ဂုဠှဌာနဝိသေသနိဂုံး

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၁၀။ ဂုဠှဌာနဝိသေသနိဂုံး


(၅၉၂) ကြားပိမ့် သိစေ၊ ဉာဏ်ယှိ ဖြေလော့၊ သပြေ လူ့တိုင်း၊ မြတ် *ကြံသိုင်းတို့၊ မနောဂိုဏ်းတွင်၊ အာဒိဝင်သား၊ အကြင် ဟောဘွင့်၊ *ယခင့် ထိုပုဒ်၊ ထိုပြယုဂ်ကို။။ ဘော်ထုတ် စလေ *လက်မွန်တည်း။ (၁)

(၅၉၃) ထိုမှ နောက်တွင်၊ သုံးလူ့ရှင်လျှင်၊ မဂ္ဂင် ရွှေဘောင်၊ ဘုံ ရှစ်ဆောင်နှင့်၊ *မြားမြောင် တဘော်၊ တင်ပို့ ဆော်၍့၊ ဝါတော် ဒွါဒ၊ ကပ်ထ ထိုပြည်၊ အမည် မယုတ်၊ နောက် တည်ပုဒ်ကို။။ အဟုတ် ချဉ်းလေ အမှန်တည်း။ (၂)

(၅၉၄) ယင်းသို့ နှစ်ပုဒ်၊ ထုတ်၍့ နာမံ၊ သမာသ်ကြံသော်၊ မနံ ရေ ဉ္ဇတိ၊ ပါဠိဝိဂ္ဂဟ၊ ကိတန္တဖြင့်၊ မန ရှေ့ပါဌ်၊ ရန္ဇဓာတ်နှင့်၊ ဆုံးဖြတ် သိပ်သည်း၊ အ,ပစ္စည်းတည့်၊ သိမ်းဆည်း မှတ်ပိုက်၊ ကာရိုက် ကတ္တုတ်၊ နည်း နိ†ရုတ်ဖြင့်၊ မ†ယုတ် မှန်လှ၊ ရ လ,ပြုကာ၊ ပုဒ်ပြီး ရှာလော့၊ ခရာ လေးချက်၊ ထိုအနက်တွင်၊ ပဉ္စမက် နှစ်၊ တံခွန်လှစ်၍့၊ စင်စစ် မယွင်း၊ ရွှေတိုက်သွင်းသည်။။ မည်ရင်း သာလှ ရပ်ဌာန်တည်း။ (၃)

(ဤပိုဒ်တို့ကား 'နာမန္တရိကပဟေဠိတည်း။)

ဂုဠှဋ္ဌာနဝိသေသနိဂုံး (၃)ပိုဒ် ပြီး၏၊