ဆုတော်ပေးခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၁။ ဆုတော်ပေးခဏ်း


သော “အဇ္ဇေဝ မယာ နိက္ခမိတွာ ပဗ္ဗဇိတုံ ဝဋ္ဋတီ”တိ ကပ္ပကဿ သတသဟဿုဋ္ဌာနကံ ဂါမဝရံ ဒတွာ ဇေဋ္ဌပုတ္တံ ပက္ကောသာပေတွာ “တာတ၊ မမ သီသေ ပလိတံ ပါတုဘူတံ၊ မဟလ္လကောမှိ ဇာတော၊ ဘုတ္တာ ခေါ ပန မေ မာနုသကာ ကာမာ၊ ဣဒါနိ ဒိဗ္ဗေ ကာမေ ပရိယေသိဿာမိ၊ နေက္ခမ္မကာလော မယှံ၊ တွံ ဣမံ ရဇ္ဇံ ပဋိပဇ္ဇ၊ အဟံ ပန ပဗ္ဗဇိတွာ မဃဒေဝအမ္ဗဝနုယျာနေ ဝသန္တော သမဏဓမ္မံ ကရိဿာမီတိ အာဟ။

(၁၅၄) မှတ်လော့ များစွာ၊ အရာရာနှိုက်၊ ကထာမဂ္ဂ၊ အစဉ်မျှဖြင့်၊ တဝါကျတည်း၊ ရုံးစည်း ကျဉ်းချုံ့၊ ကွန်ချာ ရှုံ့သို့၊ မလုံ့မလ၊ သံခိပ်ပြလည်း၊ သဒ္ဒါ့ နည်း-ထုံး၊ နှစ်-သုံး-လေးတွာ၊ ရှိလတ်ရာတွင်၊ ရှေ့တွာ နောက်စပ်၊ မှတ်အပ် မမှား၊ ဝါကျ ပွား၍့၊ စာသွား စာဆိုက်၊ အလိုက် အလှန်၊ သမ္ဗန် ယောဇနာ၊ ဆောင် ဥဒါနှင့်၊ ဥပမာ ပုံပြင်၊ စုံလင် ဖိုလ်-ဟိတ်၊ လွန်ခက်†ကျိတ်တည်း၊ ဝါ†ကြိတ်သော့သွင်၊ ပွတ်ဝယ် တင်သို့၊ မငြင် မငြို၊ ချောအောင် ဆိုလျက်၊ ဝိဂြိုဟ် ဝစနတ်၊ ဗျုပ္ပတ် နိမိတ်၊ အစိတ်ကြိယာ၊ အကြောင်းရှာ၍့၊ မှန်စွာ*၄င်း၊ အပေါင်း ပဝတ္တ၊ နိမိတ်ပြလော့၊ ဝါကျတိုင်းမှာ၊ ကြံရာ မုချ၊ ဘေဒကနှင့်၊ ဘေဒျ တဖြာ၊ ဥပါ ဥပေ၊ ဝိသေ ဝိသေသ်၊ စိစစ် အလို၊ ထိုထို သံဝဏ်၊ မလွန် ကျမ်းနှိုက်၊ ဘွင့်ရိုးလိုက်မှ၊ ဆိုထိုက် ဆိုရန်၊ ခွင့် မကျန်ဘဲး၊ ပကရဏန္တရ၊ နည်းစုံ ပြပြီး၊ ပဒ ဝါကျ၊ အတ္ထခေါ်ရိုး၊ ရှစ်-ကိုး ခြောက်ခု၊ ဒေါသစုလည်း၊ ပယ်ပြု ကင်းထ၊ ပသာဒက၊ စသည် ဘွယ်ရာ၊ ဂုဏ်ဆယ်ဖြာနှင့်၊ သဒ္ဒါ လင်္ကတိ၊ နတ်စောင်းညှိသို့၊ ကဝိလက္ခဏာ၊ စုံလင်စွာလျှင်၊ သာယာ ချိုမြ၊ ဗျင်္ဂျတ္ထဖြင့်၊ ဝင်္က ဥဇု၊ ဆိုမှု ရိုးသိ၊ ဆိုမိ ရရ၊ နာ မဝအောင်၊ ပါဌ်ကျ ပါဌ်ကြွင်း၊ သွင်း၍့ဆန်းကြယ်၊ လင်္ကာသွယ်ပိမ့်။။ အ†ကျယ် သိစေ သိမ်းကျုံးတည်း။ (၁)

(၁၅၅) ထိုသို့ သံဝေ၊ ကမ္ဘာ †ကြေသို့၊ မ†ကျေ စိတ်တွင်၊ အမြဲး ထင်သည့်၊ ဗုဒ္ဓင်္ကူထွတ်၊ လောင်းမင်းမြတ်ကား၊ ဆုံးဖြတ် မရွေ့၊ ဤယနေ့ပင်၊ ဘုန်း*ဟေ့မဟာ၊ ငါရာဇာလျှင်၊ စွန့်ခွါရက်ရက်၊ တောကြီးထွက်ပိမ့်၊ နက်ဖြန် နက်ဖြန်၊ စိတ်စပ်†ဖန်အောင်၊ †ဘန်ဘန် ရက်ချိန်း၊ ပျော်ရွှင်+ဘိန်း၍့၊ +ဖိန်းနွဲး ဖိန်းခါ၊ ရှည်စွာ အရေး၊ တသွေးသွေးနှင့်၊ ကြာနှေး *ဖင့်*ညောင်း၊ မမြင့်ကောင်းတည့်၊ “ရှေးလောင်း ရှေး*လျာ၊ သူမြတ်စွာတို့၊ ရာဇာ မင်းဖြစ်၊ စည်းစိမ်ညစ်ကို၊ မနှစ်သက်အပ်၊ မတပ်ကောင်းစွာ၊ ကျိန်သစ္စာနှင့်၊ ကျိန်စာ ယွက်မှု၊ ပန္နက်ပြုရှင့်၊” “ငယ်နုစွာငြား၊ တလသားက၊ တရား သိမြောက်၊ မင်းဖြစ် ကြောက်၍့၊ ဆဲ့ခြောက်နှစ်လုံး၊ သစ်တုံး*တမျှ၊ *မဆွံ့အ,လည်း၊ *ဆွံ့အ, ပင်းယောင်၊ အ,ဟန်ဆောင်မှ၊ *မြားမြောင် ရက်ရှည်၊ နှစ်ပတ်လည်အောင်၊ ကြံစည် ဘတ်တိုင်း၊ မတ်*ကြံသိုင်းတို့၊ ကြံလှိုင်း စဉ်းစား၊ ကြိုးတ†ကြားဖြင့်၊ ယော†က်ျားဘာဝ၊ နိမိတ္တနှင့်၊ ကုတ္တ အာကပ်၊ အရပ်ရပ်ကို၊ ကြံအပ်သမျှ၊ ကြံကြ ထူးလည်၊ ကြံဘွေနည်၍့၊ နို့ရည် စပြီး၊ မုံ့-သစ်သီးနှင့်၊ ရုပ်ကြီး ရုပ်ငယ်၊ စားဘွယ် မီး-ဆင်၊ မြွေသဘင်က၊ ခဂ္ဂ မကြွင်း၊ ခရုသင်း စည်ကြီး၊ ဆီမီး ညှိရဲး၊ တင်လဲး မစင်၊ နတ်သွင် ကညာ၊ မာယာ ပျောင်း†ပျ၊ သောဠသဟု၊ ပေါင်း†ပြ တွက်ဘွဲ့၊ တဆဲ့ခြောက်စု၊ အနု အကြမ်း၊ အလိုစမ်းလည်း၊ မလှမ်း မကြွ၊ မထ မရှု၊ မပြု မပြင်၊ မသိသွင်သို့၊ သို့စင် ရှောင်လျက်၊ နန်းက ထွက်သည်။။ အထက် သူတော့် ကျင့်ထုံးတည်း။ (၂)

(၁၅၆) ထိုမှ တပါး၊ သူမြတ်များတို့၊ တရား မေ့၍့၊ တမွေ့တလျော်၊ ငယ်က ပျော်လည်း၊ သူတော်*အပြင်၊ ရဟန်းသွင်သို့၊ မြင်လျှင် မြင်ခြင်း၊ ထီးနန်း နှင်းလည်း၊ အပြင်း စွန့်ပြီး၊ တောသို့ မှီး၏၊ အသီး ယှိ-မဲ့၊ ကျိုးပဲ့ စိမ်း-ရှင်၊ သရက်ပင်ကို၊ မြင်သည့်ခဏ၊ သံဝေ ရ၍့၊ နန်းက ခွါဝေး၊ ကြာ မနှေးလျှင်၊ ပြေးသည့် တောသို့၊ ထိုမြို့ တခြား၊ ဥယျာဉ်သွားတွင်၊ မြက်ဖျား နှင်းစက်၊ နေရောင်†ပြက်၍့၊ ပျောက်†ပျက် ခြင်းရာ၊ မြင်စကာဖြင့်၊ လျင်စွာ မရှည်၊ တောရပ် တည်ရှင့်၊ ငွေရည် မြသား၊ လရထားကို၊ ဖမ်းငြား ရာဟု၊ မြင်သည့်မှုကြောင့်၊ စွန့်ပြု ပြည်-ရွာ၊ ခွါခဲ့ တကြောင်း၊ ဆံတချောင်းမျှ၊ ဥက္ခောင်းထက်တွင်၊ ဖြူသည် မြင်၍့၊ *ဆောလျှင် မကြာ၊ မင့်းချမ်းသာကို၊ ပယ်ခွါ စွန့်ကင်း၊ တောမြိုင်တွင်းနှိုက်၊ မှီတင်းတုံငြား၊ နွားလား ဝှေ့ပြု၊ သားတစ်လုက၊ နှစ်ခု ညိုးညံ၊ လက်ကောက်သံကို၊ တရံ ကာလ၊ မြင်-ကြားကြ၍့၊ ခဏ *မညောင်း၊ တောသို့ အောင်းပြီး၊ ထိန်းကျောင်း ကိုယ်ကို၊ ငြိမ်းရာ ခိုလျက်၊ ဗြဟ္မစိုရ် လေးဆိုင်း၊ ကသိုဏ်း ဆယ်ဖြာ၊ ဘာဝနာဖြင့်၊ သမာပတ်မျိုး၊ အရ†ကြိုး၍့၊ ကျိုးကျိုးကျည်ကျည်၊ ဆုတ် မလည်ဘဲး၊ ရွှင်+ကြည် နှလုံး၊ စျာန်မွေ့ သုံးလျက်၊ မြတ်ဆုံး လွန်ကဲး၊ နတ်*တပဲးသို့၊ မြေထဲး တိမ်မိုး၊ ပျံ ငုပ်လျှိုး၍့၊ တန်းခိုး ဘိညာဉ်၊ ပျော်ကြ ယှဉ်သည်။။ နေ့စဉ် ချမ်းမြေ့ သက်ဆုံးတည်း။ (၃)

(ဤ နှစ်ပိုဒ်ကား အခြင်းအရာကိုသာ ပြ၍့ အလုံးစုံအမည်ကို မပြဘဲ ဝှက်သော 'ဥဘယစ္ဆန္နာပဟေဠိအတ္ထာလင်္ကာရ'ရှိသော ပုဒ်တို့တည်း။)

(ဤပိုဒ်ကား ထိုမင်းတို့၏့ 'ရတိဋ္ဌာယီဘာဝ, ဓမ္မသိင်္ဂါရရသ, သမုဋ္ဌာယီဘာဝ, သန္တရသ'တို့ကို 'အာလမ္ဗဏဝိဘာဝ, ဥဒ္ဒီပနဝိဘာဝ, ရောင့်ရဲး နှစ်သက်ခြင်း ပီတိ, အားထုတ်ခြင်း ဥဿုက္က, တည်ကြည်စွာ အာရုံတခုတည်းကို ကြံခြင်း စိန္တာ' ဟူကုန်သော 'ဗျဘိစာရီဘာဝ'တို့နှင့်တကွ ပြသတည်း။)

(၁၅၇) ထိုသို့ ရှေးက၊ များလှအပေါင်း၊ သူမြတ်လောင်းတို့၊ ဆိုးတောင်း ယုတ်မာ၊ ညစ်ညူးစွားသား၊ ကာမရာဂ၊ ကိလေသဟု၊ အာမဂန္ဓော်၊ နံ့ ပိမ်းညှော်ကို၊ မစော် မနံ၊ စည်းစိမ် ခံ၍့၊ တစုံ တမက်၊ တ*ငက်ငက်နှင့်၊ နှစ်သက် မပယ်၊ ခွေးငတ်နှယ်သို့၊ ငြိတွယ် မိုက်မှေး၊ ဦး*မလေးဘဲး၊ နေ့သွေး ရှည်*ညောင်း၊ မစံရှောင်းတည့်၊ အပေါင်း ရူပ၊ ဤကာယကား၊ သုဘတစိ၊ ကောင်း မယှိဘူး၊ ပဋိသန္ဓေ၊ အရေ စွန့်လဲး၊ မှီဝဲး ဇာတ်တူ၊ မိန်းရှူ အိပ်မွေ့၊ စုတေ့ကာလ၊ ငါးဌာနနှိုက်၊ နာဂရုပ်ဆင်း၊ ပေါ်ရခြင်းဖြင့်၊ မကင်းနိုင်တတ်၊ ရေနတ်နွယ်ရိုး၊ အဟိတ်မျိုးသို့၊ နှိုင်း*နိုး ပုံသွင်၊ ဤလူ့ခွင်နှိုက်၊ အကြင် လူများ၊ ယောက်ျား မိန်းမ၊ ရွယ်ပျိုလှတို့၊ *တမျှ နတ်တူ၊ ဟူပစေကာ၊ အခါ ငါးပါး၊ ကာလညားက၊ ထင်ရှားမူလ၊ သဘာဝတိုင်း၊ အသုဘစစ်၊ ပေါ်မြဲးဖြစ်၏၊ အညစ်အကြေး၊ အစေး အညှော်၊ မြင် မလျော်အောင်၊ နံစော် ပုပ်†လှောင်း၊ ညှီနံ့ ထောင်း၏၊ ဟောင်း†လောင်း ထက်-အောက်၊ အပေါက် ကိုးဒွါ၊ လွန်ဆိုးစွာသား၊ အမာ ကိုးဝ၊ ဒုဂ္ဂန္ဓနှင့်၊ ကာယ ညူးညစ်၊ ကိုယ့်အပြစ်ကို၊ စိစစ်သောအား၊ ဉာဏ့်အလားဖြင့်၊ ပိုင်းခြား မှန်ဟုတ်၊ ထိုကြောင့် *မှုတ်လော့၊ မယုတ် ချမ်းသာ၊ နတ်ဣန္ဒာသို့၊ *အရာ ဝန်းပတ်၊ ယုတ်-လတ်-မြတ်တိ၊ မှူးမတ် ရှစ်သောင်း၊ ခဝပ်*ညောင်းလျက်၊ ထီးဆောင်း နန်းစံ၊ ပေါင်း မိဿံတို့၊ ခြွေရံ သင်းပင်း၊ မြေ*ညီလင်းမျှ၊ ကြီးမင်း ရိပ်ငြိမ်၊ ပြည့် စည်းစိမ်ကို၊ *ဘင်အိမ်အတိ၊ ရွံဘွယ်လိနှင့်၊ တောက်ညိ လျှံညီး၊ လောင်ရှိန်†ကြီးသား၊ မီး†ကျီးအတူ၊ မှတ်တော်မူ၍့၊ ချစ်သူ မညှာ၊ ကြင်ယာ မမက်၊ စွန့်ခွါရက်သည်။။ တောထွက် ဗြဟ္မစိုရ် ကျင့်†သုံးတည်း။ (၄)

('ရတိဋ္ဌာယီဘာဝ, ကာမသိင်္ဂါရရသ'သည် ယထာဘူတဉာဏ်ဖြင့် 'ဇိဂုစ္ဆာဋ္ဌာယီဘာဝ, ဝိဘစ္ဆရသ'ဖြစ်သောသူအား 'ဗျဘိစာရီဘာဝ'ဖြစ်သည်ကို ပြသတည်း။)

(၁၅၈) တောထွက်ကြပြီး၊ တောမြိုင်ကြီးတွင်၊ သစ်သီးထမင်း၊ သစ်သီးဟင်းနှင့်၊ ဝမ်းတွင်း မျှရုံ၊ လျော်တေ †ခြုံ၍့၊ စေး†ချုံ သင်ခမ်း၊ ပီတိ ရွှမ်း၏၊ ချမ်းမြေ့ ဧးငြိမ်း၊ မရှိမ်း ရံခါ၊ *သာလကာဖြင့်၊ တဏှာကြေးညှော်၊ ညှီ*သရော်ကို၊ ချည်*ပေါ် ရေ*ပြွပ်၊ လျော်ဖွပ် သီလ၊ ကဝါချ၍့၊ ဗြဟ္မစာရီ၊ ဂေါသီစန္ဒကူး၊ နံ့မြူး ထုံတတ်၊ အကျင့်မြတ်နှင့်၊ သမာပတ်ဂုဏ်၊ လည် မသုန်ဘဲး၊ စျာန်ဟုန် သုခ၊ ခံစားကြ၏၊ များလှအချိ၊ လူ့လောကီ့နှိုက်၊ နွားယှိသသူ၊ နွားကြောင့် ပူသို့၊ ဤတူမခြား၊ ပုံ့အလားဖြင့်၊ သားယှိသသူ၊ သားကြောင့် ပူ၏၊ မင်းဟူတုံက၊ ထိုမျှသီးသီး၊ သား သမီးနှင့်၊ နန်း-ထီး ခြွေရံ၊ နိုင်ငံ တိုင်းပြည်၊ အတည်တည်ဖြင့်၊ *ပြောစည် များစွာ၊ ဘယ်ဆိုရာအံ့၊ သတ္တဝါ ရှင်-လူ၊ ဟူဟူသမျှ၊ မိန်းမ ယောက်ျား၊ လေးပါး မျိုးနွယ်၊ ကြီး-ငယ် ပုလု၊ ဗိုလ်အ*ထုကား၊ အစု ယှိက၊ မှုယှိရိုးသာ၊ ဓမ္မတာရှင့်၊ ပညာဉာဏ်ဖြင့်၊ နှိုင်းရှဉ် ချင့်၍့၊ အသင့် မမှီး၊ အကြံကြီးသော်၊ မှုကြီး ရောက်မြဲး၊ မချွတ်†လွဲးဘူး၊ †လွှဲ၍့ မရ၊ ဝဋ်ကိစ္စတည့်၊ မုချ စင်စစ်၊ ထိုသို့ဖြစ်၍့၊ မချစ်အပ်စွာ၊ မင့်းချမ်းသာကို၊ တဏှာ မလို၊ *ဦး မစိုတိ၊ သွေးချို ဆန္ဒ၊ မတောင့်တဘဲး၊ စိတ်ချ အာသာ၊ စွန့်ခွါသမှု၊ ရဟန်းပြုမှ၊ ယခု ငါ့အား၊ သင့်၏ကားဟု၊ တရားမင်းမြတ်၊ မှန်ဆတ်ဆတ်ဖြင့်၊ ဆုံးဖြတ် ရှုမြော်၊ ကြံရည်ရော်သည်။။ ဉာဏ်တော် ရွှေလက် ဆန့်†ကြုံးတည်း။ (၅)

('ဓမ္မဝီရရသ')

(၁၅၉) ဤအရာနှိုက်၊ မဟာပုရိသ၊ လောင်းသတ္တတို့၊ ဘဝ ဆက်တိုင်း၊ *ကြန့်ထိုင်း မဆုတ်၊ အားလှိုင်းထုတ်သား၊ မယုတ် ကြီးလှ၊ ဝီရိယကား၊ ဥဿာဟမည်ယှိ၊ ဗောဓိသမ္ဘာ၊ ဖြည့်ဆည်းရာနှိုက်၊ လိမ္မာအကြောင်း၊ သိ-မြင်ရှောင်းသား၊ မစောင်း ဉာဏ၊ ကောသလ္လကား၊ ဥမင်္ဂမည်၊ စိတ်ရည် မြွက်*ကြိမ်း၊ သိကြား ခြိမ်းလည်း၊ မယိမ်း†မယိုင်၊ ရွှေတုရိုဏ်သို့၊ ကြံ့ခိုင် မပြန်၊ ဆောက်တည်ဟန်ကား၊ အဝဋ္ဌာန်မည်မှတ်၊ ယုတ်-မြတ် များစွာ၊ သတ္တဝါကို၊ မေတ္တာတရား၊ ကိုယ် မခြားအောင်၊ ပွားများတတ်ထ၊ ကျင့်ဘာဝကား၊ ဟိတစရိယာ၊ သညာမှတ်တုံ၊ ဗုဒ္ဓဘုံဟု၊ အထုံ ကြီးမား၊ ဘုရားဖြစ်ရာ၊ ဤသို့လာသား၊ ပါရမီ ဖြည့်†ညောင်း၊ ပစ္စည်းပေါင်းတိ၊ လေးကြောင်း ထင်ရှား၊ လေးသွယ် ပြားသည်။။ ပိုင်းခြား ဆုံးဖြတ် စက်*ရဉ်တည်း။ (၆)

(၁၆၀) တပါး ထိုမှ၊ နိယတဟု၊ ဆုရမှန်ဘိ၊ လက်ကိုင်ရှိသား၊ ဗောဓိဉာဏ် ချစ်၊ လောင်းတော်စစ်တို့၊ နိက္ခမ္မ†ဇ္ဈာ၊ ကြီး ဣစ္ဆာဖြင့်၊ ဃရာဝါသ၊ သမ္ဗာဓဟု၊ ကာမ ဖျင်းသိမ်၊ ဝဋ်စည်းစိမ်ကို၊ နှောင်အိမ် လောင်တိုက်၊ မှတ်ပိုက် ထင်ရှိ၊ အမြဲး သိ၏၊ ပဝိဝေက၊ အဇ္ဈာသယဖြင့်၊ ကာမ ကိလေ၊ ဘော် ရံရွေကို၊ ငန်းမြွေ ပတ်ရစ်၊ ဘေးအဖြစ်သို့၊ စင်စစ် ထင်ကြ၊ အလောဘဓာတ်၊ အလိုမြတ်ဖြင့်၊ နတ်၏့ ရိပ်ငြိမ်၊ ကြီး စည်းစိမ်နှင့်၊ တွေ့ကြိမ်ဘိလည်း၊ လောင်ညိ လျှံညီး၊ မီးပုံကြီးသို့၊ အပြီး ထင်လစ်၊ အဒေါသဇ္ဈာ၊ မေတ္တာဟူထ၊ ကြီး ဆန္ဒဖြင့်၊ ဇီဝ ချွေဖြုတ်၊ သက်ကို †နုတ်သည့်၊ သော†ဏုတ်အတူ၊ ပြစ်မှားသူလျက်၊ မရှု ဒေါသ၊ အမောဟဖြင့်၊ မောဟ အဝိဇ်၊ မှောင် မပိတ်ဘဲး၊ နိဿရဏ၊ အဇ္ဈာသယဖြင့်၊ ဘဝ သုံးဖြာ၊ သေမင့်းရွာသို့၊ ပြင်းစွာ ထင်လတ်၊ အမြဲး မှတ်၍့၊ မပြတ် ပြကတေ့၊ မြင်*ဓလေ့ကြောင့်၊ မမွေ့ လူ့ဘော်၊ စံ မပျော်သည်။။ စိတ်တော် ငြီးငွေ့ ထွက်ကြည်တည်း။ (၇)

(၁၆၁) ယင်းသို့ ခြောက်ပါး၊ အပြား ထင်စွာ၊ မဟဇ္ဈာဖြင့်၊ မဟာသတ္တ၊ ကြီးလုံ့လတို့၊ စိတ်က ကြံမိ၊ ဓိဋ္ဌာန်ရှိက၊ အနိဝတ္တန၊ သဘာဝတည့်၊ သင်္ခပုဏ္ဏား၊ မင်းသား ဇနက်၊ ပင်လယ်ပျက်ကို၊ လက်ဖြင့် ယက်ကူး၊ တထူး ထို့ပြင်၊ ရှဉ့်ငယ်စဉ်လျက်၊ နစ်ကျင် သားငယ်၊ ရေပင်လယ်ကို၊ ကျယ်၏့ မမှတ်၊ မြီးဖျား *ဆွတ်၍့၊ မချွတ် ခုသည်၊ ခန်းစိမ့်မည်ဟု၊ စိတ်ရည် *အဲးခိုး၊ ကြံ အားကြိုး၏၊ မြတ်မျိုး*ဓလေ့၊ ပြကတေ့ဖြင့်၊ မရွေ့စမြဲး၊ ဆောက်တည် ကဲးလျက်၊ ဝမ်းထဲး သိုထား၊ သိတရားကြောင့်၊ တပါး ပုဂ္ဂိုလ်၊ ဟော မဆိုလည်း၊ ကိုယ့်ကို ကိုယ့်†သျှင်၊ ကိုယ် သွန်သင်၍့၊ သက်†ရှင်ရုံမျှ၊ မဟူ+ရအောင်၊ ကာ+ယခြင်းရာ၊ ဆင်ခြင်ကာလျှင်၊ ပညာ*နှိုက်နှဲး၊ စက်နှယ် ခွဲး၏၊ မလွဲးမှန်စွာ၊ ဤခန္ဓာကား၊ အနိစ္စာ ဝတ၊ သင်္ခါရတည့်၊ နေ့-ည တုန်လှုပ်၊ တဟုပ်ဟုပ်နှင့်၊ ပျောက်ချုပ် သေနီး၊ လေဝ မီးသို့၊ ပျက်စီးလွယ်စွ၊ †ခိုက်တန့်မျှတည့်၊ မောဟ ဖုံးပြု၊ များ ဇန္တုတို့၊ ဝတ္ထု ကိလေသာ၊ နှစ်ဖြာ ကာမ၊ ပြည့်စုံကြစဉ်၊ လောဘကိစ္စ၊ အဿာဒဖြင့်၊ သုခ သောမနသ်၊ ပျံမတတ်သို့၊ ဖြစ်လတ် သာယာ၊ နည်းမျှသာနှိုက်၊ လွန်စွာ နှစ်သက်၊ ပျော် တပ်မက်၏၊ ယွင်းပျက် တဘန်၊ ဘောက်ပြန်တုံငြား၊ ဆိပ်လူးမြားဖြင့်၊ သည်းကြား စူးဝင်၊ တောသမင်သို့၊ မမြင် မြေ-မိုး၊ စောက်ထိုး ပြောင်းပြန်၊ မ*ကိုင်ကန်အောင်၊ ကြွေလှန် အူ-သည်း၊ ဟိုက်*ကြည်း ဒုက္ခ၊ ပူ ပြင်းပြ၏၊ အပ္ပသာဒ၊ သုခ နည်းစွာ၊ လူ့ချမ်းသာဟု၊ ရူပါရမ္မဏ၊ အာရုံစသား၊ ကာမဝတ္ထု၊ ဤငါးခုလည်း၊ ရိုးစု သားတစ်၊ ခုတ်တစ် စဉ်းတီ၊ တူညီ မယွင်း၊ *မီးကျီးတွင်းနှင့်၊ ထက်ခြင်း လှံဦး၊ ပျားလူး သင်ဓုန်း၊ နှိုင်း*နှုန်း သဏ္ဌာန်၊ အဘန်ဘန်ဖြင့်၊ ရွှေဉာဏ် ချက်တိုင်း၊ ဆက် မဆိုင်းသည်။။ ဒီလှိုင်း*ဖျားရေ တက်*ယဉ်တည်း။ (၈)

(၁၆၂) ထို့ကြောင့် လောင်းတော်၊ မင်းမြတ်ကျော်လျှင်၊ ရေသော် နှစ်ပေါင်း၊ လေးထောင်ဆောင်းသား၊ ရှစ်သောင်း တိုင်အောင်၊ လူ့ဘောင် ကျော်စော၊ ထီး မနောနှင့်၊ မြေကြော တုန်နဲ့၊ ဘုန်းတော် ချဲ့၍့၊ တု*မဲ့ စိုးခြုံ၊ နတ်*မရုံသို့၊ ရွှေဘုံ ရိပ်ကောင်း၊ စံ မွေ့အောင်းလျက်၊ ရွေပေါင်း သုံးဘော်၊ ရံ ဖြေဖျော်လည်း၊ မပျော် နန်းထက်၊ ယနေ့ဘက်တိ၊ တောထွက်အံ့သည်၊ ကြံတော်ရည်မှ၊ ဇာတ်မည် နာမ၊ ကပ္ပကဟု၊ သဒ္ဒါ့ သညာ၊ ကျွန် ဆတ္တာအား၊ များစွာ ခွန်†နက်၊ တသိန်းထွက်သား၊ သိပ်†နှက် အိမ်ခြေ၊ လူနေ *ဖြီးထု၊ ရွာကြီးဆုကို၊ ယခု ငါ့ကျွန်၊ လူ*မွန် ယောက်ျား၊ စားရစ်တော့ဟု၊ သဘော့အတိုင်း၊ ငံ့ မဆိုင်းဘဲး၊ အားလှိုင်း စုံမက်၊ လွန်နှစ်သက်၍့၊ ခြားကွက် ပိုင်းကာ၊ သေအချာတိ၊ ရွှေလွှာ တင်ပြီး၊ နယ်သီး ဝိသုံ၊ နယ်ပုံ သိမ်းကျုံး၊ ခွန်ခန့်ချုံးလျက်၊ မြေဆုံး ရေ့အောက်၊ လေဘောက် သက်ဆင်း၊ ကုန်အောင်ချင်းသား၊ မင်းတို့ အာဏာ၊ ရာဇိစ္ဆာဖြင့်၊ ရာဇာဆိန္န၊ ရာဇပရိစ္ဆိန်၊ ဝရဇိန်သို့၊ နှိုင်းချိန် *နှုန်း*လျော်၊ တိုက်လုံးကျော်အောင်၊ မိန့်တော် ချက်ချင်း၊ ဆုတော် နှင်းသည်။။ သွင်းခဲ့ ရွှေတိုက် ဆက်စဉ်တည်း။ (၉)

ဆုတော်ပေးခဏ်း ၉-ပိုဒ် ပြီး၏၊