ဇာတ်တော်ပေါင်းခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၄။ ဇာတ်တော်ပေါင်းခဏ်း


ဣတိ ဘဂဝါ ဣမာနိ ဒွေ ဝတ္ထူနိ ကထေတွာ အနုသန္ဓိံ ဃဋ္ဋေတွာ ဇာတကံ သမောဓာနေသိ။

(၅၃၁) ဤသို့ ကျယ်ဘွင့်၊ ဟင်းလင်း ပွင့်အောင်၊ *ယခင့် အောက်က၊ ဇာတ်လုံး ပြ၍့၊ ဆုံးကျ ဆစ်ပိုင်း၊ ဟောခဲ့လှိုင်းပြီး၊ တုနှိုင်းမရ၊ သုံးလောကတွင်၊ ပြိုင်ကြ မကြွင်း၊ အခေါင်†ချင်းလျက်၊ အောင်†ခြင်း ရှစ်ဘော်၊ ပွဲးတိုင်း ကျော်သည့်၊ ဘုန်းတော် ခြောက်ပုံ၊ ပြည့်စုံ တမျိုး၊ ညစ်ဆိုး ကိလေ၊ တွင်းရန်မွှေကို၊ ဗုဒ္ဓဟေ ပင်မင်း၊ ဗောဓိရင်းနှိုက်၊ အချင်း အစောက်၊ စိန်ခုံမြှောက်သို့၊ မြေပေါက် ပြိုးပြောင်၊ ဆဲ့လေးတောင်ဖြင့်၊ အရောင် ဝင်းဖြာ၊ ဝဇိရာသန၊ ပလ္လင်လှတိ၊ မာရဝိဇည်း၊ စိန်*ပြတည်းထက်၊ *ဥဒည်း နေရုဏ်၊ ရောင်ဟုန် တက်လင်း၊ ပေါ်ထွက် †ချင်းအောင်၊ ညဉ့်†ခြင်း ထွားထွား၊ မာရ် ငါးပါးလုံး၊ သိကြား လက်ချိန်၊ ဝရဇိန်ထက်၊ အရှိန် ကြီးမြတ်၊ ရွယ်တိုင်း ပြတ်သား၊ အရဟတ်လက်နက်၊ မြမြထက်သည့်၊ စက်သီလဝင်၊ မဂ်ဉာဏ်ရှင်ဖြင့်၊ ကုန်စင် †ပြစ်ပြစ်၊ ချုံစေး†ပျစ်သို့၊ ခုတ်†ပစ် ကြွင်းမဲ့၊ ကျန် မ*ဟဲ့အောင်၊ ချိုးဖဲ့နိုင်တတ်၊ ဘဂျနတ်ဟု၊ အမြတ်ဆုံးတင်၊ ဘုန်းတော့်ရှင်ကား၊ မဂ္ဂင် ရှစ်မည်၊ ကျွတ်ပွဲး စည်သည့်၊ *ဇည်တဝန်မည်သီး၊ ကျောင်းတိုက်ကြီးတွင်၊ *ပုံဖြီး များစွာ၊ သင်္ဃာ ထေရ၊ သာဝကတို့၊ ဓမ္မသဘင်၊ ညီလာခွင်နှိုက်၊ အကြင် ဟောမှတ်၊ အတိတ်ဇာတ်နှင့်၊ ဤဝတ္တမာန်၊ ပစ္စုပ္ပန်တိ၊ နှစ်တန် စပ်ပြီး၊ နှောနှီးသဖြင့်၊ *ယခင့် တိတ်က၊ နိမိတ် ပဝတ်၊ အနွတ် ရု†ဠှီ၊ နာမ် ငါး†လီတွင်၊ ဤမည်သသူ၊ ထိုသည့်လူကား၊ ခုမူ စင်စစ်၊ ဤသူဖြစ်ဟု၊ ဘွင့်လှစ် အမှန်၊ မြတ်ရွှေဉာဏ်ဖြင့်၊ နုသန်*၄င်း၊ စပ်တုံရှောင်း၍့။။ ဇာတ်ပေါင်း *ရုံးတော်မူသတည်း။ (၁)

တဒါ ကပ္ပကော အာနန္ဒော အဟောသိ၊ ပုတ္တော ရာဟုလော၊ မဃဒေဝေါ ရာဇာ ပန အဟမေဝါတိ။

(၅၃၂) ဧကမူလာ၊ ဒွိရာဝဋ္ဋ၊ တိမလနှင့်၊ ပဉ္စ ပတ္ထဋ်၊ ဒွါဒဝဋ်ဟု၊ မချွတ် လက္ခဏာ၊ တည်ရာ တပါး၊ လှည့်သွား နှစ်စု၊ နောက်မှု သုံးသင်း၊ နှံ့ခြင်း ငါးကွဲး၊ ဝဲး ဆဲ့နှစ်ခွေ၊ အမြဲးနေသား၊ လေးထွေ သမုဒ်၊ ရေ*အစုတ်သို့၊ *ရစ်ဝုက် ဗလဝ၊ ကိလေသဟု၊ သြဃ လေးသွယ်၊ ရေပြင်ကျယ်ကို၊ အလယ် ပဋိပဒ်၊ ငါ့နည်း တတ်၍့၊ အပတ်*တကုတ်၊ မထုတ် အားပါး၊ ရပ်မနားဘဲး၊ ကူးသွား ထုတ်ချောက်၊ ထိုဘက် †ရောက်သည့်၊ ရှစ်†ယောက် အရိယာ၊ သား သင်္ဃာတို့။။ မဟာမဃ၊ လူမျာ့း ဘ,ဟု၊ ဒေဝ မင်းကျော်၊ ဖြစ်ခါသော်နှိုက်၊ ထုတ်ဘော် ခွန်းမြွက်၊ ငါ့မိန့်ချက်ကို၊ ဦးထက် ဆင်သည်၊ ဆေတ္တာသည်ကား၊ *ဓွန့်ရှည် အကိန်း၊ ကပ်တသိန်းထက်၊ မြည်ဟိန်း စက္ကဝါ၊ တုန်အက်ငြာလျက်၊ ဖီလာ အောက်ထက်၊ ဘဝဂ် ကြော်†ချောက်၊ ဘုန်းတော် †ခြောက်နှင့်၊ နှစ်ယောက် မပြူ၊ စံ မတူအောင်၊ တဆူတည်းသာ၊ ထူးမြတ်စွာဖြင့်၊ တရာ ပွင့်ချပ်၊ ငွေကြာယပ်သို့၊ လျှပ်လျှပ် ရောင်ညီး၊ ကြာလှည်းဘီးသည်၊ မြေကြီးက ပေါက်၊ ဘွားတော် အောက်နှိုက်၊ မောက်မောက် စွင့်စွင့်၊ ကားကား ပွင့်၍့၊ အသင့် အသင့်၊ ရှုတင့်စရာ၊ စကြာ ရွှေဘွား၊ လှမ်းကြွသွားတိုင်း၊ မဆိုင်း ခံပြု၊ ပေါ်လာမှုကြောင့်၊ ပဒုမုတ္တရ၊ နာမ ထင်ရှား၊ ထိုဘုရား၏့၊ ညီဘွားမှန်လှ၊ သုမနကုမာ၊ ဖြစ်သော့ခါတိ၊ မဟာဥပဋ္ဌာက၊ သုမနပင်၊ အမည်တွင်သည့်၊ ကျွမ်းဝင် ဘုရား၊ ထေရ်ရှင့်အားကို၊ မျက်ဝါး မြင်ရ၊ ထိုက စ၍့၊ ဒါန ကြီးစွာ၊ ပြု၍့သာလျှင်၊ ဆယ်ဖြာ *သီတင်း၊ တဝါတွင်းလုံး၊ ခြေရင်း ကပ်ရပ်၊ မြဲးကြပ် ဆောက်တည်၊ ဆုကြီး ရည်မှ၊ ကျင်လည်သမျှ၊ ကာလအကြား၊ မင်းဖြစ်များလျက်၊ ဘုရားအလောင်း၊ ငါနှင့် ပေါင်း၍့၊ တကြောင်း တဆစ်၊ ခိုက်ရန်ဖြစ်လည်း၊ သတ်ညှစ် သေမှု၊ မပြုကြဘဲး၊ မြဲးကြ မေတ္တာ၊ သံသ†ရာဝယ်၊ တည်†ရာမယှိ၊ ဘောက်ပြီး ဘောက်ပြန်၊ အတန်တန်ဖြင့်၊ ဘန်ဘန် များစွာ၊ ဖြစ်ခဲ့ လာပြီး၊ ငါနှင့် တူပြီ၊ စံပျော်ညီလျက်၊ တုသီနန်းက၊ စုတေ့ကြသော်၊ ငါ့ဘ နောင်မွေး၊ ညီးထွေး ဘုန်း†ယှိ၊ နတ်တ†ရှိသို့၊ အမိတောဒန၊ မင်းသကျ၏့၊ သြရသစစ်၊ ရင်နှစ် သည်း†ချား၊ ငါဘုရားနှင့်၊ မ†ခြား နေ့ချင်း၊ ဘွားမြင်လျှင်းမှ၊ ကြီး*ပြင်းကြမြောက်၊ ငါ၏ နောက်နှိုက်၊ မင်းခြောက်ယောက်တူ၊ ရဟန်းမူသော်၊ မိုက်မြူ ကင်းစ၊ မဂ်ဦး ရ၍့၊ သေက္ခ ပဋိသမ္ဘဒါ၊ နှိုင်းရာ *မဲ့လစ်၊ တုမရစ်တည့်၊ ရှစ်သောင့်းလေးထောင်၊ ကုန်အောင် ဓမ္မက္ခန်၊ ကျမ်း သုံးတန်ကို၊ ပြန်လှန် ဆောက်ရွက်၊ ကျောက်ထက်စာလား၊ တည်နိုင်အားနှင့်၊ တဘွား ရပ်ရှောင်း၊ ကြွ မပြောင်းခင်၊ ခြောက်သောင်း ပုဒ်ပိုင်၊ သင်နိုင် ပြန်နိုင်၊ ကြံ့ခိုင် ဝီရိယ၊ ကြီး လုံ့လကြောင့်၊ ဓမ္မရတနာ၊ ဘဏ္ဍာဂါရိုက်၊ ရွှေတိုက်ဝန်ကြီး၊ ဌာနန်ပြီးလျက်၊ *စောဓီး ငါ့ဝယ်၊ ဝါနှစ်ဆယ်က၊ ပယ်လည်း လေးတန်၊ ပန်လည်း လေးခု၊ လုပ်ကျွေးမှုနှင့်၊ ငါးစု ဧတဒဂ်၊ ရာထူး တက်၍့၊ ထက်မြက် မြန်†လျင်၊ စက်အသွင်သို့၊ သူ†လျှင် နှုတ်ဟ၊ တပုဒ် စက၊ ရှစ်ဆ လွန်ကျူး၊ ထစ်ထစ် မြူးအောင်၊ အထူး ထင်ရှား၊ အံ့ လေးပါးလည်း၊ ဘုရား ငါ့နှယ်၊ အကယ် မယွင်း၊ ပြည့်စုံခြင်းနှင့်၊ နွယ်ရင်းလည်းဖြစ်၊ ငါရှင်ချစ်နှိုက်၊ သဲးနစ် သက်စွန့်၊ *အစိုး သွန့်၍့၊ မတွန့် မကွက်၊ ခင်-စုံမက်လျက်၊ နှစ်သက် *ပြင်းဝှန်၊ ချစ်ခြင်း လွန်သည်။။ အာနန် ငါ၏့ ညီဘွားတည်း။ (၂)

(၅၃၃) ထိုရော့အခါ၊ ဥပရာဟု၊ မင်း *လျာ *ကွမ်းထည့်၊ ဘုန်းရောင် မှည့်၍့၊ ငါ့၏့ ကိုယ်စား၊ ငါ တင်ထားသည့်၊ ငါ့သား နန်းဆက်၊ နောက်နန်း တက်ကား၊ အထက် ကမ္ဘာ၊ တသိန်းခါနှိုက်၊ ထိုကြာ ခံအပ်၊ သဗ္ဗသတ္တုတ်၊ ဒွိပဒုတ်ဟု၊ ပဒုမုတ်မည်တွင်၊ ဘုရားရှင်၏့၊ မျက်မြင် *ဂင်္ဂါ၊ ထင်ရှားစွာတိ၊ ခြောက်ဖြာ ရောင်ရှိန်၊ ထွန်းလင်းချိန်ပင်၊ ပထဝိန္ဒရ၊ နာဂရာဇာ၊ ဖြစ်ခါကာလ၊ ရှင်ရဋ္ဌလောင်း၊ မိတ်ကောင်း ဣန္ဒာ၊ ညီညာသမှု၊ တိုက်တွန်းပြုလျက်၊ နတ်-လူ့ *ဥ†သျှောင်၊ ငါးမာရ် †ရှောင်သည်၊ ဘုန်းခေါင် သိသုဒ်၊ *ဇလဇုတ္တရ၊ သမ္ဗုဒ္ဓအား၊ ဆဠာဘိညာဏ်၊ ယှဉ်သည် တန်းခိုး၊ မြေလျှိုး မိုးပျံ၊ အရဟံတို့၊ ထေရ်ရံ *အရာ၊ သင်္ဃာ သိန်းနှင့်၊ ဆောင်ပင့် ခဏ၊ နဂါး ရပ်ခွင်၊ မဏ္ဍပ်ပြင်ဝယ်၊ ပဉ္စင် ဆော်†ကြွေး၊ လှူကြီး ပေး၍့၊ လုပ်†ကျွေးလတ်က၊ ဗာတ္တိံသ မဟာပုရိသလက္ခဏာ၊ ဖျားမြတ်စွာနှင့်၊ ပမာ တူ*လျော်၊ ရွှေလှော် ဦးသစ်၊ ငွေကြာ†မြစ်သို့၊ ပျို†မျစ် ရွယ်နု၊ ငယ်သွေး စုသား၊ ဥပရေဝတ၊ ဘုရာ့းသားတော်၊ ရှင်ကျော် ဘုန်းဝေ၊ သာမဏေကို၊ စေ့ရေ မျက်ဝါး၊ မြင်ငြားတုံထ၊ သည်က စ၍့၊ ဘုရာ့သားစစ်၊ ငါလည်း ဖြစ်လျက်၊ ကျင့်ချစ်တတ်စွာ၊ သိက္ခာကာမ၊ ဧဒဂ် ရပြီး၊ ဘဝ ငြိမ်းလို၊ တောင်းဆု ဆိုမှ၊ ထိုကိုယ် ယုတ်-မြတ်၊ ကျင်လည်လတ်လည်း၊ သောဝစ္စဿတာ၊ မင်္ဂလာဖြင့်၊ ဝါသနာထုံလှ၊ ဆုံးမ နာလွယ်၊ ချစ်ခင်ဘွယ်နှင့်၊ တင့်တယ် ရုပ်ဝါ၊ သားမောင်ဇာသို့၊ ငါ၏့ ရင်နှစ်၊ များစွာ ဖြစ်၍့၊ စွန့်လစ် သူ့ထံ၊ စေခံ ပေးငြား၊ မပယ်ရှားဘဲး၊ သားကို စွန့်မှု၊ ဘုရားဆုကြောင့်၊ ငါပြုသမျှ၊ ခံရှာရပြီး၊ ဘဝဆုံးလစ်၊ ယခုဖြစ်နှိုက်၊ ရှေးဇာစ် ဝါသနာ၊ အထုံပါလျက်၊ ဗိမ္မာ ရွှေလှော်၊ ငါနှင့် ပျော်က၊ ယသော်ဝမ်းတွင်၊ သန္ဓေဝင်၍့၊ ငါလျှင် ဘုရား၊ ဥယျာဉ်သွားစဉ်၊ လေးပါး နိမိတ်၊ သံဝေ ထိတ်လျက်၊ ဘိက္ခု သမဏ၊ သောက မထင်၊ ရဟန့်းသွင်ကို၊ မြင်သည့် ခဏ၊ သဘောကျ၍့၊ ဧးမြ စိတ်သာ၊ စံခိုက်ခါဝယ်၊ တောင်ညာဘုရား၊ သားတော် ဘွားဟု၊ တပါး မတ်ရောက်၊ တင်လာ လျှောက်က၊ ကြောဘောက် ရိုးတွင်း၊ ခြင်ဆီ †ချင်းမျှ၊ ချစ်†ခြင်း ပိယ၊ ဖြစ်ထသမှု၊ လ ဣန္ဒုကို၊ ရာဟုနတ်သား၊ ဖမ်းသော့လားသို့၊ ငါ့အား ညစ်ကျု၊ နှောင်ဘွဲ့ပြုဟု၊ ရာဟု ဇာတော၊ နှုတ် သြဘာ လှစ်၊ ဥဒါန်းဖြစ်ကို၊ ဘိုးချစ် ဘုန်းလူ၊ နိမိတ် ယူ၍့၊ ပုံတူ မခြား၊ နန်းပြိုင် ထားသည့်၊ ငါ့သား သက်စု၊ တောထွက်မှုကို၊ ရာဟု ငါ့မြေး၊ ဖမ်းလေဿးဟု၊ မည်ပေး ပြုထ၊ ထိုသည့် ညပင်၊ လက်မျှ ထိရုံ၊ မစမ်းတုံဘဲး၊ တံခါးခုံက၊ မျှော် မှန်းဆ၍့၊ ဗိမ္ဗာ့ ရင်ကြား၊ ထားသည့်အသွင်၊ ရှုခဲ့ကျင်မှ၊ ငါလျှင် ဆုတ်လျက်၊ တောထွက် စွန့်ပစ်၊ ဘုရားဖြစ်အောင်၊ ခုနစ်နှစ်ကြာ၊ ရွှေပြည်သာသို့၊ ရောက်လာ ပထမ၊ ဆွမ်းခံကြွသော်၊ အဋ္ဌ နရသီ၊ ဂါထာ စီ၍့၊ တီတီ တာတာ၊ ခြီးဆိုကာနှင့်၊ ဗိမ္ဗာ သူ့မိ၊ ညွှန်ဘိရကား၊ ရက်လည်ငြားက၊ ငါ့အား ချစ်စိတ်၊ ဘိတ်သည့်ရေ့နှယ်၊ တပ်ကာ တွယ်ပြီး၊ ချစ်ဘွယ်စကား၊ ဘုန်း ဘ,ဖျားဟု၊ လိုက်ငြား ကျောင်းရောက်၊ တောင်းလျှောက် အမွေ၊ ငါ ဘုန်းဝေလည်း၊ သာမဏေဆု၊ မွေပေးပြုသော်၊ ငယ်နု ပျိုမျစ်၊ ခုနစ်နှစ်က၊ ရှင်ချစ် ငါ့ထံ၊ ရှင်ငယ် ခံ၍့၊ အမ္ဗလဋ္ဌိက၊ သုတ္တန္တဖြင့်၊ ဆုံးမ မိန့်သံ၊ နာခံ မပျက်၊ မတက် မာန၊ ပိယဝါစာ၊ ချစ်စရာနှင့်၊ သင်္ဃာများလယ်၊ ပျော် တင့်တယ်လျက်၊ တဆယ်နှင့် ရှစ်၊ ရွယ်သက်ဆစ်သို့၊ ရောက်လစ် ပြန်ရာ၊ ငါ့၏့ နောက်မှ၊ ဆွမ်းခံကြွစဉ်၊ ရူပရာဂ၊ ဝိတက္ကကြောင့်၊ သမ္ဗုဒ္ဓ ငါ၊ မဟာရာဟုလောဝါဒ၊ သုတ္တန္တဖြင့်၊ ဆုံးမပေး၍့၊ နှစ်ဆယ်စေ့သော်၊ မရွေ့သမှု၊ ပြုသည့် ပဉ္စင်၊ ဉာဏ်လျှင် ရင့်ထ၊ ထိုဝါမျှနှိုက်၊ စူဠရာဟုလောဝါဒ၊ သုတ္တန္တဖြင့်၊ ဆုံးမသော့ထွေ၊ နာပလေက၊ ကုဋေ တထောင်၊ ရာပြန် ဆောင်သား၊ *မြားမြောင် သင်္ချာ၊ နတ်ဗြဟ္မာနှင့်၊ အဝတ္ထာဘုံ၊ ဇာတိမြုံသည့်၊ လေးစုံ မဂ္ဂ၊ ပြီး ကိစ္စဖြင့်၊ အသေက္ခကြီး၊ ဖိုလ်ထီး အရဟတ်၊ ဧးမြတ် လွန်စွာ၊ ညီးညီးကာလျက်၊ ရဟန္တာစစ်၊ ဆုံးစွန် ဖြစ်၍့၊ လွန်ချစ် သီလ၊ ဝိသိဋ္ဌဖြင့်၊ ကိကီဝ အဏ္ဍံ၊ မိန့်သံ ဂါထာ၊ ညီစွာ *တမျှ၊ နောက်ကာလဝယ်၊ သင်္ဃာ့လယ်ဘောင်၊ တု*မဲ့အောင်လျှင်၊ ဆောင်သည့် ဂုဏ်ဝါ၊ လွန် ထူးစွာကြောင့်၊ သိက္ခာကာမ၊ ရသည့် ဧတဒဂ်၊ ညာနေ တက်၍့၊ စက်လက္ခဏာ၊ ဆင်း ရုပ်ဝါလည်း၊ ငါနှင့် မခြား၊ လွန် ထင်ရှားလျက်၊ အများ မျက်ရှု၊ ချစ်ဘွယ် စုသည်။။ ရာဟု ငါ၏့ ချစ်သားတည်း။ (၃)

(၅၃၄) မိထိလာပြည်မ၊ ဝိဒေဟနှိုက်၊ လူများ *ဥသျှောင်၊ စိုး အခေါင်ဖြင့်၊ *မြားမြောင် ကြာ*ညောင်း၊ နှစ်အပေါင်းတိ၊ အသောင်း အသောင်း၊ ရှစ်ပြန် နှောင်းမှ၊ ထောင်ပေါင်း လေးလီ၊ လေးကြိမ်စီ၍့၊ ဒီဃာယုက၊ နတ်*တမျှသို့၊ တတီယနန်းတည်၊ သက်ရှည် ဘုန်းကြီး၊ နေ့နှယ် ညီးလျက်၊ နန်းထီး စွန့်ကြွ၊ တောထွက် စ၍့၊ ဗြဟ္မာ့ဘုံအောင်၊ တပြည်ထောင်သည့်၊ မင်းခေါင် မာဃ၊ *စောဒေဝကား၊ *မဆွ စွာစွာ၊ ကမ္ဘာဘာက၊ မဟာဓမ္မရာဇ်၊ ရှစ်ချစ်အပေါင်း၊ မရေကောင်းနှိုက်၊ ဆုတောင်း စိတ်မျှ၊ ပြုထ ရှည်ကြာ၊ သုမေဓာသော်၊ အင်္ဂါ ရှစ်ပါး၊ စုံသော့အားဖြင့်၊ ဘုရား ဒီပင်၊ ဗျာဒိတ် တင်တိုင်း၊ ဗုဒ္ဓဝင်စဉ်၊ ကမ္ဘာ ယှဉ်၍့၊ စီလျဉ် မှတ်မူ၊ တဆူ သာရ၊ ဒွေ မဏ္ဍနှင့်၊ ဝရ သုံးဖြာ၊ သာရမ†ဏ္ဍ၊ လေးဗု†ဒ္ဓတိ၊ ဘ†ဒ္ဒ ငါးပါး၊ ဘုရားနှင့် ကပ်၊ ပညတ် ငါးအင်၊ ကမ္ဘာတွင်နှိုက်၊ ဒီပင်္ကရာ၊ မြတ်စွာ ရှင်*စော၊ ပွင့်သော ကမ္ဘာ၊ တဖြာ ထို့ပြင်၊ သုမင်္ဂလ၊ သုမနနှင့်၊ ရေဝတ သောဘီ၊ ပွင့်ကြ စီသား၊ အညီ ဧကန်၊ သာရမဏ်တည့်၊ တဖန် ထိုမှ၊ ကောဏ္ဍညသမ္ဗုဒ်၊ ပဒုမုတ်က၊ သိဒ္ဓတ္ထ ဝိပဿီ၊ တွင်ညီ သာရ၊ အနောမ ပဒုမ၊ နာရဒနှင့်၊ ပိယ အတ္ထ၊ ဓမ္မဟူသည်၊ သုံးမည် သာလှ၊ သမ္ဗုဒ္ဓတို့၊ ဝရမည်သာ၊ သုမေဓာ သုဇာတ၊ မြတ်တိဿနှင့်၊ ဖုဿဟုပြီ၊ သိခီ ဝေဿဘူ၊ အတူ မဏ္ဍ၊ ကြွင်းထ သုံးလူ့၊ ကကုသန္ဓ၊ ကောဏဂမနနှင့်၊ ကဿပမြတ်စွာ၊ ပွင့်ရာ ဘဒ္ဒ၊ သည်သို့†ကျအောင်၊ ပွင့်†ကြသရွေ့၊ ပွင့်တိုင်းစေ့ပင်၊ ခြင်္သေ့တပါး၊ နဂါး နှစ်ဦး၊ ဘီလူး တခါ၊ ဣန္ဒာ တဖြစ်၊ လူဇာစ် ဆဲ့ကိုး၊ ဇာတ်နွယ်ရိုးကား၊ မင်းမျိုး အဋ္ဌ၊ ဗြာဟ္မဏ သတ်၊ စက္ကဝတ် ဒွေး၊ သူဌေး ဧက၊ မာဏဝ သုံး၊ နှလုံး သိမ်မွေ့၊ သူတော့်လေ့ဖြင့်၊ ရသေ့ ပဉ္စ၊ သမဏ နော၊ အရောရောတည့်၊ ရှင်*စော မြတ်စွာ၊ ငါဆရာလျှင်၊ ကမ္ဘာ သိန်းနေ၊ လေးသင်္ချေတွင်၊ လေးထွေ သစ္စာ၊ *မုံရင့် ကြာသို့၊ ငုံအာ သင်းကြူ၊ ပွင့်ကြ မူသည့်၊ လေးဆူ ကြိမ်တစ်၊ သုံးဆူ နှစ်နှင့်၊ တွက်စစ် မမှား၊ နှစ်ပါး သုံးလီ၊ တစ်စီ လေးဆင့်၊ ငါးဆူ ပွင့်မှာ၊ တကြိမ်သာတည့်၊ မြတ်စွာ ပွင့်ရပ်၊ ဆဲ့တကပ်နှိုက်၊ သဗ္ဗညုတ၊ မြတ်ဉာဏနှင့်၊ ဗုဒ္ဓတံဆိပ်၊ ငါးမာရ် နှိပ်သား၊ နှစ်ကျိပ် သုံးပါး၊ ရှင်တော်များ၏့၊ ထံပါး ကျိုးနွံ၊ ဗျာဒိတ် ခံ၍့၊ နာမံ တိုင်းပြည်၊ ပွင့်သည် ဗောဓိ၊ ဘ-မိ အဂ္ဂ၊ ဥပဋ္ဌနှင့်၊ ကျား-မ နှစ်ပုံ၊ အစုံ စီချည်း၊ တသံတည်းဖြင့်၊ *လိပ်လည်း ယွင်း*မဲ့၊ သောင်းတိုက် နဲ့အောင်၊ နှစ်ဆဲ့ လေးထပ်၊ တံဆိပ် ကွပ်သို့၊ ပေးအပ် မဆိတ်၊ “ရွှေဗျာဒိတ်ကို၊ *ကြိတ်ကြိတ် ကြည်ဖြူ၊ အမြဲး ယူပြီး၊ ဇမ္ဗူဌာန၊ ဤကျွန်းမှလျှင်၊ ဒီပ စကြာဝဠာ၊ တပါးမှာသို့၊ လားရာ မယှိ၊ မြဲးတုံဘိလျက်၊ ဝီစိ လောကန်၊ သည်းထန် လောင်ဆာ၊ နိဇ္ဈာ ခုပိ၊ က ဉ္စိ ကာလ၊ ငုံးက အောက်ဟူ၊ လူမှာ *ဆွံ့-အ၊ ဇာစ္စန္ဓနှင့်၊ သောတဝိကလ၊ မိန်းမ ဥဘတောဗျည်း၊ ဘုန်းနည်း ကြန်ယုတ်၊ ပဏ္ဍုက် ပဉ္စာ၊ မိစ္ဆာ နိယတ၊ အရူပ အသညာ၊ ဘုံသုဒ္ဓါတည့်၊ မဟာပုရိ၊ ဗောဓိသတ္တ၊ ဗျာဒိတ်ရတို့၊ မကျ မနစ်၊ မဖြစ်ထိုက်ရာ၊ နိသံသာဖြင့်၊ အဋ္ဌာရသ၊ အဘဗ္ဗခေတ်၊ တဆဲ့ရှစ်နှိုက်၊ မဖြစ်ခဲ့ဘဲး၊ လွဲးကြီး လွဲး၍့၊” “ထွတ်ကဲး ဘုန်းလူ၊ သယမ္ဘူစစ်၊ ကိုယ်တော် ဖြစ်အောင်၊ ဆုတ်*နစ် *မဲ့ငြား၊ ဆယ်ပါး ပါရမီ၊ ငါးလီ မဟာပရိစ္စာဂ၊ စရိယ သုံး၊ အကုန် †ကျုံး၍့၊ ကြုံး†ကြုံး ဝါးဝါး၊ ငါသို့ကားဟု၊ အသား မြေထု၊ သွေးစု ပင်လယ်၊ ရေပြင်†ကျယ်နှင့်၊ မိုး†ကြယ် မျက်လုံး၊ ပမာ ရှုံးအောင်၊ အဆုံး မယှိ၊ ပြုဘိ ကြီးစွာ၊ ပြု၍့သာလျှင်၊ မဟာဝေဿန်၊ ဆုံးစွန် ဘဝ၊ ရောက်ကာလနှိုက်၊ သက်မျှ သည်းချာ၊ လွန်ချစ်စွာသား၊ ကဏှာ ဇာလီ၊ မဒ္ဒီမိဖု†ရား၊ သား မ†ယားကို၊ ပုဏ္ဏားတို့လက်၊ ချ ရေစက်နှင့်၊ အသက် ဆုံးခါ၊ တုသိတာဝယ်၊ ချမ်းသာ တု*မဲ့၊ ငါးဆဲ့ခုနစ်ကုဋေ၊ တွက်ရေ အစွန်း၊ နှစ် ခြောက်သန်းတိ၊ စံမြန်းစဉ့်ခိုက်၊ သောင်းတိုက် စက္ကဝါ၊ ဗြဟ္မာ နတ်များ၊ ပန်သော့အားဖြင့်၊”ဘုရားဖြစ်ဘို့၊ လူတို့ဌာနီ၊ ပြည် ကပီဝယ်၊ သာကီမျိုးမြတ်၊ သမ္ဘိန်ဇာတ်တို့၊ မပြတ် စပ်†ကာ၊ မင်း ဥ†က္ကာ၏့၊ သကျာဝတ၊ မိန့်သြဇာတိုင်း၊ နှမနှင့် မောင်၊ တည်ထောင် ပြည်ကြီး၊ နန်းထီး အုပ်မိုး၊ ဆက်စိုး စံပျော်၊ နွယ်တော် စဉ်ရှေး၊ တဝေး မပြား၊ တရား တည်ဖြောင့်၊ မြဲးစွာ စောင့်လျက်၊ ရှစ်သောင့်းလေးထောင်၊ စွန်းဆောင် တွက်စစ်၊ တကျိပ်နှစ်တည့်၊ ပွားသစ် နွယ်စင်၊ မဟာဝင်တို့၊ သောင်းခွင် *လွှံ့ကျော်၊ တုမမြော်သား၊ ဘေးတော် ဇေယျ၊ ဘိုး သီဟတိုင်၊ သကျ နွယ်ရိုး၊ အစဉ် စိုးလျက်၊ တန်းခိုး မတိမ်၊ စည်းစိမ် မပျက်၊ ရာကျော် သက်နှင့်၊ နန်းထက် ဘုံပေါ်၊ နိဗ္ဗာန်ပျော်သည့်၊ တေဇော် တောက်ပ၊ ငါ့ခမည်းမြတ်၊ သုဒ္ဓေါ်နတ်၏့၊ သတ်မှတ် ဘုန်းယှိ၊ သူဇာမိသို့၊ အချိ *ပြောထူ၊ များ ရှင်-လူတို့၊ မြင်သူ မူးမက်၊ မသွားရက်အောင်၊ မွေ့ညက် သား†ရေ၊ ဣန္ဒြေနှင့်၊ သ†ရေ ရွှန်းညိ၊ သမ္ပတ္တိကြောင့်၊ သိရီ့မဟာ၊ ဘွဲ့ဦးသာသား၊ မာယာ ညာနန်း၊ မိ*ကြငှန်း၏့၊ ကြာခန်း ဝမ်းတိုက်၊ ပျော်ပိုက် ကိန်းဝင်၊ သောင်း ပဲ့တင်ဖြင့်၊ သံထင် ကြိုး†ရိုက်၊ ဘဝဂ် ဆိုက်သား၊ တုန်†ရိုက် င+ရင်၊ *ဧးယင်+ယင်သို့၊ ကောင်းကင် ရေ-မြေ၊ ဆူလှိုက်ဝေလျက်၊ သန္ဓေကိစ္စ၊ ပစ္ဆိမနေ့၊ တည် သိမ်မွေ့ပြီး၊ ချိန်စေ့ ဆယ်လ၊ ရက်ရ သုံးရာ၊ ကာလ ကြာအောင်၊ ရင့်မာ ဣန္ဒြေ၊ စံငြိမ်နေမှ၊ ပိုး-လေ ဥတု၊ စုံတခုမျှ၊ မြူဏု မသန်း၊ လျှမ်းလျှမ်း ယိုစီး၊ ဓာတ်ရောင် မီးနှင့်၊ ညီးညီး ထိန်ဝင်း၊ ဖလ်ကြုတ်တွင်းဝယ်၊ ရွှေဆင်းတုလား၊ တူ မခြားတိ၊ မယ်ဘွား ပြင်က၊ ရှုထ မပြတ်၊ သောင်းတိုက် နတ်တို့၊ ရံပတ် စောင့်နေ၊ ဘေး*မဲ့စေလျက်၊ ပင်ခြေ ရှင်းရှင်း၊ နတ်တို့ †ကျင်းသား၊ အင်†ကြင်း စုံစီ၊ ပွင့်သိင်္ဂိသို့၊ လုမ္ဗနီ သာမော၊ ဥယျာဉ်တောနှိုက်၊ ရှင်*စော ငါလျှင်၊ ဗောဓိပင်နှင့်၊ နတ်သွင် ယသော်၊ ညီတော် အာနန်၊ မြင်းတော် ကဏ်က၊ ငဆန် ကာဠု၊ လေးခု ရွှေအိုး၊ ပြိုးပြိုး ရောက်လက်၊ တပြိုင်နက်ဖြင့်၊ ဘွားဘက်တော်စစ်၊ ဤခုနစ်နှင့်၊ သုံးခေတ် လူ့ခွင်၊ တု မမြင်အောင်၊ သန့်စင် ဘွားမြောက်၊ တဆဲ့ခြောက်သို့၊ ရွယ်ရောက် သက်ဆစ်၊ တိုင်တုံလစ်က၊ ရွှေစစ် ဆင်းဝါ၊ မင်း ဗိမ္ဗာနှင့်၊ ဣန္ဒာ သူဇာ၊ ပမာ *တညီ၊ ဆောင် ကိုယ်စီဖြင့်၊ သာကီပျိုပေါင်း၊ လေးသောင်း ခ-ရံ၊ ဘိသိက်ခံပြီး၊ မောင်နှံ မကွာ၊ နှစ်ကြာ ဆဲ့သုံး၊ လုံးလုံး မပျက်၊ နန်ထက် စံစား၊ သားတော် ရာဟု၊ မြင်ရှု မျက်နှာ၊ ထိုနေ့သာလျှင်၊ စွန့်ခွါ ရက်ရက်၊ ညဉ့်သန်နက်နှိုက်၊ ဘွားဘက်တော် ဆန်၊ မြင်းတော် ကဏ်နှင့်၊ ရှင်ကျွန် သုံးပါး၊ လိုတူအားဖြင့်၊ ယောက်ျားတွက်ရေ၊ ဗိုလ်ခြေ ခန့်ကျုံး၊ လက်ရုံး နှစ်ထောင်၊ ဆွဲးဆောင် ဘွင့်-ပိတ်၊ ခဲး*ကျိတ်†ကျိတ်တိ၊ မြဲး†ကြိတ် ကျပ်တည်း၊ သံဟီ*+ကြည်းလျက်၊ အ+ကျည်း မင်းတုတ်၊ ချမြှုပ် လျှိုထား၊ မြို့တံခါးကို၊ နတ်များ အသင့်၊ ဘွင့်လှစ်ထားရာ၊ ထွက်ကြွလာသော်၊ စကြာရောက်အံ့၊ ဆိုင်းငံ့ ပြန်သွား၊ မာရ်နတ် တားလည်း၊ ပယ်ရှားတုံလျက်၊ စိတ် မကွက်ဘဲး၊ တောထွက်ခဲ့ပြီး၊ သုံးပြည်ကြီးကို၊ ခရီး ပြင်း*ဝှန်၊ လွန်စေ ညဉ့်†ခြင်း၊ ကျော်ထုတ်†ချင်းတည့်၊ *သောက်လင်း ရောင်ဝါ၊ အရုဏ်လာက၊ နော်မာကမ်း†ယပ်၊ ထိုမှာ†ရပ်သို့၊ ဆိုက်ကပ် ကျော်†လျက်၊ သဲးဘော်†လျှက်နှင့်၊ တဘက် သောင်ဝယ်၊ ဖြတ်ပယ် *သျှောင်လုံး၊ မင်းသုံး ဝတ်လဲး၊ ချွတ်လွဲး စွန့်ကာ၊ ဗြဟ္မာ လှူဒါန်း၊ ကြာသင်္ကန်းနှင့်၊ ရဟန်းပြုမော၊ ဥရုတောတွင်၊ ရိုး-ကြော ကျန်လစ်၊ ကိုယ်ရေ စစ်အောင်၊ ခြောက်နှစ် ဒုက္ကရ၊ ကျင့်ထ ပြီးခါ၊ သေနာရွာမှ၊ သူဇာ ကပ်လှူ၊ ဆွမ်းဖြူ နို့ဓမ်း၊ ခံယူ လှမ်း၍့၊ မြစ်ကမ်း နေရဉ်၊ တင်ပျဉ် ခွေရှက်၊ ငြိမ်သက် တည်းချုပ်၊ ရွှေဉာဏ် အုပ်ပြီး၊ တလုပ် တရက်၊ ချိန်ကာ တွက်သို့၊ တလမြက်ခန့်၊ လုပ်ဖြန့် ရေချိုး၊ လေးဆဲ့ကိုးဖြင့်၊ ပြည့်ဖြိုးအင်တက်၊ ဘုန်းပေးလျက်တိ၊ ရွှေခွက် ညာဆန်၊ ဝမ်းဘဲးဟန်သို့၊ ဓိဋ္ဌာန် စွန့်မျှော၊ ညနေစောနှိုက်၊ တောက ထွက်လာ၊ လမ်းမှာ တွေ့ကြ၊ သောတ္ထိယထံ၊ လှူခံ မြက်ဆုပ်၊ ရွက်အုပ် မြဝေ၊ ဗုဒ္ဓဟေပင်ရင်း၊ ဗောဓိမင်းအောက်၊ ဖြန့်ကျင်း ထိုင်မြောက်၊ ပလ္လင် ပေါက်၍့၊ လာရောက် ရှူးရှူး၊ မာရ်စစ်ရူးတိ၊ ကြောက်မူးဘွယ်လိ၊ မြေမုန့်ရှိဖြင့်၊ အချိ ပြောဟုံ၊ ဝိုင်းအုံ ကြွေးဟစ်၊ လျှပ်စစ် မိုဃ်းကြိုး၊ နတ်စက်မျိုးနှင့်၊ လေဆိုး တိုက်†လွှင့်၊ တောင်ကြီး †လွင့်လောက်၊ မာရ်မင့်း ရန်ကြီး၊ ရန်တမီးကို၊ ပျက်စီးစေတတ်၊ ဘဝဂ် ပြတ်မျှ၊ ရိုက်ခတ် ပဲ့တင်၊ မြေအပြင်နှင့်၊ ကောင်းကင် မိုးလုံး၊ အုပ်ဖုံး ပိတ်စပ်၊ လင်းကွင်း ရှပ်သို့၊ ဘိညှပ် ကြိုးခုန်၊ သောင်းတိုက် တုန်အောင်၊ ရွှေပုညာဘိ၊ တု မယှိသား၊ ဓိပတိ ခေါင်မှူး၊ ဘုန်းတော် ထူးဖြင့်၊ ပွဲးဦး အောင်မြင်၊ ဇေယျာ*ရင်မှ၊ ချုပ်ဝင် စက်နေ၊ ညဦးခြေဝယ်၊ ပုဗ္ဗေနိဝါသ၊ သန်းခေါင်ကျသော်၊ ဒိဗ္ဗ လက်ရောက်၊ မိုးသောက် နေစက်၊ အရုဏ်တက်နှိုက်၊ နဲးနက် သမုပ္ပါဒ်၊ ဒွါဒသ်အစု၊ ဆဲ့နှစ်ခုကို၊ အနုလုံ ပဋိလုံ၊ နှုတ်ငုံ ဘန်ဘန်၊ ပြန်လှန် အောက်-ထက်၊ ဉာဏ်စက် ဝရဇိန်၊ လွှတ်ချိန် မိုဃ်းကြိုး၊ ဖြတ်ချိုး *အက်†ခြ၊ လောင်မီး †ချသို့၊ ခုဒ္ဒကကျမ်းလာ၊ ရှစ်ရာနှင့် တစ်၊ ကိလေစစ်နှိုက်၊ ရာ့ရှစ် တဏှာ၊ ပယ်နှုတ်ကာလျှင်၊ မိစ္ဆာ ဒွါသဌ်၊ ထည့်လတ် တုံ့ပြန်၊ အနုပ္ပန်နှင့်၊ ဥပ္ပန် နှစ်ပါး၊ ထပ်ပွား မြှောက်*ကြို၊ ဆယ်ပါး ပိုကို၊ မလို ပယ်ချ၊ ဦနသင်္ချာ၊ ထောင့်ငါးရာဟု၊ ကိလေသာဆိုး၊ မိုက်မျက်မျိုးကို၊ ပြတ်ကြိုး မွကြေ၊ ပြာကျစေလျက်၊ ပစ်ချေ ညက်မှ၊ အာသဝက်ဉာဏ်၊ မဂ်ဆုံးစွန်ဖြင့်၊ သုံးတန် အဝိဇ္ဇာ၊ ပြီးမြောက်စွာ၍့၊ နုပါဒိဓာတ်၊ အမြတ်ဆုံးစွန်၊ ရောက်ကြောင်းမှန်သည့်၊ လေးတန် ပိုင်းခြား၊ မဂ်အကြားတွင်၊ ရငြားအလို၊ မဂ်-ဖိုလ် နိဗ္ဗာန်၊ ပယ်ကျန် ကိလေ၊ ဤငါးထွေနှိုက်၊ မသွေ ဆတ်ဆတ်၊ ဆင်ခြင်တတ်လျက်၊ ဒဿနစစ်၊ တစ်စီဖြစ်သား၊ ပစ္စဝေက္ခဏာမည်ယှိ၊ ဉာဏ်ဝီထိမျိုး၊ ဆဲ့ကိုးချက် နောက်၊ မဘောက် မပြန်၊ နာဝရဏ်ဖြင့်၊ သမန္တစက်၊ စံ မဘက်အောင်၊ ဝက်ဝက် ခြားပိုင်း၊ ဉေယျဂိုဏ်းကို၊ ယှိတိုင်း မကြွင်း၊ မယှိခြင်းမျှ၊ ခြွင်းတော့သည်သာ၊ ပိတ် မကာဘဲး၊ နောင်လာ ခုတိတ်၊ ပရိတ် မဟဂ်၊ ကိုးချက် လောကုတ်၊ မယုတ် လုံးစုံ၊ အာရုံ ခြောက်ဘို့၊ တရားတို့လည်း၊ အလို့အလျောက်၊ *လျင်ရှောက် မ*ညောင်း၊ တပေါင်း ချက်ပြီး၊ သီးသီး စည်ကာ၊ လိုရာ အကြိမ်၊ ဆွတ်ချွေနှိမ်သို့၊ သကိံ ကမာ၊ သိနိုင်စွာကြောင့်၊ ကြံငှာ မယှိ၊ အံ့ဘွယ်ချိသား၊ အစိန္တိယာ၊ မဟာဝဇိရ၊ ဉာဏ ကြီးထု၊ သဗ္ဗညုဟု၊ အတု *မဲ့တုံ၊ ဗုဒ္ဓဘုံသို့၊ လုံးစုံ ရောက်ဆိုက်၊ အောင်လံ စိုက်၍့၊ သောင်းတိုက် *ဝှန်ဝေ၊ ကျော်နှံ့စေလျက်၊ အသင်္ချေယျံ၊ နာမံ တံဆိပ်၊ ခတ်နှိပ် မဆုံး၊ သုံးခေတ်လုံးတွင်၊ ဘက် မမြင်သည်။။ ငါလျှင် သုံးလူ့ထွတ်ထားတည်း။ (၄)

(ဤကား ဇာတ်ပေါင်းဟူသော ဥဒ္ဒေသ၏့ နိဒ္ဒေသတည်း။)

မဃဒေဝဇာတကံ နဝမံ။

(၅၃၅) ငါးရာ့ငါးသွယ်၊ မြစ် ကြီး-ငယ်ထက်၊ လွန် *ကယ် များမြတ်၊ ထိုမျှဇာတ်တိ၊ နိပါတ် ကျမ်းစစ်၊ နှစ်ဆဲ့နှစ်တွင်၊ ရှေးဖြစ် အစ၊ ဧကနိပါတ်၊ ဇာတ် ရာ့ငါးဆယ်၊ သုံးသွယ် သင်္ဂဟ၊ ပဏ္ဏာသတွင်၊ ပထမပဏ္ဏာ၊ သင်္ဂါ တင်ချက်၊ ထိုငါးဝဂ်တွင်၊ မပျက် အမှန်၊ အပဏ္ဏက၊ ပထမတည့်၊ ဒသ ဇာတ်စု၊ အပေါင်းပြုတွင်၊ ကိုးခုမြောက်ထ၊ နဝမဟု၊ မဃဒေဝ၊ ဇာတကသည်။။ ကိစ္စ ပြီးမြောက် ပြည့်စုံ ရောက်တည်း။ (၅)

(ဤကား နိဂုံး၊ အဆုံး ကမ္ပတ်၊ အပြီသတ်အောင်ဟူသော ဥဒ္ဒေသ၏့ နိဒ္ဒေသတည်း။)

ဇာတ်ပေါင်းခဏ်း (၅)ပိုဒ် ပြီး၏၊