ကာမဝစရနတ်ဘုံခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၄။ ကာမဝစရနတ်ဘုံခဏ်း


(၄၆၈) မဟာ မဟာ၊ ကြီးမြတ်စွာသား၊ ကာမာဝစရ၊ ကုသလ၏၊ ကမ္မ ဆယ်ဖြာ၊ ပြုကျင့်ရာနှိုက်၊ သဒ္ဓါ ကိလိဌ်၊ ဉာဏ်*မဲ့ ဆိတ်၍့၊ ဒုဟိတ်ကမ္မ၊ ဒုဗ္ဗလဖြင့်၊ ဟီနစေတနာ၊ ကဋတ္တာကြောင့်၊ နုံ့စွာ ညံ့သူ၊ ကျွန်းဇမ္ဗူထက်၊ လူဟု ဖြစ်လည်း၊ နွမ်းညစ် မ†ပြောင်၊ လက်-ခြေ †ပြောင်၍့၊ ကုန်းခေါင် မြေ+ကျတ်၊ ဝါကြတ်+ကြတ်နှိုက်၊ ပေါက်လတ်တုံကျင်၊ မြက် သစ်ပင်တို့၊ ရှင်ရုံ ရှင်ဆန်း၊ မလန်း မကြည်၊ မပွားစည်သို့၊ လူမည်ကာမျှ၊ နေသာဒနှင့်၊ စဏ္ဍာလ ကျွန်၊ *ပန်းသွန် ဘင်ကျုံး၊ လူဆုံး လူယုတ်၊ သားမြေး ပြုတ်လျက်၊ သစ်ငုတ်အတူ၊ လူတွင် အထီး၊ မပွားစီးသား၊ *လုံးသီး လုံးပေါ၊ သဘော ယုတ်မာ၊ တမ်းစေ့ကာတည့်၊ လူရာမဝင်၊ တောတွင် ပွားကြီး၊ မြို့ မနီးဘဲး၊ ဖားရီး ဖား†ရား၊ အိတ်ဂ†ဘရားနှင့်၊ လေး-မြား *တောင့်လွယ်၊ တောဝယ် ပျော်ပိုက်၊ တောစရိုက်ဖြင့်၊ သားလိုက် ပျားဖွပ်၊ လူသွပ် လူ†ရိုင်း၊ လူ*ရုန့်ထိုင်းတို့၊ †ယိုင်းယိုင်း ပင်းပင်း၊ တရား သွင်းလည်း၊ ဗူး နားပင်းတွင်၊ ရေ မဝင်သို့၊ နာ့းပြင် မကြား၊ အလွတ် သွား၍့၊ ကျွဲးပါး စောင်းတီး၊ ငြီးသာ ငြီး၏၊ မနီး သုစရိုက်၊ မကြိုက် ကုသိုလ်၊ မိုက်အလိုဖြင့်၊ သက်ကို မွေး†ခြင်း၊ ဇာတိ ဖျင်းလျက်၊ †ချင်းနှင့် က+ချင်၊ လူ့အသွင်မျှ၊ ဆင်+ခြင်ဉာဏ် *မဲ့၊ ချို့တဲ့ ဘောဂ၊ မဝ ရေ-စာ၊ လူပြိတ္တာကား၊ ချမ်းသာ မစုံ၊ *မကုံ *မငံ့၊ ဂုဏ်သိမ်ညံ့သား၊ အဆွံ့ အ,အ၊ ဇစ္စန္တနှင့်၊ *မမ္မ ပဏ္ဍုက်၊ သွင်ယုတ် ကာန်း-ကျိုး၊ ဘုန်း*ကြန့်မျိုးတွင်၊ တန်းခိုး မပေါ်၊ ဖြစ် ညှိုးယော်၏၊ လူစော်နံကာ၊ လူဖြစ်လာသည်။။ လူ့ရွာ အညစ် အညစ်တည်း။ (၁)

(၄၆၉) လွန်တက် တိုးပွား၊ ဒွိ,တိအားဖြင့်၊ နှစ်ပါး သုံးပါး၊ ပိုင်းခြား ပရိစ်၊ ဟိတ်နှင့် ယှဉ်ကာ၊ မဟာအကုသလ၊ စိတ် အဋ္ဌကို၊ ပုညကြိယာ၊ ဆယ်ဖြာ ဝတ္ထု၊ ခြောက်စု အာရုံ၊ လေးစုံ ဓိပတိ၊ တြိကမ္မ၊ ဟီနာစသည်၊ မြှောက်ထ အဖြောက်၊ တသောင့်းခုနစ်ထောင်၊ စွန်းဆောင် နှစ်ရာ၊ ရှစ်ဆယ်သာတွင်၊ ဉာဏ် မပါဘိ၊ ဓိပတိမှ၊ မြှောက်မိသမျှ၊ နှစ်ထောင်ကလျှင်၊ တရာ့ခြောက်ဆယ်၊ နုတ်ပယ်ပြီးနောင်၊ သောင့်းငါးထောင်ထက်၊ *မြားမြောင် စွန်း*ကယ်၊ ရာ့နှစ်ဆယ်တိ၊ မှတ်ဘွယ် သင်္ချာ၊ ကာမာဝစရ၊ ကုသလ၏့၊ ဗေဒအပြား၊ ဝတ္ထုအားဖြင့်၊ ဆယ်ပါး အာဒိ၊ စယှိ အစု၊ ထိုကောင်းမှုကို၊ အပြု ထူးတိုင်း၊ အလှိုင်း ကြီးကျယ်၊ မြတ်မျိုးနွယ်နှိုက်၊ သူကြွယ် သူဋ္ဌေး၊ ပုဏ္ဏေး ပုဏ္ဏား၊ မင်းသား မင်းဆွေ၊ ပဒေသရာဇ်၊ ဧကရာဇ်က၊ စကြဝတေး၊ ကောင်းကျိုးပေးလျက်၊ တရေး ထို့ထက်၊ ထူးလွန်တက်မူ၊ နောက်ဘက် ဂေါယာန်၊ တတန် ပြုဗ္ဗာ၊ ဥတ္တရာနှိုက်၊ ပဒေသာသား၊ ဘဝအားဖြင့်၊ ကြီးမား ချမ်းသာ၊ လွန်ကဲးစွာ၏၊ တဖြာ ထူးလတ်၊ ကုသိုလ်မြတ်သော်၊ နတ် မဟာရာဇ်၊ ငါးဆစ် အာလိန်၊ တောင် နာဂိန်ထက်၊ ဝတိန် ယာမာ၊ တုသိတာနှင့်၊ နိမ္မာ ဝသ၊ ဘုံသို့ ကျအောင်၊ ကာမကုသိုလ်၊ ပစ္စည်း *ကြိုသည်။။ ဤကိုယ်အဖြစ် အဖြစ်တည်း။ (၂)

(၄၇၀) ဤအချက်နှိုက်၊ လူသက် နတ်သက်၊ သီးခြား မြွက်၍့၊ ဆတက် ရှည်တန်၊ ကမ္မန္တရ၊ တစိတ်မျှကို၊ ကျမ်းပြ အညီ၊ လင်္ကာ စီပိမ့်၊ ဇမ္ဗူဒီဘွား၊ ကျွန်းသားများကား၊ တရား ကျင့်ပြု၊ မမြဲးမှုကြောင့်၊ အာယု ပိုင်းခြား၊ နည်း-များ ရှည်-တို၊ ယှိစလိုခဲ့၊ ကုသိုလ် သမ္မာ၊ တည်သော့ခါနှိုက်၊ မဟာကထာန်၊ သင်္ချေလွန်၍့၊ တဘန် ကျင့်ပျောက်၊ ဆယ်နှစ်ရောက်၏၊ အနောက်ကျွန်းကြီး၊ နွားယာဉ်စီးတို့၊ အသီး မှန်စွာ၊ နှစ် ငါးရာနှင့်၊ ပြုဗ္ဗာ ခုနစ်၊ သက်တမ်း ဖြစ်၏၊ တဆစ် ထို့နောက်၊ *မြစ်အောက် ဒိသာ၊ မြောက်ညာ ကုရု၊ ချမ်းသာ စုသား၊ နတ်တု ကျွန်းနေ၊ ပဒေသာ သုံး၊ လူတို့ ထုံးကား၊ သက်ဆုံး *ဘေးဘျမ်း၊ ဥပဒ်ကြမ်းနှင့်၊ ဆံခြမ်း မငွေ့၊ မတွေ့ တ†ရံ၊ ရွယ် သုံး†ယံလုံး၊ ရှေးကံ တား†မြစ်၊ ဆဲ့ခြောက်နှစ်သို့၊ ပျို†မျစ် ဆင်းရောင်၊ နှစ် တထောင်တည့်၊ လူ့ဘောင်နှိုက်ဝယ်၊ နှစ် ငါးဆယ်သော်၊ လေးသွယ် သင်္ကျစ်၊ မဟာရာဇ်နှိုက်၊ စင်စစ် တရက်၊ နေ့ည တွက်တည့်၊ လူ့ရက် နှစ်ဆ၊ နတ် နှစ်ဆဖြင့်၊ လေးဆတက်ချည်း၊ *နိဿရည်းသည်။။ တက်နည်း အဆစ် အဆစ်တည်း။ (၃)

(၄၇၁) ဒေဝလောက၊ နတ်ဌာနဝယ်၊ ဖြစ်ကြကုန် †ကျင်၊ မှတ်ကြောင်းအင်ကား၊ အ†ကြင်လူ့ရွာ၊ လူဖြစ်ခါနှိုက်၊ ဆယ်ဖြာ ဒါန၊ ကျင့် သီလဖြင့်၊ ပုညစေ့ ပျိုး၊ ကောင်းမှုမျိုးကို၊ တစိုး တစိ၊ ပြုတုံဘိလည်း၊ ပျင်းရိ ကျော့ဂ†ကျည်း၊ ရှောင်သ*ရည်း၍့၊ ကြည်း†ကြည်း မရွှင်၊ ကြည်လင် နည်းဘိ၊ ပီတိ *နုန့်နဲ့၊ တငဲ့ငဲ့ဖြင့်၊ ကြွင်း*မဲ့ မဟူ၊ ကိုယ်ထူ ကိုယ်ထ၊ မကြွစလို၊ သူ့ကို စေခိုင်း၊ ပျင်း-ထိုင်းလက္ခဏာ၊ ပြုကာ *မြောင်းမြေ၊ ဝတ်ကျေရုံမျှ၊ သက္ကစ္စနှင့်၊ သာဟတ္ထစစ်၊ မဖြစ်နိုင်စွာ၊ သဒ္ဓါမတ္တ၊ ရာဇညသို့၊ စိတ်က *တီတွက်၊ နှေးဖြည်း ဘက်၏၊ မထက်လွန်မျှို့၊ ထိုသူတို့ကား၊ မြင်းမိုရ် အောက်ထစ်၊ မဟာရာဇ်တွင်၊ နတ်ဖြစ် ညံ့စား၊ နည်းပါး ခြွေရံ၊ စေပါခံ၍့၊ သူ့ထံ ခယ၊ ဂန္ဓဗ္ဗဟု၊ ဟီနကာယ၊ ဒေဝအသင်း၊ ဖြစ်တုံလျှင်း၏၊ ယင်းသည့် ကုသိုလ်၊ ပြုခါ ထိုဝယ်၊ ကိုယ်ကို ချမ်းမြေ့၊ သိမ်တမွေ့ဖြင့်၊ တည်လေ့ မယှိ၊ မိမိစိတ်က၊ နေ မကျဘူး၊ ထိုမှ ဤကို၊ သွား-လာလိုလျက်၊ ကုသိုလ် ပြုငြား၊ မတည်ကြားနှင့်၊ သား-မယားစု၊ အိမ်ထောင်မှုလည်း၊ ဂရုမစိုက်၊ လို မလိုက်ဘဲး၊ စိတ်နှိုက် ညွတ်ခြင်း၊ ပျော်မှု ကင်း၏၊ ယင်းကုသလ၊ စာရိတ္တကြောင့်၊ စန္ဒ-သူရိ†ယာ၊ ဂြိုဟ်-တာ†ရာထက်၊ ငါး†ရာ နတ်သက်၊ လူ့ရေတွက်မူ၊ မပျက် ခန့်မှန်း၊ ကိန်းဂဏာန်းတိ၊ ကိုးသန်း အနှစ်၊ မဟာရာဇ်၏့၊ သက်ဆစ် ပိုင်းခြား၊ ရှည်သော့အားဖြင့်၊ ခံစား ချမ်းသာ၊ လှည့်လည်ကာသည်။။ လက်ျာအရစ် အရစ်တည်း။ (၄)

(၄၇၂) မိ-ဘ နှစ်ဆူ၊ မြတ်ရွှေဂူသို့၊ မွေးမြူ မငြီး၊ သက်ကြီးတို့အား၊ ခစား ရိုသေ၊ နှုတ်*သံခြေနှင့်၊ ပြေပြေ ပြစ်†ပြစ်၊ ချော†ပစ် မမူ၊ ပေးလှူ မကင်း၊ စွန့်ကြဲးခြင်းက၊ ချွတ်ယွင်း မယှိ၊ ခံချိ သည်းညည်း၊ မျက်နည်း ခေါင်းပါး၊ ဤသို့အားဖြင့်၊ တရား ခု†နစ်၊ ကုသိုလ်†နှစ်နှင့်၊ စင်စစ် မကွာ၊ ပြည့်စုံစွာသည့်၊ လိမ္မာ မချို့၊ သူမြတ်တို့ကား၊ မြင်းမိုရ်ထိပ်ချာ၊ ဝတိံသာထက်၊ ဣန္ဒာ သက္က၊ ဝါသဝနှင့်၊ များလှ ထံစွာ၊ ဝင်းဝင်းဝါသား၊ သူဇာ ဓမ္မာ၊ နန္ဒာ စိတ္တ၊ ရံခ တုံပါး၊ လွန် ထင်ရှားလျက်၊ သိကြား ယုံ†ကျုံ၊ ဝိသု†ကြုံက၊ ရှစ်စုံ အင်ယှိ၊ မာတလိဟု၊ သာရထိနတ်၊ ကြီးမြတ် ဘုန်းဂုဏ်၊ တန်းခိုးဟုန်နှင့်၊ ဝရုဏ် ဤသာ၊ ပဇာပတိ၊ စယှိ *ပေါယယ်၊ မိုးပြင်†ကြယ်သို့၊ ကြီး†ကျယ် ထူးမြတ်၊ ဥပပတ်ဖြင့်၊ နတ်တို့ဘုံဝယ်၊ လူ့ပြည်†နှယ်လျှင်၊ *နုန့်†နယ် နွမ်းညစ်၊ ကပ်ကျစ် ကပိုင်၊ သရိုင် ပျဉ်ပြား၊ ကြေး-သံသားနှင့်၊ သစ်-ဝါး ဝေးလံ၊ ကာရံ မယှိ၊ ဓနိ ဓနုန်း၊ အုန်းနှင့် သက်ကယ်၊ ဘုံကြီးငယ်တို့၊ ယွယ်ဘိ ကင်းကင်း၊ *ဓဝယ်ညှင်းလည်း၊ အရှင်း ပယ်ရှား၊ အလွတ်ထား၏၊ ရွှေသား မြသား၊ ပတ္တမြား စိန်†ဖန်၊ ကုသိုလ် †ဘန်တိုင်း၊ ဝင်္သဝဏ် မြခဲး၊ မျက်ရွဲး မဏိ၊ ဝေဠုရိဖြင့်၊ အချိ အချိ၊ အံ့ဘိ မနိုင်၊ အဆိုင်ဆိုင်တည့်၊ ရွှေတိုင် ရွှေ†လျောက်၊ ကြွက်†လျှောက် မိုး-+ခြင်၊ ရဲးချင်+ချင်တိ၊ မာရဘင်မုတ်၊ ဥကင်မုတ်က၊ စမုတ် ဝဲး-ယာ၊ လေသာ စနု၊ ဆောင်ပြဒုတို့၊ ရုပ်ထု ပြီပြင်၊ လူစီ†ရင်သို့၊ တု†ယင် စိန်စစ်၊ စုလစ် ပတ္တမြား၊ မြန†ရားနှင့်၊ ပြ†ယား ချည်းပေါင်၊ တော်ရနောင် နီလာ၊ သန္တာ ကျေးကွေး၊ ခြူးသေး ခြူးသွယ်၊ ခြူးနွယ် ခြူးပန်း၊ အဆန်းဆန်းသား၊ *ကျီးရန်း ပြောက်စုံ၊ ကျောက်မျိုး ပုံလျက်၊ ရွှေဘုံ ညီးညီး၊ အသီးသီးလည်း၊ ငယ်-ကြီး များစွာ၊ ပျော်ဘွယ်ရာချည်း၊ အာလမ္ဗရ၊ မုဒိင်္ဂနှင့်၊ လက်မ မုရိုး၊ စည်မျိုး ခြောက်သောင်း၊ တညောင်း*ညောင်းဖြင့်၊ အပေါင်း ရွေညီ၊ ဘုံ ကိုယ်စီဝယ်၊ ကျူးသီ ခုန်က၊ ရွှင်ကြ မပြီး၊ ပျော် မငြီးတည့်၊ နတ်တီး နတ်ငြိမ့်၊ တခြိမ့်ခြိမ့်နှင့်၊ သိမ့်သိမ့် သဲးသဲး၊ ရှုမရဲးအောင်၊ နတ်ပွဲးသဘင်၊ အမြဲး ရွှင်၏၊ *ယကင် ဦးလုံး၊ စိန်တုံး စိန်ခက်၊ တလက်လက်ဖြင့်၊ လျှပ်စက်အသွင်၊ ဘုံကြီးရှင်တို့၊ မပင် မပူ၊ စိန်နန်း†ပြူက၊ ပျူ†ပျူငှာငှာ၊ လမင်းသာသို့၊ စန္ဒာနန၊ ဝင်းဝင်းပသား၊ မဝ ရှု†ချင်၊ ရွှေပါးပြင်ဝယ်၊ ဝက်†ခြင် မှဲ့မဲး၊ မစွဲး မကပ်၊ မစပ် ပြစ်ဆာ၊ ကင်းစင်ကွာ၍့၊ မျက်နှာ ကြည်စိမ်း၊ မြမြရှိမ်းတည့်၊ ငြိမ်းငြိမ်း ဧးလျက်၊ ကုသိုလ်စက်ကြောင့်၊ နတ်သက် တထောင်၊ လူ့ဘောင် တွက်ကျုံး၊ ဂဏာန်းချုံးက၊ သုံးကုဋေ့အစွန်း၊ နှစ်ခြောက်သန်းတိုင်၊ ရွေပြန်း *မြားမြောင်၊ ငါးရာ ထောင်နှင့်၊ မျက်တောင် မခတ်၊ နတ်တို့ အလေ့၊ ပြကတေ့ဖြင့်၊ မရွှေ့ မ†ပြောင်း၊ တပျောင်း†ပျောင်းသား၊ မ*ညောင်း တရံ၊ စည်းစိမ်ခံ၍့၊ မောင်နှံ ချစ်†ကျုံ၊ အသစ် †ကြုံသို့၊ အာရုံ *တပ်ပြွေ့၊ သက်တမ်းစေ့အောင်၊ စံမွေ့ မကွာ၊ ရှုစကာလျှင်၊ သာယာ ဖြည်း†ညှင်း၊ သံ†ညင်းညင်းနှင့်၊ မ†ငြင်း မခုံ၊ နတ်တို့ဘုံထက်၊ ဘော်စုံ ရွှင်မြူး၊ ချစ်ကြည်နူးလျက်၊ ယှဉ်ပူး မေတ္တာ၊ သက်ပမာဖြင့်၊ ချမ်းသာ မကင်း၊ ချစ်ငွေ့သွင်း၍့၊ ချစ်ခြင်း စိတ်တူ၊ ချစ်ကြည်ဖြူသည်။။ သည်းအူ အနစ် †အနစ်တည်း။ (၅)

(၄၇၃) ထို့ထက် လွန်စွာ၊ စေတနာဖြင့်၊ လှူဒါ သီ †လ၊ မြတ်ပုညကို၊ လုံ့†လ မယုတ်၊ အားထုတ် ပြုခြင်း၊ လူ*ခပင်းနှင့်၊ ခုံငြင်း လွန်နည်း၊ ရှောင်*သရည်းလျက်၊ *ခိုက်ဆည်း ရန်လို၊ ဝန်မတိုဘဲး၊ သူ့ကို အ†ပြစ်၊ ကိုယ်ကို ချစ်အောင်၊ မ†ပစ် မချော၊ သဘော ငြိမ့်လေး၊ စိတ်ဧး ကြည်မြေ့၊ သိမ်တမွေ့ဖြင့်၊ အလေ့ကောင်းသူ၊ ထိုမျှလူကား၊ မပူ မဆာ၊ လွန်ချမ်းသာလျက်၊ ဣန္ဒာ စံနေ၊ ဝတိံမြေက၊ တွက်ရေ ယူဇနာ၊ သင်္ချာအဖြောင့်၊ လေးသောင့်းနှစ်ထောင်၊ အမြင့်ဆောင်သား၊ မိုးခေါင် ထက်ခွင်၊ ပန်းဆိုင့်းသွင်ဖြင့်၊ ကောင်းကင် ခွတ်လတ်၊ အာကာဓာတ်ဝယ်၊ ပြာသာဒ် ဝေယန်၊ ဘုံဗိမာန်နှင့်၊ ရေကန် ရေတွင်း၊ ပျော်ခင်း ဥယျာဉ်၊ စပ်ကာယှဉ်၍့၊ အစဉ် အသင့်၊ နိမ့်-မြင့် ပြိုးပြောင်၊ အဆောင်ဆောင်တို့၊ ကျူလောင် မီးကြီး၊ ထိန်ထိန်ညီးသို့၊ တသီး သာ†ယာ၊ ဘုံ ယာမာထက်၊ သု†ယာမနတ်၊ အမြတ် ပြဋ္ဌာန်း၊ ကြီး ဘုန်းတန်းနှင့်၊ တနန်း တဘုံ၊ စိုးအုပ်ခြုံလျက်၊ *နိတုံ ရောင်မြိုက်၊ မကိုဋ် သင်း†ကျပ်၊ ကျောက်စုံတပ်သား၊ မြဲး†ကြပ် ဂုန္တာန်၊ ရွှေနားပန်လည်း၊ ဆယ်ဘန် မီးလှစ်၊ လှော်ဦးသစ်တည့်၊ မညစ် မ†ကြေး၊ ထုံ ဆီမွှေးနှင့်၊ တင်†ကျေး တွန့်တွန့်၊ ကွန့်ရရွန့်ဖြင့်၊ ရွှေညွှန့် ဝေဖြာ၊ ပဒေသာတွင်၊ လိုရာ ဆွတ်†ချွေ၊ ဝင်းဝင်းရွှေသား၊ ဘော်†ခြွေ ပေါယယ်၊ ရွှေဘုံ့လယ်နှိုက်၊ မတ်မယ် မိ*ညဲး၊ များ*ဖြင်ပြဲးလည်း၊ မကျဲး မ*ရုန့်၊ မ*နုန့် မ*သုန်း၊ မပြုန်း မ†ကျည်၊ မြရောင်†ကြည်သို့၊ သွယ်ရှည် ဖျားညွတ်၊ ကေသာမြတ်ကို၊ မြိတ်လွှတ် ခွေစည်း၊ ရော့ကရည်းနှင့်၊ *စုလည်း *ယကင်၊ ထုံးဘွဲ့ ဆင်၍့၊ ဘဝင် စိုးစိမ့်၊ မြင်တိုင်း ငြိမ့်၏၊ ရွှေအိမ့် ကြက်သရေ၊ တက်သစ်နေသို့၊ *ရဝေ အပြင်၊ ဗွေပလ္လင်ထက်၊ ဥကင် လှစ်ကျင်း၊ ထီး ရှစ်စင်းကို၊ နတ်မင်း ပီပီ၊ ဝဲး-ယာ စီးပြီး၊ သိင်္ဂိမီးရောင်၊ ညီးညီးလောင်မျှ၊ ရွှေညောင် ပြိုး†ပြက်၊ ရောင် ချိုးချက်နှင့်၊ မ†ပျက် တရံ၊ ညီလာခံ၍့၊ မင်းစံ ရွှေရည်၊ ထိန်ကြည်ရွှင်*ကြည်း၊ မောင်မယ်*နည်းတို့၊ ပူး*တည်း မကွာ၊ ပြိုင်ယှဉ်ကာတည့်၊ မီးဝါလျှပ်ကဲ့၊ ဝင်းဝင်းလဲ့သား၊ နှစ်ဆယ့်လေးသွယ်၊ စလွယ် သွယ်†ပျောင်း၊ ဟုန် ကြော့†ပျောင်းနှင့်၊ တ†ပျောင်းပျပျ၊ မိန့်ဟ သာယာ၊ လွန်ချမ်းသာလျက်၊ ဒိဗ္ဗာရမ္မဏ၊ သုခ ရိပ်ငြိမ်၊ နတ်စည်းစိမ်နှိုက်၊ ဖျင်းသိမ်မယှိ၊ ပုညိဒ္ဓိဖြင့်၊ ပရိဝါရ၊ များလှ ငြိမ့်*ညောင်း၊ ကောင်းကင် ချောင်းအောင်၊ ခြောက်သောင်း စည်သံ၊ ညိုးညိုးညံနှင့်၊ ပတ်ခြံ ဝန်းရုံ၊ ခြွေရွေ အုံ၍့၊ ရိပ်*မြုံ ချမ်းမြေ့၊ ပျော်စံမွေ့၏၊ နတ်နေ့ နတ်လ၊ ဝတိန်ကလျှင်၊ လေးဆ တက်ဆောင်၊ နှစ် နှစ်ထောင်တည့်၊ *မြားမြောင် ရှည်လျား၊ လူ့နှစ်အားဖြင့်၊ ပိုင်းခြား ပြဲ့ပြဲ့၊ ရေတွက်ဘွဲ့သော်၊ တဆယ့်လေးကုဋေ၊ လေးသန်းနေလျက်၊ မြေလည်း မဝပ်၊ နေ မလျပ်ဘဲး၊ အောက်ရပ် ဘုမ္မစိုး၊ နတ်အမျိုးနှင့်၊ တန်းခိုး စည်းစိမ်၊ ဘုန်းဂုဏ်သိမ်က၊ ဘုံအိမ် တည်ခြင်း၊ ရောင်အဆင်းတို့၊ အလျှင်း မတူ၊ မိုးနတ်ဟူသည်။။ မိုးသူအစစ် အစစ်တည်း။ (၆)

(၄၇၄) ထို့ထက် လွန်၍့၊ သူ *မွန် သူမြတ်၊ ဗောဓိသတ်တို့၊ ပဋိပတ်မျိုး၊ ကျင့် အားကိုးလျက်၊ ဟောရိုး ကျမ်းဂန်၊ သုတ် သုံးတန်ကို၊ မကျန် အာဂုံ၊ နှုတ်ငုံ ဆောင်ရွက်၊ ကြည် နှစ်သက်၍့၊ လေ့ကျက်သမှု၊ ဗဟုဿုနှင့်၊ သဗ္ဗညု*စော၊ ရှင်တော် ဟောသား၊ လောကုတ် လောကီ၊ နှစ်လီ တက်*ဖြိုး၊ ကောင်းကျိုး ယှဉ်စပ်၊ နာနပ္ပကာ၊ ဒေသနာအရ၊ ဓမ္မအပြား၊ မြတ်တရားကို၊ ကျင့်ငြား ဆောင်တတ်၊ များသူမြတ်က၊ ကမ္မဿကာ၊ သမ္မာဒိဋ္ဌိ၊ ဉာဏ်မျက်စိဖြင့်၊ မြင်သိ အလင်း၊ သူမြတ်သင်းပါ၊ ဝဋ်ကင်းရာမှန်၊ မြိုက်နိဗ္ဗာန်ကို၊ ရည်သန် မုချ၊ တောင့်တ လိုလား၊ သူမြတ်များတို့၊ ထူးခြား လွန်ကဲး၊ ကောင်းကင်ထဲးဝယ်၊ နတ်ပွဲသဘင်၊ နတ်ပ ဉ္စင်နှင့်၊ နတ်သွင် နတ်ရုပ်၊ ရွှေစင်လုပ်သို့၊ တအုပ် တဝန်း၊ မှည့်မှည့်ရွှန်းမျှ၊ မစွန်း မှဲ့ဂ†ချေ၊ နတ်ခြွေရွေလည်း၊ ခို့†ခြေသဖွယ်၊ နုနယ် ခြင်းခြင်း၊ ရွှေ့အဆင်းထက်၊ ဝင်းဝင်း ကြည်လှ၊ မြင် မဝအောင်၊ ပ,သည့် ကိုယ်ရောင်၊ ပြောင်သည့် တန်းဆာ၊ သာသည့် ဘုံနန်း၊ ဆန်းသည့် တု*မဲ့၊ ရှုဘွဲ့ မငြီး၊ အသီးသီးလျှင်၊ ကြီးကြီး ငယ်ငယ်၊ ချစ်ခင်ဘွယ်တည့်၊ ကိုယ်ဝယ် ဒွါရာ၊ လက်မှာ လက်လျောက်၊ မီးလျှံတောက်သို့၊ လက်ကောက် လက်†ကြပ်၊ လက်ပြည့် †ကျပ်မျှ၊ လက်စွပ် ထိန်ဝင်း၊ ရွှေခြေ†ကျင်းလည်း၊ ရွှေငါး†ကြင်း+ကြေး၊ ထုပြောက်ရေးနှင့်၊ ယဉ်+ကျေး ကိုယ်ဟန်၊ ရွှေနားပန်မူ၊ မမှန် အဘိုး၊ နေလျှံပြိုးသို့၊ နတ်မိုး မိမယ်၊ ပြစ် စင်ကြယ်တည့်၊ တင့်တယ် လုံး†ယပ်၊ ကြန် ငါး†ရပ်နှင့်၊ စေ့စပ် တိုင်ရှဲ့၊ ရှုဘွဲ့အရွယ်၊ မငယ်လှသီး၊ မကြီးလွန်းစွာ၊ သင့်ရုံသာမျှ၊ မျက်နှာ ကြည်ရွှန်း၊ ပပထွန်းသား၊ လဝန်း ကြေးမုံ၊ ရွှေပါးအုံလည်း၊ မယုံ မ†ယွဲ့၊ မှုန် မမဲ့ဘဲး၊ နွဲ့†ရွဲ့ မူရာ၊ သွင် ရုပ်ဝါဖြင့်၊ ရှုခါ ရွှင်ပျိုး၊ အိပ်ဘိ နိုး၏၊ မြိုးမြိုး မြမြ၊ နှုတ်ဟ ခွန်းလှယ်၊ သံ ငယ်ငယ်နှင့်၊ မထယ် မထောင့်၊ မအောင့် မအည်း၊ မညဉ်း မ†ညူ၊ လွန်ကြည်ဖြူလျက်၊ မ†ငြူ မစူ၊ မဆူ မမှုန်၊ မ*သုန် မယစ်၊ သည်းအူ နစ်မျှ၊ ချစ်ချစ် ကြင်†ကြင်၊ တဝမ်းဝင်သို့၊ ကျွမ်း†ကျင် စုံမက်၊ နှစ်သက်စဘွယ်၊ *ညဲးမိမယ်ဟု၊ ပြုံးရယ် ရွှင်†ပျော၊ ဆိုကြ †ပြောလည်း၊ မနောလေးငြိမ့်၊ ဘဝင် စိမ့်အောင်၊ နှစ်သိမ့် အင်*ပြဲ့၊ ဘော်ချင်း နွဲ့၍့၊ မဘွဲ့ ရန်ငြိုး၊ ပီတိ ပျိုး၏၊ ညိုးညိုး ညီး†ညီး၊ ရှု မ†ငြီးလျှင်၊ ဘုံကြီး ဘုံကျယ်၊ အသွယ်သွယ်နှင့်၊ သုံးဆယ် ပါရမီ၊ ပြည့်ညီ ပြီးစွာ၊ မဟာဗောဓိသတ်၊ လောင်းတော်မြတ်တို့၊ ပျော်မှတ် စံရာ၊ တုသိတာဟု၊ နတ်ရွာ လေးဆင့်၊ ကောင်းကင်မြင့်ထက်၊ အသင့် စီလျဉ်၊ အစဉ် ရှုစိမ့်၊ မြင် နှစ်သိမ့်အောင်၊ မနိမ့် မကွပ်၊ မပျပ် မဝှဲး၊ ရိုးရဲး ရောင်ချစ်၊ အပျစ် အပျစ်၊ မျက်စုံ နစ်လျက်၊ *စုလစ် မွန်းခေါင်၊ *တော်ရနောင်နှင့်၊ *စိုင်ပေါင် *ကျေးကွေး၊ ခြူးသေး နု-ရင့်၊ နေခြည် ပွင့်သို့၊ လွန်တင့် *သရစ်၊ ဘုံသီးဖြစ်၍့၊ နတ်နှစ် လေးထောင်၊ လူ့ဘောင် နှစ်ဘွဲ့၊ ငါးဆဲ့ခုနစ်ကုဋေ၊ တွက်ရေ ခြောက်သန်း၊ နှစ် အစွန်းဖြင့်၊ မခန်း မကုန်၊ ကုသိုလ်ဟုန်ကြောင့်၊ *မသုန် မဖျင်း၊ ရွှေဘုံ†ချင်းတွင်း၊ ခြင်း†ခြင်း ရောင့်မြူး၊ သာလွန် ကျူး၍့၊ လှော်ဦး ရွှေ့သွင်၊ တု မမြင်သည်။။ ရွှေစင် အ†နှစ် အနှစ်တည်း။ (၇)

(၄၇၅) ထို့ထက် လွန်ကဲး၊ ကုသိုလ် မြဲး၍့၊ ဝမ်းထဲး မခွ၊ သောမနနှင့်၊ ကာယ ဝစီ၊ မနော ညီသား၊ သုံးလီ ဒသ၊ ကမ္မ သုစရိုက်၊ ဆောက်တည်ကြိုက်လျက်၊ နှစ်ခြိုက် ကြည်စွာ၊ ဓမ္မာမိသ၊ မြတ် စာဂကို၊ အဆ အဆ၊ မလပ်ရအောင်၊ ဆန္ဒ ဝီရိယ၊ စိတ္တ ဝီမံ၊ ပိုလျှံ မယုတ်၊ *အားသွန်ထုတ်သား၊ မဟုဿာဟ၊ ဝိသေသဖြင့်၊ လုံ့လ ကြီးငြား၊ သူမြတ်များက၊ မယားနှင့် လင်၊ မဆန့်†ကျင်ဘဲး၊ ကြင်†ကြင်နာနာ၊ လိုရာ သိမ်းမွေး၊ မေတ္တာ ရှေး၍့၊ လုပ်ကျွေးတတ်စွာ၊ သူ*တကာကား၊ ချမ်းသာ မညှိုး၊ တန်ခိုး *မနုံ့း၊ မကျုံ့ စည်းစိမ်၊ ကြီး ရိပ်ငြိမ်နှင့်၊ စံအိမ် စံဘုံ၊ သဒ္ဒါရုံက၊ ရုပ်ပုံ ဆင်းဝါ၊ ဤသုံးဖြာတို့၊ လိုရာ ဆန္ဒ၊ ယှိသမျှတိ၊ ခဏ မဆိုင်း၊ လိုတိုင်း အသစ်၊ ကြံတိုင်း ဖြစ်၍့၊ စင်စစ် ဆန်းကြယ်၊ ပျော်ဘွယ် မချို့၊ ရှုတိုင်း ပျို့သား၊ နတ်တို့ ရုပ်ဝါ၊ မီ့းပမာလျှင်၊ ကြာလေတိုင်း တောက်၊ စုတေ့ရောက်မှ၊ ငြိမ်းပျောက်တုံမျှို့၊ ချုပ်မြဲးတို့နှင့်၊ ရွယ်စို့ ရွယ်မီ၊ ရွယ်ခြောက်လီဖြင့်၊ ရာသီ မလင့်၊ ပန်းမပွင့်ဘဲး၊ မရင့် သား-ရေ၊ လူမျိုးဆွေသို့၊ သန္ဓေ မဆောင်၊ ကိုယ်ရောင် မနွမ်း၊ ရွယ် မရွမ်းတည့်၊ သက်တမ်းအညီ၊ မအိုပြီသို့၊ ဂေါရီကား ရှစ်၊ ဆယ်နှစ် ကညာ၊ ဆဲ့နှစ်†မှာမူ၊ ကု†မာခေါ်ထုံး၊ ဆဲ့သုံးနှစ်မယ်၊ သွေးစုန်းရွယ်နှင့်၊ တသွယ် ပိုင်းခြား၊ ဆဲ့ငါး မျက်မည်း၊ *ကြည်းကြည်း ကြည်ရွှန်း၊ နှစ်ဆယ် ဆန်းက၊ မျက်ဝန်းမည်တွင်၊ ဤမျှလျှင်သာ၊ တော်ဝင် ရွယ်ကောင်း၊ နတ်မယ်ပေါင်းတို့၊ လဲးပြောင်း ရုပ်လှယ်၊ အသွယ်သွယ်လျှင်၊ ရည်ရွယ် သီးသီး၊ ငယ်-ကြီး နု-ရင့်၊ ရှုဘွယ် သင့်ရုံ၊ စိတ်နှင့် လျှော်အောင်၊ ဘန်ဆောင် အမြဲး၊ နတ်တို့ပွဲးလည်း၊ ခြိမ့်သဲး ပ ဉ္စင်၊ မပြတ် ရွှင်၍့၊ ကောင်းကင်ထက်ဆို့၊ ပျံမည်သို့တည့်၊ နတ်မြို့တမည်၊ နတ်ပြည် တပွဲး၊ မိုးလယ်ထဲးနှိုက်၊ *လင်းကဲး တဖြာ၊ ရှစ်မျက်နှာလုံး၊ ယှဉ်ကာ မလပ်၊ ဘုံချင်း စပ်၍့၊ ထပ်ထပ် *ပြောထူ၊ နေ ဆူဆူသို့၊ မတူ အာရုံ၊ အပုံပုံလျှင်၊ ဖလ်ဘုံ ရွှေဘုံ၊ *နိထုံ *မီးကျီး၊ လောင်နီး လိလိ၊ တောက်ညိ လျှံခြည်၊ ထိန်ထိန်လည်နှင့်၊ ဧးကြည် စိမ်းညက်၊ ဝါး-ကျူ †မြက်သို့၊ မြ†မျက် တခြား၊ ပတ္တမြားဘုံမျိုး၊ ကောင်းကင် ကျိုးမျှ၊ မိုးလုံး ပြည့်အောင်၊ ညို့ညို့ မှောင်၏၊ ဆင်းရောင် ထွေပြား၊ နုထွားလျ ကိုယ်၊ ရွှမ်းရွှမ်းစိုမျှ၊ ဖြူ-ညို ပြာ-စိမ့်၊ မြင်တိုင်း ဆိမ့်သား၊ နှစ်သိမ့်ဘွယ်မျှို့၊ သပြေတို့နှင့်၊ ရှုဘို့ မညီး၊ ညိုးညိုး ညီးတည့်၊ နတ်သမီး နတ်သား၊ ရွှေသား မြနှစ်၊ ငွေဖေါ့စစ်သို့၊ ကလျစ် *ကလျူ၊ ဦးရရူတည့်၊ ခုမူ တသွယ်၊ ခုဝယ် တဦး၊ အထူးထူးလျှင်၊ ပျော်မြူး နေ့-ည၊ ပျော်ကုန်ကြသား၊ မနာပကာယိကာ၊ မည် သညာဖြင့်၊ ဒေဝါ ထင်ရှား၊ သုံးပါး ပိုင်စိုး၊ နတ်အမျိုးက၊ တန်းခိုး ကြီးဘိ၊ သုနိမ္မိဟု၊ မဟိဒ္ဓိက၊ နတ်မျာ့း*သနင်း၊ ထီး တစင်းနှင့်၊ နတ်မင်း အစစ်၊ ဖြစ်၍့ လွန်တင့်၊ မိုးလယ် မြင့်ထက်၊ ငါးဆင့် နတ်ရွာ၊ ဘုံ နိမ္မာဝယ်၊ ရှည်ကြာ မပျက်၊ လေးဆ တက်တိ၊ နတ်သက် ရှစ်ထောင်၊ လူ့နှစ် ဆောင်မူ၊ *မြားမြောင် တွက်ရေ၊ ကုဋေ ဝဿ၊ နှစ်ရာ့သုံးဆယ်၊ လေးသန်းကယ်အောင်၊ မပြယ် ချစ်ငွေ့၊ တမွေ့မွေ့ဖြင့်၊ တပ်ပြွေ့ မကွာ၊ ငါးကာမာကို၊ လိုရာ ဘန်ဆင်း၊ ဆွေ*သည်ရင်းနှင့်၊ မကင်း တရံ၊ ပျော်ကြ စံသည်။။ မောင်နှံ အချစ် အချစ်တည်း။ (ဂ)

(၄၇၆) ထို့ထက် အလွန်၊ သဘော *မွန်၍့၊ သုံးတန် ကြည်စိတ်၊ ကုသိုလ်ဟိတ်ဖြင့်၊ မပိတ် မစ္ဆေ၊ မဝေ မောဟ၊ အလောဘနှင့်၊ ဒေါသ နည်းစွာ၊ ဓမ္မာမိသ၊ လှူဒါနလည်း၊ ကာလအစဉ်၊ နိစ္စ ယှဉ်လျက်၊ ဝဒညူဂုဏ်၊ *မသုန် မယုတ်၊ *အားသွန် ထုတ်၍့၊ ဥပုသ် မမေ့၊ စောင့်လေ့ မသွေ၊ ဣန္ဒြေ ဆုံးမ၊ ကုသလနှိုက်၊ မချ ရံခါ၊ မြဲးမြံစွာသား၊ ဂုဏာဓိက၊ ဂုဏ် သေဋ္ဌဖြင့်၊ ရှင်မ မဟာ၊ ဝိသာခါနှင့်၊ အနာထပိဏ်၊ ကျော်ရှိန် ပျံ့မွှေး၊ သူဌေးကြီ့းနှယ်၊ သဒ္ဓါ ကြွယ်သည့်၊ အကယ် *မွန်ဖြိုး၊ သူမြတ်မျိုးတို့၊ ထက်မိုး အာကာ၊ မြင့်ဖြူးစွာတွင်၊ ခြောက်ရွာ အထွတ်၊ စံတု လွတ်အောင်၊ စိတ်ညွတ်ရာရာ၊ လိုတိုင်း ပါသား၊ ကာမာဝစရ၊ ဆုံးဌာနဟု၊ ပရနိမ္မိတ၊ ဝသဝတ္တိ၊ ထက်ဘူမိနှိုက်၊ လောကီ့သုခ၊ စံစားကြ၏၊ ကာမချမ်းသာ၊ အောက်နတ်ရွာထက်၊ အသာ ဆယ်ဆ၊ မက ထံပိုး၊ *လှင်ကန် တိုးရှင့်၊ ကောင်းကျိုး ကံကျိုး၊ အမျိုးမျိုးဖြင့်၊ မညှိုး တဆစ်၊ ထင်တိုင်း ဖြစ်၍့၊ အသစ်နှင်နှင်၊ ဆန်းလသွင်သို့၊ လိုအင်အပေါင်း၊ နေ့စဉ် ပြောင်းလျက်၊ မဟောင်း *မမို၊ ရွမ်း မအိုဘဲး၊ *မှိုအသက်စေ့၊ ကြာသရွေ့လုံး၊ ဆုံးမှ အဟုတ်၊ မီးလျှံ *သုတ်သို့၊ *တဖြုတ်ခြည်းသာ၊ ကွယ်ကာ ပျောက်မြဲး၊ သက် မစဲးခင်၊ ရဲးရဲး ထိန်တောက်၊ ထွန်း*သောက် ဝင်းပြောင်၊ မိုက် မမှောင်ဘူး၊ အရောင် ပြိုး†ပြက်၊ တိုးကာ တက်၍့၊ မ†ပျက် မ+ပြို၊ ရပ်ရွယ် ကိုယ်လည်း၊ +ပျိုတ*လည်လည်၊ လှော်ဦးကြည်သို့၊ *ဆွေသည် *လင်မှီး၊ *ဇနီးသည်ပင်၊ စုံလင် မညှိုး၊ သည်မျိုး *သည်ရင်း၊ ရွေသင်းပင်းနှင့်၊ မပျင်းစနိုင်၊ အဆိုင်ဆိုင်လျှင်၊ မ*ကိုင်ကန်အား၊ ပျော်ဘွယ် များ၏၊ ငါးပါး အာရုံ၊ ထိုနတ်ဘုံကား၊ ပြည့်စုံ ထူးဘိ၊ မည် မယှိဟု၊ မသိဘူးကျင်၊ မထင်တတ်ငြား၊ ရှေးကံအားတည့်၊ အင် ငါးစုံ†ကြန်၊ ကုန် မ†ကျန်အောင်၊ သွင်ဟန် မချို့၊ ရွယ်စို့စို့ဖြင့်၊ ကုသိုလ့်အကျိုး၊ အလှမျိုးတွင်၊ လှစိုး လှမင်း၊ လှ*သနင်းဟု၊ ခံတွင်း မဆံ့၊ ခြီးအံ့သဘော၊ မြတ်ရှင်*စောတို့၊ မြွက်ဟော မ*ကုံ၊ အပုံပုံတည့်၊ ရွှေငုံ ပေါ်သစ်၊ ရွှေဥနှစ်သို့၊ မြိတ်ရစ် မြိတ်ဖြူ၊ တမူ မြိတ်စို့၊ တချို့ မြိတ်လွှတ်၊ ထွတ်ထွတ်*လျကြည်း၊ အလှချည်းသာ၊ *စုလည်း*ယကင်၊ လုံးတင် တခြား၊ ခုနစ်ပြားသာ၊ ပတ္တမြားဆံထုံး၊ ရွှေကုံး တင့်တယ်၊ ဆင် စံပယ်လျက်၊ လူဝယ်ဟူဘိ၊ လူ့ဇာတိနှိုက်၊ တမိသား သွေး၊ ဖြစ်လတ်သေးလည်း၊ ဝေး တသက်သက်၊ နီး ကျက်†ကျက်တိ၊ ငှက်†ကြက်သဖွယ်၊ မျက် ချုတ်ချယ်၏၊ မောင်-မယ် နှစ်ပါး၊ သက်ပန်အားဖြင့်၊ ရှုစား ဘန်†ဘန်၊ မျက်ကြော ပြန်လည်း၊ မ†ဖန် မစပ်၊ ထိုနတ်ရပ်ကား၊ ရင်အပ် တူစုံ၊ ချစ်ငွေ့ လှုံ၍့၊ အာရုံ သက်လှယ်၊ မပြယ်ရက်*နိုး၊ ချစ်သွေး *တိုး၏၊ ကျောက်မျိုး ပျစ်ရှက်၊ ရွှေဘုံထက်နှိုက်၊ ချစ်ဘက် မကွေ၊ ချစ်ကြိုး ခွေ၍့၊ မပြေ ချစ်ဂ†ထုံ့း၊ တလုံ့လုံ့နှင့်၊ ချစ်†တုံ့ ချစ်ပတ်၊ မဖြေတတ်သို့၊ ထူးမြတ် နိသင်၊ ကုသိုလ့်†ရှင်တို့၊ နတ်†သျှင် ဝသ၊ မာရ်မင်း စ,သား၊ စိုးရ ဣဿရိ၊ သမ္ပတ္တိဖြင့်၊ မယှိ နှိုင်းဘွယ်၊ လွန်ကြီးကျယ်၏၊ နတ်ဝယ် နှစ်ပေါင်း၊ လေးဆလောင်းသား၊ သောင်းနှင့် ခြောက်ထောင်၊ လူတို့ဘောင်က၊ တွက်ဆောင်အနေ၊ နှစ်အရေဖြင့်၊ ကုဋေ ကိုးရာ့၊ နှစ်ဆယ်ကလျှင်၊ စွန်းထ ကျော်၍့၊ တကုဋေ့ခြောက်သန်း၊ မြင့်ရှည်*ကျွန်းအောင်၊ ရံဝန်း ရွေပုံ၊ သောင်းသောင်း အုံနှင့်၊ အာရုံ ငါးသွယ်၊ မညှိုးငယ်ဘဲး၊ ကြီးကျယ် မွေ့သိမ်၊ စံ ချမ်းငြိမ်သည်။။ စည်းစိမ် အသစ် အသစ်တည်း။ (၉)

(ကာမာဝစရာနတ်ဘုံခဏ်း ၉-ပိုဒ်၊)

ကာမာဝစရကုသလကမ္မာနုရူပဂတိဝိဘာဂ ပြီး၏၊