သာမညနိဂုံး

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၉။ သာမညနိဂုံး


(၅၈၆) မှတ်လော့ နောင်လာ၊ *သမိုင်းဖြာပိမ့်၊ မဟာဝုန်မြိုင်၊ ပန်းစုံလှိုင်လျက်၊ *ဂနိုင် *ဦးဆောက်၊ *ဖြိုးဖြိုးမောက်နှင့်၊ ထက်-အောက် သံတောင်၊ ရှစ်ဆယ်အောင်လျှင်၊ ပြိုးပြောင် စက္ကိ၊ *နက်သန်ယှိ၍့၊ ဘူမိဇာလ၊ တေဇ ထင်ရှား၊ မြွေ-ကြောင်-ကျားကို၊ ဘား-ကြွက် သမင်၊ အောင်မြင် နိုင်ရာ၊ *မော်ကွန်းသာသား၊ မဟာနဂရ၊ ကပိလဟု၊ သက္ကတိုင်းမြေ၊ *တိုက်မဇ္ဈေက၊ နေသာကီမြတ်၊ သမ္ဘိန်နတ်တို့၊ သင်္ကဿမည်၊ တကောင်းပြည်ကို၊ ထောင်တည် မြဲးမြံ၊ နှစ်ကြိမ် စံ၍့၊ ပုဂံ ပဉ္စာ၊ စဉ်ပြီးခါမှ၊ စုန်လာ ရပ်*ကြေ၊ ပြူနတ်ဆွေနှင့်၊ ဘေဒါယဉ်ပွေ့၊ ရသေ့သမီး၊ စုံမှီး ယှဉ်မှီ၊ နောင်-ညီ မင်းလှ၊ သမ္ဘဝတို့၊ လောကတံခွန်၊ မြတ်ဆုံးလွန်သား၊ ဘဝန္တဂူ၊ သယ†မ္ဘူလျှင်၊ နိ†ဗ္ဗူ ရွှေနန်း၊ သိမ်းမြန်းစံမြောက်၊ ဝင်ပြီး နောက်တွင်၊ နှစ် ခြောက်ဆယ်ရ၊ ပြည့်သော် ကတိ၊ မူလ အရင်း၊ သကျအင်းဝယ်၊ နန်းခင်း တည်ခါ၊ စဉ်ခဲ့ လာတိုင်း၊ သာသနာ*သိုက်၊ စကြာရိုက်ဖြင့်၊ ညာ*တိုက် ဆန်လစ်၊ သရေခေတ်နှိုက်၊ နေမြစ် ဝံသာ၊ နွယ်တော် ဖြာသား၊ မဟာသမ္ဘဝ၊ မင်း စူဠ၏၊ နှစ်ပါး သီးခေါင်၊ ဒွတ္တပေါင်ဟု၊ ရန်အောင် ဘက်ကျုံး၊ ထောင် လက်ရုံးနှင့်၊ သောင်းလုံး ခွန်ဆော်၊ တုမမြော်သည်။။ ဘုန်းတော် မို့းနှယ် ထစ်ချုန်းတည်း။ (၁)

(၅၈၇) သာသနာနှစ်၊ တရာ့တစ်နှိုက်၊ ခေတ္တ ရွှေပြည်၊ ထောင်တည် စိုးဆောင်၊ ဒွတ္တပေါင်ဟု၊ ရန်အောင် ဘက်ကျုံး၊ ထောင် လက်ရုံးနှင့်၊ သောင်းလုံး ခွန်ချိ၊ တု မယှိသား၊ တြိနေတ္တ၊ မင်းက စ၍့၊ မ ဉ္စဗီသံ၊ ရွှေနန်း စံလျက်၊ ပုဂံ ရိမဒ်၊ ပြည်မြတ် အောင်ချာ၊ ပဉ္စာပဉ္စ၊ ရွှေပန်း †ရသည့်၊ ပင်း†ယ ခြောက်ဆက်၊ နောက်ဘက် မြန့်တိုင်း၊ ပရန်ဂိုဏ်းတွင်၊ စစ်ကိုင်း ခုနစ်ဆူ၊ တောင်ငူ ရန်နှိပ်၊ သုံးကျိပ်လေးပါး၊ တရား မကွာ၊ ပြည်မှာ တွက်ကျုံး၊ နှစ်ကျိပ်သုံးနှင့်၊ တိုက်လုံး ခွန်သ၊ ပြည်ရွှေဝနှိုက်၊ တိံသရာဇာ၊ ဝတိံသာသို့၊ ရတနာသိင်္ဃ၊ အမရကား၊ နဝ ရာဇိန်၊ ဘုန်းရှိန် နေ-လ၊ ကြီး တေဇနှင့်၊ ရာ့ရှစ်ကျိပ်ကိုး၊ နေမျိုး နွယ်ခြား၊ အစဉ်အားဖြင့်၊ တရား မဘောက်၊ *စော*ရွှေမှောက်တို့၊ မြစ်လျှောက် ဝဲး-ယာ၊ တိုင်း သုနာနှင့်၊ မင်္ဂလာရန်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ် နှစ်ဘော်၊ ဇမ္ဗူကျော်အောင်၊ ရှင်တော်ဘုရား၊ ထင်ရှားစဉ်က၊ စက်ရှင်ချလျက်၊ အင်္ဂ မဂဓ၊ တကွ ရံဆိုင်း၊ နှစ်တိုင်း ခွန်*ကြို၊ ရာဇဂြိုဟ်သို့၊ နုပျို သာယာ၊ မြန်ရဌ်ချာထက်၊ မဟာရာဇဌာန်၊ ဝေယန် *ဖြိုးမောက်၊ မိုးသို့ ပေါက်မျှ၊ စိုက်-ဆောက် နန်း-ထီး၊ ရွှေစည် တီး၍့၊ ပြည်ကြီး ကိုးဆင့်၊ ရိပ်ဖြူ ဘွင့်သည်။။ လင်းပွင့် သရေ ရွှေဘုန်းတည်း။ (၂)

(၅၈၈) ရွှေဘုန်း သရေ၊ တက်သစ် နေသို့၊ တဧကရာ၊ ရှစ်ထီး ကာ၍့၊ သီဟာ လျှံတင့်၊ ပလ္လင်မြင့်နှင့်၊ ဥကင့်စတေ၊ လင်းပွင့်ဝေမှ၊ ဧရာမြစ်မှူး၊ ကမ့်းနဖူးထက်၊ မန်းဦး ဗျာဒိတ်၊ တိတ်နှင့် အလိုက်၊ သိုက်နှင့် ညီစွာ၊ သြဘာအရ၊ ရွှေဉာဏ် ဆ၍့၊ လောကဟိတ၊ စရိယဖြင့်၊ မဃဒေဝ၊ လောင်းလှ မဟာ၊ မိထိလာရွှေပြည်၊ နန်းသစ်တည်နှင့်၊ *တရည် *နှုန်းဆောင်၊ မြန်ရဌ်ခေါင်ဝယ်၊ ကုန်းဘောင်သမ္မတ၊ သမ္ဘိန္နနှိုက်၊ ဒသမ*စောမီး၊ မနောထီးနှင့်၊ *စစ်စီး တု*မဲ့၊ နှိုင်း*ရှဲ့ဘက် ယှား၊ ကျင့် ဆယ်ပါးဖြင့်၊ တရား မွေ့လျော်၊ သောင်းလုံးကျော်အောင်၊ ဘုန်းတော် ထွန်းပ၊ ကျွန်းကျွန်း ခလျက်၊ ရာ့ကိုးကျိပ်မြောက်၊ ရာဝင်ပေါက်၍့၊ ထို့လောက် ဤလောက်၊ များ*ရွှေမှောက်တွင်၊ နှစ်ယောက် မပြူ၊ နှစ်ဆူ မထွက်၊ ဓမ္မစက်ကို၊ ကျောက်ထက် ထင်စွာ၊ ကြေ ကမ္ဘာအောင်၊ သေချာ *ကုံင၊ ရေး ထုသပြီး၊ ဉာဏ ကြံထက်၊ နတ်စိန်စက်သို့၊ သေလက္ခရာ၊ မဟာရုဠှ၊ ဝိသေသတည့်၊ ပဉ္စမသင်္ဂါယနာတင်၊ ဘုရင် ဓိပတိ၊ တြိဘဝန၊ တိုက်လောကထက်၊ သူရိယမိတ်၊ အာဒိစ္စဝံသာ၊ နေနွယ်လာသည့်၊ ကြည်သရာခေါင်၊ မင်းမျာ့း နောင်လျှင်၊ ဘုန်းရောင် နေဝါ၊ ကြီး သမ္ဘာဖြင့်၊ ရင့်မာကျိပ်ဝင်၊ ဗျာဒိတ်ဝင်နှင့်၊ သိုက်ဝင် ဓာတ်ဝင်၊ နတ်သျှင် ညွှန်ပြ၊ ကိန်းစုံရလျက်၊ လောက ဥသျှောင်၊ ပြည်ကြီး ထောင်၍့၊ ရွှေတောင် သီခရာဇ်၊ မန်းမြေခေတ်နှိုက်၊ မြားပစ် တထောင်၊ နန်း*ရွှေဘောင်သို့၊ တူယောင် မယွင်း၊ ဘုန်း ဘန်ဆင်းသား၊ လျှံဝင်း သရေ၊ နန်း*ရဝေနှင့်၊ မန်းရွှေ အောင်†မျှို့၊ သာပေါင်း ကြို့သည်။။ နတ်†မြို့ နိမ္မာ တ*နှုန်းတည်း။ (၃)

(၅၈၉) နတ်မြို့ နိမ္မာ၊ *နှုန်းချိန်ရာဖြင့်၊ ရတနာပုံ၊ ဇေယျာ လှုံသား၊ ရွှေဘုံ မန်းခေတ်၊ နန်းမြေသစ်မှ၊ မြစ်*အောက် ညာဌာန်၊ ဧရာဆန်၍့၊ အပရန်ဂိုဏ်း၊ နောက်ဘက်တိုင်းတည့်၊ နတ်သိုင်း စကြာ၊ စိုးရစွာသား၊ မဟာဝေသဝဏ်၊ နေရာချွန်သည့်၊ နတ်*မွန် ဆိုင်ရာ၊ မြင်းမိုရ့် ညာဝယ်၊ အာဋာနာဋ၊ ဝိသာဏက၊ စသည် မှိုင်းညှို့၊ ဆဲ့တ†မြို့သို့၊ အစို့ အစို့၊ †ဂမျှို့ကြက်သရေ၊ အထွေထွေတွင်၊ ဂုဏ်နေ မခန်း၊ တောင်မြစ်တန်း၍့၊ ရစ်သန်း သီတာ၊ လွန်သာယာလျှက်၊ မဟာဒေဝီ၊ ဣန္ဒနီသို့၊ မဟေသီမြတ်၊ ဧကီနတ်၏့၊ ပိုင်းမှတ်စားရာ၊ ပင်တိုင်ခါက၊ မင်္ဂလာမြို့သီး၊ ပျော်မငြီးမျှ၊ ရွာကြီး ရွာငယ်၊ သာ တင့်တယ်သား၊ သန်လယ် မုရင်း၊ ယာ ကောက်ခင်းနှင့်၊ ဝင်းဝင် ပြောင်ပြောင်၊ သာသနာရောင်လည်း၊ တန်ဆောင် ဓမ္မအိမ်၊ ရွှေသိမ် ရွှေကျောင်း၊ တန်ဆောင်း ပြာသာဒ်၊ မွေဓာတ် သရီ၊ စေတီ ဗောဓိ၊ သိရီ့မျှို့ပေါင်း၊ ရှုမ*ညောင်းတည့်၊ မျိုးကောင်း သူတော်၊ များတဘော်တို့၊ ရွှေဗော်ဓိပင်၊ ခုံပလ္လင်၏့၊ ရင်ပြင်တော်ရင်း၊ သာ တလင်းနှိုက်၊ ပန်းခင်း ပျံ့†လှိုင်၊ ထုံသင်းကြိုင်လျက်၊ မုခ်†လိုဏ် မထုတ်၊ သမုတ် ရုဠှီ၊ ပွတ်နှယ် ညီသား၊ စေတီ *ဖြိုးမြိုင်၊ အဆိုင်ဆိုင်နှင့်၊ မုခ်-လိုဏ် ရှိ*မဲ့၊ ထူးဘွဲ့ သညာ၊ ဝေါဟာ ခေါ်ရိုး၊ ပုထိုး ထူပ၊ များလှ *ပည်းထူ၊ အဆူဆူဝယ်၊ ကြည်ဖြူ *ကော်ရော်၊ ရှိ-ပူဇော်၍့၊ ရွှင်ပျော် စိတ်ယဉ်၊ ကုသိုလ် ယှဉ်လျက်၊ အစဉ် မ†ပြောင်း၊ နံ့သာ†ပျောင်းနှင့်၊ သွန်းလောင်း ရေစက်၊ ည-နံနက်ဖြင့်၊ ဝတ်တက် ဆွမ်းပန်း၊ ညှိထွန်း ဆီမီး၊ ရှုမ†ငြီးအောင်၊ ညီး†ညီး မိုးယံ၊ ထိန်ထိန်လျှံသည်။။ စည်သံ နေ-ည ပြိုးပြုန်းတည်း။(၄)

(၅၉၀) စည်သံ ပြိုးပြုန်း၊ ညိုးညိုးညုန်းနှင့်၊ ခြိမ့်အုန်း ရွမ်းဆော်၊ ကုသိုလ် ပျော်၍့၊ မျိုးဘော် ငယ်-ကြီး၊ သမီး *လုလင်၊ သား မိခင်က၊ *ယကင် *စုလည်း၊ မြိတ်စည်းလျ ကိုယ်၊ ဖြူ-ညို ပြာ-စိမ့်၊ နှစ်သိမ့်ဘွယ်*မျှို့၊ *သပြေတို့နှင့်၊ ရွယ်ပျို့ ရွယ်မှည့်၊ သလိ *သလွင်း၊ ရောနှောခြင်းဖြင့်၊ ပေါင်းသင်း ယှဉ်ကာ၊ ကြည် မေတ္တာလျက်၊ မကွာ မကွာ၊ သရ†ဏာဟု၊ ရတ†နာ ရွှေကုံး၊ ပဒသုံးဖြင့်၊ ရှစ်လုံး ညီညှိ၊ ခရာချိသည့်၊ ဂါယတ္တိဆန်း၊ သာဝိတ်ပန်းကို၊ လန်းလန်း ကြည်ရွှင်၊ ထိပ်ဝယ်တင်၍့၊ ပန်ဆင် မကင်း၊ ခါမယွင်းအောင်၊ *သီတင်း မယုတ်၊ *အားသွန်ထုတ်လျက်၊ ဥပုသ် ဗြဟ္မ၊ စရိယလည်း၊ စောင့်ကြ မပြီး၊ ရွှင်မငြီးသား၊ ရပ်ကြီးတမည်၊ မြို့ထူးလည်နှိုက်၊ မထေရ် မဟာ၊ အကြင် ငါလျှင်၊ ငယ်ခါ ရွယ်*လူး၊ စာသင်ဦးက၊ အထူး မှတ်မှတ်၊ နေမိဇာတ်ကို၊ ထေရ်မြတ်ဆရာ၊ ညွှန် မိန့်မှာနှင့်၊ ဦးစွာ သင်ရ၊ ထိုက စ၍့၊ မဃဒေဝ၊ ဘုရာ့းအလောင်း၊ ကျင့်တော်ဟောင်းကို၊ *နှစ်ထောင်းခဲ့ရင်း၊ ကြည်ညိုခြင်းဖြင့်၊ ဝမ်းတွင်း ဆွတ်နူး၊ ဂုဏ်အထူးအား၊ ကျေးဇူးဆပ်မည်၊ ရွယ် ဆောက်တည်သည်။။ ကြံစည် စိတ်က ရည်*ဆုန်းတည်း။ (၅)

(၅၉၁) ကြံစည် စိတ်က၊ ဆယ်ဝါရတွင်၊ စ၍့ ရေးသား၊ ပြုပါငြားလည်း၊ ဘုရားအမှု၊ ရှင်-လူ့အရေး၊ ရှုပ်ထွေးတုံလျှင်း၊ သို့အခင်းကြောင့်၊ တင်းလင်း ထားသို၊ မပြီးလိုခဲ့၊ ပုဂ္ဂိုလ်တယောက်၊ မဟာမြောက်မှ၊ အောက်မေ့ပြန်ဘိ၊ ရ သတိဖြင့်၊ နှမိ နှ†မြော၊ လွန်ခဲ့သောဟု၊ †မျောသွား ရေဝယ်၊ လိုက်၍့ဆယ်သို့၊ အကယ်သဘော၊ ကြည်စိတ်ဇောနှင့်၊ မနောပိုက်ထား၊ ဤဇာတ်သွားကို၊ အများ*တကာ၊ နာထိုက်စွာတို့၊ ကြားငှါ တရပ်၊ ဆပ်သား ကျေးဇူး၊ ကြောင်း နှစ်ဦးဖြင့်၊ နည်းထူး များလှ၊ ကျမ်း ထိုမျှက၊ သုတ ပေါင်းကာ၊ ပြုတတ်စွာကြောင့်၊ မဟာသုတကာရီ၊ သညီ တပ်ဘွဲ့၊ လင်္ကာသွဲ့၍့၊ ခြောက်ဆဲ့ခြောက်ခု၊ နှစ်အစုတွင်၊ ဥတု ဝဿာန်၊ *နံကာလွန်မှ၊ လမှန် *သစ်ဆင်း၊ တော်သလင်း၏့၊ လမင်း စန္ဒီ၊ မကွယ်မီဝယ်၊ စုဒ္ဒသီစက်၊ ပူးမင်းရက်နှိုက်၊ စာတက် စာနာ၊ သင်္ဃာအများ၊ တပည့်သားအား၊ ပြုငြား မချွတ်၊ စာပို့ဝတ်လည်း၊ မလွတ်စေရ၊ ပို့ချပြီးခါ၊ ထိုင်ရာ မထ၊ လက် မကြွဘဲး၊ ထိုည နာရီ၊ ရှစ်ချက်ဆီတွင်၊ ဤစာ နတ်မောင်း၊ အောင်စေ*ညောင်းသည်။။ တိုက်သောင်း ကြားစေ ခြိမ့်အုန်းတည်း။ (၆)

သာမညနိဂုံး (၆)ပိုဒ် ပြီး၏၊