ပေါရာဏကထာ လင်္ကာဟောင်း

From Wikisource
Jump to navigation Jump to search



ပေါရာဏကထာ လင်္ကာဟောင်း
by ရှင်မဟာသီလဝံသ
0ပေါရာဏကထာ လင်္ကာဟောင်းရှင်မဟာသီလဝံသ

ရှင်မဟာသီလဝံသဆို ပေါရာဏကထာ လင်္ကာဟောင်း။

၁ မှတ်သိစေလို, သွေးချိုတောင့်တ, ဆုရကားရည်း, ယမ်းပြည်းရိုသေ, ရဝေကားနန်း, သလွန်တန္တ, ဒီမျှအမှာ, လာလာတုံသေး, တံဆေးတမန်, တဖန်မလှောက်, စောကျောထောက်သည်, တလည်ပါးနီး, အိုးကြီးဒေါမား, တော်ကားအရှင်, ကန်တွင်မည်ရှုန်း, ပိတုန်းပိလူ, ပစ္စူဆိုရိုး, ပုဆိုးဖြူ ရောင်, အိမ်မြောင်တိုတက်, ကြီးလျက်ရုပ်ဆင်း, မယွင်းတက်တူ, မြန်လိုသူ စိမ်း, ခပ်သိမ်းသွားလာ, နေနားတုန်လှုပ်, လုပ်သည်ပိုးကို, ဆိုသည်ကား ညောင်း, မောင်းစစ်တလောက်, ရွှေမှောက်သနင်း, မင်းကိုဆိုမြဲး, သူရမ်းပဲး မူ, သူ၏အကျင့်, ဝေမြင့်လွန်လေ, ဆိုပေလင်္ကာ, ပျို့ကဗျာတွင်, များစွာ ထုံးနည်း, သို့ချည်းနှင်နှင်, သဘောမြင်၍။ ။ဉာဏ်ရှင်ရှာဘွေသိတတ်စေ။


၂ မှတ်လောသိသာ, များစွာဥဒါဟို, ရှေးဆိုမဆွ, များလှခပဲး, သရဲးလွှဲးခွါ, ဖွေရှာစူးစား, လက်ချားပလေ, ဆိုထွေပေါ့လျော့, ကြော့ကျည်းပျင်းရှိ, ပလိ ဗောဓ, ကြောင့်ကြဆိုထွေ, ရှောင်လေလှီးလွှဲး, လင်းကဲးတဖြာ, မကွာစပ် ကြား, မီးတားပရိုင်း, အတိုင်းမှတ်မိ, သိသည်ဂီဝါရ, ကိုက်ထအလို, နှာ မြှုပ်ဆိုဘိ, ဦးကြိုထိမူ, သိသည်အကုံ, ခုံတိုင်ဦးပြုံး, အုံးဖုံးစလောင်း, ပုပ္ပောင်းကားခြုံ, ပတုံပလဲ့, အကြွင်းမဲ့သည်, ကြိုးကြည်အားထုတ်, ဟုတ် မှန်တွင်ကျယ်, ဓဝယ်ညှင်းအုပ်ကြွပ်, ရွှံ့ညွန်တံပီး, ပြုံးတီးကြေပျက်, ငေါ် ငက်မသာ, နားမှာမဆန်း, နွယ်လန်းနှာမောင်း, မြောင်းမြီးအမွေ, ထွေငေါ် နှုတ်ပွက်, ထက်တိုက်ခုတိုင်, မနိုင်ရန်သူ, ဦးမူမထောင်း, ကြောင်းအတူတူ, တူသည့်တရထည်, ဘဲးကြည်ရှောင်ခွါ, ကွယ်ရာမဲ့ပဲး, တီးလင်းကျဲးတိ, သိ သည်စင်ကျေ, မြောက်မြေပိုင်ဆန်း, မာကြမ်းခရော်ခရွတ်, သွတ်လှယ်မညံ့, တမံဤသို့, စကားတို့ကို။ ။မှတ်ဘို့တထွေ, တတ်လှစေ,

၃ မှတ်ပေအမြဲး, အော်လဲးလဲးတိ, ဆိုဘိကြိမ်းပျား, စကားဥဿုံ, အကုန် အစင်, ဘူးမြင်ချက်တွေ့, သွား၍ဟူသည်, မဖည်မယိမ်း, ကျောက်ကြိမ်း ကျောက်တန်, ကောင်းမှန်ပိတ်စပ်, သင့်မြတ်သရဘေး, ဝေးသည်မြေခေါင်, သံလျောင်ရစ်ပတ်, ဟည်းပတ်မည်သံ, အမ်ချအားထုတ်, အစုတ်ကုန်မြောံ, ချီးမြှောက်စဲးချီး, အတီးနိမိတ်, ဒလိဒ္ဒလာ, ကျန်ရာအထီး, ကျီကျူးချွတ်လွဲ , မမြဲးပြုတ်တု, ရမှုကုတ်ကော်, သရော်ညီစေး, စင်ဆေးတီးတွက်, ကွန် တက်လွင့်မြောက်, သအောက်သအုံ, မှုံမှုံဆန်ဆန်, ရန်ကာဆောက်အူ, အိပ် မူမျောက်မျည်း, စေးချည်းကြည်ယုံ, ဆုမ္မကံမြစ်, ရာစစ်ဆိတ်မော်, စော ကြော်ထောက်ချင့်, နှေးလင့်စိုးပြည်, ခဲးသည်ခက်လှော်, နံစော်အုံးအောက်, ကောက်ကစင်းလမ်းဆို, မြင့်သည်ကိုငွါး, ကျည်းကားကြင်နာ, ရှင်မှာဖအဲး, ဆိုသုံးစွဲးသည်။ ။အမြဲးမှတ်လေသိတတ်စေ,


၄ မှတ်ပေသိနိုင်, ဂလိုင်လှိုက်ဆူ, ခိုးသူမောသော, တောကားဟေဝန်, မန်း မူစကော, သင်းချောပွတ်တွန်း, အဝန်းပတ်လည်, ထက်ချည်ယိုဖိတ်, မိတ် ကျွမ်းဝင်သဟေ, လှေဝယ်ပဲ့စီး, တမုန်ကြီးဟု, ကယုကယင်, ပြုပြင်လျောံ ပတ်, တစ်ဆွတ်ရေဆို, ကံသိုတိုင်ဘူး, ဦးမစိုက, မတောင့်တပါ, နောင်ခါ ယခေါင်, ထောင်ထောင်ထားထား, သောကားဆိုပြီး, လုံးသီးလုံးပေါ, သဘောစေ့စပ်, အပ်မရာထွေ, ခြေမနင်းမိ, ဂုဏ်ရှိလေးတွဲး, ကွပ်ကဲးကြီးရာ , ခြေမှာခပ်မိ, ထိသည်မယှပ်, သင်းချပ်တိးမူ, ဟူသည်အုပ်ကျက်, မနှစ် သက်ကို, ဆိုသည်သိမ်းပြည်း, လျင်လည်းတောက်တပို, ထိုမှခဏ, တဒင်္ဂ တိ, သနိသနဲး, အခွဲးအခြမ်း, ညှီတမ်းအစေး, ဆိုရေးမြောက်နှဲး, မင်းပွဲ စိုက်ထူ, ဟူသည်အလံ, ခေါ်မှန်ထူးခြား, ရထားရဲးတမ်းခွန်, လှေမွန်ရဲးလံ, ဆင်လံစစ်တမဲး, ကွဲးလွဲးဆိုလုပ်, ငုပ်သည်အလန်, ခြားနားဟန်ကို။ ။မှတ် ကြံသိထွေ, တတ်လှစေ,


၅ မှတ်လေကြံစည်, ဆိုမည်ဖားခုံဖားဆင်း, ချွတ်ယွင်းလည်းဟူ, အထူအ ကင်း, သင်းသီးတခြား, မှုံစားနှိုးဆော်, ဘွဲ့နွဲ့သော်မူ, ပတူပယင်, ရှောင်း တခင်လျင်ဆော, မုနောအတင့်အသရေ, မရိုသေမူ, ပအူပစေး, သန္ဓေးပျောံ ကြေ, လွှဲးထွေတသာ, ဝါကျိတ်ဝက်ခုတ်, စည်တုတ်လင်းကွင်း, ခွက်ခွင်း ဆိုမြို့, မခို့သရို့, ချို့သည်လုံ့လ, မြောက်မှမြစ်အောက်, ဘောက်ဘောက် ပြန်ပြန်, မဆန်မတီ, ရှုဤစိန်းလိန်းတင်းလင်း, ပြီးခြင်းရှုမိ, သိသိမြင်မြင်, လူတွင်ကလေးကလား, လျင်လျားသောတိ, မရှိလေတန်, ဆိုပြန်တည့်ဝေး, အလေးအကံ, လံပါးအင်စောက်, မင်ရောက်သစ္စေး, ချေးဟုဆိုရှောင်း, မဟောင်းနွမ်းကို, မမိုမရွား, စကားရှေ့စဉ်, လင်္ကာယဉ်သည်။ ။စိတ်ရည် ကောင်းထွေ သိတတ်စေ။ ။

ရှင်မဟာသီလဝံသဆို ပေါရာဏကထာ လင်္ကာဟောင်း ပြီး၏,