ဘုန်းတော်ဘွဲ့ခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၉။ ဘုန်းတော်ဘွဲ့ခဏ်း


(၇၇) ဤသို့ ဘုန်းရှိ၊ ဉာဏ်ဇာတိနှင့်၊ ဗောဓိ ညွှန့်ရှင်၊ ဆုကြီး ဆင်လျက်၊ ပလ္လင် ကိုးဆင့်၊ ဥကင် ဘွင့်၍့၊ ရာမင့် စူဠာ၊ *သျှောင် ကေသာသို့၊ အသင်္ခါရိက်၊ တိဟိတ်သန္ဓေ၊ ဥက္ကဌ်နေသည့်၊ *ဗိုလ်ခြေ ကိုးရာ၊ ကြီးသမ္ဘာနှင့်၊ မဟာမဃ၊ လောင်းဒေဝကား၊ ဝိဒေဟတိုင်း၊ ကမ္ဘာလှိုင်းလည်း၊ *သမိုင်း မ†ကျေ၊ ဇမ္ဗူမြေထက်၊ ညာ†ကြေ ပြန့်*ပြော၊ အံ့ဘွယ်မောမျှ၊ ခေါဘဏီစစ်၊ တဆဲ့ရှစ်တို့၊ လက်ပစ် ချမှိုင်၊ မတတ်နိုင်အောင်၊ ကြံ့ခိုင် ခက်†ကျိတ်၊ သောင်းလုံးထိတ်လျက်၊ မြဲး†ကြိတ် လုံခြုံ၊ သိကြာ့းဘုံသို့၊ ပြည့်စုံ မချို့၊ သာပေါင်း ကြို့၍့၊ မြင်းမိုရ့်လ†က်ျာ၊ ဒက္ခိဏာတွင်၊ ဇေ†ယျာပဝရံ၊ အောင်သံ မဆိတ်၊ အောင်နိမိတ်နှင့်၊ ဂုဏ်ဟိတ် သြဘာ၊ ကျော်စောစွာသား၊ မိထိလာမည်သီး၊ ရွှေပြည်ကြီးကို၊ ရှစ်ထီးကနက်၊ ရိပ်ဖြူ ကြက်၍့၊ နန်းဆက်အသစ်၊ စိုးတည်လစ်မှ၊ *သရစ်ရွှန်းရွှန်း၊ ဗြဟ္မာသွန်းသည့်၊ *တုကျွန်းမမြော်၊ ဘိသိက်တော်နှင့်၊ အဟော် ဝတ၊ စရိယတိ၊ နိစ္စ မြဲးမြံ၊ ရာဇဓံ၏၊ နိသံတော်ဟုန်၊ တန်းခိုးဂုဏ်ကြောင့်၊ ဝသုန္ဓရာ၊ မြေမျက်နှာထက်၊ ရာဇာရာဇ၊ ထိုမျှ*ခပင်း၊ ထီးဆောင်းမင်းတို့၊ ဆင်-မြင်း သားကြီး၊ ချစ်မညီးသား၊ သမီး ကညာ၊ ရတ†နာနှင့်၊ ပ†ဏ္ဏာတော်ထူး၊ ဆက်လာ ဖူးသည်။။ ရှိဦးတင်ကြ ရွှေပန်းတည်း။ (၁)

(၇၈) ခရုမင်္ဂလာ၊ ငွေသင်္ခါဖြင့်၊ မုဒ္ဓါသဘင်၊ ဗြဟ္မာ *ရင်သား၊ ရေစင်ဘိသိက်၊ အောင်ဟိတ် သြဇ၊ နိသံသနှင့်၊ ဓမ္မပြကတေ့၊ သိမ်မွေ့ ခြိုး*ခြံ၊ ရာဇဓံတော်၊ ဂုဏ်နု†ဘော်ကြောင့်၊ ဥ†ပေါ် ဆဒ္ဒန်၊ စုံအင်+ကြန်နှင့်၊ မ+ကျန် နှိုးဆော်၊ လာစေ ခေါ်သို့၊ ဂေါ်စရိယာ၊ ကာလာဝက၊ ဂင်္ဂေယျက၊ ထိုမျှ ဆယ်လီ၊ စုံတညီဖြင့်၊ ဆင်နီတရွေ၊ ဆင်ရွှေ အများ၊ ဆင်ကျား ပေါ*ပည်း၊ ဆင်မည်း အပုံ၊ စွယ်စုံ ဟိုင်း*ဟံ၊ တည်*တံ သိန်း-သောင်း၊ ဆင်အပေါင်းလည်း၊ ခညောင်း ရွှေစက်၊ ခံလာရွက်မှ၊ မည်းနက် ဥက္ခောင်း၊ ကျီးငှက်ခေါင်းသို့၊ *ဂယ်လောင်း မျက်လုံး၊ တာဖုံး နှုတ်ခမ်း၊ နှိုင်းတမ်း *မယွက်၊ ခွာ လေးဘက်တို့၊ ရွှေခွက်ဖလား၊ မှောက်၍့ထားသို့၊ မြီးဖျားသွယ်သွယ်၊ ရှေ့ရင်ကျယ်နှင့်၊ တင့်တယ် လှ†ကျော၊ ဗွေသန့်†ကြောသား၊ သိန္ဓော ရွယ်ပျို၊ အဿ†တိုရ်က၊ ထို†ထို ဘိုးထိုက်၊ တိမ်တိုက် ကွန့်မြူး၊ မျိုးထူး ဇာနေ၊ သကွေသဟက်၊ ကျားလက် စိုင်လျော်၊ ဗွေကျော် ဘောင်းဝတ်၊ ဖြူဆွတ် စိမ်း-ပြာ၊ အရာရာဖြင့်၊ သင်္ချာ ဆုံးပိုင်၊ ဂဏန်းကိုင်လည်း၊ ကလိုင်*ကလဲး၊ ဖြင်*ဗြဲး*ပြောထူ၊ မှတ်ယူ မသာ၊ များလှစွာ၏၊ ရွှေသမ္ဘာမြတ်၊ ဣဒ္ဓိပါဒ်ကား၊ နာဂတ် သက်သေ၊ ကမ္ဘာ†ကြေလည်း၊ မ†ကျေတို့စွာ၊ အံ့မောရာသည်။။ နောင်လာ ပြောဘို့ *ဥဒါန်းတည်း။ (၂)

(၇၉) အထွေအထွေ၊ ကမ္ဘာ †ကြေလည်း၊ မ†ကျေ အံ့ရာ၊ မြတ်သမ္ဘာတည့်၊ ဟေမာလယ၊ တောမြိုင်မ,က၊ ဒေဝ စန္ဒ၊ သကုဏနှင့်၊ ဒုမ ကောန္တ၊ ဒဏ္ဍ မာဏဝီ၊ ထိုပြီး အပ၊ ကဏ္ဏ ပါဝု၊ အစပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက် ရုပ်ဆောင်း၊ မြင်းခေါင်း တူလှည့်၊ ငှက်၏ ကိုယ်မှာ၊ လူ့မျက်နှာက၊ လူဝါ လူသွင်၊ ဆံပင် နောက်လံ၊ *ယမံ ငယ်သွေး၊ ငှက်မွေး တောင်ပေါက်၊ ရွယ် မဘောက်ဘဲး၊ ထောင်လောက် သက်တမ်း၊ ဘေး*ဘျမ်းမဆံ၊ စုံမြိုင်ယံဝယ်၊ မောင်နှံ ဖို-မ၊ ပျော်ကြ အမြဲး၊ တညဉ့်ကွဲးမျှ၊ ဘန်လဲး လည်ရှက်၊ တသက်သက်နှင့်၊ နေ့ရက် ရေစစ်၊ အနှစ် ခုနစ်ရာ၊ ကြာအောင် မမေ့၊ ငို၍့ မပြီး၊ ကြီးလှ ချစ်ခင်၊ ကြင်ကြစရိုး၊ ငှက်မျိုး နတ်နွယ်၊ လွန်ဆန်းကြယ်သား၊ တင့်တယ် ရုပ်ဝါ၊ ကိန္နရာ ကိန္နရီ၊ ဘော်စုံညီတို့၊ က-သီ ခုန်မြူး၊ သံချို ကျူး၍့၊ နန်းဦး ရှေ့တော်၊ ရှုစိမ့် ပျော်အောင်၊ ဖြေဖျော် ခ,လာ၊ ရက်မချာတည့်၊ အံ့ရာ အံ့ရာ၊ အဖြာဖြာက၊ ရတနာယာဉ်ကျော်၊ ဆင်တော် မြင်းပျံ၊ အရိန်†လှံနှင့်၊ မီး†လျှံ နတ်စက်၊ သိကြားဆက်သည်။။ နှိုင်းဘက် အတု *လွှတ်ကျွန်းတည်း။ (၃)

(၈၀) ဝသုန္ဓရီ၊ မဟီကာသ၊ သမုဒ္ဒနှိုက်၊ ကမ္မပစ္စည်း၊ အရင်းတည်းလျက်၊ ဟောနည်း မှတ်ပြု၊ ဥတု သမုဋ္ဌာန်၊ ပျံ*ကွန် မြေမိုး၊ မဏိမျိုးနှင့်၊ ပြရိုး နီလာ၊ မသာရဂလ်၊ ဝင်္သ†ဝဏ်က ရောင်†ဝှန် ထိန်လင်း၊ ဝိုးဝင်း ပြိုးပြက်၊ ကိုးအ+မျက်တို့၊ ထက်+မြက် တေဇ၊ တန်းခိုးပလျက်၊ ထိုမျှ ယှိရွေ့၊ ထဲးရေမြေ့မှ၊ ပေါ်၍့ ဆက်လာ၊ ရက်မချာတည့်၊ သီလာဇတု၊ ခေါ်ပြုသမိုက်၊ *အဘြိုက်*တိမ်းချေး၊ *တေး ခပ်ပြာခဲး၊ *သလွဲး မည်းဖြူ၊ ကြေး-သံမူကား၊ မယူလိုကာ၊ မြေ့ပမာတည့်၊ ရတနာ ဘော်-ငွေ၊ စိန်-ရွှေ-သလင်း၊ ပယင်း ထွေပြား၊ အပါးပါးက၊ ငါးနှင့် ဝက်-ဆင်၊ ဘူဇင်္ဂသီ၊ သပ္ပီ သင်္ခါ၊ ဝလာ ဝေဠု၊ အမြတ်ပြုသား၊ *အမြုတေခဲး၊ ပုလဲး မျိုးရှစ်၊ သယံဇာစ်လည်း၊ အနှစ် ရတနာ၊ မဟာရာဟ၊ ဘုန်းကျိုး ပြ၍့၊ သာရ အစု၊ *ရောရု ပေါင်းရုံး၊ ပြိုးပြုံး ရိုးရဲး၊ ပိုလင်းကဲးတိ၊ ရေထဲး သမုဒ်၊ လှိုင်း ပုတ်ခတ်တင်၊ ကောင်းကင် ပျံ†ကျ၊ သက်လာ†ကြလျက်၊ *ဖြင်မျှ ထို-ဤ၊ *ပည်းသီ တင်း†ကျမ်း၊ နု-အ†ကြမ်းဖြင့်၊ မြစ်ကမ်းတခွင်၊ မြေပြင် ကုန်း†ကြည်း၊ အပည်း*ပည်းသား၊ အ*ကျည်းအခဲး၊ *ရှောက်ရွာ †ကြဲသို့၊ မ†ကျဲး ထပ်တင်၊ မြေအပြင်ထက်၊ ရောင်ရှင် လက်လက်၊ ဆောင်ကာ ဆက်လည်း၊ *မယွက်မယွင်း၊ ရာ မဟင်းတည့်၊ *ပြည့်လင်း *လာဘော၊ ပြန့်ပြော *လျှမ်းကယ်၊ လိုဘွယ် မ†ယှား၊ လွန်ထင်†ရှား၍့၊ ဝတ်စား တန်းဆာ၊ ရတနာကား၊ ပဒေသာဆူဆူ၊ ပေါက်သော့တူဖြင့်၊ *ပြောထူ*ကြွယ်ဝ၊ မတောင့်တအောင်၊ ပြည်ပ ပြည်တွင်း၊ သာပွင့်လင်း၏၊ ကြီးမင်း တေဇာ၊ သမ္ဘာ ဖွံ့ထွား၊ *လွှံ့ကျော်ကြားလျက်၊ ပွားလေ ပွားလေ၊ *ဖျားတက်ရေသို့၊ ရွှေပုညဇိဒ်၊ ဘုန်းတော်ဟိတ်ကြောင့်၊ ဒေဝိဒ္ဓိပါဒ်၊ နိမ္မာနတ်သို့၊ ယုတ်-မြတ် လူ*ဗိုလ်၊ ဘုန်းရိပ်ခိုတို့၊ *မငြိုမ†ငြင်၊ လွန်ကြည်လင်ရှင့်၊ *ယာဉ်†ညင် စကြာ၊ ရတနာသည်။။ သည်သာကျန်တော့ ဘုန်းတန်းတည်း။ (၄)

(၈၁) ဘုန်းတော် ကြီး၍့၊ ဘုန့်းမီး တောက်လောင်၊ ရန်မျိုး ရှောင်လျက်၊ ခြောက်ရောင်စွယ်စက်၊ ဝင့်တိုင်းလက်သား၊ နတ်ဆက် ဆဒ္ဒန်၊ ယာဉ်*မွန်ဝလာ၊ အဿဇာက၊ ကညာ ပတ္တမြား၊ သူဌေ့းသားဟု၊ ခြောက်ပါး ရတနာ၊ လက်မကွာလျှင်၊ စကြာတော်ကြီး၊ ရောက်နီး ချိန်ခွင့်၊ ခါတော်လင့်၍့၊ နန်းမြင့်*နိတုံ၊ ရွှေဘုံရိပ်တွင်း၊ လှူ*သီတင်းနှင့်၊ မကင်းစေမြို့၊ စဉ် မချို့ဘဲး၊ မင်းတို့ဓမ္မတာ၊ စံပျော်ရာသား၊ ရတနာစီရှက်၊ သလွန်ထက်နှိုက်၊ စိုက်လျက် အမြဲး၊ ရဲးရဲး ရောင်လှစ်၊ မီးစစ်စစ်သို့၊ ခုနစ် ရတနာ၊ စီမြွာ ရိုးခတ်၊ စိန်ညောင်ရွက်နှင့်၊ ဖြန့်ကြက် ညီး†ညီး၊ *ကြငှန်းထီးက၊ မ†ငြီး ရှုဘွယ်၊ ထိုပြီးဝယ်လည်း၊ ကိုးသွယ် နဝရတ်၊ ခြယ်ခတ်စီ†နစ်၊ မျက်စုံပျစ်လျက်၊ တ†နှစ် တကြိမ်၊ ဦးနှိမ် ညွတ်ပျောင်း၊ ရာ မင်းပေါင်းတို့၊ *ခ့ညောင်း ပူဇော်၊ ခံတော်မူရာ၊ မင်္ဂလာသဘင်၊ ညီလာ*ရင်မှ၊ ဘွင့်ကျင်တုံလတ်၊ ထီးမြတ်ဥရူ၊ တဆူ ထို့ပြင်၊ *စောနတ်သျှင်တို့၊ ထွက်-ဝင် မပြတ်၊ ဆောင်းတော်မှတ်သား၊ ရွှေထွတ် ရွှေရိုး၊ ရောင်ပြိုး တုလွတ်၊ တမွတ်မည်သာ၊ ထီးစကြာနှင့်၊ ရတနာ ကိုးပါး၊ စီကျား ရွက်ထွတ်၊ လေးကျွန်းပတ်သား၊ သုဒသ်မဟာ၊ မင်းမြတ်စွာတိ၊ စကြာ စိုးမှူး၊ ဘေးတော်ထူးလျှင်၊ ကျွန်းဦး ရွှေနှစ်၊ သပြေဖြစ်ဖြင့်၊ ရိုးစစ် ဝင်းလျှံ၊ တနိုင်ငံက၊ မင်းသံရောက်မှ၊ ဆောင်းထ ထိန်လက်၊ စဉ်မပျက်သား၊ ကနက္ကဒဏ်၊ ထီး*မွန် တမျိုး၊ ရိုးထွတ်လည်းကောင်း၊ နီမောင်း ရည်ရွှင်း၊ ရွှေတိဝင်းလျက်၊ ဆင်-မြင်းယာဉ်ပေါ်၊ ဆောင်းတော် မှတ်ပြု၊ ထီးသမုတည့်၊ ဇမ္ဗူ့ဓိပတိ၊ ဗောဓိဆုရည်၊ လောင်းဇာနည်လျှင်၊ နောင်သည်မချွတ်၊ အရဟတ်နှင့်၊ ဓမ္မဓာတ်ပညာဉ်၊ ဉာဏ်သဗ္ဗဉ်၏့၊ *ကမျဉ်*အတီး၊ နိမိတ်ပြီးသား၊ မင်းထီး ငါးမည်၊ ရောင်ခြည် ထိန်ပြိုး၊ ရွှေရိုး ငွေရွက်၊ တလက်လက်ဖြင့်၊ ဖြန့်ကြက် ဆောင်းမူ၊ *မနောယူလျက်၊ လူတွင် လူနတ်၊ လူများ မှတ်အောင်၊ ဝန်းပတ် မြေပေါ်၊ တုမမြော်သည်။။ ဘုန်းတော် နတ်မသာလွန်တည်း။ (၅)

ဤသို့လျှင်တိ၊ ဤတွင်မှန်လှ၊ လောကဟိတ၊ စရိယသည်။။ ပထမခဏ်းကြီး၊ လက်မွန်ပြီးတည်း။

(ဤပိုဒ်ကား ဘမလင်္ကာရဝင်္ကဝုတ္တိရှိသောပိုဒ်တည်း။) ဘုန်းတော်ဘွဲ့ခဏ်း (၅)ပိုဒ် ပြီး၏၊

လောကဟိတစရိယခဏ်း (၈၁)ပိုဒ် ပြီး၏၊