မောရသုတ် လင်္ကာ

From Wikisource
Jump to navigation Jump to search
မောရသုတ် လင်္ကာ
by အရှင်သာသနဝရ

၁။ ဂင်္ဂါဝါလု၊ သဲစုမက၊ များပြားလှသည့် ဘုရားရှင်တို့ ဂုဏ်၊ အဖုံဖုံကို၊ အာရုံပြုကာ၊ ရှိခိုးကာဖြင့်၊ အိပ်ရာတက်ဆင်း၊ ဥဒေါင်းမင်း၊ ညွတ်ကွင်း မမိနိုင်ပေ။
၂။ ညွှတ်ကွင်း မမိရာ၊ နှစ်ပေါင်းမှာ၊ ခုနှစ်ရာ ကြာမြင့်ပေ။
၃။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၆။ မောရခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၇။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၈။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။