ဗြဟ္မဝိဟာရစရိယခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၂။ ဗြဟ္မဝိဟာရစရိယခဏ်း


(၄၃၅) ဗောဓိမည်မှတ်၊ ဓမ္မဓာတ်ဖြင့်၊ အရဟတ်မဂ်ဉာဏ်၊ သဗ္ဗညာဏ်နှိုက်၊ သည်းထန် မပြတ်၊ ကပ်ငြိတတ်ကြောင့်၊ သတ္တမီ ဒုတီယာ၊ နှစ်ဖြာ တပ္ပုရုသ်၊ ဗောဓိပုဒ်ကို၊ ဗုဇ္ဈနက၊ ပုဂ္ဂလဟု၊ အတ္ထ ဝိကပ်၊ ပညတ် ဝေါဟာ၊ တနည်း ဖြာ၍့၊ ကမ္မဓာ တဝ၊ ကျမ်းလာပြသား၊ လောင်းလှ ဘုန်း*ဟေ့၊ မင်းရသေ့မြတ်၊ ဗောဓိသတ်ကား၊ “ငတ်မွတ် ဝမ်းရေး၊ မြီကြွေး နှောင့်ယှက်၊ မင်း နှိပ်စက်၍့၊ အသက် လွတ်ရုံ၊ ရဟန်းပုံတွင်၊ ခိုလုံသည်သာ၊ မဟုတ်စွာသား၊ သဒ္ဓါပဗ္ဗဇိ၊ ဖြစ်ဘိသော့လျောက်၊ မဘောက် ဝမ်းတွင်၊ မနော စင်၏၊ ကိုယ်လျှင် ဝတ်ခြုံ၊ ဝမ်းမျှရုံမှ၊ တစုံတရာ၊ ဘယ်ဥစ္စာကို၊ တဏှာ လော†လုပ်၊ မှု မရှုပ်ဘဲး၊ ရှင်†လုပ် ဖြောင့်တန်း၊ ကမ္မဋ္ဌာန်းနှင့်၊ စီးဖြန်း ယှဉ်မှီ၊ ရှင်-ယောဂီတို့၊ တိစီဝရိက်၊ သပိတ် ရေစစ်၊ တဆစ် ပဲးခွပ်၊ အပ်နှင့် ခါးဗန်း၊ ရှစ်ခန်း ပရိက္ခရာ၊ လျှောက်ပတ်စွာတည့်၊ တဖြာ ထိုမှ၊ နဝ ဒသ၊ ဧကာဒနှင့်၊ ဒွါဒသဟူ၊ မှတ်ယူ အသီး၊ အစဉ် မှီးလျက်၊ ခင်းနှီး သံကောက်၊ ထို့နောက် တလီ၊ နိသီ စမ္မခဏ်၊ တဘန် မှတ်ရေး၊ တောင်ဝှေး ဆီကျည်၊ တမည် မှတ်အပ်၊ ထီး ဘိနပ်တည့်၊ ဝိကပ်နက်ပြ၊ ကျမ်းအရတိုင်၊ ရှေးက လမ်းကြောင်း၊ သူတော်ကောင်းတို့၊ ကျင့်ဟောင်း ဧကန်၊ နည်းရိုးမှန်ရှင့်၊ အသန္တုဋ္ဌ၊ မဟူရဘူး၊”ထိုမျှ ထို့ထက်၊ “ဗောဓိခက်ကား၊ မမက် မရည်း၊ လိုတော် နည်း၍့၊ ပစ္စည်း မခင်၊ သန့်ကြောစင်၏၊”ထို့ပြင် တထူး၊ “မသွပ်ရူးလည်း၊ သွပ်ရူးသဘော၊ ပျက်ချော်ပြောလျက်၊ *ဂုံးချောတိုက်ထွေ၊ ကချေသည်မှု၊ အံ့ဘွယ် ပြုဟု၊ လေးခု အပေါင်း၊ လာဘ်ဖြစ်ကြောင်းကား၊ သူကောင်း သူ*မွန်၊ ပညဝန်တို့၊ အလွန် ကဲ့ရဲ့၊ ပြစ်တင်ဘွဲ့၏၊ *မဟဲ့ အကျိုး၊ မရှက်နိုးဘဲး၊ ညစ်ဆိုး ယုတ်မာ၊ မိစ္ဆာ သက်မွေး၊ သူနုပ်သေးတို့၊ ဝမ်းရေး ရှာစား၊ အကျင့်မှားတည့်၊”တရားလက်ယှိ၊ လောင်းဗောဓိမူ၊ သတိ သမ္ပဇဉ်၊ မြဲးယှဉ် ဝမ်းတွင်း၊ လွတ် မကင်းဘဲး၊ *ရိုးရင်းထဲးနှီး၊ တည်ပြီးရကား၊ “တရား မဆံ၊ *ရမ္မက် ကြံနှင့်၊ ဘုန်းကံ*မဲ့ဘိ၊ ဇာတိ မ*မွန်၊ ဝမ်း၏့ ကျွန်တို့၊ တိရစ္ဆာန် ခွေး-ဝက်၊ ကြောက် မရှက်သို့၊ အသက်မွေးပြု၊ ဝမ်းစာမှုဖြင့်၊ လူဟု ဖြစ်ဆန်း၊ ရဟန်းမည်ကာ၊ ကျင့် ယုတ်မာနှင့်၊ မိစ္ဆာဇီဝ၊ ဟီန စာရော်၊ သူတော် မဟုတ်၊ သူယုတ်တို့သာ၊ ပြုကျင့်ရာကြောင့်၊ ဝေးစွာ ပယ်ရှား၊ ကြဉ်သော့အားဖြင့်။။ တရား ပျော်မွေ့ နှစ်ထောင်းတည်း။”(၁)

(၄၃၆) *နှစ်ထောင်း တရား၊ ပျော်သော့အားဖြင့်၊ လေးပါး သစ္စာ၊ “လောင်းပွင့်ဂ†လျာကား၊ နှုတ်†လျှာ ပေါ့ပျက်၊ သွမ်းသော့သွက်နှင့်၊ မကျက် နည်းပါး၊ အကျက်များသည့်၊ ကြိုးကြား ကျန်ကြွင်း၊ ပဲးနောက်ဟင်းသို့၊ ချွတ်ယွင်း ဘောက်ပြန်၊ လျာ-နှုတ် မြန်တိုင်း၊ အမှန်က နည်း၊ မမှန် *ပည်းလျက်၊ စောင့်စည်း မပြု၊ ဝစီမှုနှင့်၊ အနိဗ္ဗုတ၊ ပိဏ္ဍဟူသည်၊ ဆွမ်းပူ မဧး၊ အသက်မွေးဖြင့်၊ ဝမ်းရေး မိစ္ဆာ၊ မယုတ်မာဘဲး၊ စားကာ အိပ်မွေ့၊ လျော့မေ့ *ကျော့†ကျည်း၊ ရွှင်ကြည်း†ကြည်းနှင့်၊ ပစ္စည်း-လာဘ် မျှော်၊ တမော်မော်ကို၊ လိုတော် မညွတ်၊ လွှတ်ကြီး လွှတ်၏၊”အမှတ် တဆူ၊ နည်းတမူဖြင့်၊ အယူ မခွ၊ “ရှင်ကဏှသို့၊ သရ ပရိတ်၊ မန္တာန်ဟိတ်ကြောင့်၊ ဆို့ပိတ် ကျည်ဝ၊ ဖြုတ် မကျတဲ့၊ မရ လက်လှုပ်၊ တားချုပ် အမြဲး၊ မလွှတ်ဘဲးနှင့်၊ လေးလွှဲး မြားလွှဲး၊ လက်နက်လွှဲးလည်း၊ ငရဲး မကျ၊ မနေရဘူး၊ ဒေါသ မလွဲး၊ ငရဲး မပြီး၊ အချည်းနှီးတည့်၊”တသီး မှန်စွာ၊ “နတ်ဝိဇ္ဇာတို့၊ ဂါထာ အင်း-အိုင်၊ စိုးပိုင်သော့အား၊ မန္တြားဖြင့်၊ ဘွားဘွား ရွတ်ကာ၊ သင်းချိုင်းမှာလျှင်၊ အစာကျွေး၍့၊ လကွယ်နေ့နှိုက်၊ တစ္ဆေ့ဦးထုပ်၊ ချွတ်ရုပ် ဆောင်ထား၊ သံပြဒါးက၊ ဆေးဝါးသတ္တိ၊ သိဒ္ဓိ ကျိုးကြီး၊ ဓား-လှံ ပြီးနှင့်၊ ရှိန်းပြီး အမ်းပြီး၊ ပါးစုံပြီးလည်း၊ သေပြီး နိရယ၊ အပါယ် ကျလိမ့်၊ ဒေါသ မပြီး၊ ငရဲးကြီး၏၊ ဝဋ်မီး အစာ၊ အတတ်သာရှင့်၊” “ဝိဇ္ဇာ သိပ္ပ၊ ဟူသမျှကား၊ ဘဝ နောင်ကျိုး၊ မယှိနိုးဘူး၊ ဟောရိုး ကုန်စင်၊ သင်ပါ ကျင်လည်း၊ စာသင် မကျွမ်း၊ မြွေဖမ်း မတတ်၊ ပြန်ပေါက်သတ်သို့၊ အလဂဒ္ဒူ၊ ပမာဟူသည်၊ မာန်မူ ထောင်လွှား၊ သူမြတ်များကို၊ ပြစ်မှား ရှုတ်ချ၊ တကြွကြွနှင့်၊ ဝါဒ မမှန်၊ ယူ ဘောက်ပြန်၍့၊ ကျမ်းဂန် အတတ်၊ ကိုယ်ကို သတ်၏၊ ပိဋကတ် ခေါင်ထိ၊ ရှင်ကပိလျှင်၊ ဝီစိသို့သာ၊ လားလေပါရှင့်၊ တဏှာ ဒိဋ္ဌိ၊ မာန ငြိက၊ တိပိဋကာ၊ ကျမ်းသုံးဖြာလည်း၊ သင်ပါ ဆောင်ကျိုး၊ မယှိနိုးဘူး၊”သတိုး ရှင်မြတ်၊ ဉာဏ်တော် မှတ်၍့၊ ဟုတ်ဟတ် နိစ္စ၊ သမထနှိုက်၊ ဗြဟ္မဝိဟာ၊ ဘာဝနာကို၊ ဆရာ ပြညွှန်း၊ မတိုက်တွန်းဘဲး၊ လို*ဓွန်း ကိုယ့်ဉာဏ်၊ ပင်ထွက် မှန်ဖြင့်၊ “ပွားဟန် မေတ္တာ၊ အခြင်းရာကား၊ ကျမ်းလာ အယှိ၊ သင်၍့ သိသို့၊ မိမိ ကိုယ်က၊ အဦး စ၍့၊ ပိယ မဇ္ဈ၊ ဝေရီကျအောင်၊ တစ တစ၊ သုံးဝ ပုဂ္ဂိုလ်၊ ကိုယ်နှင့် အတူ၊ အမျှမူ၏၊ ချစ်သူဟူလည်း၊ လိင်-ဗျည်း ဝိသဘာ၊ မတူစွာငြား၊ ကိုယ့်မယားနှင့်၊ အခြား ပြင်ပ၊ ဣတ္ထိယနှိုက်၊ ရာဂ ဖြစ်လွယ်၊ မသ†ပ္ပါယ်ကြောင့်၊ †ပယ်ခဲ့ မယူ၊ ထား *လျစ်လျူပြီး၊ ရန်သူကိုကား၊ ရန် မပွားဘဲး သုံးပါး ထိုသူ့၊ ကံအမှုနှိုက်၊ ကောင်းပြုကိုသာ၊ ရှုစပါလျက်၊ အတ္တာနုသိဌ်၊ ကိုယ်-စိတ် ဆုံး†မ၊ သြဝါဒနှင့်၊ ထို†မှ တုံပြီ့း၊ *ဗိုလ်အချိတို့၊ မိမိအမှု၊ သူ့အမှုကား၊ ပြုသသူသာ၊ ခံရရာ၏၊ သူ့တာ ငါခံ၊ ဆက်ဆံ ဘယ်သို့၊ ယှိတို့သတတ်၊ ကမ္မဿကား၊ ကိုယ်စီ ခြားဟု၊ တရားသဘော၊ ကြံ *နစ်နော၍့။။ မျက်ဇော မငွေ့ မခြောင်းတည်း။”(၂)

(၄၃၇) ထိုမှ တဘော်၊ ရှေးသူတော်တို့၊ တိယော်ဇန၊ ဆယ် ဆယ်ဆဖြင့်၊ တိုင်းမ ပြည်လုံး၊ အာဏာ †ကြုံး၍့၊ ယူ†ကျုံး ဖျက်ဆီး၊ မြေကြီး လည်ပင်း၊ မြှုပ်သွင်း ကျဉ်း†ကျပ်၊ မတ်တတ်ရပ်လျက်၊ မြဲး†ကြပ် လှောင်ထား၊ ရန်သူ့အားလည်း၊ မျက်ပွား မရှု၊ မိတ်ဘက် ပြုရှင့်၊”ပြစ်မှု မယှိ၊ “ဣသိ ခန္တီ၊ မြတ်ဝါဒီနှင့်၊ ပီပီ သက်သက်၊ ပက်လက် မှောက်ခုံ၊ အိပ်တတ်ရုံ†လျက်၊ ဗောဓိခက်တို့၊ သန်†လျှက် ပိုင်း+ဖြတ်၊ တုန် ဖျတ်+ဖျတ်နှင့်၊ ခြေပြတ် လက်တုံး၊ သက် သေဆုံးအောင်၊ ကိုယ်လုံး ကြေမွ၊ ပြုသမျှကို၊ ဒေါသ မဖိတ်၊ မေတ္တာစိတ်ဖြင့်၊ မှိတ်၍့ အောင့်ခံ၊ ဆိပ်လျှံ စဉ်းသွား၊ ဆင်ပစ်မြားဖြင့်၊ သည်းကြား ဘောက်ထွင်း၊ ပစ်တုံလျှင်း၍့၊ သေခြင်း ရောက်လျက်၊ အမျက် မခြောင်း၊ ဥက္ခောင်း ကွဲးစေ၊ ကျောက်ဖြင့် တေ၍့၊ မသေတတ်ရုံ၊ ကျန်ပါတုံလည်း၊ တစုံ တခု၊ မျက် မပြုဘူး၊ ထိုသူ့အကျိုး၊ ဆောင် သယ်ပိုး၏၊”စွယ်ချိုး နုတ်-ဖျက်၊ ရိုက်နှက် ဆောင့်သိပ်၊ ပြင်းစွာ နှိပ်လည်း၊ အဆိပ် သည်းထန်၊ ရေနတ်မာန်ဖြင့်၊ ပြန်၍့ မမူ၊ ဗုဒ္ဓ†င်္ကူတို့၊ သီတ †ဂူငွေ့၊ လရောင် တွေ့ဘို့၊ ချမ်းမြေ့ ဧးမြ၊ ကြည်လင်လှလျက်၊ လောက တဘက်၊ ကိုယ် တဘက်တိ၊ ဆောင်ရွက်နိုင်စွာ၊ မဟာပထဝီ၊ မြေမဟီနှင့်၊ အညီ တ†မြှင့်၊ လွန် ကြီး†မြင့်သား၊ ရှစ်ဆင့် အားကျော်၊ တု မမြော်အောင်၊ သည်းတော်ခံပြု၊ ခန္တီမှုဖြင့်၊ ရှေးသူ့ စရိယ၊ ဟူသမျှကို၊ ဉာဏ ရှုမြော်၊ ရှင်တော် *ဖအဲး၊ လက်ကိုင် စွဲး၍့၊ ဝမ်းထဲး မချ၊ စိတ် မခွဘဲး၊ ယူဆ ကြံကာ၊ သံသရာက၊ မာတာ ပိတ၊ စသည် ဖြစ်ဖူး၊ ဂုဏ်ကျေးဇူးကို၊ အထူး တင်ထ၊ မေတ္တာ့နိသင်၊ ဆဲ့တအင်ကို၊ ဆင်ခြင်သမှု၊ ဓာတူဝိဘာဂ၊ သဘာဝနှင့်၊ ဒါန ပေးကမ်း၊ ဝေ ခွဲခြမ်း၍့၊ ရှေးလမ်း *နိဿရည်း၊ မျက်ဖြေနည်းဖြင့်။။ သိမ်းဆည်း စိတ်တော် ညံ့†ပျောင်းတည်း။ (၃)

(၄၃၈) “မျက်ဖြေ သိမ်းဆည်း၊ သူတော့်နည်းကို၊ *နိဿရည်း မိမိ၊ ဆရာယှိသို့၊ မြင်သိ အလို၊ မိမိကိုယ်နှင့်၊ ကြည်ညို ချစ်သူ၊ *လျစ်လျူ ရန်ဘက်၊ လူ လေးချက်နှိုက်၊ သမက္ကတ၊ ပြု အမျှတည့်၊ သူက လျင်ကြောင်း၊ သက်လို တောင်းက၊ *၄င်းလူများ၊ လေးဦးသားနှိုက်၊ မခြား စိတ်တွင်၊ ကိုယ်သို့ ပင်လျှင်၊ ထင်စေ မခွ၊ အညီမျှလျက်၊ အတ္တသမံ၊ ပေမံ နိတ္ထိ၊ ပါဠိတရား၊ ထင်အရှားနှင့်၊ သုံးစားအံ့ငှာ၊ အားထုတ်ရှာသည့်၊ “ဥစ္စာထက်ကား၊ သား-မယားတည့်၊ သား-မယားထက်၊ ကိုယ့်သက်ကိုသာ၊ စောင့်အပ်စွာဟု၊ ကျမ်းလာ နီတိ၊ သို့အယှိကို၊” “ဗောဓိ ပွင့်*လျာ၊ မဟာပုရိသ၊ လောင်း သတ္တတို့၊ စိတ်က မလို၊ ဂုဏ်ထူးကိုသာ၊ ထိုထိုအချက်၊ ကိုယ့်အသက်နှင့်၊ ကိုယ့်ထက် လွန်စွာ၊ အာသာ ကြီးမား၊ လိုသော့အားကြောင့်၊ ပိုင်းခြား ပျက်ထ၊ သီမသမ္ဘေဒါ၊ လက္ခဏာတိ၊ ဥပစာမည်သော၊ ကာမဇောကို၊ မနောဒွါရေ၊ အယဉ် တွေအောင်၊ ဝင်စေ တန်းတန်း၊ အာဝဇ္ဇန်းက၊ *ဖြန်းဖြန်း ဘွင့်ကာ၊ ဝိဘူတာဖြင့်၊ အင်္ဂါ လေးဝ၊ ဝီရိယကို၊ လုံ့လ ထဲးနှီး၊ ရေးတကြီးတည်း၊ သဲးကြီး မဲးကြီး၊ အားကြီး လွန်စွာ၊ မိုးကြီး ရွာသို့၊ စဉ်ကာ သွက်သွက်၊ လက် တတွက်နှိုက်၊ ဝိတက်တရား၊ တဘွားဘွားလျှင်၊ မခြား မရပ်၊ ဇောချင်း စပ်သည်။။ ထပ်ထပ် ကုဋေ သိန်းပေါင်းတည်း။”(၄)

(၄၃၉) “သိန်းပေါင်း ကုဋေ၊ လက်ပစ်နေတိ၊ ကိန်းရေ လွန်မင်း၊ လျင်မြန်†ခြင်းဖြင့်၊ ဇော†ချင်း စပ်မျှ၊ ထပ်ထပ် မနား၊ ရပ် မ+ခြားဘဲး၊ စက်+ချားသဏ္ဌာန်၊ လှည့် ဘန်ဘန်သို့၊ နိရန္တရ၊ ကာလ မဆိတ်၊ ထိုနိမိတ်ကို၊ ထိုစိတ် ဥပစာ၊ ဇော ကာမာဖြင့်၊ လေ့လာသော့အား၊ ကြိမ်ကြိမ် ပွားက၊ သက်ငြား အပ္ပနာ၊ ဖြစ်လိုခါနှိုက်၊ ကာမာဝစရ၊ ဉာဏသမ္ပယုတ်၊ ဥက္ကဋ္ဌဟိတ်၊ ထိုဇောစိတ်လျှင်၊ ထိုနိမိတ်ကို၊ အာရုံ *ကြို၍့၊ ထိုမနောဒွါ၊ ကြိယာဝဇ္ဇနံ၊ နန္တရံနှိုက်၊ ပရိကံကိစ္စ၊ ချန်ခဲ့ ချမှတ်၊ တိက္ခပညာ၊ ဓမ္မတာဖြင့်၊ ဥပစာ တပုံ၊ အနုလုံ တဆူ၊ ဂေါတြဘူ တသွယ်၊ ကာမနွယ်ကို၊ ဖြတ်ပယ်သဘော၊ သုံးကြိမ် စောလျက်၊ ကြာတောယှိရာ၊ ရည်ကာ ပျံ†တက်၊ ပိတုန်းငှက်သို့၊ ဝိ†တက်တရား၊ ထိုတောဖျားထက်၊ ဝဲးငြား လှည့်ကာ၊ ပန်းရက် ရှာသို့၊ ပမာ *တမျှ၊ ဝိစာရနှင့်၊ ထိုမှ တသီး၊ ကန္တာကြီးတွင်၊ ရေကို မြင်သို့၊ ပျို့ရွှင် ပီတိ၊ တောကြီ့း ရိပ်တွင်း၊ ရေဆင်း သောက်သုံး၊ ကိုယ်လုံး စိမ့်မျှ၊ ပမာဏသို့၊ သုခ တွင်မြောက်၊ ထက်အောက် အန်ကျ၊ တာဖုံးချတို့၊ အမျှ ညီဘိ၊ အာရုံ ထိလျက်၊ တည်စေချက်ကား၊ ဧကဂ္ဂတာ၊ ဤငါးဖြာတည့်၊ စျာနင်ဓ†မ္မ၊ ပ ဉ္စင်္ဂနှင့်၊ ပထ†မစျာန်ဇော၊ တချက် စော၍့၊ မနောဒွါရိ၊ ဝီထိ အစ၊ မဆွ အကြိမ်၊ စစ်ဦး နှိမ်လျက်၊ မွေ့သိမ်လှစွာ၊ အပ္ပနာကိစ္စ၊ အာဒိ ကျသည်။။ စိတ္တနိယာမ် လမ်းကြောင်းတည်း။”(၅)

(၄၄၀) “ပထမ အာဒိ၊ ရဘိ *လက်မွန်၊ ယင်းသည့်စျာန်ကို၊ ပြန်ပြန် လီလီ၊ ဝသီ ငါးသီး၊ လေ့ကျက်ပြီးမှ၊ ငြီးခဲ့ တချက်၊ ဝိတက် ဝိစာ၊ အင်နှစ်ဖြာကို၊ ပယ်ကာထားမှု၊ ပွားပြန်ပြုက၊ ဒုတိယစျာန်၊ တဘန် ပီတိ၊ သြဠာရိဟု၊ စွန့်ဘိ ပယ်ထ၊ ပွား တက်ကလျှင်၊ တတီယစျာန်၊ ယင်းစျာန် သုခ၊ ကြမ်းသေးစွဟု၊ ပယ်ထ အဟုတ်၊ ပွား အားထုတ်၍့၊ စတုတ္ထစျာန်၊ လေးတန် ဆုံးကျ၊ ဉာဏ်တိက္ခတို့၊ စတုက္က*တမ်း၊ ဘက် နည်းလမ်းတွင်၊ မှီငြမ်း မရှာ၊ ဗောဓိ*လျာမူ၊ မေတ္တာရမ္မဏ၊ ဤကိစ္စဖြင့်၊ တတီယစျာန်၊ သုံးတန် ရောက်ထိ၊ ပြီးသိဒ္ဓိ၏၊”နောက်ပြီ့း တခြား၊ “စျာန် သုံးပါးကို၊ ဝင်စား မဆိတ်၊ ထိုနိမိတ်ဖြင့်၊ နောဓိသ် ပ ဉ္စတ်၊ သြဓိသ် သတ်ဟု၊ ဒွါဒသ် ပုဂ္ဂလာ၊ များ သတ္တာကို၊ အဝေရာ စ,ပြု၊ တု လေးခုဖြင့်၊ မြှောက်မှု ပွားလစ်၊ လေးဆဲ့ရှစ်တိ၊ တဆစ် ထိုမှ၊ ဒသ ဒိသာ၊ မျက်နှာ ဆယ်ရပ်၊ ပွားထပ် ပြန်က၊ ငါးရာ့နှစ်ဆယ်၊ ရှစ်စွန်း*ကယ်သား၊ အကျယ်မေတ္တာ၊ ပွားခြင်းရာဖြင့်၊ ဝိကုဗ္ဗနာမည်မှတ်၊ ရည်တိုင်း တတ်၍့၊ သမာပတ်*မွန်၊ ဝိမုတ်ဉာဏ်ကို၊ နည်းမှန် လမ်းကျ၊ *လက်မွန်ရသည်။။ ရှေးက ကျင့်စဉ် ကျင့်ဟောင်းတည်း။”(၆)

(၄၄၁) ယင်းသို့ စစွာ၊ ရှေးဦးခါတိ၊ မေတ္တာသဘော၊ စေတောဝိမုတ်၊ မဟဂ္ဂုတ်နည်း၊ *နိဿရည်းကို၊ လက်တည်း လက်†ကြပ်၊ ဆရာ အပ်သို့၊ ရွှေ†ကျပ် မယွင်း၊ နှလုံးတွင်းနှိုက်၊ ထည့်သွင်း သိုမိ၊ ဟုတ်တိုင်း သိ၍့၊ တသိဒ္ဓိကြီး၊ ကိုယ်တော်ပြီးက၊ တသီး တက်ရာ၊ ကရုဏာကား၊ မေတ္တာ*တမျှ၊ နည်းမရရှင့်၊ ပိယ *လျစ်လျူ၊ ရန်သူတို့အား၊ သနားစဖွယ်၊ မထင်လွယ်တည့်၊ ညှိုးငယ် မျက်နှာ၊ ဝမ်းစာ မဝ၊ ခါး မလှနှင့်၊ နေ့-ည ရှာဘွေ၊ သား-ရေ ပြုတ်ရှပ်၊ တောင်ကပ် ဖားရား၊ ပြေးသွား *ခုံမင်၊ လွန် ငြိုငြင်သည်၊ အကြင်သို့သူ၊ လူ ဒုက္ခိတ၊ မရ ချမ်းသာ၊ ဆင်းရဲးစွာအား၊ *နာဝေ နာစည်း၊ နှလုံး ကြည်း၏၊ *ဟိုက်†ကျည်း ပန်းပင်၊ အမြင် မဘွယ်၊ မသပ္ပါယ်အောင်၊ ကိုယ်ဝယ် ကွဲးအက်၊ တစက်စက်နှင့်၊ ခြေ-လက် ပြတ်တို၊ သွေးယို ပြည်စီး၊ ဒုက္ခကြီးသား၊ *အထီးကျန်လူ၊ ထိုသူတို့က၊ ရင်းမူ စ၍့၊ ပွားမှ အလွယ်၊ ဖြစ်စဖွယ်ဟု၊ ရှေးဝယ် များလှ၊ ဘဝဝက၊ သမထ ဝိပဿနာ၊ မြတ် နှစ်ဖြာကို၊ လေ့လာခဲ့ဖူး၊ အထူး လက်ယှိ၊ ဂုဏ်သတ္တိဖြင့်၊ အဓိကာ†ရ၊ စရိ†ယကြောင့်၊ သုခပဋိပါဒ်၊ အမြတ် တိက္ခိန်၊ ခိပ္ပါဘိည်ဟု၊ ပညိန္ဒြိယ၊ ထိတိုင်း ရှသား၊ သိကြာ့းလက်†ပစ်၊ နတ်စိန်စစ်သို့၊ ပြစ်†ပြစ် ကုန်စင်၊ ဟုတ်တိုင်း ထွင်လျက်၊ အမြင် ဉာဏ်ကျယ်၊ လောင်းဘုန်းကြွယ်ကား။။ *နှီးနွယ် ကြံမိ၊ ကြံကောင်းတည်း။”(၇)

(၄၄၂) ထိုသို့ ဒုက္ခ၊ ခံရသသူ၊ မရမူကား၊ ကြီးထူ စည်းစိမ်၊ ချမ်းငြိမ် သုခ၊ ယှိထတုံလျက်၊ ကိုယ်ကို ဖျက်သည့်၊ ကျင့်ပျက် ဆိုးဝါး၊ ထိုသူ့အားလည်း၊ သနားထိုက်စွာ၊ ဥပမာမူ၊ ရာဇဝတ်နှင့်၊ မလွတ်သော့အား၊ ကြင်ယော†က်ျားကို၊ လမ်း†ကြား လှည့်ကာ၊ မင့်းအာဏာဖြင့်၊ မျက်နှာ လေးပြင်၊ ရပ်ဝန်းကျင်နှိုက် အထင် အရှား၊ မင်းဒဏ်ထား၍့၊ ဆောင်သွား ထုတ်ရာ၊ လူများစွာတို့၊ ကြင်နာ သနား၊ အစား အသောက်၊ ခြီးမြှောက်သဖြင့်၊ ပြည့်စုံလင့်လည်း၊ အသင့် လူ့ရွာ၊ လူ့ချမ်းသာဟု၊ သညာ မမှတ်၊ ဥက္ခောင်း ပြတ်လျက်၊ လတ်လတ် ဤသူ၊ သေမည့်လူဟု၊ မှတ်ယူ အသီး၊ သေခါနီးကြောင့်၊ သေပြီး †သဖွယ်၊ သနား†ဘွယ်သို့၊ အကယ် မျက်မြင်၊ စည်းစိမ်အင်နှင့်၊ မင်းပင် *တပဲး၊ တူ မကွဲးအောင်၊ *ဖြင်ပြဲး *ပေါယယ်၊ ရွှေအိမ့်လယ်တွင်၊ ကြီးကျယ် ချမ်းသာ၊ ဤလူ့ရွာနှိုက်၊ မ,*တကာသူ၊ အမူ ကျင့်ဆိုး၊ ထိုလူမျိုးကား၊ စောက်ထိုး ပြောင်းပြန်၊ သည်းထန် လွန်ကဲး၊ မီးငရဲးနှိုက်၊ မလွဲး တပ်တပ်၊ မြေလက်အပ်သို့၊ *စပ်စပ် မုချ၊ သေလျှင် ကျ၍့၊ ဒုက္ခ ကြီးစွာ၊ ခံရရာကို၊ ကရုဏာတရား၊ ဖြစ်ကာပွားသည်။။ သနား နောင်ဘို့၊ ရည်†ချောင်းတည်း။”(၈)

(၄၄၃) ကုသိုလ် ဘုန်းကံ၊ ရှေးကြောင်းခံနှင့်၊ အကြံ သင့်စွာ၊ မိုးနှယ် ရွာ၍့၊ ရတနာ ရွှေ-ငွေ၊ ရေသို့ *တပဲး၊ ဝင် မ*စဲးတည့်၊ ကြော်သဲး ခြိမ့်ညံ၊ ခြွေရံ ကျွန်သင်း၊ ဆင်-မြင်း လယ်ယာ၊ လွန်များစွာဖြင့်၊ ရာနှင့် ရှစ်ဆယ်၊ လေးဆယ် ကုဋေ၊ မြေတွင် သိုမြှုပ်၊ ကြွယ်ပုပ် ကြွယ်စပ်၊ ခွက်ချပ် ပကတိ၊ *နက်ကျိ ပုံကြွေ့၊ မြေ*ယွံရွေ့မျှ၊ ပြကတေ့ထုံး၊ နေ့စဉ် သုံးလည်း၊ တွက်ကျုံး မှန်ရှောင်း၊ စိတ်ပေါင်း ဆဲ့တစ်၊ ခေါ်လစ် နာမ၊ အမ္ဗဏဖြင့်၊ အမ္ဗဏ နှစ်ဆယ်၊ တဆယ်နှင့် ငါး၊ ချင့် မမှားအောင်၊ သုံးစား *ကုံကယ်၊ တကျမ်းဝယ်မူ၊ ဆယ်အမ္ဗဏ၊ တကုမ္ဘတည့်၊ ကုမ္ဘသုံး-နှစ်၊ တစ်ဖြင့်*၄င်း၊ အပေါင်း သပြာ၊ သုံးနိုင်စွာသည်၊ “မဟာသာလ၊ ခတ္တိယက၊ ဗြာဟ္မဏ ဂဟပတိ၊ မည်ယှိ ခေါ်ထွေ၊ ရွှေ အတုံးတုံး၊ ကြွယ်ကြီး သုံးသို့၊ ကျုံး၍့ မကုံ၊ တောင့်နှယ် ပုံမျှ၊ ပြည့်စုံ ဘောဂ၊ ပုညတရား၊ နေ့တိုင်း ပွားလျက်၊ ကောင်းစားသသူ၊ ထိုလူအားလည်း၊ ခုကား ချမ်းမြေ့၊ ဘေး မတွေ့ဘဲး၊ ည-နေ့ ကုသိုလ်၊ စိတ် ကြည်†ညိုလျက်၊ မ†ငြို မ+ငြင်၊ စည်းစိမ်အင်နှင့်၊ ယာဉ်+ညင်စီးကာ၊ ဝမ်းမြောက်စွာ၏၊ ရံခါ စိုးစိ၊ ဉာတိဗျသန၊ သားမြေးစသည်၊ ပျောက်ရှ သေဆုံး၊ လူတို့ထုံးဖြင့်၊ ပျက်ရှုံး ဥစ္စာ၊ *ကြမ္မာ *ညံ့*စဲး၊ မို့းနှယ် *ဖွဲး၍့၊ မွဲးခဲ့သော့အား၊ တပါးပါးကြောင့်၊ *ချောက်ချား ပူလှိုက်၊ မီးပြင်းတိုက်သို့၊ ဖိုဟိုက် ဒုက္ခ၊ ဒေါမနနှင့်၊ သောက ကြီးစွာ၊ တွေ့ပြီးခါလျှင်၊ ကိုယ်ပါ ဆုံးပါး၊ ပျက်ရငြားမည်၊ မမှားသတတ်၊ မှန် ဆတ်ဆတ်ဖြင့်၊ မချွတ် အကယ်၊ ဒုက္ခကြွယ်ဟု၊ စိတ်ဝယ် ပိုင်းခြား၊ လွန်သနားလျက်၊ ရှေးလား နည်းဆို၊ မေတ္တာ *ကြိုသို့၊ ပုဂ္ဂိုလ် လေးဝ၊ ကိုယ်က စ၍့၊ သီမသမ္ဘေ၊ ရောက်ပစေမှ၊ သုံးထွေ မှန်လှ၊ စျာန် တိကလည်း၊ ကိစ္စ ပြီးစွာ၊ လောင်းပွင့်*လျာလျှင်၊ ဒုက္ခာ မု ဉ္စန္တု၊ တခုသာယှိ၊ အနောဓိနှင့်၊ သြဓိပုဂ္ဂိုလ်၊ ဆယ်ရပ် ဖြိုလျက်၊ ထိုထို ဝိကုဗ္ဗန၊ ထူးကိစ္စဖြင့်၊ ရာ့သုံးဆဲ့နှင့်၊ သုံးပြန် စစ်၍့၊ ပွားလစ် ရှုကာ၊ ကရုဏာဟု၊ သမာပတ်ရိုး၊ ဝိမုတ်မျိုးကို။။ အုပ်စိုး လက်ရ၊ ပိုင်တောင်းတည်း။”(၉)

(၄၄၄) ယင်းသို့ ဒုတီယာ၊ ကရုဏာ စေတော၊ သဘော *နိဿရည်း၊ ဝိမုတ်နည်းကို၊ သိမ်းဆည်း ရွှေဉာဏ်၊ ပြီးစီးပြန်မှ၊ တတန် တတီယာ၊ “မုဒိတာကို၊ တက်ကာ တဗိုလ်၊ နယ်ချဲ့လို၍့၊ ရွှေကိုယ် စဉ်းစား၊ အောက် နှစ်ပါးနှင့်၊ ထူးခြား မတူ၊ ချစ်သူမည်ကာ၊ မုဒိတာ၏့၊ မှန်စွာ ကြောင်းရင်း၊ မဟုတ်လျင်းဘူး၊ လွန်မင်းစွာဘိ၊ အဘိပိယ၊ ချစ်သူကလျှင်၊ စ၍့ ပွားသော်၊ သင့်တင့် လျော်ဟု၊ စိတ်ပျော် ကြည်နူး၊ လွန် ရွှင်မြူးသား၊ အထူး ချစ်သူ၊ ထိုသည့် လူကို၊ မြင်မူ ကြားရာ၊ ဤသတ္တာကား၊ လွန်စွာ သောမနသ်၊ ပျော်မြူးတတ်၏၊ မပြတ်အနေ၊ ပျော်ပါးစေဟု၊ ချစ်ဆွေကစ၊ ပိယ မဇ္ဈ၊ ဝေရပုဂ္ဂိုလ်၊ သုံးဦးကိုလျှင်၊ မ*ငြိုငြင်လျှင်း၊ နှစ်သက်ခြင်းဖြင့်၊ လောင်းမင်း မြတ်စွာ၊ ဝမ်းတော်သာလျက်၊ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု၊ ပွားရှု စိတ်က၊ ဖြစ်စေမှတည့်၊ သုခ *မြောက်†မြား၊ ချစ်သူ†များတို့၊ ပျက်ပြား ဒုက္ခ၊ ရပြန်ကြလည်း၊ ရှေးက ပျော်ဖူး၊ အထူး နောင်ခါ၊ ပျော်ဦးရာဟု၊ မုဒိတာဖြစ်ဘို့၊ အကြောင်းတို့ကို၊ ဤသို့ ရှာ၍့၊ အောက်မေ့သော့အား၊ အစဉ် ပွားသော်၊ သုံးပါး စျာန်ပါ၊ ကရု†ဏာသို့၊ ဝိကုဗ္ဗ†နာကိစ္စ၊ ပြီးထ တုံလတ်၊ လိုတိုင်း *တတ်လျက်၊ သမာပတ်မျိုး၊ လက်ရ စိုးသည်။။ ကျမ်းရိုး မလွန် မစောင်းတည်း။”(၁၀)

(၄၄၅) “မေတ္တာ ကရုဏာ၊ မုဒိတာဟု၊ သုံးဖြာ တက်၍့၊ လောင်းဘုန်း*ဟေ့လျှင်၊ စေ့စေ့ တဘန်၊ ဆင်ခြင်ပြန်က၊ အောက်စျာန် သုံးပါး၊ သတ္တဝါများနှိုက်၊ လိုက်စားသတတ်၊ ပဋိဃာတ်နှင့်၊ နီးလတ်စွာလှ၊ သောမနကြောင့်၊ ရွှင်ပ ရုန့်ရင်း၊ မကင်း အ†ပြစ်၊ ငြိမ်သက်ဖြစ်ဖြင့်၊ ဥ†ပေက္ခာ့ဂုဏ်၊ နိသင်ဟုန်ကို၊ ဆန်-စုန် ထက်-အောက်၊ ရွှေဉာဏ် လျှောက်၍့၊ မွှေနှောက်တုံလျက်၊ လွန်မွေ့ညက်ဟု၊ နှစ်သက် ကျိုးမြင်၊ ထင်ဘိရကား၊ အောက်သုံးပါးမှ၊ နည်းသွား ပြန်ဘောက်၊ *ကမောက္ကမ၊ ပက္ခ တသွယ်၊ ဝါကျနွယ်၍့၊ ပဲးနှယ် စုန်း†ကြူး၊ *ကျီးတ†ကျူးဖြင့်၊ ထူးဘိ တမူ၊ လေးမျိုး လူတွင်၊ *လျစ်လျူ ပကတိ၊ သူစချိ၍့၊ ထိုပြီ့း နောက်မှ၊ ပိယ အဘိပိယ၊ မဇ္ဈ ဝေရီ၊ ကိုယ်နောက် စီလျက်၊ အညီ သမ၊ လူ လေးဝနှိုက်၊ မဇ္ဈတ္တနည်း၊ *လျစ်လျူချည်းလျှင်၊ တမျိုးတည်းမှတ်၊ ကမ္မဿကာ၊ ဤခြင်းရာဖြင့်၊ မြဲးစွာ ရှုထ၊ သီမသမ္ဘေ၊ ရောက်တုံစေ၍့၊ ဥပေက္ခေကဂ္ဂတာ၊ အင်္ဂါ ဒွယ၊ ဒုဝင်္ဂနှင့်၊ စတုတ္ထမှန်၊ တပါးတန်ဟု၊ စျာန်ကို ပိုင်မိ၊ *ချက်ရိုင် သိလျက်၊ သန္တိဘူတာ၊ ငြိမ်သက်စွာလျှင်၊ ကရုဏာအလား၊ နည်း မခြားဘဲး၊ ဝင်စား စိုးအုပ်၊ ဝိကုဗ္ဗနာ၊ လိုရာ ပြုတတ်၊ သမာပတ်ဖြင့်၊ အထွတ်ထိပ်စီး၊ ပြီးခဲ့ ဧကန်၊ ကြွင်း မကျန်အောင်၊ နည်းမှန် လမ်းပေါက်၊ ဝိဇ္ဇာမြောက်သည်။။ ထွင်းဘောက် ရွှေကိုယ် ပွင့်လောင်းတည်း။”(၁၁)

(၄၄၆) ဝိဇ္ဇာ ပြီးမြောက်၊ လမ်းကြီး ပေါက်၍့၊ မောက်မောက် ဖြိုး †မြင့်၊ ငြမ်း လေးဆင့်သို့၊ မြှောက်†မြှင့် လို*ဓွန်း၊ သူ မညွှန်းဘဲး၊ *သွန်းသွန်း လွယ်ကူ၊ စျာန် လေးဆူကို၊ စိုက်ထူ မိုးလောက်၊ တည်ဆောက် ကိစ္စ၊ ပြီစီးမှတည့်၊ ငါရာ့အလှစ်၊ နှစ်ဆယ့်ရှစ်ဟု၊ ထိုမေတ္တာအား၊ စျာန် သုံးပါးဖြင့်၊ မြှောက်ပွား အဖြောင့်၊ တထောင့် ငါးရာ၊ ရှစ်ဆယ်သာ၍့၊ စွန်းပါ လေးခု၊ စျာန်အစုတည့်၊ ကရုဏာ မုဒိ၊ ရှေးအယှိကို၊ ပွားဘိ တဘန်၊ ထိုစျာန် တိက၊ နည်းအရဖြင့်၊ သုံးရာ့ကိုးဆယ်၊ ခြောက်သွယ် လွန်စီ၊ အညီ အညာ၊ ရစပါလျက်၊ ဥပေက္ခာဓမ္မ၊ မပွား†ရကြောင့်၊ †ရာ့သုံးဆဲ့နှစ်၊ ရှေးတိုင်းဖြစ်နှင့်၊ ပေါင်းရစ် ပိုထ၊ ငါးရာ့ နှစ်ထောင်၊ သင်္ချာ ဆောင်သား၊ *မြားမြောင်လှစွာ၊ အပ္ပနာကို၊ ခါခါ ဘန်ဘန်၊ ချာ မချန်ရှင့်၊ အမှန် တွက်စစ်၊ ဆဲ့နှစ်နှစ်လုံး၊ သင်ထုံးကိစ္စ၊ တသိပ္ပတည့်၊ “ဒဠှဓနု၊ မည်ပြု ပြဋ္ဌာန်း၊ ခိုင်ကျန်း ခက်မာ၊ လူ့ရွာ ခေါ်ရေး၊ ငါးရွေး တပဲး၊ ဆဲ့ခြောက်ပဲးမူ၊ မှတ်ယူ တကျပ်၊ လေးကျပ် တပိုလ်၊ ယင်းပိုလ် တထောင်၊ တင်ဆောင် ပိုက်ကွေး၊ ဆရာ့လေးဖြင့်၊ မြားရေး ကြီး-ငယ်၊ လေးသွယ် ဆဲ့နှစ်၊ ဆွဲးငင်ပစ်သား၊ မုန်ယစ် ပေါက်ထီး၊ ငါးစီး အားအန်၊ ယောက်ျားလွန်တို့၊ လျင်မြန် လျပ်†လျပ်၊ မိုးတ†လျှပ်နှိုက်၊ ထပ်ထပ် စဉ်လျက်၊ ခုနစ်ချက်နှင့်၊ ရှစ်ချက် များရေး၊ လက် မထွေးသို့၊ မနှေး အမှန်၊ ဝသီဉာဏ်တိုင်၊ ပြန်ပြန် မပြတ်၊ ဝင်စားလတ်၍့၊ သမာပတ်သုခ၊ အစဉ်မျှလျက်၊ ဗြဟ္မဝိဟာ၊ ဘာဝနာတရား၊ ပွားသော့အားဖြင့်၊ ရှည်လျားကာလ၊ သက်ဆုံးကျအောင်၊ ကာမအာရုံ၊ လေ့ မထုံ၍့၊ ငါးစုံ နီဝရဏ၊ ကွာထ အဟုတ်၊ စျာန် မယုတ်ဘဲး၊ သမုတ် ကျယ်-နက်၊ ပင်လယ်စက်တွင်၊ အထက် လေးသောင်း၊ အောက် လေးသောင်းတို့၊ ထောင်းထောင်း *ချောက်ချား၊ လေနှင့် ငါးကြောင့်၊ လှုပ်ရှား မပြတ်၊ မတည်တတ်တည့်၊ လေလွတ် ငါးရှင်း၊ တုန်လှုပ် ကင်းသည့်၊ လယ်တွင်း မဇ္ဈေ၊ လေးထောင် ရေနှင့်၊ ခုနစ် ခွေရစ်၊ သီတာမြစ်ကား၊ စင်စစ် ငြိမ်သက်၊ မလှုပ်လက်သို့၊ ဧကဂ္ဂတာ၊ တည်ကြည်စွာလျက်၊ အပ္ပမာဏာရမ္မ†ဏ၊ ဤသုခဖြင့်၊ စျာ†နစည်းစိမ်၊ စံပယ် ငြိမ်သည်။။ မွေ့သိမ် ကိုယ်-စိတ် ထိန်း†ကျောင်းတည်း။”(၁၂)

(၄၄၇) မဟာဗောဓိ၊ ပွင့်ဉာဏ်ယှိသား၊ သိရီ့ပဝရ၊ ကြီး တေဇနှင့်၊ မဃဒေဝေါ်၊ လောင်းဘုန်းမော်လျှင်၊ သက်တော် ရှည်တိုင်း၊ မခိုင်း *မမျဉ်၊ သမ္ပဇဉ်နှင့်၊ ယဉ်ယဉ် ကျေး†ကျေး၊ စျာန်ရေ ဆေး၍့၊ ညစ်†ကြေး သန့်+လျှော်၊ လွန် မွေ့+လျော်လျက်၊ ရွှေဘော် မယှဉ်၊ မြဲး အစဉ်တိ၊ ပညာဉ် မဆိတ်၊ ဉာဏ် တိဟိတ်ဖြင့်၊ ကိုယ်-စိတ် ထိန်း†ကျောင်း၊ မတိမ်းစောင်းဘဲး၊ လမ်း†ကြောင်း မှန်လှ၊ ခရီးမ,သို့၊ ဗြဟ္မဝိဟာ၊ ဘာဝနာနှိုက်၊ ငါးဖြာ ဝသီ၊ ယှဉ်မှီ ပွားရှောင်း၊ *နှစ်ထောင်း ကြည်နူး၊ စျာန် ပျော်†ကြူး၍့၊ ကျော်†ကျူး လူ့နှစ်၊ ရေတွက်စစ်က၊ ရှစ်သောင့်းလေးထောင်၊ လွန်ခဲ့အောင်လျှင်၊ စျာန်ရောင် မညှိုး၊ တိုးထက် တိုး၏၊ ရေအိုး မီးပစ်၊ စင်စစ် ထို့နည်း၊ မီးလည်း ငြိမ်း*စဲး၊ အိုးလည်း ကွဲးသို့၊ မမြဲတတ်စွာ၊ ဥပမာဖြင့်၊ ဆရာ ဆုံးမ၊ မရ လျပ်ပေါ်၊ ဘိညာဉ် ပျော်လျက်၊ မော်မိ မော်မန်း၊ မြူး ပျံသန်း၍့၊ ယက်ကန်းသည်မ၊ သံ ဂီတကြောင့်၊ လျှောကျ စျာန်ကွယ်၊ ရှင်သူငယ်နှင့်၊ တသွယ် ထိုမှ၊ ဂုဏ် မရ၍့၊ ဂုဏ်ရအောင် လုပ်၊ မြေမြှုပ် လျှိုးဝင်၊ စ,မမြင်သည့်၊ ရှင်ဒေဝဒတ်၊ မမြတ် စိတ်ထား၊ ထိုသူများတို့၊ မပွား လေ့ကျက်၊ ရကာ ပျက်သို့၊ မနက် အကျိုး၊ မယှိနိုးတည့်၊ မိုးနှင့် မြေထဲး၊ မကွဲး ထပ်တူ၊ ဘိညာဉ်ဟူလည်း၊ လွယ်ကူ မဆိုင်း၊ စိတ် ကြံတိုင်းဖြင့်၊ ကသိုဏ်းမှုကြီး၊ စုစု ပြီးသည်။။ ရွှေထီးအထွတ် တင်ဆောင်းတည်း။ (၁၃)

(၄၄၈) ထိုသို့ မှုကြီး၊ ကိစ္စ ပြီးလျက်၊ *စောဓီး ဒေဝ၊ ဣသိန္ဒကား၊ ကာလ ကြာ*ညောင်း၊ ရှစ်သောင်း ကျော်၍့၊ လေးထောင်စေ့က၊ ချမ်းမြေ့ သာယာ၊ မင်္ဂလာကျော်ခြီး၊ မြို့ပြင်နီးဝယ်၊ နှုတ်သီး သန္တာ၊ ကိုယ် စိမ်းဝါနှင့်၊ တမာ ဘောင်းကား၊ ကုလား ကျေး†ကျုတ်၊ မြည် †ကြုတ်ကြုတ်တိ၊ ဥဘုတ် ဥချိုး၊ ဇီဝ†ဇိုးက၊ ပြည်†စိုး ဥဒေါင်း၊ စာမြီ အောင်းတို့၊ ငှက်ပေါင်း သားပုံ၊ သံစုံ တွန်ထူး၊ ကျော်ရင့် ကျူး၍့၊ စန္ဒကူး ဖြူ-နီ၊ သရဖီ ပုန်းညက်၊ ကရမက် အ*မွန်၊ သာရဂန်ဟု၊ သရက္ခန် အကျော်၊ ကံ့ကော် သာနိုး၊ နတ်တို့ ပျိုးသို့၊ မွှေးမျိုး ထုံစွာ၊ ပင်နံ့သာက၊ မြညှာ တူ*နှုန်း၊ အင်ဂမုန်းနှင့်၊ ပန်း*သုံး သော်က၊ လှိုင်သင်း†ပျလျက်၊ ပေါက်†ပြ သာမော၊ သရက်တောတိ၊ မင်း*စော ပထမ၊ တည်ထောင် စသား၊ မဃဒေဝ၊ အမ္ဗဝနေ၊ *သေဉ်မြေ နဂိုရ်၊ သာနုပျိုသည့်၊ ထိုဥယျာဉ်ကြီး၊ ပျော် မငြီးနှိုက်၊ တသီး ဆုံးဆိုက်၊ ဇာတိ လိုက်ဖြင့်၊ လူနှိုက် ခန္ဓာ၊ ဓမ္မတာဟု၊ ဇရာ မရဏ၊ ဤကိစ္စလည်း၊ ဘဝ ဆုံးသတ်၊ ဝန်းဝန်း ပတ်လျက်၊ ရဟတ် ညီးညီး၊ စက်လှည်းဘီး၏့၊ အပြီး မယိမ်း၊ အနား သိမ်း၍့၊ မတိမ်း စေ့စပ်၊ မြဲးစွာ ကြပ်သား၊ အကွပ်ပမာ၊ မလွဲးသာသား၊ မရဏာသန်၊ ဇော ငါးတန်တို့၊ ချက်မှန်ကျကာ၊ သတ္တာရမ္မဏ၊ ကမ္မနိမိတ်၊ မဆိတ် ဘုံလေ့၊ စုတိ ရှေ့မှ၊ ပြန်၍့ ရေလစ်၊ သုံးဆဲ့နှစ်နှင့်၊ တဆစ် မဘောက်၊ တဆဲ့ခြောက်က၊ ချုပ်ပျောက် ငြိမ်းလျက်၊ ထွက်-ဝင်သက်ဖြင့်၊ မဆက် ကင်းဘိ၊ ကြွင်း မယှိဘဲး၊ စံတိ ရောက်ခါ၊ အဆုံး လာသော်၊ “ပညာသာယှိ၊ နည်း မသိ၍့၊ ပြုမိ ပြုရာ၊ မိစ္ဆာ ယှဉ်ပူး၊ သမ္မာ ကျူးလျက်၊ လေရူး လွင့်သွား၊ သင်္ဘောလားတည့်၊ မှန်-မှား မသိ၊ ချောက်ချိ ချောက်ချက်၊ ဘဝဂ် ရောက်ထ၊ မဆုံးဆသား၊ ရာမပုတ္တ၊ အာဠာရနှင့်၊ ဥဒက ဆရာ၊ ထို့ပမာသို့၊ သံသရာ လမ်းသွား၊ ခရီးမှားသူ၊ မဟူတုံဘိ၊ မြဲး ဂတိဖြင့်၊ ဗောဓိဆုရ၊ နိယတကြောင့်၊ အဘဗ္ဗပညပ်၊ ဆဲ့ရှစ်ရပ်နှင့်၊ မစပ်တုံထ၊ ကင်းဝေ ပ,လျက်၊ ဗြဟ္မလောကူပဂေါ၊ ပ ဉ္စဝေါနှိုက်၊ သဘော စင်စစ်၊ ဖြစ်မြဲး ဖြစ်၍့၊ ဆိုးညစ် ယုတ်မာ၊ လူ့ခန္ဓာဟု၊ လူ့ရွာ ကိုယ်ပုပ်၊ လူ့ရုပ် ဘလ္လ၊ ကဠေဝကို၊ စွန့်ချစမြဲး၊ မြွေရေလဲးသို့၊ လွှဲး၍့ တဆစ်၊ ပယ်ခဲ့ †ပစ်မှ၊ ပြေ†ပြစ် မယုတ်၊ ချင့်တာ ထုတ်မူ၊ ဂါဝုတ် ဆုံးဆ၊ မဂဓ သုံးရွာ၊ ကြီးကျယ်စွာသား၊ မဟာကာယ၊ ဥက္ကာ ကျသို့၊ ဗြဟ္မာ့ကိုယ်ရောင်၊ ထွန်းလင်း ပြောင်၍့၊ ဘုံဆောင် တခန်း၊ ဗြဟ္မာ့နန်းကို။။ သိမ်းမြန်း စံပယ် စံ†ပြောင်းတည်း။ (၁၄)

(ဤကား သက်ပိုင်း လားရာဟူသော ဥဒ္ဒေသ၏့ နိဒ္ဒေသတည်း။) ဗြဟ္မဝိဟာရစရိယခဏ်း (၁၄)ပိုဒ် ပြီး၏၊