မနုဿလောကနခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၁။ မနုဿလောကနခဏ်း


(၄၈၉) တတောင် နှစ်တောင်၊ သုံး-လေးတောင်က၊ ငါးတောင် ခြောက်တောင်၊ ခုနစ်တောင် ဆင့်၊ စွင့်ရရွင့်တိ၊ တောင်မင့်းသညာ၊ မြင်းမိုရ့်တာဖြင့်၊ သင်္ချာ ဝီသ၊ ဥသဘနှင့်၊ ဥသဘ ရှစ်ဆယ်၊ မှတ်ဘွယ် ဂါဝုတ်၊ ဂါဝုတ် လေးဆူ၊ တယူဇနာ၊ ဝေါဟာ ခေါ်ကြ၊ ထိုမျှ ယူဇနာ၊ ပရိမာဖြင့်၊ အနုနာ ဉေယျ၊ သင်္ချာ ပြသား၊ ဆယ်ဆ ထောင်ပေါင်း၊ မြနားဍောင်းသို့၊ တသောင်းတာခတ်၊ ဝန်းပတ် ပင်လယ်၊ ရေပြင်ကျယ်နှိုက်၊ ကျွန်းငယ် ငါး†ရာ၊ ပရိဝါနှင့်၊ လ†က်ျာ ပေါ်ထွန်း၊ မြရည် ရွန်းသည့်၊ ဤကျွန်း ဗွေငူ၊ မြေ ဇမ္ဗူထက်၊ မတူ နှိုင်းရာ၊ နတ်တို့ရွာသို့၊ ပြုဗ္ဗာကျွန်းမည်၊ မန္ဓာတ်တည်သား၊ သာစည် မပျက်၊ တိုင်းအချက်ဝယ်၊ ကနက် ထီးဆောက်၊ သုံးကြိမ်မြောက်တိ၊ မိုးအောက် သိကြား၊ နတ်တပါးသို့၊ အများ ထင်ကိုး၊ ရိုညွတ်ကျိုးသည့်၊ သတိုးဘုရင်၊ လောင်းဗုဒ္ဓင်၏့၊ ကျင့်အင် ဗြဟ္မ၊ စရိယကို၊ အစ,က ရုံး၊ စီခဲ့ ကုံးပြီး၊ အဆုံးကဏ္ဍ၊ နိဂမဟု၊ သာရ ပြည့်ရွန်း၊ ဤအခဏ်းကို၊ နိဒါန်း စုံစွာ၊ ယခုခါနှိုက်၊ လင်္ကာ နတ်စောင်း၊ သန်းခေါင် မောင်းဖြင့်၊ *ညှို့ချောင်း ခုနစ်ပင်၊ ငြိမ့်ပွဲး*ရင်သည်။။ လူရှင် နာစိမ့် ကြည်နူးတည်း။ (၁)

(ဤပိုဒ်ကား တတောင် နှစ်တောင်၊ သုံး-လေးတောင်က၊ ငါးတောင် ခြောက်တောင်၊ ခုနစ်တောင် ဆင့်၊ စွင့်ရရွင့်တိ၊ တောင်မင့်းသညာ၊ မြင်းမိုရ့်တာဖြင့်

--- ဟူသော စကားဖြင့် လက်သစ် တောင်တာကို၄င်း၊ တောင်စဉ် ၇-ထပ်ကို၄င်း ထင်မှားအောင် အနက်တူ ရူဠှီသဒ္ဒါဖြင့် လှည့်ပတ်၍့ ဝှက်ရကား ဝ ဉ္စိကာပဟေဠိမျိုးတည်း။။ တယူဇနာ၊ ဝေါဟာခေါ်ကြ၊ ထိုမျှ ယူဇနာ၊ ပရိမာဖြင့်၊ အနုနာဉေယျ၊ သင်္ချာပြသား- ဟူသော စကားဖြင့် ဝဏ္ဏသင်္ချာနည်းယူမှ တသောင်း ဖြ

(၄၉၀) မဃဒေဝ၊ ဣသိန္ဒလျှင်၊ ဗြဟ္မဝိဟာ၊ ဘာဝနာနှင့်၊ စျာန်သမာပတ်၊ ကျင့်မြတ် သိမ်မွေ့၊ မရွေ့ တည်†ကြား၊ မလှုပ်ရှားဘဲး၊ မ†ကျား မကြောင်၊ ပြောင့်ထက် ပြောင်လျက်၊ လေးထောင် သက်တော်၊ လွန်ကျော် အပ၊ ရှစ်သောင်း ရ၍့၊ ဗြဟ္မာ့ဘုံ အောင်း၊ ဘဝပြောင်းသော်၊ မင်းကောင်း သားတော်၊ နောက်နန်းပျော်လည်း၊ ဖြူယော် ဆံပင်၊ တချောင်း မြင်၍့၊ လူ့ခွင် ထီးနန်း၊ မစံမြန်းဘဲး၊ ရဟန်း သိမ်မွေ့၊ ပြုသော့နေ့တည့်၊ ထိုနေ့နှိုက်သာ၊ မဟာမဃ၊ လောင်း ဒေဝ၏၊ မတကဘတ်၊ ပြုလတ် မင်္ဂလာ၊ နရာဓိပတ်၊ ထိုမင်းမြတ်၏၊ ဆံဖြတ် ရိတ်လှည်း၊ ဖန်ရည် စည်း၍့၊ *အရည်းဝင်မှု၊ ရှင်ပြုမင်္ဂလာ၊ သား နန်း*လျာအား၊ ဘ,ရာ တင်မြှောက်၊ နန်းမွေ ကောက်၍့၊ ထီးဆောက်မင်္ဂလာ၊ တဖြာ စင်စစ်၊ ထိုသားချစ်အား၊ မင်းဖြစ်နီးစွာ၊ ဥပရာဟု၊ မင်း*လျာ မှန်းလှည့်၊ *ကွမ်းထည့်မင်္ဂလာ၊ ထိုသည်းချာအား၊ ဌာနန္တရ၊ ဝိသေသဖြင့်၊ ထူးလှ ကြီးကျယ်၊ စလွယ် ရွှေဗောင်း၊ ထပ်လောင်း ထီးစည်၊ သတိုးမည်နှင့်၊ ချစ်ကြည် သက်နှံ၊ နာမံ တံဆိပ်၊ ခတ်နှိပ် အသစ်၊ သင်္ကျစ် ရွှေရေး၊ ဘွဲ့ပေးမင်္ဂလာ၊ ဤငါးဖြာကို၊ တခါ တချက်၊ တကွနက်ဖြင့်၊ တရက်တည်းပြု၊ များလူစုလည်း၊ ဇမ္ဗူ့အလုံး၊ ခေါ်သိမ်းကျုံးသို့၊ ထွန်တုံး ထမ်းပိုး၊ ကြိုးနှင့် တံ†ဖျာ၊ အဖြာ†ဖြာကို၊ ထိုခါ ပယ်ရှဲး၊ မျက်နှာလွဲးလျက်၊ မျိုးပဲး စပါး၊ ကျွဲး-နွား စွန့်ရှောင်၊ အိမ်ထောင် တွင်း-ပြင်၊ အိုးအင် လင်ပန်း၊ ပန်းကန် ဇွန်းနှင့်၊ *ဗန်း စင်ကောက၊ ပစ်ခဲ့ချ၍့၊ ပဉ္စမဟာ၊ လွန်ထူးစွာသား၊ မင်္ဂလာ ကျော်ခြီး၊ ပွဲးတော်ကြီးနှိုက်၊ မငြီးနိုင်အား၊ သား မယားနှင့်၊ သောက်စား ကုန်လျက်၊ ပျော် မပျက်သည်။။ နှစ်သက် *ပုလဲး တမူးတည်း။ (၂)

(၄၉၁) မဃဒေဝေါ်၊ ကျွန်းလုံး ကျော်သား၊ တေဇော် ဝင်းပ၊ ထိုမင်းလှ၏့၊ ပုတ္တရာဇာ၊ မင်းမြတ်စွာလည်း၊ မဟာမဃ၊ လောင်းဒေဝသို့၊ ရွယ်လှ နုမျစ်၊ သူငယ့်ဖြစ်ဖြင့်၊ ရှစ်သောင်းလေးထောင်၊ ဘုန်းရောင် ပွင့်ထွား၊ နန်း*လျာအားဖြင့်၊ မှန်းထား စင်စစ်၊ အိမ်ရှေ့ဖြစ်လည်း၊ ရှစ်သောင့်းလေးထောင်၊ နန်းဘောင် ရွှေဘုံ၊ စိုးအုပ် †ခြုံ၍့၊ စေး†ချုံ ရန်ငုတ်၊ ရန်ခလုတ်ကို၊ ထွင်ခုတ် ပယ်ပြီး၊ ပြည်ကြီး ရိပ်ငြိမ်၊ စည်းစိမ်ခံလစ်၊ မင်းကြီး ဖြစ်လည်း၊ ရှစ်သောင့်းလေးထောင်၊ *ဥသျှောင် မြသား၊ ဆံတော်ကြားနှိုက်၊ ဘောက်ပြား မတူ၊ တချောင်း ဖြူ၍့၊ မင်းမူ စွန့်ပစ်၊ ရဟန်းဖြစ်လည်း၊ ရှစ်သောင့်းလေးထောင်၊ သက်စေ့အောင်လျှင်၊ ကျင့်ဆောင် ဗြဟ္မ၊ ဝိဟာရနှင့်၊ မကျ စျာန်ဟုန်၊ အမ္ဗဝုန်ဝယ်၊ ပျံ*သုန် မြေ-မိုး၊ ငုပ်လျှိုး ပျော်မြူး၊ စံမွေ့ကြူးလျက်၊ ကျေးဇူး ပြည့်စုံ၊ ဗြဟ္မာ့ဘုံသို့။။ လားတုံ ထက်ခွင် *ကွန့်မြူးတည်း။ (၃)

(၄၉၂) ထက်ခွင် *ကွန့်မြူး၊ စျာန်အထူးကြောင့်၊ ကျေးဇူး ပြည့်စုံ၊ ဗြဟ္မာ့ဘုံသို့၊ လားတုံ သတည်း၊ ဤသို့နည်းဖြင့်၊ မင်းချည်းနှင်နှင်၊ သံထင် *မိုးနှောင်း၊ ရိပ်ဖြူဆောင်းသား၊ မင်းပေါင်း အဟို၊ များထိုထိုလည်း၊ အဖို*မဲ့ဘိ၊ မျိုးဇာတိဖြင့်၊ ယောနိသဘာဝ၊ ဗျိုင်းအောက်မတို့၊ မေဃသဒ္ဒံ၊ မိုးကျူးသံကို၊ နာခံ စိတ်မှာ၊ ဓမ္မတာတိုင်း၊ သာယာကုန်ကြ၊ သန္ဓေရသို့၊ မွေးဘ နန်းစံ၊ ဆုံးမသံကို၊ နားယံ တင်ရှောင်း၊ နာ မ*ညောင်းဘဲး၊ နည်းကောင်း တမူ၊ ခံကြ ဟူ၍့၊ ဆံဖြူ တပင်၊ မြင်သည် ထိုနေ့၊ မရွေ့ ဆက်ဆက်၊ ရွှေနန်းထက်က၊ တောထွက်ပြီးသော်၊ စျာန်မွေ့ပျော်လျက်၊ သက်တော်လည်း ကောင်း၊ တသောင်း ရှစ်ပြန်၊ လေးထောင် လွန်လျှင်၊ လေးဘန် စီချည်း၊ တ*သွန်တည်းတိ၊ *စံနည်းမင်္ဂလာ၊ သြဘာ နိမိတ်၊ ဗျာဒိတ် သိုက်ပန်း၊ ဓာတ် ကိန်းခန်းက၊ နတ်ညွှန်း ပြဆောင်၊ *တဘောင် *တြင်း၊ အောင်နဝင်းနှင့်၊ ရှေးမင်း သုံးခါ၊ ထောင်တည်စွာသား၊ မိထိလာမည်ရ၊ ဤပြည်မနှိုက်၊ မဃဒေဝ၊ အမ္ဗဝနေ၊ ဥယျာဉ်မြေထက်၊ လေးထွေ စျာန်ဟုန်၊ မသုန် မကျ၊ ဗြဟ္မာ့နေရပ်၊ ဘုံ ဝေဟပ်သို့၊ ဆိုက်ကပ် လုံးတည်း၊ မလိပ်လည်းတည့်၊ ရုံးစည်း မထောင့်၊ ဂဏာန်း ဖြောင့်က၊ ရှစ်သောင့်းအခေါင်၊ မင်မြားမြောင်တို့၊ လေးထောင်အစု၊ ပြည့်လု အဟုတ်၊ နှစ်ယောက် ယုတ်သည်။။ သမုဒ်ရေ့နှယ် မထူးတည်း။ (၄)

(၄၉၃) “အနှစ် တထောင်၊ ရှည်ခေါင်မြဲးစွာ၊ လား နတ်ရွာနှင့်၊ အိမ်ရာ မမြန်း၊ ဤသုံးခန်းကား၊ တောင်ကျွန်း လ†က်ျာ၊ ဝတိံသာထက်၊ ဥတ္တ†ရာငူ၊ မြောက်ကျွန်းသူတို့၊ မတူ ကဲးတက်၊ သာလွန်ချက်တည့်၊ အသက် အဆင်း၊ ချမ်းသာခြင်းမူ၊ ယင်းမြောက်ကျွန်းသား၊ ဇမ္ဗူဘွားထက်၊ သိကြား စံမှတ်၊ ဝတိံနတ်က၊ လွန်မြတ် ကဲးဆင့်၊ ဂုဏ် ထူးမြင့်၏၊ ရဲရင့် သတိ၊ မြတ်စရိကား၊ ဗောဓိပေါက်*နေ၊ ဇမ္ဗူမြေက၊ ပဒေသာကျွန်း၊ ဝတိံ*ကွန်းထက်၊ ဦးစွန်းတမျှ၊ ကဲးလွန်စွဟု၊ ကျမ်းပြ မယုတ်၊ *ညီစွာ ဟုတ်လျက်၊ သမုဒ်ရေ့နှယ်၊ မြစ်*ပင်လယ်သို့၊ မှတ်ဘွယ် အဖြောင့်၊ ကိန်း မထောင့်သား၊”ရှစ်သောင့်းလေးထောင်၊ ကျင့်ဆောင် ဗြဟ္မ၊ စရိယဖြင့်၊ နန်းက *ဖဲး†ကြဉ်၊ မင်းပေါင်း စဉ်၍့၊ ပုပ်†ကျဉ် ဓမ္မ၊ မယှိရအောင်၊ ယှဉ်ထ အသင့်၊ စဉ် မလွင့်ဘဲး၊ ဘ,မင့်စကား၊ ထောင် ရွှေနားနှင့်၊ မှာထား မိန့်တိုင်း၊ နာညွတ်ရှိုင်း၍့၊ တဝိုင်း တသီး၊ တဂိုဏ်းကြီးဖြင့်၊ ဖြူထီး ရိပ်မိုး၊ ဘိသိက် နှိုးလျက်၊ အုပ်စိုး နိုင်ငံ၊ ဇမ္ဗူယံဝယ်၊ နန်းစံ ရှင်ပြု၊ ဗြဟ္မာစုသား၊ အထု အထ၊ တုမရအောင်၊ ဓမ္မကာမိ၊ ရာဇိသိတို့၊ ပဗ္ဗဇိတ၊ ဝံသ မဟာ၊ အနွယ်လာကြောင့်၊ အနာဂတံ၊ ဖြိုးလျှံစဉ့်တိုင်း၊ ရွှေ*သမိုင်းဖြင့်၊ ကသိုဏ်း တခု၊ နန်းစဉ် ရှု၍့၊ လွှတ်တု မင်္ဂလာ၊ ခြီးတိုင်းသာအောင်၊ ရွှေစာ နန်းပြင်၊ ကမ္ဘာတွင်လျက်၊ မဟာဝင်စောင်၊ ရာဝင်ပြောင်သည်။။ မင်းခေါင် မဃ အမှူးတည်း။ (၅)

(၄၉၄) ဤသို့ ထိုခါ၊ ရှေးဦးစွာက၊ မိထိလာပြည်မ၊ ဝိဒေဟနှိုက်၊ တတီယနန်းတည်၊ သက်တော်ရှည်သား၊ ဘုန်းစည် ပွင့်*လျာ၊ မဟာပုရိ၊ ဗောဓိသတ္တ၊ မဃဒေဝေါ်၊ ဘေးလောင်းကျော်လျှင်၊ မိုးပေါ် ရပ်ပိုင်း၊ တိမ်ပန်းဆိုင်းသို့၊ နတ်တိုင်း တည်ရာ၊ ကာမာဝစရ၊ ဝသဝတ္တိ၊ ဘူမိအထက်၊ ဘုံ လေးဆက်နှိုက်၊ ဘဝဂ် တပါး၊ သုံးဆင့် ခြားပြီး၊ မီးပွား မမွှေ၊ ရေလည်း မကပ်၊ လေ မစပ်သည့်၊ ဝေဟပ္ဖလ၊ စတုတ္ထ *ရိပ်မြုံ၊ ဗြဟ္မာ့ဘုံဝယ်၊ နှစ်ပုံ တွက်ရေ၊ ကုဋေ *မြားမြောင်၊ နှစ်ထောင် မက၊ လူ့ဌာနနှိုက်၊ ကာလ ရှည်လျား၊ သားတော် မြေး-မြစ်၊ ဆက်ခံရစ်၍့၊ မင်းစစ် ရှစ်သောင့်း၊ သုံးထောင် ကိုးရာ့၊ ကိုးကျိပ်ကတိ၊ အဋ္ဌ စွန်းဆောင်၊ ကျော်လွန်အောင်လျှင်၊ လူ့ဘောင် တစိ၊ မရှုမိဘဲး၊ သတိ မရ၊ ဗြဟ္မာ့ချမ်းသာ၊ ခဏတာဖြင့်၊ စံကာနေမှ၊ လူ့လောကတွင်၊ ဝိဒေဟတိုင်း၊ *သမိုင်းတင်စွာ၊ မိထိလာတွင်မည်၊ စံတော်ပြည်နှိုက်၊ ဆက်ရှည် *ဓွန့်ဝေး၊ ငါ့သား မြေးတို့၊ ငါပေး ဆုံးမ၊ သြဝါဒတိုင်း၊ မချ နှစ်သက်၊ ဦးခေါင်းထက်ဝယ်၊ တခက် ဆံဖြူ၊ မြင်ကာမူဖြင့်၊ ငါ့တူ ဆက်၍့၊ တောထွက် စရိယ၊ နိက္ခမ္မနှိုက်၊ တည်ကြ၏့လော၊ ဆင်ခြင်စောသည်။။ သဘော *လက်မွန် လက်ဦးတည်း။ (၆)

(၄၉၅) ထိုသို့ လက်ဦး၊ အထူး *မဆွ၊ သတိရ၍့၊ ဗြဟ္မာ့နေရပ်၊ ဘုံ ဝေဟပ်က၊ *လျပ်လျပ် လျင်စွာ၊ ဤလူ့ရွာသို့၊ မကြာခဏ၊ ဗြဟ္မာ့သဘော၊ ဉာဏ် မနောဖြင့်၊ သို့လော စေ့ငု၊ မျှော် ကြည့်ရှုက၊ အထု *အထ၊ ရှေ့မှ နောက်မှီ၊ ကြယ့်နှယ် စီ၍့၊ တညီတည်းသာ၊ ကျင့် မကွာဘဲး၊ ခေါင်းမှာ ရေးရေး၊ ဖြူဖွေး ဆံပင်၊ တချောင်း ထင်လျှင်၊ မြင်သည့် ရက်နှိုက်၊ တောထွက်ကုန်ပြီး၊ မငြီး ကြိုးကုတ်၊ အားထုတ် ဗြဟ္မ၊ ဝိဟာရနှင့်၊ မကျ စျာန်ပါ၊ ရောက်ကြလာသား၊ ဗြဟ္မာချည်းတုံ၊ ဗြဟ္မာ့ဘုံတွင်၊ မကြုံတောင်းစွာ၊ ထိုရော့ခါတိ၊ မိထိလာဂိုဏ်းသီး၊ ဝိုင်းကြီး တခု၊ ခေါ်ပြုလောက်အောင်၊ အဆောင်ဆောင်တို့၊ မိုးခေါင် တ†ခြမ်း၊ ထိန်ထိန်လျှမ်းလျက်၊ သာ†ချမ်း *ရိပ်မြုံ၊ အဘုံဘုံဖြင့်၊ တပုံ တပေါင်း၊ မြို့ပါ ပြောင်းသို့၊ အဟောင်း အသစ်၊ ထပ်ခါ ဖြစ်သား၊ ရှစ်သောင်းအခေါင်၊ လေးထောင်ပျော့ပျော့၊ နှစ်ယောက်လျော့ကို၊ အသော့ ချက်ခြင်း၊ မြင်သိလျှင်းက၊ လွန်ပြင်း သောမနသ်၊ ဓမ္မဓာတ်ဖြင့်၊ ဝိညတ် ဝစီ၊ မိုးလုံး ဟီအောင်၊ မြွက်ချီ သာဓု၊ ကောင်းခြီးပြု၍့၊ ယခု နန်းပေါ်၊ ပျော်သည့်မင်းကား၊ မယွင်း ဤတူ၊ ဆံတည်း ဖြူသော်၊ အယူ မပျက်၊ ရာဝင် ဆက်၍့၊ တောထွက်လိမ့်လော၊ သဘော တဘန်၊ ဆင်ခြင်ပြန်လည်း၊ အမှန် ထွက်လိမ့်၊ မြင် နှစ်သိမ့်လျက်၊ စိမ့်စိမ့် ထပ်ကာ၊ ရှုပြန်ခါမူ၊ နောင်လာ ဆက်မည်၊ မင်းတို့သည်ကား၊ သားစည် မြေးပွား၊ ပျော် လိုက်စား၍့၊ မရှား မရှောင်၊ အိမ်ရာထောင်သည်။။ သေအောင် အညစ် အညူးတည်း။ (၇)

(၄၉၆) သေအောင် ညစ်ညူး၊ ဝက်ညွန်လူးသို့၊ အမူး အမော်၊ ဘုံနန်းပေါ်နှိုက်၊ အပျော် အပိုက်၊ မွေ့လျော် ကြိုက်၍့၊ စိတ်လိုက် ရွှင်†ပျော၊ စရိုက် †ပြောလျက်၊ တောမထွက်ဘဲး၊ အဆက် ဤတွင်၊ ပြတ်လိမ့်ပင်ဟု၊ နတ်သျှင် *စောလောင်း၊ မြင်လတ်ရှောင်းက၊ တပေါင်း တရုံး၊ ပုလဲးကုံးသို့၊ စ,ဆုံး အလယ်၊ ဘယ်ဝယ် မဘောက်၊ စဉ်လျောက် ရှေး-နှောင်း၊ အလျင် ကောင်း၍့၊ တချောင်း ဆံဖြူ၊ မြင်မူ ထိုနေ့၊ မမွေ့ နန်းထက်၊ တောထွက်ကိစ္စ၊ စရိယဖြင့်၊ ဗြဟ္မဝိဟာ၊ ဘာဝနာနှင့်၊ စျာန် သမာပတ်၊ ကျင့်မြတ် ပျော်ဘိ၊ ရာဇိသိတို့၊ ဇာတိလည်း မြင့်၊ အကျင့်လည်း *မွန်၊ အဖြစ်လွန်လျက်၊ မိုးစွန် ဝေဟာ၊ ဗြဟ္မာ့ရွာတွင်၊ ဗြဟ္မာနတ်ကြီး၊ ဘုံ သီးသီးနှင့်၊ ဖြစ်ပြီး ဖြစ်အံ့၊ ဖြစ်လတ္တံ့က၊ အ*လွံ့ *ပြောထူ၊ များဆူဆူကား၊ မှတ်ယူ မဖြောင့်၊ ဂဏာန်း ထောင့်လျက်၊ ရှစ်သောင့်း လေးထောင်၊ မပြည့်ကြောင်၍့၊ *ချောင်ခဲ့ အဟုတ်၊ တယောက် ယုတ်သော်၊ သမုတ် လူတွင်၊ နောင် ရာဝင်တိ၊ ရွှေမင် အက္ခ†ရာ၊ နန်းစဉ်စာနှိုက်၊ တင်†ရာ မပြောင်၊ ရာဝင် မှောင်၍့၊ အရောင် နွမ်းညစ်၊ ဖြစ်လိမ့်သကား၊ မလျော်ငြားခဲ့၊ တရား ယှဉ်ပေါင်း၊ အစဉ် ကောင်းလျက်၊ အနှောင်း တယောက်၊ မပျက် လောက်တည့်၊ နောက်နောက်ကမ္ဘာ၊ ရှည်တိုင်း ကြာအောင်၊ စဉ်လာ *ဥဒါန်း၊ တ*မော်ကွန်းဖြင့်၊ မထွန်းစေရ၊ ငါလျှင် စသည့်၊ ငါ့အနွယ်ဆက်၊ ကွယ်မပျက်အောင်၊ ငါဆက်မှသည်၊ သင့်တော်မည်ဟု၊ ကြံစည် ဆုံးဖြတ်၊ ဉာဏ်တော်မြတ်ဖြင့်၊ အမှတ် မခွ၊ စိတ်တော်ချသည်။။ ဗြဟ္မာ့ရွှေဘုံ *ကွန်းဖူးတည်း။ (၈)

ဤကား မဃဒေဝမင်းကြီး၏့ ဗြဟ္မာ့ဘုံနှိုက် စရိယကိစ္စတည်း။ မနုဿာလောကနခဏ်း (၈)ပိုဒ် ပြီး၏၊