ဘိသိက်ခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၅။ ဘိသိက်ခဏ်း


(၄၇) ရွှေဘွဲ့ *မော်ကွန်း၊ အစဉ်ညွှန်းလျက်၊ ထွန်းခဲ့ မ†ပျောက်၊ သုံးကြိမ်မြောက်တည့်၊ *ကွန်း†ပြောက် ရွှေနန်း၊ *ကြငှန်း ဗိမာန်၊ ပြည်ကြီးဘန်၍့၊ မကျန် *ကုံလုံ၊ ပြီးပြည့်စုံသော်၊ ပွင့်မုံဗောဓိ၊ တုမရှိသည့်၊ သိရီ့ပဝရ၊ မဃဒေဝေါ်၊ မင်းကျော်ရန်နှည်၊ လောင်းဘုန်းစည်ကား၊ လူ့ပြည် ရှေးခါ၊ ကပ်ဦးစွာက၊ မဟာသမ္မတ၊ ဘေးလောင်း စသား၊ တေဇ ကျော်ကြား၊ ဘိုးတော်များသို့၊ ထင်ရှား ကြီးစွာ၊ ထပ်မံကာလျှင်၊ သာမန်မင်းတို့၊ ခံခြင်း မရဲး၊ ခံဝံ့ခဲးသည့်၊ လွန်ကဲး သိရီ့၊ သိဒ္ဓိ ဇေယျာ၊ ရေ ငါးဖြာဖြင့်၊ မုဒ္ဓါဘိသိက်၊ ကျွန်းလုံးထိတ်မျှ၊ အောင်ဟိတ်မင်္ဂလာ၊ ခံအံ့ငှါဟု၊ မဟာကဝိန်၊ သုခမိန်တို့၊ နှိုင်းချိန် ပညာ၊ နန်းစဉ်စာနှင့်၊ ညီစွာ မကျူး၊ နှစ်သစ်†ကူး၍့၊ တန်း†ခူး ကုန်ထ၊ ကဆုန်လနှိုက်၊ ဘိသေကပွဲး၊ ခံမြဲး များစွာ၊ ဓမ္မတာဖြင့်၊ အခါ ပိုင်းခြား၊ ရွေးချယ်ထားမှ၊ သိကြားရေစင်၊ မုခ်ဥကင်နှင့်၊ ပလ္လင် နဝရတ်၊ ပြာသာဒ် မြေနန်း၊ အခန်းခန်းပါ၊ ရွက်ဝန်း အချင်း၊ မင်း၏့ လေးတောင်၊ နှစ်သစ် ဆောင်လျက်၊ ရွှေညောင် ရာ့ရှစ်၊ ရွှေနှစ် ဇမ္ဗူ၊ ရွှေချူ ရွှေကြယ်၊ မီးနှယ် တောက်ညိ၊ မဏိ ပတ္တမြား၊ မြသား အစစ်၊ တင့်ပြေ†ပြစ်သား၊ ခြယ်†ပျစ် ပန်းဆိုင်း၊ တု*မဲ့နှိုင်းအောင်၊ ရှုတိုင်း ထိန်ရဲး၊ စိန်-ပုလဲးတည့်၊ မြီးဆွဲး ဟင်္သာ၊ ကျေးဝါ ကြက်ရုပ်၊ ထုလုပ် ထွေပြား၊ ငှက်မြတ်နားနှင့်၊ ပတ္တမြားအထွတ်၊ နဝရတ် မျက်ကိုး၊ ရောင်စုံပြိုးသား၊ ရွှေရိုးရတနာ၊ နေခြည်ကာဟု၊ မင်္ဂလာထီးချုပ်၊ မင်းခမ်းလုပ်က၊ စသည် ပရိကံ၊ ရွှေကြာခံနှင့်၊ အနံ ကိုးမိုဌ်၊ လျား ဆယ်မိုဌ်တိ၊ မင်းထိုက်စိုးရာ၊ နန်းစဉ်စာဖြင့်၊ ကျမ်းလာ မိန့်သံ၊ သင့်စီမံသည်။။ ခုံပျံသစ်ရေ သဖန်းတည်း။ (၁)

(၄၈) မင်းခမ်း ပရိကံ၊ ရှေးထုံးစံတိုင်း၊ စီမံ ခြားနား၊ အသည်သားတို့၊ သစ်-ဝါး-ကြိမ်နွယ်၊ ဆောင်သယ်စေလတ်၊ ရင်း-ဖျား မှတ်လျက်၊ ကောင်းမြတ်လှစွာ၊ မင်္ဂလာမဏ္ဍပ်၊ ဆောက်ရာရပ်နှိုက်၊ ပြုတ်ရှပ် တီကျစ်၊ အညှစ် အညှော်၊ ခရော် *ခရွတ်၊ မညီညွတ်ကို၊ ညီညွတ်*ကုတ်သဲး၊ လှီးလွဲး စင်ကြယ်၊ သန့်ရှင်း ပယ်မှ၊ ပြုဘွယ် ရှေးထုံး၊ ရွှေထွန်တုံးဖြင့်၊ သုံး၍့မကုန်၊ ဥစ္စာဂုဏ်နှင့်၊ မသုန်နွယ်ရိုး၊ သူဌေးမျိုးကို၊ ထမ်းပိုး က-ပြင်၊ အဝါဆင်၍့၊ မောင်းနှင် ဥသဘ၊ ထွန်စေရ၏၊ ထိုမှ စဉ်ထုံး၊ ငွေထွန်တုံးဖြင့်၊ ဆောင်သုံး *ပေါယယ်၊ များ*ကုံကယ်သည့်၊ သူကြွယ် မျိုးကောင်း၊ နီမောင်း တန်းဆာ၊ ဆင်ကာ ထွန်ရ၊ တဝ မှတ်သုံး၊ သံထွန်တုံးဖြင့်၊ မျိုးဆုံး မပျက်၊ စဉ်ဆက် *ပွားဖြီး၊ တောင်သူကြီးတို့၊ တက်စီး မောင်နှင်၊ ဆင်ယင် စိမ်းထည်၊ ထွန်ယက်နည်မှ၊ နို့ရည် ဖျန်းနူး၊ နွားမှုန့် ဖြူးလျက်၊ အထူး မှန်မော၊ မုယောနှမ်း-ဝါ၊ တဖြာ ပြောင်း-ပဲး၊ ကြဲးသည် စပါး၊ ပြုငြားတုံလတ်၊ ရာဇမှတ်* ဒေါင်းခြံ၊ ကာရံထားပြီး၊ အသီးအခြား၊ ပုဏ္ဏားတို့က၊ စန္ဒီ စသား၊ နတ်ကြီးများကို၊ ရထား တင်ကာ၊ ဆောင်ခဲ့ လာ၍့၊ ဂါထာ ပရိတ်၊ မဆိတ် ရွတ်လျှင်း၊ ပူဇော်ခြင်းနှင့်၊ ခရုသင်း သံထူး၊ ကြွေးညံ ကြူးသည်။။ *မျှို့ဦးမြေမင်္ဂလာ တင်မှန်းတည်း။ (၂)

(၄၉) မြေမင်္ဂလာ၊ တင်ပြီးခါမှ၊ မိုး-ကာ သစ်ဝါး၊ ဆောက်ဦးများကို၊ ပုဏ္ဏား သူမြတ်၊ ရွတ်ဘတ် အောင်ဟိတ်၊ ပရိတ်ဂါထာ၊ သင်္ခါရစ်ခွေ၊ ရုခရေဖြင့်၊ ဖျန်းစေတုံငြား၊ *ဟူးရားတတ်စွာ၊ ဆရာ ပါမောက်၊ ရာ့ရှစ်ယောက်တို့၊ မဘောက် ဖြူစင်၊ ဆင်ယင် တန်းဆာ၊ မိုးဗြဟ္မာသို့၊ အခါ စောင့်မြောက်၊ နာရီရောက်က၊ မီးပေါက် ခုနစ်၊ ဘောက်ပစ် ခုနစ်ကြိမ်၊ ရန်နှိမ် ဘေးကင်း၊ မောင်း*ခွက်ခွင်းနှင့်၊ ဒုံမင်း ညိုးညံ၊ ခရုသံဖြင့်၊ *ကျံကျံဆော်လျက်၊ ပြိုင်တချက်လျှင်၊ ရွှေပနက်ကို၊ အညိုဆင်ငြား၊ သင်္ဘောသားတည့်၊ တခြား ဖြူလက်၊ ငွေပနက်မှာ၊ တန်းဆာ နီလွင်၊ ဝတ်ဆင် ကောင်းဟိတ်၊ ပရိတ်ပုဏ္ဏား၊ တပါး ပြောင်လက်၊ သံပနက်မှာ၊ အပြာဆင်ပြီး၊ လယ်သူကြီးတို့၊ ကောင်းခြီး နှုတ်က၊ မြွက်ဟမင်္ဂလာ၊ ညီတညာလျှင်၊ ချကာ ပြီးငြား၊ အသည်သားတို့၊ မမှား စေ့စပ်၊ ကုန် မလပ်အောင်၊ မဏ္ဍပ် သုံးဆောင်၊ ဆောက်ပြီး နောင်မှ၊ တဆောင် သညာ၊ သီဟာသန၊ တဆောင်မှာ့ကား၊ ဂဇမည်သာ၊ တဆောင်မှာသော်၊ မောရာသန၊ နာမ မှတ်ယူ၊ ပညတ်မူလျက်၊ အဖြူနီ-ညို၊ ဘိတ်ဘိတ်စိုမျှ၊ ထိုနှိုက် တန်းဆာ၊ ဆင်ပြီးစွာ၍့၊ သီဟာ ဗြာဟ္မဏ၊ ဂဇ သင်္ဘော၊ မောရ အသည်၊ မျိုးသုံးမည်ကို၊ ပတ်လည် နေ့-ည၊ မပြတ်ရအောင်၊ နိစ္စမသွေ၊ စောင့်ကြစေလျက်၊ *မြုတေရတနာ၊ ထွန်းရောင်ဝါဖြင့်၊ မင်္ဂလာမဏ္ဍပ်၊ ထိန်ထိန်လျှပ်သည်။။ မိုးရပ် သုဓမ္မာ နတ်နန်းတည်း။ (၃)

(၅၀) မင်္ဂလာမဏ္ဍပ်၊ လုပ်ရပ် ပြီးသော်၊ ဘိသိက်တော်ရေ၊ ခပ်စိမ့်ထွေဖြင့်၊ ကောင်းတေနက္ခတ်၊ အခါမြတ်နှိုက်၊ ဆင်းနတ်ရုပ်ဝါ၊ မိုးသူဇာသို့၊ နွယ်လာ နန်းရိုး၊ ရွယ်နုပျိုးသား၊ မင်းမျိုးအစစ်၊ ရှစ်ယောက် မင်းသမီး၊ တသီး နွတ်မြိတ်၊ စင်ကြယ်ဟိတ်နှင့်၊ ဘိသိက်ဆက်ရာ၊ မင်္ဂလာဗြာဟ္မ†ဏ၊ ပု†ဏ္ဏာ့းအစစ်၊ ရှစ်ယောက် သမီး၊ ရာခြီးမြှောက်စား၊ စဉ်ဆက်အားဖြင့်၊ ခန့်ထား မပြတ်၊ ရာထူးမြတ်သား၊ မှူးမတ်မျိုးစစ်၊ ရှစ်ယောက် သမီး၊ ထီးနှင့်ဘွဲ့ရ၊ ဝံသ မကွယ်၊ မျိုးရိုးနွယ်နှင့်၊ ပြည့်ကြွယ် စည်းစိမ်၊ ဂုဏ်သိမ် မမှေး၊ ကျော်ပျံ့ မွှေးသား၊ သူဌေးကြီးစစ်၊ ရှစ်ယောက် သမီး၊ မျိုးကြီး မပျက်၊ စဉ်ဆက် အနွယ်၊ စုံ ကြီးကျယ်သား၊ သူကြွယ်ကြီးစစ်၊ ရှစ်ယောက် သမီး၊ နတ်ရွယ်ညီးတို့၊ ဆင်ပြီးတန်းဆာ၊ ဆန်းကြယ်စွာနှင့်၊ ကညာမကြီး၊ မင့်းသမီးမှာ၊ ရတနာရွှေအိုး၊ ပုဏ္ဏားမျိုးမူ၊ ငွေအိုးဟူပေ၊ မတ်သက်ဝေသော်၊ မြေ ပြကတေ့၊ သူဌေ့းရင်သွေး မိယဉ်†ကျေးကား၊ †ကြေးအိုး စင်+ကြယ်၊ မျိုးကြီး+ကျယ်သည့်၊ သူကြွယ်သမီး၊ သံဖြင့်ပြီးသား၊ ပြောင်ညီး အိုးသစ်၊ စုံကိုင်လစ်မှ၊ မျိုးစစ်ထင်ရှား၊ ဘိသိက်ကြားသား၊ ပုဏ္ဏား ရှစ်ဦး၊ အထူး ဆိုင်ရာ၊ သာသနာပိုင်က၊ စကြဝတေး၊ လေးယောက်ဟူလတ်၊ အမတ် သူကြွယ်၊ အနွယ် ခိုင်*ဖြီး၊ တောင်သူကြီး တထူး၊ သင်းတော်မှူးတို့၊ ရှစ်ဦးစီချည်း၊ ဤသို့နည်းဖြင့်၊ ရိုက်*ကြည်း သံသာ၊ ငြိမ့်ငြိမ့် ငြာအောင်၊ တူရိယာ ငါးပုံ၊ တီးမျိုးစုံနှင့်၊ ကမ်းခုံ မြစ်သာ၊ သွားကြရာသည်။။ မင်္ဂလာရေကြည်တော်ခပ် ခြိမ့်မွွှန်းတည်း။ (၄)

(၅၁) ခြိမ့်မွှန်း အစဉ်၊ ရှေးထုံး ယှဉ်၍့၊ စီလျဉ် အုတ်အော်၊ သွွှားကြသော်မှ၊ ရွှင်ပျော် ဝမ်းမြောက်၊ မြစ်သို့†ရောက်က၊ ရှစ်†ယောက် မင်းသမီး၊ စီးကြ ငှက်ဆင်၊ လှေတော်တွင်တည့်၊ ထိုပြင် ပုဏ္ဏား၊ သမီးများမှု၊ စီးငြားတုံရှောင်း၊ ရွှေလောင်းလှေတော်၊ ရှစ်ဘော် ရောင်ညီး၊ မတ်သမီးကား၊ စီးကျ တုံ†ကျင်၊ ပျံမည်သွင်သို့၊ လွန်း†ကြင်လှေတော်၊ နတ်*လျော် ပြကတေ့၊ ယဉ်သိမ်မွေ့သည့်၊ ဌေ့သမီးများ၊ ဗားမဲ့လှေတော်၊ ရွှေလှော် ဝင်းလဲ့၊ ဟန်မူ နွဲ့နှင့်၊ သူကြွယ့်ဝမ်းအောင်း၊ သမီးပေါင်းကား၊ မိကျောင်းလှေတော်၊ အကျော်ထင်ရှား၊ မတ်ရှစ်ပါးကား၊ ဘားတတ်လှေတော်၊ အမော် လူဝယ်၊ ဌေးသူကြွယ်မှာ၊ သညာတွင်ခေါ်၊ ခြွတ်လှေတော်နှင့်၊ နောက်သော် တထူး၊ ဆဲ့ခြောက်ဦးတိ၊ သင်းမှူး တောင်သူ၊ နှစ်မျိုးမူကား၊ အတူ မကွေ၊ သရေလှေတော်၊ စီးပြီးသော်လျှင်၊ ပျော်ပျော် တက်ချက်၊ လှေတော် ထွက်သည်။။ ဆော်လျက် တညီ တက်†သန်းတည်း။ (၅)

(၅၂) ဆော်လျက်တညီ၊ စဉ်တစီဖြင့်၊ ချချီ မ †ကျူး၊ ပ ဉ္စင်†ကြူးလျက်၊ ဝမ်းမြူး ရွှင်လန်း၊ ယှဉ်ကာ တန်းပြီး၊ ရေပန်း*ဖြော်ဖြော်၊ ကိုယ်စီ လှော်၍့၊ ပျော်ပျော် တက်ချက်၊ လှေတော် ထွက်က၊ ပြိုင်လျက် ကျော်*ချောက်၊ မြေကြီး မှောက်မျှ၊ မီးပေါက် ခုနစ်လုံး၊ သုံးချက်စီ မှတ်၊ ပစ်ဘောက်လတ်၍့၊ ဟုံးနတ်သမား၊ ပုဏ္ဏား*ခပင်း၊ ပူဇော်ခြင်းနှင့်၊ ခရုသင်း မှုတ်ခါ၊ စောင်းဆရာလည်း၊ စောင်းသာ ပိုက်တီး၊ လိုက်သီးသီးဖြင့်၊ ဟန့်ဆီး စွယ်ပြူး၊ ရေစောင့်မှူးသည့်၊ ဘီလူးတို့နှင့်၊ သင့်တင့် မေး-ဖြေ၊ ခွင့်ပေးစေမှ၊ ရွှေပန်း ငွေပန်း၊ ကြဲဖျန်း နဝရတ်၊ ရေနတ် ဒေဝတာ၊ မေခလာက၊ ဂင်္ဂါစောင့်ငြား၊ နတ်တို့အားလျှင်၊ ပန်ကြား မြှောက်ခြီး၊ ထွန်းဆီမီးနှင့်၊ ညီးညီး ဝင်းရှိန်၊ မြစ်လုံး ထိန်လျက်၊ အချိန်ရောက်ဆစ်၊ ကျ,သည်ဖြစ်က၊ ခုနစ် မီးပေါက်၊ ခုနစ် ဘောက်၍့၊ ဝမ်းမြောက် ညီ†ညာ၊ သူ့ထက် ငါလျှင်၊ ကြော်†ငြာ ကျွတ်ညံ၊ မိုးထက်ပျံအောင်၊ အသံ ဆယ်ပါး၊ တပြိုင်အားဖြင့်၊ *ချောက်ချား တီးဆော်၊ ရွှင်မြူးပျော်လျက်၊ ရေတော် ခပ်ယူ၊ ပိတ်ဖြူလွလွ၊ လွှမ်းအုပ်ရ၏၊ ကမ္ဘာ့လက်သုံး၊ စဉ် မဆုံးသား၊ နန်းထုံး နန်းစံ၊ ပရိကံဖြင့်၊ စီမံ ဆက်ရှည်၊ နန်းလေ့တည်သည်။။ ရေကြည်တော်ခပ် စည်ညွှန်းတည်း။ (၆)

(၅၃) ရေကြည်တော်မြတ်၊ ခပ်ပြီးလတ်၍့၊ မချွတ် ထုတ်ချောက်၊ ကမ်းသို့ ရောက်သော်၊ မီးပေါက် ခုနစ်၊ သုံးစီ ပစ်လျက်၊ လမ်းဆစ်တိုင်းသာ၊ ဆောင်ခဲ့လာမှ၊ မင်္ဂလာမဏ္ဍပ်၊ တန်ဆောင်းရပ်သို့၊ *သင်းချပ်*ရုတ်ရုတ်၊ တီးဆော်မှုတ်၍့၊ အုတ်အုတ်ကျိုက်ကျိုက်၊ စဉ်တစိုက်ဖြင့်၊ ဆိုက်ကပ် ရောက်လျှင်၊ ပန်းတင်ပုဏ္ဏား၊ အစုများက၊ လမ်းကြားအပြည့်၊ ပန်းထည့်ကြဲထား၊ *စီရီသားလည်း၊ မြေများ မြူနှိပ်၊ ရေသိပ် ဖျန်း-ဆွတ်၊ ပရိတ်ရွတ်မူ၊ ဟောရွတ် ပရိတ်၊ မဆိတ် သံဝါ၊ နေနှင့်ကာဖြင့်၊ သီဟာသန၊ မဏ္ဍပ်မနှိုက်၊ ခတ္တိယကညာ၊ ဗြဟ္မာသမီး၊ ရှုမငြီးတို့၊ ဆောင်သီး ခပ်ရေ၊ တထွေ ထိုမှ၊ ဂဇာသနနှိုက်၊ မတ်လှ ရင်သွေး၊ ခပ်ပေးသည့် ရေ၊ မောရဗွေဝယ်၊ မိုး နေနတ်တူ၊ ဟန်မူ ယဉ်ကျေး၊ ကြွယ်ဌေး နှစ်ပါး၊ သမီးများတို့၊ ခပ်ငြား ဆောင်ရေ၊ အိုးငါးထွေကို၊ ညီစေ လက်ကိုင်၊ တပြိုင်နက်ဖြင့်၊ ချလျက် တည်ထား၊ မမှား ထိုခါ၊ သံဝါ မီးပေါက်၊ ခုနစ်လောက်လည်း၊ ပစ်ဘောက် ခုနစ်ချက်၊ မိုး-မြေ အက်အောင်၊ နတ်စက်*တမျှ၊ ပစ်ကုန်†ရ၏၊ ဇေ†ယျမင်္ဂလာ၊ မျိုးဗြဟ္မာသည်။။ ဂါထာပရိတ် ရွတ်†မန်းတည်း။ (၇)

(၅၄) ထိုမှတုံသော်၊ စံနန်းပေါ်က၊ မဏ္ဍပ်တော်ရောက်၊ လမ်းတလျှောက်ပါ၊ ထက်-အောက် ကုန်စဉ်၊ ရွှေဖျင် ငွေ†ဖျင်၊ မွမ်း*မွမ်း†ဖြင်မျှ၊ မိုးဆင် ရံကာ၊ နတ်နေရာသို့၊ မင်္ဂလာကြီး၊ ထိန်ထိန်†ညီး၏၊ မငြီး†ရှု+ရာ၊ ဝဲးနှင့်+ယာလည်း၊ များစွာ ဝန်းကျင်၊ အုန်းကြံပင်နှင့်၊ ညွှန့်ရှင် ငှက်†ပျော၊ သာပြန့်†ပြောအောင်၊ ရှုမော စိုက်လျှင်း၊ မဏ္ဍပ်တွင်းဝယ်၊ နုကင်းဖူးငုံ၊ ပွင့်*အမုံတိ၊ ပန်းစုံ သီးမျိုး၊ ညွတ်ညွတ်*ဖြိုးမျှ၊ ဆွဲးရိုး ဆွဲးတမ်း၊ ဆွဲး*ဖြင်ပြွမ်းလျက်၊ မြို့လမ်း တွင်း-ပြင်၊ ရပ်တခွင်နှိုက်၊ ထို့သွင်မသွေ၊ အိုးပြည့်ရေနှင့်၊ ငါးထွေ ကြာမျိုး၊ ပွင့် မညှိုးဘဲး၊ စိုက်ထိုး ထင်ရှား၊ တည်စေထားမှ၊ ရှစ်ပါး ကမ္ဘာ၊ နတ်တို့မှာလည်း၊ ဆိုင်ရာဆိုင်ရာ၊ ဆင့်ဆိုကာလျှင်၊ ကျန်ငှာမယှိ၊ မကြွင်းဘိအောင်၊ အပရိဟာနိယ၊ စာရိတ္တဖြင့်၊ ကမ္ဘာ့ဓမ္မတာ၊ ပြုမြဲးစွာသား၊ *ဖွယ်ရာ*ဥဿုံ၊ ပြီးကုံလုံသည်။။ ပွဲးစုံ ကျင်းပ *ပုစ္ဆန်းတည်း။ (၈)

(၅၅) ယင်းပရိကံ၊ စီမံ ကုံလုံ၊ ပြီးပြည့်စုံက၊ ရွှေဘုံစိုးဘိ၊ ဘုန်းတော်ယှိသား၊ ပြည်ကြီ့း ထွတ်ချာ၊ မဟာမဃ၊ လောင်းဒေဝကား၊ ဗြာဟ္မာ့*သနင်း၊ ဗြဟ္မာမင်းသို့၊ ဝိုးဝင်း တောက်ပ၊ ဗြဟ္မာ့တန်းဆာ၊ ဆင်စကာနှင့်၊ တောင်ညာ ဘုန်းထွတ်၊ ရှစ်သောင်းနတ်မူ၊ ဥက္ကဌ် စိန်ခဲး၊ ရိုးရဲး နေလား၊ ခုနစ်ပါး ရတနာ၊ ဆန်းကြယ်စွာဖြင့်၊ သူဇာဒေဝီ၊ ဣန္ဒာနီသို့၊ တူညီ*ယိုးယီး၊ ရှုမညီးသည့်၊ နှစ်စီး နှစ်စီး၊ ယှဉ်မှီး ပေါက်မ၊ ဤသို့စသား၊ ဆင်လှ မြင်းလှ၊ ကြိုးက စုံစွာ၊ ပြင်ဆင်ကာဖြင့်၊ နမန္တာဓာတ်၊ နံပူးပွတ်၍့၊ ဘက်လတ်တုံပြီး၊ အသီးသီးဖြင့်၊ ဆင်စီး မြင်းစီး၊ ရဲးကြီး ယောက်ျား၊ မတ်ဗိုလ်များလည်း၊ ထူးခြား ဂုဏ်ရည်၊ အတည်တည်တိ၊ မျဉ်းရှည် မျဉ်းတို၊ နီ-စိမ်း-ညိုနှင့်၊ မောက်တို မောက်ရူ၊ ပါကူ လည်ကွေး၊ *ကြဲးသေး သေသတ်၊ သံသေနတ်သို့၊ စစ်ဝတ် စုံလင်၊ *သိဒ္ဓိ†ရင်၍့၊ ဆင်†ယင် ကုန်မြောက်၊ ပတ်လျောက် စီကာ၊ ဒိသာ *ပိတ်စပ်၊ ဝင်း ကိုးထပ်က၊ လေးရပ် ရှစ်ခွင်၊ ထက်ဝန်းကျင်နှိုက်၊ ဆင်လည်း ဆင်ချင်း၊ မြင်းလည်း မြင်းလျောက်၊ ရံထောက်ထောက်နှင့်၊ ရှေ့ခြောက် နောက်†ခြောက်၊ မြေတုံ†ချောက်မျှ၊ ရှေ့နောက် နှစ်ရပ်၊ ဆဲ့နှစ်တပ်သို့၊ ထပ်ထပ် ပြင်က၊ လိုက်ကြရ၏၊ များလှ*ဗိုလ်†ခြေ၊ သင်္ချေ†ချေဖြင့်၊ ခြွေရွေ*ခပင်း၊ ကြယ့်နှယ်ကျင်း၍့၊ လောင်းမင်း မောင်နှံ၊ သရေ ခံလျက်၊ ထွန်းစံ စမ္ပယ်၊ ရွေမျာ့းလယ်နှိုက်၊ တင့်တယ် နှိုင်းချိန်၊ ဝင်းဝင်းထိန်သည်။။ တာရိန် မိုးလ ငွေစန်းတည်း။ (၉)

(၅၆) အတပ်တပ်ဖြင့်၊ ထပ်ထပ် ပြင်က၊ ရံကျင်းပလျက်၊ လိုက်ကြတုံလျှင်း၊ အတွင်းကသော်၊ ရှေ့တော် ဝဲး†ယာ၊ မင်္ဂလာဟု၊ တ†ရာ ပုဏ္ဏား၊ အခြား မဝေး၊ စကြဝတေး စုံညီ၊ နှစ်ယောက်စီနှင့်၊ ဂုဏ်ဆီ ပြည့်လှိုင်၊ သာသနာပိုင် တပါး၊ ပုဏ္ဏား ပုရောဟိတ်ကြီး၊ ညီးညီး နဝရတ်၊ စီခတ် ဝင်းဝင်း၊ ခရုသင်းကို၊ ထိန်လင်း လျှံမောင်း၊ ရွှေပန်းတောင်းဝယ်၊ ကောင်း*မွန် ထည့်လျက်၊ စုံလက် ကိုင်လိုက်၊ နောက်နှိုက် ရံပတ်၊ ဟူးရားတတ်အကျော်၊ နတ်ပူဇော် တသီး၊ စောင်းတီး ပရိတ်ရွတ်၊ မလွတ် ပန်းတင်၊ သန့်စင် ဝတ်ခြင်း၊ ရာစီ ကျင်း၍့၊ ငါးသင်း ငါးရာ၊ မျိုးဗြဟ္မာတို့၊ မင်္ဂလာအောင်ဆု၊ အောင်ဇေတုနှင့်၊ ခရုသင်းသံ၊ မှုတ်ညံ မဆိတ်၊ မွမ်းမွမ်းထိတ်တည့်၊ ဘိသိက်တော်သွန်း၊ ပ,ထွန်း ဝင်းညီး၊ မင်းသမီးက၊ ပုဏ္ဏာ့းရင်သွေး၊ သူဌေး သက်လယ်၊ သူကြွယ်သမီး၊ မကြီး ရွယ်နေ၊ ပြစ်*ချေ မ†ယှိ၊ မြတ်ဇာတိတို့၊ နတ်†ရှိ တူပြီ၊ ရှစ်ယောက်စီလည်း၊ အညီ လိုက်†ရ၊ သမ†ယ+မြောက်၊ ခါတော် ရောက်က၊ +မြှောက်စည် *ဒုံမင်း၊ မောင်းကြေးနင်းနှင့်၊ *ခွက်ခွင်း ပတ်သာ၊ ခရာ စောင်း†ငြင်း၊ တပြိုင်ခြင်းဖြင့်၊ ညောင်း†ညင်း ညှိုးညံ၊ အသံ ဆယ်ပါး၊ ဆဲ့ငါး မီးပေါက်၊ ခုနစ် ဘောက်၍့၊ ဝင်းတောက် ထူးမြတ်၊ နဝရတ် စီ*မြွာ၊ ကိုးရောင်ဖြာသား၊ ရတနာထမ်းစင်၊ နတ်†ယာဉ်ညင်ထက်၊ ဘု†ရင်သ*နင်း၊ လောင်းမင်း မဟာ၊ မြတ်ရာဇာလျှင်၊ တောင်ညာထွတ်ဖျား၊ လက်ျာထားနှင့်၊ နှစ်ပါး စီးလျက်၊ စမွယ်ထွက်သည်။။ ပြိုးပြက်သရေ* ကွန့်ရွှန်းတည်း။ (၁၀)

(၅၇) ပြိုးပြက်သရေ၊ မွန်းတည့်နေသို့၊ ရွှန်းဝေ ညီးညီး၊ ယာဉ်တော်စီး၍့၊ တပ်ကြီး ခင်းကာ၊ လောင်းရာဇာလျှင်၊ တောင်ညာဘုရား၊ ရှစ်သောင့်းဖျားနှင့်၊ နှစ်ပါး အတူ၊ ထွက်တော်မူမှ၊ လေးဆူ သေနင်၊ စစ်အင်*ဗိုလ်ပါ၊ ရံဝန်းကာလျက်၊ မင်္ဂလာမဏ္ဍပ်၊ ဆောင်တော်ရပ်သို့၊ ဆိုက်ကပ် ထုတ်ချောက်၊ ကိုယ်တော်ရောက်က၊ မီးပေါက် ဆဲ့ငါး၊ ရှေးလား ခုနစ်ချက်၊ ပြိုင်လျက် ပစ်ဘောက်၊ ယင်းသည့် နောက်ကား၊ တယောက် သာသနာပိုင်၊ ကိုယ်တိုင် အစစ်၊ ဆဲ့နှစ် ပုရောဟိတ်၊ ခေါင်ပဏ္ဍိတ်တို့၊ ဘိသိက် ရောင်ဝါ၊ တင့်တယ်စွာသား၊ ဘာသာ ပိဋကတ်၊ အမြတ်တရား၊ ကျမ်းစာများကို၊ ရှေးဖျားဆောင်ကာ၊ သီဟာသန၊ မဏ္ဍပ်မနှိုက်၊ ထားကြတုံပြီး၊ နန်းကြီးထက်ပေါ်၊ တက်ပြီးသော်လျှင်၊ သူတော်မြတ်စစ်၊ တရာ့ရှစ်လည်း၊ အောင်မေတ္တာစိတ်၊ မွမ်းမွမ်းထိတ်မျှ၊ ပရိတ်ဂါထာ၊ ဟောရွတ်ကာနှင့်၊ မောရာသန၊ မဏ္ဍပ်လှဝယ်၊ ချမ်းမြ ရေရှင်၊ ချိုးသန့်စင်လျက်၊ ထို့ပြင် တဘန်၊ ဂဇာသန်ထက်၊ သင်္ကြန်ခေါ်ပြု၊ မင်း*ရတုဖြင့်၊ မင်းမှု*သန္တေး၊ ဦးတော် ဆေးပြီး၊ *ငြိမ့်လေး သာပျော်၊ ဂါထာကျော်နှင့်၊ ဂုဏ်တော်ရတနာ၊ ရွတ်၍့သာလည်း၊ သီဟာမည်တပ်၊ ရွှေမဏ္ဍပ်နှိုက်၊ ပွင့်ချပ် ဖွေးဖွေး၊ ခြောက်ဆဲ့လေးတိ၊ ဆေးရေး ထင်စွာ၊ ငွေကြာ ဘိတ်ဘိတ်၊ ဘဒ္ဒပိဌ်ဟု၊ ဂုဏ်ဟိတ်နာမ၊ ပဝတ္တနှင့်၊ သုကရဇာတ်၊ ဌုပ္ပတ် ဘွေလှစ်၊ ဧကရာဇ်တို့၊ မင်းဖြစ်ခံရာ၊ ထုံး*တန်ထွာဖြင့်၊ မင်္ဂလာအစဉ်၊ သဖန်းပျဉ်ထက်၊ ဘွဲ့ယဉ်ပလ္လင်၊ ထက်ဝယ်ဆင်လျက်၊ ရှေ့ခွင် *ရှေးရှူ၊ စံတော်မူသည်။။ နတ်တူ*တနှုန်း *တနှန်းတည်း။ (၁၁)

(၅၈) နတ် *နှုန်းသဖွယ်၊ ပလ္လင်လယ်ထက်၊ တင့်တယ် ထွန်း*စည့်၊ ရွှန်းရွှန်းမှည့်နှင့်၊ ရွှေပြည့်*သနင်း၊ လောင်းမင်းမြတ်စွာ၊ စံသော့ခါနှိုက်၊ တန်းဆာ ဆန်းကြယ်၊ တင့်တယ် ဆင်မြောက်၊ ရှစ်ယောက် ထိန်ညီး၊ မင်းသမီးတို့၊ အနီး ရှေ့တော်၊ ရပ်ပြီးသော်မှ၊ *ကော်ရော် လေးမြတ်၊ နဝရတ် စီ†နစ်၊ လက်ျာရစ်ဖြင့်၊ ဖြူ†နှစ် ဝင်းဝင်း၊ ခရုသင်းကို၊ မြစ်မင်း ငါးမည်၊ ရေကြည် ထည့်လျက်၊ စုံလက် ကိုင်ပြီး၊ မင်းကြီးထိပ်ပေါ်၊ ဥက္ခောင်းတော်နှိုက်၊ တည့်တည့် စိုက်၍့၊ သောင်းတိုက်လက်ျာ၊ ဇမ္ဗူချာထက်၊ သမ္ဘာနုဘော်၊ တုမမြော်သည့်၊ ဘုန်းတော် ထိန်ညီး၊ သျှင်မင်းကြီး။။ ရှေး*တီး ကမ္ဘာ၊ တည်ဦးစွာက၊ မဟာသမ္မတ၊ စသည် မင်းကောင်း၊ ဘေးတော်လောင်းတို့၊ လမ်းဟောင်း အသင့်၊ လိုက်သဖြင့်လျှင်၊ မင်းကျင့် ဆယ်မည်၊ ကျင့် ဆောက်တည်၍့၊ *ခိုင်ကျည်မြဲးစွာ၊ တည်စေပါလော့၊ ပြည်-ရွာထောင်ဘက်၊ မင်းမျာ့းထက်နှိုက်၊ အမျက် မလွန်၊ ပြည်ကြီ့းဝန်ကို၊ *အားသွန် ဆောင်ငြား၊ ပြည်သူ့အားလည်း၊ သနား စုံမက်၊ သူ့အသက်နှိုက်၊ ကိုယ့်သက် အတူ၊ မှတ်ယူ စိတ်မှာ၊ ရည်စေပါလော့၊ မိစ္ဆာ ဝိသမ၊ ကျင့်ပါပလည်း၊ ကင်းထ အမြဲး၊ မိုက်မဲးကြီးစွာ၊ အဝိဇ္ဇာဟု၊ ယုတ်မာ ဆိုးလှ၊ မှောင် မောဟကို၊ ဉာဏတန်ဆောင်၊ ပညာရောင်ဖြင့်၊ ထွန်းပြောင်လင်းဖြာ၊ ကြည်စေပါလော့၊ ခြင်းရာ ဤသို့၊ စသည်တို့ကို၊ နှစ်လို့ ဆိုမြွက်၊ နှုတ်သံသွက်နှင့်၊ ဦးထက် ထိပ်ပြင်၊ တသွင်သွင်သည်။။ ရေစင် ဘိသိက် မြှောက်သွန်းတည်း။ (၁၂)

(၅၉) မင်းသမီး ရှစ်ပါး၊ သွန်းငြား ပြီးမြောက်၊ ထိုမှ နောက်သော်၊ ရှစ်ယောက် မင်္ဂလာ၊ မျိုးဗြဟ္မာတို့၊ သင်္ခါ ဖြူထွား၊ ဘော်သား ဝင်းနု၊ ငွေခရုဖြင့်၊ သွင်းပြု ရှေးနှယ်၊ ယင်းနောက်ဝယ်ကား၊ သူကြွယ်ကြီး ရှစ်၊ ဌေးကြီး ရှစ်တို့၊ ခုနစ် ရတနာ၊ စီခြယ်*မြွာသည့်၊ မင်္ဂလာ လျှံဝင်း၊ ခရုသင်းဖြင့်၊ သံညင်း နှုတ်ချို၊ ရှေးတူ ဆို၍့၊ နှစ်လို ဝမ်း†မြောက်၊ သွန်းကြ†မြှောက်က၊ ဘုန်းတောက် မဟာ၊ မြတ်ရာဇာလည်း၊ သာသနာ့ဘေး၊ ပြည့်ရန်လှေးမှ၊ အရေး တပါး၊ ခွင့်ပေးငြားလျက်၊ ပတ္တမြားမကိုဋ်၊ ရောင်မြိုက် နေ့သွင်၊ ရွှေဖူးပြင်ထက်၊ သက်တင် နတ်လေး၊ လ,ဝက်ရေးသို့၊ ညွတ်ကွေး ပြေပြစ်၊ ရွှေသင်္ကျစ်တိ၊ ချစ်ချစ် ရောင်†ဘိတ်၊ ကျယို†ဖိတ်မျှ၊ ဥဏှိသ်အက္ခရာ၊ ပုံနှိပ်စာဖြင့်၊ ဗြဟ္မာ ဆက်နှံ၊ ဘက် မစံအောင်၊ နာမံ*သရစ်၊ မည်တော်သစ်နှင့်၊ စုံနှစ် နားဍောင်း၊ ရောင်မောင်း မဏိ၊ လောင်လိလိတည့်၊ လျှံညိ ပြိုးပြုံး၊ ကိုးလုံး ကြယ်တပ်၊ ထိန်လျှပ် လက်ကောက်၊ မီးစုံတောက်သို့၊ စိန်-ကျောက် များစွာ၊ ရတနာ စီခက်၊ ဘိုး*အနဂ်ဖြင့်၊ ပြိုးပြက် တောက်ပ၊ ဖြူဆွ ကိုယ်ဝတ်၊ တုလွှတ် စံကင်း၊ အဆင်း ခုနစ်မျိုး၊ ရိုးရဲး ရောင်ရှင်၊ လျှပ်နှယ် ထင်သား၊ *ဒုယင်ရတနာ၊ ချပ်တန်းဆာကို၊ ကောင်းစွာ ဆင်ပြီး၊ ဗြဟ္မာကြီးသို့၊ ဘုန်းမီး*စက်ရှိန်၊ တိုးတက်ထိန်သည်။။ သူရိန်နေမင့်း ခင်ပွန်းတည်း။ (၁၃)

(၆၀) နေမင့်း ခင်ပွန်း၊ တု *မဲ့ကျွန်းအောင်၊ ပွင့်ရွှန်း စက်ရှိန်၊ ဘုန်း*အာဟိန်ဖြင့်၊ သိရီ့န္ဓရ၊ တောက်ပ ရောင်ရှင်၊ မျက်စုံတင်သား၊ *ဒုယင်ရတနာ၊ ချပ်တန်းဆာကို၊ ကောင်းစွာ ဆင်ပြီး၊ ဗြဟ္မာကြီးသို့၊ ထိန်ညီး လက်လက်၊ ယာဉ်တော်ထက်နှိုက်၊ စီးလျက်၄င်း၊ ရာထီးဆောင်းနှင့်၊ *ဗိုလ်ပေါင်း ရံကာ၊ တသြဘာဖြင့်၊ မင်္ဂလာသိဒ္ဓိ၊ ဘုန်းတော်ချိလျက်၊ သိရီ့ပဝရ၊ အဂ္ဂဓမ္မရာဇာ၊ မဟာစက္ကဝေါ၊ သမိန်ထောလွတ်တရ၊ ကျူးထ ငွေနှဲး၊ ပြိုင်တွဲး ယှဉ်မှီ၊ စည် ငါးလီလည်း၊ ချ-ချီ ဆော်ရွှမ်း၊ သမိန်ဘျမ်းဟု၊ မင်းခမ်းသဘင်၊ ရွှေနန်းဝင်ကို၊ လျှောက်တင် မတ်ပေါင်း၊ နာမ*ညောင်းအောင်၊ ငွေမောင်း ငါးချက်၊ စည်တော် ဆက်၍့၊ ငြိမ်သက် ရှေးတူ၊ ဝင်တော်မူပြီး၊ သူဇာ နတ်သွင်၊ ရှစ်သောင့်းရှင်ကို၊ ညာတင် ပြိုင်ညီ၊ တူယှဉ်မှီလျက်၊ ဒေဝီ လေးချက်၊ မင်း လေးချက်ဖြင့်၊ ရှစ်ချက် *ပစ္စူ၊ စိုက်ထူ မိုးဘွင့်၊ ကိုးဆင့် ရွှေညောင်၊ ရိုးဆယ်တောင်နှင့်၊ မြင့်ခေါင် ဖြိုး*ဝှန်၊ ရောင်ခြည်*ကွန်သည့်၊ နဝဒဏ္ဍ၊ မနောဟက၊ စသည် လျှပ်လျှပ်၊ *ယပ်မားချပ်လျက်၊ *ဖြီးထပ် ဝေလျှမ်း၊ ထွေထွေ ပြွမ်းသား၊ မင်းခမ်း စုံလင်၊ ထက်ဝန်းကျင်က၊ ဆင်ယင် ခင်းကျင်း၊ ထိန်ထိန်ဝင်းတိ၊ နတ်ဆင်း ရွှေညီ၊ ဒေဝီ သုံးပါး၊ ခြွေရံများနှင့်၊ မင်းသား မင်းမြေး၊ တဝေး မတ်ပုံ၊ မျိုး လေးစုံတို့၊ ဝန်းရုံ ညီ†ညာ၊ ကောင်းခြီး†ငြာလျက်၊ မင်္ဂလာအောင်ခွန်း၊ သြဘာညွှန်း၍့၊ *တုကျွန်းမစံ၊ ကျူး နှုတ်သံဖြင့်၊ ပတ်ခြံ ညိတ်ညိတ်၊ မွမ်းမွမ်းထိတ်၏၊ ဘိသိက်သဘင်၊ *ရင်သည့်မရွေ့၊ ထိုနေ့ နံနက်၊ အရုဏ်တက်ဝယ်၊ လေးချက်တီးက၊ စ၍့ စွဲးသုံး၊ ရှေးထုံးအလို၊ သိမ့်သိမ့်ပြိုအောင်၊ ပဟိုရ်ဓာတ်စည်၊ ပတ်လည် ဆိုင်လျက်၊ တပြိုင်နက်ဖြင့်၊ တချက်†တည်းဆော်၊ †တီးရိုက်ကြော်သည်။။ မိုးပေါ်ပျံလု ဘ†နန်းတည်း။ (၁၄)

ဓညဝတီ ဒသရာဇာမင်း, မန္တလေးရတနာပုံ ပ ဉ္စမသင်္ဂါယနာတင်မင်းကြီးတို့ မုဒ္ဓါဘိသိက်ခံနည်းအတိုင်းတည်း။

ဘိသိက်ခဏ်း (၁၄)ပိုဒ် ပြီး၏၊