သာသနဒူရေနိဒါန်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၃။ သာသနဒူရေနိဒါန်း


(၅၅၅) ဖြိုးလော့ မင်္ဂလာ၊ ဤအရာနှိုက်၊ သာသနာနိဒါန်း၊ သန်း၍့ ညွန့်ညွန့်၊ သိကြောင်း *ကွန့်ပိမ့်၊ ဂုဏ်တံခွန့်ရှင်၊ ထွတ်ဆုံးတင်သည့်၊ သုံးခွင် လူ့ဆွေ၊ တို့စိန္တေကား၊ သင်္ချေ လေးလွှာ၊ ကမ္ဘာ ကိန်းမှတ်၊ တသိန်း*မြတ်ထက်၊ ပညတ် နာ†မ၊ သာရမဏ္ဍ၊ ကမ္ဘာ†မ,ဝယ်၊ ဗြ†ဟ္မာ့ဝံသာ၊ သုမေဓာဟု၊ သညာ မည်ရ၊ စျာနယောဂီ၊ လောကီ မုနေ့၊ ဘိညာဏ် မွေ့သား၊ *ရသေ့မူနည်း၊ *အရည်း ရှင်တော်၊ ဖြစ်လတ်သော်တည့်၊ သုံးဘော် လူ့ခွင်၊ တုမမြင်သည့်၊ ဒီပင်္ကရာ၊ မြတ်စွာ ဘုန်းလျှံ၊ ရှင်တော့်ထံနှိုက်၊ မိန့်သံ ရွှေခွန်း၊ ကျယ် မညွှန်းဘဲး၊ ဥဒါန်း လှစ်ထုတ်၊ သံခိပ်ပုဒ်မျှ၊ တဥဒ္ဒေသ၊ ဗုဒ္ဓသြဝါ၊ ဒေသနာ ဓမ္မစက်၊ ဂါထာဝက်ဖြင့်၊ ဖိုလ်-မဂ် လေးဖြာ၊ သုံး ဝိဇ္ဇာနှင့်၊ ပဋိသမ္ဘိဒါ လေးစဉ်၊ အဘိညာဏ် ခြောက်ပါး၊ တရား လက်ရောက်၊ မျက်မှောက် မှန်စွာ၊ ပြုနိုင်ရာသား၊ မဟာဝိသိဌ်၊ တိဟိတ် ပဋိသန်၊ စျာန်သမာဓိ၊ လက်ယှိ မကွာ၊ ကြီးပညာနှင့်၊ ဥဂ္ဃါဋိတညု၊ ဗုဒ္ဓင်္ကုသည်။။ နှိုင်းတု ပြိုင်မတူသတည်း။ (၁)

(၅၅၆) နှိုင်းတု မတူ၊ ဂုဏ် ဝိဘူနှင့်၊ ဗုဒ္ဓင်္ကူယောက်ျား၊ ဖြစ်သော့အားကြောင့်၊ တပါးတည်းသာ၊ သံသရာမှ၊ ကူးငှါ မပျော်၊ စိတ်တော် မညွတ်၊ သုံးပါးဝဋ်နှိုက်၊ မလွတ် ကျန်နေ၊ ဘော် မိတ်ဆွေကို၊ ရွှေကရုဏာ၊ မဟာဓမ္မဓာတ်၊ မုဋ္ဌာန်မြတ်ဖြင့်၊ မပြတ် ဆော်ညွှန်း၊ တိုက်တွန်း လွန်†ကြင်၊ ဖြစ်လတ် †ကျင်၍့၊ ဒီပင်္ကရာ၊ ဤမြတ်စွာသို့၊ နောင်လာ ကပ်နှိုက်၊ သဗ္ဗဟိန္ဒဂူ၊ ခပ်သိမ်းသူတို့၊ တဆူ ကိုးရာ၊ ငါလည်း စင်စစ်၊ ဘုရားဖြစ်၍့၊ မွန်းနစ် ဝေနေ၊ များတတွေကို၊ ကိလေသဏ္ဏဝ၊ ဝဋ်သြဃမှ၊ အမတအောင်ချာ၊ ကျွန်းသောင် ညာသို့၊ မဟာတရဏီ၊ အဋ္ဌင်္ဂိ ရွှေဘောင်၊ ဘုံရှစ်ဆောင်ဖြင့်၊ ရောက်အောင် ကူးပို့၊ ကူးတို့မှူးမည်၊ ရွယ်ရည် အင်ပြည့်၊ ကြံတုံလှည့်မှ၊ ငါ၏့ ကိုယ်-သက်၊ ကျောက်ပျဉ့်ထက်နှိုက်၊ ညက်ညက် ကြေ†မုန့်၊ နံ့သာ†မှုန့်သို့၊ တ*နှုန့် စင်စစ်၊ မြူတည်း ဖြစ်၍့၊ ရှင်ချစ် လောကနာ၊ *စောမြတ်စွာနှင့်၊ သင်္ချာ တွက်ကိန်း၊ လေးသိန်း အရိယာ၊ သင်္ဃာ ပရမတ်၊ ဝိသုဒ်နတ်တို့၊ သတပတ် ရွှေစင်၊ ဘွားတော်ပြင်ဝယ်၊ ကယ်တင် လိမ်းကျံ၊ မံ,စေသတည်း၊ မ*လိပ်လည်းဟု၊ အသည်း မြေ*ရှိ၊ သမာဓိ မြင်းမိုရ်၊ အလို စက္ကဝါ၊ မက သာအောင်၊ မဟာဓိကာရ၊ ဥဿာဟဖြင့်၊ ဆန္ဒ ကြီးမား၊ လွန် တည်†ကြားသည်။။ ယော†က်ျားမြတ် တဆူသတည်း။ (၂)

(ဤအချကား 'နာမဓာတ် ချနည်း။')

(၅၅၇) မဟာဓိကာရ၊ ဥဿာဟဖြင့်၊ ဆန္ဒကြီးစွာ၊ ဖြစ်၍့သာလျှင်၊ ရမ္မာဝတီ၊ ပူရီ ပြည်သူ၊ နတ်နှင့် †လူတို့၊ အ†လှူသဘင်၊ ပွဲးကြီးခွင်နှိုက်၊ မြေပြင် မကောင်း၊ ရွှံ့သွန်†ပျောင်းထက်၊ မ†ပြောင်း လက်ရှက်၊ ဥက္ခောင်း ရွက်ပြီး၊ မှောက်လျက် စင်းစင်း၊ တံတားခင်း၍့၊ ကြွနင်းစိမ့်ငှါ၊ ခန္ဓာကိုယ် သက်၊ ငဲ့ကွက် မတွန့်၊ စွန့်ကြီး စွန့်မှ၊ ရဲးညွန့် ခေါင်ထိ၊ တုမယှိအောင်၊ တိမိငါးမှာ၊ ယူဇနာဖြင့်၊ အရာ နှစ်ကြိမ်၊ တိပိင်္ဂလာ၊ သုံးရာ ကိုယ်ယှိ၊ တိမိပိင်္ဂလ၊ လေးရာကျလျက်၊ တိမိရပိင်္ဂလ၊ ငါးဆ အရာ၊ အာနန္ဒာနှင့်၊ အဇ္ဈာရောဟ၊ ထောင်စီမျှသား၊ အဋ္ဌ ငါးမင်း၊ ထိုရှစ်စင်းတို့၊ ပျော်ခင်းနေရာ၊ ယူဇနာ လေးထောင်၊ ရှစ်သောင်းဆောင်လျက်၊ နက်ခေါင် ကျယ်စွာ၊ မဟာသမုဒ္ဒရာဇ်၊ ပင်လယ်မြစ်ကို၊ လက်ပစ်ကူးကာ၊ ယူပိမ့် ငါဟု၊ မဟာဗောဓိ၊ တုမယှိသား၊ ဓိပတိဆု၊ သဗ္ဗညုကို။။ *လှုလှု ပန်ဆင် ချူသတည်း။ (၃)

(ဤပိုဒ်ကား “ဥဿာဟဌာယီဘာဝ၊ ဝီရရသကို ပြသည်။)

(၅၅၈) မဟာဗောဓိ၊ တုမယှိသား၊ ဓိပတိဆု၊ သဗ္ဗညုကို၊ *လှုလှု ရွှင်ပြုံး၊ ရွှေနှလုံးဖြင့်၊ စွဲးသုံး စိတ်သန်၊ ဓိဋ္ဌာန် ဆောက်တည်၊ မြဲး *ခိုင်ကျည်၍့၊ ရဲးရည် ညွှန့်ခူး၊ ရွှေစက်ဦးနှိုက်၊ နဖူး လက်ထား၊ အလျားမှောက်လျက်၊ ကိုယ်-သက် စွန့်†လှူ၊ ဗုဒ္ဓင်္ကူလျှင်၊ †လူ၏့အဖြစ်၊ ယောက်ျားစစ်မှန်၊ စျာန်ဘိညာဏ်ရ၊ ဗုဒ္ဓ ဖူးတွေ့၊ ရသေ့အမူ၊ စွန့်လှူ သက်ကို၊ အလို ဆုတောင်း၊ ဤသို့ ပေါင်းသား၊ အကြောင်းစုံစီ၊ အင် ရှစ်လီနှင့်၊ အညီ ပြည့်ပုံ၊ စုံဘိရကား၊ ဘုရားချစ်†သျှင်၊ ဂုဏ်ပေါင်း†ရှင်ဟု၊ ဒီပင်*သနင်း၊ သုံးလူ့မင်းလည်း၊ အချင်းခပ်သိမ်း၊ မှတ်ထိမ်း ပြဋ္ဌာန်း၊ သောင်းတိုက်ခန်းလုံး၊ ရိုက်မွှန်း ပဲ့တင်၊ ကြားနှံ့ထင်အောင်၊ ရှစ်အင် သံတော်၊ ဗြဟ္မကြော်သို့၊ မြွက်ဘော် မိန့်ဟ၊ ပိုင်းခြားပြ၍့၊ မိ-ဘ မည်ရည်၊ နေပြည် သစ်ပင်၊ လူ-ရှင် ပရိသတ်၊ အမြတ် နှစ်ပါး၊ ယောက်ျား မိန်းမ၊ လုပ်ကျွေး စသား၊ နိယတ အောင်ဟိတ်၊ နှုတ်ဘိသိက်ဖြင့်။။ ဗျာဒိတ် ကြာနံ့ ကြူသတည်း။ (၄)

(၅၅၉) ယင်းသို့ အောင်ဟိတ်၊ သောင်းတိုက် ထိတ်သား၊ ဘိသိက် ပဝရ၊ နိယတ ပြဋ္ဌာန်း၊ ဗျာဒိတ်ပန်းကို၊ လန်းလန်း ရွှင်အိ၊ ပီတိသောမန၊ ဗလဝဖြင့်၊ ခဏ လျောင်းရာ၊ *မျောက်မျဉ်းခါဝယ်၊ မင်း*လျာ အိပ်မက်၊ မြင်သော့ထက်လျှင်၊ ဆထက် ထောင်-ရာ၊ ဝမ်းမြောက်စွာလျက်၊ စိတ်မှာ အမြဲး၊ စွဲးကြီး စွဲး၍့၊ ရဲးရဲး ရွှင်ပျော်၊ ဦးထိပ်ပေါ်နှိုက်၊ ပန်တော်မူထ၊ ထိုဘဝက၊ စ၍့ တွက်ရေ၊ သင်္ချေအပေါင်း၊ လေးကြိမ်နှောင်းမှ၊ အသောင်း ဆယ်ထပ်၊ မဟာကပ်တိ၊ အနပ္ပ†ကမ်း၊ ဆုံး†ကမ်း မယှိ၊ အပရိမေယျ၊ ကာလပတ်လုံး၊ ငယ်ငုံးမျှစင်၊ အကြင် အ†ကြင်၊ ဖြစ်တိုင်းပင်သာ၊ †ကျင်လည်သမျှ၊ ဘဝ များစွာ၊ ရှည်ကြာသရွေ့၊ မမေ့ မ†လျော့၊ စိတ် မ†လျော့ဘဲး၊ မပေါ့ မယုတ်၊ မဆုတ် *မနစ်၊ *အားသစ် လုံ့လ၊ ဝီရိယဖြင့်၊ ဒသ ဥပ၊ ပရမဟု၊ တိံသ ပါရမီ၊ သုံးလီ စရိယ၊ ပရိစ္စာဂ ငါးသီး၊ စွန့်ခြင်းကြီးကို၊ အပြီး ရောက်ငှါ၊ ဖြစ်များစွာနှိုက်၊ ဥစ္စာရတနာ၊ ပြည်-ရွာ တိုင်းကား၊ သား မယားနှင့်၊ နား-နှာ မျက်စိ၊ လောဟိ မံသ၊ ဟတ္ထ ပါဒါ၊ အင်္ဂါအပေါင်း၊ ဥက္ခောင်း သည်း-အူ၊ နုတ်ယူ ပြတ်ပိုင်း၊ လိုတိုင်း မကြွင်း၊ ပေးလှူခြင်းဖြင့်၊ လောင်းမင်း ဘုန်းလှိုင်၊ ဝေဿန်တိုင်အောင်၊ မကိုင် *မကန်၊ စွန့်ဟန် ငါးသီး၊ *ချက်ကုံ ပြီးသည်။။ ကျင့်ကြီး ပါရဂူသတည်း။ (၅)

(ဤလည်း 'နာမဓာတ်ချနည်းပင်')

သာသနဒူရေနိဒါန်း (၅)ပိုဒ် ပြီး၏၊