ဥကင်တော်ဘွင့်ခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၇။ ဥကင်တော်ဘွင့်ခဏ်း


(၆၅) ရွှေမြို့နန်းကြီး၊ သိမ်းစံပြီးမှ၊ ထိန်ညီးပြောင်ပ၊ ဆောင်နန်းမ၏့၊ သားလှရှေ့ခင်း၊ ရွှေ*ကွန်းတွင်းနှိုက်၊ မင်းတို့ စံမှတ်၊ ကြေးပြာသာဒ်ဝယ်၊ မင်းမြတ် သိမ်မွေ့၊ ရက်လည်စေ့အောင်၊ ချမ်းမြေ့ စက်တော်၊ ခေါ်လတ်တုံပြီး၊ တသီး ထို့နောက်၊ ဘုန်းတော် တောက်သား၊ *ရွှေမှောက် မင်းကျော်၊ ရှေးခါသော်က၊ ခမည်းတော်နတ်၊ ဘိုးတော်မြတ်တို့၊ ဥက္ကဌ် ခါကောင်း၊ သင့်လတ်ရှောင်းသော်၊ ထီးဆောင်းမင်္ဂလာ၊ ကြီးကျယ်စွာလျှင်၊ မဟာဥကင်တော်ဘွင့်၊ ရွှေနန်းမြင့်ဝယ်၊ လူမင့်းသဘင်၊ ပွဲကြီး*ရင်သို့၊ ပလ္လင် ဟေမာ၊ ရွှေဟီဟာကို၊ စီကာ ရံပြု၊ ကမ္ဗုစန္ဒ၊ ပဒုမနှင့်၊ သမုဒ္ဒမည်သီး၊ လေးဆူ ထီးကို၊ လျှံညီး ဖြူဝင်း၊ ယာ,က ကျင်းလျက်၊ ကနက် သူရိယ၊ ဝိသုကနှင့်၊ သမုက္ခဟူ၊ ထီး လေးဆူကို၊ စိုက်ထူ ဝဲး-ယာ၊ တနည်းအားမူ၊ နှစ်ပါး ကနက်၊ နှစ်ချက် တမွတ်၊ ကျင်းလတ် တပုံ၊ ဝဲး-ယာ စုံတည့်၊ ကိုးဘုံ ရောင်ဝှန်၊ နဝ ဒဏ်က၊ ထီး*မွန် တင့်မော၊ မနောဟရ၊ အာတပ†တြ၊ ဝိဇယပ†တြ၊ မည်†ရ လေးမျိုး၊ မျက်စုံပြိုးသား၊ ညွန့်ဖြိုး ဝေမောက်၊ မီးနှယ်တောက်လျက်၊ ဆယ်-ခြောက်-ငါး-လေး၊ တွက်ရေး တောင်သင့်၊ ရိုး နိမ့်မြင့်နှင့်၊ ဆင့်ဆင့် လေးစင်း၊ ဘယ်-ညာ ကျင်း၍့၊ စဉ်ခြင်း တဖြာ၊ နည်းထွေလာတွင်၊ လိုရာ မမှား၊ စဉ်သော့အားဖြင့်၊ သိကြား မိုးနတ်၊ ဘူတပတ်၏့၊ ထူးမြတ်အနေ၊ ကြက်သရေသို့၊ မသွေ*တမျှ၊ တင့်တယ်လှအောင်၊ ဝဲးက လေးစင်း၊ ယာ လေးစင်းတိ၊ ရှစ်စင်း ကာမိုး၊ ထိန်ထိန်ပြိုးသည်။။ ရွှေရိုး ငွေရွက် ဖြူဝန်းတည်း။ (၁)

(၆၆) ရွှေရိုး ငွေရွှက်၊ ဖြူဝင်း ကြက်၍့၊ ရံယှက် မ †မှား၊ လေးစင်းကြားဝယ်၊ ယပ်†မားချပ်ကာ၊ စီပြီးခါမှ၊ လက်ျာ ကျင်းမြဲး၊ နန်းဆွဲး ရွှေအုပ်၊ အလုပ် တင့်ဆန်း၊ မကရ့်းခံတွင်း၊ ဝင်းဝင်းကရား၊ ရွှေသား အို†ပျစ်၊ တင့်ပြေ†ပြစ်သား၊ ရွှေစစ် ရေတင်၊ ရွှေစင် ထွေးခံ၊ ရွှေလျှံ တကောင်း၊ စုံပေါင်း မြူတာ၊ ရွှေဝါဖလား၊ ရှေ့က ထားပြီး၊ နောက်ပါး တကြောင်း၊ ရွှေပန်းတောင်းမှ၊ မစောင်း ဖြောင့်ဖြောင့်၊ ရှစ်ထောင့် ကွမ်းခွက်၊ လက်လက် ဖြိုးလျှံ၊ နဂါးခံ ကွမ်းခွက်၊ စက်စက်ရောင်ဝါ၊ စလင့် ကြာနှစ်ပွင့်၊ ရှုတင့် ရောင်မောင်း၊ ကွမ်းလောင်းတော်ကြီး၊ ထိန်ညီး ကွမ်းကျပ်၊ ထိန်လျှပ် ကွမ်းတောင်း၊ တကြောင်း ထိုမှ၊ စဉ်ထ တညီ၊ လက်ဝဲးဆီက၊ ကျောက်စီ ခြေနင်း၊ ထိန်ဝင်း လျှံဖြာ၊ ရတနာတောင်†ဝှေး၊ မ†ဝေး ပြိုးပြက်၊ မြမြထက်သား၊ သန်လျက် ရွှေထား၊ သားမြီး စာမြီ၊ သိင်္ဂိမင်းစံ၊ ခြင်္သေ့ခံလျက်၊ ညီးလျှံ ရွှေသား၊ ကရား အိုပျစ်၊ ရွှေစစ် မေးထောက်၊ ထိန်တောက် ကျီးခြေ၊ နှစ်ထွေ ရတနာ၊ ရွှေမြူတာကို၊ ရှေ့မှာ စဉ်ငြား၊ လက်တင်ကြားနှင့်၊ ပတ္တမြားကွမ်းခွက်၊ ထိန်လက်သလပ်၊ ရောင်လျှပ် မီးနှယ်၊ ကွမ်းလောင်းငယ်က၊ တင့်တယ် ပြိုးပြောင်၊ သလင်းမြောင်တည့်၊ ရွှေရောင် တင့်နှိုင်း၊ သစ်တိုင်းကျပ်လျား၊ နောက်ကထား၍့၊ များပြားလှစွာ၊ ယာ ဆဲ့ခုနစ်၊ ဝဲး ဆဲ့ရှစ်ဟု၊ တွက်စစ် မမှား၊ သုံးဆဲ့ငါးတည့်၊ ထူးခြား ထို့ပြင်၊ ရွှေဥကင်နှင့်၊ ပလ္လင်တော်ရှေ့၊ စဉ်၍့ ကျင်းရိုး၊ ဘုန်းရှိန်တိုးလျက်၊ တန်းခိုးတောက်စေ၊ နိမတ်တွေဖြင့်၊ ရွှေ-ဖြူ-ဝါ-နက်၊ စိမ်းညက်-နီ-ဖြော့၊ မှတ်လော့ စဉ်ကာ၊ ရတနာ ခြယ်ဝင်း၊ နန်းလုံး လင်းအောင်၊ မျောက်မင်း တသုန်၊ ဂဠုန် တထူး၊ ဘီလူး၄င်း၊ ရွှေဥဒေါင်းက၊ သားပေါင်း ဆီညစ်၊ သီဟ†ရာဇ်နှင့်၊ မုန်†ယစ် မာန်ကြွား၊ ဆင်-နဂါးဟု၊ ထင်ရှား မယွင်း၊ အောင်*မျှို့သွင်း၍့၊ ရုပ်ဆင်း ခုနစ်မျိုး၊ ညွန့်*ဖြိုးဝေလျှံ၊ သင့်စီမံသည့်၊ အလံ ခုနစ်ပါး၊ စိုက်ထူလွှားမှ၊ တရားနေနတ်၊ ဘုန်းတော်မြတ်ကြောင့်၊ ရိုညွတ်*ကျိုးနွံ၊ ကျွန်တော်ခံ၍့၊ နိုင်ငံအဟို၊ မင်းထိုထိုတို့၊ လိုလိုဆက်ငြား၊ မင်းခမ်းများကို၊ ရှေ့ထား နောက်လျဉ်၊ ဝဲး-ယာ ယှဉ်လျက်၊ နန်းစဉ်စက်ရင်း၊ စီကာကျင်းသည်။။ ဝင်း၏့ ရွှေဘုံ *ကြငှန်းတည်း။ (၂)

(၆၇) ရွှေဘုံ ဝင်းဝင်း၊ မင်းခမ်း ကျင်းလျက်၊ တုကင်း မမြင်၊ မိုးလျှပ်သွင်သို့၊ ဆင်ယင် တန်းဆာ၊ ဒွါဒရာ တင့်ဆန်း၊ ရာလိုက် တန်း၍့၊ မြောက်နန်း လယ်နန်း၊ နောက်နန်း စံပျော်၊ အလှကျော်သည့်၊ သုံးဘော် ဒေဝီ၊ နတ်*တပြီလည်း၊ ဝတီသိရီ့၊ စယှိ*ပြောထူ၊ နန်းသူ များစွာ၊ ရံကာ နောက်တော်၊ ရွေ တဘော်တည့်၊ ဝင်သော် နောက်မှ၊ ထွက်က ရှေးဦး၊ မကျူး အလေ့၊ ဘုန်းရှိန်*ကြွေ့သား၊ အိမ်ရှေ့ နန်*လျာ၊ မဟာဥပရာဇ်၊ သင်္ကျစ်ညီးညီး၊ သားတော်ကြီးနှင့်၊ ရာသီး လိုက်သင့်၊ နိမ့်-မြင့် ပြိုင်ယှဉ်၊ အစဉ်မယွင်း၊ ရွှေ*ကွန်းတွင်းနှိုက်၊ နီးရင်းစွာဘိ၊ မြတ်ဇာတိဖြင့်၊ သိရီ့ဓမ္မ၊ သုဓမ္မက၊ သီဟသူရမဟာ၊ ဓမ္မရာရွှေဘွဲ့၊ ထိန်လဲ့ ရောင်ပြိုး၊ လွန်မြတ်နိုးသည့်၊ သတိုးဘွဲ့တော်၊ တဘော် တပ်မြဲး၊ မင်းရဲး မည်ထူး၊ မြင်းမှူးရာနေ၊ သက်ဝေ ရင်သွေး၊ ချစ်မြေးရတနာ၊ မဟာဘွဲ့†ပေါင်း၊ ရွှေ†ဗောင်း ရွှေဖျင်၊ ဝတ်ရုံ ဆင်လျက်၊ *ဒုယင် သင်္ကျစ်၊ ဆဲ့နှစ် ဆဲ့ငါး၊ ဆဲ့ရှစ်အားဖြင့်၊ ထူးခြား တင့်တယ်၊ ရွှေစလွယ်နှင့်၊ ကြီး-ငယ် ရှုအီ၊ နတ်သားစီသို့၊ မင်းညီမင်းသား၊ ရှေ့တော်ပါတည့်၊ စော်ဘွား နန်းရံ၊ ဘုရင်ခံသို့၊ ဦးဆံချချ၊ ယာ-ဝဲး ခလျက်၊ အဂ္ဂမဟာ၊ သေနာပတိ၊ ဂုဏ်ထူးယှိသား၊ ခန့်ချိ ရာခြီး၊ စစ်သူကြီးက၊ ခြားသီဌာန၊ ပြည်မရေးဆောင်၊ မှူးခေါင် မတ်လတ်၊ ရှစ်သောင်းမတ်ကား၊ အဝတ်အဆင်၊ အသွင် ဆောင်ယွက်၊ ယုတ်-တက် တန်းဆာ၊ နီ-စိမ်း-ပြာနှင့်၊ တမာ ရွှေပွင့်၊ ရာနိမ့်မြင့်တိုင်း၊ ဗောင်းနှင့် ဝတ်လုံ၊ ဘွဲ့ပုံ နာမံ၊ ဘဲးရံ ဇာသတ်၊ ပိုင်းခြား မှတ်၍့၊ ယုတ်-မြတ် ကြီး-ငယ်၊ ဝဲး-ယာ စွယ်က၊ ငါးသွယ် အလွတ်၊ ပြိုင်ခတ် မလွန်၊ အချွန်အဦး၊ တော်ဒူး စနည်၊ နှစ်မည် ဘဝေါ၊ ပြန့်ပြော ကျယ်ဝန်း၊ ကွန်းနှင့် သည်†မ၊ သည်ရံ စသား၊ ထို†မှ တရေး၊ သည်ထွေး တွင်း-ပြင်၊ နန်းကြီးခွင်နှိုက်၊ ဝန်းကျင် ထပ်ထပ်၊ စီစဉ်အပ်တိုင်း၊ ငါးရပ်နေရာ၊ ရွှေသီဟာကို၊ စီကာမယွင်း၊ ဆင့်ဆင့်ကျင်း၍့၊ လမင်းအထံ၊ ကြယ်ပေါင်း ရံသို့၊ ပတ်ခြံ ဦးခိုက်၊ ဖူးတိုက်ရှိကြာ၊ ရံဝန်း ကာသည်။။ ဆယ်ဖြာလက်အုပ် ငုံချွန်းတည်း။ (၃)

(၆၈) လက်အုပ်ချွန်းငုံ၊ ကြာဖူးရုံသို့၊ မင်ပုံ ညွတ်ခ၊ ရိုတုပ်ကွလျက်၊ ဦးချ ညီလာ၊ ရံဝန်း ကာပြီး၊ မင်္ဂလာ ရှေးဦး၊ မိုးစည်မြူးသို့၊ ရိုက်ကြူး ကြိုးထစ်၊ ဆဲ့တစ်မြှောက်စည်၊ တန်ရှည် တန်မြွာ၊ သပြေသာတို့၊ သင်္ချာ သတ္တ၊ ထိုမှ ခရု၊ နှစ်စု မည်မှန်း၊ စည်ဝန်းအစစ်၊ ဆဲ့ခု†နစ်နှင့်၊ †နှစ်နှဲးတလိုင်း၊ ခြားပိုင်း တရပ်၊ လက်ချပ် ငါးမျိုး၊ တပိုး နှစ်မည်၊ ဗြောစည် တခြား၊ နှစ်ဆဲ့ငါးတိ၊ မှတ်သာမယွင်း၊ ဒုံမင်း နှစ်လီ၊ ချိုအီမယုတ်၊ စည်ပုတ်သံဝါ၊ ပတ်သာ လင်းခွင်း၊ တစ်စီ သွင်းလျက်၊ သံညှင်း နှဲးကြီး၊ ပြိုင်မှီး ငါးသွယ်၊ နှဲးငယ် ဆဲ့တစ်၊ စင်စစ် မမှား၊ ဆဲ့ငါး ခရာ၊ ကျွန်းဦးညာဝယ်၊ မဟာတရု၊ ဇမ္ဗူ့သပြေ၊ သမုဒ်ရေထက်၊ သီးကြွေ ငါးပွက်၊ ကိုင်းခတ် ကြိတ်ဟန်၊ သဏ္ဌာန် တူစွာ၊ သံ့ပမာသို့၊ ကမ္ဘာစဉ်ထုံး၊ ကြေမဆုံးသား၊ နန်းသုံး ပြကတေ့၊ မင်းတို့လေ့ဖြင့်၊ သိမ်မွေ့ ညိုးညံ၊ နန်းလုံးပျံမျှ၊ နန်းသံ မြှောက်ခြီး၊ နာမငြီးအောင်၊ မှုတ်-တီး ကျူးရင်၊ သံတော်တင်၍့၊ ဗုဒ္ဓင်္ကူ့ဖျား၊ လောင်းဘုရားလျှင်၊ ပတ္တမြားရောင်မြိုက်၊ မကိုဋ် သင်္ကျစ်၊ ခုနစ် ရတနာ၊ စီ*မြွာခြယ်မှတ်၊ *ဒုယင်မြတ်ကို၊ ဆင်လတ်တုံ†မြောက်၊ ဝင်းဝင်းတောက်သား၊ မင်း†မြှောံတန်းဆာ၊ လွန်ထူးစွာဖြင့်၊ တောင်ညာ နန့်းရှင်၊ မိနတ်သွင်နှင့်၊ ဥကင် ကျည်းရွက်၊ ဘွင့်လျက် သာယာ၊ ဗွေ သီဟာထက်၊ မကွာအတူ၊ *မုနောယူ၍့၊ ထွက်ပြူစမ္ပယ်၊ စံတင့်တယ်သည်။။ ကြီးကျယ် ဘုန်းတော် ပွင့်လန်းတည်း။ (၄)

(၆၉) ပိဋကတ် သုံးပုံ၊ အလုံးစုံတွင်၊ အာဂုံဒေသနာ၊ အထူးလာသား၊ ဒိဝါ တပတိ အာဒိစ္စော၊ စသော ခြောက်ပဒ၊ သဗ္ဗမင်္ဂလာ၊ တဂါထာနှိုက်၊ “ဒိဝါ ကရ၊ အာဒိစ္စနှင့်၊ သဟဿရံသီ၊ စချီ များစွာ၊ သညာ မည်တွင်၊ မိုးကောင်းကင်ထက်၊ စက်ရှင်ဝင်းဝင်း၊ လေးကျွန်း ချင်းသည့်၊ နေမင်းရာဇာ၊ သူရိယာကား၊ လေးဖြာ ပဟိုရ်၊ တီးရိုက်ပြိုအောင်၊ နဂိုရ်နေ့ဝယ်၊ ထွန်း တင့်တယ်၏၊ ကြယ်မျာ့းဓိပတိ၊ သသိဣန္ဒု၊ ဥဠုရာဇာ၊ နိသာနာထ၊ စသည် ပညတ်၊ မည်မှတ် တံဆိပ်၊ ငွေယုန်ရိပ်နှင့်၊ မှောင်နှိပ် ပယ်ရှင်း၊ ဧးကြည်ဝင်းသည့်၊ လမင်းရာဇာ၊ စန္ဒိမာကား၊ ညဉ့်ခါနှိုက်ဝယ်၊ ထွန်းတင့်တယ်၏၊ မြတ်နွယ်အမျိုး၊ ဘုန်းရှိန် မိုး၍့၊ ပိုင်စိုး ရေ-မြေ၊ တန်းခိုးဝေသား၊ ရထေသဘ၊ ဘူဘုဇနှင့်၊ ဗြဟ္မဗာဟု၊ မနုဇိန္ဒ၊ စသည် တွင်ခေါ်၊ တေဇော် ထန်ပြင်း၊ ဘုန်းရောင်လင်းသည့်၊ လူမင်း ရာဇာ၊ ခတ္တိယာကား၊ မုဒ္ဓါဘိသေက၊ စသည် မင်းမှု၊ မင့်း*ရတုဖြင့်၊ ဗိုလ်ထုသဘင်၊ ဘွင့် ဥကင်နှင့်၊ ရွှေပလ္လင်ပေါ်၊ ထွက်စံပျော်၍့၊ စည်တော် ရှေးဦး၊ ရိုက်ကြူးမလွန်၊ သုံးဘန် ချီ-ချ၊ ညီ*တမျှဖြင့်၊ ထိုမှ*ဥဿုံ၊ တီးစုံ မှုတ်မျိုး၊ ပင်လယ်တိုးသို့၊ မြေ-မိုး သိမ့်ငြာ၊ စမ္ပယ်ရာတွင်၊ ရာဇဘ†ဏ္ဍ၊ ကကု†ဓဟု၊ မည်ထ ငါးဆူ၊ ထီးဖြူ သင်းကျပ်၊ သားမြီးယပ်နှင့်၊ ဘိနပ် သန်လျက်၊ စွဲးဆောင်လျက်တည့်၊ ပြိုးပြက် ထိန်ဝင်း၊ မင်းခမ်း ကျင်း၍့၊ မင်းမြှောက်တန်းဆာ၊ ဆင်ခါ ထိုဝယ်၊ ထွန်းတင့်တယ်ဟု၊ ဘုန်းကြွယ်မိန့်တိုင်း၊”တုမဲ့နှိုင်းအောင်၊ ပြိုင်ခိုင်း မမြင်၊ ရွှေပလ္လင်ထက်၊ စက်ရှင် ဒေဝရာဇ်၊ ဗြဟ္မာစစ်သို့၊ ဘုန်းသစ် ဘွင့်နှိုး၊ ထပ်ပွင့်တိုး၍့၊ *တက်ဖြိုး သရေ၊ ရွှန်းရွှန်းဝေသည်။။ မိုးနေ လနှယ် တောက်ထွန်းတည်း။ (၅)

('တုလျယောဂီလင်္ကာ'မျိုးတည်း။)

(၇၀) နေမင်း လမင်း၊ ဝင်းဝင်း မိုးလယ်၊ ထွန်းတင့်တယ်သို့၊ ဘုန်းကြွယ် ရာဇာ၊ လောင်းမြတ်စွာကား၊ ဗုဒ္ဓါဘိသေက၊ ခတ္တိယဟိတ်၊ ဘိသိက်တော်ခံ၊ သိမ်းစံ နန်းသစ်၊ ဘွင့်လှစ် ဥကင်၊ မင်းပွဲး*ရင်ပြီး၊ အကြင် ရှေးခါ၊ မင်း*တကာတို့၊ ဓမ္မတာတော်၊ မကျော် မကျူး၊ ရာထူး ထပ်ကဲး၊ မည်ရည်လွဲး၍့၊ စွန့်ကြဲးကြီးစွာ၊ ပြုစဉ်လာတိုင်း၊ မဟာဥပရာဇ်၊ ရင်နှစ်တော်ရင်း၊ အိမ်ရှေ့မင်းက၊ စ၍့ ကုန်အောင်၊ မှူးခေါင် မတ်လတ်၊ ယုတ်-မြတ် နွယ်ရိုး၊ ကျွန်တော်မျိုးတိ၊ ပြည်စိုး မြို့ကွပ်၊ အကြပ် ထောင်ပိုင်၊ ခရိုင် ဇနပိုဒ်၊ နိုင်ငံတိုက်နှိုက်၊ ထိုက်လိုက် သီးခြား၊ မြို့စား ပြစား၊ ရွာအများကို၊ အုပ်ငြား *သံ†ပျင်၊ ထို†ပြင် တမျိုး၊ တရွာစိုးက၊ ခေါ်ရိုး*ကလန်၊ မတ်*တသွန်အား၊ မကျန် *များမြောင်၊ စေ့စုံအောင်လျှင်၊ ဆောင်ယောင် ထီးစည်၊ ဘွဲ့မည် ဌာနန်၊ ထိုက်တန် ဂုဏ်†လျောက်၊ ထပ်ကာ†လှောက်မှ၊ ခြီးမြှောက်*ဖြိုးကဲး၊ လူ*ခပဲးအား၊ စွန့်ကြဲး ပေးကမ်း၊ လွေ့လွေ့ယမ်းနှင့်၊ ထောင်တမ်း လေးရပ်၊ မြဲးစောင့်†ကြပ်လျက်၊ ကျဉ်း†ကျပ်ခံသူ၊ လွှတ်တော်မူ၍့၊ မပူ ချမ်းမြေ့၊ လန်းလန်းကြွေ့သား၊ ရေတွေ့ ငုံအာ၊ အိုင်ကြီးကြာသို့၊ မျက်နှာ အထူး၊ လွန်ကြည်နူးသည်။။ ရွှင်မြူး လူ-ရှင် ရဟန်းတည်း။ (၆)

(၇၁) အချိ အချိ၊ ဆုံးမရှိအောင်၊ ပီတိ သောမန၊ တက်ကြွ ထိန့်ဆူ၊ သောင်းသောင်းဦမျှ၊ ရှင်-လူ *ဥဒါဟို၊ ထိုထို နီး-ဝေး၊ ရှုပ်ထွေး ထွက်ဝင်၊ အတင်တင်ဖြင့်၊ သဘင် ဇာတ်ရုံ၊ တီးစုံ ကမျိုး၊ ကျွမ်းထိုး တမ်းလျှောက်၊ *လက်ပမ်းပေါက်က၊ ဝမ်းမြောက် ကြည်နူး၊ အထူးထူးတည့်၊ ရွှင်မြူး နေ့ည၊ ထိုကာလကား၊ စိတ္တလတာ၊ ဥယျာဉ်†သာဝယ်၊ အာ†သာနွယ်စစ်၊ ကသစ် ရွှေခိုင်၊ ပွင့်ချိန်တိုင်၍့၊ လေးစိုင် ရောင်စို၊ ရွှေမြင်းမိုရ်ထက်၊ ထိုထို ဝင်းညီး၊ နတ်သမီး နတ်သား၊ နတ်အများတို့၊ ရွှင်အားကြီးစွာ၊ သူ့ထက်ငါလျှင်၊ တာဝတိန်တိုက်၊ သောင်းလုံး လှိုက်အောင်၊ ကျိုက်ကျိုက် ညိုးညံ၊ ပ ဉ္စင်သံနှင့်၊ နတ်သံ*မစဲး၊ နတ်တို့ပွဲးသို့၊ *ခပဲး*ပြောထူ၊ လေးဆူ မျိုးပြား၊ အခြားခြားတို့၊ ယောက်ျား မိန်းမ၊ ကြီး-ငယ်စသား၊ ထိုမျှ ကြေညာ၊ ရှစ်ဒိသာလုံး၊ မိထိလာပြည်သူ၊ များရှင်-လူလည်း၊ ဦဦ ညိတ်ညိတ်၊ မွမ်းမွမ်းထိတ်ဘိ၊ ဘိသိက်တော်ပွဲး၊ နန်းသိမ်းပွဲးနှင့်၊ တကွဲး ထို့ပြင်၊ ဥကင်တော်ပွဲး၊ ထပ်ထပ်ကဲး၍့၊ မင်းပွဲး လှူပွဲး၊ စဉ်အမြဲးဖြင့်၊ မစဲး*သို့ပင်၊ လွန်ကြည်လင်လျက်၊ သဘင် နိစ္စ၊ ဆဲ့နှစ်လတိုင်း၊ သောက မမြော်၊ မြူးကြ ပျော်သည်။။ ဘုန်းတော်ရေကြည် ဆွတ်†ဖျန်းတည်း။ (၇)

(ဤကား ဟဿဋ္ဌာယီဘာဝကို ပြသည်)

ဤကား ဥကင်တော်ဘွင့်ခဏ်း ၇-ပိုဒ် ပြီး၏၊

(ဤမျှဖြင့် 'မဃဒေဝေါ နာမ ရာဇာ အဟောသိ' ၏အရတည်း)