ဝဋ္ဋသုတ် လင်္ကာ

From Wikisource
Jump to navigation Jump to search
ဝဋ္ဋသုတ် လင်္ကာ
by အရှင်သာသနဝရ

၁။ အလောင်းတော် ဗောဓိသတ်၊ ငုံးမင်းမြတ်က၊ ဗုဒ္ဓ ဓမ္မ၊ သံဃ၏ဂုဏ်၊ အဖုံဖုံကို၊ အာရုံပြုကာ၊ ဆင်ခြင်ကာ၊ သစ္စာဆိုခဲ့ပေ။
၂။ အတောင်နှစ်ဘက်မှာ၊ ပါတော့ ပါ၊ မပျံသန်း နိုင်ပါပေ။
၃။ ခြေနှစ်ချောင်းမှာ၊ ပါတော့ ပါ၊ မသွားလာနိုင်ပါပေ။
၄။ မိဘနှစ်ပါး ရှိလျက်သား၊ ပြေးသွားကုန်ပါပေ။
၅။ ဤသည့်စကား၊ မှန်ကန်ငြား၊ မီးကွင်းသွားပါစေ။
၆။ သစ္စာတန်ခိုးကား၊ လွန်ကြီးမား၊ မီးကွင်းသွားခဲ့ပေ။
၇။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၈။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁၀။ ဝဋခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၂။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၃။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။