့ကို၊ လုပ်ကျွေးလိုဟု၊ တောင်းဆို အခွင့်၊ လျော် မသင့်ဘူ့း၊ *ယခင်ကာ†လ၊ ရှေး*မဆွက၊ စူ†ဠဗောဓိ၊ လောင်း ဣသိလျှင်၊ ဇာတိ ဗြဟ္မ၊ စရိယကို၊ လူက အတူ၊ သုံးဘက်ဟူသည်၊ အိမ်သူမည်ထ၊ ရသေ့မနှင့်၊ တကွနေသော်၊ ဆယ်နှစ်ကျော်တိုင်၊ စိတ်တော် မချ၊ တကြောင့်ကြကြောင့်၊ စျာန လက်ကိုင်၊ မရနိုင်ဘူ့း၊ ဘုန်းလှိုင် ဇနက်၊ ဗောဓိခက်လည်း၊ တော်ထွက်သော့ခါ၊ ဒေဝီ ပါ၍့၊ ယုတ်မာ နွယ်ရိုး၊ ကျွန့်အမျိုးလျက်၊ မုဆိုး လုဒ္ဒက၊ သူငယ်မတို့၊ မလှ ကဲ့ရဲ့၊ ပြစ်တင် ဘွဲ့၏၊ အကဲ့ မှန်ဟုတ်၊ ထို့ကြောင့် *မှုတ်လော့၊ မယုတ် စာရ၊ မြတ်ဉာဏနှင့်၊ သိကြာ့းကမ္ဗလာ၊ ကျောက်မွေ့ရာကို၊ ခိုင်မာ ပူ*အတ်၊ တင်းတတ်စေသည့်၊ သူမြတ် ပဏ္ဍိ၊ အကိတ္တိလျှင်၊ ဘဂိနီယ၊ ငယ်နှမဖြင့်၊ မိဘ မခြား၊ အူ*တုံ့ ဘွားလည်း၊ တရား ကျင့်ဆန်း၊ မြတ်ရာ မြန်းသား၊ ရဟန်းဟူက၊ မလျော်စွဟု၊ နှမ ရင်းချာ၊ မာတုဂါကို၊ ဝေးစွာ ကင်းစေ၊ ရှောင်ကွင်း နေသည်။။ သက်သေ ပြက်ပြက် ကွင်းကွင်းတည်း။ (၁၄)

(၄၁၂) ထို့ကြောင့် မှန်စွာ၊ “ဤလူ့ရွာနှိုက်၊ မာတုဂါမ၊ ဟူသမျှပင်၊ မှန်လှ မုချ၊ ဗြဟ္မစရိယ၊ သီလ မွေ့လျော်၊ ကျင့်မြတ် ပျော်သည့်၊ သူတော်မည်မှန်း၊ ရဟန်းတို့နှင့်၊ မသင့် မမြတ်၊ မလျောက်ပတ်တည့်၊”အမှတ် တဝ၊ “လူ့လောကနှိုက်၊ မိန်းမ ယောက်ျား၊ သဘောအားဖြင့်၊ ဆားနှင့် ချဉ်သီး၊ ချိပ်နှင့် မီးသို့၊ *အတီး လူဗိုလ်၊ စွဲးမှတ် ဆို၏၊”အပျိုတန်†မဲ့၊ ပါးမှာ မှဲ့သို့၊ ကဲ့ရဲ့စရာ၊ ငါရာဇလည်း၊ မြတ်*လျာမြန်း၍့၊ ထီး-နန်း စံငြီး၊ စွန့်တပြီးလျက်၊ ဇနီးတူပြီ၊ ဒေဝီ မကွာ၊ နောက်တော် ပါက၊ များစွာ ထိုမျှ၊ ကဲ့ရဲ့ကြလိမ့်၊ မိန်းမ သွား†ရာ၊ ရန်သူပါခဲ့၊ လ†က်ျာမဟေ၊ ညာနတ်ဆွေလျှင်၊ မရေမရာ မလျော်စွာဘူး၊ မကွာ ငါ့ကို၊ မလိုက်လိုနှင့်၊ ထိုမှတကြောင်း၊ မိနွဲ့နှောင်းကား၊ ဘုန်းကောင်း *တာစား၊ ဟူသော့အားဖြင့်၊ ဘွားသည့်နေ့က၊ ယခုကျအောင်၊ ကာလ ဤရွေ့၊ သိမ်မွေ့ နန်းပြင်၊ စံစား ရွှင်လျက်၊ *လေးဖင် ဣန္ဒြေ၊ စိမ့်ချေ ငြိမ်သက်၊ ရွှေဘွားညက်ဖြင့်၊ မြေ့ထက် ထွာခန့်၊ တလှမ်း ဆန့်၍့၊ မဖြန့်စဖူး၊ ချမ်းသာကျူး၏၊ ညာမှူး သော်မော်၊ လိုက် မလျော်ဘူး၊ ရွေဘော် ဝန်းလျား၊ ခြွေရံများနှင့်၊ မယ့်သားတော်မြတ်၊ ပြည်လုံးနတ်က၊ မပြတ် လုပ်ကျွေး၊ ပြုစု မွေးလိမ့်၊ ကျင့်ရေး ဓမ္မ၊ ကုသလဖြင့်၊ ဒါန မကင်း၊ *သီတင်း ပ ဉ္စသီ၊ အဋ္ဌင်္ဂိကို၊ ဒါလီ စိန်ခက်၊ ဆင် ဘ†ယက်သို့၊ နေ့†ရက် အစဉ်၊ မြဲးယှဉ် သက်ဆုံး၊ ဆောက်တည် သုံး၍့၊ နှလုံး ချမ်းမြေ့၊ ပျော်စံမွေ့လော့၊ “ညံ့လေ့ဘာဝ၊ ဣတ္ထိယစစ်၊ မိန်းမဖြစ်၍့၊ ဆိုးညစ် နုပ်သေး၊ သက်မွေး ယုတ်မာ၊ ပြည့်တန်းဆာလျက်၊ ဓမ္မတာ ကျင့်သီး၊ သစ္စာ ပြီး၍့၊ ရေစီး *တံ့*တုံ၊ ရေဟုန် တုံ့ပြန်၊ အညာဆန်၏၊”နက်ဟန် တဆူ၊ “စောသမ္ဗူကား၊ နူနာ ပျောက်စေ၊ ကြာဘက်ရေသို့၊ နှုတ်ရွှေ *မွန်စွာ၊ ထက်သြဇာဖြင့်၊ သစ္စာ ရှိန်ငွေ့၊ ဆေးထက် *တေ့၏၊ စုတေ့ ဤကိုယ်၊ ဆွေးမြည့် အို၍့၊ ပျက်ပြို ဓမ္မတာ၊ ရောက်သော့ခါလည်း၊ ပါယ်ရွာ လေးပါး၊ ပိတ် တံခါးဖြင့်၊ ထက်ဖျား နတ်ရွာ၊ လမ်းပွင့်သာလိမ့်၊ “သမ္မာစိဏ္ဏ၊ ပုညယှိငြား၊ ထိုသူများကား၊ သိကြား နေရာ၊ ဝတိံသာနှင့်၊ ယာမာ တုသီ၊ နိမ္မာဆီသို့၊ လှမ်းမှီ လိုတိုင်း၊ မဆိုင်း ဧကန်၊ ရောက်မြဲး မှန်သည်။။ စုန်-ဆန် တက်တက် ဆင်း-ဆင်းတည်း။”(၁၅)

(၄၁၃) “မိန်းမတကာ၊ ဓမ္မတာဖြင့်၊ အိမ်ရာ ပြုထောင်၊ လူတို့ဘောင်ဝယ်၊ ထိန်ပြောင်ညီးညီး၊ သုံးပုံ မီးတည့်၊ ကြီးလှ ကျေးဇူး၊ နှစ်ဦး မိဘ၊ ကာမအရှင်၊ လင်လည်း တခန်း၊ ရဟန်း ပုဏ္ဏား၊ ရောက်ငြား အထံ၊ လှူခံပုဂ္ဂိုလ်၊ မီး သုံးဖိုကို၊ သိမ်းသို မတတ်၊ ကျင့် ယွင်းချွတ်က၊ မပြတ် ညီးပြောင်၊ နေ့တိုင်း လောင်ရှင့်၊ နောင်လည်း အမြဲး၊ ငရဲးမီးစာ၊ ဖြစ်တတ်စွာ၏၊”တဖြာ ထို†မှ၊ “မိန်း†မတို့အား၊ များ ယေဘုယျ၊ အပါယ်ကျသည့်၊ ပါပ ယုတ်†မာ၊ တရား†မှာလည်း၊ သဒ္ဓါ မယှိ၊ ဟိရီ့ မကပ်၊ သြတ္တပ် ကင်းပ၊ ကောဓ ကြီးစွာ၊ ပညာ *မဲ့ငြား၊ ဤငါးပါးတည့်၊ မှတ်သားသမှု၊ သတိပြုလော့၊ ငါးခု ပထမ၊ ပ ဉ္စကတွင်၊ ကောဓအရာ၊ ပယ်နုတ်ကာလျှင်၊ ဥပနာဟ၊ ဣဿုကနှင့်၊ မစ္ဆေရဟူဘိ၊ အတိစာရီ၊ ဒုဿီ တခု၊ အပ္ပဿုတ၊ ကုသိ မည်ထုတ်၊ ခုနစ်ပုဒ်ကို၊ တပိုဒ်စီ ထည့်၊ ငါးခု ပြည့်သား၊ ဖြစ်၏့ ရှစ်ဝါ၊ ဒေသနာတည့်၊ သေချာ အနက်၊ ပြန်ဆိုမြွက်က၊ မျက်ထွက် တမျိုး၊ ရန်ညှိုးဘွဲ့မှု၊ ငြူစူ ဝန်တို၊ လင်ကို ကျူးထ၊ သီလ ကင်း*မဲ့၊ မ*ဟဲ့ မြင်-ကြား၊ ပျင်းရိအားဖြင့်၊ ရှစ်ပါး ငါးလီ၊ စတ္တာရီကြောင့်၊ ဣတ္ထီတို့အား၊ ငရဲး များဟု၊ ဘုရား လူ့ဘ၊ သမ္ဗုဒ္ဓတို့၊ ဟောပြ ဝေဘန်၊ မသွေလှန်တည့်၊ ဧကန် မုချ၊ မှန်ကုန်ကြလော့၊”ထိုမှ ပြန်ထ၊ “မိန်းမ*တကာ၊ မိကလျာတို့၊ ကောင်းစွာ စိတ်က၊ ကျင့်နိုင်ကြသော်၊ ဒေဝလောကာ၊ နတ် ခြောက်ရွာဝယ်၊ နိမ္မာ ဝသ၊ ဘုံဌာနနှိုက်၊ မနာပကာယိကာ၊ မည် သညာဖြင့်၊ လိုရာ ကြံတိုင်း၊ ပြည့် မဆိုင်းဘဲး၊ သက်ပိုင်း ယှိရွေ့၊ စံသိမ်မွေ့လျက်၊ ချမ်းမြေ့ ရိပ်ငြိမ်၊ *တင်းမတိမ်အောင်၊ စည်းစိမ် ထပ်ရစ်၊ အသစ်သစ်နှင့်၊ နတ်စစ် အထူး၊ သူ့ထက် ကျူး၍့၊ ပျော်မြူး မယ်-မောင်၊ တပြောင်ပြောင်သည်။။ ကိုယ်ရောင် လက်လက် ဝင်းဝင်းတည်း။”(၁၆)

(၄၁၄) “အကြင် လူ့ရွာ၊ ရှေးသော့ခါက၊ သဒ္ဓါ မပွား၊ ကောင်းမှု ယှားသည့်၊ နည်းပါး ပုည၊ ထိုမိန်းမတို့၊ ဘဝ ယုတ်မာ၊ မချမ်းသာဘဲး၊ ဂုဏ်*ဝါ မပြိုး၊ သရေ ညှိုး၍့၊ လင်ဆိုးမယား၊ တဘားဘားနှင့်၊ သားဆိုးအမေ၊ တပေပေဟု၊ ဆိုထွေပမာ၊ ရခဲးစွာလျက်၊ မဟာပုညဝန်၊ ဘုန်းယှိ လွန်သား၊ မိ*မွန်တို့သာ၊ ရထိုက်စွာသည့်၊ အင်္ဂါ စုံပေါင်း၊ ထို ငါးကြောင်းကား၊ မိကောင်း ဘရိုး၊ သူမြတ်မျိုးနှိုက်၊ မညှိုး မငယ်၊ တင့်တယ် ရောင်ဆင်း၊ ဖြစ်ရ†ခြင်းက၊ ရွယ်ချင်း† ရည်တူ၊ နတ် နှစ်ဆူသို့၊ ကြီးထူ စည်းစိမ်၊ လင်၏့အိမ်သို့၊ ဂုဏ်သိမ် *မလျ၊ ရောက်ရ တတန်၊ ဘေးရန် မယှိ၊ သုခိ ချမ်းသာ၊ နေရစွာနှင့်၊ ပုတ္တာ သားဦး၊ အထူး ဘွားမြင်၊ ထိုဂုဏ်အင်ဖြင့်၊ လင်ကို လွှမ်းမိုး၊ အိမ်လုံး စိုး၍့၊ ဆွေမျိုးမျာ့း လယ်၊ လွန်တင့်တယ်၏၊ ငါးသွယ် အကြောင်း၊ မှတ်တုံရှောင်းလော့၊”*၄င်း ထိုမှ၊ “ရူပ ဘောဂါ၊ ဆွေညာ ပုတ္တ၊ သီလဟူငြား၊ မိန်းမအားဟု၊ ငါးပါးမည်ထ၊ ယင်းပ ဉ္စနှင့်၊ ပြည့်က အမှန်၊ ထိုမိ*မွန်လည်း၊ ကဲးလွန် အိမ်ပိုင်၊ အုပ်စိုးနိုင်၏၊ လက်ကိုင် ဘော်ပြ၊ ငါးဗလတွင်၊ မုချ မမှား၊ ရှေ့ရှေ့အားထက်၊ နောက်အား ကြီးစွာ၊ နောက်မှာ ဆုံးထား၊ သီလအားမူ၊ အားများတို့ထက်၊ ကဲးထက် ထူးချွန်၊ ဆောက် တံခွန်သို့၊ တမလွန်တိုင်၊ စံပြိုင် မယှိ၊ ကြီးမြတ်ဘိ၏၊”ထိုပြီ့း တသုတ်၊ ကျမ်းလာ ထုတ်က၊ “မြတ်ယုတ် မျိုးနွယ်၊ ကြီး-ငယ် ဂုဏ်သိမ်၊ စည်စိမ် နည်း-များ၊ နာဖျား ကင်းထူ၊ သက်ဟူ ရှည်-တို၊ ရုပ်ကို ရူပ၊ လှ-မလှက၊ ဉာဏ ယှိ*မဲ့၊ လွန်ထင်ပြဲ့သား၊ တဆဲ့လေးဖြာ၊ ဤခြင်းရာကား၊ ဗြဟ္မာ ဗိဿနိုး၊ နတ်အမျိုးတို့၊ တန်းခိုး ဘန်ဆင်း၊ မဟူလျင်းတည့်၊ *ခပင်း သတ္တဝါ၊ ကံဖြင့်သာလျှင်၊ နာနာကာရ၊ ဖြစ်ကုန်ကြ၏၊”နှမရတနာ၊ နန်းတောင်ညာလည်း၊ ရွှေသမ္ဘာလှ၊ ဝိသေသဖြင့်၊ ပုညဝတီ၊ နှိုင်း မမှီအောင်၊ ဒေဝီ ဥက္ကဌ်၊ သာလွန် မြတ်၍့၊ နတ်နှယ်*တမျှ၊ ငါးဗလနှင့်၊ စာရ ကဲးလွန်၊ မိန်းမ*မွန်တို့၊ ဂုဏ်တံခွန်ကြီး၊ စိုက်ထူညီးလျက်၊ ခိုင်*ဖြီး စည်းစိမ်၊ လွန်ချမ်းငြိမ်သည်။။ စိုးရိမ် ဆက်ဆက် ကင်းကင်းတည်း။ (၁၇)

(ဤအပိုဒ်ကား 'ပရိဝုတ္တိအလင်္ကာ'ရှိသော ပိုဒ်တည်း။)

(၄၁၅) ရွေနီဖလံ၊ ဝင်းဝင်းလျှံသား၊ မင်းစံ ရတနာ၊ ကျပ်တရာကို၊ ကောင်းစွာ မလွန်၊ ဆေး သုဝဏ်နှင့်၊ ထုံမွှန် စင်စစ်၊ ချက်ကျိုလှစ်၍့၊ ရှစ်ဆဲ့ သုံးကျပ်၊ တရပ် သုံးမူး၊ သုံးရွေး ကျူးအောင်၊ အထူး မီးပေါ်၊ တင်အောင် လှော်က၊ မည်ခေါ် နာမ၊ သုဝဏ္ဏသာရ၊ သမုတ်ကြ၏၊ ထိုမှ တရပ်၊ တကျပ် ယူပြီး၊ အသီး နောက်လျှင်၊ အလေး တင်၍့၊ ဘော်ပင် မှန်စွာ၊ ကျပ်တရာနှင့်၊ ထည့်ကာ ဘက်†ကာ၊ ကျိုချက်ခါသော်၊ နာယ†ကာရွှေ၊ ဖြစ်ပြန်လေ၏၊ တထွေ စံမှီ၊ ထိုရွှေနီကို၊ ရာဂီ ငါးပါး၊ ထုံငြား ပြီးမှ၊ လှော်ပြန်ကလျှင်၊ သုဝဏ္ဏရာဂီ၊ ရွှေ့အဆီတည့်၊ ထိုပြီ နောက်နှိုက်၊ နီ-ပြောက် ပတ္တ†မြား၊ ဘိုး†များ နဂ္ဃ၊ ဇီဝရက္ခာ၊ ဂေါမုတ္တာက၊ နီလာ ပုလဲး၊ *သလွဲး ကြေးမျိုး၊ ထုံ၍ ထိုးသော်၊ တန်ခိုး တောက်ပ၊ သုဝဏ္ဏရတ်၊ မည်ခေါ်မှတ်သား၊ ရွှေမြတ်ဖြစ်ငြား၊ ထိုရွေ့အားလျှင်၊ ပြဒါးသေနှင့်၊ ချက်ပြန်လင့်မူ၊ ကြီးမြင့် ရောင်ဝါ၊ မင်းစကြာက၊ မဟာဂန္ဓာရီ၊ ယောဂီရှင်မြတ်၊ ဝိဇ္ဇာနတ်တို့၊ ဣဒ္ဓိပဒ်မျိုး၊ တန်းခိုး ဣစ္ဆာ၊ ကြံတိုင်းပါသား၊ လိုရာ ပေးနိုင်၊ အဆုံးတိုင်လျက်၊ စံပြိုင် မရ၊ မီ့းနှယ် ပ,၍့၊ သုဝဏ္ဏမဏိ၊ မည်ယှိ ထင်ရှား၊ သက်ရှည်ပွားသည့်၊ ပတ္တမြားစစ်၊ တမျိုးဖြစ်သို့၊ မည်းညစ် *မှဲ့ချေ၊ ကိလေ ပါပ၊ ကင်းစေမှတည့်၊ သီလဟူသည်၊ အရင်းတည်လျက်၊ လေးမည် စတုတ်၊ စျာန် ဝိမုတ်ဖြင့်၊ ဝိသုဒ္ဓိစင်၊ ငါ ဖြစ်ချင်၏၊ သို့လျှင် ထို့ကြောင့်၊ မယ် မမှောင့်နှင့်၊ အနှောင့် အရှက်၊ အဘက် အဘော်၊ မအော် တခွင့်၊ လျော် မသင့်ဘူး၊ အကျင့် ဗြ†ဟ္မ၊ စရိယလည်း၊ မိန်း†မဟူသည်၊ ညစ်ကြေးမည်ခဲ့၊ လွန်ကြည် သန့်သက်၊ ရွှေနန်းထက်က၊ မပျက် ဓိဋ္ဌာန်၊ ဘောက်ပြန် မယှိ၊ ဟူ†မိကနား၊ မဆုတ်ရှားဘဲး၊ ငါးပါး သံသဂ်၊ မရောရှက်အောင်၊ တောထွက်ပြီးခါ၊ ခွါကြီး ခွါ၍့၊ မဟာဘိနိက္ခမ္မ၊ သင်္ကပ္ပဖြင့်၊ မာတင်္ဂကြီး၊ ဘော် ရှောင်မှီးသို့၊ ကိုယ်ထီး အောင်းခို၊ ဗြဟ္မစိုရ်ကို၊ အလိုတော်ပြည့်၊ ပြီးအောင်ဖြည့်ပိမ့်၊ ငါ၏့ နောက်တော်၊ တယောက်တော်မျှ၊ မခေါ် အပို၊ ဘော် မလိုသည်။။ ရွှေကိုယ် သက်သက် ရှင်းရှင်းတည်း။ (၁၈)

ဤသို့လျှင်တိ၊ ဤတွင် သာမော၊ ဒေဝီယောဝါဒ၊ စတုတ္ထသည်၊ ကဏ္ဍ တပုံ၊ ပြီးပြည့်စုံတည်း။

(ဒေဝီယောဝါဒခဏ်း ၁၈-ပိုဒ်) စတုတ္ထပိုင်း ဤတွင် ပြီး၏၊

(ဤစတုတ္ထပိုင်းကြီးနှိုက် ၁-အမစ္စာပုစ္ဆနခဏ်း (၉)ပိုဒ်၊ ၂-ဓမ္မဒေသနာခဏ်း (၂၁)ပိုဒ်၊ ၃-အမစ္စောဝါဒ (၃၇)ပိုဒ်၊ ၄-ဒေဝီယောဝါဒခဏ်း (၁၈)ပိုဒ်၊ ပေါင်း (၈၅)ပိုဒ် ယှိသတည်း။