လင်္ကာသာသနာ့နိဒါန်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၆။ လင်္ကာသာသနာ့နိဒါန်း


(၅၇၅) ခန္ဓပရိနိဗ္ဗာန၊ ဒုတီယ *နေရဗ္ဗာန်၊ စံပြီး လွန်သော်၊ ဘဝန္တဂု၊ သဗ္ဗညုကား၊ ဓာတုပရိနိဗ္ဗာန၊ တတီယ*နေရဗ္ဗာန်၊ နောင်ဘို့ ချန်၍့၊ မလွန်မီငြား၊ ဤအကြားနှိုက်၊ နောက်ပွား သတ္တဝါ၊ ဝေနေယျာအား၊ အသာဓာရုဏ်၊ မဟာဂုဏ်ဖြင့်၊ သမ္ပုဏ္ဏဟိတ်၊ ရွှေနိမိတ်ကြောင့်၊ ဗျာဒိတ် ရွှေခွန်း၊ ညွှန်း၍့ ပိုင်းခြား၊ ကိုယ်တော် ပွားတိ၊ တရား ရှစ်သောင်း၊ ဓာတ်ပေါင်း ရှစ်စိတ်၊ ပရိက္ခရာ၊ မဟာဗောဓိ၊ ပရိဘောဂ၊ ဆံတော် စသား၊ ထိုမျှ *မြားမြောင်၊ မွေ ကုန်အောင်ကို၊ ငါးထောင် နှစ်ပေါင်း၊ နောင် ကြာ*ညောင်းအောင်၊ ခါကောင်း ပညတ်၊ ထားခဲ့ အပ်လျက်၊ လူ့ရပ် နတ်ဌာန်၊ နိဗ္ဗာန် ပြည်ကြီး၊ ခရီး မဆိတ်၊ စည် မတိတ်ဘဲး၊ မပိတ် ဟင်းလင်း၊ ထွန်းဝင်း သာသနာ၊ ထိန်ထိန်ဖြာ၍့၊ သာယာ စည်ကား၊ လွန့်ပြန့်ပွား၏၊ အများ အများ၊ ဤသို့အားဖြင့်၊ ဘုရားမြတ်ပေါင်း၊ ရှစ်သောင်း မက၊ ကိုယ်တိုင် ကြွသို့၊ ဌာန အဟို၊ ရပ် ထိုထိုနှိုက်၊ မဂ်ဖိုလ် နတ်ရွာ၊ လမ်း ပွင့်-သာသည်။။ မိစ္ဆာ ကင်းပ ပြစ်*ချေတည်း။ (၁)

(၅၇၆) မြတ်ဖျား ဘုန်းမော်၊ ဂုဏ် ကိုးဘော်နှင့်၊ ရှင်တော်ဘုရား၊ ကြွသွား နိဗ္ဗာန်၊ စံပြီး လွန်မှ၊ သုံးတန် ပိဋကတ်၊ ပရိယတ်ကို၊ ညီညွတ် ညှိနှိုင်း၊ ရွတ်ဆိုလှိုင်း၍့၊ တိုင်း မဂဓိုရ်၊ ရာဇဂြိုဟ်နှင့်၊ နဂိုရ် အောင်ချာ၊ ပြည် ဝေသာနှိုက်၊ အဇာတသတ္တု၊ သုသု သည်းချာ၊ မင်း ကာဠာကို၊ မှီရာပြုကြ၊ လေးလ တခါ၊ နှစ် တရာတွင်၊ မဟာကဿပ၊ ထေရ် ယသတို့၊ ပထမ ဒုတီယာ၊ သင်္ဂါ နှစ်ထောက်၊ တင်ပြီး နောက်တိ၊ ဘုန်းတောက် ဓမ္မာ၊ မင်းမြတ်စွာ၏့၊ သာသနာနုဂ္ဂဟ၊ ဗလဝဖြင့်၊ နတ်ရွာ့အယောင်၊ လေးထောင် ရှစ်သောင်း၊ မြို့ပေါင်း ခွန်ချိ၊ *နက်သန်ယှိသည့်၊ ပါတလိပုတ္တ၊ ရာဌာနနှိုက်၊ နှစ်ရာ့သုံးဆယ်၊ ငါးခု*ကယ်သား၊ နှစ်ကြွယ် ပြည့်ထ၊ ရောက်ကာလဝယ်၊ တတီယသင်္ဂါယနာ၊ တင်ပြီးခါသော်၊ ထေရာဓိပတိ၊ မောဂ္ဂလိပုတ္တ၊ တိဿမြတ်စွာ၊ ဂိုဏ်းဆရာလျှင်၊ မဟာမဟိန္ဒ၊ စသည် သီးသီး၊ ဘိညာဏ် ပြီးသား၊ ထေရ်ကြီး ကိုးပါး၊ ခြွေရံ†များနှင့်၊ *မြောက်†မြား ဂုဏ်ဝါ၊ ထင်ရှားစွာကို၊ ကိုးဌာနပိုင်း၊ ကိုးရပ် တိုင်းသို့၊ ကိုးဂိုဏ်းဘွဲ့ကာ၊ သာသနာ ခွဲးဝေ၊ ပြုပြန်စေ၍့၊ သောင်းမြေ နဂိုရ်၊ ပြည် ထိုထိုနှင့်၊ သီဟိုဠ် ခေါ်ညွှန်း၊ လင်္ကာကျွန်းရပ်၊ တည်ထွန်း သာသနာ၊ စည် ပြန့်စွာ၏၊ ထိုလင်္ကာဗွေ၊ ကျွန်းရပ်မြေသို့၊ ခြောက်ထွေ ဘိညာ၊ ကြီးတေဇာနှင့်၊ မဟာမဟိန်၊ မြတ်ထေရိန်လျှင်၊ စက်ရှိန် ကြွရွန်း၊ တည်စေထွန်းသည်။။ ထိုကျွန်း တခေတ် တမြေတည်း။ (၂)

(၅၇၇) တတီယသဘင်၊ သင်္ဂါတင်သား၊ ဘုရင် *သတိုး၊ မြေ-မိုး ထွင်းဘောက်၊ ထက်-အောက် ယူဇနာ၊ ဇမ္ဗူချာသို့၊ ပဏ္ဏာ ခွန်ကျုံး၊ အာဏာ ဖုံး၍့၊ ကျွန်းလုံး ပိုင်သ၊ အစိုးရလျက်၊ ဗလစက္ကရတ်၊ နေနတ်ဝံသာ၊ မဟာပုညဇိဒ်၊ ဂုဏ်ဟိတ် ဓိပတိ၊ ဘုန်းထူးယှိသည့်၊ သိရီ့ဓမ္မ၊ အသောကဟု၊ *ပြောပ များစွာ၊ ကြီးတေဇာနှင့်၊ အံ့ရာ မပြီး၊ ထိုမင်းကြီးလည်း၊ အသီး သက္ကရာဇ်၊ ခြောက်နှစ် ကောဇာ၊ တက်သောခါတိ၊ မြတ်စွာ လူ့ဘ၊ ပွင့်တော်စက၊ ကိုးလ တခါ၊ ငါးဝါ တခေါက်၊ ရှစ်ဝါမြောက်နှိုက်၊ ကြွရောက် သုံးကြိမ်၊ မွေ့သိမ် ဖလ၊ ဘန်ဘန် မျှလျက်၊ နင်းချ ရတနာ၊ ရွှေစက်ရာနှင့်၊ လင်္ကာဒီပ၊ သီဟဠဗွေ၊ တကျွန်းမြေသို့၊ ဗုဒ္ဓဟေ သီရိ၊ ပင်ဗောဓိ၏့၊ ဒက္ခိဏသာခါ၊ လက်ျာ ဒုမရာဇ်၊ တောင်ကိုင်းစစ်ကို၊ ရင်နှစ်တော်လှ၊ ချစ်မဝသား၊ သင်္ဃမိတ္တာ၊ မဟာထေရီ၊ ဘိက္ခုနီနှင့်၊ တုညီ မချို့၊ ဆောင်ကာ ပို့၍့၊ နှစ်လို့ ကြည်စွာ၊ ကျွန်းလင်္ကာတွင်၊ ဒေဝါနံပိယ၊ မင်း တိဿလျှင်၊ မဟိန္ဒ ရဟန္တာ၊ ထေရ်မြတ်စွာနှင့်၊ အနုရာဓ၊ ဌာန ကျော်ခြီး၊ မြို့တော်ကြီးနှိုက်၊ ခြားသီး ပရိုဏ်း၊ *တံတိုင်း ဝန်းကျင်၊ တန်းဆာဆင်၍့၊ မဟင်္ဂဏ၊ မာဠကဖြင့်၊ သာလှ ကျယ်ဝင်း၊ လွန်ပြန့်ရှင်းသား၊ ခင်းကျင်း စီမံ၊ ပလ္လင်ပျံထက်၊ တင်ခံ စိုက်ပျိုး၊ ကိုးကွယ်သော့အား၊ ထင်ရှား ကြေငြာ၊ တနိမ္မာသို့၊ ထိုလင်္ကာဘုံ၊ ကျွန်း မြေခုံဝယ်၊ မရုမ္ပိယ၊ တိဿမင်းက၊ အရင်းစ၍့၊ ဘုရာ့းသာသနာ၊ ရှည်မြင့်ကြာအောင်၊ ရောင်ဝါ ပြောင်းရွှန်း၊ တက်နေဝန်းသို့၊ တည်ထွန်း စည်ကား၊ လူအများတို့၊ တရားလက်ကိုင်၊ လေးခိုင် မဂ်ဖူး၊ ဆွတ်ယူ ခူးလျက်၊ အထူး မှန်စွာ၊ စဉ် မကွာဘဲး၊ သမ္မာဒိဋ္ဌိ၊ ဉာဏ်မျက်စိနှင့်၊ အသိ သန့်ရှင်း၊ မိစ္ဆာ ကင်း၍့။။ အလင်း မြင်ကြ မသွေတည်း။ (၃)

လင်္ကာသာသနာ့နိဒါန်း (၃)ပိုဒ် ပြီး၏၊