ဂုဠှနာမဝိသေသနနိဂုံး

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၁၁။ ဂုဠှနာမဝိသေသနနိဂုံး


(၅၉၅) ဉာဏ်ဖြင့် ရှုလော့၊ တာလုဇက္ခရ၊ ရှစ်လုံးပြတွင်၊ ဇေတနက်ယှိ၊ ကာရိယဟော၊ သဘော မပျက်၊ အနက် ဒွယတ်၊ တပ်သည် ဝါစက၊ ကောသကျမ်းလာ၊ ထိုခရာကို။။ ဦးစွာ *မဆွ ခေါ်ဘိလော့။ (၁)

(၅၉၆) ထိုနောက် တဝ၊ ဒန္တဇနှိုက်၊ စိတ္တ မာလုတ၊ နာဂအနက်၊ တချက် ပစ္စည်း၊ ဗျည်းဟော အက္ခရာ၊ ငါးဖြာ အတ္ထ၊ ဝါစကကို။။ ခေါ်ကြ အာလုပ် ဘော်မိလော့။ (၂)

(၅၉၇) ထိုဌာနဇ၊ သုဂတမြတ်၊ ဗန္ဓနတ်နှင့်၊ ပြုမှတ် ကာရိယ၊ သမ္ပုဏ္ဏဟု၊ အတ္ထ လေးပါး၊ ဟောငြား မပျက်၊ ဧကက္ခရာ၊ တလုံး †စာကို။။ ဉာဏ်†ဇာနေယျ မြော်ယှိလော့။ (၃)

(၅၉၈) ယင်းသို့ မပျက်၊ သုံးလုံးထွက်သား၊ တျက္ခရ၊ ဒွန်ချည်း ကျပြီး၊ သြဇဂုဏ်ပြု၊ သမာသ်စုမှ၊ လဟုသက်သက်၊ န-ဂိုဏ်းထွက်၍့၊ ယှဉ်ဘက် မနှောင့်၊ ဣန္ဒာစောင့်လျက်၊ ရန်ငြောင့် ရန်ဆိုး၊ ကြံတိုင်း ညှိုးသား၊ ကျော်ဟိုး သက်ရှည်၊ မဟာထေရ်လျှင်၊ ဉာဏ်ဇာနည်စစ်၊ နတ်ပစ် ဝရဇိန်၊ စက်ပုဆိန်သို့၊ ပညိန္ဒြိယ၊ ထိတိုင်း ရှသည်။။ နာမသညာ ကျော်သိလော့။ (၄)

(ဤပိုဒ်တို့လည်း 'နာမန္တရိကပဟေဠိ'ပင်။)

(၅၉၉) တပုံ သိလော့၊ ဝီထိမည် †မှတ်၊ လွန်မွေ့မြတ်သည့်၊ ပရ†မတ်အရာ၊ ပဉ္စဒွါတွင်၊ ပရိတ္တာရုံ၊ နှစ်စုံနှိုက်ကား၊ ထင်ရှား မယှိ၊ အတိမဟန္တာ၊ မဟန္တာနှင့်၊ ဝိဘူတာ ဝိဘူတ၊ ဖြစ်သမျှနှိုက်၊ ကြိယသဘော၊ ဝုဋ္ဌောမည်မှန်း၊ အာဝဇ္ဇန်းတို့၊ *အခြန်း မဲ့ပြု၊ ပစ္စည်းမှုကြောင့်၊ ထိုနှစ်ခုနောက်၊ ဌာန ရောက်၍့၊ မဘောက် မယွင်း၊ အချင်း†ချင်းအား၊ တပ်†ခြင်း မသွေ၊ အာသေဝန၊ ပစ္စည်းရလျက်၊ နောက်မှ နှစ်စုံ၊ တဒါရုံကို၊ ကြိုက်ကြုံစိမ့်ငှာ၊ အနန္တရာဒိ၊ ခြား မယှိအောင်၊ သတ္တိပြီးတတ်၊ စိတ္တုပ္ပါဒ်နှင့်။။ ပညတ် နာမ်ချင်း *လျော်သတည်း။ (၅)

(သဒ္ဒါအနက်ကို မပြဘဲး ဝှက်ထားသော 'ဥဘယစ္ဆန္နာပဟေဠိ'မျိုးတည်း။)

(၆၀၀) သိလော တဘန်၊ ဇာတိဉာဏ်ဖြင့်၊ ပဋိဘာန် ထက် †မြက်၊ ဝေပူ†မျက်နှင့်၊ စက် ဝရဇိန်၊ နတ်ပစ် စိန်သို့၊ ကဝိန္ဒာဘိ၊ ချိန်ရာ ထိလျက်၊ ဉာဏ်သိဒ္ဓိကြီး၊ ပွင့်နီး ပန်ဆု၊ ဤကျမ်းပြုသား၊ ဂရု ဇာနည်၊ မဟာထေရ်ကား၊ ရောင်ခြည် ထောင်ပွင့်၊ ယုဂန်မြင့်က၊ နေနှင့် ဘက်ဆိုင်၊ အပျံ ပြိုင်၍့၊ အောင်နိုင် ပွဲးရ၊ ဟံသိန္ဒနှင့်၊ ဂုဏ နာမ်ချင်း၊ တူ မယွင်းတည့်၊ ထိုဟင်္သာမျိုး၊ နွယ်ရိုး မမှီ၊ ရုဠှီ မလွှား၊ တင်စား မမူ၊ နာမ်ချင်း တူမျှ၊ မဟူစွဘူး၊ သုတ များစွာ၊ ပဒေသာသို့၊ မဟာထေရ၊ မြောက်ထ တုံလျှင်း၊ ရပ် မကြွင်းအောင်၊ သတင်း ထုတ်ချောက်၊ လေ့နှယ် ပေါက်၍့၊ ထက်အောက် နှံ့သိ၊ တသိဒ္ဓိကြီး၊ သြဘာ ပြီးလျက်၊ မြစ်နီး ညာ†ကြေ၊ သောင် ကမ်းခြေနှင့်၊ ပွတ်†ကျေ ပွတ်ခုံ၊ ခေါ်တုံ တ†ရပ်၊ ထန်းရွက်†ယပ်နှိုက်၊ လိုအပ် မချွတ်၊ တူး-ပွတ်-ခက်ထွေ၊ ရေ-မီး-လေကို၊ ရှာဘွေလိုခါ၊ မရရာဟု၊ ကြံငှာ ကြံခွင့်၊ မယှိသင့်သို့၊ ထိုနှင့် တူစွာ၊ ပညာ ဝိစိတ်၊ တိဟိတ် ဉာဏ၊ ပဏ္ဍိတတို့၊ ကာဝိယဂိုဏ်း၊ ဉာဏ် ကရိုဏ်းနှင့်၊ *ကြံသိုင်း*တကာ၊ ခံတွင်းမှာလည်း၊ သာယာ ချို-ဆိမ့်၊ နှစ်သိမ့်ဘွယ်မျိုး၊ အကျိုးယှိတွန်၊ စကား*မွန်ကို၊ *တတ်ပွန် မသိ၊ မယှိစတောင်း၊ မဆို ကောင်းဟု၊ ကျမ်းဟောင်း မိန့်မြွက်၊ နီတိ ထွက်တိုင်း၊ မ*ယွက် မှန်လှ၊ ချက်တိုင်း ရလျက်၊ သုတဗုဒ္ဓိ၊ ကဝိလက္ခဏာ၊ မြောက်ပြီးစွာသည်။။ ကြေညာ ပွဲးတိုင်း ကျော်သတည်း။ (၆)

(ဤအပိုဒ်ကား မလိုအပ်သောအနက်ကို မယူရအောင် မြစ်သဖြင့် ဝှက်ရကား 'နိဘူတပဟေဠိအတ္ထာလင်္ကာ့ရ'မျိုးတည်း။)

(၆၀၁) တနည်း †မှတ်လော့၊ ပရ†မတ္ထ၊ မြတ်လှ ဒေသနာ၊ ဘိဓမ္မာသဘော၊ ရှင်တော် ဟောသား၊ ဝုဋ္ဌောနောင်မှ၊ ဇဝနနှင့်၊ ဇဝနမည်လျှင်း၊ ဟင်္သာမင်းတို့၊ လျင်ခြင်း တဝ၊ ဇဝနတည့်၊ ဇဝနပညာ၊ မဟာသာရိ၊ ထေရ် ဘုန်းယှိလည်း၊ သဒိသဟူ၊ နတ်နှင့် လူတွင်၊ သယမ္ဘူမြတ်၊ သုံးလူ့ထွတ်မှ၊ အလွတ်ထား၍့၊ တပါး ပြိုင်ဘက်၊ တူ မထွက်ရှင့်၊ ထက်မြက် စူးဝင်၊ စိန်အသွင်သို့၊ မြန်-လျင် ဟာသ၊ ဇဝ†နသည်။။ ဉာ†ဏ ကဝိန္ဒော်သတည်း။ (၇)

(ဤပိုဒ်ကား အမည်ကို တိုက်ရိုက် ပြလျက် တပါးကို ယူမှတ်ရန် တွေဝေအောင် အမည်နာမ ပညတ်ကို ဝှက်ထားရကား 'သံမုဠှာပဟေဠိ'မျိုးတည်း။)

ဂုဠှနာမဝိသေသနနိဂုံး (၇)ပိုဒ် ပြီး၏၊