သစ္စာပြခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၃။ သစ္စာပြခဏ်း


သတ္ထာပိ န ဘိက္ခဝေ တထာဂတော ဣဒါနေဝ မဟာဘိနိက္ခမနံ နိက္ခန္တော ပုဗ္ဗေပိ နိက္ခန္တောယေဝါတိ ဣမံ ဓမ္မဒေသနံ အာဟရိတွာ ဒေဿတွာ စတ္တာရိ သစ္စာနိ ပကာသေတိ။

(၅၁၉) သာသတိ အနုသာသတိ၊ ဘွင့်ဘိ ဝိဂ္ဂဟ၊ အနွတ္ထဖြင့်၊ လောက သုံးဆူ၊ နတ်နှင့် လူကို၊ အတူ ပါအောင်၊ မဂ်ရွှေဘောင်နှိုက်၊ တင်ဆောင်လိုစွာ၊ ကရုဏာဖြင့်၊ မကောင်းရာ ကြဉ်၊ ကောင်းရာ ယှဉ်ဟု၊ အစဉ်မပြတ်၊ ဆုံးမတတ်ကြောင့်၊ ပရမတ္ထ၊ ဓာတ်အရကား၊ ဓမ္မသမုဋ္ဌာန်၊ ရွှေဉာဏ် ဒေသနာ၊ ပညာတော်မြတ်၊ ဓမ္မသတ်တည့်၊ လက္ခဏတ္ထ၊ ဌာနျူ စသား၊ ထိုမျှ ဆယ်ဖြာ၊ ဥပစာမူ၊ ခန္ဓာ ပဉ္စက၊ သန္တာနဟု၊ ဒဗ္ဗ ဝိသေသ်၊ ပညတ်ဖြစ်သား၊ ပတ်ရစ် ရုံးဘွဲ့၊ သုံးဆဲ့နှစ်ဖြာ၊ မဟာပုရိသ၊ ဝိစိတြလက္ခဏာတော်ကြီး၊ ညီးညီး *ရွှန်းကယ်၊ လွန်ဆန်းကြယ်သား၊ ရှစ်ဆယ်အစု၊ အနုဗျ ဉ္ဇန၊ ဗျာမ ပဘာ၊ ရောင် ခြောက်ဖြာက၊ အသာဓာရုဏ်၊ ကိုးပါးဂုဏ်နှင့်၊ သမ္ပုဏ္ဏစစ်၊ တု မရစ်သည့်၊ ရှင်ချစ် မြတ်စွာ၊ *စော သတ္ထာလည်း၊ သံသရာနယ်၊ ကန္တာကျယ်မှ၊ ခြောက်သွယ် ဝိသုဒ်၊ အနုတ္တရ၊ ဝိဇယဟု၊ ဓမ္မစကြာ၊ မဂ်ယဉ်သာဖြင့်၊ ခေမာ ရောက်လို၊ ငါ့မှာ ခိုသည့်၊ ပုဂ္ဂိုလ် ရှစ်ဖြာ၊ သားသည်းချာတို့။။ တထာဂတ၊ ရှင်တို့ ဘ,ကား၊ ဘဝ ဤခါ၊ ဤနှိုက်သာလျှင်၊ မဟာဘိနက္ခမ္မ၊ လွန်မြတ်လှသား၊ ကိစ္စ ထူးလည်၊ ဆုကြီး ရည်၍့၊ တိုင်းပြည် နန်း-ထီး၊ စည်းစိမ်ကြီးကို၊ စွန့်ပြီးတုံလျက်၊ တောထွက်ပြုရေး၊ မဟုတ်သေးတည့်၊ ရှေးသော့ခါလည်း၊ ဤသို့တည်းဟု၊ ဟောနည်း ဘော်ထုတ်၊ စက်မှန် ခုတ်သို့၊ သာမုက္ကံသ၊ ဓမ္မဒေသနာ၊ ဆောင်၍့သာလျှင်၊ သစ္စာ လေးပါး၊ မြတ်တရားကို။။ ထင်ရှား ပြတော်မူသတည်း။ (၁)

(၅၂၀) ဤအရာနှိုက်၊ သစ္စာ ပြဟန်၊ ကျမ်းရင်း ချန်လည်း၊ နည်းမှန် ဟောရိုး၊ လင်္ကာ ပျိုးအံ့၊ “တန်းခိုး ကြီးစွာ၊ ဗြဟ္မာ သိကြား၊ ဘုန်းအား ရဟတ်၊ လေးကျွန်း ပတ်သည့်၊ မန္ဓာတ်*တမင့်၊ ဖြစ်လင့်စေကာ၊ သတ္တဝါ ကောင်း-ဆိုး၊ အမျိုးမျိုးဖြင့်၊ ထိုစိုး ထိုမင်း၊ ထိုချင်း မချို့၊ ထိုသူတို့ကား၊ ပုဂ္ဂိုလ့်ဝေါဟာ၊ ပညတ်သာမျှ၊ ဇာတိအစ၊ နာမ်-ရုပ်ရသော်၊ ခဏ ခဏ၊ ဘိဇ္ဇနတည့်၊ နိစ္စ သုခ၊ အတ္တမှတ်စွဲး၊ အမြဲး ချမ်းသာ၊ ကိုယ် ငါ အစစ်၊ မှန် မ†ဖြစ်ဘဲး၊ ဖျစ်†ဖျစ်မြည်ကာ၊ အကြာ မခံ့၊ တံ့၍့ မနေ၊ ကျွမ်းကြေ လောင်ရှိမ်း၊ သစ်စိမ်း ရွက်လှ၊ မီးနှိုက် ကျသို့၊ တစစ ရင့်၊ ရွယ် ဆင့်ဆင့်နှင့်၊ ဆံပွင့် သွားကြွေ၊ အရေတွန့်ခြင်း၊ အိုမင်း ရွတ်တွ၊ ဇရာ ကျ၍့၊ မရဏစစ်၊ အော်ဟစ် မကင်း၊ သေရ†ခြင်းဖြင့်၊ အ†ချင်း ခပ်သိမ်း၊ ရွေ့ရွေ့ ယိမ်း၏၊ မငြိမ်းနိုင်စွာ၊ လိုရာ မရ၊ ကာရကနှင့်၊ ဇီဝ ပုဂ္ဂိုလ်၊ ငါဟုဆိုသား၊ ကိုယ်ကောင် မယှိ၊ ပကတိပင်၊ မချိနိုင်အောင်၊ မဆောင်နိုင်ရေး၊ အိုတိုင်း ဆွေးလျက်၊ နာဘေး သေဘေး၊ နှိပ်စက်ဘေးနှင့်၊ တေဘူမက၊ ဖြစ်သမျှတိ၊ လောဘကြဉ်ငြား၊ ဤတရားကား။။ မမှား ဒုက္ခသစ္စာတည်း။”(၂)

(၅၂၁) “ထိုဒုက္ခစု၊ ထိုအမှုနှိုက်၊ ဂရုကတ၊ တလုံ့လဖြင့်၊ ရွရွ ညံညံ၊ တရံ မပြတ်၊ ငါကောင် မှတ်လျက်၊ လူ-နတ် သိ†ကြား၊ ပုဂ္ဂိုလ်အားဖြင့်၊ ယော†က်ျား မိန်းမ၊ စွဲးလန်းကြ၍့၊ တောင့်တ ချစ်ခင်၊ တမင်မင်တည့်၊ ငါ့လင် ငါ့မယား၊ ငါ့သား ငါ့သမီး၊ ငါ့နန်းထီးနှင့်၊ ရှားမှီး ဥစ္စာ၊ မြို့-ရွာ တိုင်းပြည်၊ အိမ်ရာတည်လျက်၊ *လော်လည် မြူးရွှင်၊ ဆုံး မမြင်အောင်၊ လိုချင် မပြီး၊ မငြီး သာယာ၊ လက္ခဏာဖြင့်၊ များစွာ ရှက်ပုံ၊ *စေးပျစ်ချုံသို့၊ အာရုံ ခြောက်ဖြာ၊ တဏှာ သုံးထပ်၊ နှစ်ရပ် သန္တာန်၊ သုံးတန် ကာလ၊ မြှောက်ထ ပွားလစ်၊ တရာ့ရှစ်ဟု၊ ဆိုးညစ် ယုတ်မာ၊ ပျော်တတ်စွာသား၊ တဏှာမည်ယှိ၊ စပ်ယှဉ်ဘိတိုင်း၊ မိမိအမျှ၊ မုချ ဆတ်ဆတ်၊ မြဲး မချွတ်အောင်၊ အူပြတ် သည်းကြွေ၊ အသက် သေနှင့်၊ ထွေထွေ ပြား†ပြား၊ ထူးထူးအားဖြင့်၊ †ပျားလူး သန်+လျက်၊ လျှာဖြင့် +လျက်သို့၊ အနက် လေးပါး၊ ထင်ရှား မြွက်ဟ၊ ဟောဘော်ပြသည့်၊ ဒုက္ခအနေ၊ ဖြစ်စေတတ်ငြား၊ ဤတရားကား။။ မမှား သမုဒယသစ္စာတည်း။”(၃)

(၅၂၂) “ဒုက္ခခြင်းရာ၊ ဝဋ်သစ္စာနှင့်၊ တဏှာ မက်ကင်း၊ သက်သက် ရှင်း၍့၊ ငြိမ်းခြင်း *သေတ္တု၊ မြိုက်ဆီ စုသား၊ အနုပါဒိသ်၊ ကြွင်းမဲ့တိတ်အောင်၊ နိမိတ် အတ္တာ၊ ကင်းဆိတ် ကွာလျက်၊ မဂ္ဂါရမ္မဏ၊ ဝိရာဂဟု၊ အမတဓာတ်၊ အမြတ်ဆုံးထား၊ ဤတရားကား။။ မမှား နိရောဓသစ္စာတည်း။ (၄)

(၅၂၃) ယထာဘူတ၊ ရှင် *စော ပြသား၊ ဒုက္ခ သမုဒယ၊ နိရောဓက၊ စသည့် လက္ခဏာ၊ သိတတ်စွာသည့်၊ သမ္မာဒိဋ္ဌိ၊ သိသည့်အရ၊ နိရောဓကို၊ တောင့်တ မျှော်ရှေး၊ တရေးရေးဖြင့်၊ ကြံတွေး လက္ခဏာ၊ တင်တတ်စွာသည့်၊ သမ္မာသင်္ကပ္ပ၊ ဆိတ်က ဆိုးယုတ်၊ ဝစီ နှုတ်နှိုက်၊ ဒုစရိုက်ကို၊ မကြိုက် ပယ်ခွာ၊ ကြဉ်တတ်စွာသည့်၊ သမ္မာဝါစ၊ ကာယဒုစ္စရိ၊ ဝိရမိကို၊ ကြဉ်ဘိ သည်မှာ၊ သမ္မာကမ္မန္တ၊ ကာယ ဝစီ၊ နှစ်လီ ဒုစရိုက်၊ ထိုအမိုက်ကို၊ ကိုယ်နှိုက် တခု၊ သက်မွေးမှုကြောင့်၊ မပြု ကြဉ်ခွာ၊ သမ္မာအာဇီဝ၊ နိရောဓခွင်၊ ရောက်ချင် ကြပ်ကြပ်၊ ပယ်အပ် ပယ်ရှား၊ ပွားအပ် ပွား၍့၊ အားထုတ်တတ်စွာ၊ သမ္မာဝါယာမ၊ နိရောဓဓာတ်၊ တရားမြတ်ကို၊ မပြတ် မရွေ့၊ တစေ့စေ့ဖြင့်၊ အောက်မေ့သည်မှာ၊ သမ္မာသတိ၊ နီဝရဏကင်း၊ ကိလေ ရှင်း၍့၊ ယင်းသည့်အမြတ်၊ နိရောဓာတ်နှိုက်၊ သက်လတ် အပ္ပနာ၊ တည်ကြည်စွာသည်၊ သမ္မာသမာဓိ၊ မည်ယှိ ထင်ရှား၊ ဤရှစ်ပါးကား။။ မမှား မဂ္ဂသစ္စာတည်း။ (၅)

(၅၂၄) ဒုက္ခလက္ခဏာ၊ ဒုက္ခသာတည့်၊ သတ္တဝါ ပုဂ္ဂိုလ်၊ ငါကောင် ကိုယ်နှင့်၊ ခေါ်ဆိုတုံငြား၊ ယောက်ျား မိန်းမ၊ စသည် မဟုတ်၊ သမုတ် ဝေါဟာရ၊ ပညတ်မျှသာ၊ အမြုံမသား၊ ဟူသော့လားသို့၊ ထင်ရှား မယှိ၊ ယူ ဒိဋ္ဌိတို့၊ ပရိကပ္ပိတ၊ အဘာဝဟု၊ သစ္စ ကိစ္စ၊ ကတ သုံးတန်၊ သုံးပါးဉာဏ်ဖြင့်၊ ဟုတ်မှန် မယွင်း၊ ထိုးဘောက်ထွင်း၍့၊ သိခြင်း ပြုခြင်း၊ တပ်ခြင်း မုချ၊ ပြီးထသည်ကား၊ ဒုက္ခအားကို။။ ပိုင်းခြား သိသည့်သဘောတည်း။ (၆)

(၅၂၅) ယင်းသို့ ပိုင်းခြား၊ သိသော့အားဖြင့်၊ ရေလား လျှပ်လျှပ်၊ နေရောင် ဟပ်သား၊ *တံလှပ်ကို ရေ၊ မှတ်မှားလေလည်း၊ ရေမဟုတ်မှန်း၊ သိ ဖြောင့်တန်းက၊ ငြိစွန်း အာသာ၊ မတပ်ရာသို့၊ တဏှာ ကင်း-ကွယ်၊ ဉာဏ် သုံးသွယ်ဖြင့်၊ စွန့်ပယ်အပ်ထ၊ သမုဒယမည်ငြား၊ ဤတရားကို။။ ပယ်ရှား သိသည့်သဘောတည်း။ (၇)

(၅၂၆) ပိုင်းခြား ပယ်ဘိ၊ ဤသို့ သိက၊ တေဘူမိလယ်၊ သံသာနယ်နှိုက်၊ ကိုးကွယ်ရာတည့်၊ ယှိသို့ မထင်၊ ညဉ့်မှောင်တွင်နှိုက်၊ အကြင်ယောက်ျား၊ နိုးတ†ကြားဖြင့်၊ နွားဟု မှတ်ပြီး၊ †ကျားကို စီးသော်၊ နေ-မီး လင်းဘိ၊ ကျားမှန်း သိက၊ မချိ စိတ်မှာ၊ ထွက်ပြေးရာသို့၊ မျှော်ကာ အဟုတ်၊ *စရကုတ်ဖြင့်၊ အားထုတ်သော့လား၊ သုံးပါး ဉာဏ်မှု၊ ပြီးကြောင်းပြုမှ၊ ငါးခု ခန္ဓာ၊ လွတ်ငြိမ်းရာကို၊ ရည်ကာ စောထ၊ သဘော ချလျက်၊ နိရောဓရောက်၊ အာရုံ လျှောက်၍့၊ မျက်မှောက်ပြုသည့်သဘောတည်း။ (၈)

(၅၂၇) နိရောဓရောက်၊ မျက်မှောက်ပြုလို၊ ထိုပုဂ္ဂိုလ်ကား၊ ကျားကို ကြောက်က၊ ထွက်မြောက် ပြေးခွင့်၊ အသင့် ရှုကြံ၊ သစ္စံ ကောင်းပြု၊ သက်မှု အားထုတ်၊ *တဖြုတ် မမေ့၊ တည်စေ၍့တိ၊ ခုန်ဆွေ့ယောက်ျား၊ ပြေးသော့လားသို့၊ သုံးပါး ဝိရတိ၊ အာဒိဗြဟ္မ၊ စရိယဟု၊ သံလ *တမွတ်၊ အာဇီဝဌ်နှင့်၊ မချွတ် ပြီးငြား၊ အပြား ရှစ်အင်၊ ထိုမဂ္ဂင်ကို၊ အကြင် သုံးပါး၊ ဉာဏ်တရားဖြင့်၊ ဖြစ်ပွားစေသည့်သဘောတည်း။ (၉)

(၅၂၈) ဤသို့ မှန်စွာ၊ အလင်္ကာဖြင့်၊ သစ္စာ လေးပါး၊ ပိုင်းခြား ပယ်ဖျောက်၊ မျက်မှောက် ပွားဟန်၊ ဓိပ္ပာယ်ပြန်သည်။။ မှတ်ရန် အကျဉ်းသဘောတည်း။ (၁၀)

သစ္စပရိယောသာနေ ကေစိ သောတာပန္နာ အဟေသုံ၊ ကေစိ သကဒါဂါမိနော၊ ကေစိ အနာဂါမိနော။

(၅၂၉) သစ္စာ သိမ်းကျုံး၊ ပြသော ဆုံးနှိုက်၊ စုရုံး ညီညာ၊ စည်းဝေး†ရာတွင်၊ အာသ†ယာနုသယ၊ စရိတက၊ စသည့် သိမ်မွေ့၊ စွဲးလေ့ ကိန်းတတ်၊ မပြတ် ဖြစ်ခြင်း၊ နှလုံးသွင်းတည့်၊ အတွင်းနှိုက် ထုံ၊ ဝေနေပုံ၏့၊ နုလုံ စရိယ၊ ယောဂ ဣန္ဒြေ၊ နု-ရင့်ထွေဖြင့်၊ ကေစိ အချို့၊ ရဟန်းတို့အား၊ နှစ်ဘို့ မယှိ၊ သစ္စာ သိ၍့၊ ဒိဋ္ဌိ ကင်္ခါ၊ စင်စစ် ကွာလျက်၊ သေသာ ကုသလ၊ ကြွင်းပါပနှိုက်၊ အပါယဂါမိ၊ ပယ်သတ္တိနှင့်၊ ယောနိ ဓမ္မတာ၊ ငှက်*တန်ထွာဖြင့်၊ ကြိုးကြာတို့အား၊ နှစ်ပါး နို့-ရေ၊ ရောထွေ တိုက်က၊ မျိုကျိုက် နို့သာ၊ ရေမပါသို့၊ ပမာ ထို့တူ၊ မွေးစဟူသည်၊ ငယ်မူ ငယ်ရာ၊ ငယ်ဘာသာနှင့်၊ သညာ *နုံ့နဲ့၊ အမှတ် *မဲ့လည်း၊ သူငယ့်ခံတွင်း၊ နို့သေ သွင်းသော်၊ မယွင်း မှန်စွာ၊ နို့သာ ဝင်လျက်၊ သေ အန်ထွက်သား၊ မဂ်၏့သတ္တိ၊ ပြီး သိဒ္ဓိနှင့်၊ အဘိဌာန၊ အဘဗ္ဗဟု၊ အရိယနွယ်၊ အပါယ် လေးပါး၊ တံခါး ပိတ်ဘိ၊ မြတ်ဇာတိဖြင့်၊ အာဒိ မဂ္ဂ၊ လက်ဦး ရ၍့၊ စျာနလာဘီ၊ စျာန်ယှဉ်မှီသော်၊ ဝသီ ငါးစုံ၊ ဗြဟ္မာ့ဘုံသို့၊ ရောက်တုံလတ်က၊ အောက်နတ် လူ့ရွာ၊ မသက်လာဘဲး၊ အနာဂါမိ၊ မဂ်ဉာဏ်ယှိသို့၊ အနိဝတ္တန၊ သဘာဝသည်။။ ကာမ မနှောင့် ကုန်ပြီတည်း။ (၁၁)

(၅၃၀) ထိုမှ အပ၊ နိဇ္ဈာနမူ၊ တိက္ခ မဇ္ဈုံ၊ မုဒုံ ပညတ်၊ အထူး မှတ်လျက်၊ ဝိပဿနိန္ဒြေ၊ သုံးထွေအရ၊ နိယာမတည့်၊ ဧကဗီဇ၊ ကောလ သတ္တက်၊ သုံးချက် ပိုင်းခြား၊ ဘဝအားဖြင့်၊ ခေါင်းပါး သန့်စင်၊ ကျွတ်ပန်း ဆင်ပြီး၊ တမ်းဝင် ရှေးဦး၊ ကျေးဇူး *ဖြိုးကယ်၊ *မနုန့်နယ်ဘဲး၊ လူဝယ် နတ်စစ်၊ တစ်-နှစ် သုံး-လေး၊ တွက်ရေး ငါး-ခြောက်၊ ထက်-အောက် ပြန်လစ်၊ ရောရာ ဖြစ်လျက်၊ ခုနစ် မလွန်၊ ဘဝဝန်ကို၊ မှောက်သွန် ပယ်ချ၊ နိယတကြောင့်၊ အဋ္ဌမမြောက်၊ မပေါက် သန္ဓေ၊ မနေရလျှင်း၊ ဇာတိ ဖျင်း၍့၊ အချင်း ခပ်သိမ်း၊ ပြီးငြိမ်း ဧကန်၊ *နေရဗ္ဗာန်သို့၊ လမ်းမှန် ရှေးရိုး၊ အဖြောင့် ထိုးသား၊ သုံးမျိုး ဖလဋ္ဌာန်၊ ပုဂ္ဂိုလ်*မွန်ဟု၊ သောတာပန်မည်၊ မဟာထေရ်နှိုက်၊ တည်လေကုန်ကြ၊ အချို့ကမူ၊ ကာမရာဂ၊ ဒေါသ ခေါင်းပါး၊ ရွေ့ရွေ့ †ယားလျက်၊ တ†ရား နှစ်ဆ၊ နှစ်ဆင့် ရ၍့၊ ဣဓ တတ္ထ၊ စသည့် ငါးစု၊ ဝေဘန် ပြုသား၊ ညစ်ကျု ဖျင်းသိမ်၊ ကာမအိမ်သို့၊ တကြိမ် ပြန်လာ၊ သကဒါတည့်၊ ချို့မှာမူကား၊ ခေါင်းပါး ကျန်ထ၊ ထိုကာမနှင့်၊ ဒေါသ *အထည်း၊ သမု†ဒည်းကို၊ ခါ†တည်း မကြွင်း၊ မကျန် ကင်းအောင်၊ ပယ်ရှင်းကုန်ကြ၊ အကုပ္ပဟု၊ တတီယမှန်၊ နှစ် ဝေါဒါန်ဖြင့်၊ သုံးဘန် စင်မြောက်၊ မဂ်ဉာဏ် ရောက်လျက်၊ နတ်ခြောက် လူ့ရွာ၊ အောက်ကာမာသို့၊ တခါ မပြန်၊ ဗြဟ္မာ ဆန်၍့၊ နိဗ္ဗာန် လက်နီး၊ နာဂါမ် ပြီးသည်။။ ခရီး မထောင့် ကုန်ပြီတည်း။ (၁၂)

(ဤကား 'သစ္စာပြရှောင်း'ဟူသော ဥဒ္ဒေသ၏့ နိဒ္ဒေသ။)

သစ္စာပြခဏ်း (၁၂)ပိုဒ် ပြီး၏၊