နိက္ခမ္မခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၁။ နိက္ခမ္မခဏ်း


(၄၁၆) ဘူမိပါလ၊ ဘူနာထတို့၊ ရာဇာကိစ္စ၊ သဘာဝဖြင့်၊ ပြည့်ဘ ပြည့်မိ၊ ဖြစ်ဘိတုံမျှို့၊ နောင်ရေးဘို့ဟု၊ ဤသို့ လုံးစုံ၊ မှာရေး *ကုံအောင်၊ တလုံ*လဲးလဲး၊ စိတ် ဝေခွဲးလျက်၊ *ပြည့်ထဲး *ပြည်လာ၊ မင်းရာ မင်းရေး၊ ရှုပ်ထွေး များလှ၊ ပြည့်ကိစ္စကို၊ နားဝ ဘန်†ဘန်၊ အပြန်ပြန်တည့်၊ ဝါ†ဖန်သော့လား၊ ပိုင်းခြား သေ+ချာ၊ မာတိကာဖြင့်၊ ကြောင်း+ချာ မကြွင်း၊ စီးကာ ကျင်းပြီး၊ လောင်းမင်း မဃ၊ ဒေဝ ဘုန်းဝေ၊ *စောနတ်ဆွေလျှင်၊ စေ့ရေယှိ†ရွေ့၊ မှာထား†၍့တိ၊ အောက်မေ့ မသွေ၊ ဆုံးဖြတ်ထွေကာ၊ အဇ္ဇေဝ ကိစ္စံ အာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ၊ ဘဒ္ဒေကရတ်၊ ရှင်တော်မြတ်တို့၊ ဟောမှတ် အလို၊ “ဤလူ့ကိုယ်နှိုက်၊ ကုသိုလ်*အစုတ်၊ အားထုတ်အပ်စွ၊ ဝီရိ†ယကို၊ ကြံ†ရ အောက်မေ့၊ ချိန် မရွေ့ဘဲး၊ ယနေ့ပင်သာ၊ ပြုအပ်စွာ၏၊ သေခါ သေချိန်၊ ပြက္ခဒိန် ဝေ†ဘန်၊ နက်†ဖန် သဘက်၊ သေမည့်ရက်ကို၊ ချိန်းချက် မယှိ၊ ဘယ်သူ သိဟု၊ ဗောဓိဉာဏ်မျိုး၊ မြင်ရိုး ပြကတေ့၊ မှန်*ဓလေ့ကြောင့်၊ ရက်ရွှေ့ *ဖင့်နွှဲး၊ မဝံ့ရဲးသို့၊ *ကျည်နဲး ကျည်နူ၊ မဟူစပါ၊ *ကြံ့ကြာ မဆိုင်း၊ ကြံတော်တိုင်းဖြင့်၊ မလှိုင်း မဝေ့၊ ခါ မရွေ့တည့်၊ ထိုနေ့ပင် ဘက်၊ ရွှေနန်းထက်နှိုက်၊ နန်းဆက်ရတနာ၊ ဥပရာကို၊ နန်းမှာ တင်ရှောင်း၊ *ငံ့ *မညောင်းဘဲး၊ ထီးဆောင်း နန်းစံ၊ နိုင်ငံ စိုးလစ်၊ မင့်းအဖြစ်ကို၊ ကုန်ပစ် စွန့်ကာ၊ မင်္ဂလာ *သန္တေး၊ ရွှေ*သန္ဓေးဖြင့်၊ ဦးဆေး စင်လျော်၊ ပြုပြီးသော်မှ၊ ဆံတော် မုစ္ဆိတ်၊ မြရောင်ဘိတ်ကို၊ ဖြတ်ရိတ် သုတ်သင်၊ သန့်စင် ပယ်လှည်း၊ အံ့ဘွယ်သည်းအောင်၊ ဦးပြည်း သွင်ဆန်း၊ ဖန်ရည်စွန်းသား၊ သင်္ကန်း ဆင်မြောက်၊ မင့်းသွင် ဖျောက်၍့၊ *ခေါက်ခေါက် ရက်ရက်၊ မင်းရုပ် ဖျက်သည်။။ တောထွက် အံ့ဘွယ်သရဲးတည်း။ (၁)

('ဝိမှယဌာယီဘာဝ အဗ္ဘုတရသ'ကို ပြသောပိုဒ်)

(၄၁၇) ကေသမဿုံ၊ သြဟာရေတွာ၊ ကမ်းလာ ပါဠိ၊ မိန့်ခွန်းယှိတိုင်း၊ ဣသိ တာပသ်၊ ပြုတုံလတ်သား၊ သူမြတ်*တကာ၊ ရှေးဦးစွာနှိုက်၊ ကေသာ မဿု၊ လူ့အသွင်ဖြင့်၊ ဆံပင် မုစ္ဆိတ်၊ ဖြတ် ရိတ်ပယ်ပြီး၊ တသီး နောက်မှ၊ ပေါက်သမျှကို၊ မချ လုံးလုံး၊ ဆံကျစ်ထုံးဖွဲ့၊ သက်ဆုံးတိုင်အောင်၊ ထားကြ ဆောင်၏၊ ဆောင်သည် စင်စစ်၊ ထိုဆံကျစ်လည်း၊ ပျံရစ် မိုးထက်၊ ကောင်းကင်ငှက်ကို၊ ဆက်ဆက် ဖမ်းငှာ၊ မှန်စွာ မချွတ်၊ ကြော့ကွင်းညွတ်ဖြင့်၊ မလွတ်ရဘွယ်၊ ထောင်သော့နှယ်သို့၊ ထိပ်လယ် ဦးဖျား၊ အကွင်းထား၍့၊ ရှစ်ပါး အင်ညီ၊ အဋ္ဌင်္ဂိမဂ်၊ တရားငှက်ကို၊ ဆက်ဆက် ရအောင်၊ ဖြားကြ ထောင်၏၊ တောချောင် ခိုအောင်း၊ သားငှက်ပေါင်းကို၊ ချောင်း၍့ အစာ၊ ခုပ်သော့ခါလျှင်၊ လက်ျာ†ကျမှ၊ စား†ကြစရိုး၊ အမျိုး လေ့ကျက်၊ မြဲး မပျက်သည့်၊ သစ်နက် ကျင့်*နေ၊ ဥပဒေကို၊ သက်သေ ပြုရှောင်း၊ အကြောင်း *တမျဉ်၊ နိမိတ် ယှဉ်၍့၊ အစဉ် မပြတ်၊ စွဲးမှတ် နှလုံး၊ ကျင့်ထုံး ဖြစ်စေ၊ နည်းယူ ထွေဖြင့်၊ သေသေချာချာ၊ ခွါနှင့်တကွ၊ လှပ ချောပြေ၊ ထိုသားရေကို၊ အခြေမပျက်၊ ပုခုံးထက်နှိုက်၊ ဆောင်လျက် မမှား၊ တရား မဖည်၊ မြဲး ဆောက်တည်လျက်၊ ငါးမည် ကာ†မာ၊ ကျင့် ယုတ်†မာသား၊ တဏှာအကြိုက်၊ လူ့စရိုက်ကို၊ မလိုက် ကင်းအောင်၊ ရှားကြ ရှောင်၏၊ မင်းခေါင် မ†ဃ၊ လောင်းဒေဝလည်း၊ ရှေး†က ထုံးယှိ၊ အ*နှုန်း သိ၍့၊ ဣသိပဗ္ဗဇ္ဇ၊ ပြုထရကား၊ ရှေးဖျား ပယ်ရိတ်၊ ဆံ-မုစ္ဆိတ်ဖြင့်၊ သပိတ် သင်္ကန်း၊ ဖန်ရည်စွန်းနှင့်၊ ရဟန်းအသွင်၊ ကိုယ်တော် ဆင်သည်။။ ဖူးမြင် မရောင့်*မရဲးတည်း။ (၂)

(ဝိမှယဌာယီဘာဝ အဗ္ဘုတရသ။)

(၄၁၈) ထိုရော့အခါ၊ နန်းတောင်ညာနှင့်၊ များစွာ ရံ-ခ၊ ဒေဝီစသား၊ မောင်းမ မိဿံ၊ ခြွေရံသီးသီး၊ ဆောင်ကြီး ဆောင်ငယ်၊ တင့်တယ် နတ်တူ၊ နန်းသူ တစု၊ ငယ်နု မျက်ဖျော်၊ သမီးတော်က၊ သားတော် မြေးတော်၊ ဆွေတော် မျိုးမြတ်၊ မှူးတော်မတ်တို့၊ ဆွတ်ဆွတ် ညှိုးချုံး၊ လက်အုပ် ရုံး၍့၊ နန်းလုံး ပြိုမျှ၊ အိုထိပ်စဟု၊ သောက လွန်ကြီး၊ ငို မပြီးနှင့်၊ ပူမီး မ†ကျေ၊ ရှေးထက် ပွေလျက်၊ ကြေ†ကြေကွဲးကွဲး၊ လှိုက်လှိုက် +လှဲးဖြင့်၊ *ထက်+လဲး ထက်လောင့်၊ မဖြောင့် သက်ဖို၊ *ဥဒါဟိုလျှင်၊ ထိုထို ဝန်းပတ်၊ ရှုပ်ယှက်ခတ်တိ၊ အူပြတ် သည်းကြွေ၊ ကမ္ဘာဝေသို့၊ မိုးမြေ မမြင်၊ ဗျာပါ နင်၍့၊ ဘဝင် နစ်မြော၊ ခြောက်တန် ဇောနှင့်၊ ပန်း-မော မချိ၊ သေဘွယ်လိတိ၊ ရင်ဘိ ရင်ဘတ်၊ ထုသတ် ကြွက်ဆူ၊ ဘရဘူဖြင့်၊ မယူဆနိုင်၊ နန်းလုံး အိုင်အောင်၊ ယိမ်းယိုင် ဦးဆောက်၊ လျားမှောက် ဝပ်စင်း၊ နန်းတ†ပျင်းဝယ်၊ အ†ပြင်း အ+ပြ၊ ခွေပျောင်း+ပျလျက်၊ မရ သတိ၊ မသိ မိန်းမူး၊ လိမ့်ကြ လူးသည်။။ ဆံဦး ဖရိုဖရဲးတည်း။ (၃)

('သောကဌာယီဘာဝ ကရုဏာရသ'။။ ဤ ၃-ပိုဒ် 'သော်တာရောင်ချနည်း'။)

(၄၁၉) ဗုဒ္ဓဗီဇ၊ ဘုရာ့းမျိုးစေ့၊ တန်းခိုး ကြွေ့သည့်၊ ဘုန်း *ဟေ့ မြတ်စွာ၊ မဟာဗောဓိ၊ ရာဇိသိလည်း၊ အချိ ထိုမျှ၊ များလှ *ခပင်း၊ ရွှေနန်းတွင်းဝယ်၊ ကြွင်းမဲ့ အကုန်၊ ပြေးသွား ခုန်၍့၊ တုန်တုန် ယင်†ယင်၊ ထု ရွှေ†ရင်နှင့်၊ ထွက်-ဝင် မပြတ်၊ ရှုပ်ရှက်ခတ်ဖြင့်၊ မှူးမတ် *ဗိုလ်လူ၊ ရွှေနန်းသူက၊ *ပြော*ထူ ဝန်းလျား၊ သားတော် သမီး၊ ငယ်ကြီး နု†မျစ်၊ မြေးတော် †မြစ်တို့၊ ကလျစ် *ကလျူ၊ ငို ကျူ+ကျူဖြင့်၊ ပျံ့+ကြူ နှုတ်သံ၊ နန်းလုံး ပျံမျှ၊ ဆူညံ ရုန်းရုန်း၊ ကျွတ်ကျွတ်အုန်းအောင်၊ ဘုန်းဘုန်း ဘုရား၊ တော်ကြီးဖျားဟု၊ *ချောက်ချား ရှုပ်ထွေး၊ ဟစ်ကြွေး လျှောက်တင်၊ ရွှေနန်းပြင်နှင့်၊ မြေပြင် လူလည်း၊ အူ-သည်း ကြွေလု၊ ဗျာပါမှုဖြင့်၊ မြင်ရှု မသာ၊ ခွေကာ ယိမ်းညွတ်၊ သက်ပြတ်မည့်နှယ်၊ သနားဘွယ်လျှင်၊ ပင်လယ် *တံပိုး၊ ကြိုးလတ်သို့ဘိ၊ သို့စဉ်ယှိစဉ်၊ နှမိ နှ†မြော၊ ရာဇဘောကို၊ ချ†မျှော ရေဝယ်၊ လျှော်သော့နှယ်သို့၊ မတွယ် ကိုယ်နှိုက်၊ စွန့်ပယ်လိုက်မှ၊ စရိုက် ရုန့်ထူ၊ ကိလေမြူနှင့်၊ ရွာသူတို့အား၊ မထိုက်ငြားဘဲး၊ ဘုရား ပစ္စေကာ၊ ရဟန္တာတို့၊ သမ္မာ မဘောက်၊ *လှံမစောက်နှင့်၊ စဉ်လျှောက် လမ်းမှန်၊ ဘော်ပြ ညွှန်သို့၊ တံခွန်မည်မှတ်၊ ဖန်ရည်စွတ်သား၊ အရဟဒ္ဓဇ၊ ကာသာဝကို၊ လက်က လှမ်းယူ၊ ကိုင်တော်မူ၍့၊ လူနှင့် မနီး၊ တောကြီး လယ်ခေါင်၊ ဟေဝန် *ချောင်ဝယ်၊ တောင် ခုနစ်ကြား၊ ယင်နားရုံမျှ၊ ပြို၍့†ကျသို့၊ မြည်†ကြ ကျံကျံ၊ ညိုးညိုး ညံဘိ၊ သံကွန်ယက်ချပ်၊ သုံးထပ် အုပ်†ဘန်၊ လစ် မကျန်အောင်၊ ကု†မ္ဘဏ် တထောင်၊ စွဲးဆောင် လက်နက်၊ ရုံးချင်း ရှက်၍့၊ မပျက် နေ့-ည၊ ရံ စောင့်†ရသား၊ ဘန္တ†ရမည်သာ၊ ထူးမြတ်စွာလျှင်၊ မဟာ ဝေဿဝဏ်၊ နတ်*မွန်*သနင်း၊ ပွဲးတော် သွင်းသည့်၊ ပျံ့သင်း ချိုမြတ်၊ နတ်သရက်ကို၊ နှစ်သက် ရွှင်ပျ၊ သုံးဆောင်ရသို့၊ ဗလဝပီတိ၊ ဆီထိ ဝါဂွမ်း၊ စိမ့်ရွမ်း ကာ†ယ၊ သောမနဖြင့်၊ အား†ရ လွန်စွာ၊ ဖရဏာနှင့်၊ သဒ္ဓါ ကြည်+ယုံ၊ ကိုယ်လုံး ထုံလျက်၊ ဝတ်ရုံ သိုက်မြိုက်၊ ဆင် နှစ်ခြိုက်ပြီး၊ ပရိုဇ် စသည်၊ ခုနစ်မည်ဖြင့်၊ ဘုန်းစည် ဝိဇည်း၊ ရှင်တော်တည်းသား၊ ဝိနည်း လိမ္မာ၊ ထေရ်မဟာသို့၊ ပမာ အတူ၊ သွင်မူ မယွင်း၊ နန်းက ဆင်း၍့၊ ညှင်းညှင်း ကြွကာ၊ ထွက်ခဲ့လာသည်။။ မျက်နှာ ရွှင်ပ ကြည်စိမ်းတည်း။ (၄)

(၄၂၀) ကြည်စိမ်း မျက်နှာ၊ ရွှင်ပစွာနှင့်၊ မဟာပုရိသ၊ လောင်းသတ္တလျှင်၊ ရထာ့း ထမ်းပိုး၊ ရှုရိုး တပြန်၊ မလွန် ချင့်တာ၊ ကြွလှမ်းကာဖြင့်၊ သပြာ ထောင်ထုပ်၊ ချမြှုပ်သော့လား၊ မြေ့အား အားနာ၊ ငှက် ကြိုး†ကြာသို့၊ *ကျာ†ကျာ ကြွေးဟစ်၊ နန်းလုံး မြစ်လည်း၊ မ*နစ် မလှည့်၊ စောင်း မကြည့်ဘဲး၊ တည့်တည့် မဖည်၊ စူးစူး ရည်၍့၊ *တူးတည် ဖြောင့်စင်း၊ နန်းက ဆင်းပြီး၊ ညှင်းညှင်း သာယာ၊ ထွတ်ခဲ့ လာမှ၊ များစွာ *ပြောထူ၊ ပန်းမျိုးဟူသည်၊ မ ဉ္ဇူ ပုန်းညက်၊ ကရမက် နှမ်းဆီ၊ သရဘီ ရင်ခတ်၊ ဖက်ဆွတ် ဆတ်သွား၊ အခြားခြားတည့်၊ ထင်ရှား စွယ်တော်၊ ကံ့ကော် သာနိုး၊ နတ်မျိုးသော့လား၊ စကား ဖြူ-ဝါ၊ ဇလတ္တာနှင့်၊ ယင်းမာ သော်က၊ ဒေါန အနန်း၊ နတ်ပန်း သ†ဇင်၊ ဂမုန်းအင်တို့၊ ကုန်†စင် ယှိရွေ့၊ စုံစေ့ ရေငှာ၊ မတတ်သာအောင်၊ သန္တာ မြရိုး၊ ညွတ်ညွတ်ဖြိုးမျှ၊ သီးမျိုး ပွင့်စုံ၊ ကြိုင်သင်းထုံလျက်၊ ကင်း-ငုံ *ကိုက်သစ်၊ ဖူး*ပု†ရစ်နှင့်၊ မြူး†ယစ် ပန်း+ရက်၊ ဆောင် မပျက်သား၊ တောင်+ယက် ရှုန်းရှုန်း၊ ပျားပိတုန်းလည်း၊ ညုန်းညုန်း မြည်ကာ၊ ဘယ်ခါ မလပ်၊ တုံ့ခပ် ဝဲးပျံ၊ ဒုံမင်းသံသို့၊ မညံ မဆိတ်၊ ညောင်းညောင်း ညိတ်တိ၊ ကရိဝိက် မျိုးနွယ်၊ သံကြွယ် ဥသြ၊ ဘော်စုံ နှောလျက်၊ ကြက်တော သာလိ၊ စယှိ မြူး-ပျော်၊ လာလှည့် ခေါ်သို့၊ တွန်ကြော် အုတ်ကျွတ်၊ ပဲ့တင်နှက်မျှ၊ ကျေးငှက်*တကာ၊ စုံလင်စွာ၍့၊ သာယာ ပျိုနု၊ *ဗိုလ်*အထုတို့၊ မျှော်ရှုလျက်သာ၊ သွားကြရာကြောင့်၊ သဒ္ဒါ မဂဓ၊ ဥပုဗ္ဗနှင့်၊ ဘော်ပြ ဂတျတ်၊ ယာဓာတ် လုံးတည်း၊ ယုပစ္စည်းဖြင့်၊ ဟောနည်း မှန်ဘိ၊ အဓိကရိုဏ်း၊ စိတ္တဂိုဏ်းတည့်၊ လူတိုင်း ပျော်†ရာ၊ လွန်သာ†ယာလျက်၊ နံ့သာ ရ+ဂုံ၊ ရှုမ+ကုံအောင်၊ ပန်းစုံ ရောရှက်၊ ထုံ နှော-ဘက်လည်း၊ သရက်ပင်လှ၊ ယေဘုယျဖြင့်၊ အမ္ဗဝန၊ မည်ထူးရသား၊ မဃဒေဝေါ်၊ ဥယျာဉ်တော်နှိုက်၊ ရွေဘော် ပယ်ရှား၊ ကျင့်တရားနှင့်၊ ငါးပါး သံသဂ်၊ မရောရှက်ဘဲး၊ မဆက် မဆံ၊ ကိုယ်တော် စံသည်။။ ဆိတ်ညံ ကိုယ်-စိတ် ဧးငြိမ်းတည်း။ (၅)

(ဤ ၂-ပိုဒ်ကား 'သမဌာယီဘာဝ သန္တရသ'ကို ပြသောပုဒ်။)

(၄၂၁) ဣသိ ရိသိ၊ ပါဠိ သက္ကဋ၊ ဘာသာပြသား၊ နှစ်ပါး အလို၊ ထိုဝေါဟာရ၊ ခေါ်ကြတုံဘိ၊ ပါဌ်အယှိတွင်၊ ပါဠိအမှတ်၊ ဣသဓာတ်ဖြင့်၊ ကျင့်မြတ် မွေ့ညက်၊ တည် ငြိမ်သက်သား၊ သီလက္ခန္ဓ၊ စသည် အထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူး မပြတ်၊ ရှာမှီးတတ်ဟု၊ သကတ် ပဝ†တ္တ၊ အနက်ရလျက်၊ သက္က†ဋဘာသာ၊ သညာ မည်ယှိ၊ ထိုရိသိနှိုက်၊ ရိကို ရရေး၊ ဣ-ဧ အောက်မြစ်၊ ဝေါဟာသစ်ဖြင့်၊ မြန်ခေတ် *ဗိုလ်လူ၊ ရသေ့ဟူသည်၊ သူတော် သူမွန်၊ သီလဝန်တို့၊ မလွန် ရှေးက၊ တပ်ကြီး ချပြီး၊ ကျင့်ကြ နိယံ၊ စစ်ဦးခံသို့၊ ဗြဟ္မစရိယ၊ ပ ဉ္စမနှင့်၊ အဋ္ဌ ဒသ၊ ထိုလောက်မျှဖြင့်၊ သီလဟူဘိ၊ သမာဓိကား၊ မည်ယှိ အစဉ်၊ အပ္ပမညာ၊ ဝေါဟာ ခေါ်ဆို၊ ဗြဟ္မစိုရ် လေးချက်၊ ထွက်-ဝင်သက်က၊ ဒသ ကသိုဏ်း၊ နေ့တိုင်း မကွာ၊ စျာန်မှသာရှင့်၊ ပညာဟူလတ်၊ ကမ္မဿကတာ၊ ကာမာဝစရ၊ ထိုဉာ†ဏနှင့်၊ စျာ†န သမ္မာဒိဋ္ဌိ၊ အသိ မှန်-ဟုတ်၊ မဟဂ္ဂုတ်တည့်၊ မယုတ် ပွားလေ့၊ ဤမျှ ရွေ့သည်။။ ရသေ့သိက္ခာ မှတ်ထိမ်းတည်း။ (၆)

(၄၂၂) “ရသေ့ ဣသိ၊ ဟူတုံဘိလည်း၊ ကေဏိယလား၊ သား မယားနှင့်၊ နေငြား အဟုတ်၊ ကျင့်မူ ယုတ်သည်၊ သပုတ္တဘရိယ၊ ဂါမ မြို့နီး၊ ကပ်မှီး တည်နေ၊ ရွှေ-ငွေ မသိမ်း၊ ဆန်စိမ်း ဆီ-ဆား၊ ခံငြားတုံလျက်၊ ကိုယ်တိုင် ချက်၍့၊ နှစ်သက် လိုရာ၊ မျှစပါသည်၊ ဥ ဉ္ဆာစရိယ၊ ကာယ ချင့်ထောက်၊ အချိန်ရောက်မှ၊ မျှလောက်ရုံမှတ်၊ ခံစားတတ်သား၊ သမ္ပတ္တကာလိက၊ မီးမျှ မချက်၊ တောမြိုင်နက်နှိုက်၊ သစ်ရွက် သစ်သီး၊ သိုမှီး စားဘိ၊ ကျင့်နေယှိသား၊ အနဂ္ဂိပက္ကိက၊ သီးမျှ မရှာ၊ အခွံခွါ၍့၊ စားကာ အမြဲး၊ ကျောက်အုဌ်ခဲးကို၊ လက်စွဲးရုံမျှ၊ ကျင့်ကုန်ကြသား၊ အသ္မမုဋ္ဌိက၊ ကျောက်မျှ မကိုင်၊ ခဲးနိုင်သ†ရွေ့၊ ကိုက်†၍့ လိုရာ၊ သွားဖြင့်သာလျှင်၊ စားကာ ကျင့်ကြ၊ ခြိုး*ခြံလှသား၊ ဒန္တလုယက၊ ဌာန အခြား၊ ရပ်တပါးသို့၊ မသွားဘဲးလျှင်၊ သစ်တပင်ရင်း၊ ကြာ တအင်းမျှ၊ မှီတင်း မလွှတ်၊ ကျင့်နေတတ်သား၊ ပဝတ္တဖလိက၊ လက်မျှ မ†ချွေ၊ အညှာ †ကြွေမှ၊ ကောက်လေ ယူစား၊ ဆောက်တည်ငြားလျက်၊ ကျင့်အား ထူးချွန်၊ သူ့ထက် လွန်သည့်၊ ဝဏ္ဍမုတ္တက၊ ပေါင်း အဋ္ဌတိ၊ ညွှန်ပြ ထင်စွာ၊ ဗာဟိ ခါနှိုက်၊ ကျမ်းလာ မရွေ့၊ ကျင့်ကုန်လေ့သား၊”ရသေ့ဟူဘိ၊ ရှစ်မျိုးယှိတွင်၊ ဣသိပဗ္ဗဇ္ဇ၊ ပြုပြီးမှလျှင်၊ နန်းက ဆင်းသက်၊ ဗောဓိခက်ကား၊ ယုတ်တက် နှိုင်းဆ၊ အလတ် မျှ၍့၊ သမ္ပတ္တကာလိက၊ တာပသဖြင့်၊ ကိစ္စ ငြိမ်းရုံ၊ မဇ္ဈုံ ယှဉ်မှီး၊ ကိုယ်တော်ထီးသာ၊ ကျေးမြီး လက်မြော်၊ ဆင်ခြေပေါ်က၊ သမီးလှနှင့်၊ ရည်ရ ပင်ထွက်၊ ခြောက်ချက်မည်တွင်၊ အိမ်ထန်းပင်တို့၊ ဝန်းကျင် စိုးစွင့်၊ နိမ့်-မြင့် ပြင်က၊ ရံတုံထလျက်၊ မဃဒေဝ၊ အမ္ဗဝနံ၊ နာမံ သညာ၊ မင်္ဂလာသုတိ၊ ပျော်ဘွယ်ယှိသား၊ မြို့ကြီ့း ပြင်ဘက်၊ ကျေးငှက် သားပေါင်း၊ ရင့်*ညောင်း တွန်†ကြော်၊ စိတ်ကို ဖျော်သို့၊ အ†ကျော် စန္ဒန၊ စသည် များစွာ၊ ပင်နံ့သာလည်း၊ စဉ်ကာ ဖြိုးမောက်၊ နတ်ပျိုးရောက်သို့၊ သပေါက် ပန်းစုံ၊ ဖူးအငုံတိ၊ ပွင့်*မုံ ရောရှက်၊ သီး ချိုမြတ်နှင့်၊ သရက်မျိုး ယှဉ်၊ ထိုဥယျာဉ်နှိုက်၊ အစဉ် ပိုင်းခြား၊ သင့်ရာအားဖြင့်၊ *မီးတားတံတိုင်း၊ *ပရိုဏ်း ဆီးကာ၊ *သင်္ခမ်းသာနှင့်၊ ဣရိယာပထ၊ မျှတအောင် စံ၊ ခြိုး*တခြံလျှင်၊ ဗြဟ္မစရိယ၊ မြတ်သီ†လကို။။ လုံ့†လ မသွေ မယိမ်းတည်း။ (၇)

(၄၂၃) ဗြဟ္မစရိယ၊ မြတ်သီလကို၊ ကလျာဏစာရီ၊ ကျင့် ဝသီနှင့်၊ လဇ္ဇီ မဟာ၊ ထေရ် မြတ်စွာတို့၊ သိက္ခာ သုံးပါး၊ ဖြည့်သော့အားဖြင့်၊ ဘုရား ပညတ်၊ အာပတ် ကြိုး†ကြား၊ မြူအလားမျှ၊ မ†ကျား မ+ပြောက်၊ ထိန်း စောင့်ရှောက်လျက်၊ ငြိမ်း+ပျောက် ကိလေ၊ ချမ်းမြေ့စေအောင်၊ ပြောက်ထွေ ဣန္ဒြိယ၊ လုံစေကြဘို့၊ လုံ့လ လွန်ပြင်း၊ ဆောက်တည်လျင်း၏၊ ရှင်ဖျင်း ရှင်လေ၊ အနေမကျ၊ ရှင့်ကိစ္စနှိုက်၊ လုံ့လ ဆော်နှိုး၊ မကြိုး မပမ်း၊ စိတ် ပေါ့သွမ်းလျက်၊ ထီးထမ်း လမ်းလျှောက်၊ ကျင့် ကျား-ပြောက်နှင့်၊ သံ-ကျောက် ဆေးဝါး၊ ရှာသော့အားဖြင့်၊ တရား မဆောင်၊ ရှင်တို့ယောင်သို့၊ မင်းခေါင် ဣသိ၊ လောင်း ဗောဓိမူ၊ ဇာတိ ရွှေဉာဏ်၊ ပင်ထွက် မှန်ကြောင့်၊ ဘောက်ပြန် *မဲ့လျှင်း၊ စိတ်ရည် ကင်း၏၊ “ဝမ်းတွင်း သတိ၊ မယှိ ဆင်ခြင်၊ ယောက်ျားပင်လျှင်၊ မမြင် တိမ်းစောင်း၊ သွားတုံရှောင်းက၊ တွင်းဟောင်း နက်စောက်၊ ကျလေမြောက်၍့၊ ဝမ်းပေါက် ခေါင်းကွဲး၊ ဆက်လွဲး အရိုး၊ ခြေကျိုး လက်ဆတ်၊ ဥပဒ် ကြီးစွာ၊ ပျက်စီးရာသို့၊ ပမာ *နှင်းပန်း၊ ဖြစ် တတ်ဆန်းမျှ၊ ရဟန်းမည်ကာ၊ ရှင်တို့မှာလည်း၊ ပညာ သတိ၊ ကင်း မယှိဘဲး၊ ကပ်မိ ကပ်ရာ၊ ဒါယကာသို့၊ တဏှာ ဒိဋ္ဌိ၊ စွဲး ငြိကပ်ကြ၊ တွင်းဆိုး ကျ၍့၊ သီလပါဒ၊ စသည် ကျိုးလျက်၊ ပေါက်-ပျက် ယွင်းချွတ်၊ ဖြစ်တို့တတ်၏၊”လောင်းမြတ် ပွင့်*လျာ၊ မဟာမဃ၊ *စောဒေဝကား၊ “မကျ တွင်းဟောင်း၊ မှန်လမ်းကြောင်းဖြင့်၊ မစောင်း ဖြောင့်စွာ၊ လိုက်၍့သာလျှင်၊ သမာဓိဝမ်း၊ ဆန်-နှမ်း မြူလောက်၊ မပေါက်စေရ၊ သီလခြေမျိုး၊ မကျိုး ခိုင်စွာ၊ လက်သဒ္ဓါလည်း၊ မနာ*၄င်း၊ ဉာဏ်ဥက္ခောင်းကို၊ မ*ဘောင်းစေဘိ၊ စောင့် သတိဖြင့်၊ ဒိဋ္ဌိ တဏှာ၊ ဒါယကာနှိုက်၊ ဂါဟာ ဂါဟ၊ ကင်းစေမှတည့်၊ ဣဋ္ဌ နိဋ္ဌ၊ ဗဟိဒ္ဓက၊ ဆရမ္မဏာ၊ ထင်ကြလာသည့်၊ ခြောက်ဖြာ အာရုံ၊ ပျိုနုဟုံနှိုက်၊ *ခုံတမင်မင်၊ *ဆောတလျင်သာ၊ မြင်ရာ မြင်တိုင်း၊ မဆိုင်း *ငက်ငက်၊ တမက် တမော၊ လျှာကြော *ငပ်ငါး၊ လွန် လိုလားလျက်၊ လိုက်စားတတ်စွာ၊ ကျင့်ယုတ်မာနှင့်၊ တဏှာ ခြောက်ထွေ၊ ကိုယ်တွင်း နေ၍့၊ ဣန္ဒြေ ခြောက်မျိုး၊ စောင်းရန်း တိုးသား၊ နွားဆိုး ထိန်းကျောင်း၊ *သင်္ခမ်းကျောင်းဝယ်၊ မိကျောင်း ကျင်းဝပ်၊ မြဲးကပ် အောင်းခို၊ ကိုယ်ကို ဆုံး*မ၊ တကိစ္စဖြင့်၊ ဂါ†မ မြို့ထဲး၊ မဝင်ဘဲးတိ၊ *ရောင့်ရဲ ပစ္စည်း၊ လိုတော် နည်းလျက်၊ စောင့်စည်း သိပ်သည်း၊ လူဖြင်ပည်းနှင့်၊ ရောရည်း မလို၊ အိမ်း မဆိုသည်။။ ထိုထို သူကျက် သူစိမ်းတည်း။”(၈)

(၄၂၄) “သူကျက် သူစိမ်း၊ သူခပ်သိမ်းနှင့်၊ မအိမ်း မအည်း၊ မရောရည်းသား၊ ပစ္စည်း လာဘ်သပ်၊ လို မစပ်ဘဲး၊ မအပ်မရာ၊ အဆိပ်စာသို့၊ ပညာ မြင်သိ၊ လောင်းဗောဓိလျှင်၊ ကြဉ်ဘိ ရှောင်လွဲး၊ မသုံး *ဖဲး၏၊”တကွဲး လူဝယ်၊ ကျင့်တသွယ်လည်း၊ “သူငယ် ငိုခြင်း၊ မာန်ပြင်း မိန်းမ၊ စောရ လှံ-ဓား၊ လက်နက်အားနှင့်၊ မင်းကား စိုးရ၊ ဗာလ ငြူစူ၊ အိမ်နေလူလျှင်၊ ကြား-မြင် သုတ၊ သမဏမည်မှန်း၊ ရဟန်း ပုဏ္ဏား၊ သူမြတ်များကား၊ တရား ခန္တီ၊ အား ရှစ်လီတည့်၊ ဤသို့ အကျင့်၊ ရှစ်ဆင့်မြောက်စွာ၊ တိတိက္ခာဟု၊ မဟာဗလံ၊ သူ မစံသည့်၊ ပရမံ တပေါ်၊ အကျော် ထင်ရှား၊ သူတော်အားကို၊ အများ တဘက်၊ ကိုယ် တဘက်သို့၊ နှိုင်းစက် ညီစေ၊ မြေ*တရထည်၊ ဆောက်†တည် လွန်ကဲး၊ နှလုံး မြဲး၏၊ *ခပဲး ထွေပြား၊ “ဤလူများနှိုက်၊ စကားနည်းသူ၊ ထိုသည့်လူကို၊ မတူ လူချင်း၊ နှုတ်ဟင်းလင်းနှင့်၊ ခံတွင်း *မဟဲ့၊ လျှာ*မဲ့ ငါးကောင်၊ အယောင် တုံ*ချက်၊ *မငက်ငက်ဟု၊ အပျက် စောင်းမဲ့၊ ဆို ကဲ့ရဲ့၏၊” “ကျယ်ဘွဲ့ စကား၊ များသူ့အားလည်း၊ ဘွားဘွား သွက်သွက်၊ အမြှုပ်ထွက်အောင်၊ ထန်းရွက် လေခတ်၊ တတဋ်တဋ်ဟု၊ ရေရွတ် မဲ့မဲ့၊ ဆို ကဲ့ရဲ့၏၊” “နှိုင်းရှဲ့သော့အား၊ စကားစမြည်၊ တို-ရှည် သင့်ရုံ၊ ပြောပါတုံလည်း၊ နိ†တုံ နိက္ခ၊ ရွှေပေးရသို့၊ မျှတ အကယ်၊ ကုန်နိုးဘွယ်ဟု၊ လူဝယ် နှုတ်ရွဲ့၊ ဆို ကဲ့ရဲ့၏၊ ပြစ်ဘွဲ့ ဆိုတင်း၊ ကဲ့ရဲ့ခြင်းမှ၊ လွတ်ကင်းသသူ၊ မယှိဟူရှင့်၊” “လူတို့အကြိုက်၊ နတ် မလိုက်နိုင်၊ စရိုက်ယှိတိုင်း၊ လျှာ မထိုင်းဘဲး၊ မဆိုင်း နှုတ်က၊ ပြောတတ်ကြ၏၊ ဉာဏ မဟာ၊ ပဏ္ဍိတာတို့၊ စိတ်မှာ *နှစ်ထောင်း၊ ခြီးမွမ်းရှောင်းက၊ ကောင်း၏ မုချ၊ ဟူထိုက်စွတည့်၊ ဒေါသ မြူ†ရှိ၊ ဘယ်ပြစ် †ယှိဟု၊ သတိ ရွှေဉာဏ်၊ ဝေဘန် ကျင့်သုံး၊ လောကီ့ထုံးကို၊ ယူကျုံး ဝမ်းထဲး၊ အဆုံး စွဲး၏၊” “*မရောင့်ရဲး ပျက်၊ *ရောင့်ရဲး ပျက်နှင့်၊ မရှက် မကောင်း၊ ရှက် မကောင်းဟု၊ ကျမ်းဟောင်း နီတိ၊ မိန့်ဘိ မြွက်ဘော်၊ ပုဂ္ဂိုလ်ခေါ်သား၊ သူတော်မည်မှန်း၊ ရဟန်းတသင်း၊ ပြည့်ရှင်မင်းနှင့်၊ အဆင်း အရွယ်၊ အနွယ် ထိန်းစောင့်၊ မျိုးကောင့်းသမီး၊ ပြည်ကြီး တန်းဆာ၊ လေးဦးမှာလျှင်၊ ငါ ရဟန်းစစ်၊ တမျိုး ဖြစ်ခဲ့၊ စင်စစ် မလွဲး၊ မ*ရောင့်ရဲးသော်၊ ရှက်ကွဲး ကျိုးယုတ်၊ အဟုတ် မှန်စွာ၊ ပျက်စီးရာဟု၊ မညှာ ပစ္စည်း၊ လိုတော် နည်း၍့၊ *သရည်း ခွာရှဲး၊ မြို့-ရွာပွဲးနှင့်၊ ရှောင်လွဲး မကပ်၊ လူ မစပ်တည့်၊”မရပ် ဆွမ်းပန်း၊ ရွှေနန်းပေါ်က၊ သားတော် ဆောင်ပို့၊ ဆွမ်းတို့ဖြင့်သာ၊ ခန္ဓာ ဘူ†တ၊ ဤကာယကို၊ မျှ†တနိုင်ရုံ၊ ရေစာ *+ကျုံလည်း၊ မ*+ကြုံ စိတ်က၊ သဘော ချသည်။။ လောဘ စိတ်မြူ မလိမ်းတည်း။ (၉)

(၄၂၅) မလိမ်း စိတ်မြူ၊ သူတော့်မူဖြင့်၊ အယူ မခွ၊ ဤကာယကို၊ မျှတနိုင်ရုံ၊ ရေစာ ဂ†ကျုံလည်း၊ မဂ†ကြုံ စိတ်က၊ သဘော ချ၏့၊ ဂန္ထ ဝိပဿနာ၊ နှစ်ဖြာ ဓူရ၊ မလုံ့လဘဲး၊ ကိစ္စ မနည်း၊ အလို သည်း၍့၊ *အရည်း မပီ၊ အလဇ္ဇီဖြင့်၊ ဒုဿီ ကျင့်ဆန်း၊ ရှင်ပေါက်ပန်းတို့၊ ရဟန်း *တမင့်၊ မင်းကျင့် ကျင့်က၊ ပျောက်လွင့် *သီတင်း၊ သီလ ကင်း၏၊ ကိုယ်တွင်း ယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တဏှာ *အထည်း၊ လောဘ သည်း၍့၊ ပစ္စည်း လာဘ်-သပ်၊ အပ် မအပ်က၊ ရသမျှကို၊ ပြိတ္တာ့မျိုးစေ့၊ တပွေ့ပွေ့နှင့်၊ *တပ်ပြွေ့ ခင်†မက်၊ ကျင့် လွဲး*လက်သော်၊ ကု†မ္မဂ္ဂဆိုး၊ လမ်းရိုး မမှန်၊ တိရစ္ဆာန်သို့၊ နိဗ္ဗာန် မပေါက်၊ အပါယ် ရောက်လျက်၊ လမ်းကောက် *တိမ်းပင်း၊ ချွတ်ခဲ့ယွင်း၏၊ *အဖျင်း *အသွမ်း၊ ဂုဏ်*မဲ့ နွမ်းအောင်၊ ကိုယ်ဝမ်းမွေးမှု၊ လူ့နှယ် တုလျက်၊ လူပြု လူကျင့်၊ ရှင်နှင့် မတော်၊ ပစ္စည်း မျှော်၍့၊ မလျော် လျောက်ပတ်၊ မြေကြန်တတ်က၊ နက္ခတ်ပညာ၊ စေပါ ဒူတ၊ အင်္ဂဝိဇ္ဇာ၊ တိရစ္ဆာဖြင့်၊ ယုတ်မာ ဝမ်းရေး၊ သက်မွေးကြငြား၊ လေ့ကျက် မှားသည့်၊ ငုံ့စား မော်စား၊ အမြော်စားနှင့်၊ ထောင့်စားခေါ်ရိုး၊ ရဟန်းဆိုးတို့၊ စားမျိုး လေးဖြာ၊ မိစ္ဆာဇီဝ၊ နေသနလည်း၊ စိတ်မျှ တရံ၊ အကြံ မဆန်း၊ မှဲ့ မစွန်းတည့်၊ တခန်း †ထို†မှ၊ ပြည်†မ တန်းဆာ၊ လင်ကွာ မိန်း†မ၊ မုဆိုး†မနှင့်၊ ဟိုင်း†မ ပျိုကြီး၊ တသီး သွင်ယုတ်၊ ပဏ္ဍုက် ဘိက္ခုနီ၊ တလီ ထိုနောက်၊ သေသောက်အိမ်ခေါ်၊ အပ် မလျော်သား၊ ဆ ဂေါ်စရ၊ ခြောက်ဌာနနှိုက်၊ သီလ ချစ်ခင်၊ သူတော်စင်တို့၊ ကျွမ်းဝင် ဘယ်ခါ၊ မပြုရာတည့်၊ ပြုပါတပြီး၊ ခရီး ကုန်း†ကြောင်း၊ ဖုံထောင်းထောင်းနှိုက်၊ မိ†ကျောင်း ကြည်းတင်၊ ဖြစ်တတ် ကျင်၏၊ သို့လျှင် မအပ်၊ ဆွမ်း ခြောက်ရပ်လည်း၊ မစပ် မစွန်း၊ မြူ မသန်းတည့်၊ ရဟန်း ရဟန်း၊ မည် ပြဌာန်းလျက်၊ ရဟန်းဟူလစ်၊ ခေါ်ရာ ဖြစ်ရုံ၊ *စံနစ် ခေါက်ချိုး၊ ချုပ်ရိုး ခန်းခန်း၊ ဖန်ရည်စွန်းသား၊ သင်္ကန်း ဝါဝါ၊ ဦးပြည်းကာဖြင့်၊ ပညာ ကင်းပ၊ သီလ *မဲ့မျိုး၊ အတွင်းဆိုးကား၊ အကျိုး တစိ၊ ဘယ်မှာ ယှိလိမ့်၊ မော်မိ မော်မန်း၊ နေကာ ဆန်းနှင့်၊ ရဟန်းကျင့်ဝတ်၊ တပါး ချွတ်က၊ လူ-နတ် မကြိုက်၊ ကဲ့ရဲ့ထိုက်၏၊ နောင်နှိုက် ချမ်းသာ၊ နတ်ရွာ မဂ်-ဖိုလ်၊ ကိုယ်လျှင် လိုက၊ သူ့ကို မတု၊ ကုသိုလ်မှုနှိုက်၊ ကိုယ်ပြု ကိုယ်ကြွ၊ ကိုယ် လုံ့လ၍့၊ ကိုယ်ထ ကိုယ်နှိုး၊ ကိုယ် အားကြိုးမှ၊ ကိုယ်†ကျိုး ကိုယ်သာ၊ ကိုယ် ပြီးရာ၏၊ ကိုယ့်တာ ကိုယ့်ဝန်၊ မလွန်စေထိုက်၊ ကိုယ် အားစိုက်ဟု၊ ဉာဏ်နှိုက် မြော်ဆ၊ သဘောရလျက်၊ ဗြဟ္မစာရီ၊ လေ့ ဝသီနှင့်၊ ယောဂီတို့ထုံး၊ မြတ်နှလုံးကို၊ ပိုက်ကျုံး ဝမ်းတွင်း၊ ယူ ဖြောင့်စင်းသည်။။ ပြစ်ကင်း မိစ္ဆာ *မုဒိမ်းတည်း။ (၁၀)

(၄၂၆) အတြိစ္ဆာ၊ မဟိစ္ဆာတိ၊ “အဘိဇ္ဈာဓာတ်၊ ဒေါမနသ်ဖြင့်၊ မပြတ် ဘိစီး၊ အလိုကြီး၍့၊ ဖြစ်ပြီးကို တွေး၊ မဖြစ်သေးဟု၊ ရေးရေး မျှော်ဆ၊ တတောင့်တနှင့်၊ ကြောင့်ကြ စိုးပူ၊ တတ်သောသူတို့၊ မီးတူ ပြောင်ပြောင်၊ နေ့တိုင်း လောင်လျက်၊ သားချောင် သွေးခန်း၊ ကိုယ် မလန်းဘဲး၊ မကျန်း မမာ၊ လူ သေနာသို့၊ ရုပ်ဝါ မ†လှ၊ ဆိုးတတ်ကြ၏၊” “ကာ†လ ဝတ္တမာန်၊ ပစ္စုပ္ပန်နှိုက်၊ တော်တန်ရုံစွ၊ ရသမျှနှင့်၊ အားရ အမြဲး၊ *ရောင့်ရဲးတတ်သူ၊ ထို ရှင်-လူကား၊ မပူ မပင်၊ လွန်ကြည်လင်ရှင့်၊ သို့လျှင် နှိုင်းညှိ၊ ကျိုးပြစ် သိတိုင်း၊ ဗောဓိညွန့်လူ၊ ဗုဒ္ဓင်္ကူလျှင်၊ ဟူမိ*ကနား၊ မဆုတ်ရှားဘဲး၊ တရားကိုသာ၊ လွန်စွာ မမေ့၊ အားထုတ် မွေ့၏၊” “ရသေ့ ရဟန်း၊ ကျင့်ခန်း သိမ်မွေ့၊ ပြကတေ့ကား၊ ရှင်လေ့ ရှင်မှု၊ ကိုယ်တခုပြင်၊ ဝတ္ထု ပစ္စည်း၊ သိမ်းဆည်း ကြွက်လို၊ စု မသိုဘဲး၊ တကိုယ် တဝမ်း၊ ဖုံးလွှမ်းကာမျှ၊ နည်း ကိစ္စဖြင့်၊ အဋ္ဌ နဝ၊ ဒသ တဖြာ၊ ဧကာဒသ၊ ဒွါဒသဟု၊ ဤမျှ ပရိက္ခရာ၊ ကိုယ်တွင် ပါ၍့၊ သွားရာ ဆောင်လျက်၊ ငှက်၏့ ပမာ၊ ဝန်ပေါ့စွာနှင့်၊ တဏှာ လော့လှမ်း၊ တောင်းရမ်း ဘွေရှာ၊ မလေ့လာတည့်၊” “မာတာ ပိတ၊ မိနှင့် ဘပင်၊ ဖြစ်ထစေကာ၊ ခါခါ မပြတ်၊ တောင်းရမ်းတတ်က၊ လေးမြတ် *မဲ့စွာ၊ စေတနာနှင့်၊ မေတ္တာ မပွား၊ လွန် မုန်းခါး၏၊” “နဂါးမင်း၏့၊ လည်ပင်း ဆွဲး-ဆင်၊ မျက်ရှင် မြသား၊ ပတ္တမြားကို၊ တောင်းငြားသည့်တွက်၊ ကြည်ညို ပျက်၍့၊ အသက်ဆုံးအောင်၊ မကပ် ရှောင်သည်၊ ညီ-နောင် နှစ်ပါး၊ ရသေ့များသို့၊ မုန်းထား ကြီးစွာ၊ ဖြစ်တတ်ရာ၏၊” “ဂုဏ်*ဝါ မကောင်း၊ မျက်နှာ ယောင်း၍့၊ တောင်းတတ်သူသည်၊ ငိုသော မည်၏၊ မကြည် မဖြူ၊ မပေးသူလည်း၊ ထိုတူ ခေါ်လေ့၊ ပြန်၍့ ငိုသည်၊ သူပင် မည်၏၊ စိတ်ကြည် မနူး၊ နှစ်ဦး နှစ်ဝ၊ တူအမျှပင်၊ ဒေါသ မလွတ်၊ ဖြစ်သတတ်ကြောင့်၊ သူမြတ် သူ*လျာ၊ သူတော်စွာတို့၊ ဗာရာပြည့်ရှင့်၊ တကာစင်လျက်၊ လက်တွင် ကိုယ်ယူ၊ တော*သလူရွက်၊ ထီးတလက်နှင့်၊ သက်သက် တထပ်၊ လွှာဘိနပ်မျှ၊ လိုအပ်လျက်ကဲ့၊ ခံတွင်း *မဲ့သို့၊ ဆဲ့နှစ်နှစ်ကျော်၊ တိုင်အောင်သော်လည်း၊ နှုတ်တော် မလှစ်၊ မတောင်းဖြစ်တည့်၊” “ရှင်ချစ် ပွင့်မှန်၊ သန္ဓေဉာဏ်နှင့်၊ သူ*မွန် ဇာတိ၊ ရာဇိသိမြတ်၊ ဗောဓိသတ်လည်း၊ ဝိညတ်ဟူသည်၊ လူ မကြည်ညို၊ မဲ့ကာ ငိုသို့၊ ကုသိုလ် မဖြစ်၊ သဘော စစ်က၊ အချစ် ပျက်ရေး၊ သူ မုန်းဆေးဟု၊ ချင့်တွေး *စာနာ၊ ရံတခါမျှ၊ နှုတ်လျှာ လျပ်†ပေါ်၊ မြွက် မ†ဘော်သည်။။ ဉာဏ်တော် ရွှေစိတ် ချောက်ခြိမ်းတည်း။”(၁၁)

(၄၂၇) “ရှင်ဆိုး ရှင်ညစ်၊ ရဟန်းဖြစ်လည်း၊ စင်စစ် ယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တကာ လူ*ဗိုလ်၊ ခြီးမွမ်းဆိုနှင့်၊ ထိုထို *ဖြင်ပည်း၊ ပစ္စည်း လာဘ်ကို၊ တောင့်တ လို၏၊ လိုသည့် *ရမ္မက်၊ ကြံ ဝိတက်ကြောင့်၊ အုတ်ကျက် အုန်းအင်း၊ ကြော်ငြာလျှင်း၍့၊ သတင်းပေးကာ၊ ဒေသစာဖြင့်၊ မြို့-ရွာ ဇနပိုဒ်၊ နယ် တိုက်တိုက်ကို၊ လိုက်၍့ ဖျက်ဆီး၊ ခိုးသူကြီးသို့၊ ရံသီး များစွာ၊ ပရိဝါနှင့်၊ မလိမ္မာသူ၊ ရှင်လူ ဗာလ၊ အပ္ပသုတ၊ မိန်းမ ယောက်ျား၊ သူတို့အားလျှင်၊ လှည့်ဖြားသမှု၊ သက်မွေး ပြုလျက်၊ ရှင်တု ရှင်ဝါ၊ မဟာစောရ၊ ရှင်ဓားပြတို့၊ ပါပ ကျင့်မျိုး၊ အလိုဆိုးဖြင့်၊ အကျိုး *မဟဲ့၊ မိုက်သင်း ဘွဲ့၍့၊ ငရဲ့းစီးပွား၊ ရှာသော့လားသို့၊ တရား တရား၊ တဟားဟားနှင့်၊ ပြစ်များ *ပြောတုံ၊ တောင့်နှယ် ပုံ၏၊” “အာရုံ ဆိတ်ရာ၊ သုညာဂါ†ရ၊ အရညနှိုက်၊ ကာ†ယ စိတ္တ၊ ဝိဝေကကို၊ ရလိုသော့ပုံ၊ အချို့တုံကား၊ *ရဂုံ တောခွင်၊ ဝင်၍့ ခိုငြား၊ ဆွမ်းခံစားလျက်၊ ခေါင်းပါး ဟာရ၊ ဝမ်းလျလျနှင့်၊ ရသမျှဟူ၊ စပ်ဆည်းဆူ၍့၊ ပံသုကူ ဝတ်ရုံ၊ နေပါတုံလည်း၊ ပြာပုံ ခဲးကျ၊ ထောင်းထောင်းထသို့၊ ဥဒ္ဓစ္စ တုံး၊ နှလုံး မတည်၊ *ခိုင်ကျည် *မဲ့လျှင်း၊ စောင့်စည်း ကင်း၏၊” “ခံတွင်း နှုတ်ဆော့၊ ကျင့် *သွမ်းသော့လျက်၊ တမော့ ကြွားကြွား၊ တလွှားလွှားနှင့်၊ တရား ဟောယောင်၊ ချို့ ရှင်ပြောင်လည်း၊ တောင်တောင် မြောက်†မြောက်၊ ပင့်†မြှောက် ချနှိပ်၊ ရောင်ရိပ် ဝဲးရစ်၊ လာဘ်ကို ညှစ်လျက်၊ ဗလစ် ဗလစ်၊ နှုတ် မထစ်ဘဲး၊ မဆစ် မဆိတ်၊ မတိတ် အသံ၊ တညံညံဖြင့်၊ တရံ မစဲး၊ ဘွာစိကြဲး၍့၊ နှုတ်ရဲး လျှာရွ၊ တချို့ကမူ၊ မာန တောင်နီး၊ တက် ဘိစီး၍့၊ ထေရ်ကြီး ဝါကြီး၊ သိက္ခာကြီးအား၊ ခရီး လမ်းကြား၊ တွေ့ကြုံငြားလည်း၊ လေးစား မဲ့ဘိ၊ အတိမာနီ၊ မချီ လက်အုပ်၊ မတုတ် မကွ၊ ဦး မချဘူး၊ ဝေးက ကြဉ်ဖဲး၊ တိမ်းရှောင် လွှဲး၍့၊ တပွဲး ထွက်-ဝင်၊ ငါ့ပြင် မယှိ၊ ဟူဘိ ဝါဝင့်၊ မလျော် ကျင့်၏၊ သမင့်အလား၊ တော သစ်-ကျားနှင့်၊ တောသားတို့သွင်၊ ဘယ် ကျိုးထင်လိမ့်၊ ရှင်ပင် *တပဲး၊ ငရဲး ပြိတ္တာ၊ ဖြစ်တတ်စွာရှင့်၊” “တကာ တကာမ၊ ဒုပ္ပညတို့၊ မြှောက်ကြွ အုံလှည့်၊ ကူညီ ဖြည့်လျက်၊ သူ၏့ဆရာ၊ ငါ့ဆရာဟု၊ တဏှာ ရောရှက်၊ မာန တက်၍့၊ သူ့ဘက် ငါ့ဘက်၊ တီးလက် ဆော်ရိုက်၊ နွားကို တိုက်သို့၊ အမိုက် ပွဲးခံ၊ ပါပကံဖြင့်၊ အုန်းညံ ဝိုင်းညာ၊ ပြုကြခါဝယ်၊ ဆရာ ကြက်ဖျင်း၊ ပညာ ကင်းတို့၊ အတင်း စောင်၍့၊ နွားနှယ် ဝှေ့၏၊ ဝှေ့သည့်အလိုက်၊ အပြင်း တိုက်သော်၊ နွားမိုက် ကံဆိုး၊ ဦးချို ကျိုးက၊ ထမ်းပိုး မှုတ်ကာ၊ *ကြမ္မာ ချွတ်လွဲး၊ ဥက္ခောင်း ကွဲးက၊ အမဲး စားကာ၊ ဘယ်သူ နာလိမ့်၊ လွန်စွာ မိုက်†လှ၊ နွားဗာ†လသာ၊ သေရရုံ+တိ၊ ကျိုး မယှိဘူး၊” “စုတိ ပျက်စီး၊ သေခါနီးနှိုက်၊ တွတ်တီး တွတ်တာ၊ ထိတ်လန့်စွာဖြင့်၊ သိက္ခာ စွန့်ယောင်၊ ဝါ စွန့်ယောင်နှင့်၊ ကတောင် ကချောက်၊ ပတောက် ပရစ်၊ မိုဃ်းကြိုးပစ် ခါ၊ လက် ဆီးကာသို့၊ ထွေရာ စွဲးလမ်း၊ ဆို ယောင်ယမ်း၍့၊ မြည်တမ်း ဟိန်းဟဲး၊ တညဲးညဲးနှင့်၊ ငရဲးမီးပူ၊ အမွေ †ယူလျက်၊ ရော†ရူ ဝီစိ၊ အောက်သို့ ထိအောင်၊ ကျဘိ ခြုတ်ခြုတ်၊ ခံ ကြမ်းကြုတ်ပြီး၊ ဂိဇ္ဈကုဋ်တောင်၊ မှိုင်းမှောင် ညို့ညို့၊ ပြိတ္တာမြို့ဝယ်၊ ရှင်တို့ စခန်း၊ ကြိုး ခါးပန်းက၊ သင်္ကန်း ပြောင်ပြောင်၊ မီးအရောင်နှင့်၊ ကျီးကောင် လင်းတ၊ သိမ်းစွန် စသည့်၊ ဆိတ်ဆွ ဆွဲးငင်၊ ကောင်းကင် ထက်ဝန်း၊ ပြေး ပျံသန်း၍့၊ ရဟန်းပြိတ္တာ၊ တဝါဝါလျှင်၊ မဟာဒုက္ခ၊ ပြင်းပြ ကြွက်ဆူ၊ ဟစ်ကြွေး ဦ၍့၊ ကယ်သူ မမြင်၊ ပူပင် နွမ်းညှိုး၊ ထိုရှင်ဆိုးတို့၊ ကိုးရိုး ကားရား၊ အပါယ် လားသည်။။ မမှား မှတ်နာ အိမ်းအိမ်းတည်း။”(၁၂)

(၄၂၈) ဓမ္မိယာလဒ္ဓ၊ လိုလို ရနှင့်၊ မိ-ဘ မျိုးစစ်၊ လှူသည် ဖြစ်လည်း၊ ပစ္စဝေက္ခဏာ၊ ပညာ သုတ်သင်၊ မဆင်ခြင်ဘဲး၊ ရှင် ရဟန်းများ၊ သုံးဆောင် စားမူ၊ လေးပါး ပါယ်ထဲး၊ ငရဲး ပြိတ္တာ၊ မလွတ်ရာဟု၊ ကျမ်းလာအရ၊ ရွှေဉာဏ် ဆ၍့၊ သိထ ကြည်ယုံ၊ ထင်တုံ မှတ်ယူ၊ ပဋိကူဖြင့်၊ မည်သူ မသင်၊ ကိုယ်တော်ပင်သာ၊ ဆင်ခြင် ပစ္စဝေက်၊ ဉာဏ်ဖြင် စစ်လျက်၊ ကျင့်ချစ် သိမ်မွေ့၊ သူတော်လေ့ကို၊ အောက်မေ့ အမြဲး၊ *မရောင့်ရဲးဘဲး၊ ဖအဲး သျှင်*မွန်၊ ကြိုး အား*သွန်၏၊” “မမှန် လမ်းရိုး၊ ချို့ ရှင်မျိုးလည်း၊ တောတိုး ဝသီ၊ ဗာဟီ စရိုက်၊ စိတ်လိုလိုက်လျက်၊ ရွှေသိုက် ငွေသိုက်၊ မြေသိုက် အဂ္ဂိရတ်၊ ဘူမိရတ်နှင့်၊ မှော်-နတ် အင်း-အိုင်၊ ဆေးဝါး ကိုင်သား၊ မဆိုင် သန့်သန့်၊ ရှင်နှင့် *ဆန့်လျက်၊ ရဟန်းသိက္ခာ၊ မဟုတ်ရာနှိုက်၊ လေ့လာ ထုံမှု၊ အားထုတ် ပြု၏၊ ကံနု ဉာဏ်နု၊ အမြင် နုသား၊ ဗဟုဿု နည်း၊ အရည်း မည်ရုံ၊ ဖန် ဝတ်ရုံလျက်၊ စားရုံ အိပ်ပြု၊ ရှင်တစုလည်း၊ စက္ခု သောတ၊ မနဟူပေ၊ ဣန္ဒြေ ခြောက်ပါး၊ မစောင့်ငြားဘူး၊ တရား *မဲ့စွာ၊ သင်္ကန်းဝါနှင့်၊ ပညာ မယှိ၊ သတိ မမူ၊ ရွာသူတကာ၊ ဝိသဘာဂ၊ မြင်သမျှနှိုက်၊ လောဘ လိုလွန့်၊ ရှက် မတွန့်ဘဲး၊ ဗုဇွန့်မျက်စိ၊ ထွက်လိလိဖြင့်၊ ရာဂဂ္ဂိ ပွား၊ ဘက်သတ် ယား၍့၊ အိုးကား မပူ၊ *ဖုံးဖွက် ပူဟု၊ ပုံတူ *တမျှ၊ တည် မရဘူး၊” “အန္ဓဗာလ၊ အချို့ကကား၊ သမဏသညာ၊ သက်သက် ကွာလျက်၊ ရှင်ဝါ ပရိဗိုဇ်၊ အကြံမိုက်ဖြင့်၊ ညနှိုက်ကား လူ၊ နေ့မူ ရဟန်း၊ အကျင့် ဆန်းနှင့်၊ သင်္ကန်း သပိတ်၊ ပရိက္ခရာ၊ ဆောင်ကာ ဝမ်းရေး၊ အသက်မွေး၏၊ မိုက်သွေး မူးသွေး၊ သားဆေးရည်ပုံ၊ နှလုံး ငုံလျက်၊ မောဟုမ္မတ္တက၊ စာရ ကျင့်ဆိုး၊ ထိုရှင်မျိုးတို့၊ မရိုး ဝမ်းတွင်း၊ မဖြောင့်စင်းသား၊ အဖျင်း စင်စစ်၊ သဘောညစ်ဖြင့်၊ ကောက်ကျစ်လက္ခဏာ၊ ပမာတူနှိုင်း၊ ထွန်ကိုင်းအလား၊ အဖျား ကောက်ကွေး၊ လ,ရေးသဖွယ်၊ အလယ် ကောက်ခြင်း၊ မကြွင်း ထိုမျှ၊ သုံးဌာနလုံး၊ စ,က ဆုံးရောက်၊ နွားသေးကောက်သို့၊ အကောက် သုံးပါး၊ ကျင့် ပြောက်†ကျားလည်း၊ ကြိုး†ကြား မယှဉ်၊ သမ္ပဇဉ်နှင့်၊ အစဉ် မြဲး၍့၊ ထွက်ကဲး ပွင့်ရန်၊ သဘော *မွန်၏၊ လျှာကျွန်လိုက်ငြား၊ လျှာများများနှင့်၊ *ငပ်ငါး ခံတွင်း၊ ဟင်းလင်း မပိတ်၊ လောဘစိတ်ဖြင့်၊ အဟိတ် ပေတ၊ မဝနိုင်သီး၊ စပါးကြီးမြွေလို၊ ရတိုင်း မျိုသော်၊ ဤကိုယ် နောက်*နစ်၊ ဘေးကြီး ဖြစ်လိမ့်၊”စင်စစ် အမှန်၊ မြင်တော်သန်၏၊ ဝမ်းကျွန် မခံ၊ လောင်းဘုန်းလျှံကား၊ တရံ တဘန်၊ အလွန် လေးမြတ်၊ သြဇာ ထက်၍့၊ နှစ်သက်စဖွယ်၊ ရသာ ကြွယ်လည်း၊ လျှာလယ် လျှာရင်း၊ ခံတွင်းသို့ ရောက်၊ ညှီငေါက် အာစေး၊ ချွဲး တံ†တွေးနှင့်၊ ရော†ထွေး စိစပ်၊ မရှုအပ်ကြောင့်၊ ဖပ်ဖပ် မရွှင်၊ ပျို့အံ့ ထင်လျက်၊ မခင် မမက်၊ ကန္တာနက်နှိုက်၊ မကျက် စိမ်းဝါး၊ သာ့းအသားကို၊ စားသည့် မိ-ဘ၊ ပမာဏသို့၊ ဝမ်းဝ လိုလား၊ မျို မစားဘဲး၊ လေး-ငါးလုပ် တန်၊ ရေဘို့ ချန်၍့၊ သူ*မွန် နှလုံး၊ ဆောက်တည် သုံးသည်။။ ရှေးထုံး ကျင့်စဉ် မတိမ်းတည်း။ (၁၃)

(၄၂၉) ရှေးထုံး ကျင့်စဉ်၊ ကျင့်ဟောင်း ယှဉ်လျက်၊ သမ္ပဇည၊ ဂီဝါရသည့်၊ လောင်းလှ ရွှေကိုယ်၊ မြတ်ဘုန်းမိုကား၊ “အိပ်လို ရဟန်း၊ စားလို မှန်းသော်၊ *ပုစ္ဆန်း လုပ်ကြ၊ လောက လူ*ဗိုလ်၊ *ဥဒါန်း ဆိုလည်း၊ ထိုသို့ မဟုတ်၊ ကြံ ဝိသုဒ်ဖြင့်၊ ဝိမုတ် ရှေးမျှော်၊ *လို ကျူးကျော်၏၊ မော်မော် မန်းမန်း၊ ကြံ မဆန်းဘဲး၊ ရဟန်းကျင့်ဝတ်၊ တပါး တတ်က၊ လူ-နတ်တကာ၊ ပူဇော်ရာသား၊ သိက္ခာ သုံးထပ်၊ ကျင့်ထုံး နပ်သို့၊ မြဲးကြပ် စိတ်တော်၊ ကိုယ်ထူး ပျော်၏၊” “မတော်မ*တကာ၊ ကျင့်ဆိုးစွာသည့်၊ ယုတ်မာ ဒုဿီ၊ အလဇ္ဇီကာ၊ နံညှီသတင်း၊ မကောင်းခြင်းဖြင့်၊ *ဘင်တွင်း စက်ဆုပ်၊ ကောင်ပုပ်အတူ၊ ရွံဘွယ်ဟူ၍့၊ ရှင်-လူ*တကာ၊ မရှုသာဘဲး၊ မျက်နှာ တိမ်းငုံ့၊ ကြားတိုင်း ရှုံ့၏၊” “နုံ့သည် ဉာဏ၊ သုတ မယှိ၊ သီလ ယှိက၊ သီလအတွက်၊ နှစ်သက်ကုန်ကြ၊ ခြီးမွမ်းရ၏၊ သီလ မယှိ၊ သုတ ယှိသော်၊ တတ်သိ ချည်းနှီး၊ ကျိုး မပြီးဘူး၊ မခြီးမွမ်းကြ၊ ကဲ့ရဲ့ကြ၏၊ သုတ သီ†လ၊ စွယ်စုံ †လှမူ၊ ထိုသသူကို၊ နတ်-လူ ကောင်းခြီး၊ အံ့ မပြီးဘဲး၊ မငြီး ရှုမျှော်၊ ရှိ ပူဇော်၍့၊ ကောက်ရော် ဦးခိုက်၊ ခြီးမွမ်းထိုက်ရှင့်၊”မှတ်ပိုက် မှန်လှ၊ လောက လူ့ထုံး၊ စပါးလုံးလေး၊ ခေါ် တရွေးတည့်၊ နှစ်ရွေး တပဲး၊ ဆယ်ပဲး တအက္ခ၊ ရှစ်အက္ခမူ၊ မှတ်ယူ ဓရဏ၊ ပ ဉ္စဓရဏ်၊ တသုဝဏ်ဖြင့်၊ သုဝန် ငါးဆ၊ တနိက္ခတည့်၊ နိက္ခ ချိန်ညီ၊ စံ မမှီအောင်၊ သိင်္ဂိနတ်သုံး၊ ရွှေစင်တုံးကား၊ တလုံး တခဲး၊ ထိန် ရဲးရဲးနှင့်၊ မကွဲး မပပ်၊ လွန် စေ့စပ်၍့၊ အကျပ် တရာ၊ တပိဿာဟု၊ သင်္ချာ မယုတ်၊ လူ*အစုတ်တို့၊ သမုတ် ပြစ်ဘွဲ့၊ ကဲ့ရဲ့စရာ၊ ပစ္ဆာ ဒေါသ၊ ရှာ မရသို့၊ သီလဂုဏ်ပေါင်း၊ လွန်မြတ်ကြောင်းကို၊ အလောင်းမင်းကျော်၊ မြင်သိ မြော်၍့၊ ကရော် ကမည်၊ တ*ကျည်ကျည်နှင့်၊ လော်လည် မြူးရွှင်၊ မလေဘင်တည့်၊ “မြေပြင် ရေပြင်၊ ဥမင် လိုဏ်ခေါင်း၊ *ပုပ္ပေါင်း တောချုံ၊ *ရဂုံ *မြိုင်တွင်း၊ လူမြင် ကင်းလည်း၊ ချွတ်ယွင်း စာရ၊ ဒုဿီလ၏့၊ ပါပဝတ္ထု၊ မကောင်းမှုကို၊ ပြုရပ် ပြုရာ၊ မယှိစွာဘူး၊ လူသာ မမြင်၊ နတ်များ မြင်ခဲ့၊ လူလျှင် မသိ၊ နတ်များ သိကြောင့်၊ နတ္ထိ ရဟော၊ ရှင်တော် ဟောတိုင်း၊ သဘော ထိထိ၊ မှတ်ယူ သိ၍့၊ ဟိရီ့ သြတ္တပ်၊ စောင့်စည်း ကြပ်လျက်၊ တည်းကွပ် ကိုယ်ပင်၊ ကိုယ်ကို သင်၏၊” “ရှင်သော် ရှင်မှု၊ ရှင်ပြု ရှင်ဖြစ်၊ ရှင်စစ် ရှင်†ကျိုး၊ ယှိစနိုးအောင်၊ အား†ကြိုး နေ့-ည၊ ကျင့် လုံ့လဖြင့်၊ ဒုက္ခနှင့်သာ၊ ရင်းနှီး ရှာသော်၊ ချမ့်းသာ စည်*ဖြီး၊ သုခ ပြီးဟု၊ *အတီး ရှေးက၊ ပေါရာဏတို့၊ မိန့်ကြသော့တိုင်း၊ နည်းယူ ခိုင်းမှ၊ *ကြန့်ထိုင်း မယုတ်၊ အားသွန် ထုတ်ပြီး၊ သတ္တုတ္တမော်၊ တု မမြော်သည့်၊ ဘုန်းတော် ဣဿရိ၊ ဓိပတိနှင့်၊ မုနိ ထွတ်ထား၊ ဘုရားတို့သာ၊ စိုးပိုင်ရာသား၊ အာဏာတော်စက်၊ ရွှေနှုတ်နက်ကို၊ တချက်တည်း ညှိ၊ လုံးစုံ သိသို့၊ မိမိသီလ၊ စာရိတ္တနှိုက်၊ နိစ္စ မပျက်၊ တည် မဖျက်သည်။။ ကိုယ်သက် စွန့်အံ့ ကြံကြိမ်းတည်း။ (၁၄)

(၄၃၀) ကိုယ်သက် စွန့်ပစ်၊ ဥကို ချစ်သား၊ ယစ်မ နှိုင်းစံ၊ မြီးဆံ ခင်တတ်၊ အသက် မှတ်သည့်၊ သားမြတ် စာမြီ၊ ရွှေဧဏီသို့၊ *တညီ နှုန်းညှိ၊ မြတ်ဇာတိဖြင့်၊ စောင့်ဘိ မယုတ်၊ ကိုယ်-နှုတ် နှစ်ဘော်၊ မကျူးကျော်ဘဲး၊ ဉာဏ်တော် ထွင်းသိ၊ ဆင်ခြင်မိ၏၊ “အသိ ကင်းလျက်၊ အဖျင်း *ရောရု၊ အပျင်းမှုနှင့်၊ အတုအပ၊ ရှင့်ကိစ္စနှိုက်၊ ကျင့်ကြ ရော်မှန်း၊ ကျင့်ကာ ဆန်းကား၊ မျက်ကာန်း လမ်းသွား၊ အမှားမှားဖြင့်၊ များ၏ ချွတ်ချော်၊ ရေနှိုက် မှော်သို့၊ လျပ်ပေါ် ရွေ့ရှား၊ တရား ဂတိ၊ မြဲး မယှိဘူး၊ ပြုမိ ပြုရာ၊ ပြုတတ်စွာ၏၊” “ပညာသာ*ဟဲ့၊ သိက္ခာ *မဲ့လည်း၊ ကဲ့ရဲ့စရာ၊ *ပြစ်ဆာ မကင်း၊ မကြိုင်သင်းသည့်၊ အဆင်း လှဆန်း၊ ပွင့် ပေါက်ပန်းသို့၊ ရဟန်းမည်ကာ၊ သင်္ကန်း†ဝါနှင့်၊ ဂုဏ်†ဝါ နတ္ထိ၊ ကဲ မယှိဘူး၊” “စိုးစိ မှားမှောက်၊ ကျင့် ယွင်းဘောက်က၊ မျောက် သစ်ကိုင်း†လွှတ်၊ ကျလေ †လွတ်သို့၊ မချွတ် အမြဲး၊ သူတော်ပွဲးမှ၊ သင်းကွဲး မဝင်၊ ဘော်*မဲ့ ပြင်ဝယ်၊ ရှင်လည်း မဟုတ်၊ လူမဟုတ်နှင့်၊ ဘုတ်လည်း မမည်၊ ပူ မမည်သို့၊ ထေရ်စဉ် ဝါစဉ်၊ မယှဉ်လိုက်ရ၊ ဂိုဏ်း အပဖြင့်၊ ကာမ ဘောဂါ၊ လူ့ချမ်းသာလည်း၊ ကင်းကွာ ဝေးစွ၊ သမဏ၏့၊ သုခလည်း ရှုံး၊ ခေါင်းတုံးသာလျှင်၊ အဖတ်တင်လျက်၊ ရှင်ပင် ပြုထ၊ ကျိုး မလှတည့်၊”ရာဇမတ္တဏ်၊ ကျမ်းဂန် *အတီး၊ လာဟန် မှီး၍့၊ *ကုမ္ဘီးထမင်း၊ ကိုယ့်ထံရင်းနှိုက်၊ ခင်းကျင်း မပျက်၊ ထားပါလျက်ကို၊ နှစ်သက် လိုရာ၊ ယူကာ ဆတ်ဆတ်၊ မစားတတ်သည့်၊ အသဒ္ဓဘောဇိ၊ မည်ယှိ ခေါ်ငြား၊ သူသေ့လားသို့၊ တရား ဆက်ဆက်၊ ယှိလျက် *တပဲး၊ မှီဝဲး ကျိုးနွံ၊ ဆရာ့ထံဝယ်၊ နည်းခံ ကျင့်ခြင်း၊ သက်သက် ကင်းသည့်၊ ရှင်ပျင်းတို့နှယ်၊ လောင်းဘုန်းကြွယ်လျှင်၊ *ယိုးမယ် တစိ၊ ပြစ် မယှိဘူး၊ ပျင်းရိ မေ့လျော့၊ မပေါ့ ထကြွ၊ သီလစောင့် ကင်း၊ အိပ်ခြင်း လိမ့်လူး၊ တရှူးရှူးတိ၊ ကျေးဇူး မလှ၊ ဆိဒ္ဒတာဝ၊ သုတ္တန် ပြတိုင်း၊ “အပ အတွင်း၊ ဆီးဆို့ ကင်းသည့်၊ ဟင်းလင်း ထုတ်ချောက်၊ ဤခြောက်ပေါက်ကို၊ ထက်-အောက် ပိတ်ချုပ်၊ ချ မင်း†တုပ်သို့၊ ပိုက်†ထုပ် ကိုယ်ကြပ်၊ အမြဲး ကပ်၍့၊ မလပ်တုံဘိ၊ တည်နေယှိသား၊ သတိဟုဆို၊ တံခါးဗိုလ်ဖြင့်၊ ဤကိုယ်မြို့တွင်း၊ စောင့် မကင်းတည့်၊ ဝင်ခြင်း ထွက်ခြင်း၊ ရန်*ခပင်းတို့၊ အလျဉ်း ဘယ်ခါ၊ မရသာအောင်၊ သေချာ ပိတ်-တား၊ ကျည်းသေ ထားသို့၊ တရား လက်ယှိ၊ သတိ ပညာ၊ *စူဖာ ထေး-ဆို့၊ လုံစေမျို့မှ၊ မည်သို့ မလျော်၊ မည်သို့ တော်ဟု၊ လော်လုပ္ပစာ၊ တဏှာ နှိပ်စက်၊ မာန် မတက်ဘဲး၊ မမက် ဟာရ၊ ရွှေဉာဏ် ဆလျက်၊ နေဝ ဒဝါ၊ န မဒါနှင့်၊ ခန္ဓာ မပျက်၊ မျှကာ သက်ဖြင့်၊ တရက် တကြိမ်၊ လေနှိမ် ဝမ်းပူ၊ ငြိမ်းရုံဟူသည်၊ ရှစ်ဆူ ကျိုးဆက်၊ ရှင်တော် မြွက်သို့၊ နှစ်ချက် မသုံး၊ ကျေးမင့်းထုံးကို၊ နှလုံး ထား၍့၊ ခေါင်းပါး ရေစာ၊ မျှရုံသာလျှင်၊ ယထာလာဘ၊ သန္တောသဖြင့်၊ ရရသရွေ့၊ *ရောင့်ရဲး မွေ့သား၊ တနေ့ မပြတ်၊ ဧကဘတ်နှင့်၊ ကျင့်မြတ် *ခြိုးခြံ၊ လွန် *အားသံလျက်၊ ဗြဟ္မံစရိယ၊ ကိစ္စ အထူး၊ ဖြည့် ဆည်းပူးသည်။။ ကျေးဇူး ဂုဏ်နက် ပြည့်*ရှိမ်းတည်း။”(၁၅)

(၄၃၁) ပြည့် †ရှိမ်း ဂုဏ်နက်၊ ကျေးဇူး တက်၍့၊ မပျက် *သီတင်း၊ ရွှေနှယ်ဝင်း၏၊ “ဝမ်းတွင်း မကောင်း၊ ရှင်အပေါင်းကား၊ ကိုယ့်ကျောင်း ကိုယ့်ကံ၊ ကိုယ့်ဗိ†မာန်ဟု၊ အ†မှန် တစိ၊ ရလာယှိက၊ မိမိ နေရာ၊ ဝန်တိုစွာသား၊ အာဝါသမစ္ဆေရ၊ ကံပါပဖြင့်၊ ဘဝပြောင်းခါ၊ ပြိတ္တာ ဘီလူး၊ ညစ်ညူး ယောနိ၊ ဒုဂ္ဂတိနှိုက်၊ တပ်မိ တပ်ရာ၊ ဖြစ်ကြစွာ၏၊” “ဒါယကာ တပည့်၊ သူ့ထံလှည့်က၊ မကြည့်နိုင်လို၊ ဝန်တို ကု†လ၊ မစ္ဆေရဖြင့်၊ ကြီး†လှ ဒေါမနသ်၊ တုန်ဆတ်ဆတ်နှင့်၊ အူပြတ် သည်းကြွေ၊ ပူထွေ နှလုံး၊ မီးအုံး ပွက်လျှံ၊ သွေးစိမ်း အန်၏၊” “သံဃသန္တက၊ ဂဏိကဟု၊ ထိုမျှ အပြား၊ ပစ္စည်းများကို၊ ဝေခြား မပြု၊ သိမ်းစု ဝှက်ထား၊ သုံးစား ကိုယ်သာ၊ ဝန်တိုစွာဖြင့်၊ လာဘမစ္ဆေ၊ ကံ ညစ်တေကြောင့်၊ သေသော် ပေတ၊ ယက္ခ တသီး၊ စပါးကြီးပြိတ္တာ၊ ဖြစ် ယုတ်မာ၏၊” “ရုပ်ဝါ ရူပ၊ သီလကျေးဇူး၊ သူ့ဂုဏ်ထူးကို၊ မနူး ညွတ်တတ်၊ ပရိယတ်ဖြင့်၊ သူတတ်သည်ကို၊ မနာလိုကြ၊ ဝဏ္ဏ ဓမ္မ၊ မစ္ဆေရဖြင့်၊ ဘဝ ဘဝ၊ ဖြစ်သမျှဝယ်၊ မလှ အဆင်း၊ ကင်း၏့ ပညာ၊ တနည်းမှာလည်း၊ အာဝါသမစ္ဆရိ၊ မီးအတိဖြင့်၊ တောက်ညိ ပူပြင်း၊ မြေတွင်း မြှုပ်တိမ်၊ ကော့၍့ လိမ်အောင်၊ သံအိမ် ငရဲး၊ အမြဲး ခံရ၊ ကုလမစ္ဆရာ၊ ဖြစ်တိုင်းမှာလျှင်၊ ဥစ္စာ နည်းပါး၊ ချမ်းသာ ရှား၏၊”တခြား လာဘ၊ မစ္ဆေရကား၊ *တလ္လ စက်ဆုပ်၊ နံ ခေါင်ချုပ်သည့်၊ *ဘင်ပုပ်နိရယ၊ ငရဲး ကျ၏၊ ဝဏ္ဏဘုံသော်၊ ထင်ပေါ် *မဲ့မော၊ ကျော်စော *မဟဲ့၊ ချို့တဲ့တတ်စွာ၊ ဓမ္မမှာမူ၊ ပြာပူ*နရက်၊ ငရဲး ကျက်၏၊ ဆက်ဆက် ဤသို့၊ ဟောဘော်မျို့သား၊ မချို့ ထင်စွာ၊ ဒေသနာကို၊ သေချာ နား†ဝ၊ ကြားနာရသို့၊ ဒေ†ဝ ရှင်*မွန်၊ ဉာဏဝန်လျှင်၊ ပြစ် လွန်ကြီးမား၊ မစ္ဆေငါးကို၊ ပယ်ရှား အရှင်း၊ ကင်းကြီး ကင်း၏၊” “ကိုယ်တွင်း ယုတ်မာ၊ ကိလေသာလည်း၊ မေတ္တာယောင်ပြ၊ ဘီလူးမသို့၊ ရာဂ လှည့်ပတ်၊ ပြုတတ် ခြင်းရာ၊ သိခဲးစွာရှင့်၊ ကရုဏာအလား၊ လှည့်ဖြား သောက၊ ရွှင်ပျ မုဒိ၊ *တရှိ တူစွာ၊ ဥပေက္ခာလို၊ ကုသိုလ် ဝန်ချ၊ သံဝေဂတူ၊ စိတ် ပူလောင်ပြင်း၊ စိစစ်ခြင်းသို့၊ ဝမ်းတွင်း မသဒ္ဓါ၊ ပါပါ ကဲ့ရဲ့၊ သူ့ပြစ်ငဲ့လျက်၊ အကဲ့ မှတ်ရေး၊ သက်မွေး စင်ဟန်၊ ဝေဘန် *မဲ့ငြား၊ တရား ဟောယောင်၊ စကား ဘောင်ဘွဲ့လှိုင်း၊ ဂိုဏ်းကို စောင့်ရှောက်၊ ခြီးမြှောက်ဟန် ခင်း၊ ပေါင်းသင်း ပျော်ပြု၊ ကောင်းမှု လိုပုံ၊ အာရုံ လိုက်စား၊ မှုများ ကြိုက်ဘိ၊ သမာဓိသို့၊ ထိန မိဒ္ဓ၊ ဝီရိယဖြင့်၊ ဥဒ္ဓစ္စသာ၊ သိက္ခာကာမ၊ ဟူတုံစွလည်း၊ ကုက္ကုစ္စကြီး၊ မနှောနှီးကား၊ မခြီးမြှောက်†ချင်၊ မစ္ဆေ ဝင်လျက်၊ ဆင်†ခြင်ပုံယှိ၊ ဝိစိကိစ္ဆာ၊ ဓမ္မာဓိပတေ၊ ဟူဘိထွေဖြင့်၊ ရိုသေ ကင်းစွာ၊ အဂါရဝ၊ ဤသို့စသား၊ အဓမ္မစု၊ တရားတုတည့်၊ အကုသလ၊ ပါပ တွက်ဘွဲ့၊ သုံးဆဲ့ခုနစ်ဖြာ၊ ဝ ဉ္စာနခေါ်ရိုး၊ လှည့်ပတ်မျိုးဟု၊ ပုပ်သိုး နံ-အူ၊ ညစ်ကြေး မြူလည်း၊ စင်ဖြူ တရံ၊ မလိမ်းကျံဘဲး၊ ဗြဟ္မစရိယ၊ သင်းကြိုင်†လှသား၊ သီ†လ ကိုယ်+ယုံ၊ ဂန္ဓာ+ရုံဖြင့်၊ မွှန်းအုံ မပြတ်၊ နေ့စဉ် သတ်၍့၊ အမြတ်တနိုး၊ ထုံရေ ချိုးသည်။။ မွှေးမျိုး နံ့သာ အပြိမ်းတည်း။ (၁၆)

(ဤပိုဒ်ကား 'ဗဟိဒ္ဓဗျဘိစာရီဘာဝ'ကို ပြသောပိုဒ်။)

(၄၃၂) အကျင့် ဗြဟ္မ၊ စရိယတိ၊ သီလဂန္ဓာ၊ ကြိုင်ပျံ့စွာသား၊ နံ့သာ ထုံမျိုး၊ ရေခမိုးဖြင့်၊ စိမ်ချိုး လိမ်းသတ်၊ မပြတ် *ယိုး†ယံ၊ လောင်း ဘုန်းလျှံလျှင်၊ တ†ရံ တဆစ်၊ နောက်*နစ် ဝမ်းတွင်း၊ ကြံတော် ကင်း၏၊ “လူပျင်းတို့သွေး၊ ကျင့်မူရေးကား၊ ဧးလည်း ဧးဟူ၊ ပူလည်း ပူစွ၊ ညလည်း ညသော၊ စောလည်း စောစွာ၊ ဆာလည်း ဆာနှင့်၊ ဝ,ပါတုံလျှင်း၊ ဝမ်းတောင့်တင်းဟု၊ အပျင်းဘို့သာ၊ ယိုးမယ် ရှာ၍့၊ လိုရာကိစ္စ၊ မပြုရာဘူး၊”ကာလ *ကျွန်းကာ၊ ပမာ ထိုသို့၊ မဟုတ်မျှို့တည့်၊ တွန့်တို့ ဆုတ်*နစ်၊ မဖြစ် စိတ်တော်၊ မြို့ရိုးပေါ်က၊ မဟော် မတ်စံ၊ တပ်ကြီး ခံသို့၊ “*အားသန် လွန်†ပြင်း၊ ကြိုးစားခြင်းဖြင့်၊ မ†ပျင်း မရိ၊ ကိုယ်ကျိုး သိလျက်၊ မိမိကိုယ်တွင်၊ အထင် အရှား၊ လှံ-ဓားမြမြ၊ အရိုးကျအောင်၊ စူးရှသသူ၊ ရှိန်ပူ လောင်ညီး၊ *မီးကျီး မှောက်လျက်၊ ထိပ်ထက် ကျသူ၊ လူနှစ်ဦးအား၊ အထူး ဘယ်မှု၊ စုံတခုနှိုက်၊ မပြုနိုင်အား၊ မီး-လှံ-မြားကို၊ ပယ်ရှားအံ့ငှာ၊ တခုသာမျှ၊ လွန်စွာ ဂရု၊ ရေးကြီး ပြုသို့၊ လုပ်မှု လမ်းသွား၊ နှစ်ပါးနှင့် စပ်၊ ပြုအပ် ပြုစ၊ ဆွမ်းမရနှင့်၊ ဆွမ်းရ နှစ်ကွဲး၊ နာဆဲး ပျောက်စ၊ အဋ္ဌ*၄င်း၊ ဤရှစ်ကြောင်းကို၊ ပယ်ရှောင်း စွန့်ထ၊ အာရဗ္ဘဖြင့်၊ လုံ့လဝတ္ထု၊ အားထုတ်မှုနှိုက်၊ *ပြုတ်တု မချွတ်၊ ကြိုးကုတ်ပတ်၍့၊ မပြယ် ဝီရိ၊ စောင့် သတိနှင့်၊ ပလိဗောဓ၊ အိမ်ထောင်†ကျသို့၊ ကြောင့်†ကြ ဆယ်ပါး၊ ကိစ္စများကို၊ ပယ်ရှား အပ၊ ကင်းစေ†မှလျှင်၊ ဗြ†ဟ္မဝိဟာ၊ ဘာဝနာဖြင့်၊ မေတ္တာ ကရု၊ မုဒိ ဥပေက်၊ အချစ် အသနား၊ ဝမ်းပါး လျစ်လျူ၊ နှလုံးမူလျက်၊ *ဗိုလ်လူ သတ္တ၊ ပါဏစသား၊ ဒွါဒသယှိ၊ အနောဓိနှင့်၊ သြဓိ နှစ်ဘို့၊ ပုဂ္ဂိုလ့် အညီ၊ ဆယ်ရပ် ချီ၍့၊ ဝစီ နှုတ်မြွက်၊ တသွက်သွက်တည့်၊ ဝိတက် ဘွားဘွား၊ ထပ် မခြားဘဲး၊ မနား မနေ၊ ဂင်္ဂါရေသို့၊ အဝေရာက၊ စသည် မှတ်ပြု၊ ခြောက်လုံးတုနှင့်၊ တခုသော့ကာ၊ တစာစာဖြင့်၊ ဘာဝနာသံ၊ ပရိကံသည်။။ ရှစ်ယံ နေ့-ည ခပ်သိမ်းတည်း။ “ (၁၇)

(၄၃၃) ဤသို့ မှန်စွာ၊ နန်းက ခွါ၍့၊ ဘာဝနာမှု၊ ပွားရှု မညံ၊ ပရိကံဖြင့်၊ တရံ မခွ၊ နေ့-ည မချာ၊ ကြိုးပမ်းစွာလျက်၊ မဟာပုရိသ၊ ဗောဓိ *မုံရင့်၊ လောင်းဘုန်းပွင့်ကား၊ သေမင့်းရန်ကို၊ ခွင်းဖြိုအံ့ငှာ၊ စုံစမ်း ရှာ၍့၊ ခြင်းရာ ကြံတွေး၊ ဉာဏ် စစ်ဆေးက၊ အဝေး မဟူ၊ မြင်တော်မူ၏၊ “ဤလူ*ခပင်း၊ ကိုယ်အတွင်းဝယ်၊ သေမင်း ဆိုးညစ်၊ *ဗိုလ်ပါ စစ်ကား၊ လူဖြစ်ကြလာ၊ လူတို့ရွာနှိုက်၊ ဓမ္မတာတမ်း၊ တ*ငမ်းငမ်းနှင့်၊ စွဲးလမ်း ရွယ်ပျို၊ ငယ်တန်*စိုတို့၊ ကိုယ်ကို တင့်အောင်၊ ဥသျှောင် ဘွဲ့လည်း၊ ကြက်တောင်စည်း၍့၊ စုလည်း ပြင်သ၊ ပျံသင်စ,က၊ ရွှင်ကြ မြူးကြ၊ သဘာဝတိုင်း၊ မိန်းမ ယောက်ျား၊ တပ်သောအားဖြင့်၊ ရည်းစား *သ†နံ၊ ချစ် ဆက်ဆံလျက်၊ သက်†နှံ မေတ္တာ၊ ကျွမ်းဝင်ကာလျှင်၊ ကိလေသာကိစ္စ၊ အိမ်ရာ ချသော်၊ ကာမ စတည်၊ စစ်ဦး မည်၏၊ ယင်းသည်ကို ဖျက်၊ ခွါထွက်နိုင်၍့၊ ရသေ့ ရဟန်း၊ တောသို့ မြန်းလျက်၊ သင်္ကန်း ဝတ်နှီး၊ ဖြစ်တပြီးလည်း၊ ငြီးငြီး ငွေ့ငွေ့၊ သူတော်လေ့နှိုက်၊ မမွေ့လျော်နိုင်၊ မှိုင် တချိချိ၊ ပျင်းရိရိဖြင့်၊ အရတိမည်†ရ၊ ဒုတီ†ယစစ်သည်၊ တက်လာ တည်၏၊ တမည် ထိုမှ၊ ရှင့်ဘာဝနှိုက်၊ ဟာရ ရှာစား၊ သူတပါးနှင့်၊ စပ်ငြား၍့သာ၊ သက်မွေးရာကြောင့်၊ လိုခါ နေ့-ည၊ မစားရ၍့၊ ဝမ်းလျ နွမ်းရိ၊ ခုပ္ပိပါသာ၊ နှိပ်စက်စွာဖြင့်၊ ဆာလောင်ဒုက္ခ၊ တတီယစစ်၊ ထပ်၍့ ရစ်၏၊ တဆစ် ထို့ကြောင့်၊ ဝမ်းစာ မှောင့်၍့၊ တောင့်တ မှာ†မှာ၊ ကြံ ယုတ်†မာသား၊ တဏှာမည်ရ၊ စတုတ္ထ ရံသိုင်း၊ စစ်သည် ဝိုင်း၏၊ လူတိုင်း ရှာရ၊ ကိုယ် ပမ်းလျကြောင့်၊ ထိန မိဒ္ဓ၊ ပ ဉ္စမမည်၊ ပတ်ပတ် လည်လျက်၊ စစ်သည် ပိတ်၍့၊ မှေးမှိန် ဘိန်းဘိန်း၊ တမှိန်းမှိန်းနှင့်၊ စက်ကျိန်း မဝ၊ မထ ဘယ်ညာ၊ စောင့် လိမ့်ကာလျှင်၊ ဖျာရာ တံဆိပ်၊ ကျောမှာ နှိပ်အောင်၊ အိပ် တရှူးရှူး၊ တလူးလူးတည့်၊ ပျင်းရူး ပျင်းရုပ်၊ သတင်း ပုပ်လျက်၊ တောအုပ် *ခန်းဝါ၊ ဆိတ်ငြိမ်ရာဝယ်၊ ဒေဝါ နတ်ကောင်း၊ မ*နှစ်ထောင်းဘဲး၊ ခြိမ်းမောင်း ခြောက်†လှန့်၊ စိတ် နိုးနန့်ဖြင့်၊ ထိတ်†လန့် မတည်၊ ဘီရုမည်သား၊ စစ်သည် ဆဋ္ဌမ၊ ပြုန်းပြင်းထ၏၊ စိတ်က *ချောက်ချား၊ ထိတ်လန့်ငြားက၊ ယုံမှား ယုံမှိ၊ ဝိစိကိစ္ဆာ၊ တွေးဆကာလျှင်၊ တည်ရာ မရ၊ သတ္တမမြောက်၊ စစ်သည် ရောက်၍့၊ ရှေ့-နောက် မညံ၊ ပြွမ်းပြွမ်း ရံ၏့၊ သည်းခံ ထိုမှ၊ တည်နိုင်စွမူ၊ အာဂ ဤငါ၊ ကျင့်စွမ်းစွာဟု၊ သေနာ အဋ္ဌမ၊ မောက်မောက် ကြွ၍့၊ မက္ခ ထမ္ဘ၊ မာန ဗိုလ်မင်း၊ မာန် ငင်းငင်းနှင့်၊ တောင့်တင်း ခိုင်မာ၊ ထွက်ဆို့လာ၏၊ တဖြာ ထိုနောက်၊ တည်နိုင် †မြောက်၍့၊ ခြီး†မြှောက် ကြည်ညို၊ လူ*ဗိုလ် အံ့သြ၊ လာဘ် ပြန့်ပြောလျက်၊ ကျော်စော နှံ့မျှ၊ ဖြစ်ပြန်ကလည်း၊ လာဘ သက္ကာ၊ မာန် မိစ္ဆာလျှင်၊ လွန်စွာ တက်ကြွ၊ တောင်ကြီး ထသို့၊ နဝမတပ်၊ ကိုးဆင့် ထပ်၏၊ လာဘ် ပစ္စည်းမာန်၊ ယစ်မူး *ဝှန်သော်၊ အလွန် ငါသာ၊ မြတ်လှစွာဟု၊ ထေရာ ထေရ၊ ဆရာ စသား၊ ပြင်ပ ထိုထို၊ မညွတ်လိုဘဲး၊ ကိုယ်ကို မြှောက်ကြွ၊ သူ့ကို ချလျက်၊ ဒသမ မည်ထုတ်၊ ခေါ်သမုတ်သည့်၊ အတ္တုက္ကံသ၊ ပရဝမ္ဘနာ၊ ကိလေသာဖြင့်၊ မဟာစစ်ကြီး၊ လွှမ်း ဘိစီး၍့၊ အပြီး ကိုင်ဆွဲး၊ လွှတ်ပြီး ဖဲးလျှင်၊ မလွဲး မှန်စွာ၊ ငရဲးရွာသို့၊ အုံကာ ရံဝန်း၊ ချဆောင် တွန်းသည်။။ သုံ့ပန်း လက်ရ ဖမ်းငင်တည်း။”(၁၈)

(ဤပိုဒ်လည်း 'ပကပ္ပိတာပဟေဠိ' ပင်။)

(၄၃၄) ဟုတ်လှ မှန်မော၊ ဤသဘောတိ၊ “လူ့လောကီ့ဘောင်၊ အိမ်ရာထောင်နှင့်၊ စွန့်ရှောင် ခွါဆန်း၊ ဝတ်သင်္ကန်းဖြင့်၊ ရဟန်းမည်ကာ၊ ပြုကြလာ၍့၊ ဣစ္ဆာပကတ၊ ပါပဝိတက်၊ လို*ရမ္မက်ကို၊ နှစ်သက် အမြဲး၊ ခွါ မရှဲးဘဲး၊ ကိုယ်ထဲး မကင်း၊ တည်စေခြင်းဖြင့်၊ အဖျင်း လေဘင်၊ ထိုလူရှင်ကား၊ သင်္သရာကာလ၊ ဘဝဝက၊ လက်ချ လုံးလုံး၊ စစ်ကြီး ရှုံး၍့၊ ပျက်ဆုံး ဤကိုယ်၊ ငြင်တငြိုဖြင့်၊ အိုအို သေသေ၊ သန္ဓေ မပြီး၊ ထိပ်ထက်စီးလျက်၊ ဘေးကြီး နှိပ်စက်၊ ဆင်းရဲးနက်၏၊” “ဖြစ်-ပျက် *နှင်နှင်၊ စစ်မြေပြင်ဝယ်၊ သေ-ရှင် လတ်လတ်၊ တဖျတ်†ဖျတ်နှင့်၊ ပိုင်း†ဖြတ် ခုတ်ထစ်၊ ထိုးပစ် ကျွက်ညံ၊ မပြတ် ခံသို့၊ တရံ မစဲး၊ အော်*လဲးလဲးဖြင့်၊ သေပွဲးခံလျက်၊ အမြဲး ပျက်၏၊” “မြှေးယှက် တဏှာ၊ အဝိဇ္ဇာဖြင့်၊ ဖုံးကာ ထိုထို၊ ပစ္စည်း ကြို၍့၊ ရှေး*စို နှောင်း*စို၊ သူမိုက်ကိုယ်ကား၊ နာ-အိုသေခြင်း၊ တစင်းစင်းဖြင့်၊ မကင်း ဆက်ဆက်၊ စဉ် မပျက်အောင်၊ သက်သက် ဒုက္ခ၊ ဤကာမမှ၊ လွန်ထ ဆုံးတိုင်၊ မလွတ်နိုင်ဘူး၊” “တောင်ကိုင် ဗိမာန်၊ ပြည်နိဗ္ဗာန်သို့၊ ရည်သန် နှလုံး၊ ရောက်လို ဆုံးက၊ ကျင့်ထုံးမသွေ၊ သီလမြေထက်၊ ရပ်ခြေ ဝီရိယာ၊ လက်သဒ္ဓါဖြင့်၊ သမာဓိန္ဒြိ၊ မှတ်တင် ညှိလျက်၊ သတိ သွေးဆောင်၊ အရောင် ချက်ချက်၊ မြမြထက်သား၊ သန်လျက် ဝရဇိန်၊ စက်ပုဆိန်ကို၊ စွဲးချိန် ဝင့်တိုင်း၊ ပိုင်းရ ရိုင်းတိ၊ ရံသိုင်း မလပ်၊ ဆယ်ဆင့် ထပ်၍့၊ မြဲးကြပ် တည်ခြင်း၊ ဤကိုယ်တွင်းနှိုက်၊ ရုန်းရင်း သန်†ကျန်း၊ လွန် ခိုင့်*ကျန်းသား၊ သောင်း†ကျန်းတတ်စွာ၊ ကိလေသာဟု၊ ယုတ်မာ ဆိုးညစ်၊ သူပုန်စစ်ကို၊ ခုတ်ထစ် ကုန်စင်၊ တိုက် အောင်မြင်မှ၊ ခေမင်္ဂတ၊ ဘုံသို့ ကျ၍့၊ သုခ ချမ်းသာ၊ နေရစွာအံ့၊”ငါလည်း ထို့တူ၊ ကိလေဟူသည်၊ ရန်သူစစ်သည်၊ ဤဆယ်မည်ကို၊ ဖျက်နှည် ဖြိုခွင်း၊ ဆင် ကျူနင်းသို့၊ အကြွင်း *မဟဲ့၊ ချိုးဖဲ့ပြီး နောင်၊ စစ်ကြီး အောင်၍့၊ မြင့်ခေါင် ခေမာ၊ ဘေး*မဲ့ရာနှိုက်၊ ချမ်းသာ နိဗ္ဗူ၊ ယူအံ့ မပျက်၊ ကြံရည်လျက်ဘိ၊ တောထွက်ရကား၊ “တရားကိုသာ၊ ကျင့်ပိမ့်ငှာဟု၊ ပညာ သတိ၊ ကိုယ်ရံရှိလျက်၊ အဓိဝါသီ၊ ခန္တီ လွှားချပ်၊ မြဲးကြပ် စုံလင်၊ စွဲး ဝတ်ဆင်ပြီး၊ ရညကင်အောင်တပ်၊ အောင်မြေရပ်နှိုက်၊ ရောင်လျှပ် ဝင်းညိ၊ လွှတ်တိုင်း ထိသား၊ အဝိဟိံသာ၊ အဗျာပါဒ၊ ဝိဝေကဟု၊ ဇေယျသတြု၊ စံတု လွှတ်ကင်း၊ ရန်ပုံခွင်းတိ၊ ရန်ကင်းသမျှ၊ ရွယ်က ပြီးစီး၊ လက်နက်ကြီးနှင့်၊ *ခိုင်ဖြီး လုံ့လ၊ ဝီရိယဖြင့်၊ သမ္မပ္ပဓာ၊ ရဲးရင့်စွာလျှင်၊ မဟာဓိဋ္ဌာန်၊ သန်ကြီး သန်၍့၊ မပြန် မဘောက်၊ *လှံမစောက်ဖြင့်၊ နှစ်ယောက် မပူး၊ ကိုယ်တော် ထူးသည်။။ စစ်ဦး တက်စ၊ လမ်းထွင်တည်း။”(၁၉)

(ဤပိုဒ်လည်း 'ပကပ္ပိတာ' ပဟေဠိပင်။)

နိက္ခမ္မခဏ်း (၁၉)ပိုဒ် ပြီး၏၊