မြို့နန်း သိမ်းခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၆။ မြို့နန်း သိမ်းခဏ်း


(၆၁) ဘိသိက်တော်ကြီး၊ ခံပြီး ထို့နောင်၊ ပြိုးပြိုးပြောင်သား၊ ကိုးဆောင် သရစ်၊ ပလ္လင် ရှစ်နှင့်၊ နန်းသစ်တော်ကြီး၊ လုံးစုံ ပြီးက၊ ရှေးတီး မင်း†ကျော်၊ ဘေးလောင်းတော်တို့၊ အ†ကြော်တငြာ၊ ကြီးကျယ်စွာလျှင်၊ ဒွါရာဘိသေက၊ ဝိသိဋ္ဌဖြင့်၊ မြို့ပြ နန်းသိမ်း၊ မြေညွတ်တိမ်းမျှ၊ မှတ်ထိမ်းဘွယ်ရာ၊ မင်္ဂလာကိစ္စ၊ *ရင်ကုန်ကြသို့၊ လောင်းလှဘုန်းမော်၊ အ*နှုန်း လျော်၍့၊ ထုံးမျှော် စံမှန်း၊ *အံ့မခန်းအောင်၊ မြို့နန်း သိမ်းမှု၊ မင့်း*ရတုဖြင့်၊ ပြုအံ့ခါဘို့၊ ရောက်ပြန်တို့က၊ ရွှေမြို့တော်မြတ်၊ ဥဒည်း မှတ်သား၊ မီးဓာတ် ဒိသာ၊ မင်္ဂလာ ရပ်ထူး၊ ရှေ့စူးစူးဝယ်၊ အဦး ဒွါရ၊ ဗဟိဒ္ဓနှိုက်၊ တံခါ့း ပြင်ထွက်၊ လက်ျာဘက်က၊ မပြက် နေပြောက်၊ ပြိုးပြိုးတောက်သည့်၊ *ကွန်းထောက် နန်းတော်၊ ဘောင်ယာဉ်တော်နှင့်၊ တီးဆော် ညိုးညံ၊ ပွဲးခံ ကန္နား၊ ဆောက်ကာ ထားလျက်၊ တပါး ထို့နောင်၊ လက်ဆောင်တော်ဆက်၊ တချက် နောက်သော်၊ တန်းခိုးကျော်သည်၊ ရွှေမြို့တော်မြတ်၊ နန်းပြာသာဒ်ကို၊ စောင့်တတ်ကုန်ငြား၊ နတ်တို့အားလည်း၊ တင်ကြား ပသ၊ ပြုကုန်ကြသား၊ ရှေးက အရိုး၊ တီးမှုတ်မျိုးနှင့်၊ ကွယ်ကိုး ကျင်းထား၊ ကန္နား တဆောင်၊ ကုန်အောင် သီးသီး၊ စီမံပြီးမှ၊ နန်းကြီး*တသွန်၊ ဇေတဝန် လေသာ၊ ပရိတ်နာနှင့်၊ ဝဲး-ယာ စမုတ်၊ ဆောင်ထုတ်သမိုက်၊ ဗြဲးတိုက် မြေနန်း၊ လွှတ်*ကြငှန်းက၊ ကိုးခန်း တွင်း-ပြင်၊ ရှစ်ပလ္လင်တည့်၊ ဆင်ယင် ကုန်အောင်၊ ဝင်းဝင်းပြောင်သည်။။ မိုက်မှောင် ပယ်လွှင့် လှစ်တွန်းတည်း။ (၁)

(ဤနှိုက် တွန်းကို တဝမ်းပူနှင့် ရေးကြ ဘတ်ကြကုန်။)

(၆၂) နန်းတွင်း နန်းပြင်၊ မြို့ဝန်းကျင်ပါ၊ စုံလင် ခမ်းနား၊ အပါးပါးကို၊ သိကြားနေဟန်၊ ဝေဇယန်နှင့်၊ သဏ္ဌာန် မယွင်း၊ *ယင်ပြီးလျှင်းမှ၊ မင်း*သုတသုံ၊ ထွက်သော့ပုံသို့၊ ဝင်းအုံ*ဗိုလ်ပါ၊ လွန်များစွာတည့်၊ စဉ်လာ ပညပ်၊ လက်ျာတပ်နှင့်၊ ရှေ့တပ် ရှေ့ဝင်း၊ ခေါ်ခြင်း တရပ်၊ လက်ဝဲးတပ်နှင့်၊ နောက်တပ် နောက်ဝင်း၊ တပ်ကြီးခင်း၍့၊ ထိုဝင်း ဆိုင်†ရာ၊ စဉ်မကွာဘဲး၊ ဝဲး†ယာ မှူး+မတ်၊ လေးဦးနတ်သို့၊ အ+မှတ် ထင်ရှား၊ ဟန်ကြွားကြွားနှင့်၊ ရွှေဓား ကိုယ်စီ၊ စွဲးချီ မကျူး၊ ဝင်းမှူး လေးယောက်၊ နှစ်စီ ထောက်၍့၊ ရှေ့-နောက် စဉ်ပြီး၊ ထွက်တော်ကြီးဖြင့်၊ မှုတ်တီး စည်-မောင်း၊ မြေတိမ်းစောင်းမျှ၊ ငြိမ့်ညောင်း ကျွက်ညံ၊ မိုးထက်ပျံသား၊ အလံ မှတ်ထိမ်း၊ ဖြူ-စိမ်း-ဝါ-ပြာ၊ ဝင်း လေးဖြာနှင့်၊ ဒိသာ ဧသန်၊ ရှေ့မြောက်စွန်က၊ စုံ*ကြန်မချို့၊ အောင်*မျှို့ပေါက်ထီး၊ ဆင်*ပြောင်ကြီးထက်၊ တက်စီး ကြွားကြွား၊ နတ်ယောက်ျားသို့၊ *ကျိုင်းထွား အင်ပျို့၊ သွင် မချို့သား၊ အောင်*မျှို့ရဲးဘော်၊ သူရဲးကျော်တည့်၊ နောက်သော် ထို†မှ၊ ဆင်†မမုန်အာ၊ မည်သာ တဝ၊ ဘယ ရန်အောင်၊ ရဲးခေါင် မတ်လှ၊ စီးနေရလျက်၊ အောင်-ဘ-ကူ-လား၊ ဆွေ-သား-နောင်-ရင်း၊ မိတ်ချင်း နံထပ်၊ ရှစ်ခွင် ရပ်လုံး၊ မလပ်*ဥဿုံ၊ ပေါက်မစုံလျှင်၊ ယှဉ်တုံစေပြီး၊ တသီး ထို့ပြင်၊ ရှေ့ခွင် မည်မှတ်၊ အန္တောဓာတ်နှိုက်၊ ထိုဓာတ်ဆင်တော်၊ ဥပေါ် ထွတ်†တင်၊ *ပြောင်မာ†တင်ထက်၊ စီးကျင် မလွဲး၊ မတ်သူရဲးတိ၊ ကိုင်စွဲး ချွန်းချိန်၊ ဝင်းဝင်းထိန်နှင့်၊ ဥတိန်နန္ဒ၊ ဤသို့စသား၊ မိတ်ရနံဓာတ်၊ သင့်မြတ် ညီလျော်၊ ယာဉ်ကျော် ဆင်-မြင်း၊ ဘွဲ့ယှဉ်ခြင်းဖြင့်၊ ခင်းကျင်း စဉ်လာ၊ ရှစ်ဒိသာနှိုက်၊ နမန္တာဘက်၊ ဓာတ်ဘက် မလပ်၊ ဦးလည် စပ်မျှ၊ ဆင်တပ် မြင်းတပ်၊ အထပ်ထပ်တည့်၊ စည်းကြပ် တည်တည်၊ ကျုံးပတ်လည်လည်း၊ စစ်သည် သီးသီး၊ တောင့်နှယ် ဆီး၍့၊ ရဲးကြီး ကြံ့ခိုင်၊ ရုံးချင်း ဆိုင်လျက်၊ စွဲးကိုင် လက်နက်၊ ရောင်*ချိုးချက်နှင့်၊ ပြိုးပြက်လျှပ်သွင်၊ နတ်သေနင်သို့၊ တပ်လျှင် ထပ်ထပ်၊ ကြာ့နှယ်ချပ်သည်။။ *ပိတ်စပ် ရှစ်ခွင် ကာ†ရန်းတည်း။ (၂)

(၆၃) ကာရန်း ထပ်ထပ်၊ ကြာ့နှယ်ချပ်ပြီး၊ ရေတပ် ကျုံးတွင်း၊ လှေတော်သင်းကား၊ တည်ခြင်း ရှေ့ဆုံး၊ နန်းသုံး စဉ်ဆက်၊ မည် မပျက်သား၊ ကြာဘက်ဆောင်းခေါ်၊ လှော်ကားတော်တည့်၊ နောင်သော် တင့်တယ်၊ စလွယ် နားဍောင်း၊ ရွှေဗောင်း ဝတ်လုံ၊ ဆင်ယင် ခြုံလျက်၊ နှစ်စုံ မြို့ဝန်၊ မတ်ယုံ ကျွန်တို့၊ မလွန်မစား၊ ဝဲး-ယာနားက၊ လှော်ကားတော်နှစ်၊ တလှစ် ထိုပြီး၊ ရဲးစီး ခတ်လှေ၊ များတတွေလည်း၊ မသွေ ယာ-ဝဲး၊ ခြိမ့်ခြိမ့်သဲးတည့်၊ တကွဲး နောက်သော်၊ မတ်တဘော်တို့၊ လှော်ကာတော်များ၊ စဉ်စီ ခြားမှ၊ နောက်ပါးမရွေ့၊ ဘုန်းရှိန်*ကြွေ့သား၊ အိမ်ရှေ့မဟာ၊ ဥပရာနှင့်၊ များစွာ သီးသီး၊ ကိုယ်စီ စီး၍့၊ ငယ်-ကြီး ယှဉ်မှီ၊ ရာလိုက် စီလျက်၊ မင်းညီမင်းသား၊ ခတ်လှေများတည့်၊ တခြား နောက်မှ၊ ထိန်ပ ပြောင်ညီး၊ လ-နေမီးသို့၊ စီးတော် ရွှေဘောင်၊ ထို့နောင် တူပြီ၊ ရွှေတညီနှင့်၊ ဒေဝီ နတ်ဟန်၊ စီးကြမှန်သား၊ သမ္ဗန်တော်ပေါင်း၊ ရှုမ*ညောင်းမျှ၊ ထပ်လောင်း နောက်မှာ၊ စဉ်မကွာလျှင်၊ ဝဲး-ယာ သူရဲး၊ လက်နက်စွဲးတို့၊ စီးမြဲး ခတ်လှေ၊ အထွေထွေတည့်၊ ဦးနေ ပဲ့နင်း၊ လှေသင်း ထောင်ကဲး၊ အုပ်မြဲး ဘောင်ဝန်၊ မလွန် ရှေးတမ်း၊ လှေမှုထမ်းတို့၊ *ဖြင်ပြွမ်းထပ်မျှ၊ ရိုးရိုးရွဖြင့်၊ ရူပ ဆင်းဝါ၊ နတ်သူရာသို့၊ ဂင်္ဂါဇေယျ၊ *ဇလသူရ၊ ဇလသင်္ကြံ၊ ဘွဲ့ခံ ဇမ္ဗူ၊ ဂင်္ဂသူက၊ *ပြောထူသင်္ချာ၊ လွန်များစွာသည်။။ *ဗိုလ်ပါ ကောဋိ ဂ†ဏန်းတည်း။ (၃)

(၆၄) များလှ တွက်ရေ၊ အထွေထွေတည့်၊ ကုဋေ ကုဋေ၊ ဆယ်ပြန် ရေလည်း၊ ဆုံးလေမယှိ၊ အချိ *ဗိုလ်ခြေ၊ တခဲးထွေလျက်၊ *မြုတေ ရောင်ဘိတ်၊ ညီးညီးထိတ်သား၊ ကရဝိက် *ကွန့်ပြောင်၊ မြတ်ရွှေဘောင်ကို၊ ရှေ့ဆောင် ငင်စေ၊ ရွှေလှေ ရှစ်စင်း၊ မွေ့မွေ့ညင်းတည့်၊ ဝင်းဝင်း တင့်တယ်၊ ဝဲး-ယာဝယ်လည်း၊ ရှုဘွယ်မ*ညောင်း၊ ဟန်စုံပြောင်းလျက်၊ ဦးပေါင်း ရွှေချည်း၊ ခါးစည်းလည်း ရွှေ၊ လက်ကျပ် ငွေနှင့်၊ သရေ ထိန်†ပြိုး၊ *လုလင်†ပျိုးတို့၊ ရွှေရိုး ငွေရွက်၊ တလက်လက်သား၊ ရွှေတက် ပျောင်းပျောင်း၊ ငြိမ့်ငြိမ့်ညောင်းဖြင့်၊ ရွှေလောင်း ရွှေလှေ၊ များခြွေရွေနှင့်၊ ရွှေကိုယ်တော်မြတ်၊ ဗြဟ္မာနတ်သို့၊ မင်းဝတ်*ဒုယင်၊ မကိုဋ်ဆင်လျက်၊ ညာတင် ကမ္ဗု၊ နတ်သမုကား၊ ပဒုမမာလာ၊ ပဒုံမာ တင့်ဆန်း၊ ငွေကြာပန်းကို၊ ပွင့်လမ်း အောင်ဆု၊ စွဲးကိုင်ပြုမှ၊ ပြိုင်တု မမြော်၊ ရွှေဘောင်တော်ထက်၊ နှစ်ဘော် စံငြား၊ ငါးပါး တူရိယာ၊ သံသာ ဆော်နှိုး၊ မြေမိုး*ဝှန့်တက်၊ သိကြားထွက်သို့၊ ပတ်ရှက် ညိုးညိတ်၊ မွမ်းမွမ်းထိတ်အောင်၊ ပိတ်မျှ ရံကာ၊ မြို့အောင်†ချာကို၊ †လက်ျာရစ်၍့၊ လှည့်ကာစေ့သော်၊ အရှေ့မျက်နှာ၊ မင်္ဂလာရန်နှိပ်၊ ရွှေတံဆိပ်နှင့်၊ ဦးထိပ် ထင်ရှား၊ ဓာတ်တံခါးက၊ မမှား *တူရူ၊ ဝင်တော်မူလျက်၊ ရှေးရှူ ဖြောင့်တန်း၊ ဝေယန်ဆန်းတို့၊ မြေနန်းတော်ဦး၊ ရှေ့စူးစူးနှိုက်၊ အထူး လွန်ကျော်၊ လှေကားတော်ဖြင့်၊ တက်တော်မူပြီး၊ နေ့နှယ်ညီးသား၊ နန်းကြီး ဘုံပျံ၊ သိမ်းမြန်းစံသည်။။ ဘုန်းကံ အံ့ဘွယ် လွန်* ဆန်းတည်း။ (၄)

ပ ဉ္စမသင်္ဂါယနာတင်မင်းတရားကြီး ရတနာပုံမြို့နန်း သိမ်းတော်မူသည့်အတိုင်းတည်း။

မြို့နန်းသိမ်းခဏ်း (၄)ပိုဒ် ပြီး၏၊