မြို့ပြောင်းခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၃ ။ မြို့ပြောင်းခဏ်း


(၃၄) မင်းစဉ် အကျဉ်း၊ ပြခဲ့ ချဉ်း၍့၊ အလျဉ်းသင့်တိုင်း၊ တလှိုင်း တသီး၊ ဆိုလတ်ပြီးမှ၊ ပြတ်ကြီးစင်းစင်း၊ စုဒ်ထုတ်လျှင်းသော်၊ မှတ်ခြင်း ဝါကျ၊ အာရဗ္ဘဟု၊ ကျမ်းပြ ဓမ္မတာ၊ လက္ခ†ဏာနှင့်၊ နည်း†နာခိုးမိ၊ ကျမ်းရိုး သိလော့၊ အာဒိကပ္ပ၊ သမ္မတမှ၊ ရာဇရာဇာ၊ ဆက်ကာကာဖြင့်၊ စဉ်ဖြာခဲ့ပြီး၊ ပွားစည်း *ဖြီး၍့၊ ပြည်ကြီး နှစ်ဆယ်၊ ဘုန်းကြွယ် မင်းပေါင်း၊ ဖြူရိပ်ဆောင်းတို့၊ ရှစ်သောင်းလေးထောင်၊ ငါးရာ နောင်မှ၊ စွန်းဆောင် အဆုံး၊ သုံးကျိပ်ခု†နစ်၊ ရောက်တိုင်လစ်သော်၊ †နှစ်အသင်္ချေ၊ ကြာထွေ ကာလ၊ ထာဝရ ကိန်းရိုး၊ ပြည့် တန်းခိုးလျှင်၊ မပြိုးမပြောင်၊ ညှိုးခဲ့ယောင်ဟု၊ ရွှေတောင်ဘုံကြီး၊ ညီးညီး ဘိတ်ဘိတ်၊ ပြည် မလိတ်နှိုက်၊ ဆုံးပိတ် စမ္ပယ်၊ ဘုန်းပင်လယ်သို့၊ ဘုန်းကြွယ် သာဂရ၊ မင်းဒေဝ၏့၊ သာလှ မြတ်*လျာ၊ သမ္ဘာ ထိန်လက်၊ ရုံးစိန်စက်နှင့်၊ ဘုန်းထက် တောက်ပ၊ လွန်ထူးစွကြောင့်၊ မဃသဒ္ဒါ၊ ရတနာတိ၊ ဥစ္စာဝါစီ၊ ဟောရိုး မှီ၍့၊ ထိုပြီ အပ၊ တနည်းပြကား၊ မဟသဒ္ဒါ၊ ဟ့ခရာကို၊ ဃ့ကာရိယ၊ နောက်ဒေဝနှင့်၊ ကမ္မဓာရည်း၊ စသော နည်းဖြင့်၊ သိမ်းဆည်းသင့်ရာ၊ ယောဇနာလျက်၊ ဗျူဟာ နိရုတ်၊ ဘွင့်ထုတ် နာမံ၊ နွတ္ထ နံကို၊ ဗြဟ္မာ ဆက်သ၊ နတ်*တမျှသို့၊ မဃဒေဝ၊ ကျော်ပေါက်ပြသည့်၊ လောင်းလှ မဟေ၊ *စောဘုန်းဝေကား၊ ဝိဒေဟတိုင်း၊ *သမိုင်းတွင်ဟောင်း၊ ရှေးပြည် ကောင်းသို့၊ ပြောင်းခဲ့စ†ကြာ၊ များ *ဗိုလ်ပါနှင့်၊ †ကျာကျာ ဆော်ညံ၊ မြေမိုး ပျံမျှ၊ အောင်သံ တင်†လျှောက်၊ သုံးကြိမ်မြောက်ဖြင့်၊ ကိန်း†လျောက် ခန်းလိုက်၊ ယုဂ်ဆန်း ကြိုက်နှင့်၊ ဓာတ်သိုက် ဗျာဒိတ်၊ နိမိတ်အရ၊ ရွှေဉာဏ် ဆ၍့၊ လောကဟိတ၊ လူမျာ့းချမ်းသာ၊ ပွားကြောင်းရှာသည်။။ မဟာဗောဓိ ကျင့်†ငန်းတည်း။ (၁)

(၃၅) လောကဟိတ၊ စရိယဖြင့်၊ လူမျာ့းချမ်းသာ၊ ပွားကြောင်း ရှာသား၊ မဟာမဃ၊ ဒေဝရာဇာ၊ လောင်းမြတ်စွာလျှင်၊ မိထိလာပြည်ဟောင်း၊ ကြွပြောင်း စကြာ၊ မြန်းသောခါတည့်၊ မဟာသု†ဒသ်၊ မင်းမ†န္ဓတ်တို့၊ ထုတ်ခတ် ရိုက်မွှန်း၊ စက်ရှင် ဝန်းလျက်၊ လေးကျွန်း မဟာ၊ ရံ ငါးရာနှင့်၊ ဒီပါ ဌာန၊ သာဂရနှိုက်၊ ဖန်-မြ-ရွှေ-ငွေ၊ လေးရောင်ထွေသား၊ ရေ-မြေ အဆုံး၊ တိုက်အလုံးကို၊ ပတ်ကုံး *ကုံင၊ ဘုန်းတော် ပြ၍့၊ ခြိမ့်းမျှ ကြော်သောင်း၊ *ဗိုလ်ပါ ပေါင်းနှင့်၊ *ပုံတောင်းရတနာ၊ ရှေ့ညွှန် လာသို့၊ ယူဇနာ ရှည့်ရှည့်၊ လမ်းလုံး ပြည့်အောင်၊ ရှုကြည့် မ*ညောင်း၊ ဖုံ မထောင်းတည့်၊ သဲးလောင်း မြေသိပ်၊ မြူနှိပ် သုတ်သင်၊ ငှက်ပျောပင်နှင့်၊ ကြံပင် ညွန့်လန်း၊ ထွေထွေ ဆန်းသား၊ ကြဲးပန်း စုံစီ၊ ရှုဘွယ်အီမျှ၊ ဖြူ-နီ တမ်းခွန်၊ မိုးစွန် ဆော်လွှား၊ မုလေးပွားက၊ ကုက္ကား နိမ့်-မြင့်၊ စွင့် ရရွင့်တိ၊ ဆင့်ဆင့် ဝေဆာ၊ ဝတိံသာဝယ်၊ မဟာသုဒဿန၊ နတ်လမ်းမသို့၊ တူလှ *ယိုးယောင်၊ ဆင်ယင် ဆောင်သည်။။ ဘုန်းခေါင် ဘုန်းမြတ်* ဘန်†ဆန်းတည်း။ (၂)

(၃၆) ဘုန်းခေါင် ဘုန်းမြတ်၊ ဘုန်းဥက္ကဌ်တိ၊ မန္ဓတ်ပမာ၊ ဘုန်းသမ္ဘာဖြင့်၊ မဟာသုဒဿန၊ နတ်လမ်းမသို့၊ တူလှ *ယိုးယောင်၊ ဆင်ပြီး နောင်မှ၊ စမြောင် ရှေ့ဖျား၊ ရွှေသိုင်း သွားလျက်၊ နောက်ကား မသွေ၊ အသရေစောင့်၊ သစ္စာ ဖြောင့်သား၊ သူကောင့်း သား-မြေး၊ ယဉ်ကျေး *လုလင်၊ နောက်လျှင် မလွန်၊ အိမ်ရှေ့ဝန်နှင့်၊ *တသွန် ဝင်မှူး၊ ရာထူး လိုက်ဘက်၊ ထီး လေးလက်က၊ လေးချက် ရွှေကျိုင်း၊ ရံသိုင်း ထင်ရှား၊ လိုက်ဓား လေးစင်း၊ ဝင်းဝင်း ညာဘယ်၊ ကြားဝယ် ညှပ်၍့၊ ချပ်ကာ ချပ်ကာ၊ ထက်စွာ မတုံး၊ လက်သုံးတော်ဓား၊ နောက်ပါး စီးတော်၊ မြင်းယာဉ်ကျော်နှင့်၊ နောက်သော် ထို့ပြင်၊ ပေါင်းဝန်းတင်လျက်၊ *ပြောင်ဆင်ပေါက်ထီး၊ နောက် အနီးလည်း၊ တသီး ယာဉ်ကျော်၊ စီးတော် နာဂ၊ နောက်မှ တရွေ၊ နတ်*စတေသို့၊ ကွမ်း-ရေတော်သား၊ ခြား၍့ နောက်ဆက်၊ ရဲမက် ကိုယ်ရံ၊ သိမ့်သိမ့်ညံတိ၊ ရွှေလှံ ဒိုင်းသား၊ ကာလွှား စုသင်း၊ တပ်ကြီး ခင်း၍့၊ နတ်မင်း ဤသာ၊ ထွက်-ကြွလာသို့၊ များစွာ ရံပေါင်း၊ ခြိမ့်ခြိမ့်*ညောင်းအောင်၊ ရွှေမောင်း*စစ်တလောက်၊ တီးဆော် မြောက်လျက်၊ တုန်ချောက် *တိမ်းပင်း၊ မြေ*ညီး လင်းမျှ၊ မင်း မထွက်ခင်၊ ရန်မျိုး ထွင်လျက်၊ အလျင် အိမ်ရှေ့၊ ထွက်မြဲးလေ့ဖြင့်၊ ဘုန်း*ဟေ့ လျှံညီး၊ သားတော်ကြီးလျှင်၊ ရွှေထီး လေးချက်၊ ဖြန့်ချီ ထွက်သည်။။ အုတ်ကျက် *ဗိုလ်ပါ တတန်းတည်း။ (၃)

(၃၇) အိမ်ရှေ့နန်း *လျာ၊ မဟာဥပရာဇ်၊ ရင်နှစ်တော်ကြီး၊ ရွှေထီး ဖြန့်†ကြက်၊ ပြိုးပြိုးပြက်နှင့်၊ အုတ်†ကျက် တညီ၊ တပ်ဦး ချီမှ၊ ထိုပြီ နောက်ဝယ်၊ ကြီး-ငယ် စဉ်လိုက်၊ အုပ်ပိုက် ပါးပါး၊ ရာထူးအားဖြင့်၊ မင်းသားတဘော်၊ စည်မောင်း ဆော်လျက်၊ ညီတော်မျာ့းတပ်၊ နောက်ထပ် မလွန်၊ ခြိမ့်သဲး†ဝှန်အောင်၊ မြို့†ဝန် ထောင်မှူး၊ မကျူး ကွပ်ဆော်၊ များ*ဗိုလ်ဘော်နှင့်၊ ရေရဲးတော်တပ်၊ တရပ် နောက်လျှင်၊ စကြာတင်သည့်၊ မင်္ဂလာအမြောက်တော်ကြီး၊ ဦးတည် ပြီးမှ၊ သီးသီး ထင်ရှား၊ အမြောက်များကို၊ ကုလား ပသီ၊ ဘရဂျႋက၊ စသည် မျိုးခြား၊ အမြောက်သားနှင့်၊ ဝန်လျား *တသွန်၊ မြေ-မိုး တွန်မျှ၊ အမြောက်ဝန်ချုပ်၊ အုပ်၍့ စဉ်လျောက်၊ ညီးညီးတောက်သား၊ အမြောက်တော်တပ်၊ စည်းကြပ် မယွင်း၊ ရှေ့ဝင်း ယာဝင်း၊ ဝင်း နှစ်ဝင်းတို့၊ တပ်ချင်း ရှေ့နောက်၊ စဉ်ကာလျှောက်၍့၊ စိုက်ဆောက် မိုးယံ၊ လွှားလွှားပျံသား၊ အလံ ဖြူ-စိမ်း၊ မတိမ်းမဖည်၊ ဟန်စည် ဟန်မောင်း၊ ထပ်လောင်း မြှောက်ပြီး၊ အမြောက်ကြီးနှင့်၊ တသီး ရံဝိုင်း၊ ရွှေဒိုင်း ရွှေလွှား၊ ရွှေကာသားက၊ ယောက်ျား သံကိုယ်၊ ဝိဇ္ဇာဓိုရ်သို့၊ မောက်တို ရွှေပိန်း၊ ဂဏန်းကိန်းတိ၊ အသိန်း အသန်း၊ ရေ မခန်းအောင်၊ တင့်ဆန်း တန်းဆာ၊ နီ-စိမ်း-ပြာဖြင့်၊ ဆင်းဝါ ထူးလည်၊ မျဉ်း တို-ရှည်နှင့်၊ ပျံ့မည်*လုလု၊ သင်း စုစုတို့၊ *ရောရု ယှဉ်တွဲး၊ လက်နက် စွဲးသား၊ သူရဲး *ဗိုလ်ပါ၊ များသေနာကို၊ လက်ျာမှု*ကုံ၊ ကျွန်ယုံ မတ်ထီး၊ ဝင်းမှူးကြီးကို၊ ဦးစီး ယောက်ျား၊ တပ်မှူး ထား၍့၊ မခြား နောက်မူ၊ လေးဆူ စုံညီ၊ ရှေ့-နောက် စီလျက်၊ ဂုဏ်ဆီလျှံညီး၊ ဝန်ကြီး ဝန်ထောက်၊ ထိုအောက် နာခံ၊ စီမံ မထွေး၊ စာရေးတော် ကြီးငယ်၊ အသွယ်သွယ်ဖြင့်၊ တင့်တယ် ငြိမ်သက်၊ ယဉ်မွေ့ညက်သား၊ လွှတ်တက် ရာရှိ၊ တိုင်း မသိတို့၊ မျာဘိ အုပ်အာ၊ ရဲး*ဗိုလ်ပါနှင့်၊ သေနာ တဘော်၊ မြေ-မိုး ကြော်မျှ၊ ရွှေလွှတ်တော်တပ်၊ အထပ်ထပ်ကို၊ မလပ် စုံစေ့၊ ဘုန်းတော် *ကြွေ့းသား၊ အိမ်ရှေ့*ရန်ငူး၊ သားတော်ဦးလျှင်၊ ဗိုလ်မှူး ဗိုလ်ချုပ်၊ ဘုရင်လုပ်သည်။။ ထိန်းအုပ် ရှေ့ချီ သိန်းသန်းတည်း။ (၄)

(၃၈) မဟာဥပရာ၊ *နန်းလျာ အိမ်ရှေ့၊ ချုပ်၍့ ချီးမြောက်၊ တပ်များ နောက်နှိုက်၊ *ရွှေမှောက် မင်းကျော်၊ တပ်မတော်တည့်၊ မိုးပေါ် တိမ်ယံ၊ စိုက် လွှင့်ပျံသား၊ အလံ သုံးမည်၊ ဟန်စည် ဟန်မောင်း၊ မ*ညောင်း နာတိုင်း၊ တီးဆော်လှိုင်းလျက်၊ ရွှေဒိုင်း လွှားကာ၊ နတ်သေနာသို့၊ များစွာ *မွမ်းဖြင်၊ တန်းဆာ ဆင်၍့၊ တွင်း-ပြင် *ရောရု၊ သွေးသောက်စုကို၊ ကွပ်ပြု တညီ၊ ထွက်ချီပြီး နောက်၊ နှစ်ယောက် ရင်ဘောင်၊ ရွှေစမြောင်က၊ ရှေ့ဆောင် ရွှေသိုင်း၊ ရှုမရိုင်းအောင်၊ မြင်တိုင်း တင့်တယ်၊ ရူပကာယ်နှင့်၊ နောက်ဝယ် တ†ရပ်၊ မီ့းနှယ်လျှပ်သား၊ ရွှေ†ယပ် ရွှေဓား၊ စွဲးပိုက် ခြားလျက်၊ စုသား တတန်၊ ရွှေပန်းပန်တို့၊ နတ်ဟန်ပမာ၊ ယဉ်ကျေးစွာတိ၊ မင်္ဂလာစည်မောင်း၊ တကြောင်း ထို့ပြင်၊ မင်္ဂလာအမြောက်၊ ထို့နောက် တရေး၊ ရှေ့တော်ပြေးက၊ စသည် စည်တော်၊ သင်း တဘော်နှင့်၊ နောက်သော် တမည်၊ ဆင်တော်သည်များ၊ နာရီသားတည့်၊ ကြီးမား ယာဉ်ကျော်၊ စီးတော် ပေါက်ထီး၊ ဦးစီး ပဲ့စုံ၊ များ*ဥဿုံကို၊ မှု*ကုံ ဆော်ဘန်၊ ကြွင်း မကျန်အောင်၊ ဆင်ဝန် အုပ်ပြီး၊ တသီး နောက်သင်း၊ စီးတော်မြင်းနှင့်၊ က,မြင်းတို့မှာ၊ ဆိုင်ရာ မြင်းဝန်၊ မလွန် အုပ်ငြား၊ တမ်းခွန် လွှားလျက်၊ ရထားတော်စု၊ တခု မလပ်၊ အထပ်ထပ်ကို၊ ကြီးကြပ် ဆိုင်ရာ၊ မတ် ကျော်စွာတို့၊ သင်္ချာ များဘိ၊ ဂါမဏိက၊ တုရင် စသား၊ ဇယသေန၊ အဘယနှင့်၊ ဂဇဗလ၊ ဂဇသူရ၊ ဂဇသူရိန်၊ နန္ဒီသိန်သည်။။ ဥတိန် နာဂ သ†မန်းတည်း။ (၅)

(၃၉) ထို့နောက်မှာမူ၊ ဆင်းဝါ ထူးခြား၊ ဟန် *ကိုးကားနှင့်၊ ယောက်ျား ပီပြင်၊ နတ်*လုလင်သို့၊ နတ်ရှင် ရွှေလှံ၊ ကိုယ်ရံ တပ်ရဲး၊ ယာ-ဝဲး နောက်ဖြည့်၊ ရွှေပြည့် မှန်ကင်း၊ *လင်းဇင်း နန်းဦး၊ တထူး ထိုမှ၊ တရာ့ငါးဆယ်၊ *ဓဝယ် မာရဘင်၊ တွင်း-ပြင် ရှက်ထွေး၊ *ကြဲးသေး မိန်ညို၊ မျဉ်း ရှည်-တိုနှင့်၊ ဆင်ကို မဆုတ်၊ စွယ်ကိုနုတ်သား၊ မယုတ် စွမ်းသန်၊ ကြီး အားအန်ဖြင့်၊ လျင်မြန် သတ္တိ၊ ပျံအံ့ဘိသို့၊ သိရီ့ပျံချီ၊ ပျံချီသေန၊ သေနရာဇာ၊ ယောဓာ ရန်ခွင်း၊ အင်းယဉ်း သူရိန်၊ ဗျညားအိန်နှင့်၊ သမိန် စောဖြတ်၊ မဏိရွတ်က၊ အောက်ဗျ သြယား၊ စသော့အားဖြင့်၊ မျိုးခြား နွယ်ထူး၊ တပ်မှူး စစ်ကဲး၊ *ခပဲးထိုထို၊ မတ်ရဲးဗိုလ်တို့၊ မောက်တို ရွှေကုံး၊ ရေမဆုံးအောင်၊ ရောင်ပြုံး လျှပ်စစ်၊ *သေနစ်*အိမ့်ဓား၊ လေးမြား*တောင့်ကျည်၊ လှံရှည်*အဲးမောင်း၊ ချွန်းတောင်း ဝရဇိန်၊ လက်ချိန်စွဲးကာ၊ ရဲးရုပ်ဝါဖြင့်၊ အင်္ဂါ လေးပါး၊ ရထား-ဆင်-မြင်း၊ သေနတ်သင်းနှင့်၊ လေးသင်း လက်စွဲး၊ စုကွဲး မှုထမ်း၊ များဖြင်ပြွမ်းကို၊ ခမ်းနား စုံလင်၊ တန်းဆာဆင်လျက်၊ စစ်ဘုရင် မတ်၊ ရာထူး မြတ်သား၊ သေနတ်ဝန်ကြီး၊ ဗိုလ်မျာ့း ထီးလျှင်၊ *ဦးစီး ပိုက်ထုပ်၊ တပ်မှူး လုပ်၍့၊ *တအုပ်တအာ၊ နတ်သေနာကို၊ မဟာဝေဿဝဏ်၊ နေချွန် ထက်မြက်၊ *လှင်ကန်စက်နှင့်၊ စွဲးလျက် ကိုင်ဆုပ်၊ စောင့်ထိန်းအုပ်သို့၊ တချုပ်တ†ခြာ၊ ကြီး အာဏာဖြင့်၊ သေ†ချာ စည်းကြပ်၊ အုပ်ကွဲး ကွပ်ပြီး၊ နောက်တပ် မဝေး၊ ရှေ့တော်ပြေးဟု၊ မှတ်ရှေး လူ့ဘုံ၊ စည်တော်စုံကို၊ ဆောင်တုံ ဝဲး-ယာ၊ ရှေ့တော်သာက၊ ရတနာပြာသာဒ်၊ ယာဉ်မြတ် ထမ်းစင်၊ နေ့သွင် ညီး†ညီး၊ ရှု†မငြီးမျှ၊ ယာဉ် ထီးဖြူ†ကြား၊ မျက်စုံ†ကျားသား၊ *ယပ်မား ရောင်မြိုက်၊ ယာ-ဝဲး လိုက်လျက်၊ နောက်နှိုက်၄င်း၊ ပုံမောင်း*နရည်း၊ *ခြည်ခြည်း တီးဆော်၊ ရှေ့တော် မကွာ၊ ဝဲးနှင့် ယာဝယ်၊ မဟာသတ္တ ရုဇေယျ၊ စသည် အံ့လောက်၊ အမြောက်တော်ကြီး၊ ထိန်ထိန်ညီးနှင့်၊ ထံနီး မလွန်၊ မတ်-တွင်းဝန်တို့၊ ဆော်ဘန် အမြဲး၊ စဉ် မကွဲးဖြင့်၊ ဖြိုးကဲး နုဘော်၊ တုမမြော်သည်။။ ဘုန်းတော် နေသို့ တည့်မွန်းတည်း။ (၆)

(၄၀) တပ်မတော်ကြီး၊ ညီးညီးတောက်မျှ၊ ထို့နောက်မှကား၊ အဂ္ဂမဟေ၊ ညာနေ ရတနာ၊ မိမြတ်စွာနှင့်၊ သည်းချာတော်ကြီး၊ သမီးတော်မြတ်၊ ပြည်လုံ့းနတ်တို့၊ ထည်ဝတ်ဘဏ္ဍာ၊ ရတနာစုစု၊ *ရောရုထပ်မျှ၊ နောက်တုံ†မှမူ၊ နှ†မတော်များ၊ အပါးပါးက၊ တခြား နောက်ခန်း၊ စဉ်လျောက် တန်း၍့၊ မြောက်နန်း လယ်နန်း၊ အနောက်နန်းတည့်၊ ပိုင်းသန်း ထို့နောက်၊ ရာလျောက် ငယ်-ကြီး၊ မင်းသမီးတို့၊ ညီးညီး သိင်္ဂိ၊ ယာဉ်ကိုယ်စီနှင့်၊ ရှေ့မီ နောက်မှ၊ ဆောင်ရ ခန်းရ၊ မဟေ စသား၊ ရူပနတ်ရုပ်၊ ကိုယ်လုပ် မိဿံ၊ ခြွေရံ ငြိမ့်သည်၊ အတည်တည်ကို၊ ဂုဏ်ရည် *ဖြိုး†ဝှန်၊ အနောက်†ဝန်နှင့်၊ မလွန် ရှေးထုံး၊ နောက်ရုံး ရာယှိ၊ ကြီးကြပ်ဘိ၍့၊ လိုက်ပြီ့း နောက်နှိုက်၊ ရွှေတိုက်ဘဏ္ဍာ၊ နောက်မှာတလိုက်၊ အချုပ်တိုက်က၊ ကြေးတိုက် စသည်၊ တိုက်မည် မကျန်၊ ဆိုင်ရာဝန်တို့၊ ဆော်ဘန် အမြဲး၊ အုပ် ကွပ်ကဲးမှ၊ လက်ဝဲးဝင်းနှင့်၊ နောက်ဝင်းတို့မှာ၊ ဝါ-ပြာအလံ၊ ဖြိုးဖြိုးလျှံအောင်၊ မိုးယံ လွင့်တည်၊ ဟန်စည် ဟန်မောင်း၊ ဆော်ရိုက်ညောင်းလျက်၊ ရှေ့ကြောင်း မှတ်ယှဉ်၊ တပ်အစဉ်သို့၊ စီလျဉ် ရှေ့-နောက်၊ အထောက် အလှမ်း၊ ပေး မကမ်းဘဲး၊ မလှမ်း ခပ်နီး၊ ဝင်းမှူးကြီးတို့၊ အသီးအသီး၊ အုပ်စီး ကွပ်ဆော်၊ ထို့နောက်သော်မှာ၊ မှူးတော် မတ်ပေါင်း၊ ရှစ်သောင်း မက၊ ထိုမျှ များပြား၊ ခြား၍့ နောက်မှာ၊ ထူးဂုဏ်ဝါနှင့်၊ နေရာ နေငြား၊ မည် ထင်ရှားသည့်၊ မင်းသားတို့ တပ်၊ အထပ်ထပ်တည့်၊ တရပ် နောက်ပေ၊ မင်းဆွေ စိုးမျိုး၊ နွယ်ရိုးမဟာ၊ နောက်တဖြာမူ၊ သေနာ ရဲးမက်၊ မြေကြီး အက်မျှ၊ လက်နက် ဝင်းဝင်း၊ စွဲးကိုင်လျှင်း၍့၊ ဆင်-မြင်း-ရထား၊ *ဗိုလ်ပါများနှင့်၊ စော်ဘွား စော်ကန်၊ များ*ကလန်ကို၊ နန်းရန် မင်းကြော့၊ သားတော့် သားကြီး၊ ရွှေထီး နှစ်ချက်၊ ပြိုးပြိုးပြက်ဖြင့်၊ မိုးကြက် ဖြန့်အုပ်၊ သိမ်းပိုက် လုပ်သည်။။ ဗိုလ်ချုပ် နောက်တော် ချီမြန်းတည်း။ (၇)

မြို့ပြောင်းခဏ်း (၇)ပိုဒ် ပြီး၏၊

ဤကား အမရပူရ ဒုတီယနန်းတည် မင်းတရားကြီး ဥက္ကလာပမြို့သို့ ပြောင်းချီတော်မူသည့် တပ်စဉ်အတိုင်းတည်း။