မြန်မာ့သာသနာ့နိဒါန်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၈။ မြန်မာ့သာသနာ့နိဒါန်း


(၅၇၉) ထိုမှ တခြား၊ ဘုန်းခြောက်ပါးနှင့်၊ ဘုရားမြတ်စွာ၊ လောကနာလျှင်၊ အဝါ နှစ်ဆယ်၊ ပြည့်ကယ် ကျော်ထ၊ မဇ္ဈိမဗောဓိ၊ ရောက်ဘိ ထိုခါ၊ သုနာပရန္တ၊ မရမ္မနှိုက်၊ ဝါဏိဇရွာသား၊ တရား လက်ယှိ၊ မဟိဒ္ဓိဟုန်၊ ဘိညာဂုဏ်နှင့်၊ မဟာပုဏ်မည်ရ၊ ထေရ် လူ့ဘသည်၊ မလယကျွန်းဖြစ်၊ နံ့သာစစ်ဖြင့်၊ ဆီနှစ် ရဲးရဲး၊ ဘိုးကဲး လွန်ကျူး၊ *အမွန်း ထူးသား၊ စန္ဒကူးရွှေဘုံ၊ ဂန္ဓာရုံကျောင်း၊ မြတ်တန်ဆောင်းနှိုက်၊ ကိန်းအောင်စိမ့်ငှါ၊ ပင့်လျှောက်ရာတွင်၊ ဆဠာဘိည၊ ပရမဝိသုဒ်၊ တပါးယုတ် ငါးရာ၊ အရဟာချည်း၊ ငါးဖြာ ဝသီ၊ ဂုဏ်ဆီ *နက်ကိ၊ တန်းခိုးယှိသား၊ သီတိပရမတ်၊ များ ထေရ်မြတ်နှင့်၊ နတ် ဝိသုကံ၊ စီမံ ပြုပြင်၊ *ယာဉ်ညဉ် ပြာသာဒ်၊ ငါးရာမြတ်ဖြင့်၊ လူ-နတ် *ဦးကိုင်၊ ထွတ်ဘုန်းလှိုင်လျှင်၊ ကိုယ်တိုင်တော်သာ၊ ကြွခဲ့ လာ၍့၊ သုနာတိုင်းရဌ်၊ ပရန်ဓာတ်ဝယ်၊ မြတ် ဂန္ဓာရုံ၊ ရွှေဘုံ ကရမက်၊ ကျောင်းတော်ထက်နှိုက်၊ ခုနစ်ရက်လုံး၊ မြိုက်ရေ ကျုံး၍့၊ သောက်သုံးစေ*မျှို့၊ ပြည်သူတို့လည်း၊ မဂ်-ဖိုလ်ရသာ၊ လေးသစ္စာကို၊ ထိုခါ နှစ်ထောင်း၊ သိကြရှောင်းသည်။။ ကျော်သောင်း ခုနစ် ဗိုလ်ခြေတည်း။ (၁)

(၅၈၀) ထိုသို့ စင်စစ်၊ မြတ်ရှင်ချစ်လျှင်၊ ခုနစ်ရက်လုံး၊ ဆုံးပစေ၍့၊ ညဉ့်-နေ့ မခြား၊ တရား မြိုက်ရည်၊ တိုက်ပြီးသည်မှ၊ ပြန်လည်*နစ်သော်၊ နံမြစ် သာယာ၊ ကမ်းခြေမှာလျှင်၊ နမ္ပဒါနဂါးမင်း၊ ညွတ်စင်း ဝပ်တွား၊ ပန်သော့အားနှင့်၊ တောင်ဖျား ထိပ်စွန်၊ ထိုရပ်ဌာန်ဝယ်၊ သစ္စဗန် ရှင်ရင်း၊ တောင်းပန်ခြင်းကြောင့်၊ *သနင်း ဘုန်းမော်၊ ရှင်တော်ဘုရား၊ လိုတော်အားဖြင့်၊ ပုဏ္ဏား ဒေါဏ၊ ပုတ္တသာရီ၊ မာဂဏ္ဍီတို့၊ သုံးလီခြင်းတ၊ ထိုကိစ္စမှ၊ ဌာန အခြား၊ ရပ်တပါးနှိုက်၊ ရွှေဘွား ညံ့-နု၊ ဝါဂွမ်းစုနှင့်၊ လွှတ်တု အားအန်၊ နောင်ကျန် ထောက်ထား၊ ကြောင်း သုံးပါးကြောင့်၊ ကြွသွားတိုင်းပင်၊ ရာမထင်လည်း၊ ဤတွင် မယွင်း၊ ထင်စေလျှင်းဟု၊ ကွင်းကွင်း ပြက်ပြက်၊ တခဲးနက်သား၊ ကျောက်ထက် ထင်ရှား၊ ရေးသား ပြည့်စုံ၊ ဖယောင်းပုံသို့၊ လိုရုံ အိပြောင်း၊ အံ့ဘွယ်ကောင်းအောင်၊ *ပုန်တောင်း ကန့်ချက်၊ ရာ့ရှစ်ကွက်နှင့်၊ ရွှေစက်တံဆိပ်၊ နင်းနှိပ် နှစ်ဆူ၊ ချတော်မူလျက်၊ နတ်-လူ အုတ်အော်၊ ရှိပူဇော်၍့၊ ရှင်တော်ဘုရား၊ ထင်ရှားစဉ့်ခါ၊ မဟာသာဝက၊ ပုဏ္ဏ သစ္စဗန်၊ ထေရ်*မွန်တို့က၊ တည်ဦး စပြီး၊ ယောနကဓမ္မရက္ခိတ၊ ထေရ မဟာ၊ ခြောက် ဘိညာနှင့်၊ ရဟန္တာသခင်၊ မြတ်အသျှင်တို့၊ ရှုမြင် ဉာဏ်ဖြင့်၊ ခွဲးဝေ ချင့်သား၊ *ယခင့် အထက်၊ ကိုးတိုင်းချက်တွင်၊ တကွက် မှတ်ရာ၊ အဝင်ပါလျက်၊ သာသနာ ထပ်ဆင့်၊ ပြုပြန်ခြင့်းကြောင့်၊ မင်းနှင့် ပြည်သူ၊ များ ရှင်-လူတို့၊ အယူ သမ္မာ၊ ခုတိုင် ကြာအောင်၊ သုနာပရန်၊ ရန်မာန် ပယ်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ် နှစ်ထပ်၊ စက်ရှင်ကွပ်သား၊ မြန့်ရပ် စည်ဆိုင်း၊ မြန်မာ့တိုင်းလည်း၊ ပြိုင်ခိုင်း ဘက်ကွာ၊ သာသနာ၏့၊ တည်ရာ တသီး၊ *အမွန် ဖြီးသည်။။ တိုင်းကြီး ပြည်ပြည့် ထိပ်ဗွေတည်း။ (၂)

(၅၈၁) ဤသို့ အဆင့်၊ နိဒါန်း ဘွင့်၍့၊ *ယခင့် ခြားပိုင်း၊ ပြခဲ့တိုင်းဖြင့်၊ တလိုင်းရာဇာ၊ မြန်မာ မန္ဓာတ်၊ မျိုး နေနတ်တို့၊ မပြတ် သာသနာ၊ ခြီးမြှောက်ကာတိ၊ မဟာစူဠ၊ သမ္ဘဝ၏့၊ နှစ်ပါး သည်းပွတ်၊ အတုလွတ် ခေါင်၊ သုရာ အောင်သည်၊ ဒွတ္တပေါင်နတ်၊ စက္ကရတ်တို့၊ ပြာသာဒ် *ရဝေ၊ စံမှတ်နေသည့်၊ သရေခေတ္တ၊ ပြည်က စ၍့၊ မြန်မာ့ဂိုဏ်းပွား၊ အစဉ် †ကြားက၊ †ကျား-ဗူး-ရှူး-ဝက်၊ ငှက်ရန်ပျက်ကို၊ နတ်စက် ဝရဇိန်၊ ပစ်ချိန် ခွင်းသတ်၊ အောင်ခင်း မှတ်သား၊ ရိမဒ် နာမံ၊ ပုဂံ မြင်းစိုင်း၊ စစ်ကိုင်း ပင်းယ၊ ပြည် အင်းဝနှင့်၊ သိင်္ဃ ကုန်းဘောင်၊ ရန်အောင် အမရ၊ ပဉ္စမသင်္ဂါယနာ၊ တင်ရွတ်ရာတိ၊ ရတနာပုံ၊ သာမျိုး စုံသည့်၊ ရွှေဘုံ*ကြငှန်း၊ မန်းပြည် သီခရ၊ ပုရိန္ဒနှိုက်၊ အစ ရန်နှည်၊ မြို့နန်းတည်သား၊ ဘုန်းစည် ပထမ၊ လူမျာ့း ဘ,နှင့်၊ ဒုတီယမြောက်၊ ရာ မ†ပျောက်ဘဲး၊ ကွန်း†ပြောက် သိမ်းမြန်း၊ ရွှေနန်း တက်စံ၊ ဆက်ခံ မမှား၊ နတ်တပါးသို့၊ တရား ထိန်းစောင့်၊ သမ္မာဖြောင့်သား၊ မာရ်အောင့်ဒါယကာ၊ မဟာဧကရာဇ်၊ နေမြစ် ပဝရ၊ မင်းသို့ကျအောင်၊ မြန်မာ့ ရွှေဘုန်း၊ မို့းနှယ်ချုန်း၍့၊ နေ*နှုန်းပွင့်ရာ၊ *ဟော်ကွန်းသာနှင့်၊ ပြုဗ္ဗာတကြော၊ တည်ပြန့်*ပြောသား၊ *မော ကိုးပြည်ထောင်၊ မင်းတို့ဘောင်ပါ၊ ကုန်အောင် ထိုမျှ၊ တိုက်လောကလုံး၊ ဗုဒ္ဓသာသနာ၊ ရောင်ဝါ နေ-မီး၊ မက ညီး၍့၊ ပွားစီး စည်ဖြာ၊ ထွန်းလင်း သာသည်။။ မိစ္ဆာ မသမ်း မဝေတည်း။ (၃)

(၅၈၂) မန်းပြည် သီခ †ရ၊ ပုရိန္ဒနှိုက်၊ ဒုတီ†ယ နေမင်း၊ ဘုန်းရောင် ကင်း၍့၊ အလင်း ကွယ်†ပျောက်၊ ရွှေကွန်း†ပြောက်မှ၊ အနောက် ဂေါယာန်၊ ဝင်ခဲ့ပြန်သော်၊ အနန္တရ၊ ဝိသေသဖြင့်၊ ဝိသိဋ္ဌဂုဏ်၊ ခြီးမကုန်အောင်၊ ပုညာဘိသင်္ခါရ၊ ဇနကကုသိုလ်၊ ပစ္စည်း *ကြို၍့၊ ဝိတိုရိယာ၊ မဟာရာနီ၊ နတ် ဣန္ဒီသို့၊ ဧကရီ*တမွတ်၊ မိဘုန်းထွတ်လျှင်၊ စက္ကဝတ်ကြီး၊ မန္ဓာတ်နီးမျှ၊ ဘုန်းမီး တန်ဆောင်၊ ထွန်းညီးထောင်၍့၊ မန်းအောင်မြေချက်၊ နန်းကနက်ကို၊ မြန်းတက် အုပ်မိုး၊ ဆက်လာ စိုး၏၊ တန်းခိုး ပုညဇိဒ်၊ ဂုဏ်မဟိဒ်ဖြင့်၊ အတိတ်ကာလ၊ *ရှေးမဆွက၊ ဒိဋ္ဌမင်္ဂလိကာ၊ မိမြတ်စွာသည်၊ မဟာဗြဟ္မိန်၊ လောကိန္ဒရာဇ်၊ ခင်ပွန်းစစ်ဟု၊ မဖြစ်စတောင်း၊ ရာမင်းပေါင်းတို့၊ ဥက္ခောင်း မကိုဋ်၊ ခြေဦးခိုက်၍့၊ ဖူးတိုက်ကုန်ရ၊ ပုံ*တမျှတည့်၊ မိန်းမအုပ်သည်၊ ရပ်-တိုင်းပြည်ကား၊ မတည် ပျက်*ဆော၊ နီတိဟောကို၊ ထူးသောပုည၊ ဝိသိဋ္ဌဖြင့်၊ ဒေါသ ဝိရုဒ်၊ အဖြေထုတ်သို့၊ သမ္ဗုဒ္ဓဖျား၊ မြွက်ဘော်ကြားတိုင်း၊ တရားအလို၊ ဘုန်းကုသိုလ်နှင့်၊ ဝိတိုရိယာ၊ ရွှေဘွဲ့သာသည်။။ ဣန္ဒာနီမြတ် နတ်ဆွေတည်း။ (၄)

(၅၈၃) ဝိတိုရိယာ၊ ရွှေဘွဲ့သာသည့်၊ မဟာဧကရီ၊ ဣန္ဒနီမြတ်၊ မိဘုန်းနတ်ကား၊ ပြာသာဒ် ရွှေဘုံ၊ သိနေရုံနှင့်၊ တူပုံ မချို့၊ နတ်တို့ နေရပ်၊ ဆိုစအပ်သား၊ ဗိလပ်ကျွန်းမြေ၊ *ကွန်း*ရဝေက၊ တဧကရိန်၊ တနေထိန်သို့၊ စက္ကိန္ဒြိ၊ ဓိပတိဂိုဏ်း၊ *စိုးဓိမိုင်းလျက်၊ တိုင်း ဣန္ဒြိယ၊ ဥရောပက၊ ဧရှသမိုက်၊ ကမ္ဘာတိုက်တွင်၊ မကိုဋ် ပြဋ္ဌာန်း၊ မန်းပြည်နန်းကို၊ သိမ်းမြန်းပြီးခါ၊ တသညာဖြင့်၊ ပြည်-ရွာလောက၊ သြကာသနှိုက်၊ ဒိစတြိတ်၊ နိမိတ် နယ်ရပ်၊ ဆပ္ပဒေဝီ၊ စိတ် ဝေညီလျက်၊ အစီ အလျဉ်၊ အစဉ် ခွဲး†ခြမ်း၊ ပြည် ငြိမ်း†ချမ်းအောင်၊ သံလမ်း ကြေးကြိုး၊ ဓာတ်အိုး ဓာတ်†ရုံ၊ ဘူတာ†ရုံနှင့်၊ ဂါတ်†ရုံ ထောင်-ရုံး၊ သည်အားလုံးကို၊ ထုံး ဥပဒေ၊ အနေကျမှု၊ စီမံ ရှု၍့၊ တိုင်းပြု ပြည်ပြု၊ ကမ္ဘာပြုသည်။။ သတ္တုပကာရဂုဏ်ပေတည်း။ (၅)

(၅၈၄) သတ္တုပကာ၊ သမ္ပဒါတိ၊ ပုညာဘိသန္ဒ၊ ဝိသေသထူး၊ ဂုဏ် လွန်†ကျူးကို၊ ခြီး†ကြူးအံ့ငှါ၊ မကုန်ရာသား၊ မဟာဧကရီ၊ ဒေဝီ*တမွတ်၊ မိဘုန်းထွတ်ကား၊ ဖြန့်လွှတ် စက်ရှင်၊ ရေပြင် မြေ†ကြော၊ ဘုန်းသံ†ကျောဖြင့်၊ တိုက် လောကဓာတ်၊ လှည့်ခဲပတ်၍့၊ မြန်ရဌ် တိုင်းခန်း၊ မန်းပြည်နန်းကို၊ သိမ်းမြန်း စိုးလစ်၊ ဆဲ့ငါးနှစ်သို့၊ စင်စစ် ရောက်ခါ၊ ရွှေခန္ဓာသည်၊ တရာ ပြည့်လု၊ ဧကုနဝီ၊ မရောက်မီတွင်၊ ယာယီကိန်းဆိုက်၊ ဇာတိလိုက်ဖြင့်၊ ကြိုက်ခဲ့တုံရှောင်း၊ ရွယ်တော် *ညောင်းဟု၊ ရုပ်ဟောင်း စွန့်ပစ်၊ ရုပ်သစ် လဲးတုံ၊ ကောင်းကင်ဘုံနှိုက်၊ ခိုလှုံ ထက်ယံ၊ ပြောင်းတက် စံက၊ သက်နှံ ဘုန်းထက်၊ ရာတော် ဆက်၍့၊ ဧဒွက်ဘုရား၊ သားတော် မြတ်စွာ၊ ဥပရာလျှင်၊ မဟာပုညဇိဒ်၊ ဘုန်းတော်ဟိတ်နှင့်၊ ဂရိတ် ဘရီ†တန်၊ လန်†ဒန် ရွှေနန်း၊ ဘုံကြငှန်းကို။။ သိမ်းမြန်းရာ*ရိုက် ခံမွေတည်း။ (၆)

(၅၈၅) လန်ဒန်ရွှေနန်း၊ ဘုံ *ကြငှန်းကို၊ သိမ်းမြန်း စံထ၊ သတ္တမမြောက်၊ ရာ မ†ပျောက်ဘိ၊ ကွန်း†ပြောက် ဥကင်၊ မင်းပွဲး*ရင်မှ၊ တိုင်းခွင် ကျယ်တိုင်း၊ တေဇာလှိုင်းလျက်၊ မြောက်ပိုင်းဌာန၊ ဓုဝံကျသား၊ အမရဒီပံ၊ မေရိကံတိုင်၊ ကျော်သံ သတင်း၊ ပြန့်နှံ့ခြင်းဖြင့်၊ မင်းမင်း*တကာ၊ ကြည်ညိုစွာလျက်၊ သစ္စာ မ†လှန်၊ မဘောက်ပြန်ဘဲး၊ အင်္ဂ†လန်မည်၊ တိုင်းရွှေပြည်က၊ လေးတည်သမိုက်၊ ကမ္ဘာတိုက်တွင်၊ မကိုဋ်တဆူ၊ နေတူ တခု၊ မဏ္ဍိုင်ပြုလျက်၊ သုံးလူ့ မြတ်စွာ၊ သာသနာကို၊ ဘာသာအလျောက်၊ ထူး မမြှောက်လည်း၊ ထက်-အောက် *ဗိုလ်ထု၊ ဝေနေစုအား၊ သတ္တုပကာ၊ သမ္ပဒါဖြင့်၊ ကြေညာ ထုတ်ခတ်၊ လောကဓာတ်လုံး၊ နတ်နှင့် တူ*နိုး၊ စက်ရှိန် မိုး၍့၊ အုပ်စိုး မနှောင့်၊ ဘုန်းတော် စောင့်က၊ နှစ်ထောင့်လေးရာ၊ ကျော်တိုင်သာလျှင်၊ သာသနာနေဝန်း၊ လိုလို ထွန်းသည်။။ ကျွန်းကျွန်း ကမ္ဘာ မြေ-ရေတည်း။ (၇)

မြန်မာ့သာသနာ့နိဒါန်း (၇)ပိုဒ် ပြီး၏၊

ဤတွင်ရွေ့ သာသနနိဒါနဒီပနီ (၂၆)ပိုဒ် ပြီး၏၊