ကမ္မဘူမိ သံသန္ဒနာခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၇။ ကမ္မဘူမိ သံသန္ဒနာခဏ်း


(၄၈၆) ယင်းသို့ အမှန်၊ ကျမ်းလာဟန်ဖြင့်၊ ဝေဘန် ယုတ္တိ၊ ချင့် နှိုင်းညှိ၍့၊ ပါဠိ အဋ္ဌကထာ၊ ဋီကာစရိယ၊ ဇာတကနှင့်၊ မဇ္ဈိမနိကာယ်၊ ကျမ်း သုံးသွယ်တို့၊ အကျယ် မပြ၊ သာမညဖြင့်၊ ဗြဟ္မာလောကူပဂေါ၊ ဤမျှ ဟောလည်း၊ သဘောအလို၊ ယုတ် မပိုအောင်၊ အကုသိုလ် ဒု၊ ကုသိုလ် သုဟု၊ လေးခု ပါက၊ ဌာန ဘူမိ၊ အစဉ်း သိလော့၊ ဗောဓိပွင့်*လျာ၊ ရင့်ကြောင်းလျာသည့်၊ မဃဒေဝ၊ ဒေဝလောင်းတော်၊ ရသေ့ကျော်ကား၊ လေးဘော် ဗြဟ္မ၊ ဝိဟာရကို၊ လုံ့လ မယုတ်၊ မဟဂ္ဂုတ်ဖြင့်၊ အဟုတ် မှန်စွာ၊ ပွား လေ့လာ၍့၊ ရူပါဝစရ၊ စတုက္က ဆုံး၊ စျာန်အလုံးကို၊ သိမ်းကျုံး ပြည့်စုံ၊ ပြီး *ကုံလုံကြောင့်၊ ဘုံ စတုတ္ထ၊ ဝေဟာသထက်၊ ဌာန မှိုင်းညို၊ ဝေဟပ္ဖိုလ်ဝယ်၊ ရွှေကိုယ် ညီးညီး၊ သန္ဓေမှီးလျက်၊ ကပ်ကြီး ကမ္ဘာ၊ သက် ငါးရာနှင့်၊ ချမ်းသာ အစစ်၊ ကိုယ်ထင် ဖြစ်၏၊ အစ္စန္တသုခီ၊ သညီဝါဒ၊ ပုဂ္ဂလတို့၊ စွဲးကြ မှတ်ယူ၊ နိဗ္ဗာန်ဟူသည်၊ စံတူ ချမ်းမြ၊ စျာန်သုခနှင့်၊ ဘဝ သိမ်မွေ့၊ ဗြဟ္မာလေ့တိုင်း၊ မငွေ့ ကာမ၊ ဒုဂ္ဂန္ဓဖြင့်၊ ရာဂ စိမ်းညှော်၊ မညှီစော်ဘဲး၊ အဟော် ဘဝ၊ သြော် သုခဟု၊ စိတ်ချ ကြည်နူး၊ ဥဒါန်း ကျူးလျက်၊ ဝမ်းမြူး ရွှင်ပျော်၊ လွန် မွေ့လျော်သည်။။ သံတော် အဟန်း အဟန်းတည်း။ (၁)

(၄၈၇) ထိုသို့ ကြီးလှ၊ စျာန်သုခဖြင့်၊ ဘဝ *တောင်ကိုင်၊ နိဗ္ဗာန်တိုင်သို့၊ *ချက်ရိုင် မိမိ၊ စံရဘိလည်း၊ ဒိဋ္ဌိ ဝိတက်၊ မဘက် မနှော၊ မရော မငြိ၊ လောင်းဗောဓိတို့၊ ဇာတိ ဖြစ်တိုင်း၊ မခိုင်း *မမျဉ်၊ စက်ပိုင်း*ရဉ်သို့၊ အစဉ် ဝါသနာ၊ ထုံပြီးစွာသား၊ ပညာဝရဇိန်၊ စွဲးလက်ချိန်ကြောင့်၊ ဇီဝိန္ဒြိယ၊ ဖြစ်ချစေကာ၊ မဟာပထဝီ၊ ဤမြေ မြင်းမိုရ်၊ ယုဂန္ဓိုရ်တို့၊ ပျက်ပြို ထက်-အောက်၊ စောင်း-မှောက် ပြောင်းပြန်၊ သွေလှန် ယွင်းခွ၊ ဘောက်ပြန်ကြလျက်၊ ကွဲး*ခြစေကာ၊ မစွန့်ရာသား၊ ပါရမီဖြည့်ခြင်း၊ သဘောရင်းနှင့်၊ မကင်းသည်ချည်း၊ ရွှင်*ကြည်း†ကြည်းဖြင့်၊ ကျော့†ကျည်း မယှိ၊ မပျင်းရိတည့်၊ ဇာတိ မြတ်စွာ၊ ဗြဟ္မာ့ရွာဝယ်၊ နေသာ နေသောင့်၊ မကြောင့် မကြ၊ ထာဝရဟု၊ စိတ်ချ ပျပ်စပ်၊ တပ်ကြီ့း တပ်၍့၊ *နေရဗ္ဗာန်မည်၊ ဘေး*မဲ့ပြည်သို့၊ အတည်တကျ၊ စံထိုက်လှသား၊ တောင့်တ *မဲ့ပြီး၊ စည်းစိမ် ကြီးလျက်၊ ချည်းနှီး ချမ်းသာ၊ ခံစားကာလျှင်၊ ဗြဟ္မာတို့နည်း၊ *ထက်ချည်း ယွင်းဖည်၊ စိတ်*ရင် †ကျည်၍့၊ ရွှင်†ကြည် ဓမ္မဓာတ်၊ သောမနသ်ဟုန်၊ ကိုယ်လုံး တုန်အောင်၊ လှိုက်ခုန် ပြဋ္ဌာန်း၊ *တီး မလန်းဖြင့်၊ ဥဒါန်း ကျူးကာ၊ ဝမ်းမြူးစွာလျှင်၊ စျာနနိကန္တိ၊ ဒိဋ္ဌိ သဿတ၊ ဘဝတဏှာ၊ မိစ္ဆာ အမြဲး၊ ကပ် မစွဲးဘူး၊ စွန့်ကြဲးအလေ့၊ မမေ့ မ†ကျန်၊ တာသ†င်္ကြန်ဝယ်၊ ခါမှန် ညောင်ရေ၊ သွန်းမြဲးထွေသို့၊ တက်ဗွေ *ရိပ်မြုံ၊ ဗြဟ္မာ့ဘုံတွင်၊ မျိုးစုံ သီးစွာ၊ ပဒေသာမှ၊ ဗြဟ္မာအများ၊ သူတပါးအား၊ ပိုင်းခြား ဝေငှ၊ ပေးလှူ မျှ၏၊ ဒါနပါရမီ၊ ဖြည့်မြဲး ညီအောင်၊ ဝသီ မကင်း၊ လိုတော်ရင်းတိုင်း၊ စွန့်ခြင်း အမှု၊ အစဉ် ပြု၍့၊ ဝတ္ထု များစွာ၊ အဖြာဖြာနှင့်၊ ပဒေသာခိုင်၊ ပင်ချင်း ဆိုင်သည်။။ ယှဉ်ပြိုင် အတန်း အတန်းတည်း။ (၂)

(၄၈၈) သီလဟူပြီ၊ ပါရမီလည်း၊ ဝိရတီ ချို့၊ ဗြဟ္မာတို့နှိုက်၊ သို့ဖြစ်စေကာ၊ စေတနာဖြင့်၊ ဆယ်ဖြာ အမိုက်၊ ဒုစရိုက်ကို၊ ဘုံလိုက် အမြဲး၊ ကွာရှဲး ပြကတေ့၊ ဘဝလေ့တိုင်း၊ သိမ်မွေ့ စင်စစ်၊ သီလဖြစ်၏၊ ကျင့်ညစ် ယုတ်မာ၊ ကင်းပြီးစွာသည်၊ ကာမာနိဿရဏ၊ နိက္ခမ္မနှင့်၊ သုခ ဒုက္ခ၊ ဓမ္မကထာ၊ ဒေသနာတရား၊ သူတပါးအား၊ ဟောကြား သာ†ကြည်၊ ပညာမည်ရှင့်၊ *ကျိုး†ကျည် မြဲးဘိ၊ ဝီရိဟူပြီ၊ ခန္တီ သစ္စာ၊ အဓိဋ္ဌာက၊ မေတ္တာ ဥပေက်၊ ဗြဟ္မာ့ဖြစ်နှိုက်၊ စင်စစ် ပြီးခြင်း၊ တရားရင်းတွင်၊ မကင်းတုံစွာ၊ ထုံ လေ့လာ၍့၊ ဆယ် ပါရမီ၊ ပြည့်ကြောင်း ညီ၏၊ စုံစီ မချို့၊ ဤသို့ခြင်းရာ၊ လက္ခဏာဖြင့်၊ မဟာသတ္တ၊ ဗျာဒိတ် ရသည့်၊ ဘုရာ့းအလောင်း၊ ကျင့် မပြောင်းတို့၊ ဆုတောင်း မျိုးစေ့၊ ပြုသော့နေ့က၊ မမေ့စမြဲး၊ ဆောက်တည် ကဲးလျက်၊ ငြိစွဲး သည်း†ထန်၊ ဗောဓိဉာဏ်နှိုက်၊ ဓိ†ဋ္ဌာန် စိတ်သန်၊ မဘောက်ပြန်ဘဲး၊ သွေလှန် မချ၊ နိယတကြောင့်၊ ဘဝ ဘဝ၊ ဖြစ်သမျှပင်၊ ဒသပါရမီ၊ မြဲး ဝသီနှင့်၊ ယှဉ်မှီ မပြတ်၊ ယုတ်-လတ်မြတ်အား၊ တပါးပါးကို၊ ကြိုးစားသမှု၊ ရွေကို စုသို့၊ *ပြုတ်တု မချွတ်၊ မလွတ် ဘယ်ခါ၊ ဖြည့်ကျင့်စွာသည်။။ သင့်ရာ အခန်း အခန်းတည်း။ (၃)

ဤသို့လျှင်တိ၊ ဤတွင် တဝ၊ ဗြဟ္မစရိ†ယ၊ ခဏ်းသာ†ရသည်၊ ပ ဉ္စမမြောက်၊ အပြီးရောက်တည်း။

(ကမ္မဘူမိသံသန္ဒနာခဏ်း ၃-ပိုဒ်။)

(ဤကား သက်ပိုင်း လားရာဟူသော နိဒ္ဒေသ၏့ ပဋိနိဒ္ဒေသဖြစ်သော ဂတိဝိဘာဂဝိတ္ထာရတည်း။။ ဤတိုင်အောင်သော အစဉ်ဖြင့် ဗြဟ္မဝိဟာရစရိယခဏ်း ၅၈-ပိုဒ်။)

ဤတွင်ရွေ့ကား ပ ဉ္စမပိုင်း ပြီး၏၊