ဓမ္မဒေသနာခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၂။ ဓမ္မဒေသနာခဏ်း


ရာဇာ ပလိတံ ဟတ္ထေန ဂဟေတွာ အမစ္စာနံ ဣမံ ဂါထာမာဟ။။

(၃၄၀) မှူးမတ် ဝန်းအုံ၊ တင်ကြတုံသော်၊ ရွှေဘုံ စိုးစံ၊ တန်းခိုးလျှံသား၊ ဒိသမ္ပတေ့၊ ဘုန်း*ဟေ့ မဟာ၊ လောင်းရာဇာက၊ ကေသာ ဖြူရွက်၊ ဆံ တခက်ကို၊ ရွှေလက်တော်ယူ၊ ကိုင်တော်မူ၍့၊ များထူး ထံရင်း၊ ခ, ဝပ်စင်းသား၊ *ခပင်း ရံပတ်၊ မှူးမတ်တို့အား၊ ထင်ရှား ပြက်†ပြက်၊ မှန် မ†ပျက်အောင်၊ အဋ္ဌက္ခရာ၊ ဆန်းသင့်စွာလျှင်၊ ပထျာဝုတ်၊ ဂါထာပုဒ်ကို။။ ရွှေနှုတ် သံချို၊ ကျူးရင့် ဆိုတည်း။ (၁)

ဥတ္တမင်္ဂရုဟာ မယှံ၊ ဣမေ ဇာတာ ဝယောဟရာ။

ပါတုဘူတာ ဒေဝဒူတာ၊ ပဗ္ဗဇ္ဇာ သမယော မမာတိ။။

(၃၄၁) ခြောက်ပါး ရှစ်ပါး၊ ကိုးခုအားဖြင့်၊ အပြား ထင်စွာ၊ ဂုဏ်အင်္ဂါနှင့်၊ ညီညာ သီးသီး၊ စုံပြည့် မှီး၍့၊ ထီးနှင့် စလွယ်၊ ရာ ကြီးငယ်တိ၊ တင့်တယ် ဆောင်†ယောင်၊ ဝင်းဝင်းပြောင်ဖြင့်၊ ဂုဏ်†ရောင် *လေးတွဲ့၊ မ*နုန့်နဲ့ဘဲး၊ ရွှေဘွဲ့ ဝတ်လုံ၊ ခြုံရုံ နတ်စစ်၊ မဟာရာဇ်သို့၊ သင်္ကျစ် ရွှေဗောင်း၊ တမာ ဆောင်းလျက်၊ သူကောင်းတော်စု၊ ငါ ခန့်ပြု၍့၊ တိုင်းမှု ပြည်မှု၊ အရှင့်မှုက၊ သင်းစု များစွာ၊ ဆိုင်ရာရာနှင့်၊ မကွာ လက်ကိုင်၊ ပြည်ရေး ပိုင်သည်၊ မဏ္ဍိုင်သဖွယ်၊ မတ် ကြီး-ငယ်တို့။။ နားဝယ် မဂ†သုန်၊ ထောင်ကြကုန်လော့၊ ဝ†သုန္ဒရီ၊ မဟီတလာ၊ မြေမျက်နှာထက်၊ ဓရာဓရိ၊ မြေကြီ့း အလုံး၊ အောက် ရေ ဆုံးလျှင်၊ သိမ်းကျုံး ကုန်အောင်၊ ဘုန်းဖြင့် ဆောင်သည့်၊ မင်းခေါင် သာဂရ၊ *စောဒေဝဟု၊ ငါ့ ခမည်းတော်၊ ရွှေနန်းပေါ်နှိုက်၊ ငယ်ပျော် ငယ်ပါး၊ ငါ မင်းဖျားလျှင်၊ ငယ်သွား ငယ်လာ၊ ငယ်မူရာဖြင့်၊ ရတနာစလွယ်၊ ဆဲ့နှစ်သွယ်နှင့်၊ သူငယ်ဘာဝ၊ ကုမာရဟု၊ မင့်းသားအဖြစ်၊ ရွယ်နုမျစ်လျက်၊ စင်စစ် ကြာ*ညောင်း၊ နှစ်အပေါင်းတိ၊ ရှစ်သောင်း လေးထောင်၊ ကုန် *ကျွန်းအောင်သည်။။ ငယ်ရောင် ငယ်ရုပ် ငယ်သွေးတည်း။ (၂)

(၃၄၂) ထိုမှ နောက်တိ၊ ရွယ်ရောက် ချိန်သင့်၊ ပန့်းနှယ် ပွင့်က၊ ဘ,ခင့် လက်ရုံး၊ အချာ ထုံး၍့၊ ပြည်လုံး လွှဲးကာ၊ ဥပရာဟု၊ မင်း*လျာ ခံပြီး၊ မင်းဖြစ် နီးသား၊ ရွှေထီး ရှစ်လက်၊ ကျိုင်း ခြောက်ချက်နှင့်၊ ဖြန့်ကြက် မိုးလစ်၊ အိမ်ရှေ့ ဖြစ်ဖြင့်၊ ရှစ်သောင့်း လေးထောင်၊ လွန်အောင် ရှည်လျား၊ ပျော် စံစား၏၊ ဘ,ဖျား မင်းကျော်၊ နတ်ပြည် ပျော်သော်၊ မွေတော် ရာ*ရိုက်၊ သောင်းညာတိုက်ကို၊ သိမ်းပိုက် အုပ်ထွေ၊ ဘုန်း တက်နေနှင့်၊ ဝိဒေမည်သာ၊ မဟာရဋ္ဌ၊ တိုင်း ဇေ†ယျထက်၊ ထာဝ†ရ ကိန်းသီး၊ ဘွင့်ပြန်ပြီးမှ၊ မင်းထီး *ပစ္စူ၊ ငွေရွက်ဖြူဖြင့်၊ စိုက်ထူ ညီးညီး၊ *ဦးကိုင် စီးလျက်၊ ပြည်ကြီး အောင်ချာ၊ ထက် နိမ္မာသို့၊ မိထိလာ နန်းသစ်၊ စိုးစံလှစ်၍့၊ အနှစ် ရှစ်သောင်း၊ လေးထောင် ပေါင်းဖြင့်၊ ကြာညောင်း ကျော်ဟိုး၊ လူ-အမျိုးကို၊ အုပ်စိုး ဘုန်းရှိန်၊ သိကြား ချိန်သား၊ ဝရဇိန်လက်နက်၊ မိုးကြိုးစက်သို့၊ မြေအက် *တိမ်းပင်း၊ ညီး *တလင်းမျှ၊ မာရ်မင်း ဖြစ်ဖြစ်၊ မာရ်စစ် တူတူ၊ *ဗိုလ်လူ ပြည့်သိပ်၊ တိမ့်နှယ် လိပ်၍့၊ ဆယ်ကျိပ် ရာဇာ၊ မင်း*တကာတို့၊ *ပက်ပါ *ဆီးဆို၊ ကြိုလင့် *တပဲး၊ ရဲး၏့ဟူလျှင်၊ ဆင်သော် ဆင်†ချင်း၊ မြင်း မြင်း†ချင်းဖြင့်၊ စီး†ချင်း လာစေ၊ ရှောင် မသွေဟု၊ သရေ *ကိုးကား၊ ငါ့ဘုန်းအားဖြင့်၊ ယောက်ျားအဖြစ်၊ တု မရစ်ဘဲး၊ မင်းစစ် ဖီလာ၊ ငါနှင့် ငါသာ၊ ပမာ *တမျှ၊ ဆိုလောက်စွအောင်၊ *သံပ *ဟုံးစုံး၊ ဘက်မဲ့ *ကြုံး၍့၊ လက်ရုံး ဆန့်ထောင်၊ ပြည်ကျိုး ဆောင်သည်။။ မင်းရောင် မင်းရုပ် မင်းသွေးတည်း။ (၃)

('ရတိဋ္ဌာယီဘာဝ, ကာမသိင်္ဂါရရသ, ဥဿဋ္ဌာယီဘာဝ, ယုဒ္ဓဝီရရသ' တို့ကို ပြသတည်း။)

(၃၄၃) ယင်းသို့ မူလ၊ လူ ဖြစ်စက၊ *မဆွ လက်မွန်၊ အရင်း ပြန်ပြီး၊ ဗိမာန် *ရဝေ၊ နန်းရွှေ*စတိ၊ မလိတ္ထိနှိုက်၊ အာဒိ အစ၊ ဇာတိ ရ၍့၊ အဂ္ဂ မှူးတင်၊ ကမ္ဗုရှင်တိ၊ မိခင် မယ်မင်း၊ သန့်စင် ရှင်းသား၊ ယင်းက စသွယ်၊ သူငယ် အိမ်ရှေ့၊ နန်းစံစေ့အောင်၊ စစ်၍့ တွက်ကိန်း၊ ဂဏာန်း ထိန်းသော်၊ နှစ်သိန်း ငါးသောင်း၊ နှစ်ထောင် ပေါင်းဖြင့်၊ ရှစ်သောင်း လေးထောင်၊ သုံးပြန်ဆောင်သည့်၊ *မြားမြောင် နှစ်စု၊ သက် အာယုလုံး၊ သမ္မုတိ နွယ်ရိုး၊ ကမ္ဘာစိုးဟု၊ အမျိုး ဘုန်းဂုဏ်၊ မသုန် မဖျင်း၊ စည်ကွင်း မယှိ၊ ကျွန်းလုံး သိအောင်၊ ဇာတိ ပုည၊ ဂုဏ မဟတ်၊ အမြတ် သုံးပါး၊ ကျော် ထင်ရှားလျက်၊ ရွှေဘွား စက်အောက်၊ ရာ ထီးဆောက်တို့၊ ညွတ်*ရောက် ကျိုးနွံ၊ ကျွန်တော်ခံ၍့၊ သက်နှံ သားကြီး၊ သမီး ကညာ၊ ပဏ္ဏာ ဆက်ထား၊ မဘောက်ပြားတည့်၊ ဘုန်းအား ရုံးအား၊ မိုးသိကြားနှင့်၊ လျော*လျား ထပ်တူ၊ ပြိုင် မပြူဘဲး၊ ဇမ္ဗူကျွန်းကြီး၊ မြရည်ညီးထက်၊ *စစ်စီး တု*မဲ့၊ နှိုင်း*ရှဲ့ မထင်၊ လူ့ခွင် ဘက်ယှား၊ နှစ်ပါး ဓမ္မ၊ စာရိတ္တလည်း၊ တိက္ခ မုဒုံ၊ စွယ်စုံ မချို့၊ မင်းတို့ လက္ခဏာ၊ စုံပြည့်စွာလျှင်၊ နေမှာ ပဒု၊ ကောကနုကို၊ ပွင့်ပြုစေတတ်၊ အမှတ် တခြား၊ လ,ကား ကုမုဒြာ၊ ကြာဖြူအပေါင်း၊ ပွင့်ကြောင်း မှန်†လှ၊ နေနှင့် †လသို့၊ *တမျှ မပြား၊ ပြည် တိုင်းကားအား၊ စီးပွား ရှာရှာ၊ ပွင့်လင်း သာအောင်၊ မေတ္တာ ရှေးကြို၊ မငြင်ငြိုဘဲး၊ ဗြဟ္မစိုရ် လေးပါး၊ တရား မလွတ်၊ ကျင့်ဝတ် မကွာ၊ ချမ်းသာ မတိမ်၊ စည်းစိမ် မညှိုး၊ ဘုန်းရှိန် တိုး၍့၊ နေမျိုးဆက်ကာ၊ နေနွယ် ဖြာလျက်၊ မဟာသမတ်၊ ကမ္ဘာနတ်က၊ မန္ဓာတ် စကြဝတေး၊ နွယ်တော် ရှေးဖြင့်၊ ငါ့ဘေး နန်းစိုး၊ ငါ့ဘိုး နန်းရ၊ ငါ့ဘ နန်းပိုင်၊ ငါ နန်းထိုင်၍့၊ *ဦးကိုင် စံစိုး၊ လူအမျိုးကို၊ တန်းခိုး လွှမ်းအုပ်၊ ငါ မင်းလုပ်သည်။။ မင်းရုပ် မင်းပုံ မင်းမွေးတည်း။ (၄)

(၄င်းလည်း ရှေးအတူ ရသတို့ကို ပြသည်ပင်။)

(၃၄၄) ရှစ်သောင့်း လေးထောင်၊ သုံးပြန်ဆောင်သား၊ *မြားမြောင် ထိုမျှ၊ ဂဏာန်း ချသော်၊ ခ-ခ သုည၊ နေတြနှင့်၊ ဗာဏ စမ္မ၊ သင်္ချာ ရ၍့၊ ကမ္ဘာ့ တန်းဆာ၊ လေး ဒိသာကို၊ လေးဖြာ ရောင်ပျို့၊ မှောင့်မညို့သည့်၊ မြင်းမိုရ့် လုံးပတ်၊ တာခတ် ယောဇန၊ ပမာမျှအောင်၊ ကာလ *တောင်တာ၊ ရှည်ကြာ နှစ်စု၊ သက် အာယုဖြင့်၊ လူ့ဇာတိစစ်၊ မင့်းအဖြစ်နှင့်၊ ဒေဝရာဇ်ဟူ၊ *မုနော ယူ၍့၊ ဇမ္ဗူ သောင်းလုံး၊ ငါဟု †ကြုံးလျက်၊ ခွန်†ကျုံး သိမ်းခံ၊ ရွှေနန်း စံသည့်၊ နိုင်ငံ စိုးဘိ၊ ငါ ဘုန်းယှိ၏့၊ ဇာတိ မြစ်စိုက်၊ သန္ဓေ လိုက်ဖြင့်၊ *အကိုက် ကြီးပွား၊ “ဘုတ် လေးပါးတို့၊ ထင်ရှား ပေါက်ကျင်၊ ဤကိုယ်ပင်ကား၊ အမြင် ရွေ့†ရွေ့၊ ရင့်အို†၍့လျှင်၊ နေ့ကို ရက်စား၊ ရက်အား လ,မျို၊ လ,ကို နှစ်,ဖြုန်း၊ လွှနှင့် *ဆုန်းသို့၊ ပြုန်းခဲ့ ခန္ဓာ၊ မခိုင်မာဘူး၊ ဇရာမီးငွေ့၊ တမွေ့မွေ့တိ၊ တနေ့ တခြား၊ နှစ်ရှည် †များက၊ ပတ္တ†မြား နန်းအိမ်၊ စံမြန်း ငြိမ်လျက်၊ မွေ့သိမ် သြဇာ၊ နတ်သုဓာနှင့်၊ သီတာရေမျိုး၊ သုံးဆောင် ချိုးလည်း၊ အကျိုး မထင်၊ နာကျင် နာခြင်း၊ အို မကင်းခဲ့၊ ဘောက်ယွင်း သိမ်မွေ့၊ တရွေ့ရွေ့လျှင်၊ ကိုယ်လေ့မှန်လှ၊ သင်္ခါရကြောင့်၊ ဘယ်မျှ ချမ်းသာ၊ ဟူစပါလည်း၊ ကြာက ဧးဧး၊ ကရွတ်ဆွေးသို့၊ အိုရေး နာရေး၊ မြည့်မြည့် ဆွေး၍့၊ သေဘေး မကင်း၊ ပျက်ရလျှင်းလိမ့်၊ သေမင်း မရဏ၊ ခံတွင်းဝသို့၊ ဆင်းရမည် ဝတ်၊ မှန် မချွတ်တည့်၊ မလွတ်နိုင်စွာ၊ သေရ စာဖြင့်၊ ရတနာ စီခြား၊ ပတ္တမြား မကိုဋ်၊ ဆောင်း-ဆင် စိုက်လျက်၊ ကိုယ်နှိုက် အလွန်၊ *အမွန်ဆုံးဖြစ်၊ ရွှေသင်္ကျစ်နှင့်၊ ဦးရစ် ရွှေဗောင်း၊ ပန်းစုံ လှောင်းသား၊ ဥက္ခောင်းရတနာ၊ မြတ်အင်္ဂါနှိုက်၊ ကေသာ မြသား၊ အဖြူ ကျား၍့၊ ထင်ရှား ပေါ်မှု၊ ယခု တတည်၊ ဖြစ်လတ်သည်ကြောင့်၊ ငယ်ရည် ငယ်သွေး၊ ငယ်ရုပ် ဝေးလျက်၊ မင်းမွေး ပျောက်ငုပ်၊ ဘောက်ခဲ့ ချုပ်သည်။။ သေရုပ် သေပုံ သေမွေးတည်း။”(၅)

('ဘယဋ္ဌယီဘာဝ, ဘယာနကရသ'၏ ဝိဘာဝကို ပြသတည်း။ စသည်ကား 'အာလမ္ဗဏဝိဘာဝ'၊ ဆံဖြူခြင်းကား 'ဥဒ္ဒီပနဝိဘာဝ'တည်း။ ဤ ၄- ပိုဒ်တို့ကား 'ရူဠာဟလင်္ကာရဝင်္ကဝုတ္တိအလင်္ကာ'ယှိသောပိုဒ်။)

(၃၄၅) သတ္တရဗ္ဘဏ်၊ ခုနစ်တန်တိ၊ ယုဂန်အစ၊ သကဏ်ကျအောင်၊ ဥပဎ္ဍချည်း၊ ခပတ်စည်း၍့၊ ကွာနည်း နိမ့်-မြင့်၊ အဆင့်ဆင့်ဖြင့်၊ ရှုတင့်စဘွယ်၊ ကြီး-ငယ် ပတ်ခြံ၊ တောင်စဉ် ရံသို့၊ လောက်ငံ ပညာ၊ ထူး ဂုဏ်ဝါဖြင့်၊ မဟာ အဂ္ဂ၊ ဌာနခေါင်စွန်း၊ တော်နေ ချွန်း၍့၊ ရွှေကွန်း သိင်္ဂိ၊ ရွှေတိုင် မှီနှင့်၊ ရွှေနီစလွယ်၊ ဆဲ့နှစ်သွယ်တည့်၊ တင့်တယ် ဆင့်ဆင့်၊ ဗောင်းရွှေပွင့်ချည်း၊ နိမ့်-မြင့် ယာ-ဝဲး၊ ရွှေနန်းထဲးနှိုက်၊ အမြဲး နိယံ၊ *ညီမှုခံလျက်၊ ငါ့ထံ ညီးညီး၊ ငယ်-ကြီး မပြတ်၊ ဝန်းရံ ပတ်သည်၊ မှူးမတ်အပေါင်း၊ ရွှေကျိုင်းဆောင်းတို့။။ ဥက္ခောင်းရတနာ၊ မြတ်အင်္ဂါနှိုက်၊ ကေသာ ယွင်းကွက်၊ ဤ ဖြူချက်ဖြင့်၊ ဆက်ဆက် အပြီး၊ သေမင်းကြီး၏့၊ ထံနီး *တိုးတည်၊ နေသည် အ†ခြင်း၊ မှန် မယွင်းကြောင့်၊ ထုတ်†ချင်း မြေမိုး၊ ပျံလျှိုး ပုန်းခို၊ မသေလိုလည်း၊ ဤကိုယ် မုချ၊ မနေရခဲ့၊ နိစ္စ ဓုဝ၊ မရဏမှ၊ မလွတ်ရပြီ၊ နေ့-ည †မယှိ၊ ဘယ်မူ သိလိမ့်၊” “တောင်†ရှိ တံစိုး၊ ပေးထိုး မညှာ၊ *ဗိုလ်ပါ ဆင်-မြင်း၊ စစ်ပြိုင် ကျင်းလည်း၊ အောင်ခြင်း မမြင်၊ ကြာမတင်ခင်၊ လျင်လျင် ခုဘက်၊ ရက်စက် ခက်ထန်၊ မျက်မာန် ကျန်း†ထန်း၊ ငင် စွန်းစွန်းဖြင့်၊ တန်း†တန်း အမှန်၊ ဧဝကန်သာ၊ လက်မြန် ဆောင့်တွန်း၊ ဝိုင်းအုံ ဝန်း၍့၊ *သုံ့ပန်းအပိုင်၊ အနိုင် အထက်၊ နှိပ်စက် အပြင်း၊ ဖမ်းယူလျှင်းလိမ့်၊” “မင်းထက် မင်းစစ်၊ ယမရာဇ်ကား၊ ဖြစ်ဖြစ်သမျှ၊ သန္ဓေရသား၊ ရွရွ လုပ်လုပ်၊ သေး-နုပ် ကြီး-ခံ့၊ ယုတ်ညံ့ ကောင်း-ဆိုး၊ ဘယ်အမျိုးမှ၊ ရှိခိုး မရ၊ မလွတ်စွဘူး၊ ကြီးလှ တေဇာ၊ ဘုံသုံးရွာလုံး၊ မဟာဝိသယံ၊ နိုင်ငံ ကျယ်ဝင်း၊ အာဏာ ပြင်းသည်။။ သေမင်းတ†မန်၊ အ†မှန် ငါ့ကို ချလာပြီ။ (၆)

(ဤကား ဒေဝဒူတာတိ ဒေဝေါ ဝုစ္စတိ မစ္စု'စသော ၄င်းဇာတ် အဋ္ဌကထာနှင့် အညီတည်း။)

(၃၄၆) ဒိဗ္ဗန္တီတိ၊ ဘွင့်ကျမ်းယှိတိုင်း၊ သဋ္ဌိသကဋ၊ ပမာဏတည့်၊ ကောသလတိုင်း၊ *သမိုင်း အညီ၊ ပြည့်ထုံး မှီ၍့၊ ခါရီ နှစ်ဆယ်၊ မှတ်ဘွယ် မချို့၊ လူတို့ ဆက်လျဉ်၊ အစဉ် သုံးခြင်း၊ တင်းချင့် အဝင်၊ ရှစ်ဆယ် တင်သည့်၊ အကြင်လူဝယ်၊ ထိုလှည်းကျယ်၏့၊ ခြောက်ဆယ် လှည်းပေါင်း၊ တင်လောက်ကောင်းသား၊ ဆင်ကြောင်း များစွာ၊ နတ်တန်းဆာဖြင့်၊ ထိန်ဝါ မပြတ်၊ ထွန်းပတတ်သား၊ မိုးနတ် ပြိုးပြက်၊ မိုးအထက်က၊ ရပ်လျက် တည်†၍့၊ မည်သည့်နေ့နှိုက်၊ မ†ရွေ့ သင်သည်၊ သေလိမ့်မည်ဟု၊ အတည် မမှတ်၊ ဆုံးဖြတ်တိတိ၊ နတ်မျက်စိဖြင့်၊ မြင်သိ အလို၊ နတ်ပြောဆိုက၊ ထိုနတ်စကား၊ ထိုနတ် ကြားတိုင်း၊ မမှား ဧကန်၊ သေခြင်း မှန်သို့၊ လူဌာန်နှိုက်တွင်၊ အကြင်သသူ၊ ဆံတည်း ဖြူသော်၊ ထိုလူ မုချ၊ မရဏသို့၊ ရောက်ရ မချွတ်၊ လွဲး မလွတ်တည့်၊ ဘုံထွတ် နန်းမြင့်၊ ခုနစ်ဆင့်နှိုက်၊ စံလင့်*ကစား၊ ငါ မင်းဖျားလည်း၊ ဖြူ-ကျား ဆံတော်၊ ယခု ပေါ်ခဲ့၊ ပျော်ပျော် ပါးပါး၊ ရှေးက လားသို့၊ ရှည်လျား *တောင်တာ၊ နန်းသိင်္ဂါထက်၊ မြင့်ကြာကာလ၊ မနေရဟု၊ ဒေဝအ†ချင်း၊ သေမည့်†ခြင်းကို။။ နတ်မင်းတ†မန်၊ အ†မှန် ငါ့ကို ဟလာပြီ။ (၇)

(ဤကား 'ဒေဝေါ ဝိယ ဒူတာတိပိ ဒေဝဒူတာ' စသော ဇာတ်အဋ္ဌကထာနှင့် အညီ တနည်းအလိုတည်း။)

(၃၄၇) လေး-ရှစ် ဆဲ့ခြောက်၊ သင်္ချေ နောက်နှိုက်၊ သိန်းမြောက် ကမ္ဘာ၊ ကာလ ကြာအောင်၊ ပါရမီ သုံးဆယ်၊ ငါးသွယ် စွန့်ကြီး၊ ကျင့်သီး သုံးပါး၊ တိမ်း မမှားဘဲး၊ ဖြည့်အား စွန့်-ကျင့်၊ ရွှေဉာဏ် ရင့်၍့၊ လေးဆင့် ငုံအာ၊ ဆဲ့ခြောက်လွှာတိ၊ သစ္စာ *မုံထွား၊ ကားကား ရောင်†မှည့်၊ ပြောင်ပြောင် †စည့်လျက်၊ ပွင့်†မည့်ဘဝ၊ ပစ္ဆိမနှိုက်၊ သဗ္ဗဗောဓိ†သတ်၊ လောင်းတော်မြတ်တို့၊ ပြာ†သာဒ် ရွှေဘုံ၊ ရံရွေစုံနှင့်၊ အာရုံ ငါးပါး၊ ပျော် စံစားစဉ်၊ တရား သိမြော်၊ ပွင့်ချိန်တော်က၊ မိုးပေါ် အာကာ၊ ငါးဆင့်သာသည့်၊ သုဒ္ဓါဘူမိ၊ နန်းသိရီ့မှ၊ ဝိသုဒ္ဓိမြတ်၊ သုဒ္ဓါနတ်တို့၊ အမှတ် သံဝေ၊ ရတို့စေအောင်၊ လေးထွေ ထင်လင်း၊ ရှေ့တွင် ဆင်းပြီး၊ အိုခြင်း အစ၊ ဆံဖြူဆွနှင့်၊ ပုဗ္ဗနိမိတ်၊ ပြသည့်ဟိတ်ဖြင့်၊ လန့်ထိတ်သော့အား၊ တောထွက် သွား၍့၊ လေးပါး သစ္စာ၊ ပွင့်ကြစွာသည့်၊ ဓမ္မာတာ အစစ်၊ ဖြစ်ဘိရကား၊ ထိုကြောင်းလျားကြောင့်၊ ဘောက်ပြား အမူ၊ အိုခြင်းဟူသည်၊ ဆံဖြူအမှတ်၊ ဝိသုဒ်နတ်တို့၊ မချွတ် ထင်ရှား၊ စေသော့အားဖြင့်၊ ပျော်ပါးစိတ် လျော့၊ တောထွက်တော့ဟု၊ သဘော့အလို၊ မြွက်ဆို အဟုတ်၊ သွေမယုတ်သည်။။ ဝိသုဒ်တ†မန် အ†မှန် ငါ့ကို ပြလာပြီ။ (၈)

(ဤကား 'ဝိသုဒ္ဓိဒေဝါနံ ဒူတာ ဝါ' စသော ၄င်းဇာတ်အဋ္ဌကထာနှင့် အညီ တနည်းတည်း။)

(၃၄၈) မစ္စုခေါ်ခြင်း၊ သေမင်း တမျိုး၊ မိုးနတ် တဖြာ၊ ဒေဝါ ဝိသုဒ်၊ အတ္ထုဒ္ဓါရ၊ နေကတ္ထဖြင့်၊ ဒေဝသဒ္ဒါ၊ ဝေါဟာ အနက်၊ သုံးပါး ထွက်နှင့်၊ မပျက် အ†မှန်၊ တ†မန်သမုတ်၊ ဟော ဘော်ထုတ်သား၊ နောက်ပုဒ် ဒူတာ၊ ရုပ် သဒ္ဒါကို၊ ကမ္မာဓာ တစ်၊ ဆဋ္ဌီ နှစ်တိ၊ ပုဒ်စစ် ပါဌ်စစ်၊ အနက် ဆစ်၍့၊ အမြစ် အခြေ၊ အနေတကျ၊ ကျမ်းရိုး ပြလျက်၊ ဒေဝဒူတာ၊ ထိုသဒ္ဒါ၏့၊ ယောဇနာခြင်း၊ ဝေါဟာ လင်းက၊ သေမင်း မိုးနတ်၊ ဝိသုဒ်မြတ်တို့၊ စေမှတ် ခိုင်းသူ၊ တမန်ဟူသည်၊ ဆံဖြူမည်သော၊ ဤသဘောကား၊ မင်း*စော ငါ့တွင်၊ ခုလျှင် စင်စစ်၊ ထင်ရှား ဖြစ်၏၊ “ညစ်ညစ် ကျိ†ကျိ၊ ဘင်တွင်း†ကြီးသို့၊ ဘူမိ ကာမ၊ ဟီန ယုတ်မာ၊ လူတို့ရွာတွင်၊ သူ-ငါကစ၊ ပိုးလောက်မျှဖြင့်၊ ရွရွ ထောင်းထောင်း၊ မြင်မကောင်းအောင်၊ မပြောင်းနိုင်စွာ၊ မခွါနိုင်ဘိ၊ လူ့ဇာတိတည့်၊ အမိ အမှု၊ မပြုရအား၊ ကျွန်မ သားလျှင်၊ *ပိုင်ကား အရှင့်၊ သခင့် လိုရာ၊ ပြုရစွာသို့၊ တဏှာသခင်၊ အရှင် ဆက်ဆံ၊ အကြောင်းခံလျက်၊ ရှေးကံ စေတနာ၊ ကာမာဝစရ၊ အိမ်ကျွန်မ၏့၊ ပုတ္တဟူငြား၊ ဖြစ်စေ ဘွားသည့်၊ ကျွန်းသား တစု၊ စက္ခု သောတ၊ ဃာန ဇိဝှါ၊ ကာယာ သမ္ပဋိစ်၊ အဟိတ် သဟိတ်၊ ဝိပါက်စိတ်တို့၊ မဆိတ် အစဉ်၊ ဆီမီးလျဉ်နှင့်၊ ရေယဉ်ပမာ၊ မပြတ်စွာလျှင်၊ ရူပါရမ္မဏ၊ သဒ္ဒါ စသား၊ ကာမ ငါးပုံ၊ ဤအာရုံနှိုက်၊ မြဲးထုံ လေ့လာ၊ သေမင့်းရွာက၊ မကွာနိုင်ကြ၊ ကျင်လည်ရသည့်၊ ကာမသတ္တဝါ၊ တို့ သူ-ငါကား၊ ခါခါ မ*စဲး၊ သေ အမြဲးနှင့်၊ သေပွဲးခံလျက်၊ ငါးနှယ် တက်၏၊ သက်သက် မချစ်၊ သေမင်း†ညစ်က၊ သတ်†ညှစ်တော့မည်၊ ရံစစ်သည်နှင့်၊ ဝန်းလည် တင်း†ကျမ်း၊ သုံ့ပန်း ဖမ်းသို့၊ အ†ကြမ်း သ+ရမ်း၊ မွေ့+ယမ်း ဆွဲးဆောင်၊ မလွတ်အောင်လျှင်၊ ချည်နှောင် ဘွဲ့ရစ်၊ ငြင်း မဖြစ်ဘဲး၊ လည်ဆစ် ကြိုးသွင်း၊ ငင် အပြင်းဖြင့်၊ သေမင်းတ†မန်၊ အ†မှန် ခေါ်ငြား၊ မိုးနတ် ကြားလျက်၊ တရား သဘာဝ၊ ဗြဟ္မာ ပြသည်။။ မုချ သေချိန်တိုင်တော့၏၊ “ (၉)

(၃၄၉) “သေချိန် မုချ၊ အမှန်ကျဟု၊ အတ္ထ ခြင်းရာ၊ ဗြဟ္မာ မိုးနတ်၊ သေမင်း မှတ်သား၊ ပညတ် မည်ပြား၊ နတ် သုံးပါးတို့၊ ထင်ရှား ဘော်†ပြ၊ မရွှင်†ပျအောင်၊ မြွက်ဟ ကြားကာ၊ ခေါ်ချလာ၍့၊ ရာဇာ မင်းသံ၊ စိုက် အလံနှင့်၊ ထိပ်ယံ စီးဘိ၊ နင်း ရောက်ယှိ၏၊”မျက်စိ ဆူးငြောင့်၊ စနောင့် *စနင်၊ အမြင် မသာ၊ အိုရုပ်ဝါနှင့်၊ ငါလျှင် အပြီး၊ သေချိန်နီးလျက်၊ ငါ့ထီး ငါ့နန်း၊ ငါ့တိုင်းခန်းဟု၊ တပ်စွန်းနေငြား၊ ကျိုး မပွားပြီ၊ “သူများကိုသာ၊ စီရင်ကာလျှင်၊ ကိုယ်မှာ ကိုယ်မှု၊ ကိုယ် မပြုဘဲး၊ အနုသာသိက၊ ဆက်ရက်မသို့၊ မုချ မမှား၊ ကိုယ် ပျက်ပြားလိမ့်၊” “လေးပါး အပါယ်၊ လွတ်ဘွယ် မထင်၊ ဤလူ့ခွင်နှိုက်၊ ပျော်ရွှင် လိုက်စား၊ တကြွားကြွားနှင့်၊ အောက်မား သွေးဟုန်၊ ကာမဂုဏ်ဖြင့်၊ ကျမုန်တီးတီး၊ မပြတ်စီးလျက်၊ ပေါက်ထီး မာတင်၊ ကျုံးတွင်းဝင်သို့၊ အကြင် ငါလျှင်၊ မဆင်ခြင်ဘူး၊”ပလ္လင် ရှစ်ခန်း၊ ရွှေနန်း ကိုးဆောင်၊ ပြိုးပြိုးပြောင်ထက်၊ စိန်ညောင်ညီး†ညီး၊ နတ်စည်တီးသို့၊ မ†ငြီးစေ+ကြောင်း၊ တယော အောင်းက၊ မိ+ကျောင်းနှင့် +ငြင်း၊ သံညင်းဂ†ညင်းတိ၊ ဖြည်း†ညှင်း ဆော်နှိုး၊ ငြိမ့်မျိုး ခြိမ့်သဲး၊ နာ မရဲးအောင်၊ နန်းပွဲး ဘုံပြင်၊ အမြဲး *ရင်၍့၊ သဘင် က†ချေ၊ အထွေထွေလည်း၊ လက်†ခြေ ညွတ်ပြော့၊ ဟန် ကြော့†ကြော့နှင့်၊ မ†ကျော့ မ+ကျည်း၊ ရွှင်*+ကြည်းကြည်းဖြင့်၊ ခြည်းခြည်း နွဲ့ယိုင်၊ သံပြိုင် သံညီ၊ ကျူး-သီ ခုန်-က၊ အူ ရွရွသား၊ အလှ ရွယ်နှုန်း၊ တော်ဝင်တုန်းတို့၊ သွေးစုန်း *မျက်မည်း၊ *စုလည်း ခွေရစ်၊ နတ်စစ် စစ်သို့၊ ကလျစ် *ကလျူ၊ မူရူ ပျောင်းပျ၊ တကွ *ရော†ရု၊ ဝိုင်းကြီး ပြုလျက်၊ က†ယု ကယင်၊ ဝန်းကျင် ဖျော်ဖြေ၊ ရံမွေ့ နေခဲ့၊ “သေမည် မသိ၊ မိန်းဆေး မိသည့်၊ ဆင်ကြီ့းအလား၊ ငါ မခြားအောင်၊ ငါးပါး ကာမ၊ အာသဝဖြင့်၊ နေ့-ည ဖိန်းဖိန်း၊ တမှိန်း†မှိန်းနှင့်၊ မူး†မိန်း မပြေ၊ စံ မေ့ဝေခဲ့၊ ကိလေ ယုတ်မာ၊ ညစ်ပတ်စွာသား၊ ကိုယ်မှာ ညှီငေါက်၊ မရှု*စောက်အောင်၊ အုန်း*အောက် နံစော်၊ *သရော် ညစ်ကြေး၊ ကိုယ့် မြူ-ချေးကို၊ ကိုယ်ဆေး စင်†လျှော်၊ သန့်မှ †လျော်၏၊”နန်းပေါ် *ရဝေ၊ ရွှေဘုံ ဗွေထက်၊ ခြွေရွေ ရံ-ခ၊ မောင်းမ မိဖုရား၊ သမီး သားနှင့်။။ ပျော်ပါး ပယ်ချိန်တိုင်တော့၏၊ (၁၀)

(၃၅၀) “ပယ်ချိန် ရောက်ငြား၊ သား မယားနှင့်၊ လိုက်စား လပ်လျား၊ မပယ်အားက၊ ပျော်ပါး လွန်ဘိ၊ လောဘ ငြိ၍့၊ သံကိလေသိက်၊ ညစ်ညူးစိတ်ဖြင့်၊ အဝိဇ္ဇာတုံး၊ မောဟ ဖုံး၏၊ မိုက်ဆုံး အန္ဓ၊ လူ့ဗာလသို့၊ ကိစ္စ နည်းပါး၊ တရား မမြော်၊ အပျော် လိုက်မျိုး၊ စရိုက်ဆိုးကား၊ ကောင်းကျိုး *မဲ့ချည်း၊ အပျက် *ပည်းရှင့်၊ နတ်လည်း နတ်မှာ၊ နတ်တို့ရွာမှ၊ မကြာ ယွင်းဘောက်၊ ခန္ဓာ ပျောက်၏၊” “အောက်အောက်နတ် ထက်၊ ဘုံ ခြောက်ဆက်လုံး၊ တိုးတက် လွန်၍့၊ သိမ်မွေ့လှစွာ၊ နတ်သြဇာဖြင့်၊ ဗိဠာရပဒ တကျိပ်မျှလောက်၊ ဟာရ တခါ၊ မှီဝဲးပါက၊ နတ်မှာ ရက်လည်၊ ခုနစ်တည်ဟု၊ ဆိုသည် တမူ၊ ကေစိ ယူနှင့်၊ ခြောက်ဆူ နတ်များ၊ နေ့တိုင်းအားဖြင့်၊ စား၏ ဟူထ၊ ကျမ်းလာ ပြတိုင်း၊ ဒေဝအလေ့၊ အချိန် မေ့အောင်၊ ပျော်မွေ့တုံဘိ၊ လွန်သည်ယှိက၊ စုတိ လျင်စွာ၊ နတ်ခန္ဓာလျှင်၊ အကြာ မခံ၊ မီးလျှံ ပျောက်*သုတ်၊ လေပြင်း မှုတ်သို့၊ တမုဟုတ်မျှ၊ ချုပ်ကွယ်ကြ၏၊” “မောဟ တိုက်တိုက်၊ အပျော် လိုက်လျက်၊ သူမိုက်အမှု၊ ပဇာပြု၍့၊ ယခု ငါလျှင်၊ တောခွင် မထွက်၊ ရွှေကနက်နှင့်၊ နန်းထက် အုပ်မိုး၊ သူ့အ†ကျိုးကို၊ ဆောင်ကျိုးကာသာ၊ မော့လျော့စွာလိမ့်၊ နောင်ခါ မချို့၊ ကိုယ့်ဘို့ သုခ၊ ရအံ့ အမှု၊ ကြံ မပြုက၊ ရာဟု နတ်မင်း၊ စက် နဝင်းနှင့်၊ မကင်းအနေ၊ မလွတ်ထွေကြောင့်၊ ကြက်သရေ ညှိုးသမ်း၊ လ တ†ခြမ်းသို့၊ †ချမ်းသာ ကိုယ်ဘို့၊ နောင် ယုတ်ချို့အံ့၊” “ပုဂ္ဂိုလ့်သဘော၊ လေးမျိုး ဟောတွင်၊ ဇောတိတ†မ၊ အလင်း†မှလျှင်၊ ဘဝ ယုတ်မာ၊ ညစ်ညူးစွာဖြင့်၊ ပါယ်ရွာ ဆိုးဝါး၊ အမိုက် လားသည့်၊ တပါး ပုဂ္ဂိုလ်၊ မဖြစ်လိုဘူ့း၊ ရွယ်အို ဘောက်ယွင်း၊ ဆံဖြူခြင်းဖြင့်၊ သေမင်း ခုသာ၊ ရောက်တို့လာပြီ၊ သေစာ မှတ်ပြီး၊ သေချိန်†နီးခဲ့၊ ချည်းနှီးမျှသာ၊ ကိုယ်ခန္ဓာနှင့်၊ ပြည်ရွာ ရိပ်ငြိမ်၊ စည်းစိမ်ဟူလတ်၊ ဤသမ္ပတ်ကား၊ စွန့်တတ် စွန့်အပ်၊ ခေါ်ပညပ်လည်း၊ ဒြဗ် မပြား၊ ကံ ကတ္တားသို့၊ အခြား မယှိ၊ မိမိပင်သာ၊ ကြိယာမျှ၊ ဝေါဟာ တသီး၊ သတ္တိ ပြီးရှင့်၊ ခရီး ကုန်ခန်း၊ မြတ်ရာ မြန်းသည်။။ ရဟန်းပြုချိန် တိုင်တော့၏၊”(၁၁)

(ဤပိုဒ်တို့ကား ငြီးငွေ့ခြင်းစသော 'ဗျဘိစာရီဘာဝ' ဖြစ်သည်တို့ကို ပြသည်။)

(၃၅၁) *တော်*ဒူး *စနည်၊ *ကွန်းခန်းသည်နှင့်၊ ပတ်လည် ဝဲး†ယာ၊ ကြယ့်ပမာသို့၊ နေ†ရာ လိုက်လျော၊ ဘဝေါ တွင်း-ပြင်၊ ညီလာခွင်နှိုက်၊ ခိုဝင် ညွတ်-ခ၊ ဌာနန် ရ၍့၊ ကိစ္စ ရေးရာ၊ ပြည်လာ *ပြည်တဲး၊ မှု ခက်ခဲးတိ၊ နက်နဲး* ကုတ်ကော်၊ ဖြစ်ခဲ့သော်လျှင်၊ ရှုမျှော် ဉာဏ၊ ဆင်ခြင်ကြပြီး၊ ကိုယ်င ကိုယ်စီ၊ ပြည်မှု ချီလျက်၊ ပြည်ဆီ ပြည်သား၊ ပြည်ကျိုး ပွားအောင်၊ တရား မဘောက်၊ ကိုယ့်ဂုဏ် လျောက်ဖြင့်၊ စောင့်ရှောက် လုံခြုံ၊ ပညာ *ကုံသည်၊ ဉာဏ်ဟုန် ပြန့်ပြော၊ မတ် *သြော်ရောတို့။။ သဘော ခြင်းရာ၊ *စိပ်စိပ် နာလော့။ “သတ္တဝါ မြတ်ယုတ်၊ *ဗိုလ် *အစုတ်ကား၊ အဟုတ် လတ်လတ်၊ ဥပတ် သံသေ၊ ရေကြည် ဂဗ္ဘ၊ အဏ္ဍဇဟု၊ လေးဝ ယောနိ၊ မျိုး ဇာ†တိဖြင့်၊ ပ†ဋိသန္ဓေ၊ တည်နေ ပထမ၊ ရသည်ကလျှင်၊ စ၍့ ထစ်ထစ်၊ ပြန် တဆစ်မျှ၊ *မနစ် မဆိုင်း၊ တိမ် ရေလှိုင်းသို့၊ ခဏတိုင်း ရွေ့၊ သေချိန်စေ့အောင်၊ နေ့နေ့ ညည၊ ကာလ ရှည်-တို၊ ပြေးသွား အို၏၊”ကိုယ်ယှိသမျှ၊ ရိုးရိုးရွလျှင်၊ ရှေးက ဘိုး-ဘေး၊ ဘက်ဝေး မစံ၊ ခြွေရံ များပြား၊ ဘုန်းကံအားနှင့်၊ ကြီးမား ဗလ၊ တေဇဘာဏု၊ အံသုမာလီ၊ ထောင်ရံသီသို့၊ “လောကီ လူနှိုက်၊ လူ့နယ်တိုက်တွင်၊ မကိုဋ် တဆူ၊ မင်း*ဓီး မူ၍့၊ နေ့တူ အာဏာ၊ လွန်ကဲးစွာသား၊ ရာဇာရာဇ၊ စကြဝတေး၊ ထိုတဝေးတို့၊ ယှိသေး ဘယ်မှာ၊ လူတို့ရွာဝယ်၊ ရှာပါ မထင်၊ တွေ့ မမြင်ခဲ့၊ ဘယ်တွင် *တစိ၊ တည်မယှိဘူး၊ မြေကြီ့း သြဇာ၊ ပွားဝေပါလျက်၊ ယူဇနာ ဆင့်ဆင့်၊ ကပ်တိုင်း မြင့်အောင်၊ သေမင့်းအစာ၊ ဖြစ်၍့သာလျှင်၊ သတ္တဝါ*ခပင်း၊ ကုန် မကြွင်းသည်။။ သေတွင်းငုတ်ငုတ် ဝင်သကား။”(၁၂)

(၃၅၂) ပေါက်ထီး မုန် *ပြောင်၊ ဆင် ကိုးထောင်တည့်၊ ယဉ်ဆောင် ရထား၊ ရာစီ ပွားလျက်၊ ထိုရထားကိန်း၊ ကိုးသိန်း သင်္ချာ၊ နောက်မှာ မယွင်း၊ နည်းတူ ကျင်း၍့၊ မြင်း ကိုးကုဋေ၊ ခြေသည် ကိုးရာ၊ ကုဋေသာတိ၊ ကညာ ရွယ်ညီး၊ မင်းသမီးမူ၊ အသီး တွက်ရေ၊ ကုဋေ ကိုးသောင်း၊ အပေါင်း ရွေဘော်၊ နတ်*လျော် ပျိုပြန်း၊ ရံတဝန်းကား၊ ကိုးသန်း ကောဋိ၊ သင်္ချာယှိလျက်၊ အချိ *ဖြင်ပေါ၊ အံ့ဘွယ်မောမျှ၊ အက္ခောဘဏီ၊ ရွေတညီနှင့်၊ ထို-ဤ အစဉ်၊ အမြဲး ယှဉ်၍့၊ ဥယျာဉ် မြစ်ခွင်၊ သဘင် မပြတ်၊ စံပျော်တတ်လျက်၊ မိုးနတ် *တရ†ထည်၊ ခြံရံစည်သား၊ “ဦး†တည် ကမ္ဘာ၊ အစစွာက၊ မဟာသမတ်၊ အာဒိနတ်နှင့်၊ မန္ဓာတ် သုဒဿန၊ မင်းလျှင် စသည့်၊ စကြသခင်၊ လေးကျွန့်းရှင်တို့၊ ကောင်းကင် သမုဒ်၊ အုတ်အုတ် ရံသန်း၊ ထွက် စံမြန်းတိုင်း၊ ပတ်ဝန်း တွက်ဘွဲ့၊ သုံးဆဲ့ခြောက် ယူဇနာ၊ *ဗိုလ်ပါ *ပြောထွေ၊ လေးကျွန်းနေဖြင့်၊ မရေတွက်အား၊ သို့စင် များလည်း၊ တရား ဟိရီ့၊ မယှိ လဇ္ဇာ၊ သေမင်း လာ၍့၊ မညှာ မထောက်၊ မကြောက် မရှက်၊ တဟုန်နက်ဖြင့်၊ ကြက်မအားကို၊ သားနှင့် တအုပ်၊ ကျာ့းနှယ် ခုပ်ပြီး၊ နုပ်နုပ် ဝါးကာ၊ မျို၍့သာလျှင်၊ *ဗိုလ်ပါ *ခပင်း၊ လူတသင်းကို၊ မကြွင်းစေငြား၊ အကုန် စား၏၊” “မိုးဖျား ကောင်းကင်၊ လေးကျွန်းခွင်သို့၊ စက်ရှင်စီးကာ၊ ဘုန်း*ကြမ္မာကား၊ မကြာ အနည်း၊ *တဖြုတ်ချည်းတည့်၊ *တံလည်း*မြစ်လောင်း၊ တောင်ကျချောင်းတို့၊ လျင်ရှောင်း ခဏ၊ ခန်းကုန်ကြသို့၊ ဘဝ မမြဲး၊ စံဆဲးဆဲးနှိုက်၊ စဲးကြ ဟင်းလင်း၊ ကျော်စောခြင်းမျှ၊ ကြွင်းခဲ့သည်သာ၊ ခန္ဓာကိုယ်ကား၊ မထင်ရှားပြီ၊ ရထား မြင်း-ဆင်၊ *လုင် ရဲးမက်၊ လက်နက်စွဲးသူ၊ နတ်တူ ကညာ၊ ကလျာ ရွေသင်း၊ ထိုထိုမင်းသည်။။ သေခြင်း *ပြုတ်*ပြုတ်စင်သကား။”(၁၃)

(၃၅၃) ရှစ်ဆယ် သံတောင်၊ ပြိုးပြိုးပြောင်တိ၊ ရွှေတောင် *ငွားငွား၊ ပေါက် ထင်ရှားလျက်၊ နွားလား ဆင်ပေါက်၊ မြင်းလောက် စွင့်စွင့်၊ ရှစ်မင့်း ပယ်စာ၊ မြေမျက်နှာဝယ်၊ ပေါ်လာ ငုတ်လုပ်၊ ရွှေဆိတ်ရုပ်နှင့်၊ လျှိုးငုပ် မဝှက်၊ တခဲးနက်ဖြင့်၊ ထွန်ယက် လုပ်နေ၊ ထွန်ကြောင်းမြေက၊ ရွှေအတုံးတုံး၊ ကျုံး၍့ *မကုံ၊ တောင့်နှယ် ပုံအောင်၊ ဆောင်တုံ မပြီး၊ ညိုးညိုးညီးတည့်၊ တသီး ထိုမှ၊ မြားကျ တထောင်၊ မိုးလုံး လောင်မျှ၊ ဘုံဆောင် ဗိမာန်၊ ဝေယန် *ကြငှန်း၊ အံ့ဘွယ် ဆန်းလျက်၊ ရွှေနန်း မြေပေါက်၊ ထက်-အောက် ယူဇနာ၊ မြေချာ သောင်းခွင်၊ ခွန်တော် ချင်သည့်၊ ဘုရင် ဘုန်းတောက်၊ လက်*ပမ်းပေါက်က၊ လက်ဖြောက် လက်*ဖျစ်၊ ခွေရစ် ဆန့်တန်း၊ *မလန်း ခတ်မြူး၊ တချက် ကြူးက၊ ဒူးနှင့် ပုဆစ်၊ ကျွံနစ် ရတနာ၊ မိုးကြီး ရွားသား၊ မဟာ ပုညဝန်၊ လူလွန် လူမော်၊ အကျော် ဘက်ဝေး၊ ကြွယ်-ဌေး တသင်း၊ လူ့ဘုံ မင်းက၊ “လူချင်း မစောင်၊ ဆင်*ပြောင် ပေါက်ထီး၊ ငါးစီး ဆယ်စီး၊ ဆောင်သီးနိုင်စွ၊ စွမ်းဗလနှင့်၊ မထ ထိုင်ကာ၊ ခုန်သော့ခါလျှင်၊ အဋ္ဌာရသ၊ တောင် ဟတ္ထတိ၊ ထ၍့ ခုန်သော်၊ ရှစ်ဆယ်ကျော်လျှင်၊ ဂေါ်စရိယာ၊ ကာလဝက၊ ဆင်ပေါက်လှကို၊ ခဏပိုင်ပိုင်၊ ဦးထက် ထိုင်၍့၊ မကိုင် ချွန်းရိုး၊ ကြာစနိုးဟု၊ လက်ညှိုး တချောင်း၊ ထောက်ရုံ ပျောင်းသည့်၊ ကျော်သောင်း ကြေညာ၊ မင်း ရာဇာနှင့်၊ မဟာဗာဟု၊ ဝါသုဒေဝ၊ ဗလဒေဝ၊ *စောလှ နရိန်၊ ဘိမသိန်တို့၊ အချိန်ရောက်က၊ ထိတ်ကြောက် မညှာ၊ သေမိန့်စာနှင့်၊ အာဏာ ထန်ပြင်း၊ ဆောင် အတင်းသည်။။ သေမင်း *ဖြုတ်*ဖြုတ် ငင်သကား။”(၁၄)

(ဤ ၃-ပိုဒ်လုံး 'ကိုးတွင်းပြည့်ချ'၊ 'နေရောင်ချည်ပြေးချ'၊ 'ညွန့်လန်းချ'လည်း ဟူ၏၊)

(၃၅၄) ရထား တဆောင်၊ ဆင်ပြောင် တစီး၊ မြင်း သုံးစီးနှင့်၊ ရဲးကြီး ငါးယောက်၊ နည်းစဉ် လျောက်ဖြင့်၊ ထိုလောက် စစ်သည်၊ ပတ္တိမည်၏၊ ထိုသည် ပတ္တိ၊ သုံးပြန်ချိက၊ ခေါ်ဘိ သညာ၊ သေနာမုခ၊ ထိုမုခအား၊ သုံးခု ပွားသော်၊ မည်ငြား ဂုမ္ဗ၊ ဂုမ္ဗ မြှောက်သုံး၊ ခေါ်ထုံး ဂဏ၊ ဂဏ သုံးလီ၊ ဝါဟိနီတည့်၊ ဝါဟိနီစစ်၊ သုံးပြန်ဖြစ်က၊ တွင်လစ် ပုတနာ၊ ပုတနာဟူ၊ သုံးဆ ယူသော်၊ စမူမည်ငြား၊ စမူအားလျှင်၊ မြှောက်ပွား တြိ၊ အဏိကိ†နီ၊ ယင်း ဆယ်လီဖြင့်၊ ခေါဘ†ဏီစစ်၊ ကိုးဆင့် ဖြစ်၏၊ အဆစ် အဆစ်၊ သင်္ချာ စစ်က၊ ဖြန့်လှစ် ရဲးတံခွန်၊ မိုးစွန် *ငွားငွား၊ စိုက်ထူ လွှားသည့်၊ ရထား *ခပဲး၊ *စစ် တမဲးနှင့်၊ ဆင်ရဲးအပေါင်း၊ နှစ်သောင်း တထောင်၊ စွန်းဆောင် အပ၊ ရှစ်ရာ့ ခုနစ်ဆယ်၊ မြင်းဝယ် ခြောက်သောင့်း၊ ငါးထောင့် ခြောက်ရာ၊ ဆယ်စီး သာလျက်၊ လူမှာ တွက်ကိန်း၊ တသိန်း ကျော်ဆောင်၊ ကိုးထောင် လွန်က၊ သုံးရာ့အမြတ်၊ ငါးကျိပ် မှတ်၍့၊ ပညတ် သညာ၊ ရှေးရာဇာတို့၊ စဉ်လာ မင်းသုံး၊ ယုတ်ဆုံး *တုမဲ့၊ တုန် မ*ဟဲ့သား၊ တပ်ဘွဲ့ ခေါဘဏီ၊ တလီ မှတ်ထုံး၊ ပေါင်းစုရုံးသား၊ ဝါးလုံး ခြောက်ဆယ်၊ စည်း ခြောက်ဆယ်ကို၊ မြူ့နှယ် †မုန့်၍့၊ အ†မှုန့် ဖြစ်စေ၊ နင်းကြ†ချေသည့်၊ ဗိုလ်†ခြေ စစ်ချီ၊ ခေါဘဏီတည့်၊ ထို-ဤ များလှ၊ ထိုမျှ ခေါဘဏီ၊ အင် အညီဖြင့်၊ ရှစ်လီ ဆယ်လီ၊ ဆဲ့ရှစ်လီနှင့်၊ နောင်ညီ ဒသ၊ “ပ ဉ္စာလတို့၊ မာနဟုံးစုံး၊ ဘက်*မဲ့ ကြံူး၍့၊ လက်ရုံး ဆန့်မိုး၊ ပြည်တရိုးကို၊ စစ်ထိုး ဘောင်ဘောင်၊ ပွဲးတိုင်း အောင်လည်း၊ ဘုန်းခေါင်*သနင်း၊ သျှင်သေမင်းအား၊ အလျှင်း စစ်ပြိုင်၊ မအောင်နိုင်ကြောင့်၊ ခုတိုင် မျက်မြင်၊ လူတို့ခွင်ဝယ်၊ မထင် ပြက်†ပြက်၊ သေမင့်းစက်နှင့်၊ ပျက်†ပျက် ယွင်းယွင်း၊ ကြေမွလျှင်း၍့။။ သေတွင်းဝင်ကြလေကုန်စွ။”(၁၅)

(ဤအချကား 'ရွှေလောင်းပြန်' ချနည်း ဟူ၏၊)

(၃၅၅) ဝါလ အက္ခဏ၊ သဒ္ဒ သရ၊ နာမ မည်ယှိ၊ ဝေဓိလေးသွယ်၊ မြားရေး ငယ်တည့်၊ အံ့ဘွယ် ထူးခြား၊ သားမြီးဖျားတွင်၊ ဆွဲးထား ဝေးသီ၊ *လုမ္ပနီဟု၊ သညီ *အတီး၊ ခရမ်းသီးဖြင့်၊ မှတ်ပြီးတုံလျှင်၊ သားမြီးပင်ကို၊ ဆွဲးငင် ထစ်ထစ်၊ မှန်အောင် ပစ်သား၊ ခေါ်လစ် နာမ၊ ဝါလဝေဓိ၊ မျက်စိ တမှိတ်၊ နတ်ကြိတ် တလက်၊ လျှပ် တပြက်နှိုက်၊ မြားချက် ခုနစ်၊ ရှစ်ဆင့် ပစ်သား၊ စင်စစ် မြန်လှ၊ အက္ခဏဝေဓိ၊ ကြားဘိ ရော်ရမ်း၊ သံကို ဖမ်း၍့၊ ပစ်စွမ်းနိုင်စွ၊ ချက်တိုင်းရသား၊ သဒ္ဒဝေဓိ၊ ရှေးတိပစ်ငြား၊ အလျင်မြားကို၊ နောက်မြား မုချ၊ မှန်စေစွသာ၊ သရဝေဓိ၊ မည်ဘိပိုင်းခြား၊ ဤလေးပါးထက်၊ မြားကို မြားဖြင့်၊ ဟန့်တား တချက်၊ မကရ်းကွက်နှင့်၊ မြားစက်ဝန်း တသွယ်၊ မြားနွယ်တန်း တမျိုး၊ မြားကြိုးနွယ် တတန်၊ မြားချင်းမှန် တမှတ်၊ မြားပြာသာဒ် တပါး၊ မြားမဏ္ဍပ် တခန်း၊ မြားစောင်းတန်း တဖြာ၊ မြားမိုးရွာ တဆိုင်း၊ မြားတံတိုင်း ခတ်ဟန်၊ မြားရေကန် တရပ်၊ မြားကြာချပ် တသီး၊ မြားရေးကြီးဟု၊ *အတီး ခေါ်ရိုး၊ ဆဲ့နှစ်မျိုးကို၊ အစိုးတရ၊ စွမ်းနိုင်ကြ၍့၊ တတ်လှ ထင်ရှား၊ လေးသမားကြီး၊ သီးသီး ဆိုင်ကာ၊ လေးမျက်နှာက၊ မချာ ရွက်စပ်၊ လေးယောက် ရပ်ပြီး၊ ထပ်ထပ် ငင်ဆွဲး၊ *ဖြော်ဖြော်ကြဲး၍့၊ မိုးဖွဲးသ†ဖွယ်၊ မလွဲး†ဘွယ်တိ၊ ချိန်ရွယ် ပစ်ရှောင်း၊ မြားအပေါင်းကို၊ တချောင်းမြားဖြင့်၊ ဟန့်တား ကွယ်ကာ၊ ရာဇာ ခုနစ်သင်း၊ ပြည်ထောင်မင်းသို့၊ တစင်းစီသာ၊ မိန့်တော်စာနှင့်၊ မကြာ လျှင်ကြောင်း၊ ပြေးကုန်ရှောင်းဟု၊ ဥဒေါင်းမြီးလှ၊ *ရွက်လှ စိန်သွား၊ စကြာမြားကို၊ ပစ်ငြား မချွတ်၊ စေလိုက် လွှတ်၍့၊ *ရွတ်ရွတ် လွယ်ကူ၊ အောင်ပွဲးယူသည်၊ “ပြိုင်တူ မရ၊ ဘက် မမျှအောင်၊ ရှေးက ကျော်ထင်၊ သရဘင်နှင့်၊ ဘုရင် အသဒိသ်၊ ဝှန်ထိတ် တေဇာ၊ မဟာဇနက၊ သဟဿဗာဟု၊ မင်းအဇ္ဇုတို့၊ ယခု ဘယ်မှ၊ ရှာမရတည့်၊ မရဏညစ်၊ သေမင့်းစစ်ကို၊ မပစ်နိုင်စွာ၊ မကာနိုင်ကြ၊ ထိုကိစ္စကြောင့်၊ တကွ မနှေး၊ *ဗိုလ်†အလှေးနှင့်၊ †လေးပါ မင်းပါ၊ သေမင့်းရွာသို့၊ လိုက်ရှာကုန်လျှင်၊ ထိုတသင်းသည်။။ မကြွင်း စင်ကြလေကုန်စွ။”(၁၆)

(ရှေးအတူ 'ရွှေလောင်းပြန်' ချနည်း ဟူ၏၊)

(၃၅၆) “အောက်-ထက် ပြင်းဟုန်၊ ကွဲးပေါက်*သုန်၍့၊ ကျမုန်တီးတီး၊ အာသောက်စီးသား၊ *ပြောင်ကြီးမဟာ၊ ယတြာမျိုးစစ်၊ ဆိုးမုန်ယစ်တို့၊ သစ်နှင့် သံတိုင်၊ *တုရုဏ်ပြိုင်လျက်၊ ကြံ့ခိုင် ကြီးမား၊ မြို့တံခါးနှင့်၊ ကျောက်သား တူယောင်၊ ကျောက်တောင် *တူနိုး၊ သူ့မြို့ရိုးကို၊ ပစ်ထိုး ကော်†ကြည်း၊ ဖြိုဖျက် လှည်း၍့၊ ကြော်†ကျည်း ကျာ+ကျာ၊ ငှက်ကြိုး+ကြာသို့၊ သံဝါ ကြွေးလျက်၊ ဝှေ့ပက် နင်းချိုး၊ သိသိကျိုး၏၊ ကျားဆိုး သစ်ဆိုး၊ သားရဲးမျိုးနှင့်၊ တောစိုး ခြင်္သေ့၊ ဟူသရွေ့လည်း၊ တွေ့တွေ့ရာရာ၊ သတ္တဝါကို၊ ဖမ်းကာလတ်လတ်၊ ကိုက်စားတတ်လျက်၊ လောကတ္တယ၊ စိုးပိုင်သသည့်၊ မရဏဗိုလ်၊ သေမင်းကိုမူ၊ မမျိုနိုင်တတ်၊ မသတ်နိုင်ကြ၊” “ဤလောကနှိုက်၊ လူမျာ့း ကိုယ်တွင်၊ ပူးဝင် *ချောက်ချား၊ ဖမ်းစား မရှောင်၊ သေအောင် မပြတ်၊ နှိပ်စက်တတ်သား၊ သူရဿတီ၊ နတ်ဒေဝီ၏့၊ သခီ မိတ်ဆွေ၊ ခိုင်းပယ် စေသည့်၊ ရံရွေ ပရိဝါ၊ သင်္ချာ တွက်ဘွဲ့၊ ခြောက်ဆဲ့လေးလီ၊ ဇော်ဂနီနှင့်၊ ဘူတီ ဘူတ၊ စသည် ကျော်ဟိုး၊ စုန်းဘုတ်ဆိုးလည်း၊ ညှိုး၍့ *ယခင့်၊ သေမင့်းကိုယ်တွင်၊ မဝင်ဝံ့ကြ၊” “ပုဏ္ဏကကြီး၊ နတ်မြင်း စီးနှင့်၊ လေ-မီး-ရေ-မိုး၊ သဲး-ညွန်မျိုးပါ၊ ပုဆိုးလက်နက်၊ နတ်စက် ဘွဲ့ဖြူ၊ အဆူဆူကို၊ စွဲးယူ ကိုင်ထ၊ တန်းခိုးရှသား၊ ဒေါသ လှိုက်ပွက်၊ အာဠဝက်ဟု၊ ကြမ်းခက် ထင်ရှား၊ နတ်ယောက်ျားက၊ ထူးခြား ကြောက်ဘွယ်၊ အစွယ် ရှစ်ချောင်း၊ ခြေ သုံးချောင်းနှင့်၊ မြေစောင်း မတတ်၊ တန်းခိုးမြတ်သည့်၊ နတ် ကုဝေရ၊ ယက္ခိန္ဒလည်း၊ ဒေါသ သည်းဝှန်၊ ထွက်သည့်မာန်ဖြင့်၊ ကုမ္ဘဏ်တို့ကို၊ မျက်တော်ညို၍့၊ ထိုခဏခြင်း၊ လက်တွင်း ကိုင်ရှောင်း၊ သံချောင်းစကြာ၊ နတ်ဂဒါဖြင့်၊ တခါ *ကြွတ်ကြွတ်၊ လွှတ်က ပြင်းထန်၊ ကြွင်းမကျန်အောင်၊ ကုမ္ဘဏ်တထွေ၊ သိန်းကုဋေကို၊ ဖြတ်ချွေ ဥက္ခောင်း၊ ဦးလည်*တောင်းလျက်၊ လျင်ရှောင်း ပြန်ကာ၊ လက်ရောက် လာ၏၊ နယနာဝုဓ၊ ယမမည်ခေါ်၊ နတ်မင်းကျော်လည်း၊ မာန်တော် နှိပ်၍့၊ တရိပ် မျက်စောင်း၊ ထိုးလိုက်ရှောင်းက၊ အသောင်း ဆယ်ဆ၊ များလှ ကုဋေ၊ ရက္ခိုသ်တွေတို့၊ ကျွမ်းကြေ ပြာ†ဖြစ်၊ ဆား မီးချစ်သို့၊ ဖျစ်†ဖျစ်မြည်ထ၊ ပျောက်ပျက်ရ၏၊ ထိုမျှ *ခပင်း၊ တေဇာ ပြင်းသား၊ နတ်မင်းတို့လျက်၊ တန်းခိုးစက်နှင့်၊ လက်နက် မျိုးစုံ၊ စိုးရတုံလည်း၊ သုံးဘုံ †အရှင်၊ သေမင်း†သျှင်ကို၊ ဘယ်တွင် ဘက်ပြိုင်၊ မဆိုင်ဝံ့ကြ၊”ထိုမှ ကျော်ဟိုး၊ အမျိုးမျိုးတည့်၊ “တန်းခိုး မဟိဒ်၊ ပုညဇိဒ်နှင့်၊ ကမ္မဇိဒ် တဖြာ၊ ဝိဇ္ဇာမယိဒ်၊ ဣဒ္ဓိဝိဓ်ဖြင့်၊ ဂုဏ်ဟိတ် ထင်ရှား၊ လွန်ကြီးမားသား၊ နဂါး ပနန်၊ သုပဏ် ဣန္ဒ၊ ဝသ-နိမ္မိတ်၊ ဟာရိတ် မဟာ၊ မိုးဗြဟ္မာက၊ သမ္မာသမ္ဗုဒ္ဓ၊ အဆုံးကျအောင်၊ သေ†ကြ မကြွင်း၊ သေစာရင်းနှင့်။။ သေမင်း ငင်ကြလေကုန်စွ။”(၁၇)

(ရှေးအတူ 'ရွှေလောင်းပြန်' ချနည်းဟူ၏၊)

(၃၅၇) ဤကိုယ် အစ၊ ဖြစ်ခြင်းကလည်း၊ ကာယ ဘာဝ၊ ဝတ္ထုမျှဖြင့်၊ ဒသက သုံးသွယ်၊ ရုပ် သုံးဆယ်တို့၊ *နုန့်နယ် ပရမ၊ ငယ်ဆုံးစွလောက်၊ ကလလမည်၊ ရုပ် ရေကြည်လျှင်၊ စတည် ခုနစ်ရက်၊ ဖြစ်လျက် သိမ်းရုပ်၊ ဘောက်ပြန် ချုပ်ပြီး၊ အမြှုပ် သားတစ်၊ အနှစ် တခဲး၊ ငါးကွဲး ခက်ဖြာ၊ သတ်-ပ ဉ္စာတိုင်၊ ရက်ကြာ လွန်မှ၊ သတ်-အဋ္ဌနှင့်၊ နဝ ဒသ၊ သတ္တာဟချည်း၊ ပေါင်းစည်း တွက်ဘွဲ့၊ ခြောက်ဆဲ့လေးရက်၊ ယုတ်တက်*မဲ့လျှင်း၊ ထို့အတွင်းမျှ၊ မကြွင်းစေမှု၊ ကံလျှင် ပြုသား၊ စက္ခု သောတ၊ ဃာန ဇိဝှါ၊ စဉ်တိုင်းသာတည့်၊ ခြောက် အာယတန၊ လူ့ဘဝနှိုက်၊ ဥပစယ သန္တတိ၊ ဟူတုံဘိလျက်၊ ဇာတိ တပါး၊ နှစ်မည် ပြား၍့၊ ထင်ရှား ဖြစ်ရိုး၊ ရွေ့ရွေ့ တိုးမှ၊ ကိုးလ ဆယ်လ၊ တိုင်က ဘွားခါ၊ ဓမ္မတာတည့်၊ *ကြမ္မာ ဥတု၊ ပိုး-လေမှုနှင့်၊ ဥပက္ကမ၊ ကြောင်း ထိုမျှကြောင့်၊ ဝမ်းကတည်းပင်၊ မဘွားမြင်ခင်၊ ပြင်သို့ မကျ၊ ပျောက် ကြေမွ၍့၊ သေကြ ပျက်ကြ၊ မဘွားရဘူး၊ ဘွားက ဘွားစ၊ တရက်ရနှင့်၊ တလ တနှစ်၊ အဆစ်ဆစ်တိုင်း၊ နို့*အစ်နာစု၊ မက္ခယု မက္ခဝါ၊ မာတြာ စုန်း-နတ်၊ ဥပဒ် ရောဂါ၊ ဝေဒနာနှင့်၊ စားစာ ပူ-ဧး၊ ဖျားနာရေးက၊ အိုဘေး နာဘေး၊ ရှုပ်၍့ ထွေးအောင်၊ သေဘေး အန္တ†ရာယ်၊ *ပေါ†ယာယ် ထွေပြား၊ ကြောက်ဘွယ် များခဲ့၊ ဆူးကြား ဗူးသီး၊ အနိုင် ကြီး၏၊ ဖြစ်ပြီး သေခါ၊ မလွဲးသာရှင့်၊ မှန်စွာ အဖြောင့်၊ လမ်း မထောင့်ဘူး၊”ထိုကြောင့်ရကား၊ ငါ မင်းဖျားအား၊ “လှံဓား သေနစ်၊ အဆစ်ဆစ်ဖြင့်၊ ပတ်ရစ် တွင်း-ပြင်၊ ရုံးချင်း တင်လျက်၊ ဝန်းကျင် ထိုမျှ၊ နေ့-ည *စင်းလျင်း၊ ရွေရံသင်းတို့၊ ရှေ့ဝင်း နောက်ဝင်း၊ ဝဲး-ယာဝင်းနှင့်၊ အတွင်း ခြောက်စို့၊ ပြင် ခြောက်စို့ပါ၊ ဆီး-ဆို့ ပတ်ခြံ၊ ထပ်ထပ် †ရံ၍့၊ နန်း†ယံ ဘုံတွင်း၊ စံတုံလျှင်းလည်း၊ သေမင်းလုံရာ၊ မရသာခဲ့၊” “အင်္ဂါ လေးပါး၊ ရထား မြင်း-ဆင်၊ အတင်တင်ဖြင့်၊ မြေပြင် ညီလင်း၊ မဟာ ကျင်းပြီး၊ ဗိုလ်သင်း စီမံ၊ တင်း ခုခံလျက်၊ လေး-လှံ *အဲးမောင်း၊ စိန်ပြောင်း မီးပေါက်၊ အမြောက် *မြတပူ၊ *ပြောထူ လက်နက်၊ ဝန်းရှက် ရံလစ်၊ လွန် အားသစ်၍့၊ ထိုးပစ်ပါလျှင်း၊ ထိုသေမင်းကို၊ အောင်ခြင်း ဘယ်ခါ၊ မရရာခဲ့၊” “ရက်ကြာ လရှည်၊ နှစ်ပွားစည်တိုင်း၊ *တူတည် *တူရူ၊ ရှေးရှူသဖြင့်၊ သတ်မည်လင့်သည့်၊ သေမင့်းအပါး၊ ရွေ့ရွေ့သွား၏၊ ကျားခံတွင်းပေါက်၊ မြွေ့အာစောက်သို့၊ မြောက်တိ မြောက်တောက်၊ မျက်စိ မှောက်၍့၊ ဝင်ရောက် သားကောင်၊ တိုးသော့ယောင်တည့်၊”တည်ထောင် ပြည်ကြီး၊ အသီးသီးလျှင်၊ နန်းထီး စိုးအုပ်၊ “ဆောက်လုပ် အိမ်ရာ၊ ဥစ္စာ သိမ်းဆည်း၊ အပည်းပည်းဖြင့်၊ ပစ္စည်း ပစ်ယံ၊ မြေ့နှယ် မံလည်း၊ အကြံ မချ၊ တရွရွတည့်၊ ကိစ္စ မအား၊ မလပ်လျားဘဲး၊ မယား *ပြိန်းပြောင်၊ ယူ သိမ်းဆောင်လျက်၊ အိမ်ထောင် *ရောရု၊ သားမြေး စု၍့၊ ကောင်းမှု မလို၊ ကုသိုလ် မပွား၊ တရား မေ့လျော့၊ တမော့မော့နှင့်၊ လတ်ကြော့ ပျော်ပါး၊ လွန် ထင်ရှားအောင်၊ နေငြားတုံဘိ၊ ဤကိုယ်ယှိသား၊ ဇာတိ မကင်း၊ တို့တသင်းကို။။ သေမင်း မမြင် နေလိမ့်နည်း။”(၁၈)

(၃၅ဂ) အာဒိကပ္ပ၊ အမည်ရသား၊ ကမ္ဘာ့ကျမ်းလာ၊ နေ-လမှာလျှင်၊ ကမ္ဘာဦးက၊ အစဉ် စ၍့၊ အန္တရတိုင်း၊ အပိုင်း မလွန်၊ တမနွန် တမျိုး၊ ပေါ်ရိုး ထပ်ထပ်၊ ရုပ် မစပ်ဘဲး၊ တကပ် တပုံ၊ ထင်တုံ ရေဘွဲ့၊ ခြောက်ဆဲ့လေးရုပ်၊ သင်္ချာ ချုပ်၏၊ ခု ပစ္စုပ္ပန်၊ ဝတ္တမာန်နှိုက်၊ ဤအန္တရ၊ ဧကာဒကား၊ လမှာ ယုန်ရုပ်၊ နေ ဒေါင်းရုပ်တည့်၊ နေရုပ် လ,ရုပ်၊ ကမ္ဘာရုပ်လည်း၊ ဖြစ်-ချုပ်လက္ခဏာ၊ မမြဲးစွာဘူး၊ သဝိညာဏက၊ သက်ဇီဝနှင့်၊ ထိုမျှ သတ္တဝါ၊ တို့ သူ-ငါမူ၊ ဘယ်မှာ ဆိုရေး၊ ရှိလတ်သေးလိမ့်၊ ပြေး မလွတ်ကြ၊ ဘဝဝတိုင်း၊ အနိစ္စသာ၊ ဓမ္မတာ အစစ်၊ ဖြစ်ခဲ့ မယွင်း၊ မှန် *စင်းလျှင်းတည့်၊ ရံသင်း *ဗိုလ်ပါ၊ များလှစွာသား၊ ကမ္ဘာ ကပ်ဦး၊ *ပက†တူးက၊ လွန်†ထူး ကမ္ဘာ၊ နေ့ပမာသို့၊ မဟာသမ္မတ၊ ဂေါတမဟု၊ အာဒိစ္စနွယ်၊ ဘုန်းကြွယ် မင်းမြတ်၊ လေးကျွန်း ပတ်သား၊ မန္ဓာတ် စကြာ၊ မဟာသုဒဿန၊ ပနာဒက၊ စသည် သီးသီး၊ နတ်ကြီး တေဇ†ဝန်၊ တန်းခိုး ဂ†ဝှန်သည့်၊ ဆိပ်မွှန် နဂါး၊ သိကြား ဒေဝရာဇ်၊ ဗြဟ္မာစစ်နှင့်၊ မြိုက်နှစ် သြဇာ၊ လေးသစ္စာက၊ ဉာဏ် အာသဝက်၊ အဂ္ဂမဂ်ဖြင့်၊ အနက် ဆဲ့ခြောက်၊ ထွင်းဘောက် *ဥဿုံ၊ အာဂုံ ရယှိ၊ လက်ကိုင်မိလျက်၊ မချီ *မချန်၊ အသင့် မှန်အောင်၊ မဘောက်ပြန်ငြား၊ အပြား မြင်-သိ၊ လိုလို သိဟု၊ အဝိပရိတ်၊ ဖိုလ်-ဟိတ်အညီ၊ ပါရမီတိုင်း၊ ဝသီ ငါးဘော်၊ လူ-နတ်ပေါ်တွင်၊ အကျော် နှစ်ဆိုင်း၊ သမ္မာဂိုဏ်းနှင့်၊ သံဂိုဏ်းမည်ဘိ၊ ဗောဓိပညာ၊ ပွင့်ကြစွာသည်၊ သမ္မာ ဗုဒ္ဓ၊ သမ္ဗုဒ္ဓဟု၊ သာဝကသင်း၊ လွတ်ကင်း ဆရာ၊ ပစ္စေကာက၊ သမ္မာလည်းထိုက်၊ သံလည်း ထိုက်လျက်၊ ကာရိုက် သုဒ္ဓ၊ ဗုဓတ္ထ၏့၊ ဉာဏ ဇာဂရ၊ ဝိသကဖြင့်၊ အတုလမှူး၊ လူ သုံးဦးထက်၊ ဂုဏ်ထူး မဟာ၊ လွန်ကြူးစွာသား၊ သမ္မာသမ္ဗုဒ်၊ နုတ္တရမျိုး၊ တရားစိုးတို့၊ အကျိုး ဝိပါက်၊ ပစ္စည်း ဆက်၍့၊ မပျက်သေးစွာ၊ အပဟာတဗ္ဗ၊ ဗျာကတဖြင့်၊ ဒုက္ခဟူဘိ၊ ထင်ရှားရှိသား၊ လောကီ့ခန္ဓာ၊ ဝဋ်မီးစာတည့်၊ ဥပါဒါန၊ သက္ကာယဟု၊ ကိုးဘဝတွင်း၊ မလွန်လျှင်း၍့၊ စာရင်းဝင်ထွေ၊ တည်သန္ဓေကြောင့်၊ အိုသေဓမ္မ၊ မလွတ်ကြဘူး၊ “ယသ ဗလ၊ ထာမ တေဇာ၊ ပညာ ဣဒ္ဓိ၊ မယှိ လုံး*ဓွန်း၊ ကိလေ မွန်းလျက်၊ ဖြစ်ဆန်းမည်ကာ၊ လူတို့ရွာတွင်၊ သူ-ငါက စ၊ ပိုးလောက်မျှတိ၊ ပုည *မဲ့မျိုး၊ ဘုန်း မ*ဖြိုးသား၊ တန်းခိုး သိမ်ဖျင်း၊ လူပြိန်း*ပျင်းကို။။ သေမင်း မငင်နေပိမ့်နည်း။”(၁၉)

(၃၅၉) တွင်းဝန်း စက္ကဝါ၊ မြေမျက်နှာဝယ်၊ ကမ္ဘာပေါ်ထ၊ နေ့က စ၍့၊ နေ-လ *နက္ခတ်၊ လက်ျာခတ်လျက်၊ ပတ်ပတ်လှည့်သွား၊ ရပ် မနားလျှင်၊ ပ ဉ္စတားဂြိုဟ်၊ ဗိုလ်နှင့် တကွ၊ တည်ကုန်ကြသား၊ လောက ဓမ္မတာ၊ သတ္တဝါတို့၊ သုဘာသုဘ၊ ကမ္မအလို၊ ပစ္စည်း *ကြို၍့၊ ပုဂ္ဂိုလ် လောကဓာတ်၊ အဇ္ဈတ် ဗာဟီ၊ နှစ်လီ ခြားသီး၊ သေးငယ် ကြီးကို၊ လေမီး ရေ-မြေ၊ ပြုပြင်ထွေဖြင့်၊ သန္ဓေ စပ်မှီး၊ အစဉ် ပြီး၏၊ ဓာတ်ကြီး လေးသွယ်၊ ရှစ်ဆယ် နှစ်ပေါင်း၊ မိုး-ဆောင်း နွေစု၊ သုံးဥတုသို့၊ ရောက်မှု ဘန်ဘန်၊ ပြန်ပြန်ကာလ၊ လှည့်နေကြသည့်၊ ပါပ မုံတိုင်း၊ ဓာတ်ပိုင်း ဗာဝီ၊ စဉ်စီ ထိုမှ၊ ဝင်္က ဝီထိ၊ သွားဘိ ခရီး၊ အကောက်†မှီး၍့၊ †မီး သူရစ္စ၊ ဒွါဒသနှင့်၊ မြိတ္တ ရေဓာတ်၊ သောဠသ် နှစ်ပေ၊ မြေ ကောလီကား၊ သုံးဆယ်အားဖြင့်၊ ပေါင်းငြား သီတိ၊ နှစ်အယှိတွင်၊ မြေကြီ့းသဘော၊ ခိုင်ခက်မော၏၊ ဝါယောဓာတ်တွက်၊ ရုတ်ရုတ်ရက်ဖြင့်၊ ငြိမ်သက် မတည်၊ မီးတမည်မူ၊ လောင်သည် မယွင်း၊ ရှိန် ပူပြင်းလျက်၊ အိုခြင်း ရင့်ရွယ်၊ ကြေပျက်လွယ်၏၊ ရေဝယ် နူးညံ့၊ မခံ့ တွင်း-ပြင်၊ သွေးရွှင် သံ*ပြော၊ မြဧးသောရှင့်၊ သဘော ချင့်နှိုင်း၊ ဓာတ်အတိုင်းဖြင့်၊ ပတ်တိုင်း ရောက်တိုင်း၊ လေပိုင်း မီးပိုင်း၊ ရေအပိုင်းနှင့်၊ မြေပိုင်း လှည့်ကာ၊ ဖြစ်မြဲးသာတည့်၊ သတ္တဝါ ရုပ်ဓာတ်၊ စိတ္တုပ္ပါဒ်လည်း၊ ထိုဓာတ် မလွဲး၊ ဘောက်ပြန်မြဲးကြောင့်၊ ဓာတ်လဲး ဓာတ်ပြောင်း၊ ဆိုး-ကောင်း အရသာ၊ သြဇာ ဝတ္ထု၊ စာရေစုနှင့်၊ ဥတု ပူ-ဧး၊ လွန်ဘေး ယုတ်နာ၊ ဝေဒနာဖြင့်၊ ဓာတ်နာ ကပ်နာ၊ မပြတ်စွာအောင်၊ ရောဂါ ဥပဒ်၊ နာနတ် ထွေပြား၊ တွေ့ ခံစားလျက်၊ အများ*တကာ၊ ဤလူ့ရွာတွင်၊ သူ-ငါတသင်း၊ လူ*ခပင်းသည်။။ သေတွင်း မဝင် နေချိမ့်နည်း။ (၂၀)

(၃၆၀) ဤသို့ မင်း †ကျော်၊ အာလုပ် ဘော်၍့၊ အ†ကြော် တ+ငြာ၊ မတ်*တကာအား၊ ကြေ+ငြာ ထက်-အောက်၊ မှတ်လောက် သားကောင်း၊ ရုံးပေါင်း စီစဉ်၊ တရား ယှဉ်ပြီး၊ ပညာဉ် ထိန်း†ကျောင်း၊ မှတ်တိုင်း ကောင်းအောင်၊ ကျိုး†ကြောင်း ညှိလျက်၊ အဋ္ဌက္ခ†ရ၊ လေးပါဒတိ၊ တတီ†ယ ရ-ကာရဝိပုလာ၊ ပထျာဖြင့်၊ ဂါထား ဆန်းလိုက်၊ ဧကပိုဒ်ကို။။ ကြူးရိုက် လေးနက်၊ မိန့်တော်မြွက်တည်း။ (၂၁)

(ဤဓမ္မဒေသနာခဏ်းတို့ကား 'ဘယဋ္ဌာယီဘာဝ, ဉာဏဘယာနကရသ'၏ ဉာဏ်အမြင်ဟုဆိုအပ်သော 'မတိဗျဘိစာရီဘာဝ'ကို ပြသည်ချည်း။) ဓမ္မဒေသနာခဏ်း (၂၁)ပိုဒ် ပြီး၏၊