အရူပါဝစရဗြဟ္မာ့ဘုံခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၆။ အရူပါဝစရဗြဟ္မာ့ဘုံခဏ်း


(၄၈၄) စတုတ္ထဟု၊ စျာန မည်ဆို၊ ဤစျာန်ကိုတည့်၊ *ငြိုငြို ငြင်ငြင်၊ လွန်ခဲးအင်လျက်၊ ရကျင်တုံကြ၊ အာဠာရနှင့်၊ ဥဒက ဒေဝီ၊ ရှင်ဗာဟီသို့၊ လောကီမုနိ၊ တိတ္ထိ ဝိုးဝါး၊ ပုဂ္ဂိုလ်များတို့၊ ကြံမှား တွေးထင်၊ မိစ္ဆာ ဝင်၍့၊ အကြင် နာမက်၊ နာမ်သက်သက်ကား၊ ကျိုးပျက် ပူ†ချမ်း၊ မယှိစွမ်းကြောင့်၊ ဆံ†ခြမ်း ဒုက္ခ၊ မရနိုင်စွာ၊ ငြိမ်းချမ်းရာ၏၊ ရုပ်သာ ဧကန်၊ ဒုက္ခမှန်ဟု၊ ဘောက်ပြန် ထင်မှန်း၊ အမြင် ဆန်းလျက်၊ ကြက်ကာန်းသဖွယ်၊ တွေ့ရာ တွယ်သို့၊ ရှေးဝယ်ရသား၊ စတုတ္ထစျာန်စိတ်၊ ရုပ်နိမိတ်ကို၊ ပိတ်ပိတ် အရှင်း၊ ကင်းကြီး ကင်းအောင်၊ မသွင်း နှလုံး၊ ပွား မသုံးတိ၊ ပျောက်ဆုံးစေ†ချင်၊ မဆင်†ခြင်ဘဲး၊ ကောင်းကင်ပညတ်၊ အမှတ်သညာ၊ ဟင်းလင်းသာဟု၊ အာကာသံ အနန္တံ၊ ပရိကံဖြင့်၊ မညံ မဆိတ်၊ ပွားသည်ဟိတ်ကြောင့်၊ ရုပ်နိမိတ် ကင်း၊ ရတုံလျှင်းသား၊ ယင်းသည့် အရူပ၊ ကုသလစျာန်၊ ကျိုးပေးဟန်ဖြင့်၊ ရုပ်သဏ္ဌာန်*မဲ့၊ နာမ်သာ *ဟဲ့လျက်၊ ချို့တဲ့ ကာယော၊ စတုဝေါဟု၊ မိန့်ဟော ကျမ်းလာ၊ ထက် ဝေဟာတွင်၊ အာကာသာန ဉ္စာယတန၊ ဘုံ ပထမနှိုက်၊ ဖြစ်ကြ မှန်စွာ၊ နှစ်သောင်း ကြာသည်။။ ကမ္ဘာ အချင့် အချင့်တည်း။ (၁)

(၄၈၅) ထိုမှ တကြောင်း၊ ထို့ထက် လောင်း၍့၊ ထိုကောင်းကင်မှတ်၊ ထိုပညတ်ကို၊ လွန်လတ်ပြီးခါ၊ စိတ်ကိုသာလျှင်၊ ဝိညာဏံ အနန္တံ၊ ပရိကံမှု၊ ပြု၍့ တဘန်၊ ရတုံပြန်သား၊ ထိုစျာန် ဒုတီယာ၊ စေတနာကြောင့်၊ ဝိညာဏ ဉ္စာယတန၊ ထက်မှ မြင့်စွာ၊ ဗွေ အာကာထက်၊ ကမ္ဘာ လေးသောင်း၊ တည်နေရှောင်း၏၊ *၄င်း တဖြာ၊ ပထမာ ရုပ်-စိတ်၊ လွန်လိုဟိတ်ဖြင့်၊ ထိုစိတ် စိုးစိ၊ ကင်း မယှိဟု၊ နတ္ထိ ကိ ဉ္စိ၊ ပြုပြန်ဘိသား၊ ပရိကံဇော၊ နတ္ထိဘောကို၊ မနောနှိုက်တွင်၊ အာရုံထင်၍့၊ ပွားကျင် လွန်စွာ၊ ဘာဝနာကြောင့်၊ အာကိ ဉ္စညာယတန၊ မည်ရ ဘူမိ၊ ဘုံတတိနှိုက်၊ ဖြစ်ဘိတုံရှောင်း၊ ခြောက်သောင်း ကမ္ဘာ၊ ရှည်*ညောင်း ကြာရှင့်၊ တတီယာရုပ္ပ၊ ဝိညာဏကို၊ သန္တမေတံ၊ ပဏီတမေတံ၊ ပရိကံ တရပ်၊ ထပ်၍့ ပြုဘိ၊ လွန်သတ္တိကြောင့်၊ မယှိ မဟူ၊ ယှိ မဟူဘဲး၊ ရေပူနှိုက်ဝယ်၊ တေဇော့†နှယ်သို့၊ *နုန့်†နယ် စျာန၊ သိမ်မွေ့လှသား၊ နေဝသညာ၊ နာသညာဟု၊ အဇာဋာထက်၊ ဘုံ ဘဝဂ်နှိုက်၊ ရှည်သက် လွန်စွာ၊ ကြာကြီး ကြာလျက်၊ မဟာကပ်ပေါင်း၊ ရှစ်သောင်းလေးထောင်၊ ကုန်အောင် မရွေ့၊ တည်နေ မွေ့၏၊ မေ့မေ့ *ကျန်ကျန်၊ ခါ မပြန်သို့၊ နိဗ္ဗာန်ဆိုလောက်၊ ဘုံဆုံး ပေါက်လျက်၊ *အစောက် ကာလ၊ ထို့လောက်မျှတည့်၊ ကမ္ဘာ့အစု၊ သက် အာယုနှင့်၊ ပျောက်လု နီး†နီး၊ အချည်း†နှီးဖြင့်၊ ရောက်ကြီး ရောက်ရုံ၊ ဤလေးဘုံကား၊ မစုံ ရူပက်၊ လေးနာ မက်မျှ၊ အောက်-ထက် ဆောင်ဆောင်၊ ဖြိုးဖြိုး မှောင်သည်။။ မိုးခေါင် အမြင့် အမြင့်တည်း။ (၂)

(အရူပါဝစရဗြဟ္မာ့ဘုံခဏ်း ၂-ပိုဒ်။)

အရူပါဝစရကမ္မာနုရူပဂတိဝိဘာဂ ပြီး၏၊