ဓဇဂ္ဂသုတ် လင်္ကာ

From Wikisource
Jump to navigation Jump to search
ဓဇဂ္ဂသုတ် လင်္ကာ
by အရှင်သာသနဝရ

၁။ နတ်တို့သနင်း၊ သိကြားမင်းနှင့်၊ နတ်မင်းတို့ အလံဖျား၊ ကြည့်သူကား၊ ရွံ့ရှားမကင်းနိုင်ပေ။
၂။ ဘုရားဂုဏ်တော်များ၊ ရွတ်ဆိုပွား၊ ရွံ့ရှားကင်း နိုင်ပေ။
၃။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

၁။ နတ်တို့သနင်း၊ သိကြားမင်းနှင့်၊ နတ်မင်းတို့ အလံဖျား၊ ကြည့်သူကား၊ ရွံ့ရှားမကင်းနိုင်ပေ။
၂။ တရားဂုဏ်တော်များ၊ ရွတ်ဆိုပွား၊ ရွေ့ရှားကင်း နိုင်ပေ။
၃။ သစ္စာဤစကား၊ စွမ်းပကားကြောင့်၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

၁။ နတ်တို့သနင်း၊ သိကြားမင်းနှင့်၊ နတ်မင်းတို့ အလံဖျား၊ ကြည့်သူကား၊ ရွံ့ရှားမကင်းနိုင်ပေ။
၂။ သံဃာ့ဂုဏ်တော်များ၊ ရွတ်ဆိုပွား၊ ရွံ့ရှားကင်း နိုင်ပေ။
၃။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၆။ ဓဇဂ္ဂခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၇။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၈။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။