ရူပါဝစရဗြဟ္မာ့ဘုံခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၅။ ရူပါဝစရဗြဟ္မာ့ဘုံခဏ်း


(၄၇၇) မဟဂ္ဂုတ်ဟု၊ ရွှေနှုတ် ဒေသနာ၊ ကျမ်းအလာတိုင်း၊ ရူပါဝစရ၊ ကုသလနှိုက်၊ စတုက္ကနည်း၊ သိမ်းဆည်းအလို၊ အကျဉ်းဆိုပိမ့်၊ ထိုသည့်ရူပ၊ ကံ လေးဝကား၊ ဒသကသိုဏ်း၊ တဆိုင်း အာဏာ၊ ဆဲ့တဖြာတို့၊ မှန်စွာ မမှား၊ လေးပါး စျာန်ယှဉ်၊ ဆယ်စဉ် အသုဘ၊ ကာယဂတာ၊ ပထမာတည့်၊ မေတ္တာ ကရု၊ မုဒိ သုံးဆို၊ ဗြဟ္မစိုရ်မူ၊ ယှဉ်လို မုချ၊ စျာန် တိကရှင့်၊ ဗြဟ္မဝိဟာ၊ ဥပေက္ခာကား၊ များစွာ မရ၊ စတုတ္ထစျာန်၊ လေးတန် အရူပ၊ သမထမူ၊ အရူပပင်၊ စျာန်လျှင် ရထိုက်၊ မှတ်ယူပိုက်လော့၊ စရိုးက် သပ္ပါယ၊ ဘေဒ ဖြစ်ထွေ၊ သီရုံး ဘွေ၍့၊ ခွဲးဝေ စိတ်†ဖျာ၊ အဖြာ†ဖြာကို၊ လင်္ကာ နတ်စောင်း၊ သံညောင်း ကြူးရိုက်၊ ဤဘိုး ထိုက်သား၊ ကျမ်းနှိုက် အလွယ်၊ ရုံးစည်းခြယ်သည်။။ ပန့်နှယ် အပွင့် အပွင့်တည်း။ (၁)

(၄၇၈) ထိုနှိုက် မမှား၊ စျာန်လေးပါးတွင်၊ ရှေးဖျား ဦးစွာ၊ ငါးအင်္ဂါနှင့်၊ ရူပါ ပထမ၊ ထိုစျာနကို၊ ရသာ ရရုံ၊ မထုံ မလေ့၊ မပွား၍့တိ၊ *မလွေ့ မ*ဖြိုး၊ တန်းခိုး နုဘော်၊ ရှိန်စော် နည်းစွ၊ ပရိတ္တကြောင့်၊ ဗြဟ္မပါရိသဇ္ဇာ၊ ဘုံနှိုက်သာလျှင်၊ ရောင်ဝါ ရှိန်သေး၊ တသိမ် မှေး၍့၊ လုပ်ကျွေး စေပါ၊ အောက်ဗြဟ္မာဖြင့်၊ ကမ္ဘာ မနေ၊ အသင်္ချေ၏့၊ ခွဲးဝေ ကြုံ့ကြုံ့၊ သုံးပုံ့ တပုံ၊ ရှည်တုံ အာယု၊ ကျိုးပေး နု၏၊ မှတ်ရှု တဘန်၊ ယင်းသည့် စျာန်ကို၊ အတန်ငယ်မှု၊ လေ့လာပြုက၊ အာယုပရိစ္ဆေ၊ သင်္ချေ ကပ်ဝက်၊ ရှည် အသက်နှင့်၊ မထက် လွန်စွ၊ မဇ္ဈိမကြောင့်၊ ဗြဟ္မပုရောဟိတာ၊ ဘုံမှာ ဖြစ်ရှောင်း၊ *၄င်း ထိုစျာန်၊ အလွန် လေ့ကျက်၊ ဝင်-ထွက် *မြောက်†မြား၊ အမြတ်အားဖြင့်၊ ပွား†များတုံထ၊ ပဏီတကြောင့်၊ ကြီးလှ ရောင်ဝါ၊ မဟာဗြဟ္မေ၊ ဘုံ *ရဝေဝယ်၊ သင်္ချေ ကပ်လုံး၊ ရှည် သက်ဆုံး၏၊ ကျင့်သုံး ဗြဟ္မ၊ စရိယဖြင့်၊ ကာမဆန္ဒ၊ နီဝရဏကို၊ ရှေးက ခွါချန်၊ ဝိက္ခမ္ဘန၊ ကုသလကြောင့်၊ ကာယ ဃာန၊ ဇိဝှါ စ,သား၊ ဘာဝ နှစ်ပါး၊ မယှိငြား၍့၊ ယောက်ျား မိန်းမ၊ မဟူစွဘဲး၊ ပုရိသသဏ္ဌာန်၊ ဟန်ပန် ရူပ၊ သွင် သေဋ္ဌနှင့်၊ ကာမ ငါးလီ၊ နံ့ စိမ်းညှီကို၊ မသီး နှလုံး၊ ဗြဟ္မာ့ထုံးဖြင့်၊ ကျင့်သုံး ဗြဟ္မစိုရ်၊ ပွားရှု ကြို၍့၊ ထိုကိုယ် သက်ဆုံး၊ စံရွှင်ပြုံး၏၊ ဤသုံးဘုံလည်း၊ တပြင်တည်းတွင်၊ ပေါင်းစည်း ခရိုင်၊ ခုံလောက် ဆိုင်သည်။။ ယှဉ်ပြိုင် အသင့် အသင့်တည်း။ (၂)

(၄၇၉) သုံးပါး အင်္ဂါ၊ စုံလင်စွာနှင့်၊ ဝိစာ ဝိတက်၊ သက်သက် မယှိ၊ သပ္ပီတိဖြင့်၊ အဝိတက္က၊ အဝိစာ†ရ၊ အမည်†ရသား၊ ဒုတီ†ယမှန်၊ ဤသည့်စျာန်ကို၊ ရှေးဟန် မပွား၊ ဝင်စား *ကျော့†ကျည်း၊ နုဘော် နည်းကြောင့်၊ ကုန်း†ကြည်း မနှံ့၊ မိုး *မငံ့သို့၊ *အလွှံ့ မပြန့်၊ ဘုန်းဂုဏ် *ကြံ့၍့၊ ငါးသန့်း ငါးသိန်း၊ ရှစ်ထောင်ကိန်းဖြင့်၊ ခန့်ကျိန်း ယူဇနာ၊ ဘုံစဉ် ကွာတွင်၊ ရောင်ဝါ မဘိတ်၊ ညံ့ မှေးမှိတ်သား၊ ပရိတ္တာ†ဘာ၊ ထက်ဘုံမှာလျှင်၊ က†မ္ဘာ နှစ်ခု၊ ပိုင်းခြား ပြု၍့၊ အာယု ကျိုးပေး၊ *နုန့်နဲ့သေး၏၊ တရေး ထိုစျာန်၊ ပွားဟန် ဘာဝနာ၊ အလတ်သာကြောင့်၊ အပ္ပမာ†ဏ၊ ဘုံဌာ†နနှိုက်၊ တောက်ပ ရောင်ခြည်၊ တိုင်းရှည် မယှိ၊ ထွန်းညိ ကိုယ်ဝါ၊ လေးကမ္ဘာလျှင်၊ ခန္ဓာ သက်မှတ်၊ အကျိုး လတ်၏၊ အမြတ် ဧကန်၊ ထိုသည့်စျာန်ကို၊ ဘန်ဘန် ပွားများ၊ လေ့လာအားဖြင့်၊ တိမ်ကြား လရောင်၊ ထွန်းပ ပြောင်သို့၊ ရီ့မှောင် မှေးရှက်၊ မကွက် မစွန်း၊ ထိန်ထိန် မွှမ်း၏၊ ညှိထွန်း *ဖြိုးမြိုင်၊ တန်ဆောင်တိုင်မှ၊ အခိုင် အခိုင်၊ အစိုင် အခဲး၊ အရွဲးရွဲးဖြင့်၊ ရဲးရဲး ရိုးရွ၊ ပြတ်ကျ မီးလျှံ၊ ပုံစံ *တရှိ၊ ဘွားဘွားညိလျက်၊ သပ္ပီတိမျိုး၊ တု*မဲ့နိုးအောင်၊ စျာန်ကျိုး ဥက္ကဌ်၊ ကိုယ်ရောင် မြတ်၍့၊ သတ္တသတ္တဂ္ဂိ၊ စွဲးငြိ ထိန်ငြီး၊ ကမ္ဘာမီးဖြင့်၊ ကပ်ကြီး ခုနစ်ကြိမ်၊ လောင်ဖျက် နှိမ်လည်း၊ ချမ်းငြိမ် ဧးမြတ်၊ လွတ်ကြီး လွတ်သား၊ အာဘဿရာ၊ ဘုံ ဝေဟာဝယ်၊ ကမ္ဘာ ရှစ်ပြန်၊ ရှည်သတ်*မွန်၏၊ စျာန် ဒုတီယ၊ ဌာန မိုးမြင့်၊ ဤဘုံဆင့်လည်း၊ ရှုတင့် မြိုင်မြိုင်၊ သုံးပါးဆိုင်သည်။။ ဘုံပြိုင် အစွင့် အစွင့်တည်း။ (၃)

(၄၈၀) နှစ်ပါး အင်္ဂါ၊ ပီတိ ကွာ၍့၊ ချမ်းသာ တည်တံ့၊ လွန်ငြိမ်ခံ့လျက်၊ ခိုင်ကြံ့ စိတ်နေ၊ အိုင်ကြီး ရေသို့၊ သုခေကဂ္ဂတ၊ ဧးကြည်လှသား၊ တတီယစျာန်၊ သုံးဆင့်မှန်ကို၊ ပွားဟန် ရှေးပုံ၊ လေ့ မထုံဘဲး၊ ရရုံသာမျှ၊ မလုံ့လ၍့၊ ပရိတ္တသုဘာ၊ စျာန်ဘုံမှာလျှင်၊ ရောင်ဝါ ဟုပ်ဟုပ်၊ မလှုပ် မလက်၊ တခဲးနက်နှင့်၊ အသက် ဆဲ့ခြောက်၊ ကမ္ဘာပေါက်၏၊ မဘောက်မပြန်၊ ယင်းသည့်စျာန်ကို၊ အလွန် မ†ချင်၊ ရှေးနည်းသွင်သို့၊ ဆင်†ခြင် မများ၊ အလတ်ပွားကြောင့်၊ ပိုင်းခြား မကန့်၊ အရောင်ပြန့်လျက်၊ *သက်ခန့် ကမ္ဘာ၊ ရှေးထက် သာ၍့၊ သင်္ချာ တွက်စစ်၊ သုံးဆဲ့နှစ်ဖြင့်၊ ကျိုး မဇ္ဈိမ၊ အလယ်မျှတိ၊ အပ္ပမာဏသုဘာ၊ ဘုံမှာ ဝိပါက်၊ သန္ဓေသက်၏၊ ထို့ထက် အလွန်၊ ထိုစျာန်*မွန်ကို၊ *အားသွန်ပွားမှု၊ လေ့လာပြုက၊ သုဘကိဏ်မည်၊ ဘုံနှိုက် တည်လျက်၊ ရောင်ခြည် စုပေါင်း၊ တိုက် တသောင်းကို၊ ဆယ်ချောင်း လက်ညွန့်၊ အကုန် ဖြန့်၍့၊ မဆန့်စလောက်၊ ဝင်းဝင်းတောက်နှင့်၊ လင်း*သောက်ထွန်း*စည့်၊ လ,၏့သဖွယ်၊ မိုးပြင်လယ်ထက်၊ တင့်တယ် တု*မဲ့၊ နှိုင်း*မဟဲ့အောင်၊ ခြောက်ဆဲ့လေးထပ်၊ မဟာကပ်လုံး၊ မစပ် မီး-ရေ၊ ကမ္ဘာဝေလည်း၊ လာစေ မဖြုံ၊ တွေ့ မကြုံဘဲး၊ ဘုံ တတီယ၊ ဝေဟာသနှိုက်၊ တည်ကြ တပြိုင်၊ ရှေးနည်း ဆိုင်သည်။။ *ဖြိုးမြိုင် အတင့် အတင့်တည်း။ (၄)

(၄၈၁) သုခ ကင်း၍့၊ ငြိမ်းခြင်း အစစ်၊ တု မရစ်သား၊ ဥပေက္ခေကဂ္ဂတာ၊ အင်္ဂါ ဒွါယ၊ စတုက္ကဟု၊ သန္တဝုတ္တိ၊ မည်ယှိ ခေါ်ဆို၊ ထိုစျာန်ကိုလျှင်၊ ထိုထိုဘိညာဉ်၊ မယှဉ် စိုးစိ၊ သမာဓိမျှ၊ ဝိနီဝရဏ၊ ကင်းပစေရုံ၊ ပွားလေ့ထုံ၍့၊ *မကြုံ မညံ့၊ ဖွံ့ဖွံ့ *ဖြိုးဖြိုး၊ စျာန့်အကျိုးကြောင့်၊ တက်တိုး ကမ္ဘာ၊ ကပ် ငါးရာဖြင့်၊ သက်ကြာ မသေ၊ အမြဲးနေသို့၊ မိုး-ရေ လေမှတ်၊ သုံး သံဝဋ်နှင့်၊ လွတ်လွတ် ရှင်းရှင်း၊ ကင်းကြီး ကင်း၍့၊ လွန်ခြင်း သုခိန်၊ တုမချိန်သည့်၊ သုဘကိဏ်မည်တုံ၊ လေဖျက်ဘုံထက်၊ *ပြောတုံ ယူဇနာ၊ သင်္ချာ ရှေးလောက်၊ ခန့်လောက် ဌာန၊ အာကာသဝယ်၊ သဗ္ဗပုထုဇ္ဇန၊ အရိယ ဘဝဂ်၊ မှတ်ချက် ပိုင်းခြား၊ ဘွဂ် သုံးပါးတွင်၊ ခေါ်ငြားမည်ပြု၊ ပုထု ဘုံဆုံး၊ တွက်ကျုံး ဤလျှင်၊ တပါး ဝင်လျက်၊ ကောင်းကင်တမြို့၊ ဖီလာ ဆို့သား၊ မို့မို့ မှိုင်းညို၊ ဝေဟပ္ဖိုလ်နှိုက်၊ အောင်းခို ချမ်းမြ၊ ပျော်စံကြ၏၊ ထိုမျှအထက်၊ ဘုံ ဘဝဂ်တိုင်၊ တက်လည်း အလွယ်၊ အကယ်သဘော၊ အောက်သို့†လျှောလည်း၊ လျော†လျောသမျှ၊ မခဲးလှတည့်၊ ဗကမည်သီး၊ ဗြဟ္မာကြီးသို့၊ အံ့ခြီးစလောက်၊ မဟာမြောက်၍့၊ မဘောက် မပြန်၊ စုတိလွန်လျက်၊ နိဗ္ဗာန်*တောင်ကိုင်၊ ဘေး*မဲ့ ထိုင်သား၊ ဆုံးတိုင် ဘုံမြတ်၊ မသေတတ်ဟု၊ ယူမှတ် ဒိဋ္ဌိ၊ သေ မသိအောင်၊ စုတိ မထင်၊ တရှင်ရှင်သို့၊ သို့စင် ချမ်းသာ၊ ခံစား ကြာလျက်၊ ဗြဟ္မာတို့တမ်း၊ တီး လက်ပမ်းနှင့်၊ ရွှင် ဝမ်းမြောက်စွာ၊ စျာန်စကြာဖြင့်၊ ကြေညာ အောက်ထက်၊ ပြန်လှန် ဆက်၍့၊ သက်သက် လူးလာ၊ စုန်-ဆန်ကာသည်။။ လိုရာအခွင့် အခွင့်တည်း။ (၅)

(၄၈၂) စတုက္ကမှတ်၊ ယင်းစျာန်မြတ်ကို၊ ရလတ်တုံထ၊ အယူ ခွ၍့၊ ကမ္မဝါဒီ၊ ဉာဏ်မမှီသည့်၊ ဗာဟီ မုနိ၊ ရှင်တိတ္ထိတို့၊ ကြံမှိ ကြံမှား၊ ဒိဋ္ဌိအားဖြင့်၊ ပြစ်သား စွဲးဆို၊ မနှစ်လိုကြောင့်၊ စိတ်ကို ရွံရှာ၊ ခွါကြီး ခွါ၍့၊ သညာဝိရာဂ၊ ဓီစိတ္တဟု၊ ပွားထတုံမျှို့၊ *စင်စို့ စပ်ကာ၊ မှတ်၍့သာတိ၊ ဘာဝနာတမျိုး၊ ကံ့အကျိုးဖြင့်၊ ထက်မိုး တရပ်၊ ဘုံဝေဟပ်နှင့်၊ တစပ်တည်းသာ၊ ပြိုင်ယှဉ်ကာလျှင်၊ သတ္တာဝါသ၊ တပါး †ရလျက်၊ ကာ†ယ ဧကတ်၊ သညာနတ်ဟု၊ သညသတ်ဘုံ၊ နာမ် မစုံနှိုက်၊ ရုပ်ပုံ အတိ၊ စိတ် မယှိဘဲး၊ ဇီဝိနဝက၊ သုဒ္ဓ ဥတု၊ နှစ်ခု ကြွင်းကျန်၊ ရွှေရုပ်ဟန်သို့၊ သဏ္ဌာန်သာမျှ၊ လူ့ဘုံကလျှင်၊ မရဏအခါ၊ ဣရိ†ယာနှင့်၊ ငါး†ရာ*၄င်း၊ ကမ္ဘာပေါင်းဖြင့်၊ ရှည်ညောင်း ကြာမြင့်၊ ဘုရားပွင့်လည်း၊ ဖူးခွင့် မရ၊ အဏ္ခဏဟု၊ သဗ္ဗဗောဓိသတ်၊ သူမြတ်ထိုထို၊ လောင်းပုဂ္ဂိုလ်တို့၊ မလို ပယ်†ပစ်၊ အရပ် †ပြစ်တွင်၊ တဖြစ်ဝင်လျက်၊ သို့စင် ချို့တဲ့၊ ကျိုး မ*ဟဲ့သား၊ ဟိတ်*မဲ့ဘဝ၊ ပုဂ္ဂလတို့၊ မောဃချည်းသာ၊ ချည်းနှီး ကြာသည်။။ မိစ္ဆာအကျင့်၊ အကျင့်တည်း။ (၆)

(၄၈၃) ထိုစတုတ္ထ၊ မြတ်စျာနကို၊ ဟီန မဇ္ဈိ၊ ပဏိ သုံးပါး၊ ဤအပြားဖြင့်၊ ပွား၍့ မှန်စွာ၊ အရိယာဟု၊ နာဂါမ် မည်မှတ်၊ ပုဂ္ဂိုလ်မြတ်တို့၊ သဒ္ဓိန္ဒြိယ၊ ဝေမတ္တဖြင့်၊ သုဒ္ဓဝါသာ၊ ဘုံ ငါးဖြာတွင်၊ အဝိဟာရပ်၊ ဘုံသို့ ကပ်၍့၊ မထပ် တဖန်၊ နေရဗ္ဗာန်နှင့်၊ ညာဆန် တက်ရိုး၊ တမျိုးမျိုးတိ၊ တန်းခိုး ကြီးစွာ၊ ဖြစ်၍့သာလျှင်၊ ကမ္ဘာ တထောင်၊ ရှည်သက် ဆောင်၏၊ ထို့နောင် မှတ်ဘိ၊ ဝီရိယိန္ဒြေ၊ လွန်ထွေ တသီး၊ အားကြီးသူမှာ၊ အတပ္ပါနှိုက်၊ ကမ္ဘာ*၄င်း၊ နှစ်ထောင် ပေါင်းတည့်၊ တကြောင်း ထိုပြီ့း၊ သတိန္ဒြိဖြင့်၊ အဓိကတ္တ၊ လွန်ကိစ္စကြောင့်၊ ထက်မှ တဖြာ၊ သုဒဿာနှိုက်၊ ကမ္ဘာ သက်ရှည်၊ လေးထောင် တည်၏၊ တလည် မမှိန်၊ သမာဓိန်လျှင်၊ ကျောက်စိန်*တမျှ၊ လွန်ထက်ကမူ၊ သာလှ ဌာနီ၊ သုဒဿီဝယ်၊ ကပ်မှီ ကမ္ဘာ၊ ရှစ်ထောင် ကြာရှင့်၊ ပညာဝရဇိန်၊ တောက်ထိန် ရဲးရဲး၊ ထက်လွန်ကဲးက၊ အောင်ပွဲး ဘိသိက်၊ ခံ မဆိတ်သား၊ အကနိဌ်ဘုံ၊ ဝေဟာရုံတွင်၊ ပြီး*ကုံဆုံးကြ၊ မဂ်ကိစ္စဖြင့်၊ ဘဝ ကြာ*ညောင်း၊ ကမ္ဘာပေါင်းလျှင်၊ တသောင်းခြောက်ထောင်၊ ကုန်အောင် မပျက်၊ စံ ငြိမ်သက်လျက်၊ အောက်-ထက်ရပ်ဌာန်၊ စုန်-မဆန်နှင့်၊ တဘန် အသစ်၊ ပြန်မဖြစ်၍့၊ အစစ်သာတိ၊ တု မယှိတည့်၊ သုဒ္ဓိဌာန၊ ဝိသိဋ္ဌဖြင့်၊ ဝိဝဋ္ဋရပ်၊ ခေါ်အပ်သည်သာ၊ ဘုံမှန်စွာကြောင့်၊ သုဒ္ဓါဝါသ၊ ဘူး မရဟု၊ မိန့်ကြ ဓမ္မတာ၊ အစဉ်လာသည့်၊ သုဒ္ဓါမည်တုံ၊ ဤငါးဘုံကား၊ ဇေယျုံ ဗိ†မာန်၊ ပြည်နိဗ္ဗာန်သို့၊ လမ်း†မှန်ကြွရာ၊ အရိယာတို့၊ မင်္ဂလာစခန်း၊ *ကွန်းထောက်နန်းဖြင့်၊ တင့်ဆန်း မိုးခေါင်၊ ပြိုးပြိုးပြောင်သည်။။ ငါးဆောင် အဆင့် အဆင့်တည်း။ (၇)

(ရူပါဝစရဗြဟ္မာ့ဘုံခဏ်း ၇-ပိုဒ်။)

ရူပါဝစရကမ္မာနုရူပဂတိဝိဘာဂ ပြီး၏၊