ရာဇဝင်ခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၂ ။ ရာဇဝင်ခဏ်း


အတီတေ ဝိဒေဟရဋ္ဌေ မိထိလာယံ မဃဒေဝေါနာမ ရာဇာ အဟောသိ ဓမ္မိကော ဓမ္မရာဇာ။။

(၂၄) အဝိဇ္ဇာနှင့်၊ တဏှာ ဆုံပေါင်း၊ *ပုံတောင်း နှံ့ပေါက်၊ ယင်းကလျှောက်၍့၊ ကန့်ထောက် သင်္ခါ၊ အစဉ်ဖြာလျက်၊ ဇရာမရဏ၊ ဆုံးကျ အကွပ်၊ စေ့စပ် ဆစ်ပိုင်း၊ ဝန်းဝန်းဝိုင်းတိ၊ ဖြစ်တိုင်း မပျက်၊ ဘဝစက်နှိုက်၊ လယ်ချက် နန်းတွင်း၊ လျှိုသွင်း နေ့-ည၊ အာသဝဟု၊ ခိုင်လှ ထိုး-ကျပ်၊ ဝင်ရိုး တပ်၍့၊ မရပ်မနား၊ ပတ်ပတ်သွားသည့်၊ ရထားစက်မီး၊ ဝဋ်လှည်းဘီးကို၊ ဖျက်ဆီးတတ်ကြောင်း၊ ဖြတ်*တောင်း ပိုင်းလှန်၊ ကရိုဏ်းဉာဏ်ဖြင့်၊ မကျန် ကုန်စင်၊ ဖြို သုတ်သင်၍့၊ ခေမင်္ဂတ၊ ဘုံသို့ ကျအောင်၊ သီလ သမာ၊ မဂ်ပညာဟု၊ သိက္ခာသုံးပါး၊ တရား ဗြဟ္မ၊ စရိယကို၊ မချ လက်စွဲး၊ မပြတ် မြဲးလျက်၊ ကျင့်ဆဲး ကျင့်ပြီး၊ အသီးသီးတည့်၊ ဖိုလ်ထီး လေးဆူ၊ ရွက်ဖြူ မိုးကာ၊ ငါ့ပမာသို့၊ အဝတ္ထာဘုံ၊ ရန်လုံ ပြည်မ၊ နုတ္တရ ရွှေကွန်း၊ လောကုတ်နန်းနှိုက်၊ စံမြန်း ကိုယ်စီ၊ နောင်-ညီ အရင်း၊ ဘ-သားချင်းချည်း၊ အတွင်း အပ၊ လွန်ချမ်းမြ၍့၊ မာရမဒ္ဒန၊ ဂုဏ်သေဋ္ဌကြောင့်၊ ဒသ ဆယ်ထွေ၊ ကိလေ *တံလှပ်၊ ပူ မလျှပ်ဘဲး၊ မစပ် မရှိမ်း၊ ငြိမ်းကြီးငြိမ်းလျက်၊ ခပ်သိမ်း ဝန်းကျင်၊ ဤသဘင်ဝယ်၊ သာကီဝင်ချည်း၊ တသွင်တည်းဖြင့်၊ ငါ့နည်းတမျှ၊ ငါဆုံးမတိုင်း၊ အရိယဇာစ်၊ ရင်တော်နှစ်တိ၊ သင်္ကျစ် နိတုံ၊ ရွှေဘွဲ့ ပုံနှင့်၊ ဝန်းရုံ ညီးညီး၊ ငါ့ထံမှီးသည့်၊ သားကြီး သားလတ်၊ ငါ့သားမြတ်တို့။။ မှတ်လော့ ကုန်အောင်၊ ငါ ဟောဆောင်ပိမ့်၊ *ယခေါင်ရှေးခါ၊ ကပ်ဦးစွာက၊ စကြဝဠာ လုံးစုံ၊ ဘုံ သြကာသ၊ လောက ဖြစ်ချိန်၊ ပရိစ္ဆိန်ဖြင့်၊ ဝတိန် သုရာ၊ ဒီပါ ဇမ္ဗူ၊ ဝီစိဟူသား၊ လေးဆူ ပညတ်၊ သောင်း လေးရပ်တွင်၊ တရပ် ဝင်လျက်၊ ရေပြင် ပေါ်ထွန်း၊ ဇမ္ဗူကျွန်းဟု၊ *မော်ကွန်း မင်္ဂလာ၊ အစဉ်ဖြာ၍့၊ စကြာဗုဒ္ဓ၊ ပေါ်ကြ ရပ်ကောင်း၊ တသောင်း မြေပြင်၊ မြရည်သွင်နှင့်၊ ရွှေစင် ညီးညီး၊ သပြေသီးသည့်၊ ကျွန်းကြီး လက်ျာ၊ ဤခန်းဝါနှိုက်၊ မဟာသမတ်၊ အာဒိနတ်ဟု၊ ဥပပါတ်လူ၊ သယမ္ဘူကြီး၊ တနေ ညီးသို့၊ ထွန်းပြီး နောင်†မှ၊ သတ္တ†မမြောက်၊ ရာဝင် ပေါက်သော်၊ မိုးအောက် လူတွင်၊ ဘက် မမြင်အောင်၊ ထက်ခွင် အာလိန်၊ တာဝတိန်တိုင်၊ ဘုန်းတော် ပိုင်၍့၊ မဏ္ဍိုင် ကေတု၊ ရွှေမေရုထက်၊ ပဏ္ဍု*ကြငှန်း၊ သိမ်းမြန်း စိုးလတ်၊ တန်းခိုးမြတ်သည်။။ မန္ဓာတ်စကြာ ဘေး*စောတည်း။ (၁)

(၂၅) ဘေး *စော မန္ဓာတ်၊ စကြာနတ်လျှင်၊ ရဟတ် ချီညွှန်း၊ ရွှေစက်ဝန်း၍့၊ လေးကျွန်းလုံး အောင်၊ ဘုန်းတော် ဆောင်က၊ *မြားမြောင် နောက်တော်၊ ပါခဲ့ ခေါ်သား၊ လေးဘော် မျိုးခြား၊ လေးကျွန်းသားတွင်၊ ထူးပြား ရုပ်ဆင်၊ ကြေးမုံပြင်နှင့်၊ အသွင်မခြား၊ နောက် နွားယာဉ်စီး၊ ကျွန်းကြီး ရပ်မြေ၊ လူ*ဗိုလ်ခြေတို့၊ တည်နေ မပြန်၊ တိုင်းရပ်ဌာန်ကို၊ အပရန္တ၊ *သမိုက်ကြ၏၊ ဥတ္တရဒီပါ၊ ပဒေသာထွန်း၊ မြောက်ခွင် ကျွန်းက၊ ပြည့်ရွှန်းမျက်နှာ၊ လူ*တကာအား၊ နေရာ ချထား၊ ရပ်မြေများကို၊ ထင်ရှား *သမိုင်း၊ ကုရုတိုင်းဟု၊ ခြားပိုင်း ဌာန၊ မှတ်ပိုက်ရ၏၊ ပြုဗ္ဗဒိသာ၊ ဝိဒေဟာက၊ မျက်နှာ လဝက်၊ ရွှန်းရွှန်းစက်သား၊ ထက်မြက် ဉာဏ၊ ဥဿာဟနှင့်၊ လုံလကြီးမား၊ ကျွန်းသားများတို့၊ ပိုင်းခြား တည်နေ၊ တိုင်းရပ်မြေကို၊ ဝိဒေဟရာဇ်၊ ခေါ်လစ် အစ၊ ထက်တိုင်ကျ၏၊ ဝိဒေဟမည်သီး၊ ထိုတိုင်းကြီးတွင်၊ *အတီးရှေးခါ၊ မဟာသမ္မတ၊ ဒုတီယ နေမင်း၊ အာဒိရင်းက၊ သက်ဆင်း စီလျဉ်၊ နေ့နွယ် ယှဉ်၍့၊ အစဉ်ပွားလှိုင်း၊ နေနတ်ဂိုဏ်းတို့၊ တိုင်းပြု ပြည်ပြု၊ အစု ဝီသ၊ ထာဝရ နန်းထီး၊ တည်ကြပြီးနောက်၊ ဘုန်းမီး တိုးတက်၊ တန်းခိုးစက်နှင့်၊ နှိုင်းဘက် မရ၊ နတ်*တမျှသို့၊ နရမောဠိ၊ လောကီ့ ဥ†သျှောင်၊ ရန်မျိုး†ရှောင်သည်၊ မင်းခေါင် ဓိပတိ၊ သိရီ့ပဝရ၊ မဃဒေဝ၊ ရှင်တို့ဘ,လျှင်၊ ဓာတ်ရ သိုက်ရ၊ ဗျာဒိတ် ရ†လျက်၊ တတီ†ယမြောက်၊ ထီးနန်း ဆောက်၍့၊ ထက်အောက် ကြေ†ညာ၊ မိထိလာဟု၊ ကြော်†ငြာ ဝေး-နီး၊ ရွှေပြည်ကြီး၌၊ ရှစ်ထီး ကာမိုး၊ ဆက်လာ စိုးသည်။။ တန်းခိုး တုန်နန့် မြေကြောတည်း။ (၂)

(ဤကား မြို့ရွာတိုင်းပြည်မြို့မည်နာမဟူသောဥဒ္ဒေသ၏ နိဒ္ဒေသတည်း။)

(၂၆) မဟာဝံသ၊ ပရမဖြင့်၊ ကမ္ဘာ့ ဓိပတိ၊ နေနွယ်ညိသား၊ အာဒိသမတ်၊ ဥက္ကာနတ်တို့၊ ဥက္ကဌ် ပြဋ္ဌာန်း၊ ရာဝင်ခဏ်း၏့၊ နိဒါန်း အမြွက်၊ ဤအချက်နှိုက်၊ မင်းဆက် မင်းစဉ်၊ စီလျဉ် သရုပ်၊ အတွင်းငုပ်၍့၊ အချုပ်မပြန်၊ မြုပ်ခဲ့ကျန်သား၊ လီနန္တရ၊ စောဒကကို၊ ဖြေပြ သာယာ၊ အလင်္ကာဖြင့်၊ မင်္ဂလာစည်ကြီး၊ ဆော်ရိုက်တီးပိမ့်၊ ကောင်းခြီး ကြွေးဟုန်၊ နာကြကုန်လော့၊ ဝသုန္ဓရေ၊ ဤမြေကမ္ဘာ၊ ပေါ်ဦးစွာနှိုက်၊ သူရိယာနတ်၊ ရောင်သဟသ်နှင့်၊ ပညတ် ဂုဏ်တူ၊ သယမ္ဘူတို့၊ နှစ်ဆူ ပြိုင်ပ၊ ဂေါတမဟု၊ အာဒိစ္စ†ချည်း၊ တနွယ်တည်းသာ၊ †ခြည်း*ခြည်းသံခြေ၊ ခေါ်မှတ်စေလျက်၊ သပြေ ဇမ္ဗူ၊ ကပ်ဦးသူတို့၊ ဆယ်ဆူ စုပူး၊ တိုက် နဖူးဖြင့်၊ ဆံဦး မကြွင်း၊ ကိုယ်သက်နှင်း၍့၊ မင်းဟု ထိပ်ပြင်၊ မြှောက်ကြ တင်သည့်၊ ဗုဒ္ဓင်္ကူ†ရ၊ ဘု†ရာ့းညွန့်ဖူး၊ ပန် ဆုထူးနှင့်၊ လူ့မှူး ဘုန်းပွင့်၊ နေ နှစ်ဆင့်မှ၊ နေမင့်း ဆွေမိတ်၊ နေမြိတ် ဝံသာ၊ နွယ်တော်လာကား၊ မဟာသမ္မတ၊ သား ရောစနှင့်၊ ဝရရောစ၊ ကလျာဏက၊ ဝရကလျာဏ၊ နောက်မှ သားတော်၊ ဥပေါ်သထ၊ သားလှ မန္ဓာတ်၊ စကြာနတ်တည့်၊ သားမြတ် ဝရ၊ ထိုပြီ့းမှလည်း၊ ဥပါဝ†ရ၊ စေတိ†ယဟု၊ မုစလရာဇာ၊ မဟာမုစလ၊ တေဇ လျှံထိန်၊ မုစလိန္ဒ၊ သာဂရနှင့်၊ သာဂရဒေဝ၊ ဘရတတွင်ညီ၊ အင်္ဂိရသ၊ ထိုမှ ရုစိ၊ သုရုစိ မည်ရ၊ ပတာပ တဖြာ၊ မဟာပတာပ၊ ပနာဒက၊ ကြီးလှ ပုညာ၊ မဟာပနာဒ၊ နာမ ပညတ်၊ သုဒသ် မည်သာ၊ မဟာသုဒသ်၊ တွင်မှတ် နေရု၊ နှိုင်းတု ဘတ်ကွာ၊ မဟာနေရု၊ မျက်ရှု သားလှ၊ အစ္စိမဟု၊ အဋ္ဌဝီသာ၊ မြတ်ရာဇာက၊ တရာ တိုင်တိုင်၊ *စောဘုန်းလှိုင်တို့၊ ခရိုင် သောင်းတိုက်၊ ဇနပိုဒ်ကို၊ ခွန်ရိုက် ကျူံးကာ၊ စက်ဘုန်းဖြာ၍့၊ ကုသာဝတီ၊ ပုရီ မှိုင်းညို၊ ရာဇဂြိုဟ်နှင့်၊ နဂိုရ် အောင်ချာ၊ မိထိလာဝယ်၊ လူ့ရွာ စည်းစိမ်၊ စံကြငြိမ်သည်။။ မွေ့သိမ် ဧးမြ သာချမ်းတည်း။ (၃)

(၂၇) တရာ အားလုံး၊ မင့်းအဆုံးတွင်၊ လက်ရုံး ဝရဇိန်၊ စက်ဘုန်းရှိန်နှင့်၊ အရိန္ဒမ၊ နရိန္ဒ၏့၊ သားက သားဆက်၊ ဆင်းသက် စဉ်လျောက်၊ ငါးကျိပ်†ခြောက်တို့၊ မ†ချောက်မချား၊ တရား မခွ၊ မြဲးနိစ္စဖြင့်၊ လူမျာ့း စော†ဓီး၊ ရိပ်ဖြူ†ထီးနှင့်၊ ရိုက်†တီး ပဟိုရ်၊ နန်းပွဲး *ကြို၍့၊ နဂိုရ် သာလှ၊ အယုဇ္ဈဟု၊ ပုရ ရွှေပြည်၊ စိုးကြ တည်၏၊ ဘုန်းစည် ဆုံးချုပ်၊ မိုးသို့ အုပ်သား၊ ဒုပ္ပသဟ၊ မင်းက ပွားလျက်၊ သား-မြေး ဆက်၍့၊ ဆင်းသက်ကုန်ကြ၊ အဇိတရာဇာ၊ တိုင်အောင်သာလျှင်၊ အာဏာ တက်ဆိပ်၊ ဘုန်းစက်ရိပ်နှင့်၊ ခြောက်ကျိပ် သင်္ချာ၊ ထိုရာဇာတို့၊ ဗာရာဏသီ၊ ပုရီ ပြည်မ၊ စိုးတည်ကြရှင့်၊ အဇိတမင်း၊ သားရင်း မြေးပေါင်း၊ မြစ်တော်လောင်း၍့၊ ရှစ်သောင်းလေးထောင်၊ *မြားမြောင်စွာ†လှ၊ မင်းတို့မျှလည်း၊ ကမ္ဗ†လပြည်ကြီး၊ စံတည်မှီးမှ၊ တသီး ဆုံးစွန်၊ မင်း*မွန် ဗြဟ္မဒတ်၊ နေနွယ်နတ်က၊ မပြတ် ဆက်ခံ၊ ကမ္ဗလဝံသ၊ မင်းလှ အဆုံး၊ သုံးကျိပ် ခြောက်ဆူ၊ ဘူမိပတိ၊ လူဘုန်းယှိတို့၊ ဟတ္ထိပုရ၊ ပြည်သာစွနှိုက်၊ ထာဝရကိန်း၊ တရား ထိန်း၍့၊ မုဒိန်း ရွမ်းဆော်၊ စံကြပျော်သည်။။ နန်းပေါ်မရွေ့ ရွှင်ဝမ်းတည်း။ (၄)

(၂၈) ထိုကမ္ဗလ၊ မင်ဝံသ၏့၊ ပုတ္တ-နတ္တာ၊ မြတ်ရာဇတို့၊ သင်္ချာပြည့်သိပ်၊ သုံးကျိပ် နှစ်ပါး၊ တရား မခွ၊ မြဲး နိစ္စဖြင့်၊ ဧကစက္ခု၊ ပြည်*သေတ္တုနှိုက်၊ တစုတရုံး၊ စံရွှင်ပြုံးရှင့်၊ နှောင်းဆုံး ဘူမိန်၊ ပူရိန်ဒေဝ၊ မင်းက ဆက်ပေါ်၊ သားတော် မြေး-မြစ်၊ နှစ်ကျိပ်ရှစ်မူ၊ နန်းသစ်သိင်္ဂိ၊ ပြောင်းကာချီ၍့၊ ဝဇီရမုတ်၊ ပုရုတ္တရ၊ ရွှေပြည်မနှိုက်၊ သာဓိနမင်းတိုင်၊ စိုးစံထိုင်လျက်၊ ဘုန်းလှိုင် မင်းလှ၊ သာဓိန၏့၊ သားက မြေး*ကွန့်၊ မြစ်တော်ညွန့်၍့၊ *အဓွန့်ရှည်ညောင်း၊ မိုး*နှောင်း သံထင်၊ ဘုရင် စည်ကား၊ တရား မယုတ်၊ ဓမ္မဂုတ်တိုင်၊ နရုတ္တမ၊ ဗာဝီသတို့၊ မထုရပြည်၊ ထောင်တည် *ဘန်ဆန်း၊ ရွှေနန်း စံကြ၊ မင်းဓမ္မက၊ ပွားထ ဌာရသ်၊ မပြတ် ဆက်ကာ၊ နေနွယ်ဖြာ၍့၊ စဉ်လာမကင်း၊ မင်းသိပ္ပိကျ၊ အရိဋ္ဌဟု၊ ပုရပြည်ကြီး၊ စိုးကြပြီးသော်၊ နေမီးမယွင်း၊ သိပ္ပိမင်း၏့၊ သားရင်း မြေးရင်း၊ သက်ဆင်း ဆက်ခံ၊ ဗြဟ္မဒေဝ၊ မင်းသို့ကျအောင်၊ တေဇ ရန်နှိပ်၊ တကျိပ်ခု†နစ်၊ မဟာရာဇ်တို့၊ အ†နှစ်ရှည်ကြာ၊ ဘုန်းရောင် ဖြာ၍့၊ အောင်ချာ ပြည်မြတ်၊ ဣန္ဒပတ်နှိုက်၊ မိုးနတ် *တရ†ထည်၊ စံကြ†တည်သည်။။ ရွှေစည် နေ့-ည ဆော်ရွမ်းတည်း။ (၅)

(၂၉) ဗြဟ္မဒေဝ၊ မင်းကဆက်ပွား၊ တကျိပ်ငါးတိ၊ နောက်ဖျား ဆုံးသတ်၊ ဗလဒတ်ဟု၊ မင်းမြတ်တိုင်ကျ၊ ဘူမိန္ဒတို့၊ ဧကစက္ခု၊ ရှေးပြု ပြည်တော်၊ ပြန်ကြ ပျော်၏၊ နုဘော် ထန်ပြင်း၊ မင်းဗလဒတ်၊ နွယ်မြတ် သား-မြေး၊ တကျိပ်လေးလည်း၊ ကျူးဧး *ကျံကျံ၊ ပ ဉ္စင်းခံလျက်၊ ကုသမ္ဗက၊ တာပသ၏့၊ ဌာနသာမော၊ ကြို့ပင်တောကို၊ နတ်ပြော စီ†ရင်၊ မြို့ကြီး†ယင်၍့၊ ရဇ္ဇင် စုံညီ၊ ကောသမ္ဗီဝယ်၊ သိင်္ဂိရွှေနန်း၊ စံကြမြန်းပြီး၊ ဆုံးခန်း စိုးဘိ၊ ဘုန်းတန်းရှိသား၊ ဟတ္ထိဒေဝ၊ ရာဇိန္ဒ၏့၊ ဝံသ သက်ဆင်း၊ ကိုးပါးမင်းမူ၊ ပျော်ခင်း သာလှ၊ ပြည်ကဏ္ဏကို၊ တည်ကြ အုပ်မိုး၊ ထိုမင်းကိုးတွင်၊ နရစိုး*မည်၊ နှောင်းဆုံးတည်မှ၊ ဘုန်းစည် မြေး-သား၊ ခုနစ်ပါးတို့၊ ထီးပွား နန်းပွား၊ ထောင်တည် ခြား၍့၊ တရားစည်ကြီး၊ ရိုက်တီး နေ့-ည၊ ယွင်းမခွဘဲး၊ ရောစနမည်၊ မြတ်ရွှေပြည်နှိုက်၊ နှစ်ရှည် မပြောင်း၊ စံကြ *ညောင်းလျက်၊ နှောင်းတွင် အဆုံး၊ ပြိုင်ဘက်ရှုံးသား၊ လက်ရုံး ဝင်းထိန်၊ မင်းမဟိန်၏့၊ ဝရဇိန် နတ်စက်၊ စိန်လက်နက်သို့၊ ထိန်လက် တေဇ၊ သား-မြေး စသည်၊ နာဂဒေဝ၊ *စောလှဘုန်းလှိုင်၊ မင်းဆုံးတိုင်အောင်၊ ဦးကိုင် စိုးလစ်၊ တကျိပ်နှစ်ကား၊ ဖြူရှစ်စကြာ၊ မိုးကြက်ကာ၍့၊ စမ္ပာပြည်သစ်၊ နန်းမြေခေတ်နှိုက်၊ ဘွင့်လှစ်ဥကင်၊ စံမြူး ရွှင်သည်။။ ကြည်လင် †မကြော့ မကြမ်းတည်း။ (၆)

(၃၀) စမ္ပာပြည်သစ်၊ နန်းမြေခေတ်နှိုက်၊ ကာရှစ်ရိပ်ဖြူ၊ နှောင်းဆုံးယူသား၊ ဇမ္ဗူအုပ်မိုး၊ နာဂစိုး၏့၊ နွယ်ရိုး စဉ်စီ၊ ပ ဉ္စဝီဖြင့်၊ ကျင့်ညီဓမ္မ၊ ရာဇညတို့၊ ဝိဒေဟတိုင်း၊ ရှေး*သမိုင်းနှင့်၊ ကသိုဏ်းပမာ၊ မြေမျက်နှာတွင်၊ မိထိလာပြည်မ၊ ဒုတီယဖြင့်၊ တည်ကြ နန်းဘုံ၊ စံကြတုံ၏၊ ဆုံးကြုံ နရုတ်၊ ဘုန်းဟုန်သုတ်သား၊ သမုဒ္ဒဒတ်၊ မင်းမြတ်က ပွား၊ နှစ်ကျိပ်ငါးလည်း၊ နောက်ဖျားဘုရင်၊ တိဓင်္ဂရ၊ မင်းသို့ကျအောင်၊ သာလှနဂိုရ်၊ ရာဇဂြိုဟ်နှိုက်၊ ပဟိုရ် ရွမ်းဆော်၊ စံ*ကွန်းပျော်မှ၊ မင်းကျော် တိဓင်၊ ယင်းနွယ်ဝင်ဖြင့်၊ ဘုရင် တာလိသ်၊ ဆုံးပိတ် ဒွါဒသ်၊ မဟာ*ရတ်တို့၊ ပြည်မြတ် မှိုင်းညို၊ တက္ကသိုလ်ဝယ်၊ *နဂိုရ် ထာဝရ၊ ကိန်းရန်ချ၍့၊ စံကြ တသင်း၊ တာလိသ်မင်းမှ၊ သက်ဆင်းကုန်ကြ၊ မင်းဒွါဒလည်း၊ ဓမ္မ ဆယ်ပါး၊ တရား လက်ရှိ၊ ပျက် မငြိဘဲး၊ ကုသိနာရုံ၊ ရွှေဘုံ ပြည်နန်း၊ သိမ်းမြန်း စံ†ကြ၊ ပုရိန္ဒဟု၊ ဆုံး†ကျ ရာဇာ၊ မင်းမြတ်စွာ၏့၊ သည်းချာ ဆက်နွယ်၊ မင်းကိုးသွယ်ကား၊ ပျော်ဘွယ်မဆိတ်၊ မွမ်းမွမ်းထိတ်မျှ၊ မလိတ္ထိယ၊ ရွှေပြည်မနှိုက်၊ သာဂရဒေဝ၊ မင်းဆုံးကျအောင်၊ ဒသ ရာဇဓံ၊ စိုးကြခံသည်။။ နိုင်ငံ စည်ပြန့် ပြည့်ဝှမ်းတည်း။ (၇)

(၃၁) သာဂရဒေဝ၊ တေဇနေစက်၊ မင်းမှဆက်သား၊ ဘုန်းတက် ကြွကြွ၊ မဃဒေဝ၊ *စောလောင်းက တိ၊ အစ ပြဋ္ဌာန်း၊ ရဟန်းပြုချည်း၊ စု၍့ စည်းသို့၊ ရှေးနည်း နောက်မှီ၊ ဆက်ကာ စီပြီး၊ ပဝေဏီထုံး၊ မြတ်နှလုံးကို၊ စွဲးသုံး လက်ယှိ၊ ရာဇိသိဖြင့်၊ နေမိမင်းစစ်၊ လောင်းတော်ဖြစ်တိုင်၊ ရှစ်သောင့်းလေးထောင်၊ ရာဝင်ပြောင်သည့်၊ မင်းခေါင် များစွာ၊ မြတ်ရာဇာတို့၊ မိထိလာရွှေနန်း၊ ပြန်စံမြန်းရှင့်၊ ကြငှန်းဓိပတိ၊ မင်းနေမိ၏့၊ ဘုန်းရှိ သည်းချာ၊ ကာလာဇနက်၊ ဘုန်းစက် နေ့သွင်၊ သမင်္ကရ၊ အသော†စက၊ †စ၍့အဖြောင့်၊ ရှစ်သောင့်းလေးထောင်၊ သုံးယောက် အောင်လျှင်၊ *ရွှေတောင်သိင်္ဂ၊ ဗာရာဏနှိုက်၊ ဒုတီယနန်းတည်၊ စိုးကုန်သည်တည့်၊ ရုံးရည် ထွန်းပ၊ ဆုံးစွန်ကျသား၊ ဝိဇိတမည်ခေါ်၊ ထိုမင်းကျော်၏့၊ သားတော် ဘုန်း†ယှိ၊ နတ်*တ†ရှိသို့၊ ဝိဇိတသေန၊ တေဇ ပြင်းရှိန်၊ ဓမ္မသိန်နှင့်၊ နာဂသိန်မည်ရ၊ သမိဒ္ဓက၊ ကြီးလှနာမံ၊ ဒိသမ္ပတိ၊ ထိုပြီ့း ရေဏု၊ ကုသရာဇာ၊ မဟာကုသ၊ ထို့နောင်မှလျှင်၊ နဝရဋ္ဌ၊ ဒသရဋ္ဌ၊ လောင်းရာမ,ထိ၊ သားလှ ဆက်ကာ၊ ဝိဠာရဋ္ဌ၊ စိတ္တရံသီ၊ တွင်ညီ နာမ၊ သမ္ဗရံသီ၊ ကျော်ညီ ထင်ရှား၊ သား သုဇာတ၊ သြက္ကာကတိုင်၊ သောဠသမင်း၊ လူ့မှန်ကင်းတို့၊ ယင်းဗာရာပြည်၊ ထီးရွှေစည်နှင့်၊ ကြူးမြည် သာယာ၊ စံ ချမ်းသာရှင့်၊ မဟာသမ္မတ၊ မင်းက စ၍့၊ သြက္ကာက,ထိ၊ အယှိ တွက်ကိန်း၊ ဂဏာန်း ချိန်းသော်၊ နှစ်သိန်းငါးသောင့်း၊ နှစ်ထောင့်ငါးရာ၊ ငါးကျိပ်သာ၍့၊ သင်္ချာ နောက်ပွား၊ မင်းခြောက်ပါးတည့်၊ ပိုင်းခြား ရွှေမင်၊ ရှေးဦးတင်သည်။။ ရာဝင် ပထမ ဝေ†ခြမ်းတည်း။ (ဂ)

(၃၂) ထိုသြက္ကာက၊ ရာဇိန္ဒ၏့၊ တကွ မပြား၊ လေးယောက် သားနှင့်၊ ငါးပါး သမီး၊ နတ်ရွယ်ညီးတို့၊ တောကြီး *ဟေမာ၊ ထွက်ကြလာ၍့၊ မဟာဣသိန္ဒ၊ ကပိလ၏့၊ သာကဝနေ၊ ကျောင်းရာမြေဝယ်၊ ဇေယျာ*နက်သန်၊ အောင်ကွက်မှန်နှိုက်၊ ဗိမာန် ထီးနန်း၊ တည် *ဘန်ဆန်း၍့၊ ပြဋ္ဌာန်း နာမ၊ တိုင်းသက္ကနှင့်၊ ကပိလဝတ္ထု၊ ပြည်*သေတ္တုဟု၊ ဇမ္ဗူဦးစွန်း၊ *မော်ကွန်းသိင်္ဂိ၊ ထိုးစိုက်စီလျက်၊ နောင်ညီ လေးပါး၊ နှောင်းဘွား ရွယ်လှ၊ ငယ်နှမတို့၊ ဝံသ မပြား၊ မျိုးမခြားအောင်၊ *စုလျား ပတ်နှောင်၊ ပြည် တည်ထောင်ပြီး၊ *ယခေါင် နောင်မင်း၊ အာခံတွင်းက၊ ဝင်းဝင်းပြောင်ဝါ၊ စက်ရောင်ဖြာသား၊ ဥက္ကာမုခ၊ မင်းက ဆင့်ပွား၊ သား နိပုဏ၊ စန္ဒိမနှင့်၊ စန္ဒမုခ၊ ထိုမှ သိဝိ၊ ထိုပြီ့း သိ ဉ္စည်း၊ ကျော်သည်း ဝေဿန်၊ ဘုန်းအန် ထန်ပြင်း၊ ဇာလီမင်းက၊ သားရင်း သီဟ၊ ဝါဟနနှင့်၊ တေဇ*လွှံ့ပတ်၊ သီဟဿရ၊ မင်းမှ စ၍့၊ သကျ မျိုးမြတ်၊ သာကီဇာတ်တို့၊ မပြတ် သမ္ဘိန်၊ ထွန်းခဲ့ ထိန်ရှင့်၊ ဇေယျသိန် မင်းဖျား၊ သား သီဟနု၊ အတုလွတ်ကျော်၊ သုဒ္ဓေါ် မင်းမြတ်၊ လောင်းသိဒ္ဓတ်ဟု၊ အထွတ်ဆုံးတိုင်၊ *နှုန်း မပြိုင်အောင်၊ မဏ္ဍိုင် ဌာနီ၊ ပြည် ကပ္ပီဝယ်၊ သာကီမင်းပေါင်း၊ ရှစ်သောင်းအခေါင်၊ နှစ်ထောင် တွက်ကျုံး၊ တကျိပ်သုံးတို့၊ ကျွန်းလုံး ကျော်ဟိုး၊ နတ်နှယ် မိုး၍့၊ နေမျိုး ပေါ်တွင်၊ ညွန့်ဖူးတင်သည်။။ ရာဝင် ဒုတိယ ရွှေ†ကျမ်းတည်း။ (၉)

(၃၃) ဤသို့လျှင်တိ၊ မဟာဝင်လျဉ်၊ ရာဝင်စဉ်တွင်၊ ဓမ္မ ဉ္စရ၊ ရာဇညတို့၊ သမ္မတဂိုဏ်း၊ ဥက္ကဂိုဏ်းဟု၊ နှစ်ပိုင်း အစု၊ ဂိုဏ်းကြီး ပြု၍့၊ တိုင်းပြု ပြည်ပြု၊ အစိတ် ရှုက၊ စတုဝီသ၊ အစုံ ရ၏၊ ထိုမျှ ရာဇာ၊ *စောချုပ်†ခြာတို့၊ သ†င်္ချာသရုပ်၊ နှစ်ပါး အုပ်ပြီး၊ အချုပ် ထိန်းသော်၊ သုံးသိန့်းသုံးသောင့်း၊ လေးထောင့်ငါးရာ၊ ခြောက်ကျိပ်သာ၍့၊ နောက်မှာ အစွန်း၊ ကိုးယောက်ထွန်းသည်။။ *မော်ကွန်း တင်ပြ၊ မှတ်ကြ မင်းစဉ် အကျဉ်းတည်း။ (၁၀)

ဆဲ့တလုံးချ 'အာသာဝီဝတ်ဆံ'ချမျိုးတည်း။

ရာဇဝင်ခဏ်း (၁၀)ပိုဒ် ပြီး၏၊