သာသနအဝိဒူရေနိဒါန်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၄။ သာသနအဝိဒူရေနိဒါန်း


(၅၆၀) ဝေဿန္တရာ၊ မဟာဗောဓိ၊ လောကီ့ *တမွတ်၊ လူ့ထွတ် မှန်ကင်း၊ မင်း၏့ဘဝ၊ နန္တရနှိုက်၊ သဗ္ဗဗုဒ္ဓ†င်္ကူ၊ ပါရ†ဂူတို့၊ ချိန်ယူ ထောက်ချင့်၊ အခါလင့်လျက်၊ လေးဆင့် နတ်ရွာ၊ တုသိတာဝယ်၊ မဟာသမ္ပတ်၊ နတ်တို့ သုခ၊ ခံစားကြသို့၊ သေတကေတု၊ မရုရာဇာ၊ မဟာဣဒ္ဓိပါဒ်၊ တန်းခိုးမြတ်သား၊ နတ်မင်းတဆူ၊ ဖြစ်တော်မူ၍့၊ လူတို့ နှစ်ဘွဲ့၊ ငါးဆဲ့ခုနစ်ကုဋေ၊ တွက်ရေ ခြောက်သန်း၊ နှစ်ကုန်*ကျွန်းက၊ ခန့်မှန်း အသက်၊ မှန်ဆက်ဆက်ဖြင့်၊ လူ့ရက် မယွင်း၊ ခုနစ်ကြွင်းဝယ်၊ ကိုယ်ဆင်း ဘောက်ကာ၊ တန်းဆာ ညစ်မြန်း၊ ပန်ပန်း ညှိုးပြီး၊ လက်ကတီးက၊ ချွေးစီး ယိုတုံ၊ နတ်ဘုံ မမွေ့၊ ငြီးငွေ့သော့အား၊ နိမိတ် ငါးတို့၊ ထင်ရှားဖြစ်လာ၊ ထိုအခါတွင်၊ ဣန္ဒာ ဒေဝါ၊ ဗြဟ္မာ နတ်ပေါင်း၊ တိုက် တသောင်းက၊ ဥက္ခောင်း ညွတ်တွား၊ ညီညာ ပြား၍့၊ ဘုရားဖြစ်ကြောင်း၊ *ပန်ထွာ တောင်းသည်။။ *နှစ်ထောင်း ကြည်စိတ် ဖြူသတည်း။ (၁)

(၅၆၁) ကြည်ဖြူ *နှစ်ထောင်း၊ တိုက် တသောင်းမှ၊ နတ်ပေါင်း ညွတ်ခ၊ တောင်းပန်ကြ၍့၊ ကာလ ဒေသ၊ ကျွန်းဒီပနှင့်၊ ကုလ ဇနေတ္တိ၊ ဟူဘိ ငါးဖြာ၊ မဟာဝိလောကန၊ ကိစ္စ ခြားပိုင်း၊ ရှုမြင်တိုင်းဖြင့်၊ ညှိနှိုင်း ပရွစ္ဆိန်၊ ရွှေဉာဏ် ချိန်လျက်၊ ပညိန္ဒြေ၊ မကင်းစေဘဲး၊ ဒေဝဒဟ၊ မယ်တော် ဘ,တိ၊ အ ဉ္ဇနမင်း၊ ဖြိုကြွင်း ကောဇာ၊ နှစ် ဝေါဟာလျှင်၊ သင်္ချာ တွက်ဘွဲ့၊ ခြောက်ဆဲ့ခုနစ်၊ သက္ကရာဇ် အတို၊ ဝါဆို ပုဏ္ဏမီ၊ ယုန် စန္ဒီနှင့်၊ အာသာဠှီနတ်၊ ဆင် နက္ခတ်တို့၊ ယှဉ်လတ်တုံလျှင်း၊ ကြွက်မင်း ဒိနေ၊ သန်းခေါင်ဘွေတွင်၊ သောင်းမြေ ဌာနီ၊ ပြည် ကပီနှိုက်၊ သာကီယာဘိ၊ အာဒိပဝရ၊ နေက နွယ်စစ်၊ ဥက္ကာရာဇ်၏့၊ ရင်နှစ်တော်ရင်း၊ ကိုးယောက်မင်းတွင်၊ ခံတွင်း အာစက်၊ မီးလျှံထွက်သား၊ ရုံးလက် ဝရဇိန်၊ ဘုန်းစက်ရှိန်နှင့်၊ အာ*ဟိန္ဒမှူး၊ ဘေးတော်ဦးတိ၊ လွန်ထူး တေဇာ၊ ဥက္ကာမုခ၊ မင်းက စချီ၊ ကြယ့်နှယ် စီ၍့၊ သာကီနွယ်နတ်၊ စဉ် မပြတ်ဖြင့်၊ ဥက္ကဌ် ဘုန်းမော်၊ ကျွန်းလုံး ကျော်သည့်၊ သုဒ္ဓေါ်*သနင်း၊ သကျမင်း၏့၊ မိချင်း ဘ†ချင်း၊ စံရွှေ†ချင်းသို့၊ မျိုး†ချင်း မြတ်နွယ်၊ မောင်လှယ် နှမ၊ ချစ် မဝဘဲး၊ အလှ စံကင်း၊ လက်ျာနှင်းသား၊ မိမင်း တောင်ညာ၊ မာယာ ဘုရား၊ ရှစ်သောင်းဖျား၏့၊ ပတ္တမြားလိုဏ်ဂူ၊ ဝမ်း မ ဉ္ဇူဝယ်၊ ဆယ်ဆူ သုံးလီ၊ ပါရမီ ပုည၊ ဝိသိဋ္ဌကြောင့်၊ ဓမ္မနိယံ၊ ထုံးစံ လက္ခဏာ၊ ဓမ္မတာဖြင့်၊ စကြဝဠာ သောင်းတိုက်၊ ပဲ့တင်ရိုက်အောင်၊ ဆူလှိုက် ရေ-မြေ၊ တုန်လှုပ်ဝေလျက်၊ အနေကန် ဧကန်၊ မဝေဘန်သာ၊ များမြတ်စွာသား၊ မဟာကုသလ၊ ဥက္ကဋ္ဌ၏့၊ ပထမအသင်္ခါရိက်၊ ဝိပါက်စိတ်ဖြင့်၊ တိဟိတ် ပဋိသန်၊ ဆုံးစွန် မြတ်လောင်း၊ စံနေ အောင်းသည်။။ နတ်ပေါင်း သာဓု ယူသတည်း။ (၂)

(၅၆၂) နတ်ပေါင်း ကြည်ဖြူ၊ သာဓု ယူ၍့၊ ဗုဒ္ဓင်္ကူထွတ်၊ ဆုံးမြတ် သန္ဓေ၊ စံနေ ကိန်းထ၊ ထိုကာလနှိုက်၊ ဓမ္မနိယံ၊ ထုံးစံ ကိစ္စ၊ သဘာဝကား၊ လောကနှိုက်တွင်၊ ဘုရင် ဧကရာဇ်၊ ရိတ်ဖြူ လှစ်၍့၊ မင်းစစ် တပါး၊ ထင်ရှားယှိခါ၊ ရာဇာ တဦး၊ အထူး ဘယ်က၊ မပေါ်ရချေ၊ ပေါ်လျှင် သေသည်၊ ပဝေဏီမှု၊ စံ တခုရှင့်၊ မင်းဟု ဖြစ်ရှောင်း၊ မပြိုင်ကောင်းတည့်၊ တိမ်းစောင်း ထီးဖြူ၊ လဲးတော်မူလည်း၊ မထူအပ်စွ၊ မတင်ရဘူး၊ ရာဇတန္တိ၊ ထုံး မသိ၍့၊ ထူမိ တင်မိ၊ ပြုသည်ယှိက၊ ထိ၏ မင်းဒဏ်၊ ပုန်ကန် ပြစ်ကြီး၊ ဆွေနီး မျိုးသက်၊ ခုနစ်ဆက်လုံး၊ ပြုန်းပျက် မကြွင်း၊ လောင်တိုက် သွင်း၏၊ မယွင်း ထို့သွင်၊ ပမာပင်တည့်၊ ရှင်ပစ္စေက၊ သမ္ဗုဒ္ဓမျှ၊ ထိုက စပြု၊ သဗ္ဗညုတို့၊ ဓာတု *နေရဗ္ဗာန်၊ မလွန်မ†ချင်း၊ ဤခေတ်တွင်းနှိုက်၊ ပွင့်†ခြင်း အသစ်၊ ပြိုင် မဖြစ်အောင်၊ ပယ်မြစ် ဟန့်တား၊ ခါ ပိုင်းခြားလျက်၊ ဘွားသည့်နေ့မူ၊ သယမ္ဘူဟူသမျှ၊ မတူရကြောင်း၊ ယှိက မကြွင်း၊ ရှင်းလင်းသော့အား၊ လားကြ နိဗ္ဗာန်၊ အကုန် လွန်ဟု၊ ပြင်းထန် မိန့်တော်၊ ထုတ်ပြန် ဆော်သို့၊ ထိုရော် သည်းစွာ၊ ရိုက်ကြည်း†ငြာ၍့၊ ကြေ†ညာ အောက်-ထက်၊ ဘဝဂ် လန့်ကြိမ်း၊ ပြို ညွတ်တိမ်းမျှ၊ ခေတ်သိမ်းလက္ခဏာ၊ ဓမ္မတာဖြင့်၊ စကြဝဠာ ပတ်ဝိုက်၊ ဇာတိတိုက်လုံး၊ လှိုက်လှိုက် တုန်နှိုး၊ ပဲ့တင် *ကြိုးသည်။။ မြေ-မိုး သိမ့်သိမ့် ဆူသတည်း။ (၃)

(ဤအပိုဒ်ကား ရှေးအနန္တရနှိုက် 'ဓမ္မနိယာမ'ဟူသော စကားကို ဖွင့်သတည်း။)

(၅၆၃) သိမ့်ဆူ မြေ-မိုး၊ ဘဝဂ် *ကြိုးမျှ၊ ဆော်နှိုး ရိုက်ခြမ်း၊ သောင်းတိုက် ယိမ်းအောင်၊ ခေတ်သိမ်းဥပဒေ၊ နိမိတ်တွေဖြင့်၊ သန္ဓေကိစ္စ၊ စံနေမျှလျက်၊ ဆယ်လ ရက်†ကြာ၊ မင်းသ†ကျာတို့၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်တွင်၊ နှစ်သစ် အတာ၊ တက်ဦးစွာတိ၊ ဝိသာခါနက္ခတ်၊ နဝင်း ပါဒ်နှင့်၊ စီးနတ် ပြိုင်ပ၊ ကဆုန်လ၏့၊ ပုဏ္ဏမင်္ဂလာ၊ နေ့ သောကြာဝယ်၊ ခါတော် နေညီး၊ တချက်တီးနှိုက်၊ ဂြိုဟ်ကြီး အာဒိစ္စ၊ ဗုဒ္ဓဘရဂူ၊ အတူ ဗြိဿ၊ စီးလှ ဗြိစ္ဆာ၊ အင်္ဂါ မေထု၊ ဂုရု ကုမ္ဘေ၊ စနေ မိန်စက်၊ လဂ်နှင့် ရာဟု၊ သိဟ်တွင် စုစဉ်၊ သာဓု ကြီးစွာ၊ ကောင်းခြီး သာ၍့၊ *ကျာကျာ ကြော်ထိန့်၊ မြည်အိန့် ထိန်းထိန်း၊ စည် မုဒိန်းသို့၊ ဟိန်းဟိန်း သံဝါ၊ သွက်သွက်ငြာလျက်၊ စကြဝဠာ တသောင်း၊ တိုက်အပေါင်းလုံး၊ ရိုက်*ညောင်း တုန်နဲ့၊ သုံးဆဲ့နှစ်ဝ၊ ပုဗ္ဗနိမိတ်၊ အံ့ဘွယ်ဟိတ်ဖြင့်၊ အကနိဌ်နတ်၊ ဗြဟ္မာမြတ်တို့၊ ဥက္ကဌ် ဆူဆူ၊ သရဘူကို၊ စုံတူ ရွှေစက်၊ နင်းလျက် နှစ်ဘော်၊ တု မမြှော်အောင်၊ မယ်တော် ဒေဝီ၊ ဝမ်းစေတီမှ၊ ဆန့်ချီ လက်ရုံး၊ ငါဟု ကြုံး၍့၊ သောင်းလုံး ပူဇော်၊ ဘွားမြင် မြော်သည်။။ နှိုင်းလျော် မြဝေး ပူသတည်း။ (၄)

(ဤအချလည်း 'နာမဓာတ်ချနည်း'ပင်တည်း။)

(၅၆၄) ဤသို့ ဘုန်းထူ၊ ဗုဒ္ဓင်္ကူကား၊ မတူ လူ့ခွင်၊ တု မမြင်အောင်၊ မိခင် မယ်မင်း၊ ကြာတိုက်တွင်းမှ၊ *ခပင်း ထိုမျှ၊ လောကပါလာ၊ ဣန္ဒာ သူယံ၊ သဟံ မဟာ၊ ဘုံသုဒ္ဓါက၊ ဗြဟ္မာတို့ထိပ်၊ နင်းနှိပ် ရွှေစက်၊ ရွှေကွန်ယက်နှင့်၊ သစ်နက် ဘွဲ့ဖြူ၊ ခံကြ ယူသည့်၊ နတ်-လူတို့လက်၊ အဆက်ဆက်နှိုက်၊ ရပ်လျက် သာယာ၊ ချမ်းမြေ့စွာလျှင်၊ သက်လာ ငြိမ့်လေး၊ ညစ်ကြေး မတင်၊ မြမျက်ရှင်သို့၊ သန့်စင် ဘွား†မြောက်၊ မြေသို့ ရောက်သော်၊ မင်း†မြှောက်တန်ဆာ၊ ဆင်ကာ စံပယ်၊ မင်း၏့နှယ်တည့်၊ တင့်တယ် ဝင်းဝင်း၊ စုရပ်လျှင်းမှ၊ *ခပင်း ဒိသာ၊ ဆယ်မျက်နှာလုံး၊ မဟာဝိလောကန၊ လွန်မြတ်လှသား၊ ကြည့်ထ မကြွင်း၊ ဗြဟ္မာမင်းနှင့်၊ နတ်မင်း သောင်းတိုက်၊ နောက်တော်လိုက်၍့၊ ပတ်ဝိုက် ခြံ†ရံ၊ ကောင်းကင်†ယံဝယ်၊ ဖြိုးလျှံ လက်လက်၊ ရွှေကနက်ကို၊ ဖြူရွက်သာမျှ၊ ထင်ပြပြတိ၊ လူမျာ့းမျက်စိ၊ မြင်စေ သိလျက်၊ သိရီ့စက္ကင်၊ ဘွားရွှေစင်ဖြင့်၊ မြောက်ခွင် ကြွတမ်း၊ ခုနစ်လမ်းစေ့၊ လှမ်း၍့ အဆုံး၊ လက်ရုံး တန်းကာ၊ ငါနှင့် ငါသာ၊ ပမာတူမော၊ တု*မဲ့သောဟု၊ အဂ္ဂေါဟမသ္မိ၊ စယှိ သုံးခွန်း၊ ထက်ဝန်း တုန်-ချောက်၊ ခြင်္သေ့ ဟောက်သို့၊ ထိတ်-ကြောက်*မဲ့စွာ၊ သီဟနာဖြင့်၊ စကြဝဠာ သောင်းလုံး၊ ကြားစေ ကြုံး၍့၊ ပက်ကုံး နတ်လူ၊ ကောင်းတင်း ယူလျက်၊ ကြည်ဖြူ ဦးခိုက်၊ ဖူးထိုက် *ကော်ရော်၊ ပူဇော် ပန်းဆက်၊ ဆယ်စုံလက်ဖြင့်၊ ထိပ်ထက် မကြွင်း၊ တင်ကြလျှင်းသည်။။ ဝင်းဝင်း ရွှေဇမ္ဗူသတည်း။ (၅)

(ဤအပိုဒ်လည်း 'အနန္တရ'ပိုဒ်၏ အဘွင့်ပင်။)

(၅၆၅) ပူဇော် မြှောက်ခြီး၊ အသီးသီးတည့်၊ ပြုပြီးကုန်သော်၊ လောင်းရွှေလှော်ကို၊ ပြည်တော် ဆောင်ကြ၊ ကောဏ္ဍညနှင့်၊ ကာဠဒေဝီ၊ ဗေရာဂီတို့၊ တညီတညွတ်၊ မြေလက်ခတ်သို့၊ မချွတ် ဘုရား၊ ဖြစ်လိမ့်သားဟု၊ ဟောကြား မိန့်ချက်၊ တင်ဆက် လျှောက်ထွေ၊ သပြေ ရိပ်*ကွန်း၊ ရွေ့ မယွန်းဘဲး၊ ဝန်း၍့ တည်ရှောင်း၊ မွန်းယိမ်းစောင်းလည်း၊ မပြောင်း မလှည့်၊ ကျွန်၏့ပမာ၊ ပဋိဟာနှင့်၊ များစွာ ဝေးခေါင်၊ နှစ် တထောင်က၊ လူ့ဘောင် ပေါ်ထွန်း၊ နတ်ညွှန်း ကောဠာ၊ သြဘာ*တြင်း၊ တဘောင် ချင်းဖြင့်၊ ခံတွင်း မဆိတ်၊ သောင်းလုံး ထိတ်အောင်၊ နိမိတ် လက္ခဏာ၊ အဖြာဖြာကို၊ မင်္ဂလာမုခ၊ တိုက်လောကလုံး၊ မြွက်ကြ မ*စဲး၊ ရွှေနန်းထဲးဝယ်၊ အမြဲး ပျော်မှီး၊ ရွေ့ရွေ့ ကြီးလျက်၊ ပြီးစီး ထိုမျှ၊ တတ်ကိစ္စကြောင့်၊ သိဒ္ဓ အတ္ထ၊ ဒွိပဒဖြင့်၊ နာမ ပညတ်၊ လောင်း သိဒ္ဓတ်ဟု၊ လူ-နတ် သမိုက်၊ သောင်းတိုက် လွှံ့ကြော်၊ မည်တော် ရွှေဘွဲ့၊ အတု *မဲ့နှင့်၊ တဆဲ့ခြောက်နှစ်၊ ရွယ်တော်သစ်က၊ ဆဲ့ရှစ်တတ်မျိုး၊ တတ်ရိုး ထိုထို၊ လိုလို ပြီးလစ်၊ တု မရစ်ဘဲး၊ ကြိုးထစ် ဝရဇိန်၊ မိုဃ်းကြိုးရှိန်သို့၊ အရိန္ဒမာ၊ စကြာ လေးကြီး၊ တင်ပြီး ဆန့်တန်း၊ ရိုက်ဖြန်း ညှိုးသံ၊ ဆူလှိုက်ညံအောင်၊ မိုးယံ မြေကြော၊ ကြောက်ဘွယ်မောမျှ၊ တောင်-တော *အက်ခြ၊ ဘုန်းတော် ပြ၍့၊ ဒေဝဒဟ၊ ပြည်မ စိုးသီး၊ တဆူ ထီးနှင့်၊ ဝရီးမင်းကျော်၊ ဆွေတော် တသင်း၊ ကြောက်ရွံ့ခြင်းကြောင့်၊ ဆက်နှင်း ရင်နှစ်၊ သမီးစစ်တို့၊ လွန်ချစ်မဝ၊ လေးသောင်းမျှတွင်၊ ဘဒ္ဒကစ္စာ၊ ဗိမ္ဗာ ယသော်၊ သုံးမည်ကျော်သား၊ လူ့ဘော် ခြောက်နတ်၊ ကာမဓာတ်နှိုက်၊ လွန်မြတ် ရူပ၊ တု မရအောင်၊ အလှခေါင်ထိ၊ မိဘုန်းယှိကို၊ သာဘိသေကာ၊ တင်လက်ျာဖြင့်၊ ဗြဟ္မာရေသွန်း၊ သုံးဆောင်နန်းထက်၊ သိမ်းမြန်း *ဦးကိုင်၊ ဘ,ဘုန်းလှိုင်နှင့်၊ ထီးပြိုင် နန်းပွား၊ နှစ်ဆူအားဖြင့်၊ မျိုးခြား မနှောင့်၊ မောင်နှံစောင့်သည့်၊ ရှစ်သောင်းနှစ်ထောင်၊ စွန်းဆောင် ကျိပ်နှစ်၊ သမ္ဘိန်စစ်တို့၊ နေမြစ်မဟာ၊ မင်း*တ†ကာထက်၊ သ†က္ကာသိသ+က္က၊ မသ+က္ကဝယ်၊ သ+က္ကခေါင်ဖျား၊ နတ်သိကြားသို့၊ ကြီးမား ရိပ်ငြိမ်၊ မင်းစည်းစိမ်ကို၊ မွေ့သိမ် စံလစ်၊ ဆဲ့သုံးနှစ်တွင်၊ စင်စစ် မယွက်၊ ခုနစ်ရက်တွင်း၊ ရွှေစက်ရင်းသို့၊ *လက်ငင်း *ဆောလျင်၊ ကြာမတင်သည်။။ စက်ရှင် ရောက်လု ဟူသတည်း။ (၆)

(၅၆၆) ရောက်လု စက်ရှင်၊ ထိုခါတွင်တိ၊ ညာတင် ယသော်၊ တောင်နန်းပျော်လျှင်၊ သားတော် မျက်ရှု၊ သက်လုံး စုသည့်၊ ရာဟု ဘုန်း*ဟေ့၊ ဘွားသည့်နေ့ပင်၊ ချိန်စေ့အခါ၊ နတ်သုဒ္ဓတို့၊ ပြလာ နိမိတ်၊ လေးပါး ဟိတ်ကြောင့်၊ လန့်ထိတ် လွန်ပြင်း၊ တောထွက်ခြင်းဖြင့်၊ အလျှင်း မငဲ့၊ ကိုးဆဲ့ခုနစ်၊ သက္ကရာဇ်ဝေါဟာ၊ နှစ် ကောဇာတွင်၊ ဝါဆို ပုဏ္ဏမီ၊ နေ့ စန္ဒီဝယ်၊ ညရီ လွန်လျှင်း၊ သန်းခေါင်တွင်းနှိုက်၊ မြင်း ကဏ္ဍက၊ မတ် ဆန္နနှင့်၊ ထွက်ကြွပြီးခါ၊ ညဉ့်ခြင်း ခွါ၍့၊ နော်မာ မြစ်ဆိပ်၊ သဲးသောင်ထိပ်ဝယ်၊ ချိပ်ချိပ် ညိုရောင်၊ ပိတုန်းတောင်သို့၊ ကေသျှောင် ပယ်ဖြတ်၊ သုဒ္ဓါနတ်၏့၊ သတပတ်မုံ*ရင့်၊ ငါးစုံပွင့်တွင်၊ လေးဆင့်မြောက်စွာ၊ ငွေချပ်လွှာနှင့်၊ မြတ်ကမ္ဘာပန်း၊ ကြာသင်္ကန်းဖြင့်၊ ရဟန်းအသွင်၊ ယူ-ဆင် သပ္ပါယ်၊ တောလယ် ခိုမှီး၊ ကျင့်ကြီး ပြင်းစွာ၊ ခြောက်နှစ်ကြာအောင်၊ အစာ မသုံး၊ လုံးလုံး ပယ်ထ၊ ဒုက္ကရဖြင့်၊ လုံ့လ တု*မဲ့၊ ကျင့်ပြီးခဲ့မှ၊ သုံးဆဲ့ငါးနှစ်၊ ရောက်လစ်သော့ခါ၊ ကောဇာ နှစ်စု၊ ရာ့သုံးခုတွင်၊ ဣန္ဒုစကြာ၊ လ စန္ဒာနှင့်၊ ဝိသာခါနက္ခတ်၊ ပါဒ် နဝင်းညီ၊ ပုဏ္ဏမီဟု၊ တိထီ ခါစေ့၊ ဗုဒ္ဓနေ့နှိုက်၊ မရွေ့ စသာ၊ ဓမ္မတာဖြင့်၊ ဃနာ ခံ၍့၊ ထိုနေ့ နေစက်၊ အရုဏ်တက်နှင့်၊ ပြိုင်လျက် ပွင့်မည်၊ ရွယ်ခန့်ရည်သို့၊ ချမ်းကြည် ရိပ်သာ၊ အဇပါ၏့၊ ရင်းမှာ ကပ်လျက်၊ ငြိမ်သက် သိမ်မွေ့၊ အဘိတ်နေ့က၊ ဘုန်း*ဟေ့ မြတ်လျာ၊ စံနေပါသည်။။ ပြုဗ္ဗာ ရှေ့တူရူသတည်း။ (၇)

(၅၆၇) ထိုရော့ကာလ၊ ထိုဒေသနှိုက်၊ သေနမည်တုံ၊ ထိုနိဂုံဝယ်၊ ပြည့်စုံ ချမ်းသာ၊ သုဇာတာဟု၊ ကြော်ငြာ ဝေး-နီး၊ ဌေ့းသမီး၏့၊ အသီး စင်စစ်၊ သုံးနှစ် တခါ၊ ဒေဝတာအား၊ ကြီးစွာ အမြဲး၊ ပူဇော်ပွဲးနှင့်၊ မလွဲး ကြိုက်ကြုံ၊ ခါခိုက် ဆုံ၏၊ *ရဂုံ သာမော၊ နွယ်ချိုတောနှိုက်၊ ဘော်နှော တကွ၊ ထောင် နွားမကို၊ ကာလ ကြာ*ညောင်း၊ ဝစွာ ကျောင်းပြီး၊ နို့ကောင်း ချိုမြတ်၊ ရေမစွက်ဘဲ၊ ခွဲးဝက် ခုနစ်ဘန်၊ တကောင်ကျန်နှင့်၊ နို့ပြန်တိုက်လျက်၊ ရှစ်ကောင်နက်မှ၊ ယူချက်သမှု၊ နို့နှစ် ပြုသော်၊ စတုမဟာရာဇ်၊ နတ်စစ် လေးဖြာ၊ လက်နတ် ကာ၍့၊ ဣန္ဒာ မီးထိုး၊ ထီးမိုး ဗြဟ္မာ၊ တိုက်စကြာက၊ ရသာ လောင်းဖြည့်၊ နတ်ပေါင်း ထည့်လျက်၊ နှစ်ပြည့် သြဇာ၊ နတ်သုဓာသို့၊ ဆာလောင် ငြိမ်းကင်း၊ ချင်ခြင်း ပြယ်ဘိ၊ ပျင်းရိ မထင်၊ ကြည်လင် *ခံ့ကျန်း၊ မစွန်း မျက်မာန်၊ ငြိုးရန် ပျောက်တုံ၊ ငြားခုံ မဖြစ်၊ ချောပစ် မဟူ၊ ချမ်း-ပူ မဆံ၊ လေးလံ *မဲ့ထ၊ ဒွါဒသဟု၊ များလှ နိသင်၊ ကျိုးအင် ထူးလှ၊ ဝိသေသနှင့်၊ ပမာဏအား၊ ခန့် ပိုင်းခြားမူ၊ ကွမ်းစား ဆဲ့နှစ်၊ ကုဋုံ တစ်မျှ၊ မပျစ် မချွဲး၊ မပျော့နဲးတိ၊ မခဲး မမာ၊ လျောက်ပတ်စွာသား၊ သူဇာ လှူ-ကပ်၊ နို့နပ်ဃနာ၊ ဆွမ်းသြဇာကို၊ ခံကာ ထိုမှ၊ ထိုခဏဝယ်၊ ကာလ မလွန်၊ ဘုန်းတော် ညွှန်နှိုက်၊ သိန်းတန် မယုတ်၊ ရာပြည့်ခုတ်သား၊ ရွှေအုပ် ဘိုး*နဂ်၊ မြတ်ရွှေခွက်ဖြင့်၊ ရွှေလက်တော်နှိုက်၊ ဆောင်ပိုက် ရွှေကိုယ်၊ မငြင်†ငြိုဘဲး၊ မြ†ညိုရေ+ယဉ်၊ စီးထွေယှဉ်သား၊ နေ+ရဉ် ကမ်းကွေ့၊ မြစ်သောင် ဗွေ့ထက်၊ တစေ့ခန့်ယှိ၊ ထန်းသီ့းသဖွယ်၊ မကြီး-ငယ်တိ၊ လေးဆယ်နှင့် ကိုး၊ ပြည့်ဖြိုး လုပ်လှ၊ ဘုဉ်းပေးမှလျှင်၊ ချမ်းမြ ငြိမ်းငြိမ်း၊ နေမွန်းယိမ်းနှိုက်၊ မြက်စိမ်းခံကာ၊ လှည့်လက်ျာဖြင့်၊ ပါရမီတော်၊ ရဲးဘော် ရန်နှိပ်၊ ဗိုလ် သုံးကျိပ်နှင့်၊ ကြံသိပ် မြဲးမြဲး၊ ဘုန်းတော် ကဲး၍့၊ အရဲး ဘက်*မဲ့၊ ကိုယ်ရံ ဘွဲ့ပြီး၊ တဆဲ့ရှစ်မင်း၊ ပယ်ကွင်း ရပ်သာ၊ စည်မျက်နှာသို့၊ ဇေယျာပထဝီ၊ ဘူသီ ခရာဇ်၊ မြေနှစ် မဏ္ဍ၊ ကမ္ဘာ့*သေတ္တု၊ အောင်ကိန်း စုသား၊ ဇမ္ဗူ့မင်္ဂလာ၊ ဗွေချက်ချာထက်၊ မဟာဗုဒ္ဓဟေ၊ ငါးမာရ် ချွေသည့်၊ ရွှေညောင် ဗောဓိ၊ သိရီ့ ဝေလျှပ်၊ အောင်မြေရပ်ကို။။ အောင်တပ် နင်းတော်မူသတည်း။ (၈)

(၅၆၈) အောင်တပ်တော်နင်း၊ ဗောဓိရင်းဝယ်၊ ဖြန့်ကျင်း မြတ်ဆုပ်၊ ကြဲးကာ †လှုပ်က၊ တု†လုပ် နတ်-လူ၊ မတူနိုင်ရာ၊ ဆန်းကြယ်စွာလျှင်၊ ဝိတ္ထာယာမ၊ ဥဗ္ဗေဓဖြင့်၊ စုဒ္ဒသ ဟတ်၊ မြေဥက္ကဌ်သို့၊ အမြတ်*စတေ၊ အသရေမျိုးစု၊ ဘုန်းတော် ပြုလျက်၊ စံတု မယှိ၊ ပေါ်လာဘိသား၊ ပရာဇိဘုံ၊ ရောင်မျိုး စုံနှင့်၊ စိန်ခုံ ရတနာ၊ ဝဇိရာ ပြိုး†ပြက်၊ ပလ္လင်ထက်နှိုက်၊ မ†ပျက် ဓိဋ္ဌာန်၊ အင် လေးတန်ဖြင့်၊ စိတ်သန် *ခိုင်ကျန်း၊ စံမြန်း ဘွဲ့ခွေ၊ နေတော်မူထ၊ ထိုခဏတိ၊ ကာလနဂါး၊ သိကြား သူယံ၊ သဟံ ဗြဟ္မာ၊ မိုးကာ ထီးကြီး၊ သားမြီး ယပ်ဝန်း၊ သြဘာညွှန်းလျက်၊ ရိုက်မွှန်း သံကြော်၊ မှုတ်ဆော် ခရု၊ ခြီးမြှောက် ပြု၍့၊ တစု တခဲး၊ ခြိမ့်ခြိမ့်သဲးအောင်၊ နတ်ပွဲး ဝန်ကျင်၊ ပူဇော် *ရင်စဉ်၊ ခြောက်ခွင် ပိုင်†ကျုံး၊ ထောင် လက်ရုံးနှင့်၊ ဟစ်†ကြုံး ကြော်ငြာ၊ မာရ် မိစ္ဆာလျှင်၊ မာန်ပါ ကြောက်ဘွယ်၊ တန်းခိုးကြွယ်တိုင်း၊ ကြီးကျယ် မိုး*ရှိ၊ မိုးလုံးဘိသို့၊ ဂီရိမေခလာ၊ ဆင်စကြာ၏့၊ ယူဇနာ ချင့်တွက်၊ သုံးရာ ဝက်ထက်၊ ရာဘက် ငါးရာ၊ ဝဲး ငါးရာတိ၊ မုတ္တာမုတ္တ၊ အာဝုဓဟု၊ ရရက စု၊ *ရောရု သိမ်းကာ၊ နာနာ မုသလ၊ ဖာလပဗ္ဗတ၊ ဤသို့ စသား၊ များလှ တို-ရှည်၊ အတည်တည်ဖြင့်၊ ကျည်ပွေ့ ဖ†ရင်း၊ လွှ ခက်†ယင်းပါ၊ ရဲးတင်း လျှံထိန်၊ ပုဆိန် ဆောက်ပုတ်၊ ချိုး-နုတ် ဆွဲးငင်၊ သစ်ပင် တောင်ထွတ်၊ မြစ်ရင်းချွတ်လျက်၊ ပစ်သွတ် ရှုန်းရှုန်း၊ *နပုန်း မြား-လေး၊ သက်တင့်ကွေးသို့၊ ရောထွေး သံချောင်း၊ *လှင်ကန်တောင်းက၊ *အဲးမောင်း အိမ့်ဓား၊ အသွား တဘက်၊ နှစ်ဘက် သုံးဘက်၊ လေးဘက် မြမြ၊ ထိတိုင်းရှအောင်၊ ထက်လ မြိုက်သွန်း၊ သန်လျှက် ချွန်းနှင့်၊ စက်ဝန်း လဝက်၊ နတ်စက် ဝရဇိန်၊ စွဲးချိန် ရှုပ်ရှက်၊ ထောင် လက်နက်ဖြင့်၊ အောက်-ထက် ဝဲး-ယာ၊ ရံဝန်းလာသည်။။ ဗိုလ်ပါ သောင်းသောင်း ဦသတည်း။ (၉)

(၅၆၉) အောက်-ထက် ဝဲး-ယာ၊ နောက် စကြာတိုင်၊ ဘယ်-ညာ ဝန်းပတ်၊ မိုး-မြေ ညွတ်မျှ၊ လောကဓာတ် တခြမ်း၊ ပြည့် တင်း†ကျမ်းဖြင့်၊ လွန်†ကြမ်း မိုက်ဆိုး၊ ဗိုလ်အားကိုး၍့၊ မိုဃ်းကြိုး သိန်း-သန်း၊ ထစ်ခြိမ်းဖြန်းလျက်၊ လျှပ်ပန် ကြိတ်စုံ၊ ဝိဇ္ဇုမ္မာလ၊ မိုးလုံး ဖြာပြီး၊ ရုပ်ဝါ ထူးပြား၊ အခြားခြားနှင့်၊ ကိုယ်ကား တပုံ၊ ခေါင်း တပုံဖြင့်၊ မြင်ရုံ သေလောက်၊ ကြောက်ဘွယ့် *စ†တေ၊ ကု†ဋေဋေလျှင်၊ ရေနေ ကြည်းနေ၊ အဟိတ်တွေတည့်၊ တစ္ဆေ စိမ်းဝါး၊ တောသား ရဲးခက်၊ သံဘက် *ဥပါ၊ မိစ္ဆာ ပြိတ္တာ၊ ဘူတာဘူတ၊ ဒါနဝက၊ ယက္ခ ရက္ခိုသ်၊ အမိုက် သင်းဘွဲ့၊ သိမ်းခေါ်ခဲ့သား၊ တဆဲ့တစ် ခရိုင်၊ လက်နိုင် နောက်ပါ၊ များသေ†နာနှင့်၊ အာ†ဏာ ထစ်ကြိုး၊ နေနတ်စိုးဟု၊ လေ-မိုး ကျောက်ခဲး၊ လွှတ်ကြဲး စက်ပျံ၊ မီးလျှံ သဲး-ပြာ၊ ညွန်ပါ မှောင့်မျိုး၊ လက်နက် ကိုးဖြင့်၊ လွှမ်းမိုး ခြိမ့်ညံ၊ စစ်ကြီး †ရံသော်၊ သ†ယမ္ဘူကြီး၊ ပွင့်နီးလုစွာ၊ မဟာဗောဓိ၊ လောင်း ပစ္ဆိတို့၊ သတိ သမ္ပဇဉ်၊ မြဲးယှဉ် ဣန္ဒြေ၊ ခိုင်ခံ့ထွေဖြင့်၊ သန္ဓေသက်ခြင်း၊ ဝမ်းတွင်း တည်ရာ၊ ဘွားခါကာလ၊ သုံးဌာနလုံး၊ စိတ်မျှ ဝမ်းတွင်း၊ ကြောက်ထိတ်ခြင်းနှင့်၊ အလျှင်း မဆံ၊ န ဘယံကြောင့်၊ သဟံ ဣန္ဒ၊ သုယာမတို့၊ ကာလနာဂိန်၊ ဒေဝိန် ဒေဝါ၊ စွန့် ပြေးခွါလျက်၊ မြတ်စွာ *ရှင်နည်း၊ တပါးတည်းသာ၊ ယှိတုံပါလည်း၊ ရတနာပလ္လင်၊ *ပြတည်းပြင်ထက်၊ တမျှင် မွေးညှင်း၊ လှုပ်ခြင်း မ†ဖြစ်၊ မာရ်မင့်းစစ်ကို၊ လက်†ဖျစ် မတီး၊ ရေးကြီး မထင်၊ ဗိုလ်စစ်အင်ဖြင့်၊ သေနင် မကျင်း၊ လက်နက် ကင်းလျက်၊ မြူညှင်း မြေ†မှုန့်၊ ညက်ညက် †မုန့်သား၊ သဲးစုန့် ဂင်္ဂါ၊ မရေသာသို့၊ ကမ္ဘာအနေ၊ လေး သင်္ချေနှင့်၊ လွန်လေ *အပြိန်း၊ ကပ် တသိန်းလုံး၊ မဟိန်း မဟဲး၊ မညဲး မညူ၊ ကြည်ဖြူ မညို၊ ဖြည့်ခဲ့ ကြိုသည်၊ ထိုထို ပါရမီ၊ မဟူပြီသေး၊ မဝေး တီတ၊ တတီယဝယ်၊ ကြွေကျ ပြိုနီး၊ မြေကြီး ခုနစ်ကြိမ်၊ မငြိမ် ပတ်ချုပ်၊ တုန်လှုပ်စေလျှင်း၊ စွန့်လှူခြင်းဖြင့်၊ လောင်းမင်း ဘုန်း*ဝှန်၊ ဝေဿန်ဘဝ၊ နှောင်းဆုံးစွက၊ ဒါနရန်ဖြို၊ တပ်ဦးဗိုလ်မျှ၊ မြင်းမိုရ် တသောင်း၊ တိုက်ပေါင်း ဆယ်ထောင်၊ ဝန်းမြောင် ပတ်ကုံး၊ မြေဆုံး ရေဆုံး၊ မိုးလုံး ရိုက်တုန်၊ လှိုက်ခုန် စက္ကဝါ၊ ဘက်တော်ပါလျက်၊ ပြာကို လွှင်မှုတ်၊ လေပြင်းသုတ်သို့၊ တမုဟုတ်တွင်း၊ ခဏခြင်းတိ၊ နေမင်း စက်ရှင်၊ တောင် အတ္ထင်သို့၊ မဝင်မီသာ၊ များမကြာခင်၊ မင်္ဂလာဇေယျ၊ ပထမ ရန်မီး၊ အောင်ခြင်းကြီးဖြင့်၊ ပြီးစီး ဘုန်းခေါင်၊ ပွဲးဦး အောင်၍့။။ အောင်လံ စိုက်လွှင့် ထူသတည်း။ (၁၀)

(ကြိယာဝိသေသာလင်္ကာရ, သမာဟိတာလင်္ကာရပင်။)

(၅၇၀) ဘုန်းခေါင် ဘုန်းမြတ်၊ တို့ *စောထွတ်ကား၊ လောကဓာတ် တပိုင်း၊ တင်းကျမ်း မှိုင်းအောင်၊ ရံဝိုင်း နောက်ပါ၊ များ သေနာနှင့်၊ သေနင်္ဂါ ဆိုင်၊ ပြိုင်အံ့ *ဆောလျင်၊ ဂီရိဆင်ထက်၊ စီးကျင် *ဟုံးစုံး၊ ငါဟု ကြုံး၍့၊ လက်ရုံး တထောင်၊ စွဲးဆောင် လက်နက်၊ နတ်စက် ကိုးပါး၊ ပစ်သော့အားဖြင့်၊ *စုလျား ဘွဲ့ဖြူ၊ ခြေသုတ်လှူလျက်၊ ကိုးဆူ မိုဃ်းကြိုး၊ လက်နက်မျိုးလည်း၊ ပန်းမိုး †ဖြော်ဖြော်၊ ကြဲးပူဇော်ပြီး၊ ဘုန်းတော် မြှောက်ခြီး၊ နတ်ဆင်ကြီးနှိုက်၊ စီး၍့ လျင်စွာ၊ ပြေးအံ့ လာသို့၊ အကြာ မလင့်၊ မာရ်မင်း †လွင့်သော်၊ စိုက်†လွှင့် အောင်လံ၊ ပွဲးဦးခံ၍့၊ နေ့ယံ ကုန်ကင်း၊ နေမင်း ကွယ်ပ၊ ညဦးစနှိုက်၊ ဘဝအတိတ်၊ ဖုံးပိတ်တတ်စွာ၊ အဝိဇ္ဇာကို၊ ဝိဇ္ဇာ လင်းစေ၊ တစင်းနေသို့၊ ပုဗ္ဗေ လက်ရောက်၊ သန်းခေါင်လောက်နှိုက်၊ လက်အောက် ဝန်းကျင်၊ နတ်နှယ် မြင်သည့်၊ သန့်စင် ထက်မြက်၊ ဒိဗ္ဗစက် ဝိဇ္ဇာ၊ လိုတော်ပါ၍့၊ ဉာဏ်ဝါ ထွန်းတောက်၊ မိုးသောက်ကာလ၊ ပစ္ဆိမနှိုက်၊ ပဋိစ္စသမုပ္ပါဒ်၊ ဒွါဒသ် အင်္ဂါ၊ ဆဲ့နှစ်ဖြာကို၊ ဝိပဿနာဉာဏ်စု၊ သုံးခု ပွားမြှောက်၊ သုံးဆဲ့ခြောက်တိ၊ သိန်းလောက် ကုဋေ၊ တိုက်တွင်းနေကို၊ ကုန်စေ ညက်ညက်၊ ဆင်ခြင် သက်၍့၊ ရေတွက်အံ့ငှါ၊ မတတ်ရာလည်း၊ သင်္ချာနယ၊ အမြွက်ပြက၊ ထိုမျှ သိန်းဆိုက်၊ ကုဋေတိုက်မှ၊ ရထိုက် ထို့လောက်၊ ကုန် မကောက်ဘဲး၊ တယောက်စီပေ၊ ယူ၍့ ရေသော်၊ ကုဋေ သုံးသန့်း၊ ခြောက်သိန်းခန့်တိ၊ ပွားပြန့် မဟာ၊ များ- မြတ်စွာသား၊ ဝိပဿနာ ဉာဏ်ရှိန်၊ ဝရဇိန် မိုဃ်းကြိုး၊ မိုက်မျက်မျိုးကို။။ ပစ်ချိုး သယမ္ဘူသတည်း။ (၁၁)

('နာမဓာတ်ချ'ပင်၊ 'ကြိယာပရိကပ္ပါလင်္ကာရ'ရှိသော ပိုဒ်။)

(၅၇၁) သယမ္ဘူမျိုး၊ ဉာဏ်မိုဃ်းကြိုးဖြင့်၊ ပစ်ချိုး ကုန်စင်၊ စစ်ဦးထွင်ပြီး၊ အသင်္ခတ၊ ဘဝဆုံးထွတ်၊ ဘုံဝိဝဋ်သို့၊ ဂေါတြဘု တဘန်၊ ဝေါဒါန် သုံးချက်၊ တပ်စဉ် တက်၍့၊ အာသဝက္ခယ၊ ဉာဏ ဝိဇ္ဇာ၊ မဟာဝဇိရုတ်၊ စက် အာဝုဓ်ဖြင့်၊ မြစ်-ငုတ် မကြွင်း၊ ရန် *ခပင်းကို၊ ပယ်ရှင်း သုတ်သင်၊ ပွဲးဦး*ရင်သည့်၊ အောင်မြင် ကိစ္စ၊ အာဒိကဖြင့်၊ ကိလေသပရိနဗ္ဗာန၊ ပထမ *နေရဗ္ဗာန်၊ *လက်မွန် ထိုရော်၊ ပြီးလတ်သော်တည့်၊ သက်တော် လုံးရပ်၊ ကျင့်အပ် မျိုးနွယ်၊ ခြောက်သွယ် ရောင်ပ၊ နိစ္စလဟု၊ ပဉ္စ ဝေ†မတ်၊ မည်†မှတ် ငါးဖြာ၊ မတူရာမျှ၊ သည်သာ ထူးခြား၊ နောင်တော်များနှင့်၊ မပြား လုံးစုံ၊ *ချက်ကုံ ပြီးမြောက်၊ ထွတ်တိုင် ရောက်၍့၊ ဝိမောက္ခန္တိက၊ ဆုံး ဖလနှင့်၊ ဗုဒ္ဓပညတ်၊ တံဆိပ်ခတ်သား၊ မြတ် သယမ္ဘူ၊ မည်တော် ယူလျက်၊ ဘူပထဗျာ၊ စက္ကဝါ မြင်းမိုရ်၊ ယုဂန္တိုတို့၊ ထိုထို ပတ်ကုံး၊ သောင်းလုံး ပြို-အက်၊ ပဲ့တင်နှက်၍့၊ မဂ်လည်း လေးဆူ၊ ဖိုလ် လေးဆူဖြင့်၊ ရှစ်ဆူ စကြာ၊ ဖြူရွက် ကာပြီး၊ ပစ္စဝေက္ခဏာ၊ တဆဲ့ကိုးပါး၊ ဘုရားတို့တမ်း၊ မင်းခမ်း ပြောင်ဝင်း၊ ခင်းကျင်း စေ့ငု၊ စတု ဝေသာရဇ္ဇ၊ ဆ အသာဓာရဏ၊ သတ္တ သမ္ဗောဇ္ဈင်၊ မဂ္ဂင် ရှစ်ဘော်၊ ဂုဏ်တော် ကိုးတန်၊ ဉာဏ်တော် ဆယ်ပါး၊ စသောအားဖြင့်၊ များ-မြတ်လှစွာ၊ ဂုဏ် တန်းဆာကို၊ ကုန်ငှါ မလပ်၊ ဆင်ယင်အပ်လျက်၊ ရှရဗ္ဗဇဉ်၊ စံမယှဉ်သည့်၊ သဗ္ဗညုတ၊ မြတ်ဉာဏဟု၊ သေဋ္ဌ ဇေဋ္ဌံ၊ ဂုဏ်ပေါင်းရံသား၊ ရောင်လျှံ ဦးစိုက်၊ မကိုဋ်ရတနာ၊ မဟာဝဇိရ၊ မကုဋနှင့်၊ ဓမ္မစက္ကဝတ်၊ အတုလွတ်အောင်၊ အထွတ် ခေါင်ဖျား၊ မင်းတရားစစ်၊ ကိုယ်တော် ဖြစ်သည်။။ သုံးခေတ် စံမပြူတည်း။ (၁၂)

(အစိုင်အခဲ-ဝတ္ထု-တန်းဆာ-မကိုဋ်သဘောကို အစိုင်အခဲ မဟုတ်သော

ဂုဏ်တော်များနှိုက် တင်သော သမာဓိဂုဏ်ရှိသော လင်္ကာ။)

သာသနအဝိဒူရေနိဒါန်း (၁၂)ပိုဒ် ပြီး၏၊