ပရိတ်ရွတ်သူ, ပရိတ်နာသူ လင်္ကာ

From Wikisource
Jump to navigation Jump to search
ပရိတ်ရွတ်သူ, ပရိတ်နာသူ လင်္ကာ
by အမည်မသိ

သဒ္ဒါအနက် ယိုယွင်းကွက် ပျက်ဘိပယောဂ၊

စိတ်နေယွင်းကွက် လာဘ်ကိုမက် ပျက်ဘိ အာသယ၊

သဒ္ဒါနက်ဖုံ နှုတ်အာဂုံ ပြည့်စုံ ပယောဂ၊

လာဘ်မငဲ့တုံ မေတ္တာထုံ ပြည့်စုံ အာသယ၊

ပရိတ်ရွတ်သူ အင်္ဂါဟူ မှတ်ယူပဏ္ဍိတ။။

အာနန္တရိကံပဉ္စိ မရှိ တ အင်္ဂါ၊

နိယတဒိဋ္ဌိ ကိလေသိ မရှိ တ အင်္ဂါ၊

သဒ္ဓါတရား ပြည့်စုံငြား မှတ်သား တ အင်္ဂါ၊

ရိုသေလေးစား နာယူငြား မှတ်သား တ အင်္ဂါ၊

ဤသည့်လေးပါး ပြည့်စုံငြား နာကြား ဘေးကင်းစွာ။

(၁) သဒ္ဒါလည်းစင် (၂) အနက်ထင် (၃) သက်ဝင်မေတ္တာထား

ရွတ်ဖတ်သူမှာ အင်သုံးဖြာ မှတ်ပါ ကျမ်းစကား။

(၄) လာဘ်မငဲ့ကွက် ထည့်ကာစွက် မှတ်ချက် အင်လေးပါး။

ခန္ဓာတွင်းပြင် သန့်ရှင်းစင် ကြိုတင်ဆောင်ရွက်ကြ၊

ဝတ်စားဖြူစင် ဝတ်ဆင်ကာ သန့်စွာထိုင်ကုန်ကြ၊

အစာအာဟာရ သင့်တင့်မျှ စားကြတစ်နည်းပြ၊

ဆိတ်ငြိမ်ချမ်းသာ ဖြစ်ဖို့ရာ ကောင်းစွာဆောက်တည်ကြ၊

ရွတ်ဖတ်နေရာ သပ်ရပ်စွာ ကောင်းစွာ သုတ်သင်ကြ။

အသံ ဌာန် ကရိုဏ်း စာလုံးတိုင်း ဖြတ်ပိုင်းဆိုတတ်ကြ၊

မိမိရွတ်ဆို ပရိတ်ကို ကြည်ညိုသက်ဝင်ကြ၊

ပရိတ်ရွတ်ခြင်း မေတ္တာနှင်း မယွင်းလာဘ်ရှောင်ကြ။

လေးစားကြည်ညို နာယူလို စိတ်ကို မြှင့်တင်ကြ။

အယူမမှန် မိစ္ဆာရန် တဖန်ရှောင်ရှားကြ၊

ယုံကြည်လေးနက် ခံယူချက် အားတက်မှတ်သားကြ။။

ဌာန် သိ မေတ္တာ ရွတ်သူမှာ၊ ယုံ သိ ကံ ကွာ နာသူမှာ သုံးစီ အင်္ဂါမှတ်ကုန်ပါ။