အပါယ်ဘုံခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၃။ အပါယ်ဘုံခဏ်း


(၄၄၉) မှတ်လော့ စဉ်ဆက်၊ ဤအချက်နှိုက်၊ “ဖြစ်-ပျက် လားလာ၊ ကျင်လည်စွာသား၊ သတ္တဝါ*အထု၊ များ အစု၏့၊ သုဘာသုဘ၊ ကမ္မပစ္စည်း၊ သမုဒည်းဟု၊ အ*ထည်း ညစ်တေ၊ ကံ ကိလေကြောင့်၊ အို-သေ မပြတ်၊ တပတ်ပတ်ဖြင့်၊ နာနတ် ဂတိ၊ လားဟန်ယှိကို၊ ဘူမိ တထွေ၊ သန္ဓေ တဝ၊ ကမ္မ မရဏုပ်၊ ပေါင်းချုပ် လေးပါး၊ လေးလီ ပြားလျက်၊ ပိုင်းခြားသမှု၊ ခွဲးဝေပြု၍့၊ စတု စတုတ်၊ ဝီထိမုတ်ဟု၊ မိန်ထုတ် သင်္ဂြီုဟ်၊ လက်သန်းဆိုနှင့်၊ ထိုထို ကျမ်းယှိ၊ ဘွင့်ဘိ စဘွယ်၊ အခွင့်နွယ်လည်း၊ ပင်လယ် သမုဒ်၊ ရေ*အစုတ်သို့၊ ပါဌ်-ပုဒ် ဓိပ္ပါယ်၊ မလွယ် နည်းနာ၊ ကျယ်နက်စွာကြောင့်၊ လင်္ကာအချုပ်၊ နည်း သရုပ်ဖြင့်၊ အုပ်၍့ ရုံးခြယ်၊ သိစလွယ်စိမ့်။။ မှတ်ဘွယ် သံခိပ်၊ စေ့စိပ် ဆုံးဖြတ်၊ လာလတ် ဂန္ထန်၊ မှန်ကန် လမ်းကျ ဝေခြားတည်း။ (၁)ဂ†

(၄၅၀) ဟောဆိုပြပိမ့်၊ မူလပါဠိ၊ ကျမ်းလာယှိတိုင်း၊ သိလော့ အလွယ်၊ မျိုး လေးသွယ်တို့၊ “ပါယ် သုဂတိ၊ ဘူမိ ကာမ၊ ရူပ အရူပ၊ ကံ လေးဝတွင်၊ ပါပကမ္မ၊ အကုသလနှိုက်၊ လောဘမူဟိတ်၊ ဒါန ပိတ်၍့၊ ပြိတ္တာ့ အသုရကာယ်၊ ဘုံ အပါယ်သို့၊ လားဘွယ် မှတ်ယူ၊ ဒေါသမူကား၊ ငြူစူ ပြစ်မှား၊ အမျက် များ၍့၊ လား၏ ငရဲး၊ မလွဲးအနေ၊ တွေဝေ မောဟ၊ ဟိတ် မူလကြောင့်၊ သုနခ သုနခီ၊ သုကရီ သုကရ၊ ခွေး-ဝက်စသား၊ နိမ့်ကျ ယုတ်မာ၊ မိုက်မဲးစွာဖြင့်၊ နာနာ သဏ္ဌာန်၊ တိရစ္ဆာန်ဘုံ၊ ဖြစ်တုံ မှတ်ဘိ၊ ကြောင်းရင်း သိလော့၊”ထိုပြီ့း တခြား၊ တစိတ်အားဖြင့်၊ တပါးကျမ်းလာ၊ ခွဲးစိတ်ဖြာ၍့၊ ကမ္မာနုရူပ၊ ဂတိ ပြကား၊ “ကာမရာဂ၊ ဗာဟုလ္လကြောင့်၊ ဝနစရက၊ ညစ်ညူးစွာတိ၊ ဟင်္သာ ဝမ်းဘဲး၊ ချိုးမွဲး ခို†ကြက်၊ ကျေး ဆက်ရက်နှင့်၊ ကျက်†ကျက် နေ့-ည၊ တရွရွဖြင့်၊ ရာဂ ကြီးမား၊ တပ်မက် များသား၊ မြည်း-လား-သိုး-ဆိတ်၊ အဟိတ် ဇာတိ၊ ဖြစ်ဘိ တုံထ၊ မောဟ မိုက်ကံ၊ ပြုစီမံသော်၊ ပိုးနှံ လောက်ရွ၊ တီ-မျှော့ စသည်၊ ဖြစ်ကြ *အထု၊ အစုစုတည့်၊” “ကောဓုပနာ၊ ပြင်းစွာ ငြိုးထား၊ ဘွဲ့သော့အားဖြင့်၊ ကြီးမား မျက်သက်၊ ကံပျက် ကျိုးပေး၊ မြွေပွေး မြွေဟောက်၊ မထိ*စောက်အောင်၊ ဆိပ်တောက် လွန်ဆိုး၊ လူတိုင်း ငြိုး၍့၊ လိမ်ချိုး ကြမ်းကြုတ်၊ သတ်ပုတ်ခံရ၊ ဆင်းရဲးကြ၏၊” “မာနခက်†ထန်၊ သမု†ဋ္ဌာန်မူ၊ အလွန် ကြမ်းလေ့၊ ဆိုးမာန်ငွေ့နှင့်၊ ခြင်္သေ့ယောနိ၊ ဖြစ်တုံဘိ၏၊” “အတိမာန၊ သုနခနှင့်၊ ဂဒြဘဇာတ်၊” “မမြတ် ညစ်တေ၊ မစ္ဆေ ဣဿာ၊ ယုတ်မာ ငြူစူ၊ ကံမူ မျောက်မျိုး၊” “နှုတ်ဆိုး †ဖရုသ်၊ ကံကြမ်းကြုတ်ကား၊ ငှက်†ယုတ် ကာက၊ ဘဝ ရုန့်ရင်း၊ ဖြစ် သိမ်ဖျင်း၏၊” “ဆင်-မြင်း-ကျွဲး-နွား၊ စသည်များကို၊ သနား *မဲ့လတ်၊ ပုတ်ခတ် ရိုက်နှက်၊ နှိပ်စက် ထန်ပြင်း၊ ပြုတတ်ခြင်းကြောင့်၊ ကင်းနှင့် ဗုဇွန်၊ ဖြစ် မ*မွန်တည့်၊” “လျှာ့ကျွန်လိုက်၍့၊ မိုက်မိုက် ရူးရူး၊ သားစားကြူးနှင့်၊ ရှူးရှူး မျက်လို၊ ဝန်တို ကြီးမား၊ ထိုသူများကား၊ သစ်-ကျား-အောင်း-ဝံ၊ ကြောင်-ဖျံမြေခွေး၊ ဖြစ် နုပ်သေး၏၊” “လှူပေး မျက်ထွက်၊ ဒေါသ ဘက်၍့၊ နှစ်ချက် ကမ္မ၊ မိဿကဖြင့်၊ ဒွယကာရီ၊ လေ့ ဝသီကြောင့်၊ နာဂီ နာဂ၊ သုပဏ္ဏဟု၊ သုခ ကြီးကျယ်၊ တန်းခိုး ကြွယ်လျက်၊ မျိုးနွယ် အဟိတ်၊ အပါယ်စိတ်နှင့်၊ မဂ်ပိတ် စျာန်ကင်း၊ ဘဝ ဖျင်းသား၊ အလင်း မယှိ၊ ဇာတိ ယုတ်တန်၊ တိရစ္ဆာန်နှိုက်၊ သဏ္ဌာန် အသွား၊ အကျင့်အားဖြင့်၊ သုံးပါး ကန့်လန့်၊ ဖီလာ ဆန့်သည်။။ ဘုန်း*ကြန့် ယုတ်မာ၊ သညာ ဧကတ်၊ နာနတ် သဏ္ဌာန်၊ ဟန်ပန် ကြမ်းစွ၊ ထွေပြားတည်း။”(၂)

(တိရစ္ဆာန်ဘုံခဏ်း ၂-ပိုဒ်)

(၄၅၁) ယထာကမ္မ၊ သရိက္ခဖြင့်၊ ဝိပါကဝဋ်၊ မြဲး မချွတ်ကို၊ မှတ်လော့ တသွယ်၊ သိစလွယ်စိမ့်၊ “အပါယ် တသီး၊ လူ မနီးသား၊ တောကြီး မိုက်မှောင်၊ ဟေဝန်ချောင်နှင့်၊ တောင် ဂိဇ္ဈကုဋ်၊ မည်းကြုတ် မှိုင်းဟုံ၊ ပြိတ္တာ့ဘုံဝယ်၊ ညှိုးကြုံ ဒုက္ခ၊ ခံကုန်ရသား၊ ပါပကံကျိုး၊ အမျိုးမျိုးတည့်၊” “ညစ်ဆိုး ယူမှား၊ သုံးပါး မြတ်စွာ၊ ရတနာနှိုက်၊ သဒ္ဓါ မယှိ၊ ဒိဋ္ဌိ အန္ဓ၊ မိုက် မောဟကြောင့်၊ ဓမ္မ ကျင့်*မွန်၊ သီလဝန်မည်မှန်း၊ ရဟန်း ပုဏ္ဏား၊ သူမြတ်များအား၊ တရား ချွတ်ယွင်း၊ ပြစ်မှားခြင်းဖြင့်၊ စားကြွင်း သောက်†ဖတ်၊ ရွံဘွယ့် †ဘတ်နှင့်၊ မမြတ် မလေး၊ နှပ် တံတွေးကို၊ ပေးတတ်သသူ၊ ထိုသည့်လူတို့၊ ဝိရူပက၊ ဆိုးစွ ရုပ်ဝါ၊ ရေ-စာ မဝ၊ ငတ်မွတ်လှလျက်၊ တောင့်တ မပြတ်၊ သူ့အန်ဖတ်ကို၊ ညစ်ပတ် ယုတ်မာ၊ စားရစွာသား၊ သညာမည်ရ၊ ဝန္တာသဟု၊ ပေတ တမျိုး၊” “လိုဆိုး တသီး၊ အမိုက်ကြီး၍့၊ *မတီး မရာ၊ မအပ်စွာကို၊ အနာဒရ၊ ပေးတတ်စွကြောင့်၊ မွတ်လှ စာ-ရေ၊ ရှာဖွေ မမြင်၊ မစင် မကြယ်၊ ရွံဘွယ် စက်ဆုပ်၊ ကောင်ပုပ်အသား၊ ဆိုးရွား ယုတ်မာ၊ ဆင်းရဲးစွာလျှင်၊ တွေ့ရာ စားရ၊ ကူဏပဟု၊ ပေတ တမျိုး၊” “မြတ်နိုး*မဲ့ငြား၊ သူတော်များကို၊ ကျွဲး-နွားခွေး-ဝက်၊ မစင် ဘက်၍့၊ အပျက်လည်းမူ၊ စားစေသူတို့၊ ဂူထခါဒက၊ အမည်ရသား၊ ပေတ တမျိုး၊” “ရှိုးရှိမ်း စပ်ပူ၊ ကျိုက်ကျိုက်ဆူကို၊ *ပအူ ပစေး၊ အလေး*မဲ့မှု၊ ပြု၍့ ပြစ်မှား၊ ပျက်လိုအားဖြင့်၊ သောက်စားစေခြင်း၊ ကံအရင်းကြောင့်၊ ခံတွင်း မီးလျှံ၊ တောက်ပျံ ပွက်ပွက်၊ ဘွားဘွား ထွက်၍့၊ နှိပ်စက် ကြီးလှ၊ ဒုက္ခတိုင်*ထိ၊ ခံ မချိသား၊ အဂ္ဂိဇာလ၊ ပေတ တမျိုး၊” “ကောင်းကျိုး မသိ၊ လောဘ ငြိ၍့၊ မိမိလိုလို၊ ကိုယ်လည်း မလှူ၊ သူ့အလှူကို၊ မလှူစေချင်၊ ပိတ်ပင်တတ်ဘိ၊ လူ့ဒိဋ္ဌိတို့၊ သူစိမုခ၊ အမည်ရသား၊ အပ်မျှ ခံတွင်း၊ ရေ-စာ သွင်း၍့၊ အလျှင်း မရ၊ ကြီး ဒုက္ခနှင့်၊ ပေတ တမျိုး၊” “ကျင့်ဆိုး မိုက်တန်၊ မိစ္ဆာဉာဏ်ဖြင့်၊ ရေကန် ရေတွင်း၊ ဖျက်ဆီးခြင်းကြောင့်၊ ပြင်းပြ မပြတ်၊ စာ-ရေ မွတ်သား၊ တဏှဋ္ဋိက၊ ပေတ တမျိုး၊” “ဘေး-ဘိုး ရွယ်နီး၊ သက်ကြီး လူအို၊ သူတို့ကိုလျှင်၊ မရိုမသေ၊ *မထေလေးစား၊ မိုက်အား မာန်သည်း၊ မ*ယမ်းပည်းဘဲး၊ *မရည်း မခန့်၊ ကန့်လန့် ထော်†လော်၊ ကြား မ†လျော်အောင်၊ မူးမော် မတံ့၊ ယစ်နံ့ *ဖရည်၊ *နားချည်း နားခါး၊ စကား ချော်†ပျက်၊ နှုတ် သွမ်းသွက်နှင့်၊ †ပြက်ရိ ပျက်ရယ်၊ ဆို ပျက်ပြယ်လျက်၊ ချုပ်ချယ် စော်ကား၊ ပြုသူများတို့၊ အလား မလှ၊ အပါယ် ကျ၍့၊ ယမလောကီ့၊ ဒုဂ္ဂတိနှိုက်၊ မျက်စိ မျက်နှာ၊ အင်္ဂါ ဆိုးယုတ်၊ မည်းကြုတ်ကြုတ်နှင့်၊ သစ်ငုပ် မီးလောင်၊ တူယောင် တ†ရှိ၊ ကြောက်ဘွယ်†ယှိသား၊ သုနိစျာမက၊ ပေတ တမျိုး၊ အဖြစ် ဆိုးသည်။။ မိုက်ကျိုး ခံကာ၊ ခန္ဓာ နာနတ်၊ ဆာမွတ် လွန်†တန်၊ သ†ဏ္ဌာန် နွမ်းလျ၊ ရေ-သားတည်း။”(၁)

(၄၅၂) “ကာမရာဂ၊ ကိလေသကြောင့်၊ အဓမ္မပြု၊ *မုဒိမ်းမှုဖြင့်၊ သူ့ကို လိမ်လစ်၊ ကုတ်ချစ် ချိုး†ဖဲ့၊ အနိုင် ယွဲ့လျက်၊ ဘယ်†ဘဲ့ မဟူ၊ ကျင့်တတ်သူတို့၊ ညည်းညူ မချိ၊ ခံရဘိသား၊ မိမိ သွေး-သား၊ မိမိ စား၍့၊ ကြီးမား ဒုက္ခ၊ သတ္ထင်္ဂဟု၊ ပေတ တမျိုး၊” “သူ ကိုးကွယ်မှတ်၊ ပြာသာဒ် ကျောင်း-သိမ်၊ နေအိမ် စင်္ကြံ၊ သူ့အရံကို၊ သွား-အံ ခဲးကြိတ်၊ မရှု†ဆိတ်ဘဲး၊ မျက်†စိတ် ငြူစူ၊ မဖြူ တရံ၊ မကောင်းကြံနှင့်၊ မီးလျှံ ရှို့တိုက်၊ ထိုသူမိုက်တို့၊ ကိုယ်နှိုက် လောင်ညီး၊ မီးတောင်ကြီးသို့၊ ပျက်စီး ငြိုငြင်၊ ခံရကျင်သည်၊ ပဗ္ဗတင်္ဂ၊ ပေတ တမျိုး၊” “ဆိုးဆို ဝါးဝါး၊ မြွေ-ကျား ရုပ်ယောင်၊ သူ ကြောက်အောင်လျှင်၊ ဟန်ဆာင် ပြစ်မှား၊ ချောက်သူများသို့၊ ရှည်လျား ကာယ၊ ညကို မီးခဲး၊ နေ့ ဆင်းရဲးနှင့်၊ အမြဲး ဒုက္ခ၊ ခံရ မပြီး၊ စပါးကြီး သမင်၊ ကျားသွင်အလား၊ ကိုယ်ကား မပါ၊ ခေါင်းသာ လုံးလုံး၊ အသားတုံးမျှ၊ ဖြစ်ကုန်ရသား၊ အဇဂရင်္ဂ၊ ပေတ တမျိုး၊” “မြတ်နိုး ကုသိုလ်၊ ပြု ကြည်ညိုလျက်၊ လင်ကို ကျော်†ကျူး၊ မိစ္ဆာ †ကြူးသား၊ ညစ်ညူး စာရီ၊ ဒုဿီမိန်းမ၊ ပါပိကနှင့်၊ ပရဒါရ၊ ကာမ လိုလား၊ အိမ် ပြစ်မှားသည်၊ ယောက်ျား တစု၊ ထို*ရောရုတို့၊ ကောင်းမှု နိသန်၊ ဘုံဗိမာန်ဝယ်၊ နတ်ဟန် *တပဲး၊ စံ လခွဲးနှင့်၊ မိုက်မဲး ကျင့်ကြံ၊ မကောင်း ကံဖြင့်၊ ရုပ်-နာမ် ဘောက်လဲ၊ သဏ္ဌာန် လွဲးလျက်၊ လခွဲး နိရယ၊ ငရဲးကျ၍့၊ သုခ ဒုက္ခာ၊ ရောရှက်စွာလျက်၊ ဝေမာနိက၊ အမည်ရသား၊ ပေတ တမျိုး၊” “စိုးရ အာဏာ၊ ဥစ္စာ ခမ်းနား၊ ပြည့်စုံအားကြောင့်၊ ကြီးမား ကျောင်းကန်၊ ဗိမာန် အရံ၊ ရွှေ မွမ်း†ကျံ၍့၊ စ†င်္ကြံ တင်းကုပ်၊ ဆောက်လုပ် မယုတ်၊ ဥပုသ် ဓမ္မအိမ်၊ ကျောင်း-သိမ်ကစ၊ ကုသလကို၊ ပြုကြတုံလျက်၊ ကိုယ်-လက် မဖြောင့်၊ မစောင့် နှုတ်-လျှာ၊ ပညာ *မဲ့ထ၊ မောဟန္ဓကြောင့်၊ သံဃိကဖြစ်ပြီး၊ ကျောင်းသစ်သီးနှင့်၊ ကျောင်းမီး ကျောင်းရေ၊ သံဃာ့မြေကို၊ *မထေလေးစား၊ *ကိုယ်ပိုင်လားသို့၊ သုံးစားတတ်စွာ၊ လူ*တကာကား၊ ပြိတ္တာတို့ထက်၊ ပြိုးပြက် အရောင်၊ ဘုံဆောင် ခြွေရံ၊ ပတ်ခြံ ဝန်းလျား၊ ပြည့်စံငြားလျက်၊ မစားရတတ်၊ အာ မစွတ်ဘဲး၊ ငတ်မွတ် စာ-ရေ၊ ခံနေရဘိ၊ တန်းခိုးယှိသည့်၊ မဟိဒ္ဓိက၊ ဤသို့စသား၊ ပေတ လုံးစုံ၊ ပြိတ္တာ့ဘုံနှိုက်၊ ရေတုံ မပြီး၊ အသီးသီးသည်။။ ဘုန်းကြီး မြတ်*မွန်၊ ဟောညွှန် ကမ္မသ်၊ အာဏတ် မှန်ကန်၊ ဂန္ထန် ကျမ်းပြ ဘွေကြားတည်း။ “ (၂)

(ပြိတ္တာ့ဘုံခဏ်း ၂-ပိုဒ်)

(၄၅၃) ရာဂမနှင့်၊ နိ-အယပုဒ်၊ ရှင်တော် နှုတ်က၊ ဟောထုတ် ဝေဘန်၊ နိရုပ် မှန်သား၊ ဘူမန္တရ၊ ဌာန လောင်ညီး၊ ပါယ် တသီးတိ၊ မြေကြီး နှစ်လွှာ၊ အလယ်ချာနှိုက်၊ မဟာပထဝီ၊ ဇမ္ဗူဒီ၏၊ အညီ အောက်တွင်၊ စဉ်လျောက် ဆင့်ဆင့်၊ နိမ့်-မြင့် မှတ်ဆောင်၊ သောင့်းငါးထောင်ချည်း၊ ကွာနည်း ယူဇနာ၊ ခြားကာကာဖြင့်၊ သိလာအထိ၊ အဝီစိတိုင်၊ မီးတိ ရှင်ရှင်၊ တည်ယှိကျင်သား၊ ရှစ်ခွင် မဟာ၊ နိရယာနှင့်၊ ရံကာနေကြ၊ ဥဿဒက၊ ယမလောကီ၊ ထိုဤ လုံးစုံ၊ ငရဲးဘုံကို၊ မှတ်ရုံ အသင့်၊ ကံနှင့် တကွ၊ အကျဉ်း ပြပိမ့်၊ မှတ်ကြ သေချာ၊ “လူတို့ရွာတွင်၊ ရာဇာချင်းချင်း၊ မင်းနှင့် မင်းက၊ စီးနင်း နိုင်ထက်၊ နှိပ်စက် ပိုင်ကား၊ လက်ရုံးအားဖြင့်၊ တရား မတည်၊ လောဘ စည်၍့၊ တိုင်းပြည် လုယက်၊ ရွာဖျက်ယောက်ျား၊ ခိုးသား စောရ၊ ဒါမရိကနှင့်၊ ဓားပြ လူဆိုး၊ ထိုသူမျိုးတို့၊ ရန်ငြိုး မျက်သို၊ အပျက် လို၍့၊ သူ့ကို ငါ သတ်၊ ပဋိဃာတ်နှင့်၊ သေလတ်ကုန်ကြ၊ ကံ ပါပကြောင့်၊ ပုန ပုနံ၊ မဆိတ်ညံတည့်၊ အသံ မ*စဲး၊ စစ်မြေပွဲးသို့၊ ထိုးဟဲး ခုတ်ဟဲး၊ ခြီး မောင်းမဲးလျက်၊ ခေါင်းခွဲး လည်†ဖြတ်၊ ချင်းချင်း သတ်၍့၊ †ဖျတ်ဖျတ် ရိုက်တုန်၊ ဆွေ့ဆွေ့ခုန်၏၊ မကုန် ပါပ၊ ထိုကမ္မတိုင်း၊ ပြတ်ကျတုံလျက်၊ စပ်တုံလျက်ဖြင့်၊ အသက် ဝိညာဉ်၊ တယှဉ်ယှဉ်နှင့်၊ မစင် *တရစ်၊ ညစ်ညစ် ညူးညူး၊ နစ်လူး လိမ်းကျံ၊ နွားသတ်ခြံသို့၊ သွေးသံတ†ခြင်း၊ ညီးညီးဝင်းလျက်၊ ကောင်†ချင်း ထွေးပျစ်၊ ရဲးရဲးချစ်သား၊ မီးစစ်နှင်နှင်၊ သံမြေပြင်ထက်၊ သေ-ရှင် ဘန်ဘန်၊ အပြန်ပြန်တိ၊ ဖြစ်ဟန် မဆုံး၊ မတုံး ဒုက္ခ၊ သ ဉ္ဇီဝဟု၊ ပထမမြေထဲး၊ မီးငရဲးနှိုက်၊ အမြဲး ရှည်ကြာ၊ ခံကြရာသည်။။ ချမ်းသာ ပျက်ပျက် ပြုန်းပြုန်းတည်း။”(၁)

(၄၅၄) ထိုမှ တသွယ်၊ ယင်း အောက်ဝယ်တိ၊ “ဆိုးကျယ် နိုင်ထက်၊ သူ့ခြေ-လက်နှင့်၊ နားရွက် ဥက္ခောင်း၊ *တောင်းလောင်း ဖြတ်*ထိမ်း၊ ခြောက်ခြိမ်း ရိုက်†နွှံ၊ ညွတ်ညွတ်†နွံအောင်၊ လက်လံတ+ကြား၊ ငါ ယောက်ျားဟု၊ စော်ကား လွှမ်းမိုး၊ ရိုးဆစ်†ကျိုးမျှ၊ လွန်†ကြိုး ကြော့ကွင်း၊ ချည်နှောင်ခြင်းဖြင့်၊ အပြင်းအပြ၊ ဒုက္ခ နှိပ်စက်၊ နိုင်ထက်*ကလူ၊ ပြုသူ တဝ၊ သီလ *မဲ့မျှို့၊ အကျင့် ချို့လျက်၊ လူတို့ လှူဒါန်း၊ ကြိုး ခါးပန်းနှင့်၊ သင်္ကန်း ဝတ်ဆောင်၊ ပလွှား ထောင်သား၊ ရှင်ယောင် ဒုဿီ၊ အလဇ္ဇီတို့၊ ပထဝီအောက်၊ လျှံတောက် ပွက်ပွက်၊ သံမြေ့ထက်နှိုက်၊ ပက်လက် တစောင်း၊ တုံလျောင်း လျားလျား၊ စင်းစင်း ထားလျက်၊ ဘဝါး ခံတွင်း၊ ဘောက်လျှို ထွင်း၍့၊ တံသင်း-စို့ နှက်၊ လှုပ်လက် မသာ၊ တချို့မှာလည်း၊ ဧရာ သံကွင်း၊ ခတ် ခြေ†ချင်းနှင့်၊ †ခြင်းခြင်း မီးလျှံ၊ လွန် လေးလံသား၊ တောက်ပျံ ညီးပြောင်၊ ကိုယ်လုံး လောင်လျက်၊ အရောင် ဝင်းဝင်း၊ လည်ပင်း ခါး-ရင်၊ လက်တွင် မြဲးအောင်၊ ကြိုး *သံလျောင်ဖြင့်၊ *မျက်မှောင် ဘွဲ့ငြား၊ အကျပ်ထား၏၊ ရေ-သား-ကြော†ခြင်၊ ကျိုး†ချင်ချင်မျှ၊ နစ်ဝင် ပြတ်စဉ်း၊ နှောင်အ†ကျဉ်းတည့်၊ ဆောင်†ကြဉ်း မနိုင်၊ ခြေထိတ် ကိုင်သို့၊ ယိမ်းယိုင် လူးကာ၊ ဘယ်-ညာ မရ၊ ထိုဒုက္ခထက်၊ ပုဗ္ဗကမ္မ၊ ဒုဿီလ၏၊ ပါပအ†ကျိုး၊ သံမျဉ်း†ကြိုးဖြင့်၊ အရိုးထိမျှ၊ ခတ်ကာ ချ၍့၊ မဂဓတိုင်းသား၊ အိမ်မိုးလားတိ၊ အသွား ထက်ထက်၊ အရွက် ဖွေးဖွေး၊ အခွေး တောက်တောက်၊ *အဆောက် ထွားထွား၊ မမြင်အားအောင်၊ ဓားမ တ*စည်း၊ သစ်ရွေနည်းသို့၊ *ပြည်းပြည်း ကိုယ်လုံး၊ ခေါင်း-ခြေ ဆုံးတိုင်၊ သစ်တုံးပမာ၊ အလွှာ အလွှာ၊ ရွေစကာလျှင်၊ ရှည်ကြာ နှစ်-လ၊ ကြီးဒုက္ခဖြင့်၊ ညည ရက်ရက်၊ မသေ သက်နှင့်၊ နှိပ်စက် ကြမ်းကြုတ်၊ ကာလသုတ်ဟု၊ လမုတ် တသီး၊ ငရဲးကြီးသည်။။ သံမီးတောက်လျှံ ဟုန်းဟုန်းတည်း။”(၂)

(၄၅၅) ယင်းမှ အောက်လည်း၊ ကြောက်မက်စဘွယ်၊ ကြီးကျယ် ညီးညီး၊ သံမီး ဘွားဘွား၊ သံဘောင်ကြားသို့၊ လေးပါး ဝန်း†ကျင်၊ ဆုံး မမြင်တည့်၊ အ†ကြင် လူ့ရွာ၊ ဆင်ဆရာက၊ အဿာဒမ†က၊ မြင်းဆုံးမနှင့်၊ မြင်း†ကယောက်ျား၊ ရထား မောင်းနှင်၊ ဝန်တင် နှိပ်စက်၊ ရိုက်နှက် ခြေဆောင့်၊ ဖနောင့် ဖ†ကျည်း၊ လွန်နာ†ကြည်းအောင်၊ *ယရည်းသမုတ်၊ ကျင့်မူ ယုတ်သား၊ ကြမ်းကြုတ် အစဉ်၊ မယဉ် *မမှိန်း၊ ဆင်ထိန်း မြင်းထိန်း၊ ရထားထိန်းဟု၊ လူ*ပြိန်း ဗာလ၊ *အကံငတို့၊ ပါပအစု၊ နှိပ်စက်မှုဖြင့်၊ ပြုကြ အလို၊ အကုသိုလ်ကြောင့်၊ လူ့ကိုယ် ဆင်ခေါင်း၊ လူ့ခေါင်း ဆင့်ကိုယ်၊ မြင်းလို မျက်နှာ၊ ကိုယ်မှာ လူရုပ်၊ ကုလားအုပ် ကျွဲး-နွား၊ စသောအားဖြင့်၊ ကိုယ်ကား တပုံ၊ ခေါင်း တပုံနှင့်၊ လူ့ဘုံဌာန၊ ယာဉ်နှိုက် ကသို့၊ လောဟအဂ္ဂိ၊ မီးအတိသား၊ တောက်ညိ ပြောင်ပြောင်၊ ထန်းလုံး ယောင်မျှ၊ *သံလျော သံကြိုး၊ သံထမ်းပိုးဖြင့်၊ အခိုး ပျံပျံ၊ အလျှံ ဘွားဘွား၊ သံရထားနှိုက်၊ က,ငြား ပြီးလျှင်၊ သံမြေပြင်ထက်၊ မောင်းနှင် ရိုက်နှက်၊ ခြေ-လက် ဥက္ခောင်း၊ *တောင်းလောင်း ပြတ်ပြဲး၊ စု ပေါက်ကွဲး၍့၊ တွဲးလွဲး သည်းအူ၊ ထွက်ပြူ မြားလျား၊ မမြင်အားအောင်၊ *နှရား ကြောက်ကြမ်း၊ သွေးစိမ်း သွေးနက်၊ ချိပ်ရည်စက်နှင့်၊ တိန်းညက်ရည်ကောင်း၊ နီမောင်း ဟင်္သပဒါး၊ *ဆုန့်းအလားသို့၊ ခြေဖျား ခေါင်းဆုံး၊ ကိုယ်လုံး တွေးတွေး၊ စွေးစွေး စွတ်စွတ်၊ တွတ်တွတ် ချင်ချင်၊ ကံစီရင်တိုင်း၊ ရှုမြင် မ†ရဲး၊ ထိုင†ရဲးကား၊ †ရဲးရဲး ယိုစီး၊ သွေး တီးတီးတည့်၊ ခရီး *ခပ်သွတ်၊ မြန် *ရွတ်ရွတ်ဖြင့်၊ ပေါက်လွတ် ပြင်းဟုန်၊ တသုန်သုန်လျှင်၊ ဘားခုန် *ဘားဆင်း၊ နိမ့်နင်း တက်-သက်၊ အောက်-ထက် ပြောင်းပြန်၊ ခေါက် ဘန်ဘန်တည့်၊ သည်းထန် ဒရဟော၊ ရပ် *တောမနား၊ သံရထားကို၊ ဆောင်ငြားတုံပြီး၊ အရှိန်ကြီးသား၊ မီးတည့် ဟုန်းဟုန်း၊ လောင် အုန်းအုန်းနှိုက်၊ ငင်ရုန်း မြင်း-ဆင်၊ ကျွဲး-နွားသွင်သို့၊ သို့လျှင် နိစ္စ၊ တည်နေရ၏၊ ဒုက္ခ ငြိုငြင်၊ တငင်ငင်နှင့်၊ ပူပင် လောင်လဲး၊ လွန် ဆကဲးအောင်၊ ဆင်းရဲး ကြီးစွာ၊ ခံရာ ဌာန၊ သံဃာတဟု၊ နာမ တပုံ၊ ငရဲးဘုံဝယ်၊ သေတုံ ရှင်ရင်း၊ ပြေးရလျှင်းသည်။။ ဆင်-မြင်း နွားနှယ် ကုန်းကုန်းတည်း။”(၃)

(၄၅၆) တပါး ထို့အောက်၊ ညီးညီး တောက်ဖြင့်၊ ပေါက္ခရပတ္တ၊ ခိုးလျှံထလျက်၊ များလှ သင်္ချေ၊ မီးသံမြေနှိုက်၊ မရေတွက်သာ၊ စကြာ လှည်းဘီး၊ စည်ကြီးမျက်နှာ၊ ပမာ နှိုင်းအပ်၊ အထပ် အထပ်၊ သံကြာချပ်ထက်၊ စွဲးဟပ် မီးတောက်၊ ထက်နှင့် အောက်လျှင်၊ အပေါက် မမြင်၊ အတင်တင်အား၊ ဝန်းကျင်ပတ်ရံ၊ အလျှံ အခိုး၊ နှစ်မျိုး လွန်ပြင်း၊ ပူစပ်ခြင်းဖြင့်၊ ခံတွင် ဒွါ†ရ၊ မကျန်†ရအောင်၊ ကိုးဝဟူဘိ၊ အပေါက်ယှိတိုင်း၊ မချိ ဝင်-ထွက်၊ အောက်-ထက် ရှုန်းရှုန်း၊ တဟုန်းဟုန်းနှင့်၊ ပြေးပုန်းမရ၊ ဒုက္ခ ကြီးစွာ၊ ခံ ရှည်†ကြာလျက်၊ †ဂကျာကျာ +ကျံကျံ၊ အုန်းအုန်းညံအောင်၊ မ+ကြံတတ်အား၊ မီးလျှံ†ကြားမှ၊ ပြောက်†ကျား ညိုမဲး၊ ကိုယ်လုံး ပြဲး၍့၊ အက်ကွဲး သားရေ၊ တွေတွေ ယိုစီး၊ ညီးညီး သွေး-ပြည်၊ ရပ်မတည်ဘဲး၊ မျက်ရည် *ချူချူ၊ ငို *ကျူကျူဖြင့်၊ ထိန့်ဆူ လှိုက်သည်း၊ အော်ဟစ်*ကျည်းလျက်၊ မီးလည်း အုံရစ်၊ လောင် ချစ်ချစ်တည့်၊ *တောင်မြစ် လေးပါး၊ လွတ်ရာအားဖြင့်၊ ပြေးသွား မနိုင်၊ လက်မှိုင် ပစ်ချ၊ ဆင်းရဲးလှ၍့၊ မွေးဘ ယူဘိ၊ မွေးမိ ကယ်ပါ၊ တစာစာလျှင်၊ ပြင်းစွာ ခိုးလျှံ၊ ငိုကြွေးသံနှင့်၊ မီးသံ ကြွက်ဆူ၊ ဘရဘူကြောင့်၊ ဓူမဇာလ၊ ရောရုဝဟု၊ နာမ မည်သီး၊ ငရဲးကြီးတည့်၊ *အတီး *ယခေါင်၊ လူတို့ဘောင်က၊ ကျင့်ဆောင် ဓမ္မ၊ မယှိကြဘဲး၊ “မိ-ဘ ဆရာ၊ ပညာဝါနှင့်၊ သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဟု၊ ထိုမျှခပဲး၊ မြတ်ထွတ်ကဲးသို့၊ ငရဲး *တမင်၊ ဟောပါကျင်လည်း၊ မမြင် မျက်ကွယ်၊ မယုံဘွယ်ဟု၊ အကယ် မိုက်†လှ၊ လူ့ဗာ†လတို့၊ ဉာဏ နည်းပါး၊ အမြင် ယှား၍့၊ တရား မ†ကျ၊ မလိုက်†ကြဘူး၊” “ပါပအမှု၊ ချင်းတို့ ပြုသည့်၊ အကုသလ၊ ဒုကမ္မမျိုး၊ အကျင့်ဆိုး၏၊ အကျိုး ထင်ထင်၊ မပေးခင်မူ၊ အကြင် လူမိုက်၊ ဒုစရိုက်ကို၊ စိတ်နှိုက် သာယာ၊ ပျာ့းပမာသို့၊ လွန်စွာ နှစ်သက်၊ မပယ်ရက်ဘဲး၊ လေ့ကျက် မပြတ်၊ ထင်မှား မှတ်၏၊”သက်သတ် ကြမ်းကြုတ်၊ ကျင့်ယုတ် ဆိုးခေါင်၊ ရတိုင်း လှောင်၍့၊ မရှောင် မညှာ၊ သတ္တဝါကို၊ လောင်ဆာ ကိုယ်†စိတ်၊ ပူ မ†ဆိတ်အောင်၊ ဆို့ပိတ် မီးတိုက်၊ အခိုး မြိုက်လျက်၊ *ပုတ်ထိုက် လွန်ကဲး၊ စိတ်မိုက်မဲးဖြင့်၊ ညှဉ်းဆဲး*ကလူ၊ ပြုတတ်သူတို့၊ ထိုရောရုဝ၊ နိရယနှိုက်၊ ဒုက္ခ ဘရဘူ၊ တဦဦနှင့်၊ ကြွက်ဆူ ညိုးညံ၊ မြေမိုး ပျံမျှ၊ ခိုးလျှံ မီးတွင်း၊ ခံရလျှင်းသည်။။ လွန်ပြင်း ငိုသံ၊ အုန်းအုန်းတည်း။ (၄)

(၄၅၇) ထို့အောက်လည်းကောင်း၊ ခြောင်းခြောင်း ခိုးလျှံ၊ ရိုက်နှက်သံနှင့်၊ ငိုသံ အုတ်†ကျွက်၊ တခဲးနက်ဖြင့်၊ ဆူ†ကြွက် တံပိုး၊ ရှေးထက် တိုး၍့၊ မြေ-မိုး တုန်မျှ၊ လွန်ပြင်းပြကြောင့်၊ မဟန္တသဒ္ဒါ၊ ပုဒ်တုလျာနှင့်၊ မဟာရောရုဝ၊ နာမ တသီး၊ ငရဲးကြီးလည်း၊ သံမီး မြေပြင်၊ ရဲးချင်†ချင်ထက်၊ ကြော†ခြင် ရိုး-သား၊ ကြွေထွားမြည့်လောက်၊ ထက်အောက် မကြွင်း၊ လွန် စပ်ပြင်းအောင်၊ ကိုယ်တွင်း ကိုယ်ပြင်၊ ခိုးလျှံ ဝင်၍့၊ အိုးတွင် ငုပ်ငုပ်၊ ကြက်ကို ပြုတ်သို့၊ အုတ်အုတ် ပွက်ဆူ၊ ခံသူ တမျိုး၊ နို့ဓမ်းအိုးကို၊ တုတ်မိုး ရိုက်ခွဲး၊ ဖြန်းဖြန်းကွဲးသို့၊ သွေးရဲး သံ†ယို၊ ဖ†ရို ဖ+ရဲး၊ မြင် မ+ရဲးတည့်၊ ရဲး+ရဲး မျက်†ကြုတ်၊ မည်းကြုတ်†ကြုတ်နှင့်၊ ကြမ်းကြုတ် မြည်ဟိန်း၊ ငရဲးထိန်းတို့၊ *စိန်းလိမ်း တင်လင်၊ မာန်ဝင် ကြည့်ငြိုး၊ မျက်စောင်းထိုး၍့၊ မိုးနှင့်တကွ၊ တိုင်းဒေဝ၏့၊ ပါပ ရပ်ပြင်၊ ရာဟုခွင်က၊ လေဆင်သော့တိုင်း၊ မှုန်မှိုင်း မဲးမှောင်၊ ကောက် နှာယောင်နှင့်၊ မျက်တောင် ကော့ဖြူ၊ နဖူး မောက်ဖြိုး၊ ကြောက်ဘွယ် ဆိုးသား၊ ရှိခိုး မရ၊ ကိုယ် *အမ်းချလျက်၊ ကြီးလှ ဆောက်ပုတ်၊ သံတုတ် လှင်ကန်၊ ထန်းလုံ့းဟန်ဖြင့်၊ သည်းထန် ရိုက်နှက်၊ အုန်းအုန်း ကျွက်အောင်၊ အချက် မရွေး၊ ဘီ-ဘေး နံစောင်း၊ ဥက္ခောင်း ကျော-ရင်၊ မြင်မြင်သမျှ၊ အပြင်း ချသော်၊ ကျောမ ရင်ဘတ်၊ ဒူးလမ်း ဖြတ်လျက်၊ ရာဇမတ် ကြက်ခြေ၊ သား-ရေ ရိုးနစ်၊ တကျစ်အလား၊ ရှစ်ကွက်ကျားနှင့်၊ ထွန်သွား ကြောင်းရေး၊ ရောထွေး မလှ၊ ရှုပ်ယှက်စွဖြင့်၊ မရ တည်ရာ၊ သဝေချာ၍့၊ ထိန်ဝါ လောင်ညီး၊ မီးပုံ†ကြီးတွင်၊ ပြောက်†ကျီး ပြောက်+ကျား၊ တလန့်+ကြားတည့်၊ လည်းသွားကုန်†ကြ၊ မိုဃ်းကြိုး †ကျသို့၊ ဒုက္ခဝေဒနာ၊ မခံသာကြောင့်၊ နာနာ*ကြည်း†ကြည်း၊ တုန် အသည်းဖြင့်၊ *ကျည်း†ကျည်း အော်လျက်၊ သွေး ပွက်ပွက်နှင့်၊ ထိပ်ထက် နောက်†ဖယ်၊ ညာ-+ဘယ် နထင်၊ ကွာစင် ဘရမ်း၊ မြင် မ+ချမ်းအောင်၊ ထက်+ခြမ်း ရဲးရဲး၊ *ခြခြ ကွဲး၍့၊ ဖြန့်ကြဲ ကြေညက်၊ ဦးနှောက် ထွက်လည်း၊ အသက် မသေ၊ တပေပေလျှင်၊ ခံနေ တချို့၊ ထိုသူတို့ကား၊ “အဘို့ ရှေးခါ၊ လူတို့ရွာနှိုက်၊ ဆရာ မိ-ဘ၊ ဗြာဟ္မဏနှင့်၊ ဗြဟ္မစာရီ၊ ကျင့်ညီ တရား၊ သူတော်များ၏့၊ ပိုင်ကား ဥစ္စာ၊ ရတနာကို၊ ခိုးကာ ယူ†ခြင်း၊ မိတ်ဆွေ †ချင်း၏့၊ နှံသွင်း သိုထား၊ ဘဏ္ဍာများကို၊ မုသား ယွင်းပျက်၊ ခိုး ကွယ်ဝှက်နှင့်၊ သား-ငှက် လူပါ၊ နိုင်ရာရာလျှင်၊ သတ္တဝါအများ၊ သူတပါးကို၊ *ဆတ်မြား ကြမ်းကြုတ်၊ သတ်ကြွေပြုတ်အောင်၊ တင်းပုတ် ရွယ်ချိန်၊ ပုဆိန် ရဲးတင်း၊ နှိပ်စက်ခြင်းဖြင့်၊ အပြင်း *ပုတ်ထိုက်၊ မျက်မာန် အိုက်၍့၊ ရိုက်ထု ဥက္ခောင်း၊ သတ်ညှစ် ရှောင်းသား၊ မကောင်း ကံညစ်၊ ထိုအပြစ်ဖြင့်၊ *မနစ် မရှား၊ မတော်ငြားသား၊ တရား မတည်၊ *ငထည် *ငဝ၊ လူ့ဗာလတို့၊ ဒုက္ခမျိုးရှေး၊ မိုက်ကျိုး ပေး၍့၊ ငိုကြွေး *ကျံကျံ၊ တညံညံသည်။။ ရိုက်သံ နှက်သံ ပုန်းပုန်းတည်း။”(၅)

(၄၅၈) ထို့အောက် တဖြာ၊ လေးမျက်နှာက၊ ရံကာ ပတ်ဝိုင်း၊ *တံတိုင်း မြင့်ခေါင်၊ မီးပြောင်ပြောင်နှင့်၊ လယ်ဘောင် မဇ္ဈေ၊ သံရေ ဆူကြွက်၊ သံမြေထက်နှိုက်၊ ပြိုးပြက် မီးတုံး၊ ထန်း-ပေလုံးမျှ၊ ထက်ဆုံး မြမြ၊ ချွန်လှ ရှင်ရှင်၊ လှံ့အသွင်သို့၊ သံတံကျင်မျိုး၊ *ငိုးငိုး *ငွားငွား၊ စိုက်ထောင်ထားပြီး၊ ထက်ဖျားနှိုက်တွင်၊ ထိုးလျှို တင်၍့၊ မရှင် မသေ၊ အောက် သံမြေက၊ တက်လေ မီးလျှံ၊ ဟုန်းဟုန်းပျံသော်၊ မခံရပ်နိုင်၊ သံတိုင် မြင့်မား၊ ထက်အဖျားမှ၊ တွဲးလျား စောက်ထိုး၊ ခြေ မိုးမြောက်လျက်၊ ပက်လက် တစောင်း၊ မြင် မကောင်းအောင်၊ တုံးလျောင်း ထွေထွေ၊ ကျတုံလေက၊ သံမြေ ညီးညီး၊ တောက်သည့်မီးနှိုက်၊ ဆင်ကြီးအ†ယောင်၊ ခွေး-ကျား ကြောင်တို့၊ စွယ်ရောင် ပြိုးပြက်၊ သွား လက်လက်နှင့်၊ ကြောက်မက်ဘွယ်အား၊ သဘက် ကျားသို့၊ ပြေးလွှား ဆွဲးငင်၊ *ခုံတမင်ဖြင့်၊ သွေးရှင် *မျိုတုတ်၊ တ*ကြုတ်ကြုတ်တိ၊ ပလုတ်†ပလောင်း၊ ထောင်းထောင်း ကိုက်ဝါး၊ ဝိုင်းအုံ စားလျက်၊ အသား ကုန်သော်၊ လေဟုန် ဆော်လစ်၊ ဖြစ်မြဲး ဖြစ်၍့၊ အသစ် ဘန်လဲး၊ ခံ ဆင်းရဲးသား၊ အမြဲး မီးမြိုက်၊ ဆူ ကျိုက်ကျိုက်ကြောင့်၊ သမိုက် နာမ၊ တာပနဟု၊ ပူလှ တသီး၊ ငရဲးကြီးတည့်၊ သံမီး ပွက်ပွက်၊ တံကျင်ထက်နှင့်၊ ခွေးနက် ခွေး†ကျား၊ မီးလျှံ†ကြားနှိုက်၊ ကိုက်စား အရှင်၊ ခံရ†ကျင်သည့်၊ အ†ကြင် *ပြောထူ၊ ထိုမျှလူကား၊ “ကျင့်မူ ဆိုးစွာ၊ လူ့ပြည်မှာလျှင်၊ ဣဿာ စောင်းမြောင်း၊ မျက်စောင်း မျက်လျှံ၊ နှုတ်သံ ညည်း†ညူ၊ ဒေါသမူဖြင့်၊ အ†ငြူအစူ၊ မဖြူ နှလုံး၊ မိုက်တုံးကြီးလှ၊ မိုးမှောင်ကျ†သို့၊ မိုက်†ကြ အဟုတ်၊ မြတ်-ယုတ် မညှာ၊ လွန် မိုက်စွာလျက်၊ မြို့-ရွာ ဂါမ၊ နိဂမနှင့်၊ ဂေဟ ရိပ်ငြိမ်၊ နေအိမ် စရပ်၊ မဏ္ဍပ် တင်းကုပ်၊ ဆောက်လုပ် တည်†ထား၊ *ဆောက်ဦးများတိ၊ *တံ†တား စောင်းတန်း၊ စောင်းရန်း *ခြံပွတ်၊ မလွတ် လုံးစုံ၊ တဲအုံက စ၊ ထိုမှ ကျောင်းကန်၊ သူ့ဗိမာန်ကို၊ မကျန် ပြိုက်ပြိုက်၊ ကျွမ်းလောင်မြိုက်အောင်၊ မီးတိုက် ရှို့ဖျက်၊ သူ့သက် ရှင်ရှင်၊ မသေခင်လည်း၊ မီးတွင် ချ†ပစ်၊ ထိုကံ†ပြစ်ကြောင့်၊”မီးချစ် လောင်စွဲး၊ ထိုငရဲးနှိုက်၊ လွန်ကဲး ဝေဒ†နာ၊ ကြီးလှစွာသား၊ နာ†နာကျင်ကျင်၊ သံတံ+ကျင်ထက်၊ စူး+ကျင်တုံထ၊ ဒုက္ခ*တိုင်ထိ၊ ခံ မချိအောင်၊ ကျဘိသော့အား၊ ဝိုင်းအုံ ပြားလျက်၊ ခွေးစား မ†ကျန်၊ သွေး †ကြန်ကြန်နှင့်၊ ကုန်ပြန် ဖြစ်ခြင်း၊ မီးပုံတွင်ဝယ်၊ ပူခြင်း လှိုက်တုန်၊ ငါးနှယ် ခုန်၍့၊ မကုန် *ကြမ္မာ၊ သက်ရှင်စွာလျက်၊ ခန္ဓာ *မစယ်၊ ပျောက် မကွယ်ဘဲး၊ *သွတ်လှယ် မပြီး၊ လောင်ညီးညီးနှင့်၊ မီးဟုံ ပင့်ဆော်၊ တံကျင်ပေါ်သို့၊ ဟစ်အော် *ချောက်ချား၊ ရောက်ပြန်ငြားလျက်၊ ကားရား ကိုးရိုး၊ ခြေမြောက်မိုးသည်။။ စောက်ထိုး စဉ်ကျ *ဆုန်းဆုန်းတည်း။ (၆)

(၄၅၉) ထိုမှ အောက်ခွင်၊ သံမြေပြင်ထက်၊ တောက်ရှင် ညီးညီး၊ သံတောင်ကြီးသို့၊ ကာဆီး ရံသိုင်း၊ သံ*တံတိုင်းဖြင့်၊ ပတ်ဝိုင်းပြီးလျှင်၊ တံကျင် သံချွန်၊ ရှေးထက် လွန်၍့၊ *သည်းဝှန်း မီးတောက်၊ မိုး*ရှိမြောက်မျှ၊ ထက်-အောက် လျှံဝေ၊ သံရေ ပွက်ပွက်၊ ဆူကြွက်ကြွက်တည့်၊ ပြင်ဘက် ထိုဝယ်၊ ကြောက်ဘွယ် ရူပ၊ ဥပကနှင့်၊ ကာဠသမုတ်၊ သိရီ့ဂုတ်ဟု၊ မျက်ကြုတ်ထန်စွာ၊ *ဥပါရက္ခိုသ်၊ အံကိုက် စွယ်ပြူး၊ ငရဲးမှူးတို့၊ ရှူးရှူး ရှုန်းရှုန်း၊ အုန်းအုန်း ကျွက်ညံ၊ လိုက်လံဖြ†ဖြ၊ အုံဖြ†ဖြနှင့်၊ ဖြ†ဖြ ကွဲးပေါက်၊ ဦးနှောက် ဆန်ကွဲ၊ ကြဲး၍့ စဉ်လွင့်၊ ရင်ပွင့် အူကြွေ၊ အထွေထွေလျှင်၊ လက်-ခြေ နှာခေါင်း၊ *ဘောင်းလောင်းဖြတ်ပြု၊ သားကောင်းတုတည့်၊ လုလု ယက်†ယက်၊ သည်းအူ ထွက်အောင်၊ ရက်†ရက် ချွံ+ချွံ၊ *လက် မရွံသို့၊ ခြွံ+ခြွံ *ပစ်လွှတ်၊ *တောင်ကျွတ် မာန်ငြိုး၊ နောက်က မိုး၍့၊ ဓားမျိုး လှံ-တုတ်၊ သံ*တံသုတ်က၊ ဆောင်ပုတ် သံဆူး၊ ထူးထူး ပြားပြား၊ လက်နက်များဖြင့်၊ အသွား ပြောင်ပြောင်၊ အရောင် ပြိုးပြိုး၊ ခုတ်ထိုး ရိုက်နှက်၊ တောင်ပေါ်ထက်သို့၊ တက်စေ မောင်းနှင်၊ အပြင်း တင်၍့၊ ထက်ခွင်ဌာ†န၊ ရောက်ကာလနှိုက်၊ ထိုခ†ဏခြင်း၊ ကံအရင်းကြောင့်၊ လေပြင်း တိုက်ချ၊ သစ်ရွက်†ကျသို့၊ လွင့်†ကြ ထိုထို၊ အောက်ကို *ဟိတ်တော၊ ဒရဟောတိ၊ သောသော ကျလျှင်၊ သံတံကျင်ထက်၊ ကျော-ရင် ဘေးဘီ၊ ထုတ်ချင်း သီလျက်၊ စီကာ မလပ်၊ ကောင်ချင်း စပ်မျှ၊ ထပ်ထပ် ပူးပူး၊ ပြူးရ ရူးလျှင်၊ ပေါက်စူး တုန်တုန်၊ ဆတ်ဆတ် ခုန်ဖြင့်၊ မီးဟုန် ဟပ်စွဲး၊ ရှေးထက် ကဲး၍့၊ ရဲးရဲး ရှိန်ဝါ၊ ပူပြင်းစွာကြောင့်၊ မဟာတာပန၊ မည်ရ သံမီး၊ ငရဲးကြီးနှိုက်၊ ပျက်စီး လောင်†ကျက်၊ ဆင်းရဲး နက်သား၊ ငှက်†ကြက်အတူ၊ ခံရသူကား၊ “လူဝယ် ဖြစ်ခိုက်၊ အမိုက်ကြီးလှ၊ ငါ စိုးရဟု၊ ဇီဝ သက်ရှင်၊ လျှိုးတံကျင်နှင့်၊ မီးတွင် ပစ်ချ၊ အဓမ္မကို၊ ဓမ္မဟူငြား၊ ဓမ္မအားလည်း၊ အမှားဟူထ၊ အဓမ္မဟု၊ ဥစ္ဆေဒဒိဋ္ဌိ၊ အကိရိနှင့်၊ နတ္ထိ အဟေတု၊ စွဲးပြု ဘောက်ပြန်၊ အယူသန်တို့၊ မမှန် တရား၊ သူတပါးကို၊ အမှား ယူစေ၊ ထိုသူတွေတည့်၊ သံမြေ ပြောင်ပြောင်၊ သံရေရောင်နှင့်၊ သံတောင် ညီးညီး၊ ပူလောင်ကြီးသား၊ သံမီး ချင်ချင်၊ သံတံကျင်ထက်၊ အမြင် မလှ၊ စောက်ထိုးကျသား၊ ကျ၍့ ထိပ်ဦး၊ ဘေး-ရင် စူးလျက်၊ အပြူး အပြွတ်၊ မလွတ် တညီ၊ ကောင်ချင်း စီသည်။။ ဘားသီ တံစို့ *နှုန်းနှုန်းတည်း။”(၇)

(၄၆၀) ထိုမှ တဖြာ၊ အောက်ဆုံးစွာတိ၊ သီတာတွင်ညီ၊ ပထဝီထက်၊ လေးလီ ဒိသာ၊ ရပ်မျက်နှာနှင့်၊ အောက်မှာ တချက်၊ အိုး*ဖုံးဖွက်သို့၊ ထက်က ပိတ်ပြု၊ ဤခြောက်စုတွင်၊ တခု တခု၊ အထု ကိုးယူဇနာ၊ ထူထပ်စွာသား၊ ရံကာ အုပ်ဝိုင်း၊ တံတိုင်း မယွင်း၊ အတွင်း နံ-လျား၊ အစောက်အားဖြင့်၊ ပိုင်းခြား တရာ၊ ယူဇနာ ကျယ်နက်၊ လေးဘက် နံပါး၊ ပြေးသွား ထွက်အန်၊ မီးအလျှံလည်း၊ လွင့်ပျံ ယူဇနာ၊ တရာ ထုတ်ချောက်၊ ဝန်းကျင် ပေါက်၏၊ ထို့လောက်အတွင်း၊ ကမ္ဘာ†ချင်းအောင်၊ တည်†ခြင်း မပျက်၊ ဆူကြွက်ကြွက်နှင့်၊ ရှေးထက် ဆယ်ဆ၊ မက တံပိုး၊ *လှင်ကန် တိုးလျက်၊ ပူမျိုး လွန်ပြင်း၊ ပူတမင်းဖြင့်၊ အကြွင်း မယှိ၊ မီးအတိနှိုက်၊ များဘိစွာလှ၊ အနန္တတို့၊ ဒုက္ခခံသူ၊ မီးပူ ဆင်းရဲး၊ တခဲးနက်ဘိ၊ ခြား မယှိကြောင့်၊ အဝီစိမည်၊ ကမ္ဘာတည်သား၊ ဤသည် ထိန်ညီး၊ ငရဲးကြီးတည့်၊ သံမီး ဝင်းဝင်း၊ သံမြေတွင်းသို့၊ မြှုပ်သွင်း ပုဆစ်၊ ကျွံနစ် လောင်†ကျက်၊ လက်နှစ်ဘက်ကား၊ ကား†ကြက် ဆန့်ကာ၊ ဝဲး-ယာ နံရံ၊ အလျှံ ညီးညီး၊ မီး၏့အတွင်း၊ သွတ်သွင်းတုံရှောင်း၊ ထက် ဥက္ခောင်းက၊ နှာခေါင်းအထိ၊ လွှမ်းအုပ်ဘိလျက်၊ မချိ ခံမြောက်၊ ထိပ်က ဖေါက်ပြီး၊ အောက်ဒွါရ ထွက်၊ သံမြေ့ထက်နှိုက်၊ ဝက်ဝက် စူးဝင်၊ ထန်းလုံ့းသွင်ဖြင့်၊ တံကျင် တချောင်း၊ နံတောင်း နှစ်ဘက်၊ ကြက်ခြေ ရှက်အောင်၊ သီလျက် နှစ်†ချောင်း၊ ခိုး †ခြောင်းခြောင်းနှင့်၊ တိမ်းစောင်း ဘယ်-ညာ၊ မလှုပ်သာဘဲး၊ လွန်စွာ ပူပြင်း၊ မီး †ခြင်းခြင်းဝယ်၊ ထုတ်†ချင်း တိုး+ရို၊ ပေါက်သည်ကိုယ်မှ၊ သွေး+ယို ပြွင်းပြွင်း၊ တွေတွေ ဆင်းသား၊ ကန်သင်း ဆည်ရိုး၊ ကျိုး၍့ ကျလာ၊ ရေပမာတည့်၊ မဟာဒုက္ခ၊ ကြီးလှ ကျိုက်ဆူ၊ ထိုမီးပူတွင်၊ ခံသူ သတ္တဝါ၊ များလှစွာလည်း၊ လူ့ရွာ ပုံခင်း၊ ဆုံတွင်း သိပ်†နက်၊ ကျည်နှိုက် †နှက်သည့်၊ မုံ့ညက်အလား၊ တည်သော့အားဖြင့်၊ အကြား အလပ်၊ မထင် †ကျပ်လျက်၊ †ကြပ်ကြပ် အမြဲး၊ သံဖိုထဲးနှိုက်၊ သံခဲး ဥပမာ၊ ညီးလျှံဝါနှင့်၊ မီးစာ စင်စစ်၊ *မီးကျီးဖြစ်၍့၊ အနှစ် ကုဋေ၊ သင်္ချေ *ကိုင်ကန်၊ အပြန်ပြန်တိ၊ ဆယ်ဘန် မက၊ ထိုမျှ ကံလျောက်၊ ကြေ မပျောက်ဘူး၊ ရှည်*စောက်ကာလ၊ ကျက်နေရ၏၊ “မိ-ဘနှစ်ဦး၊ ကျေးဇူး ကြီးစွာ၊ ရဟန္တာမည်မှတ်၊ အရှင်မြတ်ကို၊ သတ်ဖြတ် ညှဉ်းဆဲး၊ သင်းခွဲး ဘေဒက၊ ဗုဒ္ဓလောဟိ၊ မိုက်ခေါင်ထိသား၊ အဘိပါပ၊ လူ့ဗာလတို့၊ ကျလေ ခြုတ်†ခြုတ်၊ လူစ ပြုတ်၍့၊ †ချုတ်ချုတ် မ+မြည်၊ ပြန် မလည်သို့၊ တ+မည် ဘဝ၊ ပေါ်ခဲးစွလျှင်၊ ဆုံးဆ မယှိ၊ မီးအတိဖြင့်၊ လောင်ညိ ပြင်းစွာ၊ ယူဇနာမျှ၊ ကျောက်တောင်ကျသော်၊ ခဏ ကျွမ်းလျက်၊ ဂွမ်းသို့ ညက်လည်း၊ အပျက် ရှေးပြု၊ မကောင်းမှုဟု၊ အကုသလံ၊ မကောင်းကံဖြင့်၊ ခံယူ သတ္တဝါ၊ ဆိုး *ကြမ္မာကြောင့်၊ ကမ္ဘာနေဘိ၊ ကြေ မယှိဘဲး၊ မြေကြီ့း အောက်ထပ်၊ ချိုးနှယ် ကပ်အောင်၊ ကျဉ်းကျပ် လွန်ကဲး၊ ဝီစိထဲးနှိုက်၊ ဆင်းရဲးကြီးစွာ၊ ခံရ ကြာသည်။။ ကျောက်ဖျာ ရေကျ တုန်းတုန်းတည်း။ “ (၈)

(၄၆၁) ညီးညီး ပြောင်ပြောင်၊ သံမီးရောင်ဖြင့်၊ တောက်လောင် *မစဲး၊ အောက်မြေထဲးနှိုက်၊ ငရဲးကြီးပညပ်၊ ရှစ်ထပ် မဟာ၊ နိရယာ၏့၊ မျက်နှာ လေးလီ၊ တရပ်စီတွင်၊ အညီ ပတ်ချုပ်၊ မှတ် သရုပ်ဖြင့်၊ *ဘင်ပုပ် ပွက်ဆူ၊ ပြာပူ သံလျက်၊ လျှံထွက် ခိုး†ခြောင်း၊ ကြိမ်ပိုက်†ချောင်းနှင့်၊ အပေါင်း ထင်ရှား၊ မည်ပြား နာမ၊ ဥဿဒဟု၊ ပြင်က ရံဆို့၊ မြို့၏့သ†ဖွယ်၊ ငရဲးငယ်လည်း၊ ကြောက်†ဘွယ် *နှရား၊ လေးပါး ပတ်လည်၊ စပ်ကာ တည်၏၊ “လူ့ပြည် အချို့၊ လူမိုက်တို့ကား၊ ကိုယ်သို့ မဟုတ်၊ ယုတ်မြတ်တို့အား၊ သနား *မဲ့လျှင်း၊ မစင်ကျင်းနှင့်၊ *ဘင်တွင်း ပစ်†ချ၊ ဘားငယ် စသား၊ ပိုး†ခြ တိရစ္ဆာန်၊ အားအန်*မဲ့စွာ၊ သတ္တဝါကို၊ ဖမ်းကာ နှိပ်နှယ်၊ လွန် ဆိုးကျယ်လျက်၊ ကြောက်ဘွယ် လန့်†ကြား၊ နိုင်ထက်အားဖြင့်၊ မြွေ†ကျား ကြောင်-ခွေး၊ အစာကျွေး၍့၊ အရေး မလောက်၊ မထောက် မညှာ၊ နိုင်ရာ စော်ကား၊ မခံ့†ညားဘဲး၊ ပြု†ငြား တုံထ၊ ကံ ပါပကြောင့်၊ ပြင်းပြ ပုပ်ဟောင်၊ ကမ္ဘာ လှောင်၍့၊ ဝေးခေါင် ယူဇနာ၊ တရာထက်က၊ ပွက်ပွက် ပြောင်းပြန်၊ အူလှန် လှိုက်ထိုး၊ အနံ့ဆိုးလျက်၊ ရိုးရိုး ရောင့်ရောင့်၊ ဖြိုးဖြိုး တောင့်သား၊ ဆင်ပြောင့် လည်ဘင်း၊ ကြီးမင်း ဖွံ့ထွား၊ အပ်အလားသို့၊ သွားဘိ ထက်လှ၊ ပိုးလောက် ရွလျက်၊ ပွပွ အမြှုပ်၊ နံခေါင်း ချုပ်သည့်၊ *ဘင်ပုပ် မိဠှ၊ နိရယသို့၊ ပစ်ချသော့အား၊ တဘွားဘွားဖြင့်၊ စားကြ ပိုးလောက်၊ ကိုယ်လုံး ဘောက်၍့၊ ထက်-အောက် ဝန်းကျင်၊ တွင်းနှင့် ပြင်သည်။။ ထွက်†ဝင် ရွှပ်ရွှပ် ရှုူးရှူးတည်း။”(၉)

(၄၆၂) ထိုနှင့် စပ်ကာ၊ သတ္တဝါတို့၊ ကြမ္မာ ဆိုးလှ၊ ကံ ပါပကြောင့်၊ ကမ္မသမုဋ္ဌာန်၊ စီရင် ဘန်၍့၊ တဒနန္တရ၊ ရပ် ဌာနနှိုက်၊ အောက်က မီးဂ†ကျီး၊ ရဲးရဲးညီးနှင့်၊ သောင်†ကြီး သဲးခွင်၊ မင့်းရင်ပြင်သို့၊ အသွင် ပုံတူ၊ ပြာဖုံး ဆူသား၊ ပြာပူ ဥဿဒ၊ နိရယဟု၊ ဒုက္ခ ခံခြင်း၊ ဤတကွင်းတည့်၊ “အပြင်း မီးတွင်၊ သူ့သက်ရှင်ကို၊ ထည့်ကျင်သသူ၊ ထို့လူ တမျိုး၊ လူဆိုး ပါပီ၊ အလဇ္ဇီဖြင့်၊ ဒုဿီ ကျင့်ဆန်း၊ ရှင် ရဟန်းတို့၊ သင်္ကန်း သပိတ်၊ ပရိက္ခရာ၊ သူ့လှူဒါကို၊ သိက္ခာ ယှိဟန်၊ သီလဝန်သို့၊ သဏ္ဌာန် အတူ၊ ရဟန်းဟူ၍့၊ ခံယူ အတင်း၊ သုံးဆောင်ခြင်းကြောင့်၊ ပြာတွင်း ထောင်းထောင်း၊ ခိုး ခြောင်းခြောင်းနှိုက်၊ ပျောင်းပျောင်း ယဲ့+ယဲ့၊ ထိလျှင် ပဲ့မျှ၊ ငရဲးဒုက္ခ၊ ပါပအကျိုး၊ ကံ့တန်းခိုးဖြင့်၊ စောက်ထိုး တုံးလျောင်း၊ မြင် မကောင်းအောင်၊ ဖယောင်း ဖိုဝ၊ မီးတွင် ကျသို့၊ မွမွ ကျွမ်း†ကြေ၊ ဖြစ်ကောင်းချေလည်း၊ မ†ကျေ ပကတိ၊ သို့စင်ယှိ၏၊ ဇီဝိ မထွက်၊ ဆင်းရဲး နက်အောင်၊ မပျက် မကြေ၊ သက် မသေဘဲး၊ ခံထွေ လွန်ဆိုး၊ ပူ တမျိုးတည့်၊ အရိုး အသား၊ ကိုယ်လုံးအားဖြင့်၊ ထွားထွား မုန့်†မုန့်၊ နဲ့နဲ့ *နုန့်လျှင်၊ မြူ†မှုန့်ဖြစ်လျက်၊ ပြာ့နှယ် ညက်သည်။။ လောင်-ကျက် နပ်နပ် နူးနူးတည်း။”(၁၀)

(၄၆၃) တချက် ထိုမှ၊ ပြင်ထပ်ကတည့်၊ “ပွဲးမ စစ်တွင်း၊ အချင်းချင်းနှိုက်၊ မာန်ပြင်း ကြီးမား၊ ဒေါသအားဖြင့်၊ လှံ-ဓား သန်လျက်၊ မြိုက်မြိုက် ထက်သား၊ လက်နက် ချီမိုး၊ ခုတ်ထိုး *ထိမ်းဖြတ်၊ ရှင်လတ်လတ်ကို၊ သတ်တတ်ကုန်ကြ၊ လူထိုမျှ၏့၊ ကမ္မအကျိုး၊ ကမ္ဘာစိုးတို့၊ တန်းခိုး မဘန်၊ သမုဋ္ဌာန်ကြောင့်၊ လှံချွန် မထူး၊ သန်လျှက်ဦးသို့၊ ထိစူး ထိရှ၊ ဆူး မြမြနှင့်၊ လင်းတ သောသော၊ သန်လျှက်တောနှိုက်၊ *ငေါငေါ ငင်းငင်း၊ ဝင်းဝင်း လက်လက်၊ ဆူးပင်ထက်သို့၊ အသက် ရှင်ရှင်၊ လေပြင်း တင်၍့၊ စူးဝင် ရှန၊ ပြတ်ကျတုံလေ၊ သံရေ ချစ်ချစ်၊ မီး စစ်စစ်ထက်၊ တုံးတစ် ပြတ်*တောင်း၊ ဥက္ခောင်း လက်-ခြေ၊ ပိုင်းပိုင်း ကြွေလည်း၊ မသေ လွန့်လွန့်၊ တုန် တွန့်တွန့်တွင်၊ ရင်ညွန့် ရင်လယ်၊ လည်ဝယ် တက်စီး၊ တိုင်ကြီး မဂဓ၊ လှည်းအိမ်မျှလောက်၊ ကာယ ဧရာ၊ ကြီးမားစွာဖြင့်၊ ဘိကာ နင်းလစ်၊ တအစ်အစ်တိ၊ မညစ် မ†ကြေး၊ မှတ်တင်သွေးသည့်၊ ကတ်†ကျေး*တမျှ၊ ထက်စွာလှသား၊ လင်းတနှင့် ကျီး၊ သံနှုတ်သီးဖြင့်၊ ပေါက်ပြီး ဆိတ်ဆွ၊ အုန်းအုန်း ကျလျက်၊ စား†ကြ မ+ကျန်၊ သွေး ကြန်+ကြန်နှင့်၊ ပြန်၍့ ဖြစ်မြဲး၊ *အော်လဲးလဲးတည့်၊ ရဲးရဲး ချက်ချက်၊ မြမြထက်သား၊ သန်လျှက်အသွင်၊ ထိုဆူးပင်သို့၊ လွင့်တင် လေဟုန်၊ ချပြန်ကုန်၍့၊ *သုန်သုန် ပျံကျ၊ ထိုကာလလည်း၊ ရင်ဝ ဘေးစောင်း၊ ပေါက် ဟောင်းလောင်းနှင့်၊ ဦးခေါင်း ခြေ-လက်၊ ပြတ်လျက် ကျမျှို့၊ သူတချို့ကား၊ တံစို့ ငါးသီ၊ စီရရီလျှင်၊ တူညီ မယွင်း၊ စူးပြန်လျှင်းသည်။။ ကောင်ချင်း ထပ်ထပ် ပူးပူးတည်း။”(၁၁)

(၄၆၄) တပါး ထို့ပြင်၊ ရေသွင်သွင်သို့၊ တောက်ရှင် ညီးညီး၊ ပွက်ပွက်စီးလျက်၊ သံမီး ခြောင်း†ခြောင်း၊ ကြိမ်ပိုက်†ချောင်းတည့်၊ နှာမောင်း ဆူးခက်၊ သင်ဓုန်းစက်သို့၊ သံရွက် သံညှောက်၊ ငိုးငေါက် ချွန်ချွန်၊ အလွန် မြမြ၊ ထိတိုင်း ရှအောင်၊ ထက်လှ ကြောက်ဘွယ်၊ ကြိမ်နွယ် ကြိမ်ခက်၊ ကြိမ်ရွက်အယောင်၊ ပြိုးပြိုးပြောင်နှင့်၊ လှေဘောင် ကင်းလစ်၊ အနက်စစ်ကြောင့်၊ ဝေတ္တရဏီ၊ ခေါ်တွင်ညီသား၊ ကြေးနီ ပွက်ပွက်၊ ဆူ ကြွက်ကြွက်သို့၊ ရိုက်နှက် ထန်ပြင်း၊ ဆင်းပစေဘိ၊ ဆူးနှိုက် ငြိ၍့၊ ကန့်လိ ကန့်လန့်၊ တုန်လွန့် ဆတ်ဆတ်၊ တဖျတ်†ဖျတ်နှင့်၊ ပိုင်း†ဖြတ် တုံးတစ်၊ ဘရ+ပျစ်တိ၊ ကြဲး+ပစ်သော့သွင်၊ အတင်တင်လျှင်၊ အမြင် မလှ၊ အောက်သို့ ကျလည်း၊ ပူစွ လျှံဝေ၊ ကြေး-သံရေတွင်၊ ကြေကြေ ညက်ညက်၊ ဆူပွက် ဘွားဘွား၊ ကျက်စေငြား၍့၊ ငါးကို ဆီပေါ်၊ ကျွမ်းအောင် †ကြော်သို့၊ မ†ကျော်ကျူးသာ၊ ခံရ +ကြာသား၊ ကျာ+ကျာ *ကျံကျံ၊ အော်ဟစ်သံနှင့်၊ ညံညံ *ပြောထူ၊ ထိုထိုသူကား၊ “လူတွင် ဖြစ်ခါ၊ ပူပြင်းစွာလျှင်၊ မီးမှာ ကြော်ချက်၊ ဝမ်းဘဲး ကြက်နှင့်၊ သားငှက်တို့အား၊ မပြတ် စား၍့၊ သနား မရှု၊ ပြုတတ်သော့သူ၊ ရှင်မူ ရှင်†ယောင်၊ သင်္ကန်း†ရောင်နှင့်၊ ဟန်ဆောင် လှည့်ဖြား၊ လှူခံစားသည့်၊ တရား မညီ၊ ရှင်ဒုဿီတို့၊ ဝေတ္တရဏီခေတ်၊ ကြေးနီမြစ်နှိုက်၊ မီးချစ် မပေါ်၊ တညှော်ညှော်သည်။။ ချက်-ကြော် နှပ်နှပ် တူးတူးတည်း။”(၁၂)

(ဥဿဒငရဲးငယ် လေးလုံး။)

(၄၆၅) ထိုပြီ့း နောက်မှ၊ ဥဿဒ၏့၊ ပြင်က ပတ်ခြံ၊ စပ်ကာရံသား၊ ဆူလျှံ ပွပွ၊ ပွက်ပွက်ထလျက်၊ ကြွကြွ တက်ဝေ၊ ကြေး-သံရေနှင့်၊ မသေ အသက်၊ သိပ်သိပ်နှက်ဖြင့်၊ ကျွက်ကျွက် အုတ်အုတ်၊ တရုတ်ရုတ်လျှင်၊ ချက်ပြုတ် ဘွားဘွား၊ သား-ငါး ချဉ်-ချို၊ ဟင့်းနှယ် †ကျို၍့၊ ကြို†ကြို ကြားကြား၊ ရှောင်ရှား ထွက်ခွါ၊ လွတ်ရာ မရ၊ ကြောက်ဘွယ်စွလျှင်၊ လောဟကုမ္ဘီ၊ ကြေးနီအိုးကြီး၊ ညီးညီး ပူကဲး၊ ငရဲး တခွင်၊ ရဲးချင်ချင်နှင့်၊ ထိလျှင် ရှ-စူး၊ သင်ဓုန်းဦးသို့၊ အဆူး ရှည်လံ၊ ဝင်းဝင်းလျှံသည့်၊ လက်ပံငရဲး၊ လွန်ကဲ ချက်ချက်၊ မြမြထက်သား၊ သန်လျှက် လက်သည်း၊ အော်မြည်†ကြည်းလျက်၊ လန့်†ကျည်း ပြင်းစွာ၊ ကုတ်ခြစ်ကာလျှင်၊ ခံရာ မချိ၊ ကြောက်ဘွယ်တိဖြင့်၊ အသိနခ၊ မည်ရ မလွဲး၊ ငရဲး တဘန်၊ စီးဟန် သွက်သွက်၊ ဆူကြွက်ကြွက်နှင့်၊ ပွက်ပွက် လျှံဝေ၊ ကြေးနီရေဟု၊ ပူထွေ လွန်မော၊ တမ္ဗောဒက၊ မည်ရ တကွဲး၊ ငရဲး တထွေ၊ သံတွေ ညီးညီး၊ အရှိန်†ကြီးလျက်၊ မီး†ကျီး အလျှံ၊ တောက်ပျံ ပူလော၊ အယောဂုဠှ၊ အမည်ရသား၊ နာမ ခေါ်မြဲး၊ ငရဲး တချက်၊ ကြောက်မက်စဘွယ်၊ ကြီးကျယ် *ဖြိုးမြင့်၊ မိုးနှင့် *တမျှ၊ မီးလျှံထလျက်၊ သေလပဗ္ဗတ၊ မည်ရ ပြောင်ပြောင်၊ သံမီးရောင်နှင့်၊ ကျောက်တောင် တခဲး၊ ငရဲး တဆစ်၊ ပူ*အစ် ထန်ပြင်း၊ စပါးဖျင်းသို့၊ စီးဆင်း လျှံ†ခြောင်း၊ ခိုးထောင်းထောင်းနှင့်၊ မြစ်†ချောင်းတူလှ၊ ပွက်-ဆူထသား၊ ဘုသနဒီ၊ သညီ မှတ်စွဲး၊ ငရဲး တမျိုး၊ လျှံခိုး မရှိန်၊ မထိန် မတောက်၊ မနောက် မခဲး၊ မရဲး မ†ချင်၊ မီးလွတ်စင်လည်း၊ ရိုး†ခြင်ဆီတွင်း၊ အကုန် ချင်းအောင်၊ ထွင်း၍့ ဧး+ကျဉ်၊ ရေ့အယဉ်သို့၊ ရှောင်+ကြဉ် မဖြစ်၊ ဆင်းရဲးနစ်သား၊ မြစ်ပမာဏ၊ သီတနဒီ၊ ဤလည်း လွန်ကဲး၊ ငရဲး တသီး၊ ကျားကြီး ဆင်ပေါက်၊ လောဟီ†ကျောက်သို့၊ လန့်†ကြောက်ဘွယ်လိ၊ မျက်စိ ခြင်း†ခြင်း၊ စွယ် ဝင်းဝင်းနှင့်၊ ကောင်း†ချင်း ရှက်ထွေး၊ တောင်ပြေး မြောက်ရစ်၊ အော်ဟစ် မြူးခုန်၊ သဲးသဲး တုန်အောင်၊ ဝိုင်းကုန် အုန်းအင်း၊ ပြုန်းပြင်း ဆူဝေ၊ မြင်ရုံ သေမျှ၊ ခွေးရွေ ခွေးနက်၊ ကျားထက် ဆိုးကျူး၊ ခွေးဘီလူးတို့၊ ရှူးရှူး ရှင်ရှင်၊ *ရွတ်ရွတ်ငင်၍့၊ လျင်လျင် *ကြွတ်†ကြွတ်၊ ပြေး မလွတ်အောင်၊ ကျွတ်†ကျွတ် မျိုဝါး၊ ဟပ်စား ကိုက်ခဲး၊ ခွေးငရဲးဟု၊ ခေါ်မြဲး တရပ်၊ ကြံညှပ်ယန္တြား၊ စက်အလားသို့၊ ထွားထွား ညက်†ကြိတ်၊ မြည် ကျိတ်†ကျိတ်နှင့်၊ ကြောက်ထိတ်ဘွယ်ကြီး၊ တတီးတီးတိ၊ ယိုစီး အယဉ်၊ ညီးညီးပျဉ်၍့၊ *မစဉ် တရစ်၊ ကိုယ်လုံး နစ်မျှ၊ သွေးချောင်းကျသား၊ ယန္တပါသာ၊ သညာ မည်စွဲး၊ ငရဲး တပုံ၊ လုံးစုံ ဘော်ပြ၊ ယမလောကီ၊ တွင်ညီ ခေါ်ရိုး၊ ဤဆယ်မျိုးလည်း၊ ကြောက်စိုး လန့်ဘွယ်၊ ကြီးကျယ် ကိုယ်ဘိ၊ မိုး *ရှိရှိနှင့်၊ မျက်စိ ကြော့*သွေး၊ တွေးတွေး နီမြန်း၊ ကြောင်သန်း တျာတျာ၊ လွန်စွာ ကျယ်ဘိ၊ လူ့ပြည်ယှိသား၊ မောင်းကြီ့းအယောင်၊ မျက်တောင် မညိတ်၊ နက်ရောင် ဘိတ်လျက်၊ သပိတ်လုံ့းနှယ်၊ မျက်လုံး ကျယ်နှင့်၊ အစွယ် ပြူးပြူး၊ ငှက်ပျောဖူးသို့၊ မာန်ရှူး လွန်ဆိုး၊ ရက္ခိုသ်မျိုးသည်။။ အုပ်စိုး ကွပ်ကွပ် မှူးမှူးတည်း။ (၁၃)

(၄၆၆) လုံးစုံ ထိုမျှ၊ ထုတ်ဆိုပြသား၊ ယမလောကီ၊ သညီခေါ်အပ်၊ ဤဆယ်ထပ်နှိုက်၊ လူ့ရပ် လူ့ဘောင်၊ မကြဉ်ရှောင်ဘဲး၊ “လင်မြှောင် မွေ့လျော်၊ လင်ကို ကျော်၍့၊ အပျော်အပါး၊ *သယောက်ထားနှင့်၊ သောက်စား လူဆိုး၊ မယားခိုးက၊ သားထိုး ငှက်ခတ်၊ သက်သတ် တသွယ်၊ ရောင်းဝယ် စဉ်းလဲး၊ ဆိုဆဲးတတ်သူ၊ လူအမိုက်မျိုး၊ ရှင်ဆိုး ဒုဿီ၊ အလဇ္ဇီနှင့်၊ မညီ တရား၊ အပြစ်အားဖြင့်၊ ကြီးမား ဒုက္ခ၊ ခံကြ†ရ၏၊ ကာ†ယ ဝစီ၊ မနော မှီသား၊ သုံးလီ ဒွါရ၊ ကံ ပါပကို၊ ပြုကြ နည်းငြား၊ ပေါ့သူများကား၊ ဆယ်ပါး ယမ၊ ဥဿဒနှိုက်၊ ခံရတုံကျင်၊ တကြိမ်ပင်တည့်၊ ထို့ပြင် မလျော်၊ မိုက်ခေါင်ကျော်လျက်၊ မတော် *မတကာ၊ ယုတ်မာ ဆိုးဝါး၊ လေ့ကျက်များသော်၊ တပါးက ထွက်၊ တပါး ဆက်၍့၊ လောက်ကျက် အမြဲး၊ နေရာ လွှဲးလျက်၊ ဆင်းရဲး *သွတ်လှယ်၊ အိမ့်သဖွယ်သို့၊ ကြီး-ငယ် ငရဲး၊ ထိုအထဲးနှိုက်၊ ဘန်လဲး သို့စင်၊ ခံရကျင်သည်။။ ထွက်ဝင် စပ်စပ် ကူးကူးတည်း။”(၁၄)

(ငရဲးခဏ်း ၁၄-ပိုဒ်၊)

(ယမလောကီငရဲး ဆယ်လုံး။)

(၄၆၇) ဤသို့ အလို၊ အကုသိုလ်၏့၊ ထိုထို ပါယ်ရပ်၊ သန္ဓေ ကပ်၍့၊ ကျဉ်းကျပ် ပြင်းထန်၊ ကျိုးပေးဟန်ကို၊ ကျမ်းဂန်အလာ၊ ထင်စွာ သရုပ်၊ ကျဉ်းချုပ် ပိုင်းခြား၊ ပြခဲ့ငြားလည်း၊ မှတ်သား လွယ်စေ၊ ဧကဒေသ၊ တစိတ်မျှတည့်၊ ထိုမှ တသွယ်၊ မှတ်ဘွယ် တချက်၊ ငရဲးသက်ကား၊ အထက် နိရယ၊ အောက်ဒေဝတို့၊ နတ်က တက်နည်း၊ *နိဿရည်းတိုင်၊ လိပ်လည်း မယှိ၊ ခြောက်ထပ်ထိအောင်၊ သိလော စဉ်လာ၊ မဟာတာပန်၊ ခုနစ်ဌာန်နှိုက်၊ မနွန် ထက်ဝက်၊ ထဲးနက် မဟာ၊ ဝီစိမှာမူ၊ ကမ္ဘာအာယု၊ ရှစ်ဆယ် စု၍့၊ တစု တိုင်းရှည့်၊ မနွမ်း ပြည့်တည့်၊ ကံ၏့စွမ်းအား၊ ထိုအကြားလည်း၊ လွတ်ငြားတတ်စွ၊ မမြဲးကြဘူး၊ ဒသကမ္မ၊ ပထအစု၊ မကောင်းမှုကို၊ ဂရုကတ၊ အာစိဏ္ဏဖြင့်၊ မချ တ†ရံ၊ မြဲး မမြံလျှင်၊ *ယိုး†ယံ မပြတ်၊ လေ့လာတတ်လျက်၊ ပေါက်လွတ် မိုက်စွာ၊ မိစ္ဆာဝါဒ၊ နိယတသို့၊ ဘဝ လုံးလုံး၊ သက်ဆုံးတိုင်အောင်၊ မကြဉ်ရှောင်သည့်၊ ဆိုးခေါင်ကြူးလှ၊ ဘေဒကနှင့်၊ မိ-ဘ ဆရာ၊ ရတနာ သုံးပါး၊ မလွတ်ငြားဘဲး၊ ပြစ်မှား ကြီးထူ၊ ထိုထိုသူတို့၊ လောင်ပူ ပြင်းပြ၊ ဒုက္ခ ကဲးလွန်၊ ဆင်းရဲးဝန်ကို၊ မနွန္တရ၊ ကာလ ပြည့်ကြွယ်၊ အာယု*ကယ်အောင်၊ ကြောက်ဘွယ် *နှရား၊ ကြီးမားစွာလှ၊ ဆုံးဆ မယှိ၊ အဝီစိနှိုက်၊ မြေကြီ့း အောက်ဆုံး၊ ကျ *စုံးစုံးဖြင့်၊ မီးတုံးဖြစ်ထ၊ ခံနေရ၏၊ အချို့ကမူ၊ အရိယူပဝါ၊ အရိယာအား၊ ပြစ်မှား ပြုကြ၊ ပြစ်ဒေါသကြောင့်၊ အဗ္ဗုဒ နိရဗ္ဗုဒ၊ အဟဟနှင့်၊ ဗဗ ဋဋ၊ ထိုမှ တုံပြီ့း၊ သောဂန္ဓိ ဥပ္ပလ၊ ကုမဒ,က၊ နာမ *တသုန်၊ ပုဏ္ဍရီက၊ ပဒုမဟု၊ ရေဆ တွက်ဘွယ်၊ ဆင့်ဆင့် *ကယ်၍့၊ နှစ်ဆယ် နှစ်ဆယ်၊ ရှည်ကြွယ် နှစ်ပေါင်း၊ ခံရရှောင်း၏၊ *၄င်းဒသ၊ နိရယကား၊ သီတ*နရက်၊ တုန်ချက်ချက်ဖြင့်၊ မကျက် မီးလို၊ ဧးစွဆိုရှင့်၊ ထိုဝီစိတိုက်၊ တစိတ်နှိုက်လည်း၊ ဆင်လိုက် မြင်းလိုက်၊ ရထားလိုက်ဖြင့်၊ စစ်တိုက် လိုလား၊ ထိုယောက်ျားတို့၊ ခံငြား တည်†ရာ၊ ထိုးခုတ်ကာလျှင်၊ အပ†ရာဇိ၊ မည်ယှိ နာမ၊ တဌာနတည့်၊” “ရာဂ ဒေါသ၊ မောဟတရား၊ ပွားထက် ပွားအောင်၊ ပင့်ဆောင် ဆော်နှိုး၊ အမိုက် ပျိုးသည့်၊ လူမျိုး တမည်၊ သဘင်သည်ကား၊ လူ့ပြည်နှိုက်တွင်၊ ပွဲးသဘင်သို့၊ အသွင် ပုံတူ၊ သဏ္ဌာန် ယူ၍့၊ တီးသူ မှုတ်သား၊ က,သမားတိုင်း၊ မခြား ခံရ၊ ပဟာသတည့်၊”ကမ္မပထာ၊ ညံ့သူမှာကား၊ မဟာတာပန်၊ တဘန် ထို့နောက်၊ ကံလျောက် ချင့်နှိုင်း၊ ညံ့ညံ့တိုင်းလျှင်၊ ထက်ပိုင်း နိရယ၊ ဥဿဒနှင့်၊ ယမလောကီ၊ ထို-ဤ ငရဲး၊ ခံကြ မြဲးသည်။။ မလွဲး မှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မ ခွဲးဝေ၊ ထုတ်ဘွေ ကျမ်းလာ၊ လင်္ကာ စည်ကြီး၊ ဆော်တီး ထိန့်ဆူ၊ ရှင်-လူ ကြားစိမ့်၊ ထင်ရှား ပြညွှန်ပေသတည်း။ (၁၅)

(ဤအချကား ၃၅-လုံးချ 'ဇမ္ဗူ့သပြေသီးချ'မျိုး ဟူ၏၊) (အပါယ်ဘုံခဏ်း (၁၉)ပိုဒ်။)

အကုသလကမ္မာနုရူပဂတိဝိဘာဂ ပြီး၏၊