သာသနသန္တိကေနိဒါန်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၅။ သာသနသန္တိကေနိဒါန်း


(၅၇၂) ဘုရား ဖြစ်စ၊ ကဆုန်လ၏့၊ ပုဏ္ဏ ရက်ဝါ၊ နေ့ကသာလျှင်၊ *နွယ်သာ ခေါ်လှည့်၊ ဝါဆို ပြည့်အောင်၊ ရက်ရှည် ခြောက်ဆယ်၊ နှစ်လဝယ်ကား၊ ဘယ်ဘယ် လူ-နတ်၊ မ*ခြေချွတ်ဘဲး၊ သတ္တ ရက်လုံး၊ ဆုံးပစေလျက်၊ ပလ္လင်ထက်နှိုက်၊ ဖွဲ့ရှက် သပ္ပါယ်၊ စံ တင့်တယ်ရှင့်၊ နောင်ဝယ် ထိုမှ၊ ဒေဝ များစွာ၊ နတ်*တကာ၏့၊ မိစ္ဆာ ဝိတက်၊ တွေးကြံချက်ကို၊ ပယ်ဖျက် ကင်းစေ၊ သင်္ကာ ပြေအောင်၊ မီး-ရေ နှစ်ပုံ၊ ယမိုက်စုံဖြင့်၊ ပြတုံခဲ့ပြီး၊ ပင်ဗောဓိမှ၊ အနိမိသ၊ ဌာန တထောက်၊ တာ ဆဲ့ခြောက်ဝယ်၊ ရှေ့မြောက် ဒိသာ၊ ရပ်မျက်†နှာက၊ ရတ†နာ စိန်ပြင်၊ ရွှေပလ္လင်ကို၊ မြတ်ရှင် ဇိနော်၊ ရပ်ကာ မျှော်၍့၊ မျက်တော် မညိတ်၊ မမှိတ် ရှုကာ၊ ရက်လည် ကြာ၏၊ ဆယ်တာ ကျော်ငြား၊ ထိုအကြားတွင်၊ နတ်များ ဘန်လာ၊ ရှေ့ဒိသာနှိုက်၊ ရတနာ ဝင်းလျှံ၊ ရွှေစင်္ကြံထက်၊ ကြွ-စံပယ်လစ်၊ ခုနစ်ရက်စင်၊ လွန်ပြီး ကျင်သော်၊ နောက်ခွင် ရပ်သာ၊ ဆဲ့သုံးတာဝယ်၊ ရတနာဃရ၊ ရွှေအိမ်လှထက်၊ သတ္တ ရက်ကြာ၊ ဘိဓမ္မာကို၊ မြတ်စွာ ဆင်ခြင်၊ ဉာဏ်တော် တင်လျက်၊ ကောင်းကင် စကြာဝ†ဠာ၊ ဖီ†လာ ထက်အောက်၊ ထွင်းဘောက် နှံ့အောင်၊ တပြောင်ပြောင်လျှင်၊ ခြောက်ရောင်တော် လွှတ်၊ စံနေလတ်၏့၊ တာခတ် ပြုဗ္ဗ၊ ငါးရာကြတွင်၊ အဇပါ†လ၊ နိဂြောဓနှိုက်၊ အ†လှ တုမဲ့၊ စံ *မဟဲ့သား၊ တဆဲ့နှစ်နှစ်၊ ဆဲ့သုံးနှစ်က၊ ပျိုစစ် ရွယ်စင်၊ *ယကင် *စုလည်း၊ ကြက်တောင်စည်းလျက်၊ *မျက်မည်း နုထွား၊ လျလျ ခါးဖြင့်၊ တသား မမြင်၊ တသား မြင်တိ၊ ရွှေရင် ညံ့စိ၊ နှစ် သား-မိနှင့်၊ ယဉ်အိ ရုပ်ရည်၊ တည်ကြည် ငြိမ်မြတ်၊ ရွယ်လတ် ရွယ်ကြီး၊ မာရ့်သမီးတို့၊ ခြောက်သီး ခြောက်ပုံ၊ လိုတော် *ကုံအောင်၊ အာရုံတော်နှိုး၊ နတ်တန်းခိုးဖြင့်၊ ကြိုး၍့ *အားသွန်၊ ကြိမ် ဘန်ဘန်လျှင်၊ သဏ္ဌာန် ရုပ်ပြောင်း၊ ရာစီ လောင်းလျက်၊ ဖြားယောင်း လုံ့လ၊ ပြုသမျှကို၊ ယဿ ဇိတံ၊ နာဝဇယတိ၊ အစယှိသား၊ ပါဠိဒေသနာ၊ ဂါထာ သုံးပိုဒ်၊ မိန့်တော် ရိုက်၍့၊ ဖိုလ်မြိုက် သုခ၊ စံ ချမ်းမြလျက်၊ သတ္တ *၄င်း၊ ရက်ပေါင်း တွက်ဘွဲ့၊ လွန်ပြီးခဲ့ရှင့်၊ နှစ်ဆဲ့ရှစ်တာ၊ ရှေ့တောင်မှာလျှင်၊ မုစလိန္ဒာအိုင်နား၊ နဂါး ပူဇော်၊ စံပျော် ခုနစ်၊ တွက်စစ် ရက်ပေါင်း၊ လွန်တုံရှောင်းပြီး၊ *၄င်း တောင်ရပ်၊ နီးကပ် မဝေး၊ တာ လေးဆယ်ကွာ၊ ရာဇာယတန၊ သာလှ *ရိပ်ကွန်း၊ မြထီးဝန်းသို့၊ လင်းလွန်းပင်ရင်း၊ စံခြင်း ငြိမ်သက်၊ ခုနစ်ရက်ဖြင့်၊ လွန်ထွက်တုံမြောက်၊ ထိုပြီ့း နောက်နှိုက်၊ ပြန်ခေါက် လှည့်ကာ၊ အဇပါဝယ်၊ ဗြဟ္မာသဟံ၊ တောင်း ခွင့်ခံသည်။။ ထုံးစံ ရှေးက ပဝေတည်း။ (၁)

(၅၇၃) ရှေးက တန္တီ၊ ပဝေဏီဖြင့်၊ နည်းမှီ ထုံးစံ၊ အ *နှုန်းခံမှ၊ သဟံဗြဟ္မာ၊ ခွင့်ပန်ထွာ၍့၊ ယူဇနာ ဆဲ့ရှစ်၊ ကွာလစ် ဓွန့်တာ၊ မိဂဒါသို့၊ ဒေသစာချီထ၊ နေ့ချင်း ကြွပြီး၊ ပုဏ္ဏ ရက်ဝါ၊ *လနွယ်တာနှိုက်၊ မင်္ဂလာ ချမ်းမြေ့၊ စနေနေ့ဝယ်၊ ဘုန်း*ဟေ့ မြတ်*မွန်၊ မြတ်ရွှေဉာဏ်ဖြင့်၊ အပြန် သုံးခါ၊ ခြင်းရာ ဆဲ့နှစ်၊ စတုသစ်တိ၊ ဘွင့်လှစ် နဲးနက်၊ ဓမ္မစက်ကို၊ ဘဝဂ် *နရက်၊ အောက်-ထက် ကြေညာ၊ ဟောလှည့်ကာလျှင်၊ ဗာရာဏသီ၊ ဝါကပ်မှီ၏၊ ဒုတီယ တတီယ၊ စတုတ္ထနှင့်၊ သတ္တရသာ၊ ဝါတော် ဆင့်တိုး၊ နှစ်ဆယ်ဖြိုးအောင်၊ လူမျိုး မှီခို၊ ရာဇဂြိုဟ်ဝယ်၊ ခေါက်ကြို တုံ့ပြန်၊ ငါးတန် ဝဿ၊ ဝါတော် မျှ၏၊ ပဉ္စမမှာ၊ ပြည်ဝေသာနှင့်၊ ခြောက်ဝါ မကုလ၊ သတ္တမကား၊ သက္က ပုရိန်၊ တာဝတိန်ထက်၊ ဒေဝိန်ဌာန၊ ရှစ်ဝါရနှိုက်၊ ဘဂ္ဂတိုင်းသာ၊ ကိုးဝါ တုံပြီ၊ ကောသမ္ဗီနဂရ၊ ဒသမသော်၊ ရှင်တော် ဘော်နည်း၊ တပါးတည်းဖြင့်၊ ပလလည်း တောရပ်၊ တထပ် နောက်မှာ၊ ဆဲ့တဝါမူ၊ နာဠာဂါမ၊ ဒွါဒသနှိုက်၊ ဝေရ ဉ္ဇပြည်၊ တမည် ပေါင်းရုံး၊ ဆဲ့သုံး ဆဲ့ရှစ်၊ ဆဲ့ကိုးစစ်ကား၊ တွင်လစ် အညီ၊ စာလီ ပဗ္ဗတ၊ စုဒ္ဒသမှ၊ ဇေတ ကျောင်းသာ၊ ဆဲ့ငါးဝါကို၊ ရွှေချက်သိုသည့်၊ ကပိုလ်ပြည်ကြီး၊ စံ ပျော်မှီး၏၊ ထိုပြီး နောက်မှာ၊ ဆဲ့ခြောက်ဝါသော်၊ အာဠဝီပြည်မ၊ ဤသို့ ပြသား၊ ပထမဗောဓိ၊ ဝီသတိဝယ်၊ အနိဗဒ္ဓ၊ မြဲး မမျှဘဲး၊ ဒေသစာရီ၊ ရောက်ရာ မှီ၍့၊ ထိုဤ ပြည်-ရပ်၊ ဝါတော် ကပ်၏၊ နောက်ထပ် ပစ္ဆိ၊ ဗောဓိမည်ပေး၊ နှစ်ဆဲ့လေးကား၊ ရှေးသို့ ဘုန်းမော်၊ စိတ်တော် မညွတ်၊ ပြည်သာဝတ်တွင်၊ နိဗဒ္ဓဝါ၊ အရာ မရွေ့၊ အရှေ့ ရွှေဘုံ၊ ပုဗ္ဗာရုံနှင့်၊ မြေခုံဌာ†န၊ ဒက္ခိ†ဏဟု၊ နာမသမိုက်၊ တောင်တိုက် ဇေတဝန်၊ ကျောင်း နှစ်ဌာန်ဝယ်၊ လှည့်ဘန် ဝါရ၊ အစဉ် မျှ၍့၊ ပစ္ဆိမအခါ၊ ဝေဠုရွာနှိုက်၊ ဝါတော် အဆုံး၊ ဝေနေ သုံးကို၊ သိမ်းကျုံး ချွတ်ကယ်၊ ကပ် စံပယ်သည်။။ လေးဆယ့်ငါးဝါ့ တွက်ရေတည်း။ (၂)

(၅၇၄) ဤသို့ စေ့ငု၊ ချဉ့်းခဲ့ပြုတိုင်း၊ သုံးလူ့ပတ္တမြား၊ တို့ထွတ်ဖျားလျှင်၊ ဘုရား ဖြစ်စ၊ သတ်ဌာနနှိုက်၊ သတ္တ သတ္တာ၊ နဝါစာ†လီ၊ ရက်ကို စီပြီး၊ အာသာ†ဠှီပုဏ္ဏမ၊ နွယ်တာလ၏့၊ ပြည့်ထအခါ၊ မိဂဒါဝယ်၊ နေစကြာ လစကြာ၊ အစုံ ဖြာလျက်၊ မင်္ဂလာတိုက်ပေါင်း၊ တသောင်း စကြဝဠာ၊ သွက်သွက်ငြာအောင်၊ ဓမ္မစကြာတရား၊ ဟောကြား နှံ့မွှေ၊ လှည့်စေသည်က၊ ပထမမှု၊ အစပြု၍့၊ ကုသိနာရုံ၊ *ရဂုံ အင်†ကြင်း၊ မလ္လာမင်းတို့၊ ခင်း†ကျင်း ပြုဘန်၊ ရွှေသလွန်ထက်၊ ဟန္ဒ ဒါနိ၊ အစယှိသား၊ ပါဠိ ဆုံးတိုင်၊ ခရိုင် တိုင်းကြီး၊ နန်းထီး ဇနပိုဒ်၊ တိုက်တိုက် စက္ကဝါ၊ လူ့ရွာ နတ်ပြည်၊ လှည့်လည် ကြွရွန်း၊ ကောဏ္ဍည်းသခင်၊ အရှင်သုဘဒ်၊ စ,ဆုံး မှတ်၍့၊ လူ-နတ် ဗြဟ္မာ၊ ကျွတ်ထိုက်စွာသား၊ သတ္တဝါ ဝေနေယျ၊ ဘဗ္ဗပုဂ္ဂိုလ်၊ များ ထိုထိုအား၊ ရွှေကိုယ်တော်တိုင်၊ လက်ကိုင် နိစ္စ၊ မြိုက်ဆု ငှလျက်၊ ကာလ တွက်ဘွဲ့၊ လေးဆယ့်ငါးနှစ်၊ ခါ-ခေတ် သမယ၊ ဒုလ္လဘဟု၊ ဗုဒ္ဓယုဂ်ကောင်း၊ မသာတောင်းသား၊ မြတ်ပေါင်း မင်္ဂလာ၊ လွန်သာယာအောင်၊ နတ်ရွာ မဂ်-ဖိုလ်၊ *ဥဒါဟိုဖြင့်၊ ထိုထို မြှော်လင့်၊ လမ်းကြီး ဘွင့်၍့၊ ကျွတ်ခွင့် ကြော်ကြား၊ တရား စည်ကြီး၊ ရိုက်တီး ခတ်ဆော်၊ ဆောင်ပြီးသော်တိ၊ သက်တော် ရှစ်ဆယ်၊ ပြည့်ကယ်ရကား၊ ဘုရာ့းကိစ္စ၊ တိံသဓမ္မတာ၊ စုံလင်စွာ၍့၊ ကောဇာသက္ကရာဇ်၊ အဌ်-ဇောဧက်တွင်၊ နှစ်သစ် ပေါ်စ၊ ကဆုန်လပြည့်၊ ထွန်း*စည့် စန္ဒာ၊ ဝိသာခါနှင့်၊ ပြိုင်ကာ ယှဉ်၍့၊ အင်္ဂါနေ့နှိုက်၊ အရှေ့ ရောင်ဝါ၊ အရုဏ်လာဝယ်၊ ဥတ္တရာဘိမု၊ ရှေးရှုပြုသား၊ ကေတုမာလာ၊ လျောင်း လက်ျာဖြင့်၊ အပ္ပမာဒေန၊ ပစ္ဆိ†မတိ၊ ဆုံး†မ သံတော်၊ ဆိတ်ပြီးသော်လျှင်၊ နိရော်ဓဘုံ၊ ရည်လတ်တုံမှ၊ အနုလုံ ပဋိလုံ၊ နှစ်စုံ သမုပ္ပါဒ်၊ ဒွါဒသ် သိမ်မွေ့၊ ပြန်လှန် စေ့အောင်၊ နေ့နေ့တိုင်းပေ၊ ကုဋေ သိန်းစီ၊ အညီ မပြတ်၊ ဝင်လေ့ မှတ်တိုင်း၊ အရဟတ္တဖလသမာ၊ လွန်မြတ်စွာဖြင့်၊ သင်္ချာ တွက်ခန့်း၊ နှစ်သန့်းလေးသိန်း၊ ကိန်းလည်း *ကုံင၊ မကျန်ရဘဲး၊ ဒသအသုဘ၊ ဒွတ္တိံသနှင့်၊ အဋ္ဌ ကသိဏာ၊ မေတ္တာ ကရု၊ မုဒိ အာန၊ အာကာသဟု၊ ဌာန တွက်ရေး၊ နှစ်ဆဲ့လေးနှိုက်၊ မနှေး ဝင်ဟန်၊ စျာန် ပထမ၊ ဒွတ္တိံသနှင့်၊ အသုဘ ချန်၊ ပယ်ကျန်ဌာန၊ တေရသနှိုက်၊ ဒုတီယ တတီယ၊ စျာန် ဒုကတည့်၊ အဋ္ဌ ကသိဏာ၊ ဥပေက္ခာ အာန၊ အာကာသနှင့်၊ အရူပ လေးပါး၊ ဤဆဲ့ငါးနှိုက်၊ ဝင်စား စတုတ္ထ၊ အစဉ် မျှပြီး၊ ခီဏ မြတ်စွာ၊ အရဟာတို့၊ နိဗ္ဗုတာခေါင်၊ ကူးခပ် အောင်သား၊ စျာန်နောင် ဇောနောင်၊ နှစ်ပါး နောင်တည့်၊ ဘုန်းခေါင် သာမိ၊ မာရဇိမူ၊ လောကိစျာန၊ စတု†တ္ထမှ၊ †ထ၍့ ပြီးလစ်၊ ပစ္စဝေက္ခဏာ၊ နှစ်ဖြာ*၄င်း၊ ဇောနောင် နှောင်းဝယ်၊ ကျရှောင်း စ,တွင်၊ ထိုဘဝင်နှိုက်၊ ဆုံးခွင်ရောက်ဘိ၊ စုတိဌာန၊ ပြီး ကိစ္စဖြင့်၊ သင်္ခါရနိမိတ်၊ တိတ်ဆိတ် ကုန်ခန်း၊ မသန်း နိစ္စ၊ အစ္စန္တသုခ၊ လွန်ချမ်းမြသား၊ ကြီးလှ လေးလွန်၊ ခန္ဓာဝန်ကို၊ မှောက်သွန် ပယ်ချ၊ သက္ကာယ၏့၊ နိရောဓဓာတ်၊ အမြတ်ခေါင်ထိ၊ နုပါဒိဟု၊ သီတိဘူတ၊ ပြည် သိဝသို့၊ ခန္ဓပရိနိဗ္ဗာန၊ ဒုတီယ*နေရဗ္ဗာန်၊ ခါ မပြန်သည်။။ စံလွန် မြန်းကြွ ဝင်လေတည်း။ (၃)

သာသနသန္တကေနိဒါန်း (၃)ပိုဒ် ပြီး၏၊