ပုတ္တောဝါဒခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၃ ။ ပုတ္တောဝါဒခဏ်း


(၁၇၀) ပဒုညာမြန်း၊ လက်ျာနန်းတိ၊ ရေဖျန်းသဟံ၊ အတူခံသား၊ ရွှေကမ္ဗုအောက်၊ နှစ်ဆူ ပျောက်၍့၊ နှစ်ယောက် မဆွယ်၊ ရွေမျာ့းလယ်တွင်၊ နတ်နှယ်*တ†ရှိ၊ မိဘုန်း†ယှိ၏့၊ သိရီ့*ရဝေ၊ ကြာသိုက် ဗွေနှိုက်၊ သန္ဓေ ဦးစွာ၊ ငုံဖူးလာကြောင့်၊ ဘ,ရာ ရန်ပြီး၊ မင်း*လျာ ခြီးလျက်၊ ရွှေထီး ရှစ်ချက်၊ ပြည့်တဝက်ဖြင့်၊ လက်နက် ကံကျွေး၊ နီး-ဝေး လုံးရင်း၊ စု ပေးနှင်း၍့၊ သင်းပင်း ကျေးကျွန်၊ အတွင်းဝန်နှင့်၊ ပြင်ဝန် ခ,ရံ၊ မြောက်အိမ်စံတည့်၊ သက်နှံ ရင်နှစ်၊ ဘသားချစ်။။ စင်စစ် မှန်စွာ၊ ဘ,ရာဇာကား၊ လူ့ရွာ စည်းစိမ်၊ မင့်းရိပ်ငြိမ်ကို၊ ကြိမ်ကြိမ် နှစ်ပေါင်း၊ ကျော် ရှစ်သောင်းဖြင့်၊ စံ*ညောင်း လွန်ပြီး၊ ကြာခဲ့ ငြီးပြီ၊ နန်း-ထီး မညှာ၊ တောထွက်ခွါလျက်၊ တောမှာ မ†ပျင်း၊ တေမိမင်းတို့၊ ကံ†ပြင်းရွက်ပြုတ်၊ ပရ ဘုတ်၍့၊ မဟဂ္ဂုတ်ကုသိုလ်၊ ပွားကြကြိုသို့၊ ဗြဟ္မစိုရ် လေးဘော်၊ တရား ပျော်လျက်၊ ရွှေကိုယ်တော် ထီး၊ တောစံမှီးအံ့၊ သားကြီး မင်းခြေ၊ မောင်သက်ဝေလည်း၊ တက်နေသို့ ပွင့်၊ ဘုန်းတော် ရင့်ခဲ့၊ ဘ,မင့်း ကိုယ်စား၊ ရာ မြှောက်ထားပိမ့်၊ ငါ့သား သက်နှံ၊ ငါ့မွေ ခံ၍့၊ နိုင်ငံ တိုင်းခန်း၊ ဘုံ*ကြငှန်းကို၊ သိမ်းမြန်းသဖြင့်၊ နတ်နှယ် တင့်အောင်၊ လူမင့်း ရိပ်ငြိမ်၊ နန်း ရွှေအိမ်နှင့်။။ စည်းစိမ် †မြင့်လစ်စေသတည်း။ (၁)

(၁၇၁) စည်းစိမ် မြင့်လစ်၊ မင့်းအဖြစ်ဖြင့်၊ နတ်စစ် နှိုင်းစံ၊ ဘ,မွေ ခံလော့၊ ဘုန်းလျှံ စောဓီး၊ ဘ,မင်းကြီးမူ၊ “ချည်းနှီးမျှသာ၊ လိုမပါသည့်၊ မဟာဘူတ၊ ဤကာယအား၊ နေ့-ည မကင်း၊ ရေ-စာ သွင်း၍့၊ မပျင်း လုပ်ကျွေး၊ ပြုစု မွေးလည်း၊ ကျေးဇူး မယှဉ်၊ အကတညု၊ မြွေ လေးခုသို့၊ ကိုယ်မှု *မစဲး၊ ခဲးမှု မငြိမ်း၊ ကိုယ်လုံး ရှိမ်းအောင်၊ ရှောင်တိမ်း မသာ၊ ဇရာ မြွေဆိပ်၊ တက် ရိပ်ရိပ်ဖြင့်၊ ဦးထိပ် ထက်စီး၊ ရောက်လာပြီးပြီ၊ သေနီး ပျက်နီး၊ သက်တော် ကြီးခဲ့၊”နတ်ထီး နတ်နန်း၊ နတ်*ကြငှန်းကို၊ ရည်မှန် ရွယ်ဆု၊ ရဟန်းပြု၍့၊ ယခု ငါသည်၊ ရှာတော့မည်တည့်၊ ဘုန်းဇာနည်မြောက်၊ ရုံးရည် တောက်၍့၊ ရွယ်ရောက်သင့်စွာ၊ ပွင့်သမ္ဘာနှင့်၊ သမာ *ခိုင်†ကျည်၊ ရန်မျိုး နှည်သား၊ †ကြည် သရာ+ယောင်၊ လက်ရုံး ထောင်က၊ ဘုန်း+ရောင် တု*မဲ့၊ မြေကြီး နဲ့မျှ၊ တုန်ချဲ့ တေဇော်၊ ငါ့သားတော်သာ၊ ခေါ်*သင်္ကြံန်ထူး၊ သျှန္တီ ကျူးလျက်၊ ရှစ်ဦး ဗြဟ္မာ၊ မင်္ဂလာတို့၊ သင်္ခါ ဖြူဝင်း၊ ခရုသင်းစစ်၊ လက်ျာရစ်ဖြင့်၊ နတ်မြစ် ရေစင်၊ ကြည်လင်လင်ကို၊ ထိပ်တွင် ရွှန်းရွှန်း၊ ဘိသိက် သွန်း၍့၊ အဝန်း သုံးရာ၊ ဝိဒေဟာနှိုက်၊ မိထိလာမည်သီး၊ ဤပြည်ကြီးကို၊ ရှစ်ထီး ပလ္လင်၊ မင်းခင်း*ယင်သည်။။ ဥကင် †ဘွင့်လှစ်စေသတည်း။ (၂)

(၁၇၂) ဥကင် ဘွင့်လှစ်၊ ဧကရာဇ်ဟု၊ မင်ဖြစ် တိုင်မြောက်၊ ရောက်လတ်ပြီးသော်၊ မင်းကြီး*တကာ၊ ကျင့်မြဲးစွာသား၊ ရေးရာ မြော်မြင်၊ ပညာ့ရှင်ကို၊ တိုင်ပင် မပြတ်၊ များ မှူးမတ်နှင့်၊ ညီညွတ် ပြုမှန်၊ အခွန် ခံခြင်း၊ ဒဏ်ပေးခြင်းနှိုက်၊ ထုံးရင်း မပယ်၊ သက်ရွယ် ကြီးမား၊ သူတို့အားကား၊ ညွတ်တွား *ရို*ကျိုး၊ မြတ်နိုး ပြုစု၊ ပြည်သူ့သမီး၊ ရှုမငြီးကို၊ ဘိစီး နှိပ်စက်၊ နိုင်ထက် မယူ၊ ပူဇော် ထိမ်းမှတ်၊ ပြည်စောင့်နတ်အား၊ မပြတ် တင်သ၊ သမဏနှင့်၊ ဗြာဟ္မဏခေါ်၊ မြတ်သူတော်တို့၊ မပျော် ပျော်ကြောင်း၊ မရောက်ထောင်းလည်း၊ မပြောင်းလိုမှု၊ စောင့်ရှောက်ပြုဟု၊ ပေါင်းစု တွက်ပြ၊ သတ္တ အပရိဟာ၊ ခုနစ်ဖြာတည့်၊ ရတနာအလား၊ မြတ်တရားကို၊ တိမ်းပါး မချော်၊ ခမည်းတော်နှင့်၊ မယ်တော်တို့မှာ၊ ကောင်းစွာ ကျင့်ငြား၊ မိဖုရားနှင့်၊ သားတော် သမီး၊ ရံရွေနီးတွင်၊ တသီး ကျင့်ကောင်း၊ ဆွေကောင်း မျိုးမြတ်၊ မှူးမတ်တို့နှိုက်၊ ကျင့်ထိုက် တသင်း၊ ဆင်-မြင်းရတနာ၊ *ဗိုလ်ပါတို့ဝယ်၊ ကျင့် တသွယ်က၊ ကြီး-ငယ် မြို့-ရွာ၊ ကျင့်ရာ ထုံးစံ၊ နိုင်ငံ ဇနပိုဒ်၊ အလိုက် ကျင့်ခန်း၊ ရဟန်း ပုဏ္ဏား၊ သူမြတ်များနှင့်၊ သား-ငါး တိရစ္ဆာန်၊ မကျန် ကျင့်ရိုး၊ ဤရှစ်မျိုးကို၊ မင်း*စိုးပီ†ပီ၊ ငါလျှင်†ပြီဟု၊ အညီ ကျင့်တတ်၊ ကျင့် မချွတ်၍့၊ ဘုံထွတ် နန်းအိမ်၊ ပရနိမ်သို့၊ စည်းစိမ် ဖြိုး*ဖြိုး၊ နေ့တိုင်း တိုးလျက်၊ တန်းခိုး မ*သုန်း၊ နတ်တ*နှုန်းသည်။။ ရွှေဘုန်း †ပွင့်သစ်စေသတည်း။ (၃)

(၁၇၃) မင်းတို့ ကျင့်ရာ၊ ဤရှစ်ဖြာတွင်၊ မာတာ ပိတ၊ မိဘတို့အား၊ တရား ယွင်းချွတ်၊ ဇာတသတ်နှင့်၊ ဗြဟ္မဒတ်မင်း၊ ဝီစိဆင်း၏၊ *သည်းရင်း *သက်ထား၊ သား-မယားနှိုက်၊ အမှား ကျင့်မိ၊ ဒိဋ္ဌိဆရာ၊ ခဏ္ဍာဟလ၊ ဗြာဟ္မဏကြောင့်၊ ပုပ္ဖဝတီ၊ ပြည်ပုရီတွင်၊ သိင်္ဂိ နန့်းရှင်၊ ဘုရာ ဧကရာဇ်၊ ဘဝ *နစ်ရှင့်၊ ဆွေစစ် သားချင်း၊ တရား ကင်း၍့၊ မင်းအရိဋ္ဌ၊ ကျသည် ရွှေနန်း၊ တခန်း ထို့ပြင်၊ စီးဆင်ရတနာ၊ မင်္ဂလာတိ၊ သာခွါဘော်လျှံ၊ ကောင်းကင်ပျံကို၊ ကမ်းယံ ချောက်တွင်း၊ ဆင်းစေမိ၍့၊ ပြည်ကြီ့းပတ်ကုံး၊ တိုင်းလုံး မကျန်၊ ညှိုး ပူပန်၏၊ တိရစ္ဆာန်များ၊ တောလား ရေလား၊ ဘားငါးကစ၊ ရဋ္ဌ-ဇနပိုဒ်၊ နိုင်ငံတိုက်ကို၊ အလိုက် မသင့်၊ မီ့းနှယ် ကျင့်၍့၊ ဆဲးခွင့် ယှိမှု၊ မင်းတွင် စုသား၊ “တိဏ္ဍုကဇာတ်၊ ရှေးနိပတ်နှိုက်၊ ဗြဟ္မဒတ်ရာဇာ၊ မဟာပေါရိသာဒ်၊ သားမောင် မှတ်လော့၊ သူမြတ်တို့ကို၊ မကြည်ညို၍့၊ ပျက်လို ရှုအိုက်၊ ခွေးတိုက် လေးပစ်၊ ထိုမင်းညစ်တို့၊ အော်ဟစ်*မစဲး၊ အောက် မြေထဲးနှိုက်၊ ငရဲးသစ်ငုတ်၊ မပြုတ်နိုင်အောင်၊ ပူလောင် ထန်ပြင်း၊ ခံရလျှင်း၏၊ နတ်မင်း သမ္ပရ၊ ပုဗ္ဗဒေဝါ၊ အသု†ရာလည်း၊ ငါး†ရာ သိမ်မွေ့၊ ရသေ့တို့အား၊ ပြစ်မှား တစိ၊ ကျူးလွန်မိ၍့၊ မချိ စိတ်စက်၊ နှလုံးပျက်၏၊ ဒိဗ္ဗ†စက်ရှင်၊ သူမြတ်စင်ကြောင့်၊ ပြိတ်ပင် ပြိတ်ရွက်၊ လက်နက် ဖြစ်†ခြင်း၊ ညီ-နောင် မင်းတို့၊ ချင်း†ချင်း သတ်+ကြ၊ သွေးချောင်း+ကျလျက်၊ သာလှ လွန်ကဲး၊ သံဖြင့် တွဲးသား၊ ခြိမ့်သဲး ကြေငြာ၊ နတ်တရွာသို့၊ ဒွါရာပုရံ၊ မိုးပျံ ပြည်ကြီး၊ ကုန် ပျက်စီးရှင့်၊ တသီး ချွတ်ယွင်း၊ ကုရုမင်းလည်း၊ ဂိုဏ်းသင်း နှစ်ပါး၊ ရသေ့များကို၊ တရားတိုက်ကာ၊ ပဏ္ဏာ ယူစား၊ အကျင့် မှား၍့၊ တိုင်းကား ရေနစ်၊ ပင်လယ် ဖြစ်၏၊ မဇ္ဈရဋ္ဌ၊ မာတင်္ဂကြောင့်၊ တကွ ပြည်လုံး၊ ဆုံးခဲ့ ကုန်ချီ၊ ဒဏ္ဍကီလည်း၊ မညီ ဓမ္မ၊ သျှင်ကိသကို၊ စိတ်က ပြစ်မှား၊ မခံ့†ညားဘဲး၊ ကျင့်†ငြားမိတွက်၊ တိုင်းလုံး ပျက်ခဲ့၊” “ထက်မြက် ဝှန်ဆူ၊ အဆိပ်ဟူသည်၊ သင့်သူသာမျှ၊ သေတတ်စွရှင့်၊ သမဏ ဗြာဟ္မဏာ၊ အရိယာဟု၊ သင်္ဃာ ရဟန်း၊ ကျင့်ခဏ်း မြတ်သူ၊ အဆိပ်မူကား၊ ရှင်-လူ နီး-ရင်း၊ ရွေ-သင်းပင်းနှင့်၊ မကြွင်း ပျက်စီး၊ လောင်သည့်မီးသို့၊ သေပြီး ဆက်ဆက်၊ ငရဲးကျက်၍့၊”ရှစ်ချက်တရား၊ ကျင့် ဘောက်ပြားက၊ တိုင်းကား ပြည်ထောင်၊ ကုန်အောင် ပျက်ခြင်း၊ ပါယ်တွင်း ကျမြုပ်၊ စုံးစုံးငုပ်သား၊ သရုပ် အကျယ်၊ အဓိပ္ပါယ်ကို၊ ဝမ်းဝယ် ပိုက်ငြား၊ အမြဲးထား၍့၊ ငါ့သား မင်းခေါင်၊ ကြဉ် ကွင်းရှောင်သည်။။ ကင်းအောင် †လွှင့်ပစ်စေသတည်း။ (၄)

(၁၇၄) မိဘတို့မှာ၊ ကျင့် ကောင်းရာကို၊ ကောင်းစွာ မမှား၊ ကျင့်သော့အားဖြင့်၊ ပုဏ္ဏား ရာမ၊ ကုမ္ဘဝတီ၊ ဒဏ္ဍကီ၏၊ ပုရီ ပြည်လုံး၊ လက်နက် ဖုံးလည်း၊ မဆုံး မပျက်၊ ခြားခဲ့ ကွက်၏၊ တချက် ထိုမှ၊ အလိနသတ္တု၊ ငယ်နု ရွယ်ဦး၊ မင်းယဉ်ကြူးလည်း၊ ဘီလူး မစား၊ ဘ,စကားကို၊ ထောင်နား မခွ၊ နာတတ်လှ၍့၊ ရာမလောင်းတော်၊ ခြောက်သောင်းကျော်အောင်၊ နန်းပေါ် စံစား၊ သက် ရှည်လျား၏၊ သားကြောင့်မုချ၊ မင်းဇယလျှင်၊ ဇီဝ သက်ရှင်၊ ညာတင် ဒေဝီ၊ မဟေသီနှိုက်၊ မဒ္ဒီနတ်တူ၊ လှသမ္ဘူတို့၊ မြိုင်ငူ တောရပ်၊ အတူ ကပ်၍့၊ ရက်စပ် မချန်၊ လုပ်ကျွေးထန်လျက်၊ ဝေဿန်ဆုကြီး၊ အပြီး ရမိ၊ မင်းသောတ္ထိမှာ၊ နူနာ ပျောက်ကင်း၊ ဆွေရင်း မျိုးမြတ်၊ မှူးမတ် စိတ်ညီ၊ ဝေသာလီဝယ်၊ လိစ္ဆဝီမင်းများ၊ သိကြားသော်လျက်၊ မဖျက်နိုင်စွာ၊ ရာဇာ ဝိဒေဟ၊ ကောရဗ္ဗတို့၊ မတ်လှ မဟော်၊ ဝိဓူကျော်ကြောင့်၊ မြေပေါ်ထက်နှိုက်၊ စံဘက် မပြိုင်၊ ဂုဏ် တက်လှိုင်၏၊ ဆင်ခိုင် မြင်းကောင်း၊ သူရဲး ကောင်းမူ၊ အလောင်းတော်မြတ်၊ ဂေါဇာတ် ဇာနည်၊ မုန်ရည် သောက်စီး၊ ပေါက်ကြီး ငွေရောင်၊ ရန်မျိုး အောင်၍့၊ ပြည်ထောင် တပါး၊ မ*ချောက်ချားဘဲး၊ အများ ထိတ်ရွံ့၊ မဝံ့ ကြောက်*ကြိမ်း၊ ရန်မျိုး ငြိမ်း၏၊ ခပ်သိမ်း တိရစ္ဆာန်၊ မကျန်စေရ၊ ဂါမ ဇနပိုဒ်၊ နိုင်ငံတိုက်နှိုက်၊ စရိုက် မမှား၊ ပုဏ္ဏား ရဟန်း၊ ဤကျင့်ခန်းကား၊ အောင်ပန်းရတနာ၊ မင်္ဂလာဖြင့်၊ တရာနှစ်ကျော်၊ ရွှေနန်းပေါ်ထက်၊ သက်တော် ရှည်ကြောင်း၊ ဆို ဆုတောင်း၍့၊ လူကောင်း ကြည်ညို၊ နတ်ကောင်း လိုရှင့်၊ ထိုထို အပြား၊ သရုပ်ကြားသား၊ ရှစ်ပါး အကုန်၊ ဓမ္မဂုဏ်ကို၊ မ*သုန် မ*ဖျင်း၊ မကင်းရအောင်၊ အမြဲး ဆောင်သည်။။ သားမောင် †ကျင့်ရစ်စေသတည်း။ (၅)

('သော်တာရောင်ချ'ချည်း)

(၁၇၅) ဘဝစက်ဖြင့်၊ အဆက် ရှည်စွာ၊ သံသရာက၊ ပတ္ထနာ အထူး၊ ဆုံကြဖူးကြောင့်၊ သားဦး စင်စစ်၊ ရွှေရင်နှစ်ဟု၊ အဖြစ် ကောင်း၍့၊ မင်းလောင်း ရွှေဘွဲ့၊ အတု*မဲ့အောင်၊ နှစ်ဆဲ့တသွယ်၊ စလွယ် ရွှေကြိုး၊ ထိန်ပြိုးပြိုးနှင့်၊ မြတ်နိုး ဆပွား၊ နန်း*လျာထားသည့်၊ ဘ,ဘွား သည်းချာ၊ ဥပရာ။။ မဟာဓမ္မရာဇ်၊ ဘုန်းတော် သစ်၍့၊ နေမြစ် ပီပီ၊ နေမျိုးညီလျက်၊ မဟီတလေ၊ ရေနှင့် မြေကို၊ အောင်ဇေယျာဟိတ်၊ အောင်နိမိတ်နှင့်၊ ဘိသိက် အောင်ပန်း၊ ဆင်မြန်း သိမ်းပိုင်၊ ရွှေနန်း ထိုင်၍့၊ *ဦးကိုင်စိုးလစ်၊ မင်းလျှင်ဖြစ်က၊ မင်းစစ် ဓမ္မတာ၊ ထုံး စဉ်လာတိုင်း၊ သစ္စာ မြင်း†မိုရ်၊ နှုတ် သံ†မှိုဖြင့်၊ မယိုမ+ယွက်၊ ထိပ်ဝယ်နှက်သို့၊ ဆောင်+ရွက် မြဲးစွာ၊ တည်စပါလော့၊ စကြာ မန္ဓာတ်၊ လေးကျွန်းပတ်သား၊ နေနတ် *စော†ဓီး၊ ဘေးလောင်းကြီးတို့၊ *ရှေး†တီး*မဆွ၊ ကျင့်ကုန်ကြသား၊ ရာဇဓမ္မ၊ မင့်းကိစ္စနှင့်၊ ထိုမျှ အပြား၊ ကျင့်တရားကို၊ ငါ့သား သည်း†အူ၊ စွဲးမှတ်မူ၍့၊ ဦ†ဦ သောင်းသောင်း၊ သစ်-အဟောင်းတိ၊ အပေါင်း *ပေါယယ်၊ *ဗိုလ်နိကာယ်တို့၊ လေးသွယ် မျိုးပြား၊ ရွှေပြည်သားနှင့်၊ တပါးတိုင်းနေ၊ *အကြေ အညာ၊ ရောက်လာကုန်ကြ၊ ပရဒေသီ၊ ဟူပြီ တသင်း၊ အတွင်းနှင့် ပြင်၊ ထွက်-ဝင် နီးစပ်၊ အရပ်†ရပ်က၊ ကပ်†ယပ် ထိုထို၊ ဘုန်းရိပ် ခိုအား၊ ဗြဟ္မစိုရ်ချုပ်၊ ထီးနှယ် အုပ်လျက်၊ ပိုက်ထုပ် †ကြင်နာ၊ ကရု†ဏာဖြင့်၊ “မဟာသတ္တ၊ နိဂြောဓဟု၊ မိဂ*သနင်း၊ သမင်မင်းလျှင်၊ ဝမ်းတွင်း တည်နေ၊ သန္ဓေ တသက်၊ မိ တ†သက်ကြောင့်၊ ကိုယ့်†သက် ကြည်ဖြူ၊ စွန့်တော်မူသို့၊ ပြည်သူမျာ့းတွက်၊ ကိုယ့်အသက်လည်း၊ ငဲ့ကွက် မညှာ၊ စွန့်အပ်စွာ၏၊”လူဝါ လူရှုပ်၊ *ပြင်းဟုပ် *ညဉ့်ငှက်၊ သူသွမ်းသွက်နှင့်၊ သူပျက် သူလောင်၊ ပြည်ငြောင့်ကောင်ကို၊ နေရောင် ပိုးစုန်း၊ ဖျောက်လွှင့် *မှုန်းသို့၊ နှိုင်း*နှုန်းသဖွယ်၊ ဘုန်းတော် ပယ်၍့။။ ဘုန်းကွယ် ညှိုးပျောက်စေဘိလော့။ (၆)

(ဤဗြဟ္မစိုရ်ချုပ်စသော စကားသည် ဓမ္မိကဘုန်းဂုဏ်ကို ပြလို၍့ ဆန့်ကျင်ဘက်ကို ပြသော 'ဝိရောဓိတာလင်္ကာရ'မျိုးတည်း။)

(၁၇၆) မင်းကျင့် စင်စစ်၊ တရားချစ်လော့၊ သောက်ယစ် ဝေမူး၊ တောဘီလူးသို့၊ စားကြူး လွန်စွာ၊ မပြုရာဘူး၊ ပညာ ကင်းဘိ၊ သတိ ကင်းပ၊ ပစ္စက္ခပင်၊ မမြင် အပြစ်၊ သုရာ ယစ်က၊ သားချစ်အသား၊ ချက်ကြော်စား၍့၊ တရား လွတ်ရှင်း၊ ကင်းကြီးကင်း၏၊ ခံတွင်းအရသာ၊ သားဟင်း†လျာနှိုက်၊ †လျှာအလိုလိုက်၊ လောဘ တိုက်၍့၊ ကြိုက်သည့် *ရမ္မက်၊ ဟင်း တစက်ကြောင့်၊ နရက် အပါယ်၊ လားလေဘွယ်တည့်၊ “ရှေးဝယ် မယွင်း၊ မင်းပေါရိသာဒ်၊ ဗြဟ္မဒတ်ရာဇာ၊ အာနန္ဒာနှင့်၊ ဟင်္သာ ကိုးသောင်း၊ ထိုအပေါင်းတို့၊ တိမ်းစောင်း တရား၊ ဇာတ်တူသားကို၊ စား၍့ မုချ၊ ပျက်စီးကြ၏၊”သားလှ မင်းဖြူ၊ ဘ,သည်းအူကား၊ ဇာတ်တူအသား၊ ဟင်းလျှာများကို၊ ရှောင်ရှား ပယ်ပစ်၊ မစားရစ်နှင့်၊ တဆစ် ထိုမှ၊ ဂုဏ ဝယ၊ ဝုဎ္ဍ ကိုယ့်ထက်၊ ဂုဏ်သက် နှစ်ပါး၊ ကြီးသူအားလည်း၊ ပြစ်မှား ရှုပ်ချ၊ မပြုရဘူး၊ ဆူးကျ ဖက်ပေါက်၊ ဖက်ပေါက် ဆူး†ကျ၊ ဆို†ကြသဖွယ်၊ ကိုယ်ဝယ်ချည်းပေ၊ ပြစ်ရောက်ချေ၏၊ *မထေ နှုတ်ဖျား၊ စကားမျှသာ၊ ပြောမိရာဖြင့်၊ *ဥပါဘီလူး၊ နန်းဦး လှေ†ကား၊ တံ†ခါး လေသာ၊ မင်းထွက်ရာနှိုက်၊ ရုပ်ဝါ ပြင်ပြင်၊ ကိုယ်ထင် လတ်လတ်၊ ပြ ချောက်တတ်ရှင့်၊ မှတ်လော့ ထိုမှ၊ ယုတ် နှိမ့်ချ၍့၊ စိတ်က ကြံဘိ၊ အောက်မေ့မိရုံ၊ မျက်စိ နှစ်ဘက်၊ သလာတက်သို့၊ သက်သက် *အကယ်၊ ပိတ်ဖုံး ကွယ်၏၊ “ရှေးဝယ်သော့ခါ၊ တော*ဟေမာနှိုက်၊ ပညာ မြော်မြင်၊ ခါ-မျောက်-ဆင်တို့၊ ညောင်ပင် တခု၊ သက်သေပြု၍့၊ ဂုဏဝုဎ္ဍာ၊ ပစာယန၊ ကျင့်ကုန်ကြကြောင့်၊ လူမျှ မတန်၊ တိရစ္ဆာန်လျက်၊ နတ်ဌာန် မုချ၊ ရောက်ကုန်ကြ၏၊”ထိုမှ တထွေ၊ ရေ-မြေ စိုးရ၊ လူမျာ့း*သနင်း၊ မင်းစစ်တို့သာ၊ ကျင့်ထိုက်ရာသည်၊ ပြည်-ရွာ တုတ်ခွန်၊ ကောက်မြဲး ဝန်လည်း၊ မလွန် ဆယ်တို့၊ ရဲးမက်တို့အား၊ ပိုင်းခြား ဝေငှ၊ ခြောက်လ တခါ၊ မှန်စေရာက၊ ပြည်-ရွာအတွင်း၊ မှီတင်းနေငြား၊ ဆင်းရဲးသားအား၊ စီးပွား ဖြစ်ရေး၊ ပေးသည့်ဥစ္စာ၊ သုံးနှစ်ကြာမှ၊ ရင်းသား ယူခြင်း၊ ဗိုလ်*ခပင်းနှိုက်၊ ဦးမင်း နောင်-ညီ၊ ခေါ်ဝေါ်ချီသည်၊ လေးလီ မှန်လှ၊ သင်္ဂဟတည့်၊ ဗြဟ္မစရိယ၊ ဤဓ†မ္မကား၊ မင်း†မှသော်သာ၊ ကျင့်နိုင်ရာ၏၊ လေးဖြာ နွယ်ရိုး၊ ဘုန်းတော်ကိုးသည့်၊ ဘုန်းမိုး မြော်ခ၊ လူ ထိုမျှကို၊ သားလှ ဘုန်းဝေ၊ ဘုန်းမိုး စွေ၍့။။ ဘုန်းရေ ချိုးသောက်စေဘိလော့။ (၇)

(ဤ'ဘုန်းမိုးမြော်ခ'စသော စကားသည် ဘုန်းကို မိုးနှိုက်တင်သော သမာဓိဂုဏ်၊ ဘုန်းရေ ချိုး-သောက်ခြင်းဟူသော သမာဓိဂုဏ်ဖြင့် ကျေးဇူးပြုတတ် ကျေးဇူးပြုအပ်သည်၏အဖြစ်ဖြင့် ရောနှောသော 'အင်္ဂဂီဘာဝမိဿာအလင်္ကာရ'မျိုးတည်း။)

(၁၇၇) ထိုပြီ့း တခြား၊ မျိုးလေးပါးတို့၊ အများ ကျင့်တမ်း၊ သင်္ဂြီုဟ်လမ်းလည်း၊ ပေးကမ်း တသွယ်၊ ချစ်ဘွယ် တပါး၊ စီးပွား တခု၊ ကိုယ်တူ ပြုဟု၊ စတု သင်္ဂဟ၊ ကျင့်ဓမ္မနှင့်၊ မခွ တရံ၊ လွန်မြဲးမြံလျက်၊ သည်းခံ နိုးကြား၊ သနား ထကြွ၊ နိစ္စမသွေ၊ ခွဲးဝေ ရှုတတ်၊ ခြောက်ပါး မှတ်သား၊ သူမြတ်တို့ဂုဏ်၊ ကျေးဇူးဟုန်လည်း၊ *မသုန် ကျင့်ထ၊ ပြည့်စေမှတည့်၊ ဒသဝတ္ထု၊ လှူမှု ကြီး-ငယ်၊ ငါး-ဆယ် သီလ၊ နိယမနှင့်၊ စာဂတရား၊ ဖြောင့်သား နူးညံ့၊ ခြိုးခြံ့ ဥပုသ်၊ မျက်ကြုတ် မလို၊ သူ့ကို မညှဉ်း၊ ပြော့ပျဉ်း သိမ်းဆည်း၊ သည်းညည်း ခံချိ၊ မယှိ ဆန့်ကျင်၊ ဆယ်ပါးတွင်သည့်၊ ဤလျှင် ရာဇဓံ၊ ကျင့်ထုံးစံလည်း၊ တရံ မပြတ်၊ မြဲးစေတတ်လော့၊ အမှတ် တဝ၊ ဤလောကနှိုက်၊ လုံ့လ အားကြိုး၊ စိုက်ပျိုးတုံပြီး၊ ပွားစည်*ဖြီးလျက်၊ ပွင့်-သီး ရောင်လှ၊ ချိန်ခါ ကျ၍့၊ မှည့်မှ ဆွတ်လှည့်၊ လိမ္မာပြည့်သား၊ ဥယျာဉ်သည့်လား၊ သူ၏့သားကို၊ မွေးစား ဆန်း†ကြယ်၊ ကြီးပွား *ကယ်သည့်၊ န†ကျယ်တို့နည်း၊ *နိဿယည်းလည်း၊ သိမ်းဆည်း ယူမှတ်၊ စွဲးတတ်စေလော့၊ ယုတ်-မြတ် များစွာ၊ လူတို့မှာလျှင်၊ ကမ္ဘာဦးက၊ ခုတိုင်ကျအောင်၊ စိုးရ*သနင်း၊ မင်းတို့ အုပ်ထ၊ စောင့်ရှောက်ကြ၍့၊ ထိုမျှ သီးသီး၊ ငယ်-ကြီး နိုင်ထက်၊ မနှိပ်စက်ဘဲး၊ ငြိမ်သက် ချမ်းသာ၊ သက်မွေးကာလျှင်၊ အိမ်ရာ တည်†ကျ၊ နေနိုင်†ကြ၏၊ “ဉာဏ နည်းသူ၊ ရှင်-လူ အချို့၊ သူမိုက်တို့ကား၊ ဤသို့ အထူး၊ မင့်းကျေးဇူးကို၊ ကြည်နူး မသိ၊ ငြူစူဘိ၏၊ ဗာလိ ဗာလ၊ ပေါများစွရှင့်၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး-ပြစ်၊ စိစစ်တတ်သူ၊ နည်းစွ ဟူ၏၊”ဟူစေ*တပံ့၊ ခိုင်ခံ့ မညွတ်၊ သွေမလွတ်လင့်၊ အိမ်ထွတ်*တပြေး၊ ရှောက်ခွံနွေးနှင့်၊ မင်းရေး လိမ္မာ၊ ညွန်နှိုက် ကြာသို့၊ ပမာ မချွတ်၊ မင်းတို့ဝတ်ကို၊ မလွတ်သ†ဖြင့်၊ သားမောင် ကျင့်မှ၊ *တ†ဖြင့် တပါး၊ လွင့်ရှား မစဉ်၊ ပုပ်မကျဉ်ဘဲး၊ ဓမ္မ ဉ္စရ၊ ဂုဏ *ဖြိုးမြင့်၊ တန်းခိုး လွှင့်၍့၊ တိုင်းပွင့် ပြည်သာ၊ လွှံ့*ကြေညာဖြင့်၊ တေဇာ နှုန်းချိန်၊ နေသူရိန်သို့။။ ဘုန်းရှိ တိုးတက်စေဘိလော့။။ (၈)

(၁၇၈) စကြာ့ *သနင်း၊ လေးကျွန်းမင်းတို့၊ ကျင့်ခြင်း တဘော်၊ ကျင့်ဝတ်သော်ကား၊ တွင်းတော် ကပ်နေ၊ ခြွေရွေ ရံခ၊ မောင်းမ မိဖုရား၊ သားတော် သမီး၊ အသီးသီးကို၊ ကျိုင်း-ထီး ဆောင်ယွက်၊ ဘယက် ဒွါဒရာ၊ ဆင်တန်းဆာနှင့်၊ မြို့-ရွာ ကံကျွေး၊ ရွှေ-ငွေ†ကြေးက၊ ကျွန်†ကျေး လက်+ဖွဲ့၊ တိုး ထပ်ချဲ့လျက်၊ ရွှေ+ဘွဲ့ စလွယ်၊ အသွယ်သွယ်တိ၊ ကြီးငယ် နိမ့်-မြင့်၊ မြှောက်ချီးမြှင့်၍့၊ အကျင့် မချွတ်၊ သီလဝတ်နှိုက်၊ မလွတ် မကင်း၊ တည်စေခြင်းနှင့်၊ *ဗိုလ်သင်းစုသား၊ ရဲးမက်များမှာ၊ အစား အစာ၊ ရိက္ခာ လခ၊ ကာလ မလွန်၊ ပေးဟန် မဆိတ်၊ ရေ့နှယ် ဘိတ်လော့၊ ဘိသိက်ခံပြီး၊ နန်း-ထီး စိုးစွာ၊ မင်းတို့မှာကား၊ အာဇာနေယျ၊ အဿ ဟတ္ထိ၊ စယှိ ပေးခြင်း၊ ထံရင်းတော်သာ၊ နောက်တော်ပါသည့်၊ ရာဇာအနု၊ မင်းတစုအား၊ ကြည့်ရှု အသင့်၊ ယာဉ်နှင့် ထီး-ဓား၊ မြှောက်စား ရာထူး၊ တော်ဒူး နေရာချွန်၊ မလွန် ပြိုင်ခတ်၊ နေရာ လွတ်က၊ ထိုက်ရာ ချ၍့၊ ဗြာဟ္မဏမည်ငြား၊ သူတို့အားကို၊ အစား ဝတ်ထည်၊ အသည် နွယ်ရိုး၊ သူကြွယ်မျိုးအား၊ ထမ်းပိုး ထွန်တုံး၊ စေသုံး နွား-ကျွဲး၊ မျိုးပဲး စပါး၊ နိဂုံးသားလည်း၊ မမှား ထို့တူ၊ စင်ဖြူ သီလ၊ သမဏမှာ၊ ပရိက္ခရာ ပူဇော်၊ တောပျော် ရေလား၊ သားငှက်များနှိုက်၊ ပိုင်းခြား *ဘေးမဲ့၊ ချို့တဲ့ ဥစ္စာ၊ သူတို့မှာမူ၊ ရတနာ ရွှေ-ငွေ၊ ပေးထွေ မ†စ၊ ဤကိ†စ္စနှင့်၊ အဓမ္မမှု၊ ပယ်ပြု ထိုထို၊ ကုသိုလ်အရာ၊ ပညာအရေး၊ စစ်မေးတတ်စွ၊ ဒွါဒသဟု၊ စကြာ့ကျင့်ဝတ်၊ အကျင့်မြတ်လည်း၊ မလွတ်စေရာ၊ ကျင့်အပ်စွာ၏၊ *ကြမ္မာလည်း သင့်၊ ဘုန်းလည်း ပွင့်လျက်၊ အကျင့်လည်း ပြည့်၊ ခွင့် ညီလှည့်က၊ *ထွန်းစည့် ဝင်းရှိန်၊ တေဇာ ထိန်၍့၊ စက္ကိန္ဒာဘိ၊ သိရီ့ဘုန်းတော်၊ *နှုန်းမမြော်နှင့်၊ ဘေးတော်လောင်း နတ်၊ လေးကျွန်း ပတ်သား၊ မန္ဓာတ်မဟာ၊ မြတ်ရာဇာသို့။။ စကြာ စိုးရောက်စေဘိလော့။ (၉)

(၁၇၉) ရာဇဓမ္မ၊ ဟူသ †မျှနှင့်၊ လူ†မျာ့း ဦးကိုင်၊ ထွတ်ဖူးတိုင်သည့်၊ စိုးပိုင်ဘဝ၊ မင်း ထိုမျှတို့၊ နှိမ့်ချထိုက်စွာ၊ သူယုတ်မာကို၊ အာဏာ နှိပ်ပြီး၊ ခြီးမြှောက်ထိုက်ငြား၊ သူကောင်းများအား၊ မြှောက်စား ကြည်ဖြူ၊ ခြီးမြှောက်မူဖြင့်၊ မကောင်းသူ ပယ်၊ ကောင်းသူ ကယ်သည့်၊ ဘုန်းကြွယ် သက္က၊ ဒေဝိန္ဒနှင့်၊ တူကြစေရာ၊ ပြည်-ရွာ နိုင်ငံ၊ တုတ်ခွန် ခံသော်၊ ထုံးစံယှိမြို့၊ ဆယ်ဘို့အတွက်၊ ပြည့်သူ့လက်က၊ ညံ့သက် သိမ်မွေ့၊ ခံယူလေ့ဖြင့်၊ ရွေ့ရွေ့ ညှင်းညှင်း၊ လေးလတွင်းဝယ်၊ *ခပင်း မိုးရေ၊ ခန်းခြောက်စေသည့်၊ ထောင်ရွှေ ရောင်ဝင်း၊ နေနတ်မင်းနှင့်၊ မယွင်း ကိစ္စ၊ တူကြစေရာ၊ များစွာ နီး-ဝေး၊ ကျွန်ကျေး စိမ်း-ကျက်၊ ထဲး ရှို့ဝှက်သား၊ သိခက်စွာတောင်း၊ ဆိုး-ကောင်း ဝမ်းက၊ ကြံသမျှကို၊ သိရ မနေ၊ ပြုသောထွေမူ၊ *ဗိုလ်ခြေ များစွာ၊ သတ္တဝါတိုင်းရှည့်၊ ယှိတိုင်း ပြည့်အောင်၊ ကိုယ့်၏အတွင်း၊ ဝင်တတ်လျှင်းသည့်၊ လေမင်း*တမျှ၊ တူကြစေရာ၊ မျက်နှာ ကြီး-ငယ်၊ မရွယ် မညှာ၊ ပဏ္ဏာ မရှု၊ အမှု ထိုက်†လျောက်၊ မှန်တိုင်း †လျှောက်၍့၊ ရွေးကောက် မှုခင်း၊ စီရင်+ခြင်းဖြင့်၊ +ချင်းတို့*ကြမ္မာ၊ ကံ့တိုင်းသာလျှင်၊ “သတ္တဝါယှိရွေ့၊ ချိန်ခါစေ့က၊ စုတေ့ သက်ကင်း၊ သေစေလျှင်းသည့်၊ သေမင်း ယမ၊ မရဏနှင့်၊ တူကြစေရာ၊”ရတနာ ရွှေ-ငွေ၊ ဝင်လေသမျှ၊ နေတ†ကျဖြင့်၊ ကျီ†ကြ တိုက်တွင်း၊ သွင်း၍့ထား+ကာ၊ ခံယူရာနှိုက်၊ “အာ+ကာ မိုးလုံး၊ ဖုံး၍့ ရွာချ၊ ဥဒကနှင့်၊ ငါးရာ့ငါးသီး၊ မြစ်ကြီး မြစ်ငယ်၊ သွယ်သွယ် များစွာ၊ စီးဝင်လာလည်း၊ ကမ္ဘာလုံး လျှံ၊ အဝင်ခံသည့်၊ မဟမ္ဗုဓိ၊ ကြီးဘိ ကျယ်ဝင်း၊ မြစ်မင်း အဏ္ဏဝ၊ သမုဒ္ဒနှင့်၊ တူကြစေရာ၊”မျက်နှာ ရွှင်†ပြ၊ ထင်ထင်†ပြလျက်၊ ချိုမြ စကား၊ သာယာ*ဖြား၍့၊ ပြည်သား ပြည်သူ၊ လူ*ဖြင်*ပြွမ်းကို၊ ရွှင်-ဝမ်းမြောက်စွာ၊ လန်းစေရာတွင်၊ “*ကာလ ဆဲ့ခြောက်၊ ဝင်းဝင်းတောက်၍့၊ ပြည့်မောက် ဝန်းချိန်၊ ပုဏ္ဏဒိန်ဝယ်၊ သူရိန် ကင်းလွတ်၊ ကောင်းကင်ထွတ်က၊ ဆွတ်ဆွတ် မြင်တိုင်း၊ ကသိုဏ်းတမှတ်၊ ရွှင်စေတတ်သည့်၊ လ,နတ် စန္ဒြ၊ တာရိန္ဒနှင့်၊ တူကြစေရာ၊” “သတ္တဝါ လူ*ဗိုလ်၊ များထိုထိုတို့၊ မှီခို တည်ရာ၊ အဖြစ်မှာလည်း၊ များစွာ အပေါင်း၊ ဆိုးနှင့် ကောင်းကို၊ အကြောင်း မရှာ၊ ခံတတ်စွာသည့်၊ မဟာပထဝီ၊ ဤမြေအမျှ၊ တူကြစေရာ၊” “*ဗိုလ်ပါ မှုထမ်း၊ လူပြိန်းပြွမ်းအား၊ ပေးကမ်း ဆုလပ်၊ မြဲးထွက် *နပ်လျက်၊ ထပ်ကာ ထပ်ကာ၊ ဖြစ်စေရာကား၊ မိုးခါ အဆုံး၊ လေးလလုံးတိ၊ ရေတုးံ ရေတောင်၊ ပြည့်လျှမ်းအောင်လျှင်၊ မရှောင် မပြတ်၊ ရွာသွန်းတတ်သည့်၊ မိုးနတ် ဒေဝ၊ ပဇ္ဇုန္နနှင့်၊ တူကြစေရာ၊”ရှစ်ဖြာ ဓမ္မ၊ ဤသို့ပြသား၊ နာယကဂုဏ်ထူး၊ မင့်းကျေးဇူးနှင့်၊ သားဦး အကုန်၊ ယွင်းမ*သုန်သည်။။ မင့်းဂုဏ် *ဖြိုးမောက်စေဘိလော့။ (၁၀)

('ဥပမာလင်္ကာရဝင်္ကဝုတ္တိ'ရှိသောပုဒ်')

(၁၀၀) နန်းထီ့းသခင်၊ ပြည်ကြီ့းရှင်တို့၊ ဝတ်ဆင်အပ်ရာ၊ မြတ်တန်းဆာဟု၊ ရတနာမည်မှတ်၊ နဝရတ် ကိုးသွယ်၊ ဆင်စဘွယ်လည်း၊ ကြီး-ငယ် ပြည်ရေး၊ မြော်တွေးနိုင်စွာ၊ သိလိမ္မာသည့်၊ သေနာပတိ၊ မတ်ဘုန်းယှိကား၊ ပြည်ကြီ့း ဥကင်း၊ *သီတင်း ကျင့်*မွန်၊ ဂုဏဝန်နှင့်၊ သီလဝန်မည်၊ မဟာထေရ်ကား၊ တိုင်းပြည့်တံခွန်၊ ဝေဒလ် ပိဋကတ်၊ တတ်မှတ် ကျော်ထိတ်၊ ပုရောဟိတ်ကား၊ အတိတ် နာဂတ်၊ ဆုံးဖြတ် မြင်-သိ၊ ပြည့်မျက်စိတည့်၊ ထိုပြီ့း တခြား၊ တိုင်းတပါးသို့၊ ရောက်သွား ဝင်-ထွက်၊ ရှို့ဝှက် ထဲးသံ၊ သူ့အကြံကို၊ နာခံ ထိုထို၊ ကြားကြောင်းဆိုသည့်၊ သူလျှိုယောက်ျား၊ သူကောင်းသားကား၊ ပြည့်နားမည်ယှိ၊ ဇာတိမန္တ၊ ရဲးသူရနှင့်၊ ဝံသမဟာ၊ ဂုဏ်ဝါ သိင်္ဂိ၊ ရွှေစံမှီသို့၊ မင်းညီမင်းသား၊ ဆွေတော်များမူ၊ ပြည်သွား ပြည်စွယ်၊ တင့်တယ် ရောင်†ညီး၊ ရှုမ†ငြီးသား၊ သမီးက+ညာ၊ ရတနာကား၊ ကြော်+ငြာ သတင်း၊ တပြည် †ချင်းအောင်၊ ကျော်ခြင်း *ထွန်းစည့်၊ ဝင်းထိန်မှည့်သား၊ ရွှေပြည့်မျက်နှာ၊ မဟာဂဟပတိ၊ သေဋ္ဌိရတနာ၊ ဥစ္စာ *ပေါယယ်၊ ဌေးသူကြွယ်ကို၊ ပြည့်ဝမ်းဆိုရှင့်၊ ရဲးဗိုလ် မှုထမ်း၊ ရဲးစွမ်းသတ္တိ၊ အထူးယှိသား၊ ဟတ္ထိ အဿ၊ ထိုမျှ တထွေ၊ ပြည့်ခြေ ခေါ်ရိုး၊ လက်နက်မျိုးမှာ၊ ပြည်-ရွာ၏့ လက်၊ စဉ်မ†ပျက်ဖြင့်၊ ပြိုး†ပြက် နဝရတ်၊ ကိုးချက် မှတ်သား၊ *မွန်မြတ် ဥစ္စာ၊ ရတနာတည့်၊ သေချာ မှတ်သွင်း၊ ပြည့်ဦးကင်းကို၊ သေမင်း မနှိမ်၊ ဂုဏ်သိမ် မြင့်လွန်၊ ပြည့်တံခွန်ကို၊ သားမွန် မချ၊ နေ့-ည မြင်-သိ၊ ပြည်မျက်စိကို၊ မထိ မပါး၊ ပြည့်နား မပယ်၊ ပြည်စွယ် မချိုး၊ မညှိုး မျက်†နှာ၊ မ†နာ ပြည့်ဝမ်း၊ သန်စွမ်း ခြေ-လက်၊ ပယ် မဖျက်ဘဲး၊ အမျက် ကိုးကွင်း၊ ဆင်းနိုင်လျှင်း၍့၊ ထွန်းဝင်း ဂုဏ်ရောင်၊ တပြောင်ပြောင်သည်။။ မိုးခေါင် ထိုးဖောက်စေဘိလော့။ (၁၁)

(ဤမင်းတို့ကျင့်ရာ ၉-ပါးကို ထိန်ဝှက်၍့ နဝရတ် ၉-ပါးအမည်ဖြင့် သဒိသူပစာဝေါဟာ တင်စား ခေါ်ဝေါ်ခြင်းသည် 'သမာနာရူပါပဟေဠိ'ဟူသော 'အတ္ထာလင်္ကာရ'မျိုးချည်း။)

(၁၈၁) လေးကျွန်း မျက်လွှာ၊ မင်းစကြာ၏့၊ *သက်လျာတော်ဦး၊ ဂုဏ်ထူး *နက်ကိ၊ ဘက် မရှိသို့၊ ဇာတိ နွယ်*ရိုက်၊ နေမျိုး စိုက်လျက်၊ ဘေးလိုက် ဘိုးနည်း၊ ဘုန်းဝိဇည်းနှင့်၊ ခမည်းတော့်တူ့၊ လူ့မှန်ဖူ့ဖြင့်၊ ပြည်သူ့ ဓိပတိ၊ ဖြစ်ထိုက်ဘိ၍့၊ သိရီ့ပဝရ၊ မဟာစသား၊ သုဓမ္မရာဇ၊ ရွှေဘွဲ့သစ်နှင့်၊ သင်္ကျစ် ဝင်းဝင်း၊ အိမ်ရှေ့ နှင်းသည့်၊ သားမင်း ဥပရာ၊ မောင်နန်း*လျာ။။ ရာဇာဓိပရာဇ်၊ ငါ့သားဖြစ်က၊ မင်းစစ် ပီပီ၊ ထို-ဤ နီး-ဝေး၊ မင်းတို့ရေးဖြင့်၊ ကျွန်ကျေး ပြည်မှု၊ မပြတ် ရှုလော့၊ ခိုးသူ့အသွင်၊ အရှင် မယွန်း၊ ခင်ပွန်း *တူနိုး၊ အမျိုး တူရှည့်၊ “ကိုယ်၏့အလား၊ နီတိကြားသား၊ မယား မိတ်ဆွေ၊ ကျွန် ငါးထွေတည့်၊ သိစေ အ†ချင်း၊ မလစ်ယွင်းနှင့်၊ ချစ်†ခြင်းဟူသော၊ လူ့သဘောလည်း၊ မနောထဲး သို၊ ဝမ်းတွင်း မျိုလျက်၊ ကျွန်ကို ချစ်ရာ၊ ကွယ်သော့ခါတည့်၊ စေပါယောက်ျား၊ သူရင်းငှါးအား၊ စားစည့်အခိုက်၊ သားနှိုက် အိပ်ခါ၊ မယားမှာမူ၊ တန်းဆာ ဝတ်စား၊ ပေးစဉ်များနှင့်၊ ပျော်ပါးသော်မှ၊ *ယုယ ထင်စွာ၊ ပြုအပ်ရာ၏၊” “အာဏာ မထန်၊ မျက်မာန် မပြင်း၊ မယစ်လျှင်းနှင့်၊ တင်းလွန်လျှင် ပြတ်၊ မာလွန်း ဆတ်၏၊ ပွတ်လွန်းလည်း စင်၊ တင်လွန်းလည်း မောက်၊ မြှောက်လွန်းလည်း ကြွ၊ နှိပ်လွန်း ကျခဲ့၊ ညီမျှ လျော့တင်း၊ ညှိတတ်ခြင်းဖြင့်၊ ဆွေရင်း မျိုးရင်း၊ ကျေးရင်း ကျွန်ချာ၊ သူတို့မှာလျှင်၊ ရှုရာ မပျက်၊ မေတ္တာသက်လော့၊”*ရောင်းဘက် ရင်းဘက်၊ ကိုယ်သက်နှင်းစု၊ အရှင့်မှုနှိုက်၊ ဓနုသိက္ခ၊ အမစ္စသို့၊ ငယ်က ပေါင်းသင်း၊ ကျွမ်းဝင်ခြင်းဖြင့်၊ နီးရင်း မှီကပ်၊ ချစ်အပ် သက်တူ၊ ဤသူ တဦး၊ ကိုယ့်ကျေးဇူးကို၊ အထူး မပြတ်၊ ပြုတတ်တုံမြောက်၊ ထိုနှစ်ယောက်တို့၊ ယွင်းဖောက် စိုးစိ၊ *ပြစ်ဆာယှိလည်း၊ ခံဘိ သည်းညည်း၊ ကျေးဇူး *ပည်း၏၊ ကောင်းနည်း မှတ်ယုံ၊ စွဲးယူ ထုံ၍့၊ *ဗြဟ္မဒတ္တ၊ ရှေးက မဟာ၊ မင်းမြတ်စွာသို့၊ မေတ္တာ အရင်း၊ ချစ် မကင်းဘဲး၊ ချစ်ခြင်းဟူသည်၊ ရွှေမ ဉ္ဇူနံ့၊ ထုံပျံ့ မခန်း၊ ချစ်ကြည် လန်း၍့။။ ချစ်ပန်း လှိုင်ကြစေကုန်လော့။ (၁၂)

(၁၈၂) ဆင်-မြင်း မှူးမတ်၊ ဝန်းပတ် ရံကာ၊ *အရာ ခြွေရွေ၊ တွင်းနေ ပြင်သား၊ ယောက်ျား မိန်းမ၊ ဟူသမျှအား၊ နှိုင်းဆ မြှော်ရှု၊ ခြီးမြှောက်မှုလည်း၊ နေရု ရွှေတောင်၊ ထူးမဆောင်ဘဲး၊ ရွှေရောင်ချည်းသာ၊ ထင်စေပါသို့၊ ပမာ မပြု၊ ရင့်-နု ငယ်-ကြီး၊ ဝေး-နီး တို-ရှည်၊ အရည်အချင်း၊ ဖျား-ရင်း ယုတ်-မြတ်၊ မျိုးဇာတ် ဇာတိ၊ အထူး သိလော့၊ ပုရိသတ္ထ၊ ဝိသေသကို၊ သားလှ သက်နှင်း၊ စစ်မကြွင်းနှင့်၊ “ဖြောင့်စင်း*ပ,လော၊ လူ့သဘောကား၊ *နက်ကျော မွေးတောင်၊ ကျီး ရာ-ထောင်တွင်၊ တကောင် အဖြူ၊ ရှာမူ ရဘို့၊ ခဲး၏့သို့ရှင့်၊ လူတို့နှိုက်မှ၊ ပညာရှိဟူ၊ တော်ဖြောင့်သူကို၊ ရှာမူ ထို့ထက်၊ ခဲးခက်မြို့၏၊”မင်းတို့နှိုက်ဝယ်၊ ရှုဘွယ် ကြပ်†ကြပ်၊ လူ သုံးရပ်တည့်၊ ကျဉ်း†ကျပ် ဆောင်ရွက်၊ *ရောင်းရင်းဘက်နှင့်၊ အသက် ကယ်သူ၊ ညှိုးပူ ဒုက္ခ၊ ယှိကာလက၊ မ,စသသူ၊ ညီ-ကူ ပင့်ထောက်၊ မင်းဖြစ်†မြောက်အောင်၊ တင်†မြှောက်သသူ၊ သုံးယောက်လူကို၊ ကြည်ဖြူ ဝမ်းတွင်း၊ ပစ် မကွင်းနှင့်၊ “အဆင်းမျှသာ၊ အပေါ် ဝါလျက်၊ နှုတ်လျှာ ပေါ့ဆန်း၊ လူ့ပေါက်ပန်းနှင့်၊ လူ့သဖန်းမျိုး၊ အတွင်းဆိုးကို၊ မြတ်နိုးမိငြား၊ ကျိုး မပွားဘူး၊ ပုဏ္ဏား ကေဝဋ်၊ အမာရွတ်သို့၊ တရားလွတ် စကားတတ်၊ ပေါက်လွှတ် နှုတ်လျှာ၊ ဆိုတတ်စွာတည့်၊ ပညာရှိ သူမိုက်၊ စရိုက် ကျင့်ဆိုး၊ ထိုလူမျိုးကား၊ ပြစ်ကျိုး မသိ၊ ပြုမိ ပြုရာ၊ ပြုတတ်စွာ၏၊”ဂုဏ်ဝါ ထူးခြား၊ ကျေးကျွန်များနှိုက်၊ ထောက်ထား ရွှေဉာဏ်၊ ရှု ဝေဘန်လော့၊ “မတန် အရာ၊ သဒ္ဓါ လွန်†မြောက်၊ ကျွန်ကို †မြှောက်က၊ †မျောက်ကို ချစ်ငြား၊ ခြူဆွဲး မှားသို့၊ နား မချမ်းသာ၊ ယှိတို့ရာ၏၊ ပညာနှင့်မျှ၊ ခြီးမြှင့်ကလည်း၊ စိတ်ချရခြင်း၊ မယှိလျှင်းဘဲး၊ မြင်း နောက်ပြန်စီး၊ ထီး ရှေ့က ကွယ်၊ ဆိုသဖွယ်သို့၊ ချလွယ် မြှောက်လွယ်၊ မပြုလွယ်ရာ၊ ရွေးချယ် စစ်ခြင်း၊ လစ်မဟင်းနှင့်၊”ခံတွင်း နှုတ်ပွက်၊ မမြွက်သည်သာ၊ မြွက်ပါတပြီး၊ မီးနှင့် လောဟီ၊ ဂေါသီစန္ဒကူး၊ ထူး၍့ ဧး-ပူ၊ ဟူတို့ပစေ၊ မြစ်ရေ ညာဆန်၊ သတ္တဗ္ဘန်က၊ ယုဂန် မြင်းမိုရ်၊ ကွဲး-ပြို *ခြအက်၊ တိုက် စက္ကဝါ၊ မြေကမ္ဘာလည်း၊ လံကာ ထက်-အောက်၊ ပြန်မှောက်စေမူ၊ အယူ မယုတ်၊ သူတော့်နှုတ်ကား၊ မဖြုတ် သစ္စာ၊ တော်တည့်ရာ၏၊ မှန်စွာ မယွင်း၊ နှလုံးသွင်းရှင့်၊ ရိုးရင်း ခ,ယမ်း၊ ကျွန်မှုထမ်းတို့၊ ပွဲးလမ်း ရသည်၊ ဂုဏ် စွမ်းရည်ဖြင့်၊ ဘွဲ့မည်နှင့် ထီး၊ စီးနင်း ဆောင်ရွက်၊ ခြေ ဆယ်ချက်မှ၊ မြင့်းထက် တင်ရာ၊ မြင်းဆယ်ခါမှ၊ ဆင်မှာ တင်ရ၊ အငယ်ကလျှင်၊ တစစ†ခြင်း၊ ကြီးစေလျှင်းသို့၊ †အချင်း သတ္တိ၊ စွမ်းရည်+ယှိတိုင်း၊ *ဆံ+ရှိမတွန့်၊ လက်ရုံး*ကွန့်လျက်၊ သက်စွန့် ကြိုးပမ်း၊ မှုတော်ထမ်းသည်။။ ပွဲလမ်း ပြိုင်ကြစေကုန်လော့။ (၁၃)

(၁၈၃) လက်ရုံး နှလုံး၊ မင်းသုံး ထိုက်တန်၊ သတ္တိမန်ဖြင့်၊ ဉာဏ်နှင့် ရဲးစွမ်း၊ ချင့် စုံစမ်းပြီး၊ မှုထမ်း ရာထမ်း၊ ဝေ ခွဲးခြမ်း၍့၊ ပွဲးလမ်း ရသည်၊ ဂုဏ်စွမ်းရည်တိုင်း၊ ဘွဲ့မည် သညာ၊ နေရာ ဆောင်ရွက်၊ နှစ်သက် ကြည်နူး၊ ခြီးကြူး မြှောက်ဘိ၊ ရှုမျှော်သိလော့၊ ထုံးယှိ စဉ်လာ၊ မဘောက်ရာဘူး၊ ကျွန်မှာ နေမျိုး၊ သား သတိုးနှင့်၊ မြတ်နိုး လွန်ချစ်၊ မြေး-မြစ်တို့မှာ၊ မဟာ တပ်မြဲး၊ မင်းရဲး တဘော်၊ ဆွေတော် မျိုးထူး၊ မြင်းမှူးရာနေ၊ အထွေထွေတည့်၊ စေ့ရေ မလပ်၊ ဘွဲ့မည် အပ်လော့၊ မင်းတပ် ရဲးတပ်၊ သမန်တပ်က၊ စသည်*တသွန်၊ ကျေးကျွန် သီးသီး၊ ထံတော်နီးနှိုက်၊ မတ်ကြီး မဟာ၊ နော်ရထာနှင့်၊ ဥစနာမည်၊ သက်တော်ရှည်ဟု၊ ဂုဏ်ရည် *ပိုင်းရဉ်၊ ချင့်နှိုင်းယှဉ်လျက်၊ နန်းစဉ် လက်စွဲး၊ အမြဲး ကိုင်-သုံး၊ ရှေးထုံး တန္တီ၊ ပဝေဏီနှင့်၊ ညီစေ မယွင်း၊ မင်းတို့ *တန်ထွာ၊ မပျောက်†ရာဘူး၊ အက္ခ†ရာ ရွှေမင်၊ မှတ်ထင် ဝေခွဲး၊ မလွှဲး ရှေးလမ်း၊ ရွှေစာတမ်းဖြင့်၊ မှီငြမ်းပြုငြား၊ မှူးမတ်အားလျှင်၊ ရွှေပြား ဘွဲ့ထူး၊ နဖူး ချည်ကာ၊ မြို့-ရွာ အုပ်သီး၊ သူကြီး *ကလန်၊ *သံပျင်*မွန်နှိုက်၊ စာချွန် အပ်ရိုး၊ နတ်*နိုး ယဉ်ရွ၊ ဒေဝီ စ,သား၊ နန်းသူများအား၊ ထူးခြား ရောင်လက်၊ ရွှေကွမ်းခွက်ဝယ်၊ တင်လျက် မြတ်နိုး၊ ဘွဲ့ပေးမျိုးတည့်၊ နန်းရိုး ဓမ္မတာ၊ မပျောက်†ရာဘူး၊ လယ်†ယာ မြေစား၊ ထိုသူများထက်၊ ရွာစား လွန်သာ၊ တဖြာ ထိုမှ၊ ဘွဲ့မည်ရတည့်၊ ဘွဲ့က တက်ပြန်၊ ဌာနန် နေရာ၊ လွန်မြတ်စွာ၏၊ ဂုဏ်ဝါ နိမ့်-မြင့်၊ အဆင့်ဆင့်တို့၊ ရှေ့နှင့် နောက်ထိုင်၊ အပြိုင် အခတ်၊ ယုတ်-မြတ် ဌာန၊ အနေ ချလျက်၊ ဝဏ္ဏ ကာလ၊ ခြားကြစေရာ၊ မလွန်သာဘူး၊ များစွာအပေါင်း၊ ဥက္ခောင်း ခြေ-လက်၊ မျက်စိ နား-နှာ၊ ကိုယ်အင်္ဂါတို့၊ နေရာ မမှတ်၊ ယုတ်-မြတ် မယှိ၊ မိမိတို့ကို၊ တူကြလိုဟု၊ ငြင်းဆို ဖြစ်ပွား၊ တရား ဥပမာ၊ ယူနည်းနာနှင့်၊ သညာ သညီ၊ ဂုဏီ ဂုဏ၊ မျှ-မမျှကို၊ သားလှ ရွှေဉာဏ်၊ ချင့် ဝေဘန်၍့၊ ဌာနန် ခြီးကြူး၊ ခန့် ရာထူးဖြင့်၊ တော်ဒူး စနည်၊ နှစ်မည် တင့်မော၊ ဘဝေါ တွင်း-ပြင်၊ ရွှေနန်းခွင်နှိုက်၊ ကောင်းကင့်ထက်ဝယ်၊ ကြီး-ငယ် တာရာ၊ ကြယ့်ပမာသို့၊ ရွေညီလာဝန်း၊ ရံကာ ထွန်းသည်။။ ဂုဏ်ရွှန်း မြိုင်ကြစေကုန်လော့။ (၁၄)

(ဤပိုဒ်တို့ကား 'ကမာလင်္ကာရ'မျိုးချည်းတည်း။)

(၁၈၄) တော်နေဒူးနှင့်၊ ရာထူး ဌာနန်၊ များကျေးကျွန်အား၊ ထုတ်တန် လျှောက်တန်၊ မလွန်အပ်စွာ၊ ချင့်*စာနာလော့၊ “ဆင်မှာ ဆင်ကြိုး၊ ကြက်ကြိုး ကြက်သာ၊ သင့်တန်စွာ၏၊ အရာ မတန်၊ အမြှောက်လွန်က၊ ကိုယ့်ကျွန် ကိုယ်ဖျက်၊ ကိုယ် နှိပ်စက်၍့၊ ကိုယ့်ကြက် ကိုယ်သတ်၊ ဖြစ်ရတတ်၏၊”မှူးမတ် မင်းဆွေ၊ မျိုးလေးထွေလည်း၊ အနေ မှတ်သား၊ ပိုင်းခြားနားလော့၊ “ဘုရားကား အောက်၊ မြောက်ကား အထက်၊ စည်းကမ်း ဖျက်၍့၊ ရိုးရွက် အုပ်ဖုံး၊ ကျင့်မသုံးနှင့်၊ ရှေးထုံး စဉ်လာ၊ ချင့်မှန်ရာ၏၊ ပမာ တဆစ်၊ စိုင်သေ ပစ်၍့၊ စိုင်သစ်ကို ရှာ၊ ဟူစပါသို့၊ နည်းနာ မပြောင်း၊ ကျေးကျွန်ပေါင်းနှိုက်၊ အဟောင်း ပစ်၍့၊ အသစ်ကိုသာ၊ မမြှောက်ရာဘူး၊ မြှောက်ပါချေမိ၊ ယုဒိဋ္ဌိလ၊ ပြည်ဣန္ဒနှိုက်၊ ကောရဗ္ဗမင်း၊ အကျိုး ယွင်းခဲ့၊ ဝမ်းတွင်း ပိုက်သို၊ လူဟူ့ဆိုက၊ ရုပ်ကို မကြည့်၊ စိတ်ကို ကြည့်လော့၊”သူ၏့သဘော၊ လိုက်လျော ပေါင်းသင်း၊ နှီးနှော†ခြင်းဖြင့်၊ အ†ချင်း ကျေးကျွန်၊ မာန်လွန်သော့အား၊ မလောက်*လားလည်း၊ သား*ဖြားလိမ္မာ၊ ပေး အရာနှင့်၊ သစ္စာဘွဲ့တည်း၊ မေတ္တာစည်းက၊ *ယမ်းပည်းစေတတ်၊ ကောင်းစွာ ညွတ်၏၊ “မှူးမတ် *ကလန်၊ ကျေးကျွန် သင်းပင်း၊ များတုံလျှင်းလည်း၊ ဆွေရင်း မျိုးရင်း၊ မယှိလျှင်းက၊ ကောင်းခြင်း မမည်၊ ကြာ မတည်ဘူး၊ အရှည် မခံ့၊ ဂုဏ်ညံ့ သိမ်ဖျင်း၊ တန်းခိုး ကင်းလိမ့်၊”ယင်းမှ အခြား၊ မင်းတပါးတို့၊ ညာထား ဒေဝီ၊ တဧကီဖြင့်၊ မဟေသီဟိတ်၊ ဘိသိက်ခံပြီး၊ မိဘုန်းကြီးက၊ သမီးကညာ၊ ရတနာမည်ထ၊ ဟူသမျှအား၊ နှိမ့်ချ ပယ်ခြင်း၊ မပြုလျှင်းလင့်၊ ကျေးရင်း ကျွန်ရင်း၊ သိမ်းမြန်း†ခြင်းဖြင့်၊ ချင်း†ချင်း ကြည်ညို၊ ချစ် မပြိုဘဲး၊ သင်္ဂြီုဟ် ပေါင်းရုံး၊ ချစ်ဆေးလုံး၍့။။ ချစ်ဆုံးတိုင်ကြစေကုန်လော့။ (၁၅)

(၁၈၅) နောင်ရင်း ညီရင်း၊ နွယ်မကင်းသား၊ သားချင်း မျိုးဘော်၊ အကျော် ထင်ရှား၊ ဆွေတော်များကို၊ တရား မပျက်၊ မေတ္တာ ဆက်၍့၊ မဖျက်ဆီးမှု၊ ခြီးမြှောက်ပြုလော့၊ “သူ့ကို ခြီး†မြှောက်၊ ကိုယ့်ဂုဏ်†မြောက်၏၊ ယွင်းဘောက်အလို၊ ဝန်မတိုနှင့်၊ သူ့ကို ဂုဏ်†နှိမ့်၊ ကိုယ့်ဂုဏ်†နိမ့်၏၊ စည်းစိမ့်အရာ၊ သူ့ချမ်းသာနှိုက်၊ ဣဿာ မပြု၊ ဝမ်းမြောက် ရှုလော့၊ သူ့ကို စောင့်မှ၊ သူက ကိုယ့်ကို၊ ကြည်ညို မေတ္တာ၊ စောင့်နိုင်ရာ၏၊” “ရှေးခါသော်က၊ သံဝရဟု၊ မင်းလှ ရွှေတုံး၊ အငယ်ဆုံးလျက်၊ နှလုံး မွေ့သိမ်၊ ရွှေအိမ် နန်းရိပ်၊ စိုးစံနှိပ်သော်၊ ကိုးကျိပ် ကိုးပါး၊ နောင်တော်များကို၊ ကျေးစား မဖျက်၊ ခြီးမြှောက်ချက်ကြောင့်၊ ဝန်းရှက် ပတ်ခြံ၊ စောင့်ရံ ညီညာ၊ ဘေးရန် ကာ၍့၊ ဗာရာပြည်ကြီး၊ ခိုင်စည်*ဖြီး၏၊” “တသီး ထိုမှ၊ ဂေါဝိန္ဒ၏့၊ သိဿ အရင်း၊ ရေဏုမင်းလည်း၊ သားချင်း ခြောက်ဘော်၊ ညီတော်တို့အား၊ ပြည်ထောင် ပွား၍့၊ မြှောက်စား ကိုယ်စီ၊ ဇမ္ဗူဒီကို၊ အညီ ဝေပြု၊ ခုနစ်စုဖြင့်၊ လှည်းဦ့း *တရ†ထည်၊ ခြောက်ပြည်†တည်လျက်၊ ပတ်လည် ရစ်ခြုံ၊ လယ် မဇ္ဈုံနှိုက်၊ ရွှေဘုံ*နက်သန်၊ရာဇဋ္ဌာန်ကို၊ တုတ်ခွန် ဆက်သွင်း၊ ဘေးကင်း ရန်ကွာ၊ ရံကြ ကာ၏၊”ပမာ ထို့လား၊ ဘ,ချစ်သားလည်း၊ တိုင်းကား ဇနပိုဒ်၊ နိုင်ငံတိုက်နှိုက်၊ ထိုက်လိုက် ခြားသီး၊ တပွင့်ထီးနှင့်၊ နောင်ကြီး ညီဘွား၊ ခြီးမြှောက်ထားလျက်၊ ဘေးတား ရန်ကွယ်၊ ရပ်ရှစ်†နယ်က၊ တောင့်†နှယ် သီးသီး၊ ရံ ကာဆီး၍့။။ ပြည်ကြီး ခိုင်ကြစေကုန်လော့။ (၁၆)

(၁၈၆) ထိုမှ တခင်း၊ မှတ်ဘွယ် လင်းပိမ့်၊ မင်းတို့ ကျင့်လေ့၊ ပြကတေ့ကား၊ “ထန်စေ့ တနှုန်း၊ ပေ-အုန်း အတူ၊ မဟူတုံငြား၊ ညောင်စေ့လားသို့၊ ကြီးပွားစေရာ၊ ပြုအပ်စွာ၏၊ လိမ္မာ ကျင့်ရေး၊ များ ကျွန်ကျေးအား၊ ပေးပေး ကမ်းကမ်း၊ လွေ့လွေ့†ရမ်းလော့၊ ခ†ယမ်း ကြည်ညို၊ သူတို့ကိုလည်း၊ ပြစ်လို ဝမ်းတွင်း၊ မရှုလျှင်းနှင့်၊”ဆင်-မြင်း ရထား၊ ဘိုးများ ကမ္ဗလာ၊ သိခဲးစွာကို၊ ပညာ ထူးမြတ်၊ သိနိုင်တတ်သည့်၊ ရာပြတ် သုခမိန်၊ မတ်ကဝိန်အား၊ နှိုင်းချိန် မဆ၊ လေးကြိမ်ကျအောင်၊ မလှ နည်းပါး၊ သပြာအားဖြင့်၊ ရှစ်ပြားမျှသာ၊ ပေးတတ်စွာသည်၊ “ဆတ္တာသည့်သား၊ မင့်းအလားသို့၊ ဂုဏ်အား ထိုက်လျော်၊ မမြော် မထောက်၊ ခြီးမြှောက်*မဲ့ခြင်း၊ မပြုလျှင်းနှင့်၊ မင်းတို့ရေးရာ၊ ဆောင်သော့ခါလည်း၊ ပညာ သတိ၊ ယှိသူနှင့်သာ၊ တိုင်ပင်ရာ၏၊ ပညာ မရှိ၊ သတိ*မဲ့ငြား၊ သူတို့များကား၊ စဉ်းစား ရေးခွင့်၊ မြော်မချင့်ဘူး၊”*ယခင့် ရှေးဟို၊ လိပ်ကို ရေလွှတ်၊ ထိုအမတ်သို့၊ ကြောက်တတ်သသူ၊ ကြောက်ရေးယူ၏၊ ရဲးမူ ရဲးကိုး၊ ရဲးစွတ်ထိုး၏၊ ကြောက်ကိုး ရဲးကိုး၊ ထိုနှစ်မျိုးလည်း၊ အကျိုး မလှ၊ ပျက်ကြောင်းမျှတည့်၊ “စိတ်က ထင်ရာ၊ ပြုတတ်စွာသည့်၊ ပညာ ကင်း-ချို့၊ ထိုသို့လူတွင်၊ လူသမင်အား၊ စီရင် မှုခင်း၊ မစုနှင်းနှင့်၊ နီးရင်း ကပ်ရံ၊ မင်းတို့ထံနှိုက်၊ စီမံ ခန့်ထား၊ မတ်ယော†က်ျားကား၊ မြင်†ကြား ယှိခြင်း၊ အဆင်း အကျင့်၊ ရဲးရင့် လုံ့လ၊ ကိစ္စ ပြီးစီး၊ အားကြီး ခိုင်မာ၊ ဥစ္စာ မမက်၊ ရှစ်ချက် အင်စုံ၊ *ကုံလုံပြည့်သူ၊ ထိုသည့်လူကို၊ ကောက်ယူ ရွေး†ချယ်၊ ဗောင်း စလွယ်နှင့်၊ စီ†ခြယ် ထီးဓား၊ ရာ မြှောက်စား၍့၊ ထံပါး တွင်း-ပြင်၊ ညီလာခွင်နှိုက်၊ ထွက်-ဝင်စေမှု၊ မင်းသုံးပြုလော့၊”ပြည်သူ့အ†ကျိုး၊ ရွက်ဆောင်†ကြိုး၍့၊ မညှိုး မဟုတ်၊ အားထုတ်နိုင်ငြား၊ မတ်ကြီးများမူ၊ ထင်ရှား ကျော်*ဝှန့်၊ ဂုဏ်ရောင်*ကွန့်သား၊ လေးကျွန်း့ ထိပ်မို၊ ရပ်*နဂိုရ်ဝယ်၊ ကုက္ကို သပြေ၊ ထိမ်-ပဒေဟု၊ လေးထွေ ကြီးမား၊ သစ်*ကျိုင်းလားသို့၊ နောင်ဘွား မှတ်ပြု၊ ပိုင်းခြား ရှုမှ၊ အစု အသင်း၊ အတွင်းနှင့် ပြင်၊ မြင်း-ဆင် လက်နက်၊ အောက်-ထက် ဘဏ္ဍာ၊ ရတနာရွှေတိုက်၊ သိမ်းပိုက် ပြည်လုံး၊ ပြည့်လက်ရုံးဟု၊ ရှေးထုံး နန်းရိုး၊ ဂုဏ်မညှိုးအောင်၊ သတိုး မဟာ၊ ဘွဲ့ကြီးစွာဖြင့်၊ နေရာ အပြိုင်၊ စဉ်ကာ ပိုင်လျက်၊ ရွှေတိုင် ကိုယ်စီ၊ ဇာကတ္တီ တင့်မွှန်း၊ မှီအုံးဝန်းနှင့်။။ *လွှတ်ကွန်း ထိုင်ကြစေကုန်လော့။ (၁၇)

(၁၈၇) ပြည်သူ့အကျိုး၊ မညှိုးယုတ်ရာ၊ ကြောင်းတဖြာလည်း၊ သေနာဓိပတ်၊ ရာထူးမြတ်သား၊ မတ် စစ်သူကြီး၊ *ဗိုလ်မျာ့း ထီးဟု၊ မြှောက်ခြီး ထိုက်တန်၊ တဘက်ရန်ကို၊ တွန်းလှန်နိုင်စွာ၊ ဉာဏ်ပညာဖြင့်၊ အောင်ရာ အောင်မြေ၊ ခြေနေ သိခြင်း၊ အခင်း မသာ၊ စစ် ဆုတ်ခွါလည်း၊ ကောင်းစွာ စောင့်လျက်၊ ကိုယ့်ရဲးမက်ကို၊ ငဲ့ကွက် ရင်တန့်၊ မစွန့် မခွဲး၊ ဆင်းရဲး ချမ်းသာ၊ မကွာမျှနိုင်၊ ခံ့ခိုင် ခွန်အား၊ စွမ်းပကားနှင့်၊ ယောက်ျားသတ္တိ၊ ဆင်ရှိ ကြီး†ကျယ်၊ ကံသုံးသွယ်လည်း၊ စင်†ကြယ် ကျင့်ကောင်း၊ ကျမ်းဟောင်း ဗျူဟာ၊ ကျွမ်း လိမ္မာလျက်၊ သေနာ စစ်သား၊ မရိရှားအောင်၊ ဉာဏ်သွား စီရင်၊ ထူးအမြင်က၊ ရဲးအင် *မနုံ့၊ ရဲးလုံ့ ရဲးလ၊ ရဲးမချသား၊ ကိုးဆ မယွင်း၊ ဂုဏ် နဝင်းနှင့်၊ ပြည့်လျှင်းတုံငြား၊ မတ်ယောက်ျားတည့်၊ နတ်လား တူ†ယောင်၊ တွေ့မရှောင်လျှင်၊ ရဲး†ရောင် မာ*ကျန်း၊ သံကို သွန်းသို့၊ တု*ကျွန်း ဘက်ကွေ၊ သူ့စစ်†ခြေကို၊ ဖျက်†ချေ ဖြိုခွင်း၊ နှိပ်နင်းနိုင်ရှောင်း၊ တယောက်ကောင်းက၊ တသောင်း ရန်ပြို၊ ဆိုသော့အလား၊ သကြား လက်ချိန်၊ ဝရဇိန် မိုဃ်းကြိုး၊ ထိပ်ထက် မိုးလည်း၊ ရွံ့စိုး မဖြုံ၊ ညှိုး မကြုံဘဲး၊ ရေးပုံ လိမ္မာ၊ ထူး ဂုဏ်ဝါနှင့်၊ မဟာဆွေတော်၊ မျိုးဘော် နွယ်မြိတ်၊ ကျော်ဟိတ် သတင်း၊ တပြည် ချင်းသည့်၊ ထံရင်း မှု*ကုံ၊ ကျွန်ယုံယောက်ျား၊ မတ်ကြီးအားကို၊ ကိုယ်စား တသီး၊ စစ်သူကြီးဟု၊ ခန့်ပြီးတုံလျက်၊ ပြည့်တဝက်ဖြင့်၊ လက်နက် ကံကျွေး၊ ခြီးမြှောက်ပေး၍့။။ ပြည်ရေး ပိုင်ကြစေကုန်လော့။ (၁၈)

(၁၈၈) တကြောင်း မှတ်ဘွယ်၊ မင်းတို့ဝယ်တည့်၊ သက်လယ် သားမြတ်၊ အထူး မှတ်လော့၊ သဿမေဓ၊ ရသည့် သပြာ၊ ထိုဥစ္စာနှင့်၊ စဏ္ဍာလခွန်၊ *တသွန် မထွေး၊ သူဌေး သူကြွယ်၊ ကုန်သွယ် ပွဲးတည်၊ အသည် ကပ္ပါး၊ ထိုသူများက၊ ရငြား တဘော်၊ ခွန်သီးတော်ကို၊ မလျော်တုံမြို့၊ မင်းတို့*တန်ထွာ၊ မသုံးရာဘူး၊ မှန်စွာ မသွေ၊ သဿမေကို၊ ရွှေပြည် တိုင်းမှု၊ တခုခုတိ၊ ပေါ်ပြု ရှုပ်ထွေး၊ စစ်ရေး မက်ရေး၊ အရေး ယှိရာ၊ စစ်ရိက္ခာဘို့့၊ သေနာပတိ၊ ပြည်ကြီ့း စွယ်-သွား၊ ဝန်ကြီးများနှိုက်၊ ပိုင်းခြား မကြွင်း၊ စားရင်းချုပ် ကျယ်၊ လွဲးပယ် သေချာ၊ အပ်ထားရာ၏၊ စဏ္ဍာလ ငါး၊ အစို့များက၊ ရငြား တမည်၊ အခွန်သည်ကား၊ တပြည် တစံ၊ တနိုင်ငံက၊ သံကို ကျွေးမွေး၊ ပေးကမ်းဘို့ရန်၊ အရွတ်ဝန်သို့၊ မကျန်စေငှာ၊ အပ်ထားရာ၏၊ စျေးနာ*ခပင်း၊ ကင်းသင်း ကူးတို့၊ စို့စို့ ဝဝ၊ သူဌေး စသား၊ အသည်များက၊ ဖြစ်ပွား သိုမှီး၊ ခွန်သီးတော်မှာ၊ ကောင်းစွာ ရှုမျှော်၊ ရွှေမြို့တော်၏့၊ လေးဘော် ရပ်ခွင်၊ ကျုံး ပစ္စင်နှင့်၊ လမ်းပြင်ကိစ္စ၊ ယှိသမျှနှိုက်၊ သုံးရ မလွန်၊ အသည်ဝန်အား၊ မမှား မှန်စွာ၊ အပ်ထားရာ၏၊ တဖြာ ထိုမှ၊ ကောက်ရ ထုံးစံ၊ ဝတ္ထုကံ ထွက်၊ ခွန်ဆီနက်ကား၊ ယွင်းပျက် ဂူ-ကျောင်း၊ စေတီဟောင်းကို၊ သစ်လောင်း ပြုရန်၊ ဆိုင်ရာဝန်နှိုက်၊ ချင့်မှန် ကောင်းစွာ၊ အပ်ထားရာ၏၊ မင်္ဂလာကျော်ဟိုး၊ ရွှေနန်းရိုးတို့၊ အုပ်စိုး လုပ်ဆော်၊ လယ်ပယ်တော်က၊ ရသည် ပုံ*ဖြီး၊ ခွန်တော်သီးနှင့်၊ နန်း-ထီး ထောင်ပွား၊ စော်ဘွား မြို့စား၊ တပါးတိုင်းနေ၊ ပဒေသရာဇ်၊ မင်းစစ်တို့မှ၊ ဆက်လာသ,သည့်၊ ထိုမျှ ဥစ္စာ၊ ရတနာဖြင့်၊ ရာဇာ မင်းမြတ်၊ သမ္မုနတ်တို့၊ ထိမ်းမှတ် ဓမ္မတာ၊ သုံးဆောင်ရာ၏၊ သပြာ ချိန်စင်း၊ တောင်း-တင်း မူး-ပဲ၊ အကဲး အရည်၊ စိတ်-ပြည် ကွမ်းစား၊ စသည်များကို၊ မင်းဖျား ပရမေ၊ *စောဘုန်းဝေနှင့်၊ မဟေ ညာရံ၊ ရွှေနန်းစံတို့၊ နာခံ စစ်ဆေး၊ မေးမြန်း လေ့လာ၊ မပြုရာဘူး၊ ရာဇာက္ကမ၊ ကျမ်းပြ ဘော်ရုံး၊ နန်းစဉ်ထုံးဖြင့်။။ လက်သုံး ကိုင်ကြစေကုန်လော့။ (၁၉)

('သော်တာရောင်၊ ပေါက်ပြ'ချည်း)

(၁၈၉) ဘုန်းနှင့် သမ္ဘာ၊ ထက်ကြပ်ပါကြောင့်၊ နေအာဒိစ်မျိုး၊ ကမ္ဘာစိုးနှိုက်၊ နွယ်ရိုး မပျက်၊ သန္ဓေသက်လျက်၊ နန်းဆက် မတိမ်၊ မြောက်စံအိမ်ဝယ်၊ စည်းစိမ် အသင့်၊ ဘုန်းပန်း ပွင့်၍့၊ ဘ,ခင့် ညာမောင်း၊ တု*မဲ့ကြောင်းဖြင့်၊ မင်းလောင်းပီပီ၊ ရိုး-ရွက်နီနှင့်၊ သိင်္ဂိ ရွှေချက်၊ ကျိုင်း ခြောက်လက်တိ၊ ရွှေရွက် ဝင်းဝင်း၊ ထီး လေးစင်းကား၊ ခင်းကျင်း ပြောင်ပြောင်၊ ရှေ့ဆောင်†ယောင်ပြီး၊ နေ†ရောင် ကာရိုး၊ ထိန်ထိန်ပြိုးအောင်၊ ဆောင်မိုး လှစ်ဘွင့်၊ နတ်တ*မြှင့်သို့၊ လေးဆင့် ရွှေထီး၊ မင်းဖြစ်နည်းဟု၊ မြှောက်ချီး လူ*ဗိုလ်၊ လွန်ကြည်ညိုလျှင်၊ ခေါ်ဆို အညီ၊ ဂုဏ်-ရာသီကြောင့်၊ သမီပတ္ထ၊ ဝါစကဖြင့်၊ ဥပရာဇာ၊ နွယ် သညာနှင့်၊ ဘ,ရာ နန်း*ရိုက်၊ ခံလာထိုက်သည့်၊ နန်း*ကိုက် မင်းညှောက်၊ သား ဘုန်းတောက်။။ ရွှေမှောက် ဘုရင်၊ ပြည်ကြီးရှင်တို့၊ *ဥကင် *ကြငှန်၊ ဘွင့် စံမြန်း၍့၊ ရွှေနန်း သိမ်းယူ၊ စိုးထိုင်မူက၊ ပြည်သူ*ခပင်း၊ ရံရွေသင်းနှိုက်၊ လ,မင်းအတူ၊ ရန်သူတို့ဝယ်၊ နေမင့်းနှယ်တည့်၊ ကျင့်ဘွယ် အထူး၊ ဂုဏ် နှစ်ဦးကို၊ မကျူးစေရ၊ လူထိုမျှအား၊ ဒေါသ မဝေ၊ *မွန်ငံချေလော့၊ ထီးရွှေ နန်းရံ၊ နိုင်ငံစိုး ချင်း၊ ပြည်ထောင်မင်းတို့၊ မာတင်းတုံရှောင်း၊ မညွတ်ပျောင်းလည်း၊ ထုံးဟောင်း လိမ္မာ၊ မင့်းမာယာဖြင့်၊ ဆွေဉာ နီးပါး၊ မြိတ်စွန်းများနှင့်၊ သာ*ဖြားသမှု၊ သူကောင်းပြု၍့၊ သက်စုရတ†နာ၊ ပ†ဏ္ဏာ ဆက်*ညောင်း၊ မာန် ညံ့ပျောင်းလျက်၊ ဥက္ခောင်း ညွတ်လည်း၊ *ယမ်းပည်း ရိုသေ၊ ကျွန်ခံစေလော့၊ တထွေ ထိုမှ၊ “လောဘကြီးသူ၊ လူတို့အားမှာ၊ ဥစ္စာ ပေးကမ်း၊ ကြမ်းတန်း မျက်ဆူ၊ ထွက်တတ်သူကို၊ ကြည်ဖြူ ဝမ်းတွင်း၊ နှုတ်ညှင်း သာယာ၊ ဝါစာ ပိယ၊ ဗာလကိုကား၊ လိုလိုက် *ဖြားလျက်၊ တရား မြင်-သိ၊ ပညာရှိမှာ၊ မှန်ကန်စွာဖြင့်၊ လိုရာကိစ္စ၊ ဆောင်နိုင်ကြဟု၊ ရှေးက နီတိ၊ ကျမ်းလာယှိတိုင်း၊ အသိ မဝေ၊ မှန်စေ တည့်တည့်၊ ဉာဏ်ဖြင့် ကြည့်၍့၊ ရွှေပြည့် ချမ်းသာ၊ ပွားကြောင်း ရှာလျက်၊ ပညာ ရှေ့ထား၊ မေတ္တာအားဖြင့်။။ တရား မသေရစ်စေနှင့်။”(၂၀)

(၁၉၀) နေမင့်းသ †ဖွယ်၊ မင်းတို့ဝယ်တိ၊ ကျင့်†ဘွယ် အထူး၊ တောမြိုင်ဦးတွင်၊ ဘီလူး စေနဲး၊ သဘက် ရဲးနှင့်၊ ဘက်တွဲး သတ်ပုတ်၊ ပ ဉ္စာဝုဓ်သို့၊ မဆုတ်*ခိုင်†ကျည်၊ ရဲးတည်†ကြည်လျက်၊ ရဲးရည်တု*ကျွန်း၊ ရဲးမာ*ကျန်းလော့၊ မြတ်မှန်း မသိ၊ ဒိဋ္ဌိစရိုက်၊ အလွန်မိုက်သား၊ ရက္ခိုက် မိ†ကျောင်း၊ သူမကောင်းတို့၊ သေ†ကြောင်းမူ+ကြ၊ လက်တွင်းကျလည်း၊ ခဏ*လျင်ခုပ်၊ တင်္ခဏုပ်ဖြင့်၊ လက်ဆုပ် ဖြေဖြန့်၊ အခန့်မျှတည်း၊ *ရုတ်ခြည်း ရာ-ထောင်၊ မကအောင်လျှင်၊ ကြံဆောင် ပရိယာယ်၊ ရွှေဉာဏ် သွယ်၍့၊ အန္တရာယ် လွတ်ရှင်း၊ သေဘေး ကင်းသည့်၊ မျောက်မင်း ကဝိန်၊ ဝါနရိန်သို့၊ ဝရဇိန် *နှင်းပန်း၊ ဉာဏ်ရောင် ထွန်းလော့၊ မျက်ကာန်းသဖွယ်၊ သူမိုက်ကျယ်တို့၊ ပျက်ပြယ်စလျဉ်း၊ ဘုန်းလက်*စဉ်းကို၊ *စေ့ချဉ်းကပ်ဘိ၊ မှန်း မသိက၊ မိုက်မှိ မိုက်မှား၊ စမ်းလိုငြား၏၊ တရား မမြော်၊ သူမတော်အား၊ ကြမ့်းသော် ကြမ်း†ချင်း၊ တင်းသော် တင်းလျက်၊ ရဲး†ခြင်း ရေးယူ၊ စမ်းလော့ဟူ၍့၊ စိန့်တူ မာ*ကျန်း၊ လက်ရုံး တန်းလော့၊ ပြညွှန်း ကျမ်းလာ၊ ရှေးသော့ခါက၊ တေဇာ ပြင်းရှိန်၊ မိဂိန္ဒြ၊ သားမျာ့းဘုရင်၊ မစားချင်၍့၊ လမ်းတွင် တွေ့ငြား၊ ရှောင်ကာသွားသော်၊ ငါ့အား မဘောက်၊ ခြင်္သေ့ ကြောက်ဟု၊ *မလောက်မလေး၊ သေဘေး မသိ၊ မိုက်မိ မိုက်မဲး၊ အတင့်ရဲးသည့်၊ ဝက်မွဲး၏့နှယ်၊ ရန်စရှယ်ရှင့်၊ *ပေါယယ် ထိုထို၊ လူ*ဗိုလ် အယှိ၊ များ*အချိလည်း၊ သတ္တိဗလ၊ စွမ်း ထာမကို၊ မပြ မသိ၊ ပြမှ သိ၏၊ သိမှတ် ထိတ်လန့်၊ ရွံ့ကြောက် ခံ့၏၊ ခံ့မှ ရိုသေ၊ ရိုသေသော်သာ၊ လိုက်နာ ရွှင်လန်း၊ ကျင့် ဖြောင့်တန်း၏၊ တိုင်းခန်း ကျယ်ကြောင်း၊ ချဲ့လိုရှောင်းက၊ စစ်ခေါင်းဟူပြီး၊ စစ်သူကြီးနှင့်၊ *အတီး နာဂတ်၊ ဆုံးဖြတ် ဆင်ခြင်၊ ရှုမြင်တတ်စွာ၊ ဆရာ ပဏ္ဍိ၊ စစ်မျက်စိဆို၊ သူလျှို စစ်နား၊ စစ်အား ဗိုလ်သင်း၊ စစ်ခံတွင်း တမန်၊ မှတ်ရန် တသွယ်၊ စစ်စွယ် မတ်ရဲး၊ တကွဲး ခြေသည်၊ တွင်မည် စစ်ခြေ၊ တထွေ မှတ်ချက်၊ လက်နက် ကိရိယာ၊ စစ်အင်္ဂါတည့်၊ ရှစ်ဖြာ အပုံ၊ အင် ပြည်စုံမှ၊ ရွှေဘုံ တိုင်းနယ်၊ ချဲ့တိုင်း ကျယ်ရှင့်၊ အစွယ် ခြေအား၊ နားနှင့် မျက်စိ၊ စယှိအပေါင်း၊ ပြတ်*မတောင်းသည်။။ ခေါင်းလည်း မကြွေရစ်စေနှင့်။ (၂၁)

(ဤပိုဒ်လည်း 'သမာနရူပပဟေဠိ အတ္ထာလင်္ကာရ'မျိုးပင်တည်း။)

(၁၉၁) လူမျာ့း စော †ဓီး၊ ရိပ်ဖြူ†ထီးနှင့်၊ ဆော်†တီး ရွှေစည်၊ နန်းပွဲ တည်၍့၊ ရန်နည် ပရဘူ၊ ရာဇူသဘ၊ နရိန္ဒဟု၊ နရ ဓိပတိ၊ မြတ်ခေါင်ထိသည်၊ ပြည်ကြီ့း သင်္ကျစ်၊ မဟာရာဇ်တို့၊ စင်စစ် ဝမ်းဝယ်၊ မှတ်စဘွယ်တိ၊ အကယ် ထင်ရှား၊ သိကြား တည်လစ်၊ ပြည်ပင် ဖြစ်လည်း၊ မစစ်မဆေး၊ မှုအရေးနှိုက်၊ မ*လေး မနာ၊ သူမြတ်စွာနှင့်၊ “ရတနာ သုံးပါး၊ ဥစ္စာများကို၊ သုံးစား သိမ်းယူ၊ လုယက်မူဖြင့်၊ ပြည်သူ မင်းတို့၊ ချွတ်ယွင်း မှောက်မှား၊ ဘောက်ပြားကုန်လျက်၊ တရား ပျက်သော်၊ ဆက်ဆက် ထိုပြည်၊ ပျက်အံ့သည်တည်း၊ မစည်မ†ကား၊ မထွန်း†ကားဘူး၊ တိုင်း†ကား သုန်ဖျင်း၊ ဘုန်းဂုဏ် ကင်း၍့၊ မင်းလည်း ညှိုးငယ်၊ တန်းခိုးပြယ်လိမ့်၊”မပယ် မှတ်စွဲး၊ အမြဲး ရှု†မျှော်၊ ကြံ တွေးခေါ်လျက်၊ ရှေ့†မြော် နောက်မြင်၊ ပညာ့ရှင်တို့၊ လျှောက်တင် ရေးရာ၊ ပြည်ကြီး သာအောင်၊ လိုက်နာသမှု၊ အလေးပြု၍့၊ စာဥဒေါင်းအုပ်၊ ပိုက်ထုပ်သော့လား၊ ပြည်သူ့အားလျှင်၊ ငါ့သား ငါ့နှယ်၊ ဘုန်းရိပ်ကွယ်လော့၊ *နှီးနွယ် ရှာရှာ၊ ဆုံးမ နာလျက်၊ ရာဇာဟူက၊ ပြည့် မိ-ဘ,သို့၊ ပြည်-ရွာ့ကိစ္စ၊ ဆောင်ကြရ၏၊ မာဃစန္ဒီ၊ အာလမ္ဗီက၊ ဒေါဒေါရနှင့်၊ ခဆပ ဉ္စာ၊ သင်္ချာ နှစ်စု၊ ဗသျှု ဆိဒြ၊ မုနိ စသား၊ သက္က ဖြိုလောက်၊ ကိန်းခန်း ရောက်သော်၊ မဘောက် ဖြိုမြဲး၊ မဖြိုလွဲးက၊ ပြည်ထဲး ဥပဒ်၊ များတတ်သောဟူ၊ ဖြိုမူ မယွင်း၊ ထိုနှစ်တွင်းဝယ်၊ ထိုမင်း မလွဲး၊ စုတိမြဲးတည့်၊ သို့ဘဲးတစိ၊ ဟူတုံဘိလည်း၊ ပြည့်မိ ပြည့်ဘ၊ ဖြစ်ကြသော့အား၊ တရား မပျက်၊ ကိုယ့်အသက်ကို၊ ငဲ့ကွက် မပြု၊ ပြည်သူ့ ချမ်းသာ၊ ဆောင်ကြစွာ၏၊ ပမာ မခြား၊ ဘ,ချစ်သားလည်း၊ မမှား ထို့နှယ်၊ ပြည်ကျိုး သယ်လော့၊ ဘသွယ် ထိုမှ၊ နေ-လ-ဂြိုဟ်သွား၊ ဖြောင့်သား တဖြာ၊ မိုးမှန်စွာနှင့်၊ သြဇာ တက်*ဖြိုး၊ သီးမျိုး *ပေါယယ်၊ အန္တရာယ် ကင်းငြိမ်း၊ *မုဒိမ်း မထွက်၊ စစ်မက်လည်း ကင်း၊ ချင်းချင်း ညီညွတ်၊ ဖြောင့်မက် တရား၊ သုံးပါး ရတနာ၊ ရိုသေစွာလျက်၊ သင်္ဃာ ရဟန်း၊ စောင့်မှန်း အကျင့်၊ ဤဆယ်ဆင့်ကား၊ လင်းပွင့် တိုင်းပြည်၊ သာကြောင်း မည်၏၊ တတည် မှတ်†ရာ၊ ကျမ်းအလာဖြင့်၊ “လယ်†ယာလုပ်မျိုး၊ ပြည့်*ဖြိုး *ပြောစည်၊ ကုန်သည် *ဖြင်ပေါ၊ သဘော ကျင့်မြတ်၊ မှူးမတ် *ပည်းဖြင်၊ ကြား-မြင် သုတ၊ သီလယှိမှန်း၊ ရဟန်း သင်္ဃာ၊ အရိယာ များပြား၊ ဤလေးပါးလည်း၊ တိုင်းကား ရွှေပြည်၊ သာကြောင်း မည်၏၊ ယင်းသည် လေးပါး၊ ဆယ်ထွေပြားဖြင့်၊ တည်ကြား ခ†ရိုင်၊ မယိမ်း†ယိုင်ဘဲး၊ ကြံ့ခိုင် ကျေးလက်၊ အိမ်ခြေ ရှက်မျှ၊ ကိုင်းခက် *စည်ဖြီး၊ ညောင်ပင်ကြီးသို့၊ ပွားစီးစိမ့်ငှါ၊ စောင့်ရှောက်ရာ၏၊ ပဏ္ဏာ တုတ်ခွန်၊ ရတိုင်း လွန်အောင်၊ သား*မွန် လိုကြူး၊ ပြည်ညွန့်ဖူးကို။။ မခူး မ†ချွေရစ်စေနှင့်။”(၂၂)

(၁၉၂) ရွှေရည် သားချစ်၊ နေမျိုး စစ်သား၊ နေမြစ် နွယ်ရိုး၊ မောင်သတိုးလျှင်၊ ဘိုးတော် မင်းကောင်း၊ ဘေးလောင်း မြတ်စွာ၊ ရှေးရာဇာတို့၊ မဟာသုဒဿန၊ မန္ဓာတ် စသား၊ စကြဝတေး၊ လေးကျွန်း သင်္ကျစ်၊ ဧကရာဇ်*တကာ၊ ကျင့်အပ်စွာကို၊ ဝံသာနုရက်၊ မပျက်စိမ့်ငှာ၊ ကျင့်ရာ အရိုး၊ ကျင့်ဆောင် †ကြိုး၍့၊ ပြည်†ကျိုး မြှော်ကာ၊ ပြည် သာ+ယာအောင်၊ မှူး+ရာ မတ်ပုံ၊ နန်းရွှေဘုံထက်၊ ဝန်းရုံ မကွာ၊ စံ ချမ်းသာလျက်၊ သဒ္ဓါ ပညာ၊ သမာ ဝီရိ၊ စောင့်းနှယ် ညှိလော့၊ “လောကီ့ ဓမ္မတာ၊ လူတို့မှာလျှင်၊ သဒ္ဓါ*မဆွန့်၊ ကွန့်၍့ ဖြိုးဝှန်၊ ဉာဏ် မလွန်နှင့်၊ သား*မွန်လိမ္မာ၊ ဤအရာနှိုက်၊ ပညာ မဘက်၊ သဒ္ဓါ ထက်က၊ နက်၏့ ဆင်းရဲး၊ အမြဲး မှန်စွာ၊ သဒ္ဓါ *နုန့်ဆွန့်၊ တွန့်၍့ ဉာဏ်ကွန်၊ ပညာလွန်သော်၊ ဝင်္ကန် ကောက်ကျစ်၊ ကျိုး မဖြစ်ဘူး၊ စင်စစ် ထိုပြီ့း၊ သမာဓိ များ၊ ပျင်းရိ ပွား၏၊ အားထုတ် လွန်က၊ ပြန့်တတ်စွရှင့်၊ ဝီရိယ ဆိုး၊ ညဉ့်ကို နိုးမူ၊ သူခိုး ဖြစ်တတ်၊ ဟူတုံလတ်၏၊ မပြတ် စိတ်က၊ သတိ မ,လော့၊ ညီမျှသော်သာ၊ ကျိုး ထင်ရာခဲ့၊ သေချာ မှတ်-သိ၊ မလွန်ဘိနှင့်၊ ဉာဏ်ယှိယောက်ျား၊ မှားလတ်သော့ခါ၊ ဆေးလွန်နာကို၊ ဆရာ နောက်ဆက်၊ အကုခက်သို့၊ ဖျက်၍့အမြဲး၊ ပြင်နိုင်ခဲး၏၊”ထူးကဲး လက္ခဏာ၊ ဆာ့းပမာလျှင်၊ ဟင်းလျာတိုင်း ညှိ၊ ကျေးဇူးယှိသို့၊ သတိ မှန်တိုင်၊ မလွန်နိုင်ငြား၊ ဤတရားကို၊ ငါ့သား မင်းစစ်၊ မလစ်ရစ်နှင့်၊ ပိုင်းဆစ် နှိုင်းဆ၊ ရှု*ကုံငလျက်၊ “လယ်က တည့်တည့်၊ ရေပြည့်အိုးကြီး၊ ခံတုံပြီးမှ၊ ချည်းနှီး ထောင်-သောင်း၊ အိုးငယ်ပေါင်းတို့၊ လောင်း၍့ မပြည့်၊ ဆိုတုံ၏့သို့၊ ချည့်နည့် ပြည်သူ၊ ဗိုလ်လူ*ခပင်း၊ မင်းတိုက်တွင်းသို့၊ ခွန်သွင်း မပြီး၊ ပြည် ချည်းနှီး၍့၊ ပြည်ကြီး နစ်နာ၊ မသာ†ယာအောင်၊ လို†ရာ ခွန်တုတ်၊ ကုတ်ကုတ် ကျစ်ကျစ်၊ မညှစ်†ဖျစ်နှင့်၊ မင်း†ဖြစ်ဟူထ၊ ပြည့် မိ-ဘ,တည့်၊ ဌာန တပါး၊ ပြည်သူ့အားလည်း၊ ပိုက်*ဖြား သာ†ယာ၊ နှစ်သိမ့်†ရာ၏၊” “တောမှာ နေကျင်၊ တောသမင်လျက်၊ ပျားလူးမြက်နှင့်၊ နှစ်သက်စေမှု၊ ဖြားယောင်းပြုက၊ ဥယျာဉ်သည့်နောက်၊ နန်းတွင်း ရောက်အောင်၊ ကောက်ကောက်ပါစွ၊ လက်တွင်း ကျ၏၊”သားလှ သက်မျှ၊ ပြည့်ကိစ္စကို၊ နေ့-ညမဟူ၊ လုံ့လမူလော့၊ ဗိုလ်လူ ဝေး-နီး၊ ခေါ် ကောင်းခြီးနှင့်၊ ပြည်ကြီး *တြင်း၊ ပြည့်သတင်းကို။။ မဖျင်း မလေရစ်စေနှင့်။ (၂၃)

(၁၉၃) “မင်းတည်းဟူ†က၊ ဤလော†ကနှိုက်၊ ပြည့်ဘ ပြည့်မိ၊ မည်ဘိသမှု၊ လုံ့လပြု၍့၊ မြှော်ရှု *စာနာ၊ မလစ်ရာတည့်၊ ပြည်-ရွာ ကျိုးကြောင်း၊ ဆိုး-ကောင်းစကား၊ ရှိတိုင်း ကြားအောင်၊ မင်းနားတထောင်၊ ဆိုသော့ယောင်သို့၊ သားမောင် စေ့ငု၊ ထောက်နာ ပြုလော့၊ ကိုယ်မှု ပြည်ရေး၊ အလေးမဲ့စွာ၊ မနေရာဘူး၊”ပညာနှိုင်းရှည့်၊ ဆင်ခြင်ကြည့်သော်၊ “တိုင်းပြည့်အခင်း၊ မင်း၏့အတွက်၊ ထိုနှစ်ချက်တို့၊ ဖြစ်-ပျက်ခါနီး၊ လူ့နှုတ်သီးနှိုက်၊ ကပ်မှီး ရောယောင်၊ နတ်တို့ ပေါင်၍့၊ *တဘောင် နိမိတ်၊ ကောင်းဟိတ် ဆိုးမှု၊ ပြလာ ပြုလျက်၊ ပြည်သူ့ လေ့လာ၊ များတတ်စွာ၏၊” “လူ့ရွာ စဉ်ရှေး၊ မှတ်တရေးလည်း၊ ကလေး တမည်၊ သဘင်သည် တဦး၊ အရူးခေါ်ရိုး၊ ဤသုံးမျိုးတို့၊ ကောင်း-ဆိုး *တဘောင်၊ နိမိတ်ကောင်တည့်၊ ပြောင်လှောင် ပျက်ပြယ်၊ ဆန်းကြယ် ဆို†မြည်၊ သဘင်သည်နှင့်၊ တ†မည် သူရူး၊ ဤနှစ်ဦးကား၊ အထူးမည်လှည့်၊ ပြည်၏့ စံနည်း၊ ပြည့်ဆည်းလည်းတည့်၊ *ကြည်းကြည်း ရွှင်ပျော်၊ တကြော်ကြော်ဖြင့်၊ ဟစ်အော် မြူးရယ်၊ လူသူငယ်မူ၊ လူဝယ် ခေါ်နည်း၊ အိမ့်ဆည်းလည်းတည့်၊ မှတ်တည်း ရှေးသူ၊ နိမိတ်မူ၏၊ မှတ်ယူ ကြောင်းဟိတ်၊ ပြည့်နိမိတ်နှင့်၊ *အတိတ် ဘဝေါ၊ နတ်ပြော ပြဆောင်၊ *တဘောင် *စံနည်း၊ ပေါင်းစည်း ထိုမျှ၊ ဓာတ်သိုက် စသား၊ လောက နည်းနာ၊ အဖြာဖြာကို၊ လိမ္မာ သိပ်သည်း၊ ဝမ်းဝယ်တည်းလော့၊ စံနည်းကို တောင်၊ တဘောင်ကို မြောက်၊ ယူကောက် နှိုင်းညှိ၊ ဆိုရိုးယှိရှင့်၊” “ရှေးသိ နောက်မြင်၊ ပညာ့ရှင်နှင့်၊ တိုင်ပင်အပ်စွာ၊ မပြတ်ရာဘူး၊ သုဘာသုဘ၊ ဝေါဟာရဖြင့်၊ လောကအလို၊ ဟောပြဆိုတိုင်း၊ ထိုထို အနိဌ်၊ ဒုန္နိမိတ်လည်း၊ မြဲးကြိတ် မချ၊ မဟုတ်စွတည့်၊ ဓမ္မတရား၊ တိမ်းပါးမမူ၊ တည်သော့သူအား၊ ဘေးဟူတုံလတ်၊ ဥပဒ် အပြစ်၊ မဖြစ်နိုင်ရာ၊ ကင်းကြစွာ၏၊ သမ္မာဉာဏ၊ ပယောဂနှင့်၊ လုံ့လ အားထူ၊ ကောင်းစွာ ယူ၍့၊ ကောင်းမူသဖြင့်၊ ကောင်းအောင်ကျင့်က၊ *ယခင့်အတိတ်၊ နိမိတ် *တဘောင်၊ ကိတ်ရောင် ဥဘာ၊ ခိုး*ဝှန်ဝါတို့၊ ထင်လာသမျှ၊ ကောင်းကြသည်ချည်း၊ မချွတ်တည်းရှင့်၊ *လိပ်လည်း မယှိ၊ မှန်လှဘိ၏၊ လောကီ့ မှတ်ကြောင်း၊ ရှေးထုံးဟောင်းနှိုက်၊ နည်းကောင်းအကျင့်၊ ထပ်ကာ ဆင့်၍့၊ ပန်းပွင့် မပျက်၊ ပန်းရက် ဆောင်သယ်၊ ပျာ့းသ†ဖွယ်လျှင်၊ မှတ်†ဘွယ် အသင့်၊ သားမွန်*ကျင့်လော့၊”လေးဆင့် ဆယ်ဖြာ၊ ပြခဲ့ မှာတိုင်း၊ ပြည်-ရွာစီးပွား၊ ပြည့်ရေးများကို။။ တိမ်းပါး မသွေရစ်စေနှင့်။ (၂၄)

(၁၉၄) မှတ်ကြောင်း သေချာ၊ သားချစ် နာလော့၊ “ပြည်-ရွာနီးချင်း၊ ရန်သူမင်းတို့၊ အတွင်းသားကို၊ ပျက်ပြားစေကြောင်း၊ မကောင်း ကြံဟန်၊ ဝင်္ကဉာဏ်ဖြင့်၊ *သဝဏ်စာ ရေး၊ ပေး၍့ ပြုထ၊ ဥပါယကပ်၊ အာထဗ္ဗဏာ၊ ယတြာ ဆင်ငြား၊ မန္တြားနှင့်၊ ဆေးဝါး စီမံ၊ အင်းနှံ အင်းမြှုပ်၊ နံ-ရုပ် နှိပ်ချ၊ ပြုခြင်း စသား၊ ပယောဂ-ကပ်၊ ဤနှစ်ရပ်ကို၊ ပြုအပ် ထိုထို၊ မလို ကိစ္စ၊ ပြုတတ်ကြ၏၊”ထိုမှ တဖြာ၊ စစ်ဖြစ်ရာလည်း၊ ပြည်-ရွာထုံးစံ၊ ခါတရံနှိုက်၊ နိုင်ငံခြားရာ၊ ဥစ္စာ လိုခြင်း၊ ဆင်-မြင်း လိုသီး၊ သမီးလိုမှု၊ တိုက်ပြု *ဂုံးမြှောက်၊ ပြန်ဘောက် သစ္စာ၊ မသာ နှုတ်ထွက်၊ ဆွေပျက် မျိုးဆိုး၊ မင်းစိုး မတရား၊ ကုန်သည်များက၊ နည်းပါး စစ်သည်၊ ဘွဲ့ချည် ငြိုးရန်၊ မျက်မာန် *ဟုံးစုံး၊ ဤ ဆဲ့သုံးကြောင့်၊ ပြည်လုံး မသာ၊ စစ်ဖြစ်ရာ၏၊ ဗျူဟာ ခင်းကျင်း၊ လိမ္မာခြင်းနှင့်၊ မင်း-မတ် ညီညွတ်၊ *စွန့်လွှတ် ပေးကမ်း၊ မှုထမ်းယောက်ျား၊ သူရဲးများတို့၊ ခန့်ထားတိုင်း ရ၊ များလှ *ဗိုလ်ပါ၊ ယတြာ ပြုချက်၊ စီးလဂ် သန့်စွာ၊ ရိက္ခာ ပြည့်ခြင်း၊ နာကင်း သူလျှို၊ နတ်ကို ပူဇော်၊ ဆင်ကျော် မြင်းကောင်း၊ အကြောင်း ဆဲ့နှစ်၊ ပြည့်စုံလစ်က၊ ရန်စစ် အောင်ရာ၊ မချွတ်စွာဘူး၊ အောင်ရာ စင်စစ်၊ ထိုဆဲ့နှစ်နှင့်၊ သားချစ် ရွှေငုံ၊ အင် ပြည့်စုံလည်း၊ ရေးကြုံဆိုက်ခါ၊ သူ မလာဘဲး၊ ရန်ရှာ သူ့ကို၊ စစ် မလိုနှင့်၊ ကုသိုလ်တရား၊ မဖြစ်ပွားဘူး၊ မာန်ကြွား လွှမ်းမိုး၊ ခွန်အား ကိုးလျက်၊ စစ်ထိုးခြင်းဟူ၊ အပြစ်ထူ၏၊ *ဗိုလ်လူအပေါင်း၊ ပျက်စီးကြောင်းတည့်၊ မကောင်းမှု ပုံ၊ ဆူ့းနှယ် ရုံခဲ့၊ လူ့ဘုံ ရပ်ခွင်၊ ငါသာလျှင်တိ၊ ငါ့ပြင် မရှိ၊ ဇာတိ တူလျှင်း၊ ပြည်ထောင်ချင်းတို့၊ ဘယ်မင်း ဆိုင်ကာ၊ ပြိုင်ဝံ့စွာလိမ့်၊ ထက်မှာ သိကြား၊ အောက် နဂါးဟု၊ ကြုံးဝါး ဆိုယောင်၊ လက်ရုံးထောင်လျက်၊ မျက်မှောင် ဘားဘား၊ ကိုက်လို ကျားသို့၊ သွား တကြိတ်ကြိတ်၊ ဟိတ် တပေးပေး၊ မာန်သွေးသွေးဖြင့်၊ အရေး လိုလို၊ ရန်မီး ပိုအောင်၊ သူ့ကို အောက်ထား၊ *မလောက်လားဘဲး၊ လေးစား မဖြုံ၊ ကိုယ့်အား ယုံပြီး၊ ခွေးပုံ မထူး၊ မာန ရူး၍့။။ လွန်ကျူး မထွေရစ်စေနှင့်။ (၂၅)

(၁၉၅) လွန်ကျူးထွေထ၊ တကြွကြွဖြင့်၊ “ကလိင်္ဂမင်း၊ ဆင်ခြင် ကင်းလျက်၊ ချွတ်ယွင်း တရား၊ *ဗိုလ်ပါ များဟု၊ မာန် ကြွားတက်ပြီး၊ လက်ရုံး တီး၍့၊ သမီး လွှတ်ကာ၊ ရန်စရှာသို့၊ ပြည်-ရွာ အခြား၊ တိုင်းတပါးနှင့်၊ လိုလား စစ်မက်၊ ရန်ဘက် ရှာရှာ၊ မပြုရာဘူး၊” “ပမာမလောက်၊ မာန်ဟုန် မြောက်၍့၊ မုန်သောက် ဆင်†ပြောင်၊ ကိုယ်ကြီး တောင်နှင့်၊ သေး†ပျောင် ငယ်-နုပ်၊ တဆုပ်မျှလျက်၊ နှံစုပ်ငှက်တွင်၊ အသက် သေရ၊”ထိုမှ တကြောင်း၊ သောင့်းနှင့် တရာ၊ ရာနှင့် တယောက်၊ မှုမလောက်ဟု၊ မအောက်မေ့သာ၊ ရေးအရာကို၊ လွန်စွာ ဉာဏ်ချိ၊ ဆင်ခြင်ဘိလော့၊ “သတိ မမူ၊ ဂူကိုမမြင်၊ အကြင် ရှေးက၊ ပေါရာဏတို့၊ ဆိုကြ စကားလာ၊ မှန်လှစွာ၏၊ ပညာ ကင်းဘိ၊ သတိ မမူ၊ ပြုတတ်သူကား၊ ဖလ်ဂူ အောင်းနေ၊ မြေခွေးလေကို၊ သေစိမ့် အပြီး၊ မျက်ဟုန်ကြီးဖြင့်၊ ခြောက်စီး နောင်-ညီ၊ ကေသရီတို့၊ တူပြီ မာန်လိုက်၊ အပြင်းတိုက်သော်၊ ရင်နှိုက် ပေါက်ဖူး၊ ဖလ်ညှောက်စူး၍့၊ သေဖူးကုန်ကြ၊ ပုံကို ဆ,လော့၊”သားလှလိမ္မာ၊ ထိုခြင်းရာကြောင့်၊ “ပညာ မယှိ၊ သတိ မကူ၊ ဒေါသ ဆူ၍့၊ မာန်မူ ကြွားမြောက်၊ လွှား မမောက်နှင့်၊ အသောက် အစား၊ အပျော်ပါးနှင့်၊ ကိုယ်အား ဗလ၊ ရဲးခြင်း †စသား၊ ကိ†စ္စတိုင်းပင်၊ မဆင်ခြင်ဘဲး၊ ကြူးလျှင် မကောင်း၊ ပျက်စီး†ကြောင်းတည့်၊” “မိ†ကျောင်း ကြည်းတင်၊ တောဆင် ညွန်နစ်၊ ခေတ် မဟုတ်ရာ၊ မလိမ္မာဘူး၊ ဝါသနာ လိုလား၊ လေ့လာ များ၍့၊ လိုက်စားရာက၊ အပြစ် ရ၏၊” “မောဟ အကြောင်း၊ ဟိတ် မကောင်းဖြင့်၊ အလောင်း အတမ်း၊ လက်ပမ်း ဝှေ့ရိုက်၊ လူချင်း တိုက်နှင့်၊ ဆင်တိုက် ဆိတ်တိုက်၊ ကြက်-ငှက်တိုက်က၊ ဒုစရိုက်ဆိုး၊ ပျော်မှုမျိုးလည်း၊ တန်းခိုး *ဖျင်းသုန်၊ ဘုန်းဂုဏ် ညံ့ကင်း၊ ပျက်စီးခြင်း၏့၊ ကြောင်းရင်း မှန်†လှ၊ မချွတ်စွသည့်၊” “ကာ†လ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆ မယှိ၊ မသိတတ်သူ၊ လူမိုက်ဟူ၏၊ သိမူ ပဏ္ဍိ၊ ပညာယှိမှ၊ မြင်သိ ရေးရာ၊ လိမ္မာသော့အား၊ တော်ဖြောင့်သား၍့၊ အများ သုခ၊ ချမ်းသာကြ၏၊” “မောဟအလိုက်၊ သူမိုက်အလို၊ အမြင် တိုနှင့်၊ ကိုယ်သို့အလား၊ သူတပါးအား၊ ထောက်ထား *မဲ့စွာ၊ ကိုယ်က သာတိုင်း၊ မညှာ မဆ၊ ပြုတတ်ကြ၏၊ ထိုမျှ မကြွင်း၊ ပြည်ထောင်ချင်းနှင့်၊ *ခပင်း သတ္တဝါ၊ မချမ်းသာအောင်၊ ဘယ်ခါသော်မျှ၊ မကြံရဘူး၊ ဉာဏ သတိ၊ သမာဓိနှင့်၊ ညီညှိ တည်ကြား၊ စိန်တပ်မြားသို့။။ ဉာဏ်သွား မပေရစ်စေနှင့်။ (၂၆)

(၁၉၆) “ဗာလစရိုက်၊ လူ့ရွာနှိုက်လျှင်၊ သူမိုက် မနော၊ ကျင့်သဘောကား၊ နိုင်သောသူများ၊ မမြစ်တားက၊ သနား*မဲ့မူ၊ ကိုယ့်အောက်သူကို၊ *ကလူ နိုင်ထက်၊ နှိပ်စက် မပြတ်၊ ပြုကျင့်တတ်၏၊ မချွတ် မှန်†လှ၊ ထိုဗာ†လကား၊ ဘုရာ့းရှေ့ဝယ်၊ သင်ပုတ်ကျယ်တွင်၊ ခွေးကျယ် စော်ကား၊ ဝင်ကာ စားသော်၊ ကျောင်းသား ငကျယ်၊ ထိုလူကျယ်လျှင်၊ ကြိမ်ကျယ် ကိုင်လျက်၊ ပြင်းစွာ နှက်က၊ ဆက်ဆက် အကယ်၊ တကျယ်ကျယ်ဖြင့်၊ ခွေးကျယ် အော်ရ၊ ဟူစကြသို့၊ လောကနှိုက်ဝယ်၊ ထိုလူကျယ်ထက်၊ ဆိုးကျယ်သော့သူ၊ တွေ့သော်မူကား၊ ထိုလူမိုက်ကျယ်၊ သေလုဘွယ်အောင်၊ ကျယ်ကျယ် အော်ဟစ်၊ ဘေးကြီးဖြစ်၏၊”တဆစ် မှတ်ရာ၊ ဤလူ့ရွာနှိုက်၊ ပညာ ကာယ၊ ဥစ္စာ စသား၊ ဗလ နည်းပါး၊ မတန်ငြားဘဲး၊ အား*မဲ့တုံလျက်၊ ရန်ပြိုင် ဘက်လည်း၊ ပျက်အံ့ အရေး၊ မှန် မဝေးရှင့်၊ နွားချေးပိုးကောင်၊ တောဆင်*ပြောင်ကို၊ မာန်ထောင် ပျက်ပြယ်၊ ရန်စ ရှယ်က၊ အစွယ် နှာမောင်း၊ ခြေတချောင်းမျှ၊ တူကြောင်း ပြိုင်ရှက်၊ မဘက်လောက်စွာ၊ ပမာ ထိုဆင်၊ ထီ မထင်ဘဲး၊ မစင်တုံးဖြင့်၊ ကိုယ်လုံး ဘိ၍့၊ သိသိ ကြေ*ဆော၊ ကျင်ရည်ကြောတွင်၊ ပေါလောပေါ်ထွေ၊ မျှောပစေ၏၊ ဂုဏ်နေ မတူ၊ မမျှသူကို၊ မာန်မူသမှု၊ ပြိုင်မပြုနှင့်၊” “မတုရာသီး၊ ရေနှင့် မီးသို့၊ ကြီးက ဘယ်ခါ၊ မရဲးရာဘူး၊ ရဲးပါတုံလစ်၊ မွန်းနစ် လောင်မြိုက်၊ ဘေးကြီးဆိုက်၍့၊ ကိုယ်နှိုက် ဒုက္ခ၊ ရအံ့ မှန်စွာ၊ ပျက်စီးရာ၏၊ ပမာမသွေ၊ မီးနှင့်ရေကို၊ သက်ဝေ ရတနာ၊ ဉာဏ်ရှု စာလော့၊”တဖြာ ထိုနောက်၊ “ကိုယ့်အောက် ကိုယ်တူ၊ မည်သူကိုမျှ၊ မဘက်ရဘူး၊ ရာဇမာ†ယာ၊ မင့်း*ဘွယ်†ရာနှိုက်၊ လိမ္မာသဖြင့်၊ အသင့် ဖြစ်အောင်၊ ပြုကျင့်ဆောင်လျက်၊ ပြည်ထောင်ဘက်ချင်း၊ ထိုထိုမင်းနှင့်၊ မုန်းတင်း မမူ၊ ရန်သူ မပြု၊ ပွားရှု မေတ္တာ၊ ရန်မှု ခွါလော့၊ လိုရာ ဆွဲမှု၊ တင်း မလုနှင့်၊ ကိုယ်ပြု ကိုယ်နှိုက်၊ ကြိုက်-မကြိုက်ကို၊ လိုက်၍့ စုံစမ်း၊ *ဓားဆောက်ကမ်းဖြင့်၊ မရမ်း မကား၊ တရား မွေ့ညက်၊ အရိုး သက်ရှင့်၊”မာန်တက် လွှားကာ၊ ကျယ်စိတ် မာလျက်၊ ပြည်-ရွာ မငြိမ်း၊ ပြည်ခေါင်း တိမ်းအောင်၊ *မုဒိမ်း ရုတ်†ရက်၊ များ စစ်မက်ဖြင့်၊ လု†ယက် လှုပ်ရှား၊ ပြည်*ချောက်ချား၍့။။ တိုင်းကား မကျေရစ်စေနှင့်။ (၂၇)

(၁၉၇) သူ့ရွာ သူ့ပြည်၊ ဟူတုံသည်ကို၊ ဆံချည် မြူမျှ၊ သဘောခွ၍့၊ စိတ်က ဘယ်ခါ၊ အဘိဇ္ဈာဖြင့်၊ တဏှာ တောင့်တ၊ လောက တိုက်တိုက်၊ မလိုက်ထိုက်ဘူး၊ “သူနှိုက် ပြည့်စုံ၊ စည်းစိမ်ပုံကို၊ မြင်တုံဘိလည်း၊ မျက်စိ ဆူးဝင်၊ မရှုချင်အောင်၊ ဝမ်းတွင် လှိုက်ဆူ၊ မငြူစူနှင့်၊ ငြူစူတတ်က၊ နတ်မဟာရာဇ်၊ ဒေဝါဖြစ်လျက်၊ စင်စစ် လျင်*ဆော၊ *လက်တလောဖြင့်၊ မနောပဒေါသိ၊ မည်ယှိ စိတ်ဆိုး၊ နတ်အမျိုးတို့၊ နွမ်းညှိုး ခန္ဓာ၊ သေလွယ်စွာ၏၊” “မေတ္တာ ဝေမျှ၊ ဤလောကနှိုက်၊ သတ္တ ဘဝါး၊ အတူ သွားက၊ မည်ငြား မိတ်စစ်၊ ခင်ပွန်းဖြစ်၏၊ ဆဲ့နှစ်လှမ်းသော်၊ အဘော် *သဟဲး၊ လခွဲး ဉာတိ၊ မည်ဘိ မပျက်၊ ထို့ထက် လွန်စွာ၊ ရက်ကြာကာလ၊ ပေါင်းဘက်ကြမူ၊ အတ္တသမာ၊ မှန်စွာ ထိုလူ၊ ကိုယ်နှင့် တူ၏၊ အယူ ထွေပြား၊ ထိုသူများအား၊ ပြစ်မှား စိတ်မှာ၊ မယှိရာဘူး၊” “ပညာ ချင့်ထောက်၊ မာန် မမောက်နှင့်၊ ကိုယ့်အောက် တန်းတူ၊ အထက်သူဟု၊ မှတ်ယူ မြဲးသို၊ သုံး ပုဂ္ဂိုလ်တွင်၊ အောက်ကို သနား၊ တန်းတူအားမူ၊ မြှောက်စား အမျှ၊ မယုတ်ချနှင့်၊ ထက်ကသူမှာ၊ ရိုသေရာ၏၊” “ကရုဏာ ရှေးမြှော်၊ ဝံသူတော်သို့၊ တွေ့သော် တွေ့ခြင်း၊ အိမ်လုံး နှင်း၍့၊ ဆွေရင်းပမာ၊ ချစ် ကြင်နာလျက်၊ မေတ္တာတရား၊ သစ္စာအားဖြင့်၊ ယှိငြားသူနှိုက်၊ ပြစ်မှား မိုက်က၊ ကျိုက်ကျိုက် လျှံဝေ၊ ဆိပ်ပေါင်းနေသည့်၊ မြွေကို ကိုင်မိ၊ ဘေးကြီး ထိသို့၊ မချိ ကိုယ်မှာ၊ ပြစ် ရောက်လာ၏၊” “မိစ္ဆာ ကျင့်ဆိုး၊ လူမိုက်မျိုးကား၊ ကိုးလေ တိုးလေ၊ အိုတစ္ဆေဟု၊ ဆိုထွေ ပမာ၊ သဲးကန္တာတွင်၊ အစာ အစား၊ နေရာများနှင့်၊ ခုနစ်ပါး ရတနာ၊ ပေးတတ်စွာသည့်၊ မဟာနိဂြောဓ၊ ပင်ရုက္ခကို၊ မြစ်မ မကျန်၊ တူးလှန် ခုတ်ဖြတ်၊ ပြုတုံလတ်၍့၊ ရေနတ် နဂါး၊ ပေါက်သတ် စားသည့်၊ လှည်းသား ငါးရာ၊ မဟာသီလဝ၊ လောင်း နာဂကို၊ ခဏ ခဏ၊ တောင်းလေ ရတိုင်း၊ ဇီဝ ချွေဖြုတ်၊ စွယ်ရင်း ထုတ်ပြီး၊ ထွင်း-နုတ်ယူထွေ၊ သက် မသေခင်၊ ဤမြေ မျိုခွဲး၊ ဝီစိထဲးသို့၊ ငရဲး စိုက်စိုက်၊ ဝင်လေ ဆိုက်သည့်၊ သူမိုက်ယောက်ျား၊ မုဆိုးသားတို့၊ တရား မမြော်၊ ရတိုင်း ကော်၍့၊ ကိုယ်သော် မျက်မှောက်၊ တို၍့ ပျောက်အောင်၊ ပြစ်ရောက် ခန္ဓာ၊ ပျက်စီးစွာ၏၊” “မေတ္တာ အထူး၊ ကိုယ့်ကျေးဇူးကို၊ ရွှင်မြူးမသွေ၊ ဆောင်ပေကုန်ငြား၊ သူတို့အားလျှင်၊ ပုဏ္ဏား ချောက်ကျ၊ သီဟ ရိုးငြိ၊ မိုက်ခေါင်ထိနှင့်၊ မှိန်းမိ ကျားသွင်၊ မတင် ကျေးဇူး၊ ထိမ်မြူးသော့အား၊ ပြန် ပြစ်မှား၍့၊ ပျားစား လက်ဆေး၊ ရေ ရုပ်ရေးသို့။။ ကျေးဇူး †မချေရစ်စေနှင့်။ (၂၈)

(၁၉ဂ) “ကျေးဇူး ချေကာ၊ မပြုရာတည့်၊ လူသာ မဟုတ်၊ အယုတ် တိရစ္ဆာန်၊ မှုဝန် ဆောင်ဘိ၊ ဟတ္ထိ အဿ၊ ဂေါဏ မဟိံသာ၊ စသည်မှာလည်း၊ ပျိုခါ စေစား၊ အိုခါ ရှား၍့၊ စွန့်ထား ပယ်ကာ၊ မပြုရာဘူး၊ ပြုပါတုံက၊ မိတ္တဒုဗ္ဘီ၊ မညီ ဓ†မ္မ၊ လူ့ပါပတည့်၊ ထို†မှ တပါး၊ ထို့အသားကို၊ သတ်စား ဖြတ်စား၊ ပြုငြားတတ်မူ၊ ထိုသည့်သူကား၊ လူတွင် မိုက်†လှ၊ လူ့ဗာ†လတည့်၊ ပါပတရာ၊ လွန်ယုတ်မာရှင့်၊ မာတာ ပိတု၊ ဗန္ဓု ဉာတိ၊ စယှိ အလား၊ ထိုကျွဲး-နွားတို့၊ လုပ်စား အတူ၊ လူနှင့် တကွ၊ ကိစ္စ ဆောင်ရွက်၊ သက်မွေးဘက်ဖြင့်၊ ဆက်ဆက် စင်စစ်၊ မိရင်း ဖြစ်၏၊ သတ်ညှစ် အသား၊ သူမိုက်များသို့၊ မစားထိုက်စွာ၊ သား သည်းချာလျှင်၊ ပညာ-ကရု၊ မြော်ထောက်ရှုလော့၊” “ဤလူ့ဘဝ၊ လူ့လောကနှိုက်၊ ဉာဏ သမ္ပဇဉ်၊ ကင်း မယှဉ်းဘဲး၊ ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူ မသမ္မာ၊ ထိုများစွာတို့၊ ချမ်းသာ စီးပွား၊ လျော့ပါး ယိမ်း†ယိုင်၊ မြဲး မခိုင်ဘူး၊ ဓမ္မက†ရိုဏ် စစ်+ရေ၊ ကျ*ဖျား ရေ+သို့၊ သ+ရေ မတိုး၊ ဘုန်းရောင် ညှိုးလျက်၊ တန်းခိုး နေ့-ည၊ ဆုတ်လ ပမာ၊ ယုတ်တတ်စွာ၏၊” “စေတနာ ဖ†ရုသ်၊ လွန်ကြမ်းကြုတ်သား၊ ဆိုး†ယုတ် ဒုစရိုက်၊ သူမိုက် ကျင့်ရာ၊ ကံ ဆယ်ဖြာတွင်၊ ပါဏာတိပါတ်၊ သက် သတ်အမှု၊ ကိုယ်လို ပြုနှင့်၊ ပြုဟု သူက၊ တိုက်တွန်းကြ၍့၊ ပြုရသော့သူ၊ လိုတူသော့အား၊ မြစ်နိုင်ငြားလျက်၊ မတားမြစ်သူ၊ သုံးယောက် လူတွင်၊ သတ်သူ နိရယ၊ ငရဲးကျ၏၊ သူက ခေါ်ရာ၊ ပါသူမှာမူ၊ တိရစ္ဆာန၊ ဖြစ်ထ မမှား၊ လိုတူအားဖြင့်၊ မတားမြစ်သူ၊ ထိုလူမှာတုံ၊ ပြိတ္တာ့ဘုံဟု၊ အာဂုံ ဘွင့်လှစ်၊ ထူး အပြစ်ကို၊ စင်စစ် မှန်စွာ၊ ကျမ်းရိုးလာ၏၊” “ကောင်းစွာ သက်မွေး၊ ကုသိုလ်ရေးနှိုက်၊ ဖင့်နှေး နွဲး*ဖျဉ်း၊ မခိုင်*မျဉ်းနှင့်၊ *စေ့ချဉ်း ကပ်†နီး၊ ယှဉ် နှော†နှီး၍့၊ ကြီး သူမြတ်အား၊ မပြတ် ရိုသေ၊ *မထေ မပြု၊ ဗဟုဿုလည်း၊ စုလော့ ရရာ၊ နည်းနာတရား၊ ကြား-မြင် များမှ၊ ထင်ရှား ပညာ၊ ဖြစ်သည်သာတည့်၊ ယုတ်မာ သရေ၊ သန္ဓေ ညံ့ဆိုး၊ အမျိုး မိုက်ထိုင်း၊ အကျင့် ရိုင်း၏၊ ကျီး-ဗျိုင်း ပမာ၊ မစောင့်စွာဘူး၊ ဒုရာဇီဝ၊ ဒုစာရနှင့်၊ ပါပ ကျင့်မျိုး၊ အကျင့်ဆိုးကို၊ သတိုး သက်လယ်၊ တားမြစ် ပယ်လော့၊ ကိုယ်ဝယ် သူ့ဝယ်၊ မငြိတွယ်အောင်၊ မိုက်နွယ် မျိုးခြား၊ ထိုလူများကို။။ ထံပါး †မခြွေရစ်စေနှင့်။ (၂၉)

(၁၉၉) သမ္မာအစဉ်၊ ဉာဏ်ဖြင့် ယှဉ်၍့၊ ကတညုတာ၊ မင်္ဂလာ ဓ †မ္မ၊ မချွတ်ရဘူး၊ ထို†မှ တုံပြီ့း၊ နည်းမှန် သိလော့၊ “မျက်စိ မြင်သူ၊ ကာန်းသော့လူကို၊ ဆောင်ယူမြဲးသာ၊ ထို့ပမာသို့၊ ဥစ္စာ ယှိ*မဲ့၊ ဉာဏ်*ဟဲ့ ဉာဏ်ပါး၊ အားကြီး အားငယ်၊ လူတို့ဝယ်လည်း၊ မပယ်အပ်စွ၊ ဣဿ†ရဖြင့်၊ စိုး†ရသူကား၊ ဆင်းရဲးသားကို၊ သနား ခြီးမြှောက်၊ စောင့်ရှောက်အပ်ရာ၊ လူ့*တန်ထွာတည့်၊” “ဥစ္စာ ဘောဂ၊ ဣဿရနှင့်၊ ဗလ ပညာ၊ ယှိပါတုံမူ၊ မိုက်သောသူတို့၊ *ကလူ နိုင်ထက်၊ နှိပ်စက်သော့အား၊ သူတပါးကို၊ ပြစ်မှား မညှာ၊ ပြုတတ်စွာ၏၊” “ပညာ မြင်-ကြား၊ ယှိပါငြားလည်း၊ တရား အလွတ်၊ စကား တတ်လျက်၊ ယုတ်-မြတ် ပုဂ္ဂိုလ်၊ လူ ထိုထိုအား၊ အလို မိုက်ဆိုး၊ မာန ကိုး၍့၊ လွှမ်းမိုး နှုတ်-လျှာ၊ ပြောတတ်စွာမူ၊ ထိုပညာယှိ၊ မိမိ အတတ်၊ ကိုယ်ကို †သတ်၏၊ ပရိ†သတ်ခွင်၊ သဘင် လွှတ်ရုံး၊ မသုံးနိုင်ထ၊ ဝိုင်းပယ်ကြလိမ့်၊”သဇ္ဇနလက္ခဏာ၊ မဟူရာဘူး၊ ဓမ္မတာ လူ့ဝတ်၊ မညီညွတ်ဘဲး၊ ချွတ်က အဟုတ်၊ တရား ပြုတ်သော်၊ သူယုတ် သူမာ၊ မည်စပါရှင့်၊” “ငါတို့ မင်းမျိုး၊ ကိုယ့်အကျိုးထက်၊ ပြည်ကျိုးကိုသာ၊ ပြုအပ်စွာ၏၊ ပြည်-ရွာကိစ္စ၊ ဆောင်တတ်ကြမှ၊ အဝုတ္တနည်း၊ ကိုယ်လည်း တက်ဖြိုး၊ ဘုန်းရှိန် တိုး၍့၊ တန်းခိုး တေဇာ၊ ကြီးပွားရာ၏၊” “သစ္စာဟူငြား၊ မှန်တရားလည်း၊ တိမ်းပါး မ†ယှိ၊ မြဲးစေဘိလော့၊ တောင်†ရှိ မပြို၊ မယိမ်း+ယိုနှင့်၊ ဖ+ရိုဖရဲး၊ မဟူဘဲးလျက်၊ ဆိုခဲး မိန့်ခဲး၊ မိန့်*တပဲးလည်း၊ မလွဲး *မလက်၊ သိကြား ဖျက်စေ၊ မပျက် မစီး၊ စက်နှယ် လှီး၍့၊ ထွက်ပြီး ဆင်စွယ်၊ နေ့သဖွယ်ဖြင့်၊ အကယ် မယွင်း၊ မြဲးစေခြင်းနှင့်၊ မင်းတို့စကား၊ မိုဃ်းကြိုးသွားသို့၊ မခြား မှန်စွာ၊ စံ တည်ရာ၏၊”ရံခါ တစိ၊ အရေးယှိက၊ ကပိရာဇာ၊ ဝါနရိန္ဒ၊ သေနကတို့၊ လုံ့လ မပေါ့၊ မမေ့†လျော့ဘဲး၊ မ†လျော့ စိတ်ဝယ်၊ ကြံသော့နှယ်သို့၊ ဥပါယ်*တမျဉ်၊ သမ္ပဇဉ်နှင့်၊ ဉာဏ်ယှဉ် ကြီးစွာ၊ ကြံစည်ရာ၏၊ ပညာ ရှေ့ထား၊ လုံ့လအားဖြင့်၊ ဉာဏ်သွား မပေ၊ ထက်မြက်စေလော့၊”ရေ-မြေ့*သနင်း၊ မင်းတို့ ရွှေဘုန်း၊ မိုးသို့ ချုန်း၏၊ လူပုန်း တောမှာ၊ မနေသာဟု၊ စဉ်လာ လူဗိုလ်၊ ဥဒါန်းဆိုတိုင်း၊ သားညို ပုလဲ့၊ မြေတုန်ချဲ့မျှ၊ မနဲ့ မနုန့်၊ မင်းတို့ဘုန့်းဖြင့်၊ ဂဠုန့် တောင်သံ၊ နဂါး†ယွံသို့၊ ကြောက်†ရွံ ရန်မျိုး၊ ညွတ်ညွတ်ကျိုး၍့၊ ပုန်းလျှိုး ငုတ်ထွေ၊ ပျောက်ပျက်စေလော့၊ “ရေဝယ်နေရှောင်း၊ ငါး-လိပ်ပေါင်းကို၊ မိကျောင်း ဆိုးကျယ်၊ ကဲ့သဖွယ်သို့၊ လူဝယ်မသွေ၊ ယှိတတ်ချေ၏၊ လူပွေ လူနောက်၊ ဘောက်သောက်လူစား၊ လူလျှပ်ဝါးတို့၊ *သော်ကား *မော်ကား၊ ကျင့် ရမ်းကားလျက်၊ *ချောက်ချား ကဲးမိုး၊ မိုက်မာန် ကိုး၍့။။ မဆိုး မတေရစ်စေနှင့်။ (၃၀)

(၂၀၀) လောကီ့ ဓမ္မတာ၊ ပြည့်ရေးရာလည်း၊ ပြည်-ရွာ နီးရှက်၊ အိမ်နီး †ကြက်သို့၊ †ကျက်ကျက် မကင်း၊ ယှိတတ်လျှင်း၏၊ ကျွန်ချင်း ကျေးချင်း၊ ဆင်း-မြင်း ကညာ၊ ရတနာ တသီး၊ သား-သမီးကြောင့်၊ ဆောင်းထီး နှစ်ဆူ၊ ရိပ်ဖြူ နှစ်စင်း၊ နှစ်ပြည်မင်းတို့၊ မုန်းခြင်း တတည်၊ ချစ်ကြည် တချက်၊ ထိုး စစ်မက်နှင့်၊ ရန်ဘက် တခါ၊ ဆက်ပဏ္ဏာဖြင့်၊ သဟာတဝ၊ ဖြစ်တတ်စွရှင့်၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး-ပြစ်၊ မုန်း-ချစ် နှစ်တန်၊ မမှန် ကိစ္စ၊ မကင်းကြဘူး၊ ပြည်-ရွာ ကြောင်းဟိတ်၊ မင်းတို့စိတ်လည်း၊ ရန်-မိတ် လက္ခဏာ၊ မမြဲးရာတည့်၊ သူ့ရွာ သူ့ရပ်၊ နီးကပ် နေ-တည်၊ သူ့ပြည် တိုင်းခန်း၊ သူ့နယ်စွန်းကို၊ *သုံ့ပန်း ဆောင်လတ်၊ *မောသောခတ်၍့၊ မပြတ် ရန်ရှာ၊ မပြုရာတည့်၊ လိမ္မာ ယုံကျွန်၊ နှလုံး*မွန်ကို၊ တိုင်းစွန် ပြည်နား၊ ရာ ခန့်ထားမှ၊ အများ သတ္တဝါ၊ ရ ချမ်းသာလိမ့်၊ ပညာ ပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စ ကြီး-ငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်း-ကျယ် ထွင်းဖောက်၊ ဖြတ်*တောက် လိုရာ၊ ပြီးနိုင်စွာ၏၊ ပညာ မသုံး၊ နှလုံး မပျောင်း၊ လက်ရုံး ကောင်းကား၊ တကြောင်းမျှသာ၊ စူးပမာသို့၊ လိုရာကိစ္စ၊ များမကျတည့်၊ ဗလ အားကိုး၊ မာန မိုးလျက်၊ *မကျိုး မ†ကျည်၊ လူပြော*စည်နှင့်၊ မ†ကြည် မမြတ်၊ *တောက်ဆက် ကားရား၊ ရန်စ များ၍့၊ မီးပွားပမာ၊ ပြည် မသာဘူး၊ ရာဇာ နှစ်မင်း၊ ပြည်ထောင်ချင်းလည်း၊ မကင်း ကိစ္စ၊ ယှိကာလနှိုက်၊ ဝနရုက္ခ၊ တောစိုး စသည်၊ အညမညံ၊ ပင်ချင်း ရံသို့၊ ဆက်ဆံတကွ၊ ကူညီရမှ၊ ဌာန အောင်ချာ၊ ပြည်ကြီး သာလိမ့်၊ မေတ္တာ မဆက်၊ သစ္စာ ပျက်က၊ စစ်မက်လည်း ပွား၊ ပြည် *ချောက်ချား၍့၊ တိုင်းကား မသာ၊ ပြည်ကြီး နာလိမ့်၊ မေတ္တာ သစ္စာ၊ ဤနှစ်ဖြာကို၊ သေချာ ပိုင်းခြား၊ ဝမ်းဝယ် ထားလျက်၊ တရား ကင်းဘိ၊ ပရိကပ္ပ၊ လိပ် စူဠသို့၊ တွေ့သမျှ †ယမ်း၊ ကျရာ ဖမ်း၍့၊ ဘ†ရမ်းဘတာ၊ ပြောတတ်စွာသည့်၊ သမ္မာ*မဲ့ငြား၊ သူ့စကားနှင့်၊ *ချောစား *ဂုံးတိုက်၊ လူ့စရိုက်ကို၊ မလိုက် မနာ၊ တည်ကြည်စွာလော့၊ တောမှ ကျီးငှက်၊ အိမ်မှာ ကြွက်သို့၊ သူပျက် သူ*လောင်၊ ပြည်ငြောင့်ကောင်လည်း၊ မရှောင် လုယက်၊ နိုင်အထက်ဖြင့်၊ ပျက်ပျက် စီးစီး၊ အချည်းနှီးအောင်၊ ဖျက်ဆီးမှုသာ၊ ပြုတတ်စွာ၏၊ သမ္မာ မကြိုက်၊ စရိုက် ယွင်းချော်၊ *မအော် မအမ်း၊ အကျင့် သွမ်းနှင့်၊ ဟော့ရမ်း ယုတ်မာ၊ မိစ္ဆာလူမျိုး၊ မိုက်အားကိုးတို့၊ မိုက်ဆိုး မိုက်ရဲး၊ မိုက်မိုးကဲး၍့။။ *ပြည်ထဲး မမွှေရစ်စေနှင့်။ (၃၁)

(၂၀၁) ရာဇာ မှူးမတ်၊ မပြတ် သောက်စား၊ နာဖျား *ပြောစည်၊ စစ်သည် စိတ်လျော့၊ မင်း စိတ်ပြော့နှင့်၊ ဆိုသော့ နိက္ခတ်၊ သူတတ် စီရင်၊ မြင်း-ဆင် ကြုံလှီ၊ မညီ မင်း†ချင်း၊ စိတ်ကွဲး†ခြင်းဖြင့်၊ ညံ့ဖျင်း သူရဲး၊ *ပြည်ထဲး ငတ်မွတ်၊ မလွတ်သော့အား၊ ဤ ဆယ်ပါးကြောင့်၊ ပျက်ပြား ပြည်လုံး၊ စစ်ကြီး ရှူံး၏၊ သောက်သုံး မျို*တုတ်၊ *မယစ်ထုတ်နှင့်၊ မယုတ် မလွန်၊ ပြည်ကြီးဝန်ကို၊ ဆော်ဘန် နေ့-ည၊ မလပ်ရအောင်၊ လုံ့လ မကင်း၊ တိုင်ပင်ခြင်းဖြင့်၊ *စိုင်းပြင်း လေ့လာ၊ မပြတ်ရာဘူး၊ “ငါသာ တတ်-သိ၊ ပညာယှိဟု၊ မိမိကိုသာ၊ မမှတ်ရာဘူး၊ သမ္မာ မကြိုက်၊ ဒုစရိုက်နှင့်၊ လူမိုက်ထွန်းရာ၊ သူတ*ကာတို့၊ ပူဆာ များတတ်၊ သူမြတ် ပဏ္ဍိ၊ ကဝိ ထွန်းရာ၊ သတ္တဝါတို့၊ ချမ်းသာ ပွားတတ်၊ မှတ်လော့ အစဉ်၊ မယှဉ် သတိ၊ ပညာယှိလည်း၊ ဒိဋ္ဌိ ပြေးဝင်၊ အမြင် ချွတ်လွဲး၊ စဉ်းလဲး ကောက်ကျစ်၊ မိစ္ဆာ ဖြစ်၏၊” “ကျစ်ညစ် *တလ္လ၊ ဝင်္က†န္တနှင့်၊ ကေဝ†ဋ္ဋမိုက်၊ ဒုစရိုက်သို့၊ သူမိုက်ဟူသည်၊ ဗိုလ်လူ ဒုက္ခ၊ ရအံ့ အကြောင်း၊ မကောင်းကိုသာ၊ ကြံတတ်စွာ၏၊ ခိုင်မာ *ကျေပြွန်၊ ဆောင်သည့်ဝန်နှင့်၊ အားခွန် ပြည့်ငြား၊ နွားကြီးများကို၊ ပယ်ရှားတုံလျှင်း၊ နွားငယ် သွင်း၍့၊ က,ခြင်း ထမ်းပိုး၊ အကျည် ကျိုးလျက်၊ ကိုးရိုး ကားရား၊ ဖြစ်သော့လားသို့၊ မခြား ပုံမှီး၊ လိမ္မာ*ဖြီးသည့်၊ လူကြီးကို ပယ်၊ လူငယ်ကို မြှောက်၊ရှေ့-နောက် မရှု၊ ထင်တိုင်းပြု၍့၊ ပြည်မှု *ချောက်ချား၊ ကားရား ကိုးရိုး၊ ပြည့်ထမ်းပိုးလည်း၊ မကျိုးစေရာ၊ ရှုအပ်စွာရှင့်၊” “ပညာ-သမ္ပဇဉ်၊ ဉာဏ် မယှဉ်ဘဲး၊ ဥယျာဉ်သည်မိုက်၊ စရိုက် မကောင်း၊ မျောက်အပေါင်းကို၊ ရေလောင်း ခိုင်းမှား၊ ကျိုး ပျက်ပြား၏၊ တရား အမြစ်၊ စစ်သော် တမူ၊ အရင်းယူက၊ ခိုင်းသူအမိုက်၊ ကဲ့ရဲ့ထိုက်၏၊ လူနှိုက် ထိုသို့၊ တရားချို့လည်း၊ မင်းတို့နှိုက်သာ၊ အပြစ်လာလိမ့်၊” “ပညာ*မဲ့ငြား၊ တရား ကျင့်ဝတ်၊ မင်းတို့ ချွတ်က၊ ငတ်မွတ် ရေ-စာ၊ ရောဂါ လက်နက်၊ သုံးချက် ဘေးကြီး၊ ဘိစီး ပြည်-ရွာ၊ ရောက်တတ်ရာ၏၊ အခါ အခါ၊ အရာရာနှိုက်၊ ပညာ ရှေးယှိ၊ သတိ ထိန်း†ကျောင်း၊ မှန်လမ်း†ကြောင်းဖြင့်။။ မစောင်းမစွေရစ်စေနှင့်။ (၃၂)

(၂၀၂) မစွေ မစောင်း၊ မှန်လမ်း †ကြောင်းဖြင့်၊ ထိန်း†ကျောင်း သတိ၊ စောင့်ဘိ ပညာ၊ မလစ်ရာဘူး၊ မင်းမှာ ကပ်နေ၊ လူမွှေယောက်ျား၊ မင်းစေများတို့၊ လျှပ်ဝါးသမှု၊ ပေါက်လွှတ် ပြုက၊ ပြည်သူ့ မီးပွား၊ ဟူတုံငြား၏၊ ပြည်သား ပြည်သူ၊ လောင်ပူ မချမ်း၊ စိတ်ဝမ်း မသာ၊ ဖြစ်တတ်စွာခဲ့၊ ရာဇာဟူထ၊ ပြည့် မိ-ဘတို့၊ လုံ့လ မပြု၊ ရွှေပြည်မှုနှိုက်၊ ဂရု မထူ၊ ပျော်ရေးယူလျက်၊ လျစ်လျူရှုကာ၊ မနေရာဘူး၊ မေတ္တာ မျက်†နှာ၊ ငဲ့ ပ†ဏ္ဏာနှင့်၊ သမ္မာဉာဏ် နည်း၊ မောဟ သည်း၍့၊ မှူးလည်း မမှန်၊ မတ် မမှန်က၊ သွေလှန် အပေါင်း၊ ပြည်လုံး စောင်းလိမ့်၊ သားကောင်း မျက်ဖျော်၊ စည်းစိမ်ပေါ်တွင်၊ အပျော် လိုလိုက်၊ မမေ့ထိုက်တည့်၊ သူမိုက် မြှောက်စား၊ အရေးမှား၏၊ တရားစီရင်၊ သဘင် လွှတ်ရုံး၊ ပတ်ကုံးဌာန၊ တွင်း-ပြင် စသား၊ ဒေသ သီးသီး၊ ဝေး-နီးမဆို၊ ရပ် ထိုထိုနှိုက်၊ လူလျှိုယောက်ျား၊ ကိုယ်စောင့် ထား၍့၊ မင်းနား တထောင်၊ ကုန်အောင် မကြွင်း၊ ပြည့်သတင်းကို၊ သားမင်း လိ†မ္မာ၊ မပြတ် နာရှင့်၊ လူ†မှာ မပျက်၊ သူ့ထက် လွန်ကျူး၊ ထူး၍့ ကျင့်ရိုး၊ အမှုမျိုးကား၊ ကောင်း-ဆိုး နှစ်မည်၊ ကမ္ဘာတည်လိမ့်၊ အရှည် ကောင်းရာ၊ ရှုအပ်စွာ၏၊ ဝိဇ္ဇာ သိပ္ပ၊ တတ်ကိစ္စနှင့်၊ ထိုမျှ တည်တည်၊ မှုမျိုးသည်လည်း၊ ကျင်လည်ရာရာ၊ ကျွမ်းလိမ္မာ၏၊ ပညာကျေးဇူး၊ ဂုဏ်ဝါ ထူးသား၊ မင်းမှူး စိုးမတ်၊ *ကြမ္မာ ဘာသ်က၊ နာဂတ် အတိတ်၊ ပြည့်နိမိတ်ကို၊ စွဲးစိတ် ဆင်ခြင်၊ အမြဲး ထင်အောင်၊ သိမြင်တတ်စွာ၊ လိမ္မာ အရေး၊ များ ကျွန်ကျေးနှင့်၊ စည်းဝေး မချွတ်၊ ညီညွတ်ရေး မျှော်၊ ဆွေးနွေး ပျော်လော့၊ မုန်းသော် မနိုင်၊ ချစ်သော် ပိုင်၏၊ လက်ကိုင် ဝရဇိန်၊ ဉာဏ်ဖြင့် ချိန်လျက်၊ ပူရှိန်ညီးညီး၊ မီးမှ လတ်လတ်၊ သေစေတတ်ဟု၊ မမှတ်စရာ၊ ချစ်မြေ့စွာသည့်၊ သီတာရေလည်း၊ အသည်း တုန်ဧး၊ မနှေး ဆတ်ဆတ်၊ သေစေတတ်၏၊ ပဋိဃာတ် ကြူး၊ ဒေါသ ရူး၍့၊ *ဆူးဆူး ရားရား၊ မြွေဟောက်လားသို့၊ မပွား မမျက်၊ ပြည်ထောင်ဘက်နှင့်၊ စစ်မက် လိုလား၊ ရန်ခိုက် များလျက်၊ သောက်စား ပျော်ရေး၊ ပြည်ပျက်ဆေးကို၊ ရင်သွေးရတနာ၊ မပြုရာတည့်၊ မေတ္တာနှလုံး၊ သစ္စာ သုံး၍့။။ ချစ်ထုံး မပြေရစ်စေနှင့်။ (၃၃)

(၂၀၃) “ပဋိဃာတ၊ မျက်ဒေါသဖြင့်၊ ပြင်းပြ လွန်ကြမ်း၊ မီးနှင့်†ယမ်းသို့၊ ပ†ရမ်းပတာ၊ မဖြစ်ရာဘူး၊ *စာနာ ဉာဏ်ရှု၊ ဆင်ခြင်ပြုလော့၊ နှုတ်မှုနှင့်သာ၊ ပြီးသင့်ရာကို၊ လက်ပါခဲ့ငြား၊ ရန်ကြီး ပွား၏၊ အပ်သွားရာတွင်၊ ပုဆိန်ဝင်သို့၊ မှုဆင် ကြီးကျယ်၊ လိပ်သူငယ်ကို၊ ရေဝယ်လွှတ်၍့၊ ရာဇဝတ်ကြီး၊ ရန်မီး တခု၊ ပြုမိသော့အား၊ တိုင်းကား ကိုယ်ပါ၊ မချမ်းသာဘူး၊ လူမှာ မှတ်ယူ၊ အမှုဟူက၊ မီးတူ ပမာ၊ ပွားတတ်စွာ၏၊ ရေးရာ မမြောက်၊ မဆိုလောက်ဟု၊ မအောက်မေ့သာ၊ ဝင်ရာ အပ်မျှ၊ ထွက်က ပုဆိန်၊ သုခမိန်တို့၊ မှတ်ချိန် ဝေါဟာ၊ မိန့်ကြ မှာရှင့်၊”ပညာ ကင်းဘိ၊ မနှိုင်းညှိဘဲး၊ ဇာတိ ပုည၊ မဟတ္တဖြင့်၊ မာနအရာ၊ ကဲး-မိုးစွာလျက်၊ ငါသာ မင်းဟူ၊ ပဇာ တူဟု၊ အယူ မောက်ကြွား၊ မထောင်လွှားနှင့်၊ တောင်ကား မြင့်ကြီး၊ မီးကား ရှိန်ပူ၊ သံမူ မာ†ကျော၊ ဘက်*မဲ့သောဟု၊ ရေ†ကြော သတ္တိ၊ မသိ၍့သာ၊ ကြိမ်းပရာသို့၊ ပမာ ပုံ†မှီး၊ မာန်မူ ကြီး၍့၊ တောင်†မီး သံလား၊ မကြုံးဝါးလင့်၊ ရေအား ကြုံတွေ့၊ ဝဲးဟုန် မွှေ့၍့၊ တိုက်ဝှေ့သော့ခါ၊ မကြာမတင်၊ အလျင်သဖြင့်၊ တောင်မြင့် မီးပူ၊ သံမာမူလည်း၊ မြူသာ ဖြစ်၍့၊ စင်စစ် ကြွေမွ၊ ပျောက်ပျက်ရ၏၊ “လောက လူတွင်၊ ငါသာလျှင်တိ၊ ငါ့ပြင် မယှိ၊ ထင်ဘိ မှတ်ယောင်၊ မောဟ ဆောင်၍့၊ *အန်ထောင် မာန၊ မမူရတည့်၊ သုတတရား၊ မြင်ကြား အသိ၊ များစွာ ယှိလည်း၊ သတိ မယှဉ်၊ သမ္ပဇဉ် မမှီး၊ မာန ကြီးက၊ ခွေးမြီးပညာ၊ မည်စပါခဲ့၊ ထောက်ကာမတ္တ၊ သုံးမကျရှင့်၊” “သူမျာ့းကိုသာ၊ နှိပ်လိုစွာနှင့်၊ ရန်ရှာ ထိပါး၊ အပြစ် များ၏၊ သွား တပြပြ၊ သုနခသို့၊ ဒေါသ မောဟ၊ ခြံရံ ကြွ၍့၊ မာနမည်ငြား၊ ဤတရားကို၊ မလွှားစေအပ်၊ ကျိုးမနပ်ဘူး၊ ဤကပ်ကမ္ဘာ၊ ရောက်ပြီးစွာလျက်၊ မဟာဗောဓိ၊ လောင်း ဣသိလျှင်၊ ဇာတိမာန၊ ဘက်မိစွကြောင့်၊ ပစ္စေကဗုဒ္ဓါ၊ ဖျားမြတ်စွာ၏့၊ ရွှေဗျာဒိတ်သံ၊ နာမခံဘဲး၊ တိမ်ယံ မိုးဝ၊ ပျံလေ ကြွမှ၊ နောင်တ ကြီးစွာ၊ ရလေပါ၏၊”ထိုမာနမျိုး၊ တရားဆိုးကား၊ ကောင်းကျိုး ယှဉ်စပ်၊ မဟူအပ်ဘူး၊ “အရပ် မြင့်ထီး၊ ခက်မ*ဖြီးသား၊ စေ့ကြီး ရိပ်ငယ်၊ အုန်းပင့်နှယ်သို့၊ မှီတွယ် ကိုးရာ၊ ဘေးတွေ့ခါသော်၊ ဘယ်မှာ တစိ၊ ဘော် မယှိဘဲး၊ မိမိချည်းသာ၊ ပျက်စီးရာ၏၊”ငါသာ ငါမင်း၊ အနိုင် တင်း၍့။။ မာန်ပြင်း မဝေရစ်စေနှင့်။ (၃၄)

(၂၀၄) မာန်ပြင်းဝေကာ၊ လွန် တင်းမာ၍့၊ ပညာ မရှု၊ ကိုယ်လိုမှုဖြင့်၊ ငါဟု မာန်ကဲး၊ ခါမှုတ်ဘဲးတိ၊ မိုး*စဲး မပွင့်၊ ချိန် မသင့်ဝယ်၊ စစ်ခွင့် စစ်ရေး၊ သူ ဆောင်သွေးတိုင်း၊ ရပ်ဝေး မြေတာ၊ မချီရာဘူး၊ “လိမ္မာ ခွင့်သိ၊ ပညာယှိတို့၊ ကြောင်းညှိ ကျိုးထင်၊ ရှေ့-နောက်အင်ကို၊ ဆင်ခြင် မြော်တွေး၊ လျောက်တင်ရေးနှိုက်၊ အလေး မပြု၊ ဂရု မထူ၊ မင့်းမာန်မူက၊ ရန်သူလက်မှာ၊ ပျက်စီးရာ၏၊” “လိမ္မာ ရေးမြင်၊ ပညာရှင်နှင့်၊ တိုင်ပင် နှိုင်းညှိ၊ မယှိတုံမြို့၊ ထိုသူတို့ကား၊ ဗိုလ့်ဉာဏ်နှင့် ဗိုလ်၊ တက်၏့ဆိုသို့၊ ထိုထိုမှုမှာ၊ ထင်ရာ ပြုငြား၊ အမှား များ၏၊” “စော်ကား မာန်မောက်၊ မထင်လောက်ဟု၊ ကိုယ်အောက်သော်လည်း၊ ခိုက်*ဆည်း ရန်ရှာ၊ မပြုရာရှင့်၊ ပညာ ချည်းနှီး၊ ဆင်*ပြောင်†ကြီးအား၊ ဘား†ကျီး-ယင်မဲး၊ ပူးတွဲး ပေါင်းရှက်၊ နှံစုတ်ငှက်တို့၊ အသက်ဆုံးအောင်၊ တော*မြိုင်ချောင်ဝယ်၊ ကြံဆောင်ကုန်ကြ၊ ကလိင်္ဂလည်း၊ မာန ထောင်လျက်၊ နိုင်လို ကြက်သို့၊ မာန်တက်တုံပြီး၊ ရန်လို ကြီး၍့၊ သမီးလည်း ဆုံး၊ စစ်လည်း ရှူံး၏၊”ရှေးထုံး ဝတ္ထု၊ ရေးပုံ ရှုလျက်၊ *ဗိုလ်ထု ခွန်အား၊ ငါ ကြီးမားဟု၊ မကိုးစားရာ၊ ရံတခါနှိုက်၊ *ကြမ္မာ မတော်၊ ခါ မလျော်မူ၊ ချွတ်ချော် ရေးရာ၊ ပျက်တတ်စွာရှင့်၊ ချိန်ခါ ကာလ၊ အခွင့်ရက၊ သီဟ ဗျဂ္ဃါ၊ ကေသရာကို၊ ရေမှာ ပျော်မြူး၊ ဘား နိုင်ဘူး၏၊”စစ်ရူး စစ်မော်၊ မမြော် အရေး၊ မာနသွေး၍့၊ ခွေးရူ့းသဖွယ်၊ တွေ့တိုင်း တွယ်လျက်၊ ကျယ် တရှူးရှူး၊ မာန် မရူးနှင့်၊ စစ်ကျူး စစ်လွန်၊ စစ်တွင်း ကျွံက၊ ပုဇွန် ရေ-သား၊ တက်မ ကြားသို့၊ ကင်းသွား မိတူ၊ များ*ဗိုလ်လူနှင့်၊ ရန်သူတို့လက်၊ သူ့နယ်စက်နှိုက်၊ ဆက်ဆက် မယွင်း၊ ပျက်တတ်လျှင်း၏၊ သားမင်းရတနာ၊ ဘ,သည်းချာလျှင်၊ ပညာ သတိ၊ မယှိ ကင်းပ၊ တကြွကြွဖြင့်၊ မောဟ လုံးကြီး၊ လက်ရုံး တီး၍့၊ *စစ်စီး တု*မဲ့၊ အကဲ့ ကိုယ်ကို၊ မာန် မုန်ယိုလျက်၊ စစ်လို စစ်ရှာ၊ ငါနှင့် ငါဟု၊ ထင်ရာ မပြု၊ ပညာ ရှုလော့၊ ကိုယ်မှု ပြည်ရေး၊ နီး-ဝေး ထိုထို၊ ကျင့် ယွင်း†ယိုက၊ မ†ရို မညွတ်၊ *တောက်ဆတ် ကားရား၊ တိုင်းတပါးနှင့်၊ ကိုယ့်သား ကျွန်ကျေး၊ နှလုံး ဆွေးလျက်၊ ရှုပ်ထွေး များစွာ၊ ချုံပမာသို့၊ ပြည်-ရွာ ပျက်ကြောင်း၊ ရန်*ကျီးပေါင်းကို။။ နှာမောင်း မဖြေရစ်စေနှင့်။ (၃၅)

(၂၀၅) စစ်ရေး စစ်ရာ၊ စစ်ဖြစ်ခါနှိုက်၊ သည်းချာ သားဦး၊ မလွန်ကျူးနှင့်၊ အထူး ဤသို့၊ သိတုံမြို့ရှင့်၊ စစ်တို့သဘော၊ နည်းများသောဟု၊ မနော စိတ်မှာ၊ မမှတ်ရာဘူး၊ ပညာလုံ့လ၊ ပမာဏတည့်၊ သိကြာ့းနှုတ်ထွက်၊ ဟူတုံလျက်လည်း၊ တိမ်းပျက် သွေယွင်း၊ ချွတ်ရလျှင်းခဲ့၊ လူချင်းမဟူ၊ နတ်ကိုမူလည်း၊ ဖမ်းယူ မလွတ်၊ လှံဖြင့် သတ်၏၊ မှတ်လော့ တထူး၊ “တော*မြိုင်ဦးက၊ ဘီလူးကိုလျက်၊ ပွဲးလယ်ချက်နှိုက်၊ *ကြံထက်ယောက်ျား၊ စွမ်းပကားနှင့်၊ ဉာဏ်အား လုံ*လွေ့၊ ဘက်ပြိုင်၍့တည့်၊ *လက်ပွေ့ *လက်ပမ်း၊ ကိုင်ဖမ်း လွှမ်းမိုး၊ ခါးကို ချိုး၏၊ ကျမ်းရိုး သက်သေ၊ ထင်ရှားချေရှင့်၊” “အနေ သင့်စွာ၊ အရာ သင့်တုံ၊ ထွန်ချေးပုံမျှ၊ ခိုလုံ ငယ်ဆုံး၊ ငှက်ဘီလုံးလျက်၊ ကြုံးပ အားကြိုး၊ တောင်ဟုန် ကိုး၍့၊ သုတ်ထိုး ကြောက်ဘွယ်၊ သိမ်းရန်ကျယ်ကို၊ ကာကွယ်နိုင်စွာ၊ အရေးသာ၏၊”အရာတော် သင့်၊ အခွင့်တော်ဘိ၊ မိမိဌာန၊ ဝိသယနှိုက်၊ လုံ့လ *အားသံ၊ တထောင် ခံက၊ အရံ တသောင်း၊ အောင်ခဲးတောင်းဟု၊ သူဟောင်း ရှေးက၊ မိန့်ကြ စကား၊ အစဉ်ကြား၏၊”ငါ့သား ဓမ္မရာဇ်၊ မာန် မ†ယစ်နှင့်၊ “စစ်တိုက် လောင်းတမ်း၊ ဟော့ရမ်းအမူ၊ နှစ်ဦး လူတွင်၊ ရှူံးသူ ဒုက္ခ၊ ဒေါမနနှင့်၊ နိုင်က ရန်ပွား၊ နှစ်ပါးလုံးပင်၊ အပြစ်*ဖြင်၏၊” “ကြား-မြင် မရှိ၊ ဇာတိ မမြတ်၊ မျိုးဇာတ် မတူ၊ ယုတ်ညံ့သူတို့၊ ငြူစူ ပြစ်မှား၊ ပြုတုံငြားလည်း၊ တောသား ညစ်ဆုံး၊ မစင်တုံးဖြင့်၊ ကိုယ်လုံး မံလျက်၊ *ဘင်လူးဝက်ကို၊ မဘက် ဝေးအောင်၊ ခြင်္သေ့ ရှောင်သို့၊ သားမောင်ရတနာ၊ ကင်းကြောင်း ခွါလော့၊ ပြိုင်ကာ ဆော်လှုံ့၊ ရန်စမြုံ့ဖြင့်၊ ရန်တုံ့ပြန်လစ်၊ ရန်မဖြစ်နှင့်၊”ကျိုး-ပြစ် စာနာ၊ ရှုမျှော်ကာလျှင်၊ ခန္တျာဘိယျော န ဝိဇ္ဇတိ၊ ပါဠိအရ၊ မချ စိတ်မှာ၊ သူ့ထက် သာအောင်၊ ပညာ သတိ၊ လက်ယှိ ဝမ်းထဲး၊ ခန္တီ မြဲးလော့၊ “ကျိန်ဆဲး ပေါက်လွှတ်၊ ရေရွတ် ပြင်းစွာ၊ အသုရာအား၊ ဣန္ဒာထွတ်ဖျား၊ မိုဃ်းသိကြားလျက်၊ မျက်ပွား မရှေး၊ သည်းခံသေး၏၊ ချင့်တွေး ဉာဏ၊ သတိ မ,၍့၊ အသယှ သာဟီ၊ မင်းဟူပြီတို့၊ သညီ နာမံ၊ မည်းတော်ခံတိုင်း၊ တစံ မယွင်း၊ ညီစေခြင်းဖြင့်၊ မင်းရေး လိမ္မာ၊ အရာ သိတတ်၊ သူမြတ်နှလုံး၊ စွဲးယူသုံးလျက်၊ ရှေးထုံး ရှေးစံ၊ နည်းနာ ခံ၍့၊ ဗြဟ္မစိုရ် လေးဆိုင်း၊ မြတ်ရေလှိုင်းကို။။ နေ့တိုင်း မကွေရစ်စေနှင့်။ (၃၆)

(၂၀၆) နေ့တိုင်း မကွေ၊ မကင်းစေဘဲး၊ လေးထွေ ဗြဟ္မစိုရ်၊ ပွား ကု†သိုလ်ဖြင့်၊ မ†သို ရန်ငြိုး၊ မေတ္တာ ပျိုး၍့၊ ပြည်စိုး နှစ်မင်း၊ နောင်ညီချင်းသို့၊ ကျွန်ရင်း ဘန်ဘန်၊ စာ*သဝဏ်နှင့်၊ တမန် *သုံ့သေး၊ *တန်ဆေး လိမ္မာ၊ လွှတ်၍့သာလျှင်၊ မဟာမိတ်ကြီး၊ လမ်းခရီးနှိုက်၊ မီးလည်း မသေ၊ ရေလည်း မ†ခြောက်၊ သွား *ချောက်†ချောက်တိ၊ ပေါက်ရောက် လူပေါင်း၊ မပြတ်†ဂတောင်းဘဲး၊ *နှစ်†ထောင်း *အင်ရွဲး၊ မ*ရောင့်ရဲးလျှင်၊ *ဖက်လဲးတကင်း၊ နှစ်သက်ခြင်းဖြင့်၊ *ထွင်းကျင်း ကြံတွေး၊ စေမေး မပြတ်၊ လွဲးမချွတ်နှင့်၊ မင်းဝတ် *တန်ထွာ၊ ဓမ္မတာလည်း၊ သာယာ နှုတ်ထွက်၊ ငြိမ်သက် ဣန္ဒြေ၊ *စိမ့်ခြေ နှလုံး၊ ရွှင်ပြုံး မျက်နှာ၊ လမင်း သာသို့၊ များစွာ လူရှင်၊ မြင်မြင်သမျှ၊ ချမ်းမြစေငြား၊ ပြည်သူ့အားလျှင်၊ ပိုက်*ဖြား ကျင့်လေ့၊ မမေ့စေတတ်၊ မြဲး မလွတ်နှင့်၊ ဘုံထွတ် စိုးသီး၊ နန်း-ထီး တဆူ၊ ရိပ်ဖြူ တစင်း၊ ပြည်ထောင်ချင်းက၊ မင်းတို့ထုံးစံ၊ မင်း၏့သံကား၊ တရံ တဘန်၊ မသွေလှန်တိ၊ *သဝဏ် ရွှေလွှာ၊ ပါကြစမြဲး၊ မပါ လွဲးက၊ *စောရဲး ဘုန်း*ဟေ့၊ မင်းတို့လေ့ဖြင့်၊ တွေ့မခံရာ၊ မိတ်မေတ္တာနှင့်၊ ရန်ရှာ ရန်ပြေ၊ သံ သုံးထွေတွင်၊ ရန်ပြေ မေတ္တာ၊ ဆက် ပဏ္ဏာနှင့်၊ ရွှေလွှာ *သဝဏ်၊ ပါတမန်ကို၊ ဝေယန် နန်းခွင်၊ တွင်းနှင့် ပြင်ပါ၊ ထွက်-ဝင်စေ၍့၊ မင်းတို့ ရှေ့နှိုက်၊ အတွေ့ခံကောင်း၊ ဆုတော် လောင်းလျက်၊ ရှည်*ညောင်းကာလ၊ ထားအပ်စွရှင့်၊ ရန်စ *ပလေ၊ ထိုမင်းစေအား၊ မချေ*မငံ၊ ဒေါသ လျှံ၍့၊ နှုတ်သံ *ငေါ်ငက်၊ မာန် မထွက်ဘဲး၊ လက်နက် *ဗိုလ်ပါ၊ သေနာ ဆင်-မြင်း၊ များ လုံးရင်းဖြင့်၊ ခင်းကျင်း စုံလင်၊ မြို့ တွင်း-ပြင်နှိုက်၊ ပြင်ဆင် ပြထား၊ ဘုန်းတော့်အားကို၊ ထင်ရှား မြင်†စေ၊ မကြာ†စေနှင့်၊ ပြန်†စေ ရက်တို၊ အမျက်လိုလျက်၊ ရန်ကို ရန်ငြိုး၊ ရန်တုံ့ပျိုး၍့။။ ရန်ကြိုး မခွေရစ်စေနှင့်။ (၃၇)

(၂၀၇) “ရန်ကြိုးရစ်ခွေ၊ စ, မပြေဘဲး၊ မုန်ဝေ ဒေါသ၊ အာဃာတဖြင့်၊ စိတ်က လှိုက်ဆူ၊ မီ့းနှယ်ပူလျက်၊ ငါဟူသော့အား၊ မာန လွှားပြီး၊ တရား မယှဉ်၊ သမ္ပဇဉ် လွတ်ကင်း၊ မာန်မသွင်းနှင့်၊”မင်းတို့မာန်မျိုး၊ မျက်မုန်း†ကျိုးက၊ မိုဃ်း†ကြိုး*တမျှ၊ နတ်စက် ချသို့၊ ကြေမွတတ်စွာ၊ မဟာပုညဇိဒ်၊ မျက်တော် ညိတ်၍့၊ အံကြိတ်ရုံမျှ၊ ဥက္ခောင်းကျရှင့်၊ ဒေါသ *သည်းဝှန်၊ ခြောင်းခြောင်းမွှန်အောင်၊ မျက်လွန် ဝမ်းတွင်း၊ ထန်မပြင်းနှင့်၊ မင်းတည်းဟူထ၊ လူ့မိဘတို့၊ သူများထက်သာ၊ သတ္တဝါကို၊ ကြင်နာကိစ္စ၊ ပွားစေရ၏၊ မောဟ ထန်ပြင်း၊ ကင်းသည် ဉာဏ်ဖြင့်၊ မေ့ကျန် မယှိ၊ သတိ လက်ျာ၊ ပညာ လက်ဝဲး၊ ယှဉ် အမြဲးနှင့်၊ *သဟဲး မဟာ၊ မိတ်ကြီးစွာသို့၊ လူမှာ များထု၊ ကျေးဇူးပြုသည်၊ ဗဟုပကာရ၊ ဓမ္မမည်ငြား၊ ဤနှစ်ပါးကို၊ ငါ့သား သက်နှင်း၊ လွန် မကင်းနှင့်၊ ဖျား-ရင်း မူလ၊ မတိုင်းဆဘဲး၊ ကောဓအလို၊ အမျက် ပို၍့၊ သံကို ဘယ်ခါ၊ မသတ်ရာဘူး၊ “အာဏာ မလွန်၊ သခင် ညွှန်တိုင်း၊ စေကျွန်ယောက်ျား၊ ထွန်သည့်နွားသို့၊ သွားရတုံဘိ၊ ပြစ် မယှိတည့်၊ နှိုင်းညှိ *စာ†နာ၊ ကရု†ဏာနှင့်၊ မေတ္တာ မလွတ်၊ ချစ်ရည် ဆွတ်လော့၊ သည်းပွတ် မင်းပျို၊ ရန်မလိုနှင့်၊ ရန်လို ရန်ပို၊ ရန်မလိုက၊ ရန်ပြိုသတတ်၊ မှန်မချွတ်တည့်၊” “ဗောဓိသတ်ပေါင်း၊ ဘုရားလောင်းတို့၊ လမ်းကြောင်း မှန်စွာ၊ ကျင့်ရာ ဓမ္မ၊ ယွင်းမခွဘဲး၊ ချစ်စ ရှည်လို၊ ရန်စ တိုလျက်၊ ရန်ကို မေတ္တာ၊ မင်းမှာ လက်ဆောင်၊ ပြီးစီး အောင်၏၊”လူ့ဘောင် ရှေးက၊ ဆိုကြသော့တိုင်း၊ ဉာဏ်ကရိုဏ်းဖြင့်၊ ရှုနှိုင်း ရှည်-တို၊ စွဲးပိုက် သို၍့၊ မိတ်ကို လေးမြတ်၊ ချစ် တည့်မတ်လော့၊ *တောက်ဆတ် ရံခါ၊ *ဗိုလ်ပါ ဆင်-မြင်း၊ စစ်အင် ကျင်း၍့၊ မင်းတို့ မာန်စိတ်၊ ဒေါသ †ကျိတ်လည်း၊ မြဲး†ကြိတ် လွန်စွာ၊ မပြုရာဘူး၊ မေတ္တာ ထပ်ပွား၊ ပဏ္ဏာ *ဖြားက၊ နှစ်ပါး ခင်မွတ်၊ ချစ်ကြည်တတ်၏၊ သခွတ်ပွင့်ချိန်၊ တာဝတိန်ကို၊ မာန်ရှိန် မ*စဲး၊ သုရာ မဲးသို့၊ အခဲးမကျေ၊ မယှိစေနှင့်၊ မိတ်ဆွေမှတ်မှတ်၊ ချစ်ကြည်လတ်လော့၊ မမြတ် မလေး၊ ဂုဏ်မာန် သွေး၍့။။ ပြည်ရေး မပွေရစ်စေနှင့်။ (၃၈)

(၂၀၈) ဘူမိပတေ့၊ လူ့ဘုန်း *ဟေ့တို့၊ စေ့မြေ့ ရှုမျှော်၊ သူမတော်နှင့်၊ သူတော် နှစ်မျိုး၊ ကောင်း-အဆိုးတည့်၊ “ကြောင်း-ကျိုး မသိ၊ လူ့ဒိဋ္ဌိကား၊ မိုး*ရှိလောက်စင်၊ ပြုပါချင်လျက်၊ မတင် ကျေးဇူး၊ ဖျောက်ထိမ်မြူး၏၊ အထူး ကြီးလှ၊ စကြဝတေး၊ စည်းစိမ် ပေးလည်း၊ မိုက်မှေး မောဟ၊ ကြီး လောဘနှင့်၊ အားရ မယှိ၊ ပြစ်မှားဘိ၏၊”သိစေ မင်းလေ့၊ ဉာဏ်သိမ်မွေ့လော့၊ “မမေ့စဘွယ်၊ မပယ်စကောင်း၊ သူအပေါင်းအား၊ တကြောင်း မှတ်ခင်း၊ အရှင်မင်းကို၊ မကင်း ဖြောင့်ဖြောင့်၊ စောင့်တတ်သသူ၊ အရှင်ဟူက၊ သည်းအူထဲး နစ်၊ ချစ်တတ်သသူ၊ လူတို့ ဓိပတိ၊ မြတ်သာမိ၏့၊ ဟိတာ ဟိတ၊ နှစ်ဝ နှစ်ပုံ၊ ပြည့်စုံ ချို့တဲ့၊ ကျိုး ရှိ*မဲ့ကို၊ *ပြဲ့ပြဲ့ ဆတ်ဆတ်၊ မြင်တတ်သသူ၊ ဆာပူ မင်းမှာ၊ ဘေးတွေ့ခါနှိုက်၊ မခွါ မတွန့်၊ မစွန့်သသူ၊ မီးပူ ထိန်ညီး၊ ညွန်*တံစီးနှင့်၊ ခြောက်ကြီး ရေလှိုင်း၊ အရှင် ခိုင်းက၊ မိန့်တိုင်း *ရွတ်ရွတ်၊ အရှင့်ဝတ်နှိုက်၊ စွန့်တတ်သသူ၊ စင်ဖြူ နွယ်ရိုး၊ ဘီး-ဘေး-ဘိုးက၊ အမျိုးမြတ်သူ၊ ရှင်-လူ-သတ္တဝါ၊ ချမ်းသာရာနှင့်၊ ပြည်-ရွာ တိုင်းကား၊ စည်ပြန့်ပွားအောင်၊ ကြိုးစားသမှု၊ ပြုတတ်သသူ၊ ရာဇူ ဘုန်း*ဟေ့၊ မေ့လတ်သော့ခါ၊ မှု-ရေးရာနှိုက်၊ သညာ*မနုံ့၊ လှုံ့တတ်သသူ၊ ကြီးထူ မှုခင်း၊ မင်းနှိုက် တွေ့သော်၊ ရဲးဘော်လည်း ပြု၊ ခိုင်ခံ့မှုဖြင့်၊ တောင်ထုအလား၊ နတ်ယော†က်ျားသို့၊ တည်†ကြားသသူ၊ လူတွင် ခဲးကတ်၊ မပြတ် တရား၊ သူတပါးတို့၊ ဖြတ်ခြား မနိုင်၊ တွေ့လာ ဆိုင်လည်း၊ ပစ်ချိုင် နတ်စက်၊ ကွဲး*ခြအက်သို့၊ ဆက်ဆက် ဟုတ်ဟတ်၊ ပိုင်းပိုင်းပြတ်အောင်၊ ဆုံးဖြတ်နိုင်သူ၊ ဘေးထူ ရန်ပြော၊ တောင်-တောမြို့-ရွာ၊ မရောက်သာလည်း၊ ခွင့်ရှာ ဘောက်၍့၊ ရောက်တတ်သသူ၊ မှုဟူသမျှ၊ ကိစ္စအမျိုး၊ +အရှင့်†ကျိုးကို၊ ကြိုး†ကြိုးပမ်းပမ်း၊ သဘောတမ်းဖြင့်၊ ထမ်းတတ်သသူ၊ အယူ မပြား၊ ခြေဘဝါးသို့၊ သားတော် မြေးရောက်၊ မြစ်တော်မြောက်အောင်၊ မဘောက်ပြန်လတ်၊ အရှင် မှတ်၍့၊ ကိုးတတ်သသူ၊ သူကောင်းဟူသည်၊ ဤလူ တွက်ရေး၊ တကျိပ်လေးကို။။ ကိုယ်ဝေး မနေရစ်စေနှင့်။ (၃၉)

('ရစ်စေနှင့်'ချည်း အချတူရကား 'သော်တာရောင်ချ'ချည်း)

(၂၀၉) အသင်္ခါရိတ်၊ တိဟိတ် ဥက္ကဋ္ဌ၊ ကုသလတိ၊ ဉာဏသမ္ပယုတ်၊ အားထုတ် ဆည်းစု၊ ကြိုးခဲ့ပြုသား၊ ကောင်းမှု သမ္ဘာ၊ မင်္ဂလာ စက္ကိ၊ စုံသိဒ္ဓိကြောင့်၊ ဇာတိ ပုည၊ ဂုဏ မဟတ်၊ သုံးပါး မြတ်လျက်၊ ဥက္ကဌ် လူနှိုက်၊ အထွတ်စိုက်၍့၊ သောင်းတိုက် ကိုးရာ၊ လက္ခဏာနှင့်၊ စကြာစိုးတန်၊ နေမျိုးမှန်သည့်၊ ဘုန်းသန် ပြန့်ဂ†ပြော၊ ဘသား*စော။။ “ငှက်†ပျော လက်ပံ၊ နှစ်မဆန်သို့၊ နှုတ်သံ ချို+ပျား၊ စိတ် သံမြှားနှင့်၊ ထွေ+ပြား နှလုံး၊ သူမိုက်ထုံးကား၊ မသုံး သစ္စာ၊ ကျင့်တတ်စွာ၏၊ ရှေ့မှာ တသွယ်၊ ကွယ်သော် တဝ၊ တချို့ကမူ၊ စားရ ဝမ်းသာ၊ စေပါ ဝမ်းနည်း၊ ကျော့*ကျည်း*မူနည်၊ ကွေ့လည် ကောက်ကျစ်၊ ကျင့်ညစ်သဘော၊ ဖြောင့် မချောဘူး၊ ရေမျောထင်း*ယောင်း၊ ဆယ်သော် ကောင်း၏၊ အကြောင်း†မညှာ၊ ပ†ညာ *မဲ့ထ၊ လူ့ဗာလကို၊ မ,စ ကယ်မိ၊ အပြစ်ယှိခဲ့၊ မသိ ကျေးဇူး၊ ထိမ်မြူး ဖျောက်ချေ၊ ကြက်သောက်ရေသို့၊ ပျောက်ကြေ ဆုံးဘိ၊ ကျိုးမယှိတည့်၊”သိလော့ မှန်စွာ၊ သူယုတ်မာကို၊ ကြဉ်ခွါနိုင်တတ်၊ မင်းမတ် ကျေးကျွန်၊ နှလုံး*မွန်နှင့်၊ ရုံးလွန် အထူး၊ ထိုနှစ်ဦးလည်း၊ ကျေးဇူး မတူ၊ ရုံးလွန်မူကား၊ ပြည်သူ ရိရှား၊ များ၏့ စစ်မက်၊ နှလုံး ညက်က၊ ငြိမ်သက် ချမ်းသာ၊ ပြည်-ရွာ ဝန်း†ကျင်၊ သာ-စည်ပင်၏၊ အ†ကြင် လူ့ထုံး၊ အားလက်ရုံးကား၊ နှလုံး၏့ကျွန်၊ နှလုံး*မွန်က၊ ရုံးလွန်၏ရှင်၊ ခိုင်းစီရင်၏၊ လူတွင် ရှုပ်ထွေး၊ ကိုယ်ရေး ပြည်မှု၊ စုံတခုလည်း၊ *ဗိုလ်ထု အများ၊ လက်ရုံးအားဖြင့်၊ ယောက်ျား ဆောင်သီး၊ မပြီး ကိစ္စ၊ တယောက်မျှပင်၊ မိန်းမ ရွက်ဆောင်၊ အောင်သည် တမျိုး၊ စစ်ထိုး မပြု၊ နှုတ်မှုမျှသာ၊ အောင်စေရာနှင့်၊ လိမ္မာ ရဲးခြင်း၊ ထိုးထွင်း ပညာဉ်၊ မြဲးယှဉ် အပြား၊ တရား သုံးဖြာ၊ ရန်အောင်ရာက၊ သာမျှ ဒါန၊ ဘေဒကနှင့်၊ ဒဏ္ဍဟူဘိ၊ လောကီ့ မှတ်ဘွယ်၊ ဥပါယ် လေးမည်၊ အတည်တည်ကို၊ နားလည်စေတတ်၊ ယွင်း မချွတ်နှင့်၊ “*စွန့်လွှတ် မကင်း၊ ပေးကမ်း†ခြင်းကား၊ အ†ချင်းခပ်သိမ်း၊ မှုမျိုး ငြိမ်း၏၊ သူစိမ်း သူကျက်၊ နှစ်သက်သဘော၊ သင့် လိုက်လျောလော့၊ လောကီပုဂ္ဂိုလ်၊ လူထိုထိုလည်း၊ အလိုလိုက်က၊ ကြိုက်တတ်သည်ချည်း၊ ဖြစ်သတည်းရှင့်၊” “*ပိတ်သည်း ပိတ်နည်း၊ *အထည်း ကုတ်ရှို၊ ဝန်တိုစိတ်က၊ မယှိရဘူး၊ ဆုပ်က ပြိုကွဲး၊ ကြဲးက လုံးတတ်၊ ဆိုရိုးမှတ်၏၊ ယုတ်-မြတ် နွယ်ရိုး၊ အမျိုး ဝံသ၊ တူမမျှနှင့်၊ မိန်းမ ယောက်ျား၊ သားနှင့် သမီး၊ ငယ်-ကြီး မဟူ၊ ကောင်းမူ ကောင်းအင်၊ ကောင်းရည် မြင်သော်၊ ခင်မင် သိမ်းပိုက်၊ နှစ်အင်ခြိုက်လော့၊ အလိုက် အလိုက်၊ ထိုက်ရာ ထိုက်ရာ၊ အကျိုး လာ၏၊”မဟာဘဒ္ဒ၊ သာလမည်ခြင်း၊ ဥယျာဉ်တွင်းဝယ်၊ အင်ကြင်းပင်မြတ်၊ သမန်းနတ်တို့၊ ခဲးကတ် မှုတွေ့၊ ကျိုး ဆောင်လေ့၏၊ ခြင်္သေ့ မြေခွေး၊ မြွေ-ကျေး ပု†ဇွန်၊ သိမ်း†စွန် မ-ဖို၊ ဝံလို ရေလိပ်၊ ရန်နှိပ် သီဟ၊ နှံစုတ်မနှင့်၊ ယင်က ဘား†ကျီး၊ လိပ်†ကြီး ကမ္ဘာ၊ ခေါက်ရှာ သမင်၊ ကြက်ဆူပင်မျှ၊ သို့စင် ဟုတ်ဟတ်၊ သဘောမြတ်က၊ ဆတ်ဆတ် ကောင်း†ကျိုး၊ ဆောင်ကြ†ကြိုးသည်။။ အမျိုးဇာတ် မတူလေသာ*တမင့်။ (၄၀)

(၂၁၀) မင်းတို့ဟူသည်၊ ဓူဝံ တည်သို့၊ *ခိုင်ကျည် မြဲမြံ၊ ရွှေဘုံပျံထက်၊ ဗိုလ်ရံ ဝန်းပြည့်၊ စံထွန်းလှည့်လော့၊ လိပ်၏့ ပုံထုံး၊ ဗီလုံးငှက်နှယ်၊ ဘာ့းသဖွယ်တည့်၊ ကြီး-ငယ်မဆို၊ *နဂိုရ် ယာယီ၊ အချီ အခံ၊ စီမံ နှိုင်းညှိ၊ ခန့်တိုင်းချိလျက်၊ မိမိဌာန၊ ဝိသယမှ၊ တေဇ ထင်ရှား၊ စွမ်းနိုင်အားရှင့်၊ ကျီးကား နေ့ငှက်၊ နေ့မှ ထွက်၏၊ ဇိကွက် ခင်ပုပ်၊ *ကုပ်သလုပ်ကား၊ မိုးချုပ်မှသာ၊ ထွက်မြဲးစွာ၏၊ ချိန်ခါ ကာလ၊ သမယကို၊ ငှက်မျှသော်လည်း၊ သိ စောင့်စည်း၏၊ ထို့နည်း မယွင်း၊ ငါသို့မင်းဟု၊ *ဗိုလ်သင်း မနီး၊ ကိုယ်ထီး ည-နေ့၊ မသွားလေ့နှင့်၊ ဆိပ်ငွေ့ ထန်ပြင်း၊ နဂါးမင်းလျက်၊ အဆင်းကို ဖျက်၊ ရုပ်ဖျောက် ထွက်၍့၊ အသက်သေမှု၊ ဆုံးပါးလု၏၊ ပြည်သူ့ မျက်နှစ်၊ မင်းဖြစ်လျက်ကဲ့၊ ဘော်*မဲ့ ညဉ့်ခါ၊ မင်းရုပ် ခွါ၍့၊ သွားပါစဘူး၊ သေသောက်†ကြူးတို့၊ လွန်†ကျူး ကိုယ်-နှုတ်၊ ကြမ်းကြုတ် အလွန်၊ ထုပ်ဝန် လေးစွာ၊ ဆောင်စေပါ၍့၊ မျက်နှာ *ရှိန်း†ပြည်း၊ ရှက်ဘွယ်သည်းအောင်၊ *ယမ်း†ပည်း*မဲ့ထွေ၊ သရေ ယုတ်ဖျက်၊ နှိပ်စက်သမှု၊ ဘိစီးပြု၏၊ မင်းဟု ဖြစ်ရှောင်း၊ ခြိမ့်ခြိမ့်ညောင်းအောင်၊ ဗိုလ်ပေါင်း ရံကာ၊ သိကြား လာသို့၊ ချိန်ခါ ထင်ရှား၊ ဘုန်းတော်အားကို၊ အများ မြင်ရှု၊ ထွက်-ဝင် ပြုလော့၊ ဘာနုဣန္ဒု၊ အံသုမာလာ၊ ရောင်ဝါ ထိန်ဝင်း၊ လေးကျွန်းချင်းသား၊ နေမင်း လမင်း၊ ဝါးလုံးတွင်းနှိုက်၊ မလင်းနိုင်စွာ၊ ပမာ *တန္တု၊ မျက်မြင် ရှုလော့၊ ပြည်သူ့ မှန်ကင်း၊ မင်းတို့ ထွက်သော်၊ ရှေ့တော်စူးစူး၊ တပ်တော်ဦးက၊ အထူး ဓမ္မတာ၊ မြို့ဝန် ပါမြဲး၊ မပါ လွဲးမူ၊ *ဥဒဲး ကျည်းလျှို၊ တံခါးဗိုလ်က၊ မင့်းကိုဖြစ်စေ၊ မဘွင့်ချေဘူး၊ မသွေ စဉ်လာ၊ မြို့ဝန် ပါမူ၊ မဟာဒွါရ၊ မင်းလမ်း ပြလျက်၊ ဘွင့်ထ ပြီးလျှင်၊ ရွှေနန့်းရှင်တို့၊ မဝင်မချင်း၊ တံခါးရင်းဝယ်၊ ရပ်တင်း ကိုယ်တိုင်၊ ကြံ့ခိုင် အားရမ်း၊ လက်နက် ထမ်း၍့၊ ထုံးတမ်း မလွန်၊ မြို့ဝန် စောင့်ကာ၊ နေမြဲးသာတည့်၊ ရာဇာဟူက၊ မင်းထိုမျှတို့၊ ရာဇတန္တီ၊ ရှေးထုံး မှီလျက်၊ ပဝေဏီမှု၊ ပယ် မပြုနှင့်၊ “ဇမ္ဗူ့ ဆီမီး၊ နတ်နှင့် နီးအောင်၊ ပြည်ကြီး ချမ်းသာ၊ ခံစားပါလည်း၊ တောမှာ ပျော်မြူး၊ လေ့လာ ကြူး၍့၊ ဘီလူးနှင့် တွေ့၊ ရသေ့ကို †မှား၊ ရှေးမင်းများတို့၊ ကြီး†မား ဒုက္ခ၊ ကြုံရ သေလု၊ ဆင်းရဲး စု၏၊ န သာဓုမျိုး၊ ဟောရိုး ကျမ်းလာ၊ မှတ်အပ်စွာလည်း၊ “အိမ်ရာထောင်သူ၊ လူအပျင်းကြီး၊ မော်မီး မော်မန်း၊ ရဟန်းဖြစ်လျက်၊ နှုတ်လက် မစောင့်၊ ပြည်ထောင့်*သနင်း၊ မင်းဖြစ်လျက်တိ၊ မယှိ ဆင်ခြင်၊ ပညာရှင်လျက်၊ အမျက် ကြီးမား၊ ဤလေးပါးကား၊ ထင်ရှား လူ့ရွာ၊ မကောင်းစွာရှင့်၊”လိမ္မာ မြော်မြင်၊ ထုံး*ပုံပြင်ကို၊ ဆင်ခြင် မကျူး၊ ဘ,သားဦးလည်း၊ အထူး ဂရု၊ မှတ်သား ပြု၍့၊ “ပျော်မှု မများ၊ ကစား မလွန်၊ တောစွန် မလေ့၊ မြင်တွေ့ရာရာ၊ မလိုက်စွာဘဲး၊ မိစ္ဆာ ဝိသမ၊ စာရ မမှား၊ မသွားအပ်ဘွယ်၊ မသွားလွယ်နှင့်၊ ပျက်ပြယ် ချောသွေ၊ ပလေ*လက်ချား၊ စကား ပေါ့သွပ်၊ စိတ်ကြွပ် လက်ထန်၊ ရာဇမာန်က၊ ကြွေအန် လောင်း†ကြူး၊ အိမ်ရာ†ကျူးနှင့်၊ သောက်မူး ယစ်ဝ၊ ဟူသမျှကား၊ ဒေါသအပြစ်၊ များစွာ ဖြစ်၏၊”မင်းစစ် တန်းခိုး၊ မတင်ညှိုးသည်။။ နွယ်ရိုး မြတ်မမူချေသာ†တမင့်။ (၄၁)

(၂၁၁) ထိုမှတသီ၊ မှတ်ကြောင်းစီပိမ့်၊ “ပါရမီ *နဂိုရ်၊ မယှိလိုက၊ ကုသိုလ် သုစရိုက်၊ မဟောထိုက်တည့်၊ သူမိုက် တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အလွန်ခါး၏၊ နားပါး မဝင်၊ သိမြင်*မဲ့စွာ၊ သူယုတ်မာအား၊ ခြင်းရာ ကောင်း-ဆိုး၊ ကြောင်း-ကျိုးတရား၊ မဟောကြားရာ၊ ဟောမိပါက၊ အပြစ်ရ၏၊”သားလှ သတ်မှတ်၊ ဘ,သည်းပွတ်ကား၊ သူမြတ်ပီပီ၊ နုသာသီကို၊ ချို-အီ *စိစ္စေး၊ နာဘိသေးလော့၊ “ရှေ့ရေး နောက်ရာ၊ မရှုစွာသား၊ ပညာ*မဲ့မျိုး၊ ဆင်ကာန်းတိုးသို့၊ အကျိုး *မဲ့ ကြိုက်၊ ဘိုးမထိုက်ဘူး၊ သူမိုက်စကား၊ တထောင် များလည်း၊ စီးပွား ကင်းဝေး၊ မကောင်းဆေးတည့်၊”ရှေးက မုနိ၊ လောကီ့သခင်၊ ယောဂီသျှင်တို့၊ သွန်သင် *နိဿရည်း၊ ထုံးနည်း ပြကတေ့၊ မှန်မရွေ့ကား၊ အလေ့ ရှစ်စဉ်၊ ဥယျာဉ် ပျိုးမှု၊ ရှစ်ခုပမာ၊ ကိုးဖြာ ကဲ့ရဲ့၊ ရယ်ဘွဲ့ လက္ခဏာ၊ ရောက်တတ်ရာ ဆယ်ပါး၊ အားနှင့် ပျက်တတ်၊ ဒွါဒသ်ခေါ်ဆို၊ အလိုလိုက်ရာ၊ တန်းဆာဆင်ဘွယ်၊ ဆဲ့သုံးသွယ်လည်း၊ ဝမ်းဝယ် မှတ်လေ့၊ စွဲး သိမ်မွေ့လျက်၊ ခြင်္သေ့ကျင့်ရာ၊ ဝတ်တဖြာနှင့်၊ ဗျိုင်းမှာ တချက်၊ ကြက်မှာ လေးယူ၊ ကျီးမူ ပ ဉ္စ၊ သုနခ ခြောက်ပါး၊ မြည်းကား သုံးသွယ်၊ ကျဉ်းရုံးခြယ်သား၊ နှစ်ဆယ် စရိယ၊ နီတိပြတိုင်း၊ စိတ်က မငြီး၊ နည်းယူ †မှီးလော့၊ “†မီးကား ပူထွေ၊ ရေကား ဧးလွန်း၊ ပြစ်စွန်း နှစ်ဘို့၊ မီးရေတို့တွင်၊ မီးသို့ချည်းဟူ၊ ရေတူချည်းသာ၊ မကျင့်ရာဘူး၊ လက္ခဏာ နှစ်ပါး၊ ပိုင်းခြား ရှုမျှော်၊ မီးလွန်သော် ချစ်၊ ရေလွန် †ပြစ်၏၊ စွန့်†ပစ်လွန်မှု၊ ညီမျှ ပြုလျက်၊ ကြမ်း-နု မဇ္ဈုံ၊ နုလုံ လေ့ကျက်၊ *ငေါ်ငတ် နှုတ်သံ၊ မျက် မလျှံနှင့်၊ *ငံငံ ချေ†ချေ၊ သားမင်း†ချေလျှင်၊ ချိုစေ သူ့နား၊ ချဉ်မခါးအောင်၊ စကား ကျစ်လစ်၊ အဆစ်ဆစ်နှိုက်၊ မထစ် မထုန်၊ မဖုန် မထိုင်း၊ မရိုင်း *မဆတ်၊ *ရှဲးခတ် ကိုယ်စား၊ သစ်ပျဉ်ပြားနှယ်၊ ပြတ်သား သိမ်မွေ့၊ ချောမြေ့ ပြေပြစ်၊ မာန်မယစ်ဘဲး၊ မြစ်မြစ် ခြေ†ခြေ၊ လူဗိုလ်†ခြေအား၊ သံ†ခြေ နှုတ်+ညင်း၊ ရွှေစောင်း+ငြင်းသို့၊ မပြင်းမ+ပြ၊ သာချမ်းမြလျက်၊ ပျ†ပျ ရွှင်+ပျော၊ ဆိုမိန့်+ပြောလော့၊ သဘော ခက်မာ၊ ဝါစာ ဖရုသ်၊ ကြမ်းကြုတ်ခဲ့က၊ ကဲ့ရဲ့ မညံ၊ တီတွတ်သံသို့၊ မခံ လူ့နား၊ မကြား*ခလို၊ အောင့်ကြ ဆို၏၊” “အဟို ရှေးက၊ ကမ္ဘာစဝယ်၊ ဆေးခ မပေး၊ တင်မြီ†ကြွေးကြောင့်၊ လုပ်†ကျွေး စောင့်ရှောက်၊ ဥကပေါက်တိုင်း၊ မပျောက်စေရ၊ ကျီးက တမှု၊ မွေးမြူရှု၍့၊ ပြုစု ရွက်ဆောင်၊ ကျီးအ*ယောင်နှင့်၊ ကျီးတောင် ကျီးကိုယ်၊ မည်းညို ချိပ်နက်၊ ဥသြငှက်လည်း၊ နှစ်သက်ဘွယ်ကြီး၊ နာမငြီးတည့်၊” “*အတီး ရှေးခါ၊ မသာယာ၍့၊ မဟာသတ္တ၊ ဝိသာလမည်၊ နွားကြီးသည်လည်း၊ မကြည် နှုတ်ကြမ်း၊ ပုဏ္ဏားသွမ်းကို၊ လောင်းတမ်း ဥစ္စာ၊ သပြာ ထောင်လုံး၊ ရှူံးစေဘိ၏၊”ထိုပြီ့း တသုတ်၊ “ကိုယ်-နှုတ် နှစ်ဖြာ၊ ကြမ်းကြုတ်စွာကြောင့်၊ ပြည်-ရွာ မှူး-မတ်၊ မညွတ်သော့အား၊ မင်းကြီ့းသားလျက်၊ ပယ်ရှားကုန်ကြ၊ ဒုဋ္ဌကု†မာ၊ ရေ†မှာ မျှောဘိ၊” “ဂါမဏိနှင့်၊ မည်ယှိ နာမ၊ သံဝရကား၊ မင့်းသာ့း အစစ်၊ ငယ်ဆုံးဖြစ်လည်း၊ တိုင်းချစ် ပြည်ခင်၊ ရွှေနန်းတင်၏၊ လူ-ရှင် ခပ်သိမ်း၊ ပူ မငြိမ်းအောင်၊ *ပလိမ်း ပ†ကျံ၊ မတော်†ကြံဖြင့်၊ တရံခါမျှ၊ မကြံရဘူး၊” “ဘွဲ့ထ ငြိုးသို၊ ကျိုး မလို၍့၊ သူ့ကို ပျက်ကြံ၊ ကြို့နှင့် ဝံသို့၊ နိုင်ငံ နီးရှက်၊ ပြည်ထောင်ဘက်နှင့်၊ စစ်မက်လည်းထိုး၊ မျက်မုန်းကြိုး၍့။။ ရန်ငြိုး မှတ်မယူစေသာ*တမင့်။ (၄၂)

(၂၁၂) ထိုမှ တပုံ၊ စေ့စုံ မှတ်ချက်၊ ခမည်း မြွက်ပိမ့်၊ *ကြံထက် ပညာ၊ ဘွေ*ရှာ စူးစား၊ သတိထား၍့၊ ငါ့သား မှတ်ယူ၊ နှလုံးမူလော့၊ “လူတို့ကိစ္စ၊ လူ့လောကနှိုက်၊ ပြုသမျှမျိုး၊ ပြစ်-အကျိုးတို့၊ ကောင်းဆိုးအတိ၊ မြဲးမယှိဘူး၊ လောကီ့ ထုံးစံ၊ လောကဓံကား၊ မကြံလည်း ဖြစ်၊ ကြံလည်း နစ်၏၊ စင်စစ် မှတ်သား၊ မယုံမှားနှင့်၊ ယောက်ျား*တကာ၊ အားထုတ်ရာသည့်၊ ကြီးစွာ လုံ့လ၊ ဝါယာမမူ၊ မချကောင်းချေ၊ မသေမချင်း၊ ပြုအပ်လျှင်း၏၊ မယွင်း မှန်†လှ၊ ဤလောကနှိုက်၊ လုံ့†လမမူ၊ နတ် မကူဘူး၊ လူလည်း လုံ့လ၊ နတ်လည်း မ,၏၊”ထိုမှ တချက်၊ မောင် နားရွက်လော့၊ “ရှို့ဝှက်အပ်စွာ၊ အရာရာကို၊ မာတာ ပိတ၊ မိ-ဘနှင့် သား၊ ကိုယ်ကို ထား၍့၊ မယားကိုမျှ၊ မပြောရဘူး၊ ရှေးက ပြည့်ရှင်၊ မဆင်ခြင်ဘဲး၊ သစ်ပင်ကိုတိ၊ ပြောမိသော့အား၊ ဖွဲးနုစားဟု၊ စကားစည်မြည်၊ ဥဒါန်း တည်၏၊ ကြံစည် ကိုယ်ထီး၊ ခွင့်မပြီး၍့၊ ရေးကြီး ရာကျယ်၊ တိုင်ပင်ဘွယ်ကို၊ အကယ်ယုံမှု၊ တိုင်ပင်ပြုလည်း၊ စတုကဏ္ဏ၊ ဆကဏ္ဏဟု၊ မှန်လှ မဘောက်၊ နှစ်ယောက် သုံးယောက်၊ နား လေးပေါက်နှင့်၊ ခြောက်ပေါက်သာမျှ၊ မလွန်ရဘူး၊ လွန်က အပြီး၊ ပျက်စီးတတ်ချေ၊ တောင်ကျရေသို့၊ ပလေ *ပစာ၊ ထွေရာ ဆန်းပြား၊ တဘွားဘွားလည်း၊ စကားရတိုင်း၊ အပိုင်း မယှိ၊ ပြောမိ ပြောရာ၊ မပြောရာရှင့်၊” “ကိန္နရာစစ်၊ ငှက်မျိုးဖြစ်လျက်၊ ကျစ်လစ်သော့အား၊ ကြောက် မုသားကြောင့်၊ စကား မသည်း၊ နှုတ် စောင့်စည်း၏၊ ချုပ်တည်း နှုတ်-လျှာ၊ မစောင့်စွာကြောင့်၊ ဟင်္သာ ညီနောင်၊ ဆောင်သည် မိုက်†လှ၊ လိပ်ဗာ†လလျှင်၊ လွတ်ကျ အောက်မြေ၊ သက်ဆုံး သေ၏၊”တထွေ မှတ်ခင်း၊ မင်းသို့ တက်†ရာ၊ မင့်းမာ†ယာနှိုက်၊ လိမ္မာစေချင်၊ နားဝယ် တင်လော့၊ ပွတ်ငင် ကြိုးဆွဲ၊ မြေထဲး ကျောက်ခံ၊ နှိုင်းစံ သရက်၊ လက်ဝှက် တခု၊ ကြွက်တု တသီး၊ ပွတ်မီး တူယှဉ်၊ ရေယဉ် မီးလျှံ၊ အရံပမာ၊ မင့်းတန်းဆာက၊ ကြာနှင့် တိမ်ပန်း၊ ဤ*ဥဒါန်းကို၊ စွဲးမှန်း မှတ်ရှု၊ ကသိုဏ်းပြုရှင့်၊ မုဒု တိက္ခ၊ မဇ္ဈ သုံးမျိုး၊ ကျင့်ရိုး လက်တန်း၊ တံသုတ်†ကျမ်းဖြင့်၊ နု†ကြမ်း နှစ်အင်၊ ပမာဆင်သား၊ ပွတ်ငင်ထုံးစံ၊ ကျင့် လေးလံမူ၊ ကျောက်ခံ မြေထဲး၊ မလွဲး ပုံလား၊ ပြည်သူများတို့၊ လျှောက်ကြား တင်ခွင့်၊ လွယ်လင့်တကူ၊ သရက် တူလျက်၊ ရန်သူ အောင်ကြောင်း၊ ကြံရှောင်း ထဲးနက်၊ ပြင်မထွက်ဘဲး၊ လက်ဝှက်ပမာ၊ ဥစ္စာ ပွားမှု၊ ကျီကြ စုကား၊ ကြွက်တု ပုံမှတ်၊ ကြီးမြတ် ရိပ်ငြိမ်၊ စည်းစိမ် ပွားစီး၊ ပွတ်မီးပုံသွေး၊ ပြည်ရေး မျှော်ယှဉ်၊ ရေယဉ်*တရှိ၊ သတ္တိ သုံးသွယ်၊ လျှမ်းကယ် ဝင်းဝင်း၊ မီ့းနှယ်လင်းလျက်၊ *ခပင်းနိုင်ငံ၊ စည်ကြောင်း ကြံက၊ အရံ တူစေ၊ မျိုးဆွေ မတ်လျောက်၊ ခြီးပင့်ထောက်သော်၊ မင်းမြှောက်တန်းဆာ၊ ပမာတူလို၊ လူ*-ဗိုလ်*အထု၊ ချမ်းသာမှုနှိုက်၊ ကြာတု *နှုန်းနှန်း၊ မင့်းဘုန်းတန်းကား၊ တိမ်ပန်း*တမျှ၊ ဖြာ၍့ကျလော့၊ ရာဇမာယာ၊ ဆဲ့နှစ်ဖြာလည်း၊ မကွာ အစဉ်၊ ကိုယ်နှိုက် ယှဉ်လျက်၊ ဓမ္မ ဉ္စရ၊ ဒသဂါထာ၊ သတာရဟ၊ စသည် တရား၊ ကျင့် မမှားက၊ သိကြား ခြီးမြှင့်၊ နတ်ပြည် ပင့်၍့၊ အရှင့်*စတေ၊ ရောက်ကြလေသည်၊ လေးထွေ မြတ်စွာ၊ မင်း*တကာသို့၊ တေဇာ မညှိုး၊ နေ့နယ်တိုးသည်။။ တန်းခိုး နတ်မဟူပေသာ*တမင့်။ (၄၃)

(၉-လုံးချ 'မဏိဆံကျင်'ချနည်း မ,အက္ခရာနှင့် ချရကား 'ရွှေလောင်းပြန်' 'သာတမင့်ချည်း'ချချင်း တူရကား 'သော်တာရောင်ချနည်း'လည်း ဟူကုန်၏၊)

(၂၁၃) လက်ျာကျွန်းတည့်၊ ထက်ဝန်း *ပတ်ဝုတ်၊ သမုဒ် ရစ်ခွေ၊ ပင်သပြေနှင့်၊ ရေနေ လေးထောင်၊ တော သုံးထောင်က၊ လူ့ဘောင် လူနေ၊ လူ့ရပ်မြေလည်း၊ မသွေမှန်ဘိ၊ သုံးထောင်ယှိလျက်၊ ရေတိ ရံရှောင်း၊ မြေနားဍောင်းဟု၊ သောင်းဇမ္ဗူဒီ၊ မြရည်ညီသား၊ မဟီ ကုဏ္ဍလာ၊ သုန္ဒရာထက်၊ တေဇာတက်တုန်း၊ ဘက်မ*နှုန်းအောင်၊ ဘုန်းနှင့် လက်ရုံး၊ စိန်နှစ်လုံးသို့၊ ရွယ်ကျုံး ရည်တိုင်း၊ *တောက်တောက်ပိုင်းလျက်၊ *ကွန့်လှိုင်း ဘုန်းရောင်၊ လက်ရုံးပြောင်သည်၊ သားမောင် ဒါလီ၊ ချစ်ကြိုးသီ။။ ဤသို့စသား၊ များလှတုံစွာ၊ မင့်းရေးရာနှင့်၊ ပြည်လာ ပြည်+တဲး၊ လူ*ဖြင်ပြဲးကို၊ ဝမ်း+ထဲး ထွေ†ပြား၊ ကြံစိတ်†ပြားပြီး၊ ဆန်း†ပြား ဖြာ+ဖြာ၊ နီးသို့+ဖျာလျက်၊ မင်္ဂလာနန်းတွင်း၊ မတ်*ခပင်းနှင့်၊ မင်းတို့ ပြကတေ့၊ တနေ့ သုံး†ယံ၊ ညီလာခံ၍့၊ ဝန်း†ရံသဘင်၊ ရွှေဘုံပြင်ဝယ်၊ တိုင်ပင် မ†ပျင်း၊ ခါ မကင့်းဘဲး၊ *စိုင်း†ပြင်း အလေ့၊ မှန်မရွေ့လင့်၊ မမေ့မလျော့၊ မင်းယဉ်ကြော့လျှင်၊ ပေါ့ပေါ့သိပ်သိပ်၊ ပေါ့သိပ် သိပ်ပေါ့၊ ဟူသော့အခြင်း၊ သဘောရင်းတိ၊ မင်းတို့ရေးရာ၊ ဤလေးဖြာတွင်၊ သေချာ ခပ်နှိပ်၊ ရွှေတံဆိပ်သို့၊ သိပ်သိပ် သိမ်မွေ့၊ ကြံစည်လေ့လော့၊ “စေ့စိပ် သေချာ၊ မပေါ့ရာဘူး၊ ကြီးစွာ ခွန်အား၊ ကိုယ်ကား တောင့်နှယ်၊ အစွယ် ငင်းငင်း၊ မာန်ပြင်း မုန်ဝေ၊ တောနေ* ပေါက်ထီး၊ မာတင်ကြီးလျက်၊ ချည်းနှီး ချို့တဲ့၊ ဉာဏ်မ*ဟဲ့ကြောင့်၊ ခေါင်း*မဲ့ တုံးတုံး၊ ဗုဇွန်လုံးမှ၊ ရှုံးခဲ့ ညွန်တွင်း၊ နစ် သေလျှင်း၏၊ ရေမင်း နဂါး၊ ပေါက်စားလုစွာ၊ ကေသရာမူ၊ ပညာ*ကြံထက်၊ နှံစုတ်ငှက်နှင့်၊ ပေါင်းဘက်၍့လျှင်၊ တိုင်ပင် တုံရှောင်း၊ ကြံကောင်း ကြံရာ၊ ကြံမိပါ၍့၊ ချမ်းသာရလျှင်း၊ သေဘေး ကင်း၏၊”သားမင်း ရွှေစင်၊ ဤ*ပုံပြင်ကို၊ ဝမ်းတွင် စွဲး၍့၊ စံတည်မွေ့လော့၊ “ထိုရွေ့ များစွာ၊ သတ္တဝါကား၊ ခန္ဓာရင့်တိုင်း၊ စိတ် ရုန့်ရိုင်း၏၊ ပိတ်ထိုင်း မောဟ၊ မိုက်တွင်း ကျ၍့၊ အန္ဓပုထုဇဉ်၊ ဉာဏ် မယှဉ်ဘူး၊ ပျိုစဉ် တဏှာ၊ အို မိစ္ဆာနှင့်၊ ပညာ ကင်းဘိ၊ သတိ ကင်းပ၊ ဉာဏ် ကာန်းစွကြောင့်၊ သတ္တဝါ့အလေ့၊ မငြီးငွေ့ဘူး၊”ဘုန်း*ဟေ့ ဘုရင်၊ ငါ ဘခင်မူ၊ တောဝင် ယခု၊ ရဟန်းပြု၍့၊ စတု ဗြဟ္မ၊ ဝိဟာရဖြင့်၊ အတ္တဟိတ၊ ကိုယ်ကျိုးမျှသာ၊ နေ့-ည ဆော်နှိုး၊ အားထုတ် ကြိုးပိမ့်၊ တိုင်းကျိုး ပြည်ကျိုး၊ သူ့အကျိုးကို။။ *အဲးခိုး*မသံတို့ပြီဘူး။ (၄၄)

(၂၁၄) ငါ့သား မင်းညို၊ ရွယ် *တန်စိုဖြင့်၊ မင်းပျို မင်းလွင်၊ ပျော်မြူး*ဖြင်၍့၊ ရယ်ရွှင်အုန်းအုန်း၊ အနှုန်းမယှိ၊ မကြူးဘိနှင့်၊ “မျက်စိ ပွင့်ရုံ၊ ရွှင်ပျရုံမျှ၊ သိတမည်ငြား၊ သွားဖျား ပေါ်ရုံ၊ ရယ်တုံ ဟသိတ်၊ ကျိတ်ကျိတ် သာယာ၊ အသံပါဘိ၊ ဝိဟသိမည်၊ ဦးလည် လှုပ်ထ၊ ဥပ မှတ်ချက်၊ မျက်ရည်ထွက်က၊ အပ ခေါ်ဆို၊ ကိုယ်ကို ပစ်လွဲး၊ လွန်ကဲး အတိ၊ ဟသိမည်ကြ၊ ပဘေဒဖြင့်၊ ကျမ်းပြ ထင်ရှား၊ ရယ် ခြောက်ပါးတွင်၊ ပိုင်းခြား အညီ၊ နှစ်ပါးစီလျှင်၊ သညီ သမုတ်၊ မြတ်-လတ်†ယုတ်တည့်၊ န†ရုတ္တရော်၊ ရွှေလှော်စံတိ၊”မောင်ဘုန်းယှိကား၊ ဇာတိ ပဝရ၊ မျိုး သေဋ္ဌရှင့်၊ ဉာဏ နှိုင်းရှု၊ သတိပြုလော့၊ ရယ်မှု ရွှင်မှု၊ ပျော်မှု မလွန်၊ မင်းတို့ဝန်ဖြင့်၊ ကျေးကျွန် နီး-ဝေး၊ တိုင်းပြည်ရေးနှင့်၊ ကိုယ်ရေး တွင်းပြင်၊ ထက်ဝန်းကျင်ကို၊ ဆင်ခြင် ကြံလေ့၊ မှန် မမေ့နှင့်၊ ခြင်္သေ့သော်လည်း၊ ကြံစည် နည်းက၊ လက်သည်းခွံမျှ၊ ကိုယ် ကာယနှင့်၊ ဗလ နည်းပါး၊ အား*မဲ့စွာလျက်၊ ဘားတလက်ကြောင့်၊ အသက် သေဆုံး၊ ပျက်စီး ရှူံး၏၊ “အိုင်လုံး ကုန်အောင်၊ ငါး *မြားမြောင်ကို၊ ဗျိုင်းဆောင် လှည့်*ဖြား၊ ချီကာ စားသော်၊ ငါးများထက် လွန်၊ လိမ္မာ ပွန်သည့်၊ ပုဇွန် *ကြံထက်၊ ပညာ နက်၍့၊ အသက် မသေ၊ ကိုယ် မကျေဘဲး၊ ဆောင်စေ လိုတိုင်း၊ ကျွန့်နှယ် ခိုင်းလျက်၊ ဗျိုင်းမိုက်လည်ပင်း၊ စင်းစေလတ်လတ်၊ ပြတ်အောင် ဖြတ်၏၊” “မမြတ် ကျင့်တန်၊ ဆိုး ဝင်္ကန်ဖြင့်၊ ဉာဏ် ကလိန်ချုံ၊ ဆူးရစ်ရုံသို့၊ ဝိုင်းအုံ လိမ်လစ်၊ သဘောညစ်သား၊ ကောက်ကျစ် ကာမိန်း၊ မကုသ် သိန်းနှင့်၊ ဒေဝန်းဟူသည်၊ လေးဆူ မတ်ဝန်၊ ကြံကြဟန်ကို၊ ပြန်ကာ လိမ်ထ၊ *ဘင်တွင်း ချ၍့၊ အမရာ့ဉာဏ်၊ ဆယ်ပြန် လွန်လျက်၊ မျောက်ဖြူ ဆက်၏၊” “ကျင့်ပျက် ယွင်းချွတ်၊ တရားလွတ်သည့်၊ ကေဝဋ် ဉာဏ်လိမ်၊ ကြံတကြိမ်ကို၊ ဦးနှိမ် ကိုင်ပြီး၊ ဆယ်ဆ စီး၍့၊ မြေကြီး တိုက်ညွတ်၊ မဟော် ပွတ်၏၊ မှတ်လော့ သက်ဆုံး၊ ဤသည့်ထုံးကို၊ နှလုံးထား၍့၊ မှုသွားအလျောက်၊ ရှေ့နှင့် နောက်ကို၊ ချင့်ထောက် မြှော်ရှု၊ မဟော့်တုဖြင့်၊ အနုမြူညှင်း၊ စိန့်နှယ် မြွင်း၍့၊ *ထွင်းကျင်း စုံစေ့၊ ကြံစည်လေ့ရှင့်၊”မွေ့မွေ့လျော်လျော်၊ ပျော်ပျော် ရွှင်ရွှင်၊ တဘင်ဘင်နှင့်၊ အရှင်လည်း ယစ်၊ ကျွန်းလည်း ယစ်၍့၊ ကျိုး-ပြစ် မထင်၊ ဖြစ်ခဲ့ကျင်သော်၊ လူ-ရှင် *ခပဲး၊ ပြည်*ထဲးကိစ္စ၊ မချမ်းမြဘူး၊ သားလှ သည်းချာ၊ သိ လိမ္မာလော့၊ မြို့-ရွာ ခမ်းနား၊ ပြည် တိုင်းကားနှင့်၊ သား-မယား ဝန်၊ ကိလေညွန်မှ၊ ဘုန်း*မွန် ဘ,မင်း၊ လွတ်အောင် ကွင်းပိမ့်။။ နစ်ဆင်း မကျွံတို့ပြီဘူး။ (၄၅)

(၂၁၅) ပြောက ပြေပြစ်၊ ချစ်နှစ်လို့ရန်၊ ဟုတ်မှန် ဖြောင့်သား၊ တရားညီစွာ၊ နီတိ လာတိုင်း၊ အင်္ဂါ လေးပုံ၊ ပြည့်စုံ စကား၊ ခိုင် တည်ကြား၍့၊ *သီးစားပညာ၊ အရာ သိတတ်၊ ယွင်းမချွတ်လင့်၊ “မှူးမတ် ကျေးကျွန်၊ များ*တသွန်လည်း၊ မ*မွန် စရိုက်၊ အချို့ မိုက်၏၊ အထိုက် အလျောက်၊ လူရည် ထောက်၍့၊ ခြီးမြှောက်အပ်†ချေ၊ ချင့်မိစေလော့၊” “အ†ခြေ မယှိ၊ ဇာတိမကောင်း၊ လူ့ သစ်ဂ†ယောင်းကား၊ ရောင်းတိုင်း မစွံ၊ ထင်း-သစ်ခွံသို့၊ ဖျင်း*သွံ စာရိတ်၊ ကိုယ်-စိတ် မူရာ၊ မကောင်းစွာဘူး၊ သမ္မာ မကြိုက်၊ ထိုသူမိုက်လည်း၊ *ဂုံးတိုက် ချောလျော၊ သဘော ယုတ်မာ၊ ကျင့်တတ်စွာ၏၊ ဘာသာ မျိုးခြား၊ သူတို့အားလျှင်၊ နီးပါး ထံရင်း၊ အယုံသွင်း၍့၊ အတွင်းထားကာ၊ မပြုရာဘူး၊” “ရှေးခါသော်က၊ သီဟ နွားလား၊ နှစ်ကောင် ကြားဝယ်၊ တောသား ဒုစရိုက်၊ မြေခွေးမိုက်က၊ ရန်တိုက်သော့အား၊ ခြင်္သေ့ နွားတို့၊ ခိုက်ပွား ရန်စစ်၊ ဖြစ်၍့ မကြာ၊ သေကြစွာ၏၊”မိတ္တာ-မိတ္တ၊ သဟာယလည်း၊ အညဒ†တ္ထု၊ ခင်ပွန်း†တုနှင့်၊ ဥပကာရီ၊ ခင်ပွန်းပီတို့၊ လေးလီ လေးဖြာ၊ သင်္ချာအပြား၊ ဆဲ့ခြောက်ပါးကို၊ ပိုင်းခြားပြီးသော်၊ “မပေါင်းဘော်ထိုက်၊ ပေါင်းဘော်ထိုက်ဟု၊ ဉာဏ်နှိုက် မြဲးစွာ၊ ခွဲးဝေရာ၏၊ ကြိုးကြာ မြေခွေး၊ မိတ်ဆွေရေးဖြင့်၊ ကျွေးကြ အစာ၊ ပုံပမာနှင့်၊ ကမ္ဘာဦးက၊ မမျှ အမူ၊ မတူ ဇာတ်ချင်း၊ တွေ့တုံလျှင်း၍့၊ ငါးကြင်း တင်†ကျီး၊ မိတ်ဘွဲ့ ပြီးလည်း၊ ရန်†ကြီးဖြစ်လျက်၊ ကမ္ဘာဆက်သို့၊ အတ္ထက္ခာယီ၊ မပီသဘော၊ ပေါ်ချော နှုတ်လွင်၊ မာယာဆင်လျက်၊ မခင် မရဲး၊ မိတ်*သဟဲးအား၊ ဝမ်းထဲး မလာ၊ ကျိုး*မဲ့ ရှာ၍့၊ မေတ္တာ မပွား၊ မိတ်တရားကို၊ ဖျက်ငြားချေပြု၊ စိတ် မရှုနှင့်၊” “ပေါင်းစု ယှဉ်ပူး၊ နှစ်ဦး ကြုံတွေ့၊ မြင်၍့ မပြုံး၊ နှလုံး မသာ၊ ကြားပါတုံလျက်၊ နှစ်သက် မယှိ၊ မျက်စိ ဆိုင်လှည့်၊ မကြည့်စလို၊ ကြည်ညို မပြု၊ ဆန့်ကျင်မှုသာ၊ မျှော်ရှုသဖြင့်၊ ပြောဆို ကျင့်သား၊ မသင့် ဝမ်းတွင်း၊ နှလုံးသွင်းနှင့်၊ ယင်းသို့ လက္ခဏာ၊ ပုဂ္ဂိုလ်မှာလျှင်၊ သဟာ ကျွမ်းဝင်၊ ချစ်ခင်သမှု၊ မိတ် မပြုနှင့်၊”သားဦ့း ပိတာ၊ ဘ,မြတ်စွာမူ၊ ဆိတ်ရာ ခိုအောင်း၊ တကိုယ်ကောင်းဖြင့်၊ မြတ်လောင်းတို့ထုံး၊ သီတင်းသုံး၍့၊ နှလုံး မခွ၊ စံ ချမ်းမြအံ့၊ “မိန်းမ ယောက်ျား၊ နှစ်ပါး ကြိုက်ကြုံ၊ ရူပါရုံက၊ အရင်း စ၍့၊ ရာဂ ငါးပါး၊ သားမြေး ပွား၏၊ *ချောက်ချား နေ့-ည၊ ယက္ခဂါမာ၊ ဘီလူးရွာသို့၊ သိင်္ဂါဘုံဗွေ၊ နန်း*ရဝေဝယ်၊ သုံးရွေ ရွယ်ညှောက်၊ နတ်အောက် မနိမ့်၊ လှလေး*ငြိမ့်သား၊ ရှုစိမ့်ဘွယ်ချည်း၊ *အပည်းပည်းနှင့်။။ *ချစ်ရည်း မငံတို့ပြီဘူး။ (၄၆)

(၂၁၆) “ပညာမျက်စိ၊ မျိုးဇာတိက၊ မယှိသူအား၊ အနီးထား၍့၊ ထံပါး တွင်း-ပြင်၊ ကျွမ်းမဝင်နှင့်၊ အရှင် သူ*မွန်၊ မြင်းချေးသွန်က၊ ကျွန် ပဲပြုတ်စွန့်၊ မျောက် ရေသွန့်းလား၊ ကျိုး ပျက်ပြား၏၊”ဘုရား ဟောဘိ၊ ဇာတ်တော်ယှိသား၊ ဇာတိ အန္ဓ၊ ဗာလဟူသည်၊ လူပင်*တမင့်၊ ဖြစ်လင့်ကစား၊ အဟိတ်နွားသို့၊ အသားသာ မို့၊ ဉာဏ်တုံး ချို့၏၊ နွားနို့ ထွန်တုံး၊ မြွေ-ဆင် သုံးနှင့်၊ စံထုံး မရ၊ ပမာပြသည့်၊ လာလုကလုင်၊ လူတွင် ရှေးက၊ ပြောဆိုကြသား၊ ဆုံးမ မထိုက်၊ သေအောင် မိုက်သည့်၊ ရေနှိုက် ပျားဖွပ်၊ လူသွပ် ယောက်ျား၊ နှစ်ဦးသားသို့၊ တရား မယှိ၊ လူ့ဒိဋ္ဌိကား၊ ပြုမိ တတ်ဆန်း၊ အမှန်း မသိ၊ ပြုတတ်ဘိ၏၊ ဉာဏ်ယှိ မင်းပျို၊ သူမိုက်ကိုလျှင်၊ မလို ကင်းကွာ၊ ရှင်းရှင်း ခွါလော့၊” “သိင်္ဂါ*နိထုံ၊ နန်းရွှေဘုံဝယ်၊ အယုံပြု†လျက်၊ တောမျောက်လက်နှိုက်၊ သန်†လျက် အပ်ငြား၊ ကိုယ်စောင့်ထားသော်၊ မင်းဖျား ပျော်စက်၊ ဥက္ခောင်းထက်နှိုက်၊ ပန်းရက် ယူစား၊ ပိတုန်းပျားကို၊ ထိုဓား သန်†လျက်၊ မြမြထက်ဖြင့်၊ ချိန်†လျက် မိုးကာ၊ ချီ၍့သာလျှင်၊ မင်းပါ အကယ်၊ ခုတ်အံ့ ရွယ်ခဲ့၊ လူဝယ်သော်လည်း၊ ထို့နည်း မှတ်ပိုက်၊ သူမိုက်ဟူက၊ မဆ မညှာ၊ ပြုတတ်စွာ၏၊ ယုံသာ ယုံရ၊ မ*ကုံစွဘူး၊ ကိစ္စ လိုရုံ၊ *ကုံသာ *ကုံ၍့၊ မယုံစရ၊ ယုံ မလှဘူး၊” “မွေးဘ သည်းချာ၊ မင်းတို့မှာလျှင်၊ ပညာပေတုံး၊ နှလုံး မပွင့်၊ ဉာဏ်မရင့်ကို၊ ကိုယ်နှင့် နီးပါး၊ မထားစအပ်၊ မစပ် ဝေးစွာ၊ *ဖဲးစေရာ၏၊” “သမ္မာ ကင်းထ၊ ကျင့်ပါပနှင့်၊ နှုတ်က ဘု†ရား၊ လက် ကား†ရားဖြင့်၊ တ†ရား မစောင့်၊ သူကောင့် လက္ခဏာ၊ အပေါ် ဝါလျက်၊ ယုတ်မာ စရိုက်၊ ကျီးမိုက် ဗာလ၊ ဓမ္မိကသို့၊ စာရ မကောင်း၊ လူ့တစောင်းလည်း၊ မပေါင်းဖြစ်သာ၊ လွဲသွေရာ၏၊” “ဝါစာ နှုတ်-လျှာ၊ သာယာ ပေါ်ချွဲး၊ လူစဉ်းလဲးကား၊ လက်ဝဲးနံဘက်၊ ဝက်၏ပမာ၊ လက်ျာနံပါး၊ ဆိတ်အလားနှင့်၊ ချိုကား နွားအို၊ နွားငယ်လိုလျှင်၊ သံကို မြည်ကာ၊ တူရာ ပြငြား၊ လှည့်ပတ် *ဖြား၍့၊ ဖမ်းစား ဆိုးကြူး၊ ဝက်ဘီလူးသို့၊ ပေါင်းပူး လိမ်လစ်၊ လွန်ကောက်ကျစ်၏၊ မချစ်အပ်ရှောင်း၊ မပေါင်းအပ်စွာ၊ ရံခါသော်မျှ၊ မနီးရဘူး၊” “ထိုဗာလစစ်၊ လူ့ကောက်ကျစ်တို့၊ ကျင့်ညစ် ဝါသနာ၊ ဝမ်းတွင်းပါကား၊ ဘယ်ခါ မဖျောက်၊ ခွေးမြီးကောက်ကို၊ ကျည်တောက်စွပ်တူ၊ ပမာဟူ၏၊”စွဲယူ မှတ်သား၊ နှလုံးထားလော့၊ ဘ,ဘွား ဘုန်းမော်၊ ငါ မင်းကျော်မူ၊ မပျော် လူ့ခွင်၊ ရညကင်ဖြင့်၊ ဝင်၍့ တောယံ၊ ကျင့် *ခြိုးခြံအံ့၊ မစံ နန်းတွင်း၊ ရွေ*ခပင်းနှင့်။။ သက်နှင်း မနှံတို့ပြီဘူး။ (၄၇)

(၂၁၇) “မသူတော့်လျောက်၊ သူက ကောက်မူ၊ ကောက်သော် ကောက်ချင်း၊ မြွေနှင့် တွင်းသို့၊ ကောက်လျှင်းတုံမှ၊ ဤလောကနှိုက်၊ ကိစ္စပြီးလို၊ ရှေးအဟိုက၊ သံကို ကြွက်စား၊ သားကို စွန်ချီ၊ ရွှေနီကား ကြေး၊ ရင်သွေး မျောက်ဖြစ်၊ လူစစ် တသီး၊ သမီး ဆိတ်မ၊ ပုံကို ဆ၍့၊ ဝင်္က ဝင်္ကိ၊ ပလီ ဉာဏ်ဆိုး၊ ထိုလူမျိုးကို၊ အိုးရွဲ့ စလောင်း၊ ပိတ်တုံရှောင်းသို့၊ စောင်းလျှင် စောင်းတူ၊ တည့်မူ တည့်လိုက်၊ မှုချင်း တိုက်လော့၊ လူမိုက်ပညာ၊ ရ,တုံပါလည်း၊ ဂုဏ်ဝါ မထူး၊ ကျေးဇူး မနက်၊ ကိုယ်သာ ပျက်၏၊ ချင့်းလက် စိန်ရောက်၊ တောမျောက် အုန်းသီး၊ ရ,ချည်းနှီးတည့်၊ “ကျီးနှင့် တူစွာ၊ သူယုတ်မာတို့၊ ကာကာ ကီကီ၊ ပလီ လျှပ်ဝါး၊ နှုတ်လျှာပါးနှင့်၊ စကား အတင်း၊ တရား ကင်းလျက်၊ ခံငြင်း လေ့လာ၊ ဝါသနာဖြင့်၊ ရန်ရှာ ခိုက်ထိ၊ အဓိကရုဏ်း၊ ရောက်တိုင်း အုန်း၏၊ အ*နှုန်း မသိ၊ ဆုံး မယှိဘဲး၊ ပြောမိပြောရာ၊ တဘွာဘွာနှင့်၊ ပညာ ခွေးမြီး၊ လူမိုက်ကြီးလည်း၊ မပြီး အကျိုး၊ လက်ရုံး မိုး၍့၊ ကိုးရိုး ကားရား၊ ထောင်လွှား မာန၊ ဝင့်တတ်စွတည့်၊ သုတ ပညာ၊ နည်းတုံပါလျက်၊ ဝါစာ နှုတ်ကောင်း၊ တထောင်းထောင်းနှင့်၊ ဒေါင်း မယှိက၊ ကျီးနက် †လှသို့၊ ဗာ†လ လူဝါ၊ ဉာဏ်*မဲ့ရာဝယ်၊ ငါသာ ပဏ္ဍိ၊ ပညာ†ယှိဟု၊ မိုး†ရှိ စိတ်က၊ မြင့်တတ်စွတည့်၊” “ဗာလဟူသော၊ လူ့ငှက်†ပျောကား၊ နှုတ်†ပြောမျှသာ၊ နှစ် မပါဘူး၊ ပညာ †မဲ့ကင်း၊ လူ့အဖျင်းတို့၊ အဖျင်းချင်းသာ၊ ပညာယှိသူ၊ လူတို့မူလည်း၊ လူပညာချင်း၊ ပေါင်းသင်းကြစွာ၊ ဓာတ်တိုင်းသာရှင့်၊ ထင်ရာ ဖုန်ဖုန်၊ ဥဒါ†ရုဏ်နှင့်၊ ရွှေ†ယုန် ရွှေကျား၊ ရှေးစကားကို၊ နည်းပါး ဉာဏ်ချို့၊ သူငယ်တို့မျှ၊ မှတ်ယုံကြသို့၊ ဗာလချင်းသာ၊ ယုံကြရာ၏၊ ပညာယှိသူ၊ အဘယ်မူလိမ့်၊ မှတ်ယူ မထိုက်၊ လျှာ ဒုစရိုက်နှင့်၊ သူမိုက်စကား၊ ရာထောင် များလည်း၊ စီးပွား ကင်းဘိ၊ ကျိုး မယှိရှင့်၊” “အသိပညာ၊ *မဲ့တို့မှာကား၊ ပြည်-ရွာ မနီး၊ ကြီးသည့် ကြက်လို၊ နေ့-ညကိုလျှင်၊ ပဟိုရ် မသိ၊ တွန်မိ တွန်ရာ၊ တွန်တတ်စွာသို့၊ အခါ အရာ၊ မလိမ္မာတည့်၊ ဆရာ မသင်၊ မြင့်းအသွင်ဖြင့်၊ တောတွင် ဆတ်ပြေး၊ သမင်ပြေးနှင့်၊ ခွေးပြေး ဝက်ပြေး၊ ပေါက်လွှတ်ပြေးလည်း၊ အရေး မလှ၊ သုံးမကျဘူး၊”ထိုမျှအပြား၊ သူမိုက်များကို၊ ငါ့သား သည်းချာ၊ ဝေးစေရာ၏၊ တဖြာ ထို†မှ၊ က†မ္မ ကိလေ၊ လေးထွေ ပါပ၊ ဒုစ္စာ+ရနှင့်၊ အပါ+ယမုခ်၊ ခြောက်ပါးထုတ်သား၊ သူယုတ် ကျင့်ရေး၊ တဆဲ့လေးလည်း၊ ရင်သွေး သက်စု၊ ကင်းအောင် ပြုလျက်၊ ကိုယ်မှု ပြည်မှု၊ မပြတ် ရှုလော့၊ သားဦ့း ဘခင်၊ ငါဘုရင်မူ၊ လူ့ခွင် မနှော၊ လူ့သဘောနှင့်။။ မရော *မပြွံတို့ပြီဘူး။ (၄၈)

(၂၁၈) ကိုယ်မှု ပြည်ရေး၊ ရှုပ်ထွေး များစွာ၊ အရာရာကို၊ လိမ္မာ သိပ်သည်း၊ မ*လိပ်လည်းလင့်၊ “အစည်းပြေကာ၊ လူတို့မှာလျှင်၊ ရေးရာ တချက်၊ တစ ပျက်က၊ ဆယ်ဆဟူဘိ၊ ဆိုရိုး ယှိ၏၊ ရောယိ ရောယောင်၊ တောမီး လောင်သော်၊ တော့ကြောင် *လက်ပမ်း၊ ခတ်သော့ငြမ်းသို့၊ သူရမ်း သူကား၊ ကြွတတ်ငြား၏၊”ပျာ့း တစက်ကြောင့်၊ ပြည်ပျက်သော့ဟူ၊ ထုံး တမူလည်း၊ မှတ်ယူ မယွင်း၊ နှလုံးသွင်းလော့၊ “အတွင်းလူမျိုး၊ ဥစ္စာခိုးက၊ ခါးကြိုး လည်ဆွဲး၊ နှုတ်ထဲး ငုံကာ၊ ထားတုံပါလည်း၊ လုံရာ မမြင်၊ ပမာ့သွင်ဖြင့်၊ အကြင် ရင်းသူ၊ အတွင်းလူတို့၊ ရန်မူ ထွက်သော်၊ ကိုယ်သက် လုံးစုံ၊ ကြံတိုင်း *ကုံ၏၊ လူယုံ သတ်က၊ သေတတ်စွရှင့်၊”မုချ မှန်စွာ၊ နည်းငယ်သာဟု၊ ရေးရာ မထား၊ မပေါ့မှားလင့်၊ “သားနှင့် ကျေးကျွန်၊ စည်းစိမ်လွန်က၊ မာန်*ဝှန်တတ်စွာ၊ အတောင်မာ ငှက်၊ အတက် ရှည်ငြား၊ ကြက်အလားတည့်၊ ကျွဲး သား-အဘ၊ ပုံကို ဆ၍့၊ စိတ်ချသော့အား၊ မလျော့လျားလင့်၊ သားကို ချစ်ရ၊ ငယ်စဉ်မျှသာ၊ ငယ်ကမှာ သား၊ ကြီးသော် ကျားတည့်၊ မမှား ပုံသွေး၊ မှန် ချင့်တွေးလော့၊ အရေး တိမ်-နက်၊ သိ ခဲးခက်၏၊ ဘ,ထက် သားကြီး၊ မီးထက် ငြမ်းမြင့်၊ အရှင့်ထက် ကျွန်၊ မလွန်စေရ၊ ဟူတုံကြခဲ့၊”နိစ္စ မကင်း၊ ရှု မပျင်းနှင့်၊ မင်းထက် အမတ်၊ အားယှိ မြတ်က၊ မညွတ်လေရာ၊ ပညာ *စိစ္စေး၊ ဉာဏ်ဖြင့် ရှေးလော့၊ နွားချေးပိုးကောင်၊ ဆင်ကို စောင်၏၊ *ယခေါင် ရှေးက၊ ဝိဒေဟနှိုက်၊ ဒွါရ အထွက်၊ တံခါးထက်ဝယ်၊ ပဲးဝက်ရွေ့သာ၊ အသပြာကို၊ လည်မှာ ဆွဲးရ၊ ပုတ်သင်မျှလည်း၊ မာန တက်စောင်၊ မင်းကို ထောင်၏၊ ရှိန်ပြောင်ညီးညီး၊ မီးကို စတင်၊ မလောင်ခင်က၊ *အလျင် တားသို့၊ ချစ်သား ဘုန်းယှိ၊ ဉာဏ်-သတိဖြင့်၊ အသိတရား၊ အမြဲး ထားရှင့်၊ နည်းပါး ဉာဏ၊ ပျော်မှုမျှဖြင့်၊ ကြောင့်ကြ*မဲ့စွာ၊ မလေရာဘူး၊ ပညာ ဆင်ခြင်၊ မမြော်မြင်ဘဲး၊ လွင်လွင် ပေါ့ပေါ့၊ ရေပေါ် †ဖေါ့သို့၊ သ†ဘော့ အရေး၊ နီး-ဝေး တွင်း-ပ၊ ပြည့်ကိစ္စနှိုက်၊ စိတ်ချ လွဲးကာ၊ မနေသာဘူး၊ သမုဒြာ ကျယ်*ပြော၊ ပင်လယ်ကြောတွင်၊ သင်္ဘော လှေစီး၊ *ထမုန်ကြီးသို့၊ မငြီး မငွေ့၊ မမေ့ မကျန်၊ ငါ့သား*မွန်လျှင်၊ ဆော်ဘန် အုပ်စီး၊ အချာ တည်းလော့၊ ခမည်း မောင့်ဘ၊ ပြည့်ကိစ္စကို။။ စိတ်ချ မခံတို့ပြီဘူး။ (၄၉)

(၂၁၉) သုဘလက္ခဏာ၊ ကျမ်းညီစွာဖြင့်၊ ရာဇာရဟ၊ မင်းထိုက်လှလျက်၊ ကင်းပ *ပြစ်ချေ၊ မွေးရေ *ပတ်*ယတ်၊ ကောင်းမြတ် အင်*ပြဲ့၊ မချို့တဲ့ဘဲး၊ နှစ်ဆဲ့ခြောက်မည်၊ ဗွေကောင်း တည်သား၊ ဇာနည် ဝလာ၊ မျိုး မှန်စွာတည့်၊ နှစ်ဖြာ မိ-ဘ၊ သုဇာတနှင့်၊ ဌာန မှတ်ပြု၊ သိန္ဓုမြစ်နား၊ တိုင်းရပ် ဘွား၍့၊ အစား အစာ၊ ပေးရာ မရွေး၊ ကျွေးတိုင်း စားလွယ်၊ မစင်ကြယ်က၊ ရွံဘွယ် နံပုပ်၊ စက်ဆုပ်တတ်စွာ၊ သာယာ ငြိမ်သက်၊ မွေ့ညက် လျင်မြန်၊ သွားဟန် ယဉ်ရွ၊ ဆုံးမ နာသီး၊ ခရီး ဖြောင့်မတ်၊ ဆောင်တတ် မဘောက်၊ ဆုံးရောက် သက်တိုင်၊ အားအန် ခိုင်သား၊ ရှစ်ဆိုင် အင်†ပြည့်၊ မြင်းကောင်း၏့သို့၊ တ†ပည့် ကျေးကျွန်၊ ယှိလှည့် တွန်မူ၊ မှုဝန် ကြေစွာ၊ ဆရာနှင့် မင်း၊ ဂုဏ် ပွင့်လင်း၏၊ ဝမ်းတွင်း တည်မှီး၊ မွေးကြီး ငါးရပ်၊ နှလုံးကပ်နှင့်၊ ပညပ်ခေါ်မျိုး၊ တဆဲ့ကိုးဟု၊ သားရိုး မွေးရေ၊ မျိုး သန္ဓေက၊ ဆိုးဗွေ မကောင်း၊ ရှေ့သို့ မောင်းသော်၊ တစောင်း နောက်လှန်၊ ပေါက်ကန် ခုန်လွှား၊ မသွား ကိုက်ခဲး၊ လမ်းလွှဲး ဆောင်ယွဲ့၊ ချိုးဖဲ့တတ်စွာ၊ အင် ရှစ်ဖြာနှင့်၊ ညီညာ ကြမ်းကြုတ်၊ မြင်းယုတ် အတူ၊ ထိုသည့်သူကို၊ ကြည်ဖြူ နှစ်ခြိုက်၊ မပေါင်းထိုက်တည့်၊ သူမိုက် အရေး၊ ပေး၍့ မလှ၊ ပျက်တတ်စွ၏၊ “ဉာဏ *မဲ့မော၊ အတ္တဘောနှင့်၊ အပြောကြီးသူ၊ လူ အပေါ်လှ၊ ဒုပ္ပညလည်း၊ ကိစ္စ ရေးကြုံ၊ မှု မ*ကုံရှင့်၊ ပုံသာ ပုံရ၊ မယုံရဘူး၊ ဆိုထ မှန်စွာ၊ ကျွမ်းဝင်ရာက၊ ပျက်တတ်စွတည့်၊”ဝံသတပါး၊ သဘော ပြား၍့၊ ချိုးသား တဝက်၊ လူသား †ဖက်သို့၊ ကိုယ့်†ဘက် သူ့လူ၊ ထိုသည့်သူလည်း၊ မတူ စိတ်သွေး၊ အရေး ရောက်က၊ ဖျက်တတ်စွတည့်၊ “ဟီန နွယ်ရိုး၊ အမျိုး ညံ့စွာ၊ ကျင့် ယုတ်မာနှင့်၊ ပညာ*မဲ့ငြား၊ သူ့စကားကို၊ ငါ့သား သက်လယ်၊ မယုံလွယ်နှင့်၊ ရှေးဝယ် မြေခွေး၊ ဆောင်သွေး နားသွင်း၊ နာမိလျှင်း၍့၊ သားမင်း*တကာ၊ လိုက်ပါကုန်ကြ၊ ပျက်စီးရ၏၊”ဝိသမဝါဒီ၊ မညီညွတ်†ခြင်း၊ မျိုးဆွေ သင်းတို့၊ ချင်း†ချင်း မမျှ၊ ကွဲပြားကြလည်း၊ ရှေးက ငုံးပေါင်း၊ ပျက်စီးကြောင်းကို၊ ထုံးဟောင်း မှတ်ယုံ၊ ရေးပုံ တဝ၊ ရွှေဉာဏ် ဆ၍့၊ သားလှ သည်းအူ၊ သတိမူလော့၊ အယူ မခွ၊ ခမည်း ဘ,ကား၊ ဘဝ ဤမျှ၊ ဤက စ၍့၊ ပြည်မ တိုင်းမှု၊ အစုစုကို၊ စွန့်ပြု လျစ်လျူ၊ “ကာမဟူသည်၊ ရွှံ့မြူ*အထည်း၊ ညွန်ညစ်မည်းမှ၊ *သရည်း ရှောင်ကွာ၊ ဝေးကြောင်း ခွါ၍့၊ ဘယ်ခါ ညစ်ညူး၊ မလူး မရှိမ်း လွတ်အောင် တိမ်းပိမ့်။။ မလိမ်း မကျံတို့ပြီဘူး။ “ (၅၀)

(၂၂၀) အထွေ အလာ၊ လူတို့ရွာတွင်၊ ကျင့်ရာ များဘိ၊ တိုင်းမသိဘူး၊ “ဗောဓိပွင့်*လျာ၊ သူမြတ်စွာတို့၊ ပညာယှိမှ၊ လို တောင့်တ၏၊ ဗာလကိုကား၊ နားမျှ လေသွဲ့၊ လို *မဟဲ့တည့်၊ ကျိုးမဲ့ကို ဆောင်၊ ကျိုးယှိ ရှောင်လျက်၊ မြတ်အောင် စိတ်ထဲး၊ သိခဲးတတ်စွာ၊ ကောင်းရာ ဆိုလည်း၊ မျက်ထွက် သည်း၏၊ ကျင့်နည်း မသိ၊ ပြုမိ ပြုရာ၊ ပြုတတ်စွာသည်၊ ဒုမ္မေဓာမျိုး၊ သူမိုက်ဆိုးတို့၊ ကောင်းကျိုး စီးပွား၊ မယှိငြားတည့်၊”တပါး ထိုမှ၊ “ဉာဏ နှိုင်း*ရှဲ့၊ ကျိုး*မဲ့ကို ရှောင်၊ ကျိုးယှိ ဆောင်လျက်၊ မြတ်အောင် သိလွယ်၊ နှီး*နွယ် ပြသ၊ ဆုံးမ ဆိုမှု၊ မရှု အမျက်၊ နှစ်သက်တတ်ဘိ၊ ကျင့်နည်း သိသည့်၊ ပဏ္ဍိ ဉာဏီ၊ မေဓာဝီကား၊ ဂုဏ်ဆီ ပြန့်ပွား၊ ကျေးဇူးများ၏၊”ပိုင်းခြား ခွဲညှိ၊ ရာ လိုက်သိရှင့်၊ “မိမိအကျိုး၊ ဆောင်သယ်ပိုးက၊ ဆွေမျိုးမဟူ၊ မည်သူမဆို၊ ချစ် ကြည်ညိုလော့၊ အဟို ရှေးက၊ ညွန်နှိုက်ကျသား၊ သီဟရာဇာ၊ ကေသရာကို၊ ယက်ကာ မြေခွေး၊ သက် ကယ်ပေး၍့၊ သားမြေး ခုနစ်ဆက်၊ ချစ် မပျက်အောင်၊ နှစ်သက် ကြည်ညို၊ ပေါင်းဘက် *ကြို၏၊ မလို အကျိုး၊ ဆွေမျိုး မမည်၊ မကြည် မလင်၊ မကောင်းလျှင်မူ၊ ကိုယ်တွင် ဖြစ်ပွား၊ သွေးနှင့် သားလည်း၊ ကြီးမား စင်စစ်၊ ရန်သူ ဖြစ်၏၊” “အမြစ် အဥ၊ ဆေးအစုကား၊ တခုသော်မျှ၊ ကိုယ်က မပါ၊ တောက လာလျက်၊ ချမ်းသာ ဆောင်တတ်၊ ကျိုးယှိ မြတ်၏၊”မြဲးမှတ် ထိုပြီ့၊ လူ့ဇာတိနှိုက်၊ လောကီ့ဘာဝ၊ လူ့ကိစ္စကား၊ တူမျှချည်းသာ၊ မဟူစွာတည့်၊ သည်းချာ မင်းဂ†ခြေ၊ နားလည်စေလော့၊ ဆတ်†ချေ တုံငြား၊ လောင်းမင်းသားမူ၊ မယားကို ရ၊ ဗြာဟ္မဏမှာ၊ အုံပါလတ်လတ်၊ နှာခေါင်း ပြတ်၏၊ သားမြတ်ရတနာ၊ ဘ,သက်*လျာလည်း၊ အခါ အခါ၊ အရာရာဖြင့်၊ သေချာ စိစစ်၊ ကျိုး-ပြစ် နှစ်တန်၊ ဖြစ်တတ်ဟန်ကို၊ ရွှေဉာဏ် ရှုထိန်း၊ မြင် မပြိန်းနှင့်၊” “မိန်းမကောင်း သွမ်း၊ ဂုဏ် ယုတ်နွမ်း၏၊ မိန်းမသွမ်း ကောင်း၊ လာဘ်*မဲ့ ရှောင်းရှင့်၊ အကြောင်းတရား၊ တူတုံငြားလည်း၊ ခြား၏ အကျိုး၊ မတူနိုးဘဲး၊ ကောင်း-ဆိုး အတိ၊ မှန် မယှိတည့်၊ မှတ်ဘိ သေချာ၊ မမေ့ရာဘူး၊” “မဟာဘုတ်မျိုး၊ ဆိပ်ရှိန်ကိုးသား၊ မြွေဆိုး လေးကောင်၊ ကိုယ်တွင်း လှောင်၏၊ မာန်ထောင် ည-နေ့၊ ခိုးငွေ့ မစဲး၊ တရဲးရဲးလျှင်၊ အမြဲး လွှတ်ကြို၊ *ဥဒါဟိုသား၊ ဤကိုယ် ကာ†ယ၊ ကိုး ဒွါ†ရဖြင့်၊ *ကိုးဝ ဟောင်းလောင်း၊ တောင်ပို့ခေါင်းမှ၊ ခြောင်းခြောင်း ထွက်-အန်၊ ဆိပ်လျှံအလား၊ တဘွားဘွားနှင့်၊ ဆိုးဝါး ယုတ်မာ၊ ကိလေသာဟု၊ တဏှာ ပဋိဃ၊ သင်္ကပ္ပကို၊ မွေးဘ ရာဇာ၊ ခွါကြီး ခွါပိမ့်၊ မိစ္ဆာ *ရမ္မက်၊ ထိုဝိတက်ဖြင့်။။ မထွက်မလျှံတို့ပြီဘူး။”(၅၁)

(၂၂၁) “ မိမိကိုယ်ကို၊ ကြီးပွားလိုက၊ အတို မပြု၊ အရှည် ရှုလော့၊ ဒီဃာဝုမည်၊ လောင်းဇာနည်သို့၊ ခိုင်*ကျည်စွာဘိ၊ သမာဓိနှင့်၊ သတိ သမ္ပဇဉ်၊ ယှဉ်စေ ရှေးဦး၊ လွန်မကျူးနှင့်၊” “ကျေးဇူး ယှိ*မဲ့၊ နှိုင်း*ရှဲ့ ကောင်း-ဆိုး၊ မှုအမျိုးကား၊ ရိုးရိုး ဆိုတန်၊ မဆိုတန်နှင့်၊ မှန်တိုင်း မကောင်း၊ ချက်ဖယောင်းသို့၊ ပျောင်းတိုင်း မရာ၊ ကျောက်ပမာလည်း၊ မာတိုင်း မသင့်၊ အခွင့် မဆိုင်၊ ရေး မပိုင်က၊ အနိုင် ဘယ်ခါ၊ မကျင့်ရာဘူး၊ လိမ္မာသဖြင့်၊ ရေးရာ ချင့်၍့၊ အသင့် ဉာဏ်ရှု၊ ဆင်ခြင် ပြုလော့၊” “သူ့ကို လွန်ကျူး၊ မာန် မရှူးနှင့်၊ အထူး မချွတ်၊ မေတ္တာ ညွတ်၍့၊ ဗြဟ္မဒတ်မင်း၊ ကျင့်ခြင်း ပုံတူ၊ မျက်ယှိသူကို၊ မရှု အမျက်၊ မွေ့ညက် သာ†ယာ၊ အောင်စေ†ရာ၏၊” “မေတ္တာ ရှေ့ထား၊ မရငြားသော်၊ ကျားနှင့် ဆိတ်မ၊ စိတြ ဂီဝါ၊ များစွာ ခိုသင်း၊ ငုံး *ခပင်းတို့၊ မကြွင်း ကိုယ်စီ၊ ပိုက်ကို ချီသို့၊ ညီညီ ညာညာ၊ သက်စွန့်ရာ၏၊”လွန်စွာ ကြိုးကုတ်၊ *အားသွန် ထုတ်လျက်၊ မန္တုဿာဟ၊ ပဘာဝဟု၊ ရာဇသတ္တိ၊ ဂုဏ်သိဒ္ဓိနှင့်၊ စုံဘိ မယွင်း၊ ပြည့်စေလျှင်းလော့၊ ရှေးမင်း*တကာ၊ ရေးရောက်ခါသော်၊ ပညာ ရှေ့ထား၊ လုံ့လအားဖြင့်၊ ကြိုးစား လွန်ပြင်း၊ ကြံကြလျှင်း၏၊ မင်းတို့ ကြံက၊ တခဏနှိုက်၊ ကိစ္စသီးသီး၊ များစွာ ပြီးခဲ့၊ ဘုန်းကြီးသသူ၊ ဗုဒ္ဓင်္ကူတို့၊ ကြံမှု လွယ်ကာ၊ ပြီးမြဲးစွာရှင့်၊ သမ္ဘာခံခြင်း၊ အကြောင်းရင်းတည့်၊ ကြောင်းကင်း ကံကင်း၊ သမ္ဘာ ဖျင်း၍့၊ အရင်း မယှိ၊ ပျင်းရိရိနှင့်၊ နီတိ မသင်၊ နည်း မမြင်ဘူး၊ “နွားသွင် ယောက်ျား၊ အပျော်ပါးနှင့်၊ အိပ်စားတတ်ကာ၊ ပညာ ဝမ်းတွင်၊ မယှိ ကျင်က၊ ထန်ပင်ထက်ဖျား၊ ပတ္တ†မြားကို၊ အ†များ ဒုက္ခ၊ ဆင်းရဲးရအောင်၊ လုံ့လ ကြီးစွာ၊ ကန်နှိုက် ရှာခဲ့၊ ရေမှာ ကျက်စား၊ ရေလိပ်အားလည်း၊ မြစ်နား ယူဆောင်၊ သေအောင် မချွတ်၊ ရေနှိုက် †လွှတ်၏၊ ဉာဏ်†လွတ် ကြံခြင်း၊ ကောင်းကျိုး ယွင်းရှင့်၊”ဘ,မင်း မဟာ၊ ငါမင်းကို*မံ့၊ ဘယ်မူ ခံ့လိမ့်၊ ထိုးအံ့ စီးချင်း၊ ထွက်လှည့် မင်းဟု၊ မှန်ကင်းအ*ရောင်၊ မာန ထောင်ပြီး၊ မရှောင် မိုးကဲး၊ လက်ရုံး ဝဲး၍့၊ ခိုက်*ဆဲး ရန်ရှာ၊ *မဲ့ပညာနှင့်၊ ဘယ်ခါ မာန်ပြင်း၊ မမူလျင်းနှင့်၊ ဘ,မင်း မဟာ၊ ငါရာဇာမူ၊ “ကိလေသာဟုန်၊ လူတိုင်း စုံသည့်၊ ကာမဂုဏ် ပွက်တော၊ ထိုရေကြောနှိုက်၊ မမျောလိုပြီ၊ မသတီဘဲး၊ ရွံ့ညှီ ငြီးငွေ့၊ ပြည့်အလေ့ကို၊ မမွေ့ စိတ်မှာ၊ တောကြီး ခွါ၍့၊ ဧကာယန၊ အရိယမဂ်၊ အထက်လမ်း ပွား၊ တကိုယ်သွားဖြင့်၊ အများ အဆန်၊ ညာ နိဗ္ဗာန်သို့၊ ခွါကန် ဘော်နည်း၊ တယောက်တည်းမျှ၊ *အရည်းဓမ္မတာ၊ ဆန်တော့စွာအံ့၊” “ငွေသော်တာ လ၊ စန္ဒြလျှင်၊ ညမှသော်သာ၊ ကုမဒြာဟူ၊ ကြာဖြူအပေါင်း၊ ကြာခေါင်းလောင်းတို့၊ ပွင့်ကြောင်း မှန်စွာ၊ သူရိယာကား၊ ကောကာနဒ၊ ပဒုမဟု၊ အရုဏရိုး၊ ကြာနီမျိုးကို၊ လင်း*မိုးသောက်ပ၊ နေမှ လတ်လတ်၊ ပွင့်စေတတ်၏၊”အမှတ် *တန်ထွာ၊ ဓမ္မတာသို့၊ “လူမှာ လူဖြင့်၊ လူသာ ကျင့်၏၊ ရှင်နှင့် မလျော်၊ ရှင်သော် ရှင်ကျင့်၊ ရှင်သာ သင့်၏၊ လူနှင့် မရာ၊ မစပ်စွာတည့်၊”ပြည်ရွာကိစ္စ၊ ဟူသမျှနှိုက်၊ ကာမဝိတက်၊ ဤ*ရမ္မက်နှင့်။။ မဆက်မဆံတို့ပြီဘူး။ (၅၂)

(၂၂၂) မင်းတို့ နှလုံး၊ စိန်တုံး စိန်တိုင်၊ မယိုင် မယိမ်း၊ မတိမ်း မ *သုန်၊ မတုန် မချောက်၊ ရဲးခွင့် ရောက်က၊ မာခေါက်ချင်†ချင်၊ ရဲးစွမ်းအင်ဖြင့်၊ ရွှေ†ခြင်္သေ့စိတ်၊ ရွံ့ မထိတ်ဘဲး၊ ရဲးဟိတ် မယုတ်၊ ပ ဉ္စာဝုဓ်သို့၊ မဆုတ် နည်းမျှ၊ လက်ရုံး ကြွ၍့၊ သူက မာန်သွင်း၊ ရဲးတင်း *ရည်ငံ၊ စီးချင်း ခံဟု၊ ကြုံးသံ ကြိမ်းဆို၊ မာရ်မင့်းကိုယ်လည်း၊ ဆိုင်လို လာ†ခဲ့၊ မ*နုန့်နဲ့လင့်၊ ငါ†ကဲ့သို့လား၊ ရဲးတည်+ကြားလျက်၊ ယော+က်ျား *ဖီလာ၊ ဖြစ်စေရာ၏၊ မင်းမှာ သတ္တိ၊ မယှိတုံက၊ ဤလောကနှိုက်၊ ထိုမျှ ကျွန်ကျွေး၊ နီး-ဝေး တွင်း-ပြင်၊ ဝန်းကျင် မကြွင်း၊ ပြည်ထောင်ချင်းတို့၊ မာတင်း မတွန့်၊ မာန်စောင် *ကွန့်၍့၊ မဆန့် *မရည်း၊ *မယမ်းပည်းဘူး၊ ငါ့နည်းယူယူ၊ ငါ့တူ မခြား၊ ငါ့သားပီ†ပီ၊ ငါနှင့် ညီအောင်၊ ဆို†ပြီ နှုတ်ထွက်၊ ကိုယ်လက် နှစ်ဘို့၊ အင် မချို့ဘဲး၊ ဤမြို့ညီးညီး၊ ဤနန်းကြီးက၊ ဤထီး ဤစည်၊ ဤတိုင်းပြည်ကို၊ ဘုန်းရည် *ဖြိုးလျှံ၊ ဘ,မွေ ခံ၍့၊ သစ္စံ ဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူ အောင်ကြောင်း၊ ကျင့်ကောင်း လေးပါး၊ တရား မလစ်၊ မင်းမူရစ်လော့၊ နေမြစ် *အာဟိန်၊ နေနှယ် ထိန်၍့၊ ရာဇိန္ဒာဘိ၊ ဇာတိ နေပိုင်း၊ နေဂိုဏ်း ဥက္ကဌ်၊ တိမဟတ်ဖြင့်၊ *တမွတ်ညီးညီး၊ ရွှေနန်းကြီးထက်၊ ထီးလို မင်းလို၊ များ ကြည်ညိုလျက်၊ ကုသိုလ်လည်း ပွား၊ တရားလည်း ကျင့်၊ မြင့်ထက် မြင့်လိမ့်၊ နှိုင်းချင့် ဆင်ခြင်၊ ကျိုးပြစ်အင်ကို၊ မြော်မြင် တတ်သိ၊ ပညာယှိအား၊ အမိ ညီဘွား၊ မယား ကြင်ဘက်၊ ကိုယ်သက် စွန့်ကာ၊ မြတ်နိုးစွာသား၊ ရာဇာ ဧကီ၊ စူဠနီသို့၊ တူညီ စင်စစ်၊ သား*မွန် ချစ်လော့၊ “ကျိုး-ပြစ် မမြင်၊ မဆင်ခြင်ဘဲး၊ နတ်ဝင် ပုံမြှောက်၊ မီးတောက် လေကူ၊ ပင့်သောတူသို့၊ မသူတော့်ဉာဏ်၊ ဆော်ဘန် မပြတ်၊ အားပေးတတ်သား၊ ကေဝဋ်ဆရာ၊ ပိင်္ဂလာနှင့်၊ ခဏ္ဍာဟလ၊ ပုဏ္ဏာ့းအယောင်၊ သူမိုက်ခေါင်ကို၊ ကြဉ်ရှောင် ခွါ-ကင်း၊ မပေါင်းသင်းနှင့်၊ ယင်းသည့်လူမျိုး၊ သန္ဓေဆိုးကား၊ တစိုး တစိ၊ ပညာယှိလည်း၊ အသိ မလိုက်၊ စရိုက် ဆိုးကျူး၊ ပညာရူးတည့်၊ ကျေးဇူး*မဲ့လျှင်း၊ ကောင်းကျိုး ကင်း၏၊”ဘ,မင်း ရွှေကိုယ်၊ ငါ ဘုန်းမိုမူ၊ ဗြဟ္မစိုရ် နှလုံး၊ ဆောက်တည် သုံးပိမ့်။။ သက်ဆုံး *မယွံတို့ပြီဘူး။ (၅၃)

(၂၂၃) သူမိုက် သူညစ်၊ မပေါင်းရစ်လင့်၊ မစစ် မျိုး-နွယ်၊ လူဝယ် ဖြစ်ဆန်း၊ လူ့ပေါက်ပန်းနှင့်၊ သဖန်း ကျီးအာ၊ သီးပမာသို့၊ လူဝါ နှုတ်†ပြော၊ ပြင်သာ ချော၏၊ ငှက်†ပျောပင် စိုက်၊ မိလိုက် ဘ,ပါ၊ ဝေါဟာ ခေါ်ရိုး၊ *မော်ကွန်း ထိုးခဲ့၊ အမျိုး လိုက်တတ်၊ များ၏ မှတ်လော့၊” “ယုတ်-မြတ် ဇာတိ၊ ဆင် ဟတ္ထိနှိုက်၊ အမိ အသား၊ ဘ,ကား မျက်လုံး၊ မှတ်ထုံး ထို့ပြင်၊ မွေးမျှင် အဘွား၊ မခြား ခေါ်ရိုး၊ အဘိုး တမူ၊ အစွယ် တူ၏၊ မှတ်ယူ ထို့နှယ်၊ လူဝယ် အဟုတ်၊ သဘော ထုတ်သော်၊ မိယုတ် နှုတ်ကြမ်း၊ ဘ သရမ်းက၊ ညစ်ညမ်း မူဆိုး၊ အမျိုး မမှန်၊ အကျင့် တန်၏၊ ကျေးကျွန် †လွတ်လွတ်၊ ခွင့် မ†လွှတ်နှင့်၊” “ဖွတ် မိကျောင်းဖြစ်၊ မြစ် မချမ်းသာ၊ ပမာ ထင်ရှား၊ သူကောင့်းသားမူ၊ ယဉ်ပါး အဟုတ်၊ သူယုတ်၏့ သား၊ ရမ်းကားတတ်စွ၊ မိုက် မာနနှင့်၊ ဒေါသ ဟုန်ဟုန်၊ တဖျင်*သုန်ဖြင့်၊ နယုန် ရေရူး၊ ရေဦး ရေလွင်၊ ရေသမင်သို့၊ လျင်လျင် ဟုပ်ဟုပ်၊ သိမ်းချုပ် မတည်း၊ လိမ္မာ နည်း၏၊” “ကြက်လည်း မရောက်၊ ကျီး မမြောက်သား၊ အောက်ကလိအာ၊ အာကလိအောက်၊ မိနောက် မကျ၊ ဘ,နောက် မမီ၊ မပီ မပွန်၊ တွန် တကျယ်ကျယ်၊ ကြက်-ကျီးငယ်သို့၊ တင့်တယ်*မဲ့စွာ၊ ကေသရာနှင့်၊ သိင်္ဂါလီ မွေး၊ ခွေးခြင်္သေ့ငယ်၊ သားမျာ့း လယ်နှိုက်၊ ရယ်ဘွယ် ဟောက်ခြင်း၊ ဟင်္သာမင်းနှင့်၊ မကင်း ကျီးမ၊ ပေါင်း၍့ ရသည့်၊ ဝိနီလမည်၊ ဂုဏ်ရည် မသိ၊ မျိုးဇာတိဖြင့်၊ အမိ မသန့်၊ ဘုန်း*ကြန့် ယုတ်မာ၊ မိုက်မဲးစွာသား၊ ပညာ မ†ကြီး၊ ဗန္ဓတ်†ကျီးသို့၊ နှုတ်သီး မစောင့်၊ စိတ် မဖြောင့်ဘူး၊ ထို့ကြောင့် မျိုးဇာစ်၊ ဇာတ်မူ စစ်လော့၊ သူညစ် သူ*မွန်၊ ဤ နှစ်တန်ကို၊ ဝေဘန်သမှု၊ ဆင်ခြင် ရှုသော်၊ ကိုယ်ပြု နှုတ်ပြော၊ သဘောအလား၊ ကျင့်မူ ထားနှင့်၊ စကား ဆိုက၊ ဇာတိ ပြ၏၊ မုချ စင်စစ်၊ မှတ်ယူရစ်လော့၊”သားချစ် ခမည်း၊ ငါ*ရန်လှည်းကား၊ †အရည်းတို့ တမ်း၊ ကျောင်းသင်္ခမ်းနှိုက်၊ မဂ်ငြမ်း တည်ပြု၊ ကသိုဏ်း ရှုပိမ့်၊ “ညစ်ကျု ယုတ်မာ၊ ကိလေသာတိ၊ တဏှာ လမ်းသွား၊ ခရီး မှားလျှင်၊ ရိရှားပန်းပင်၊ ကန္တာပြင်ဝယ်၊ မမြင် ရှေ့-နောက်၊ အာခေါင် ခြောက်လျက်၊ သောက်လေ သောက်လေ၊ ငတ် မပြေသား၊ ဆားရေ*တမျှ၊ နတ်ကာမလည်း၊ မဝနိုင်စွာ၊ တဆာဆာတည့်၊ ပါယ်ရွာဘို့ချည်း၊ မေ့ကျော့*ကျည်း၏၊”အသည်း မပြန့်၊ သံဝေ လန့်ခဲ့၊ ရွှေနန့်းရိပ်ဝယ်၊ ရွေမျာ့းလယ်နှိုက်၊ အရွယ်မလှ၊ ခေါင်းဖြူဆွနှင့်။။ မွေးဘ မစံတို့ပြီဘူး။ (၅၄)

(၂၂၄) ကုမာရက၊ ငယ်နာမဖြင့်၊ ထိန်းယ ဖြေဖျော်၊ ခမည်းတော်နှင့်၊ မယ်တော်ရင်ခွင်၊ ရွှေနန်းပြင်နှိုက်၊ *လုလင် လူရေး၊ မဝင်သေးဘဲး၊ ပြေးပြေး လွှားလွှား၊ ငယ်ဘော်များနှင့်၊ ကစား ပျော်ရစ်၊ သူငယ်ဖြစ်ဖြင့်၊ အနှစ် ရှစ်သောင်း၊ လေးထောင် ပေါင်းတိ၊ ကြာ*ညောင်း ငယ်က၊ ပျော်မြူးလှပြီ၊ ဥပရာဇာ၊ မင်းလောင်း*လျာဟု၊ မင်္ဂလာ မြောက်ဝင်း၊ စံအိမ်တွင်းနှိုက်၊ ငြိမ့်ငြင်း ငါး†မည်၊ သံစည်စည်ဖြင့်၊ တီး†မြည် ရင့်+ကျူး၊ နတ်မထူးအောင်၊ ရိုက်+ကြူး ဆော်*ညောင်း၊ ရွေရံပေါင်းနှင့်၊ ရှစ်သောင်း လေးထောင်၊ နှစ်စင်အောင်လည်း၊ *မြားမြောင် ကာလ၊ ပျော်ဖူးလှပြီ၊ ထိုမှ တသီး၊ ညီးညီး နေ့ဟန်၊ နဗဒဏ်ဟု၊ ရောင်*ဝှန် ဖြိုးပုံ၊ ထီး ကိုးဘုံဖြင့်၊ အစုံ ခင်းကျင်း၊ လူ့ဘုံ မင်းတို့၊ စံခင်းယှိရာ၊ စံကောင်းစွာကို၊ မြင့်ကြာ ရှည်*ညောင်း၊ နှစ် ရှစ်သောင်းထက်၊ ကျော်ဆောင်း လေးထောင်၊ ကုန်*ကျွန်းအောင်လည်း၊ ကိုယ်ရောင် ဝင်းလက်၊ ဆင်း ညက်†ညက်တို့၊ ငြိမ့်†ငြက် *ခြည်း+ခြည်း၊ ပျော်ဘွယ်+ချည်းနှင့်၊ *ပြတည်း ရွှေဘုံ၊ နန်းကြီး လှုံ၍့၊ ငါးစုံ ကာမ၊ နီဝရဏ ပိတ်ပိတ်၊ သံကိလိဌ်ဖြင့်၊ ငယ်စိတ် မြူးကြွ၊ ပျော်ကြူးလှပြီ၊ “ကာမ ငါးစုံ၊ ငါး အာရုံတို့၊ မီးပုံ တူလှ၊ သူ-ငါ စသား၊ ထိုမျှ ကြီး-ငယ်၊ လူပေါယယ်မူ၊ ပို့းနှယ် မိုက်†ရူး၊ မီးနှိုက် မြူး၏၊ ယူးယူး သေမင်း၊ ခေါင့်းထက် နင်းလည်း၊ မလင်း ဉာဏ၊ မသိကြဘူး၊ အစ သညာ၊ ကြာ မိစ္ဆာနှင့်၊ သမ္မာ မယှဉ်၊ ပညာ ကြဉ်လျက်၊ ငယ်စဉ် တဏှာ၊ အိုခါ ဒိဋ္ဌိ၊ မျောက်နှဲး မိသို့၊ ကပ်ငြိ ကိုယ်လုံး၊ ဘဝ ရှူံးအောင်၊ သက်ဆုံး ပျော်မြူး၊ အမိုက် ကြူး၏၊” “မူးတူး မင်တင်၊ အမြင် မယှိ၊ အသိ ကင်းငြား၊ အပျော်ပါးနှင့်၊ အိပ်စားသာမျှ၊ ဘဝ ဖျင်း*သုန်၊ ဂုဏ်-အနှစ် *မဲ့၊ အကာ ပြဲ့သား၊ အကဲ့ လုံးလုံး၊ ငှက်ပျောတုံးသို့၊ ပခုံးကြားရောက်၊ ဥက္ခောင်းပေါက်လည်း၊ ပေါက်သည့် ဥက္ခောင်း၊ မွေး ဆောင်းဆောင်းမျှ၊ ဥက္ခောင်းချင်းမူ၊ တူကုန် *တမင့်၊ ဉာဏ်နှင့် ဥက္ခောင်း၊ လွန်နည်းတောင်း၏၊ *သောင်းပြောင်း လူမှာ၊ ထူပြောစွာရှင့်၊”မှူးရာ မတ်ရံ၊ ရွှေဘုံပျံဝယ်၊ မိဿံ မောင်းမ၊ ဖြေဖျော် ခလျက်၊ နေ့-ည မိန်းမူး၊ ပျော်လိုက်ကြူးကား၊ ကျေးဇူး လွန်နည်း၊ အပြစ် *ပည်းခဲ့၊ ခမည်း မောင့်ဘ၊ တခဏမျှ၊ အပ္ပသာဒါ၊ လူ့ချမ်းသာနှိုက်၊ ယုတ်မာ ညစ်ဆိုး၊ မီးဝင် ပိုးသို့၊ အကျိုး မနက်၊ ဤ ဝိတက်ကို။။ သက်သက် မကြံတို့ပြီဘူး။ (၅၅)

('တို့ပြီဘူး'ဟု အချချည်း တူရကား 'သော်တာရောင်ချ'ချည်းပင်၊ 'ပေါက်ပြ'လည်း ဟူကြ၏၊)

(၂၂၅) ယင်းသို့ကြောင့်တိ၊ “*ယခေါင့်ကာလ၊ *ရှေးမဆွက၊ ဉာဏနှိုက် နှဲး၊ လေးတွဲး ဆင်ခြင်၊ အမြင် တိုး†တက်၊ သိ ထဲးနက်သား၊ *ကြံ†ထက် ပညာ၊ လိမ္မာယောက်ျား၊ ပဏ္ဍိတ်များတို့၊ ပိုင်းခြား ဒိဋ္ဌ၊ မြင်ကြသော့အား၊ ချစ်မယားနှင့်၊ ချစ်သား-သမီး၊ နန်း-ထီး တိုင်းပြည်၊ အတည်တည်ကို၊ နှင်းရည် ဆီးပေါက်၊ တစက်လောက်မျှ၊ မအောက် မမေ့၊ မပျော်မွေ့ဘဲး၊ ရှေးလေ့ ရှေးလာ၊ ကိလေသာဖြင့်၊ လွန်စွာ တပ်လျက်၊ နှစ်သက် တည်ယှိ၊ လောဘ ငြိသည့်၊ ရတိဘာဝ၊ သိင်္ဂါရကား၊ ဉာဏ မတိ၊ ထင်လာ သိသော်၊ ဗျဘိစာရီ၊ ဖြစ်မြဲးပြီကြောင့်၊ နံညှီ ငြီးငွေ့၊ ကွယ်ပျောက်လေ့တိုင်း၊ ထိုရွေ့ *ကွန့်ကွန့်၊ စည်းစိမ်*ဝှန့်ကို၊ စွန့်၍့သို့ပင်၊ ငြိမ်းဧး†ချင်ဟု၊ ဖြုတ်†ခြင် မ+ကြောက်၊ သွေးသံ ခြောက်မျှ၊ ရှိန်+ကျောက် နေဝါ၊ ခံကာသာဖြင့်၊ ရေစာ မွတ်ယှား၊ ငတ်*ဆွန့်ပါးလျက်၊ ဆီ-ဆား လူ့ဘောင်၊ မဆောင် မ†ကြဉ်း၊ ရွာ မချဉ်းဘဲး၊ ကိုယ်†ကျဉ်း စိတ်+ချုပ်၊ မြွေပ+ခြုပ်သို့၊ ထိန်းအုပ် လုံ†ခြုံ၊ *မြိုင်*ရဂုံနှင့်၊ တော†ချုံ ကောင်းရာ၊ ပုန်းအောင်းကာလျှင်၊ ငါးဖြာ သံသဂ်၊ မြူ *ရမ္မက်လည်း၊ မဆက် မဆံ၊ စုံ*မြိုင်ယံဝယ်၊ မြဲးမြံ ကြံ့†ကြံ့၊ စိတ် ခိုင်†ကြံ့လျက်၊ †ကြံ့ချို့ပမာ၊ တချောင်းသာသို့၊ ရှောင်ခွါ ဘော်နည်း၊ တကိုယ်ချည်းဖြင့်၊ *အရည်းပီပီ၊ စျာန် ဝသီကို၊ ဉာဏ်မီသ†ရွေ့၊ ဆည်းပူး†၍့လျှင်၊ ပျော်မွေ့ မဘောက်၊ *လှံ မစောက်သည်။။ ဆုံးရောက် အာယု သက်တိုင်တည်း။”(၅၆)

(၂၂၆) လမ်းစဉ် ဖြောင့်ခြင်း၊ *ကောက်ကစင်းဖြင့်၊ ငါမင်းသည်လည်း၊ သူတော့်နည်းကို၊ *နိဿရည်း ရမိ၊ လမ်းရိုး သိပြီ၊ ပြည်ကြီ့းကိစ္စ၊ ဘယ် ကြောင့်ကြအံ့၊ “မုချ ရိုးရိုး၊ သေကြမျိုးတည့်၊ လူ့ဘိုး နတ်ဘ၊ မိုးက ဗြဟ္မာ၊ မလွတ်ရာဘူး၊ လူ့ရွာ အယှိ၊ သက်ဇီဝိကား၊ အတိပရိတ္တ၊ လွန်နည်းလှ၏၊ တခဏတွက်၊ ထွက်-ဝင်သက်မျှ၊ မဆက်ရနိုး၊ ရေပြွက်မျိုးတည့်၊ လို စိုးမရ၊ မရဏဟု၊ အနိစ္စတာ၊ လက္ခဏာဖြင့်၊ မကြာ *ဖြုတ်ချည်း၊ ရှင်ရာ နည်း၏၊ *တံလည်းမြစ်*လောင်း၊ တောင်ကျချောင်းသို့၊ ထောင်းထောင်း ခဏ၊ ခန်းလွယ်စွရှင့်၊”ဘဝ ဤမျှ၊ မသေရခင်၊ မဃဒေဝ၊ အမ္ဗဝနေ၊ သင်္ချေ†ချေတိ၊ ပင်†ခြေ ဆိုင်းဆိုင်း၊ မှိုင်းမှိုင်း ရီရော၊ သရက်တောနှိုက်၊ လျင်ဆော ခုသာ၊ အကြာ မလို၊ *တောက်တပိုဖြင့်၊ ဗြဟ္မစိုရ်မှု၊ ကသိုဏ်းရှုလျက်၊ ဂရုကတ၊ သမဏ၏့၊ ဓမ္မကိစ္စံ၊ ပရိကံကို၊ မြဲးမြံ မပြတ်၊ နိစ္စဗဒ်လျှင်၊ အပတ်*တကုတ်၊ *အားသွန်ထုတ်၍့၊ မဆုတ် တပ်ကြီး၊ ငါ တက်စီးပိမ့်၊ “*ဖြင်ညီး များစွာ၊ သတ္တဝါနှင့်၊ ကမ္ဘာ ဖြစ်ဟန်၊ ဗြဟ္မာ ဘန်ဟု၊ ဘောက်ပြန် ချွတ်ယွင်း၊ မမှတ်လျှင်းနှင့်၊ ခပင်း လောက၊ လူထိုမျှကား၊ ပြုက အသစ်၊ ဖြစ်က အဟောင်း၊ ကျိုးနှင့် ကြောင်းတည့်၊ ဆိုးကောင်းဟူထ၊ ဤ နှစ်ဝကို၊ ကမ္မသကာ၊ မှတ်တို့ရာ၏၊ သည်သာ မှန်တိ၊ ယွင်းမယှိဘူး၊” “မိမိ ကမ္မ၊ ကိလေသဖြင့်၊ သုခ လိုငြား၊ ဒုက္ခ ပွား၏၊ ရှေ့ကား သုခ၊ နောက် ဒုက္ခနှင့်၊ စိတ်က လိုရေး၊ အဧး တောင့်တ၊ အပူ ရလျက်၊ ပူက ဧးမြဲး၊ မှန်မလွဲးရှင့်၊ ဆင်းရဲး ရှေးယှိ၊ နောက်ပြီ့း ချမ်းသာ၊ ဖြစ်မြဲးစွာတည့်၊”ဓမ္မတာ အပြီး၊ လူ့*ထုံးတီးကို၊ ဘုန်းမီး တောက်ပ၊ ချစ်မဝသည်၊ သားလှ ရွှေ†ချည်၊ မောင် မှတ်တည်လော့၊ ဆံ†ခြည် ဆယ်+ခြမ်း၊ မွေးဘ ဝမ်းနှိုက်၊ မ+ချမ်းနိုင်ဘွယ်၊ လောင်တိုက်နှယ်သို့၊ အကယ် ထင်ရည်၊ စိတ်ဝယ် တည်ကြောင့်၊ သည်ပြည် တိုင်းခန်း၊ သည်နန်း သည်ထီး၊ သည်လောင်မီးနှင့်၊ မမှီး မစပ်၊ ငါ မအပ်သည်။။ နီးကပ် မခံတို့နိုင်တည်း။ (၅၇)

(၂၂၇) အနေကဇာ၊ သံသရာက၊ ဝါသနာ သိမ်မွေ့၊ ကံမျိုးစေ့ကြောင့်၊ ကောင်းလေ့ ကောင်းနည်း၊ *နိဿရည်းကို၊ ခမည်း ဆုံးမ၊ သြဝါဒတိုင်း၊ မချ နားဝယ်၊ နာစလွယ်၍့၊ မပယ် မသွေ၊ ခံသော့ထွေဖြင့်၊ ကောင်းနေ ကောင်းစံ၊ ကောင်းကြံ ကောင်းပြော၊ ကောင်းသဘောနှင့်၊ တင့်မော ဆင်းဝါ၊ လမင်း သာသို့၊ မျက်နှာ ရွှေဥ၊ ချစ်ဘွယ် စုသည့်၊ နန်းသူ့ မျက်ချယ်၊ ဘ,သက်လယ်။။ နားဝယ် နှစ်သိမ့်၊ သားချစ် စိမ့်လော့၊ ရွှေအိမ့်သခင်၊ နန်းကြီးရှင်တို့၊ လူတွင် လူနတ်၊ လူမြတ်ထွတ်ဖျား၊ လူဘုရားတည့်၊ မမှား ဓမ္မ၊ နေ့နေ့ ညဖြင့်၊ လုံ့လ မချွတ်၊ ကင်း မလွတ်ဘဲး၊ မင်းဝတ် ပြည်ရေး၊ မျှော်ရှု တွေးလျက်၊ ရှေးဥပဒေ၊ ထုံး ပဝေကို၊ ဖျက်သွေ ပယ်ရှောင်း၊ လိုရာ ပြောင်း၍့၊ ထပ်လောင်း သစ်ဆင်၊ ထူး မပြင်လင့်၊ ပြည့်ရှင် မင်းမြတ်၊ အမတ် တပါး၊ အခြား နန်းနေ၊ ချစ်မိတ်ဆွေက၊ ရွှေငွေ ကျီကြ၊ တိုင်း ရဋ္ဌနှင့်၊ မြို့ပြ ခဲးခက်၊ ရဲးမက် ဗိုလ်ပါ၊ သင်္ချာ ခုနစ်အင်၊ ဤရဇ္ဇင်လည်း၊ စုံလင် ဘယ်ခါ၊ မချို့ရာဘူး၊ သည်းချာ မှတ်စိမ့်၊ နား နှစ်သိမ့်လော့၊ ပျော်ချိမ့် မြူး†ချိမ့်၊ ယစ်မူးပိမ့်ဟု၊ †ခြိမ့်ခြိမ့် သဲးသဲး၊ သောက်စားပွဲးနှင့်၊ ပျော်ပွဲးသဘင်၊ ကြူး မရွှင်လင့်၊ တိုင်ပင် မန္တ၊ ဥဿာဟကား၊ လုံ့လ ရဲးခြင်း၊ ဆင်-မြင်း သေနာ၊ ဗိုလ်ပါ ဗလ၊ ပဘာဝဟု၊ ရာဇသတ္တိ၊ သုံးပါး ယှိ၏၊ နှိုင်းညှိ ဆင်ခြင်၊ ပြည့် စုံလင်လျက်၊ တွင်း-ပြင် နီး-ဝေး၊ တိုင်းပြည်ရေးနှင့်၊ မင်းရေး ဆန်းကြယ်၊ ဤ နှစ်သွယ်ကို၊ လွှဲးပယ် မမေ့၊ မငြီးငွေ့ဘဲး၊ ကြံစေ့ လုံ့လ၊ မပျင်းရဘူး၊ ရာဇဗျူဟာ၊ မင့်းမာယာနှိုက်၊ လိမ္မာရေး *ကုံ၊ ကြေးမုံအလား၊ မြဲး ရှုစားတည့်၊ အားထုတ်ထိုက်စွာ၊ အရာရာကို၊ မထောင်းတာမှု၊ ဖျက်ဆီး ပြု၏၊ ရှေးသူ့ စကား၊ မောင် မှတ်သားလော့၊ နဂါး *တသုန်၊ ဂဠုန် တတန်၊ ကုမ္ဘဏ် တတိုက်၊ ရက္ခိုသ် တထပ်၊ ဂန္ဓာဗ် တသင်း၊ ငါးတန် ကင်းနှင့်၊ တောင်မင်း ထိပ်ချာ၊ ဝတိံသာသို့၊ သူရာစစ်အင်၊ တက်စီး ဝင်ခဲ့၊ သို့လျှင် ထို့ကြောင့်၊ ဘ,ကောင့်း သားချစ်၊ ဉာဏ်ဖြင့် စစ်လျက်၊ မဖြစ်စရိုး၊ မမှတ်နိုးနှင့်၊ မိုး မပြိုတန်၊ ဆိုသော့ဟန်သို့၊ မေ့ကျန် မယှိ၊ သတိ ကိုယ်ယုံ၊ အမြဲး လုံသည်။။ ရေးပုံ မလစ်စေ†ရာတည်း။ (၅၈)

(၂၂၈) ပျော်ကြူး *လေဘင်၊ တလွင်လွင်နှင့်၊ လူတွင် ဉာဏ်မဲ့၊ ကျိုး မ*ဟဲ့ဘူး၊ အကဲ့လည်းကောင်း၊ “တောမျောက်ပေါင်းတို့၊ ဥက္ခောင်း ခြေလက်၊ မျက်ခွက် မျက်နှာ၊ ပမာ တမူ၊ လူနှင့် တူလည်း၊ လူသို့ ပညာ၊ မယှိပါ၍့၊ အိမ်ရာ တင်းကုပ်၊ ဆောက်လုပ် သေသတ်၊ မပြုတတ်ကြောင့်၊ မိုးစွတ် နေပူ၊ မဟူ စပါ၊ ခံရစွာ၏၊ ပညာ ပြည့်ကြွယ်၊ စာသူငယ်မူ၊ ဆန်းကြယ် ရိပ်မြုံ၊ သိုက် အအုံနှင့်၊ မိုးလုံ နေလွတ်၊ ပူ မစွတ်ဘဲး၊ ကြည်ဆွတ် ချမ်းမြ၊ ခိုလုံရ၏၊ ဗာလ ပဏ္ဍိ၊ ထူးသတ္တိကို၊ နှိုင်းညှိ ဉာဏ်တွင်၊ သိ ထင်မြင်လော့၊ တွင်း-ပြင် နီး-ဝေး၊ လွန်ရှုပ်ထွေးခဲ့၊” “ပြည်ရေး မင်းရေး၊ ပေါက်နှင့် ကျေးတည့်၊ ကျေးလည်း စိမ်းစိမ်း၊ ပေါက် စိမ်းစိမ်းသို့၊ မှတ်*ထိမ်း ဥပမာ၊ မှုရေးရာကို၊ ပညာယှိမြတ်၊ များမှူးမတ်နှင့်၊ မပြတ် တိုင်ပင်၊ ညှိ ဆင်ခြင်လော့၊” “အကြင် လူနှိုက်၊ စရိုက် မိုက်ထိုင်း၊ ဇာတိ ရိုင်းကား၊ ဗျိုင်း သူတော်ယောင်၊ ကြောင်သူတော်တု၊ ကျင့်ပြုတတ်စွ၊ အပေါ် လှလည်း၊ အပ စျေးသုံး၊ ရွှေရောင် ဖုံးလျက်၊ ကြေးတုံးပမာ၊ များကြစွာ၏၊” “နွယ်လာ အရိုး၊ အမျိုး မတူ၊ အယူ မမျှ၊ ဝါဒ ညစ်ညမ်း၊ လူစိမ်းရွမ်းကို၊ ကျွမ်း မဝင်ရာ၊ ကျွမ်းဝင်ပါက၊ ပျက်တတ်လှ၏၊ အန္ဓအသွင်၊ မမြင် ကျိုးကြောင်း၊ ခြွေရံပေါင်းနှင့်၊ မကောင်း မိတ်ဆွေ၊ တူနေ ရောထွေး၊ *ယခင့် ရှေးက၊ မြေခွေး ပုတ်သင်၊ ကျွမ်းဝင် သွေးညှိ၊ လိုက်မှားမိ၍့၊ ဗောဓိသတ္တ၊ ဘုရာ့းအ*လျာ၊ သမ္ဘာ မှည့်ဝင်း၊ သမင်မင်းနှင့်၊ ဖွတ်မင်း ငုံးမင်း၊ ခိုမင်း ဂီဝါ၊ ရွှေဟင်္သာက၊ မဟာကပိန္ဒ၊ စသည် *ခပင်း၊ လောင်းတော် မင်းတို့၊ ကျော့ကွင်း ပိုက်မိ၊ ဘေးကြီး ထိ၏၊”မှတ်ဘိ မြဲးယုံ၊ ဘ,ကြေးမုံလည်း၊ ရေးပုံ တမူ၊ မှတ်နည်း ယူ၍့၊ “လူတွင် လူမိုက်၊ မကြိုက် သုစရိ၊ မယှိ ပညာ၊ သူယုတ်မာကို၊ သဟာ ကျွမ်းဝင်၊ မပြုချင်နှင့်၊ ဂုဏ်အင် ယုတ်နွမ်း၊ ကျေးကျွန်သွမ်းနှင့်၊ မင်းသွမ်း ကျင့်မူ၊ သဘောတူက၊ ပြည်သူအများ၊ မစီးပွားခဲ့၊ ပြည်အား*မဲ့စွာ၊ ဖြစ်သော့ခါလည်း၊ မင်းပါ လုံး*ဓွန်း၊ ပြည် နစ်မွန်း၍့။။ ထီးနန်း ကွယ်ပျောက် သုညာတည်း။”(၅၉)

(၂၂၉) “တရား လက်လွတ်၊ မင်းကျင့် ချွတ်၍့၊ မင်းဝတ် ပြည့်အောင်၊ ကျင့်မဆောင်ဘဲး၊ သူလောင် သူပျက်၊ သူသွမ်းသွက်နှင့်၊ ပေါင်းဘက်သော့အား၊ မင်းပါ မှားသော်၊ တိုင်းကား ဝန်းကျင်၊ ပျက်စီးစင်လိမ့်၊ ပြည့်ရှင် မင်းစစ်၊ ဖြစ်လျက် သွမ်းသော့၊ မေ့လျော့ အလို၊ ပြည်ကို မစောင့်၊ ကြောင့်ကြမမူ၊ ရှု လျစ်လျူ၍့၊ ပြည်သူ ပြည်သား၊ ရှင်-လူများတို့၊ တရား ယွင်းခွ၊ ပျက်ကုန်ကြသော်၊ ထိုမျှ *တသွန်၊ ငါးမျာ့းဝန်ကို၊ ပုဇွန်ဆိတ်ခေါင်း၊ ခံရရှောင်းသို့၊ မကောင်းသမျှ၊ မင်းတွင် ကျ၏” “လောက လူ့ခွင်၊ လူတွင် မင်း*ဓီး၊ စက်ရှင် စီးလျက်၊ ဘုန်းကြီးစေကာ၊ *ကြမ္မာ ညှိုးမှိန်၊ ပျက်စီးချိန်နှိုက်၊ ပညိန္ဒြိ၊ သတိ မှောက်မှား၊ တရား ကင်းလွတ်၊ ကျင့် ယွင်းချွတ်၏၊ ကျင့်ချွတ်သော့ခါ၊ ပညာ အမျိုး၊ တန်းခိုး ထိန်ညီး၊ ဘုန်းတန်း ကြီးလည်း၊ ပျက်စီးမြဲးလျှင်၊ မချွတ်ပင်တည့်၊” “အကြင် လူများ၊ ယောက်ျား မိန်းမ၊ စသည် ထိုထို၊ ပျက်စီးလိုက၊ အဆို အသွား၊ အမှားမှားဖြင့်၊ ဘုရားသော်မှ၊ ဟော မရဘူး၊”'ဗာလ ဘုန်း†ကြီး၊ ကောက်ရိုးမီးသို့၊ *အကျီး မကျ၊ ခဏမျှသာ၊ ပျက်စီးရာ၏၊' 'ပညာယှိထွတ်၊ သူမြတ်တို့ထံ၊ ဆုံးမ ခံ၍့၊ ကျင့်ကြံ သမ္မာ၊ ဆောက်တည်ပါမူ၊ သမ္ဘာစေ့ပျိုး၊ မျိုးသို့ ပေါက်လစ်၊ ဘုန်းတန်း သစ်၏၊”စင်စစ် မုချ၊ “လောကနှိုက်မှာ၊ သတ္တဝါဟူဘိ၊ များအချိကား၊ ကံယှိမှ မြတ်၊ ခဲးကတ် ရေးရာ၊ အလိမ္မာကား၊ ပညာ မြင်သိ၊ ဉာဏ်ရှိမှ တတ်၊ မှန် ဆတ်ဆတ်တည့်၊ မှတ်လော့ ဝမ်းတွင်၊ မ*လေဘင်နှင့်၊” “တရွှင် မြူးမြူး၊ အပျော် ကြူးလျက်၊ မိန်းမူး ဝေနောက်၊ ဟာရ ဘောက်၍့၊ *ရှောက်ခဲ့ ခန္ဓာ၊ နတ် ခြောက်ရွာဝယ်၊ ခိဋ္ဋာနတ်မျိုး၊ ဘုန်း မတိုးဘဲး၊ သက်ကျိုးလွယ်စွာ၊ နေမြန်း ကြာသို့၊ *ကြမ္မာ နွမ်းရိ၊ တည်မယှိဘူး၊” “ဇာတိ နတ်ရွာ၊ ရှေးသော့ခါလည်း၊ သုရာ သောက်ကြူး၊ ယစ်မူးလွန်ကြ၊ သမ္ပရတို့၊ မာဃ သိကြား၊ ဝတိန်ဖျားက၊ ချငြား ဦးစောက်၊ မြင်းမိုရ် အောက်နှိုက်၊ ခုံလောက်ကြားတွင်၊ ခုတိုင် ထင်၏၊”ရွှေစင် သားလှ၊ ခမည်း ဘ,လျှင်၊ နားဝတွင် စိမ့်၊ နာ နှစ်သိမ့်လော့၊ ရွှေအိမ့် ကြက်သရေ၊ တက်သစ်နေသို့၊ *ရဝေ သိင်္ဂိ၊ ဘုံ စိန်စီဝယ်၊ ဒေဝီ မောင်းမ၊ ရွေပေါင်း ခ၍့၊ နတ်မျှ မသာ၊ စံစားရာနှိုက်၊ မဟာသမ္ပတ်၊ ကြီးမြတ် ရိပ်ငြိမ်၊ မင့်းစည်းစိမ်ကို၊ တင်းတိမ် မယှိ၊ လောဘ ငြိ၍့၊ ဂတိ မကောင်း၊ ဘဝ စောင်းလျက်၊ ဥဒေါင်း တိရစ္ဆာန်၊ ဖြစ်ရဟန်သည်။။ ကျမ်းဂန် နိပါတ် အလာတည်း။ (၆၀)

(၂၃၀) “မယှိ ပညာ၊ ဤလူ့ရွာနှိုက်၊ ကျမ်းစာ နီတိ၊ တတ် မသိက၊ မျက်စိ စုံကာဏ်း၊ လူဖြစ်ဆန်းမျှ၊ ပေါက်ပန်းပမာ၊ မှတ်တို့ရာ၏၊” “မနာ တရား၊ မောဟအားဖြင့်၊ မများ သုတ၊ မိုက်ဝါဒနှင့်၊ မရ သတိ၊ လူ့ဒိဋ္ဌိတို့၊ ရမိ ရရာ၊ ဝဋ်ချမ်းသာကို၊ လွန်စွာ ခင်မင်၊ အမြဲး ထင်၍့၊ ဆင်ခြင် မညှာ၊ ပြုတတ်စွာ၏၊” “ပါဏာတိပါတ်၊ သက်သတ် ဝဋ်ကြွေး၊ ဆိတ်ငယ်သေးလျက်၊ အမွေးအမျှ၊ ခေါင်းပြတ်ရရှင့်၊” “အဒိန္နကံ၊ အနံ ငယ်နွမ်း၊ ပုဆိုးကြမ်းကြောင့်၊ ညစ်ညမ်း စင်စစ်၊ နတ်ဖြစ်လျက်ကဲ့၊ အဝတ်*မဲ့၏၊” “နှုတ်ယွဲ့အလို၊ မုသား ဆိုက၊ မြေမျို ခွေးစား၊ ကြီးမား လွန်ကဲး၊ ဥက္ခောင်း ကွဲးမျှ၊ လိမ့်လဲး ဟိန်းညည်း၊ လူးလည်း မတည်၊ ချာချာလည်၏၊” “သေရည် သောက်ကြူး၊ သည်းခြေ ဆူးသား၊ သူရူး အနန္တ၊ မဆုံးဆနှင့်၊ စိုးရ လူကြီး၊ မခြီးမြှောက်လို၊ ထင်းမီးတိုသို့၊ ထိုထိုဘဝ၊ ဖြစ် မလှဘူး၊” “ကာမယုတ်မာ၊ ကျင့်မိစ္ဆာကား၊ အင်္ဂါ ချို့-ယုတ်၊ ပဏ္ဍုက် မိန်းမ၊ ဘဝ ညံ့ဖျင်း၊ မိ-ဘရင်းလည်း၊ ချစ်ခြင်း ကွာဝေး၊ သူမုန်းဆေးတည့်၊”ရင်သွေး ဒါလီ၊ မှတ် နာ†အီလော့၊ ထို†ဤ လက္ခဏာ၊ ခြင်းရာ ပိုင်းစစ်၊ စိစစ်သမှု၊ သဘော ရှုက၊ “အကုသလ၊ ကုသလဟု၊ ဓမ္မအရိုး၊ ထို နှစ်မျိုးတို့၊ ကောင်း-ဆိုးအလို၊ အကုသိုလ်ထက်၊ ကုသိုလ်က ကြီး၊ ခိုမှီးရာစစ်၊ အစ်ကို ဖြစ်၏၊ မိုက်ညစ် ဆိုးသူ၊ မကောင်းမူဖြင့်၊ လူဟူသရွေ့၊ ဒုက္ခ တွေ့သော်၊ သိမ်မွေ့ ကောင်းရာ၊ ကုသိုလ်မှာလျှင်၊ ချမ်းသာ ရကြောင်း၊ ကျင့်ရရှောင်းရှင့်၊” “ကောင်းမှုဟုဆို၊ ထိုကုသိုလ်ကား၊ ကိုယ်ပင် နိစ္စ၊ မပြုရလည်း၊ သူမျာ့းကုသိုလ်၊ အဘို့ကိုမျှ၊ ကြည်ညိုသမှု၊ ခေါ် သာဓုဖြင့်၊ သေလုနီးစွာ၊ ရောက်ပြီးခါလျက်၊ သမုဒြာ လယ်*ချက်၊ ပင်လယ်နက်မှ၊ အသက် ချမ်းသာ၊ ရဖူးစွာ၏၊” “စေတနာ ဝိရတိ၊ ဟူဘိ နှစ်ဖြာ၊ ပြဋ္ဌာန်းစွာသား၊ ကျင့် စာရိတ္တ၊ ဝါရိတ္တဟု၊ သီလရတနာ၊ မြတ်တန်းဆာလည်း၊ သတ္တဝါ*ခပင်း၊ မင်း ဆင်းရဲးသား၊ မပိုင်းခြားဘူး၊ လေးပါး မျိုးနွယ်၊ ကြီး-ငယ်မဆို၊ ရွယ်ပျို ရွယ်ရင့်၊ ဆင်တိုင်း တင့်၏၊ ကောင်းကျင့်ဟူဘိ၊ ကျေးဇူးယှိသား၊ ဂိဟိ ဗြဟ္မ၊ စရိယတိ၊ ဆုံးမ ဆို့ပိတ်၊ မြတ် စာရိတ်နှင့်၊ ဝါရိတ် အညီ၊ မပြတ် မှီလော့၊ ပ ဉ္စသီ ဥပုသ်၊ စောင့် ကိုယ်-နှုတ်ဖြင့်၊ မယုတ် အား†ကြိုး၊ ဤ ကျင့်ရိုးသည်။။ ကောင်း†ကျိုး အလွန်တရာတည်း။' (၆၁)

(၂၃၁) “ပ ဉ္စသီ ဥပုသ်၊ မယုတ် အား†ကြိုး၊ ဤ ကျင့်ရိုးကား၊ ကောင်း†ကျိုး ကုသိုလ်၊ မကင်းလိုတည့်၊ နေ့ကို စောင့်က၊ နေ့ဘို့ ရ၏၊ ညလည်း ထို့တူ၊ မှတ်လေ မူလော့၊ ဆယ်ဆူ သီ†လ၊ နိယမလည်း၊ ကာ†လ ပိုင်းခြား၊ နေ့-ရက်အားဖြင့်၊ မမှား မှန်လှ၊ စောင့်အပ်စွရှင့်၊ ရှေးက မင်းများ၊ ကျင့်တရားတည့်၊”ချစ်သား မောင်†လှ၊ ယွင်း မခွနှင့်၊ လုံ့†လ အားထူ၊ ကြိုးကုတ်မူလော့၊ အယူ မသမ္မာ၊ ပညာ မယှိ၊ ဒိဋ္ဌိလူများ၊ ပြော ပယ်ငြားလည်း၊ ငါ့သား သည်းချာ၊ မလိုက်နာလင့်၊ “ဥစ္စာ လိုချင်၊ လောဘ ငင်လျက်၊ ကျောင်းတွင် မဖြောင့်၊ အိပ်၍့ စောင့်သား၊ *ယခေါင့် ရှေးက၊ ဥပုသ်မျှဖြင့်၊ မိုက်လှ ဉာဏ်ပိန်၊ မိတ္တဝိန်လျှင်၊ သေချိန် မရောက်၊ သက် မပျောက်ဘဲး၊ မျက်မှောက် *ဆဲးဆဲး၊ ပင်လယ်ထဲးတွင်၊ ရဲးရဲး ထိန်ညီး၊ ရွှေဘုံကြီးထက်၊ နတ်သမီးစစ်၊ သုံးကျိပ်†နှစ်နှင့်၊ ခု†နစ် လေးလီ၊ အညီ ရက်ပေါင်း၊ စံရရှောင်း၏၊” “အကောင်း အဆိုး၊ အကျင့်မျိုးကား၊ ပြစ်ကျိုး *ပေးနေ၊ ယှိမြဲးပေတည့်၊ နဘေ ဥမင်၊ ပင်လယ်ပြင်နှိုက်၊ အောင်းဝင် ပျံတက်၊ ကံ ဝိပါက်မှ၊ လွတ်ကွက် လွတ်ရာ၊ မရှိစွာခဲ့၊ *ကြမ္မာ ဝဋ်ဆိုး၊ မကောင်း†ကျိုးဖြင့်၊ †ကြိုးက မြွေဖြစ်၊ လည်ရစ်ဘွဲ့ထွေ၊ လိုလို သေ၏၊ ပုဗ္ဗေ ရှေးက၊ ပြုခဲ့ကြသည့်၊ ပါပအ†ကျိုး၊ ထိုကံဆိုးကြောင့်၊ မိုဃ်း†ကြိုး ကျရာ၊ ခံမိစွာခဲ့၊ သံသရာ ရှည်*ဓွန့်၊ ဘယ့် မစွန့်ဘူး၊ မြို့ဝန့်နောက်မှာ၊ ပါးကွက် ပါသို့၊ ဖြစ်ရာ ဖြစ်ရာ၊ ဘဝမှာလျှင်၊ မကွာ *တံ†တစ်၊ *ဖက်†ထစ် အမြဲး၊ မကွဲး တကွ၊ လိုက်တတ်စွရှင့်၊ ကမ္မနိယံ၊ ထုံးစံ မှတ်ယူ၊ ထိုသို့ဟူ၏၊” “ဤလူတစ်စု၊ ကိုယ်ပင်ပြုသား၊ ကိုယ်မှု ကိုယ့်ကံ၊ ကိုယ် လုပ်ကြံတိုင်း၊ ကိုယ် ခံရမြဲး၊ မလွဲးတို့ချေ၊ မောင် သိစေလော့၊ အမွေ ဆင်ဆံ၊ *မြောင်းမြီ ခံ၍့၊ ကံ ကံအကျိုး၊ ကောင်း အဆိုးကို၊ လူမျိုး*တကာ၊ သတ္တဝါတို့၊ မှန်စွာ မသွေ၊ ရမြဲး နေတည့်၊” “မုံဝေ လောဘ၊ ကြီး ဆန္ဒနှင့်၊ ကာမ ယစ်မိုက်၊ လိုဆိုး တိုက်၍့၊ မထိုက် သက်ရာ၊ သူ့ဥစ္စာကို၊ အဘိဇ္ဈာမျှ၊ မကြံရဘူး၊” “လောဘ *ကလိန်း၊ မချုပ်ထိန်းဘဲး၊ မိန်းမ နှစ်ကျိပ်၊ ပျော်ကြောင်း သိပ်လည်း၊ မအိပ်အပ်စွာ၊ ရှောင်လွဲးရာ၏၊ ကျမ်းလာ မပျက်၊ အပါယ်သက်လိမ့်။။ *နရက် အောက်ရပ် အောက်†ရွာတည်း။”(၆၂)

(၂၃၂) “ကာမေသု မိစ္ဆာ၊ သူ့အိမ်ရာနှိုက်၊ ကိလေသာစက်၊ ကြူး မမက်နှင့်၊ သူ့ထက် ကိုယ်†က၊ ဣဿရနှင့်၊ ဘော†ဂ ဥစ္စာ၊ စည်းစိမ် သာမူ၊ မိစ္ဆာတရား၊ မောဟ ပွားလျက်၊ မသွားလာအပ်၊ မစပ်ရာဘိ၊ ကျမ်းလာယှိသား၊ အဂမနိယ၊ မိန်းမအပြား၊ နှစ်ကျိပ်အားတွင်၊ သူ့မယားဖြစ်၊ တကျိပ်နှစ်နှင့်၊ မိချစ် ဘခင်၊ မောင်လျှင် အစ်မ၊ ဉာတိ စသည့်၊ စောင့်ကြ အနိုင်၊ ကာမပိုင် သခင်၊ အရှင် ကင်းလစ်၊ လင်*မဲ့ ရှစ်နှိုက်၊ အပြစ် မသိ၊ အလိုယှိတိုင်း၊ ပြုမိ ပြုရာ၊ ကိလေသာဖြင့်၊ မိစ္ဆာအမှု၊ ကျူးလွန် ပြုက၊ ဝတ္ထုဟူထ၊ ထိုမိန်းမတို့၊ သီလ ရှိ*မဲ့၊ လို မ*ဟဲ့နှင့်၊ လို*ဟဲ့ အလျောက်၊ ထို*သ†ယောက်တို့၊ ပြစ်†ရောက် နည်း-များ၊ ဆုံးဖြတ် ခြားလျက်၊ မြောက်ငြား ကမ္မ၊ ပထအကျိုး၊ ငရဲးအိုးတည့်၊” “လိုဆိုး ကံမိုက်၊ ဒုစရိုက်နှိုက်၊ ပျော်ပိုက် လိုက်စား၊ ကြာသမားတို့၊ ပြစ်မှား အိမ်ရာ၊ ကံ မိစ္ဆာဖြင့်၊ ခန္ဓာ အသက်၊ ယွင်းပျက် ဤကိုယ်၊ အနန္တိုရ်ဝယ်၊ ဟင်းလို ကျက်ကျက်၊ ပြုတ် ကျိုချက်လိမ့်၊ ပွက်ပွက် လျှံဝေ၊ ကြေး-သံရေနှိုက်၊ မကျေ မညက်၊ ဆူကြွက်ကြွက်နှင့်၊ အောက်-ထက် ပြန်ပြောင်း၊ နှစ် ခြောက်သောင်းမှ၊ ဥက္ခောင်း တခါ၊ ပေါ်ပြန်လာ၍့၊ မကြာ ခဏ၊ ဒုသ-န-သော၊ ကြောက်မောဘွယ်လိ၊ ပုဒ် အာဒိမျှ၊ မချိ ဟစ်ကြော်၊ လုံးစီ အော်လျက်၊ လော်ဟကုမ္ဘီ၊ ကြေးနီအိုးတွင်း၊ ငုပ်လျှိုးခြင်းဖြင့်၊ နစ်ဆင်းပြန်လတ်၊ *ခစီးပတ်ဟု၊ မမြတ် ယုတ်မာ၊ ကျူးလွန်စွာသည်၊ မိစ္ဆာ ပြစ်လေး၊ သင့် ဒဏ်-ဘေးနှင့်၊ မိုက်ကြွေး *မြောင်းမြီ၊ မလွတ်ပြီသို့၊ ဒုဿီ ယွင်းဘောက်၊ ကျင့် မှားမှောက်သား၊ လေးယောက် အိမ်ဖျက်၊ ဆင်းရဲး နက်၏၊” “မွေ့ညက် ယှဉ်†မှိန်း၊ စိတ်ကို ထိန်းလော့၊ †မိန်းမ ယောက်ျား၊ နှစ်ဦးသားတို့၊ ငါးပါး အာရုံ၊ ကြိုက်ကြုံ တွေ့ရာ၊ ကိလေသာဖြင့်၊ လွန်စွာ ယှဉ်ပြိုင်၊ စစ်ကြီး ဆိုင်သို့၊ အနိုင် အထက်၊ ကိုယ်-လက် ထန်ပြင်း၊ ထိ ရုန်းရင်း၏၊ မကင်း သတိ၊ သမာဓိနှင့်၊ ဉာဏ်ရှိ *မပြိန်း၊ ကျိတ်မျို ထိန်းလော့၊” “တသိန်း ကမ္ဘာ၊ ပြည့်ပြီးစွာသည့်၊ မြတ်*လျာ အလောင်း၊ ပွင့်လု *ညောင်းလျက်၊ မကောင်း မိတ်လိုက်၊ အပျော် †ကြိုက်၍့၊ ကျိုက်†ကျိုက် ပွက်ဆူ၊ အောက် ရောရူနှင့်၊ လူတွင် နိမ့်†ကျ၊ သမုတ်†ကြသား၊ မိန်းမ နပုန်း၊ ကျောက်ကုန်း ရိုက်ပုတ်၊ ဗီဇ ထုတ်က၊ အယုတ် နွား†မျောက်၊ ဆဲ့လေး†မြောက်အောင်၊ ကြောက်စဘွယ့် ဘေး၊ ခံရသေးသည်။။ မိုက်မှေး ပရဒါ†ရာတည်း။”(၆၃)

(၂၃၃) “မိုက်မှေး ညစ်ကျု၊ ကာမမှုတည့်၊ သူ့အိမ် သူ့ရာ၊ ပရဒါကား၊ လွန်စွာ ရှောင်ထိုက်၊ ကျူး မလိုက်နှင့်၊ လူနှိုက် စိုးခြင်း၊ ငါသည် မင်းဟု၊ အတင်း ယှက်စပ်၊ မပြုအပ်ဘူး၊ စွန်းတပ် ရာဂ၊ သူ့သက်မျှနှိုက်၊ ကာမ မိုက်မွှန်၊ ကျင့် ကျူးလွန်က၊ ကျွန်ဖွတ် ကျွန်လိပ်၊ ဆိုရိပ် ဓမ္မသတ်၊ လောကီ ဖြတ်လည်း၊ မလွတ် နောင်လာ၊ သံသရာဝယ်၊ ပါယ်ရွာ လားစု၊ ပါပမှုတည့်၊” “ညစ်ကျု ယုတ်မာ၊ သူ့အိမ်ရာကို၊ မိစ္ဆာ စွန်းငြိ၊ မခိုက်ထိနှင့်၊ မသိ *ကျိုးကျွန်၊ မမြင်ဟန်သို့၊ သား*မွန် ရွှေရုပ်၊ ဉာဏ် ထိန်းအုပ်၍့၊ စောင့်ချုပ် မြဲးရာ၊ ကိလေသာဖြင့်၊ ပညာ ကင်းဘိ၊ သတိ ကင်းဝေး၊ သူ့သက် ပေးအား၊ မျက်မွေး ထော်လော်၊ တကြိမ်သော်မျှ၊ မျှော်ကာ မရှု၊ ဆင်ခြင် ပြုလော့၊” “ဤလူ့ ထုံးစံ၊ သူ *ရည်းငံ၍့၊ သွင်းနှံ ပဏ္ဏာ၊ သစ္စာ မှန်းထား၊ *ရည်းစား စောင့်ရှောက်၊ *ခင်အုန်း မြောက်ပြီး၊ နတ်လောက် မခြား၊ သူ့မယားလျှင်၊ လှငြားပစေ၊ ထိပါးချေသော်၊ အသေ လတ်လတ်၊ ပေါက်သတ်တတ်သည့်၊ မမြတ် *မူနည်၊ ဆိပ်ရည် ပြည့်ဝ၊ နဂါးမနှင့်၊ ငါ့ကို ကြည့်က၊ မြည့်မြည့် ကိုက်ငြား၊ ကျွတ်ကျွတ် ဝါး၍့၊ စားအံ့ ချောက်ခြိမ်း၊ *ကြိမ်းသား အဟုတ်၊ ကြမ်းကြုတ် ရက္ခသီ၊ ယက္ခိနီသို့၊ တူညီသမှု၊ ထင်ထင် ရှုလော့၊” “ဗဟုဝါရ၊ ဒဿနဖြင့်၊ မိန်းမ ယောက်ျား၊ မြင်ဘန်များသော်၊ သနား ချစ်ခင်၊ စိတ် ကျွမ်းဝင်၍့၊ ကျွန်ပင်*တမင့်၊ ဖြစ်လင့် မယွင်း၊ တပ်မက်လျှင်း၏၊”ယင်းသို့ ခြင်းရာ၊ လွန်ယုတ်မာသား၊ “ကိလေသာကိစ္စ၊ ဤကာမကား၊ ရာဂအဟုန်၊ ကျ ဆင်မုန်သို့၊ *သုန်သုန် တိုက်†လှည်း၊ လွန် မိုက်သည်း၏၊” “ငတ်†လည်း မရှက်၊ ငိုက် မရှက်နှင့်၊ ကြိုက် မရှက်ဟူ၊ သုံးယောက် လူတွင်၊ မှုန်ဆူ လှိုက်ပွက်၊ ကြိုက် မရှက်ကား၊ *ရမ္မက် ရူး†ထ၊ ဥမ္မတ္တတည့်၊” “က†ဋ္ဌမုခ၊ စသည် လေးထွေ၊ မြွေတို့ အဆိပ်၊ တက်ရိပ် ပြင်းစွာ၊ သင့်သော့ခါနှင့်၊ မိစ္ဆာ နတ်-စုန်း၊ မုန်း၍့ ဖမ်းစား၊ ပြုတုံငြားလည်း၊ သမား ဆရာ၊ ပညဝါတို့၊ ဂါထာ မန္တာန်၊ နတ်ဆေး*မွန်ဖြင့်၊ ကြံဘန် မန်းမှုတ်၊ လိမ်းသုတ် လုံ့လ၊ ကုစား ရ၏၊ ကာမရောဂါ၊ ဝမ်းတွင်းနာကား၊ ကုရာ နတ္ထိ၊ ဆေး မယှိဘူး၊ မိမိ ပညာ၊ သတိသာလျှင်၊ မဟာသြသဓ၊ ဆေးမည်စွရှင့်၊” “ကာမဆန္ဒ၊ ပါပစိတ်မျိုး၊ ဝင် ဆော်နှိုး၍့၊ စိုးစိ ရံခါ၊ ဖြစ်တုံလာသော်၊ ဥမ္မာဒန္တီ၊ နတ်*တ†ပြီကြောင့်၊ ပီ†ပီ မသိ၊ မူးဝေဘိလည်း၊ သီဝိ မင်းကောင်း၊ ဘုရားလောင်းသို့၊ တိမ်းစောင်း တရား၊ လိုက် မမှားသည်။။ လေးပါး ဂတိ၊ ယုတ်မာတည်း။ (၆၄)

(၂၃၄) “ယုတ်မာ ကြီးမား၊ ဂတိအားဖြင့်၊ တိမ်းပါး ချွတ်ယွင်း၊ မကျင့်လျှင်းနှင့်၊ ငါ့မြင်း ငါစီး၊ ငါ့ထီး ငါဆောင်း၊ ငါ့ကျောင်း ငါထိုင်၊ ဘယ်သူ ဆိုင်ဟု၊ ကိုယ်ပိုင် လိုစိုး၊ မာန မိုး၍့၊ ကြောင်း-ကျိုး မသိ၊ ပြုမိ ပြုရာ၊ မအပ်စွာတည့်၊” “ရာဂ ဒေါသ၊ မိုက် မောဟဟု၊ မြစ်မ ကြီးကျယ်၊ ဤသုံးသွယ်လည်း၊ ကိုယ်ဝယ် မြဲးစွာ၊ မကပ်ရာတည့်၊ ပညာ မြော်မြင်၊ *တွေးတော သင်လော့၊” “လူ့ခွင်ဌာန၊ ဤလောကနှိုက်၊ ရာဂနှင့်တူ၊ ကျိုက်ကျိုက်ဆူသည့်၊ မီးပူ မယှိ၊ မချိ စိတ်က၊ မြွေနှယ် ထ၍့၊ ဒေါသနှင့်တူ၊ ပျက်ခြင်းဟူသည်၊ ပျက်သူ မယှိ၊ အတိမူဠှ၊ မှေးရှက်စွသား၊ မောဟနှင့်တူ၊ ကွန်ယက်ဟူသည်၊ တမူ မယှိ၊ သို့ဖြစ်ဘိ၍့၊ သတိ ဝမ်းတွင်၊ အမြဲး ထင်လော့၊ ဤလျှင် ပါပ၊ မူလ သုံးမျိုး၊ ဟိတ် လွှမ်းမိုးက၊ ကပ်ဆိုး ဥပဒ်၊ ဖြစ်တို့ တပ်၏၊”မှတ်လော့ ဤသို့၊ “လူတို့ လောဘ၊ ကြီးကာလနှိုက်၊ ဒုဗ္ဘိက္ခဘေး၊ ငတ်မွတ်ရေးကြောင့်၊ ရိုးဖွေး တောင်မျှ၊ ပျက်စီးကြ၏၊ ဒေါသတရား၊ ပွားလတ်သော့ခါ၊ ဓားမိုးရွာသို့၊ သတ္တဝါ လူပုံ၊ *ပြောဟုံ အမျက်၊ စစ်မက် ပြိုင်ခင်း၊ လက်နက် ကျင်း၍့၊ ချင်းချင်း သတ်†ကြ၊ သွေး ချောင်း†ကျ၏၊ မောဟ လွန်ငြား၊ ဘီလူး စားသို့၊ ထူးပြား ရောဂါ၊ ဝေဒနာဖြင့်၊ များစွာ ကပ်ရောက်၊ သေပျောက် လူ-ရှင်၊ ထူ*ပြော*ဖြင်၏၊”ထို့ပြင် တဝ၊ “လောဘ မီးဟူ၊ ဒေါသမူ ရေ၊ မောဟ လေတည့်၊ သုံးထွေ မူလ၊ ဤပါပဖြင့်၊ လောက အားလုံး၊ ထုံးသို့ ကြေညက်၊ ကမ္ဘာပျက်ဟု၊ ဆက်ဆက် ကျမ်းတွင်၊ ဟောမိန့်†ကျင်ခဲ့၊” “အ†ကြင် ရာဂ၊ တပ် လောဘဖြင့်၊ သုဇာတဆို၊ သူကြွယ်ပျိုလျှင်၊ အလို လွန်ကြီး၊ နတ်သမီးကို၊ တွတ်တီး တွတ်တာ၊ တောင့်တကာနှင့်၊ ရေစာ မသုံး၊ နှလုံး ပူခြောက်၊ သေခြင်း ရောက်အောင်၊ မီးတောက်အသွင်၊ ကျွမ်းလောင်ကျင်ခဲ့၊” “ဉာဏ်ပင် ယှိလည်း၊ သတိ ကင်းလျက်၊ ဒေါသ ဖျက်ရှင့်၊ ယုတ်-တက် နှိုင်းဆ၊ သတိ မ,၍့၊ *တည်းတွ ဆင်ခြင်၊ မျက် မလျင်နှင့်၊” “မြော်မြင် မယှိ၊ မျက်ဟုန် ဘိ၍့၊ မိမိတို့ မွေး၊ သိမ်း-ခွေး လိမ္မာ၊ မြွေပါ ကျေးသား၊ သား မယားကို၊ စဉ်းစား မပြု၊ သတ်မိမှုကြောင့်၊ ရင်ထု မနာ၊ ကြီးစွာ နောင်တ၊ ပူပန်ရ၏၊” “ရထာ့း စက်ဟုန်၊ လည် *သုန်သုန်ကို၊ မတုန် မလှုပ်၊ တည်စေ ချုပ်သို့၊ ဟုပ်ဟုပ် အမျက်၊ ကောဓစက်ကို၊ ဉာဏ်လက် သိမ်းအုပ်၊ လည် မလှုပ်အောင်၊ ထိန်းချုပ်နိုင်ငြား၊ ထိုသူအားကို၊ ဘုရား*တကာ၊ အရိယာတို့၊ လွန်စွာ မငြီး၊ ဘဝဂ် တီးအောင်၊ ကောင်းခြီး ခေါ်ပြု၊ သာဓု ထပ်မျှ၊ ခြီးမွမ်းကြ၏၊” “လောဘ ဒေါသ၊ မောဟ အဟုန်၊ ဆတ်ဆတ် ခုန်၍့၊ သည်းတုန် အူလှိုက်၊ သူမိုက်သဘော၊ စရိုက်*ပြောလျက်၊ ကုဒ္ဓေါ ဓမ္မံ န ဇာနာတိ၊ အစယှိသား၊ ပါဠိဒေသနာ၊ ဟော မိန့်မှာတိုင်း၊ မှန်စွာ စင်စစ်၊ ကျိုး-ပြစ်တရား၊ မသိငြားဘူး၊ ပြစ်မှား လွန်မှ၊ လူ့ဗာလတို့၊ ကုက္ကုစ္စကြီး၊ လွှမ်း ဘိစီး၍့၊ မီးနှင့်အတူ၊ နောင်တဟူသည်၊ လောင်ပူ မကင်း၊ ကျွန်ရာ သွင်းလျက်၊ စာရင်း ချုပ်ထား၊ ကြွေးမြီလားသို့၊ တိမ်းပါး မရ၊ အပါယ် ကျသည်။။ ဒုက္ခ ကိုယ်ကြပ် မကွာတည်း။ (၆၅)

(၂၃၅) “ကာယ ငယ်ငေါင်း၊ *ဖျင်းသောင်း *ဖျင်းသွံ၊ လက်သည်းခွံမျှ၊ နှင်တံ တံဖျာ၊ ခတ်မိခါနှိုက်၊ ပြင်းစွာ အမျက်၊ ထွက်လက်တုံ†၍့၊ တရွေ့†ရွေ့ကြီး၊ ဥသျှစ်သီးနှင့်၊ ထန်းသီလုံးလောက်၊ ဖူးဖူးမောက်သော်၊ ခြေထောက် လေးဘက်၊ မြေ့ထက် မမီ၊ ထို-ဤ ရွေ့ရှား၊ မသွားနိုင်ဘဲး၊ နေရာမြဲးလျက်၊ ဆိတ်ဆွဲး ကျီး-ငှက်၊ လိမ့်လက်လက်ဖြင့်၊ အသက်သေမှု၊ ပျက်ခြင်းပြုသည့်၊ ဥဒ္ဓုမာယိက၊ ဘားဗာလသို့၊ ဒေါသအလို၊ အကုသိုလ်ဖြင့်၊ ဤကိုယ်ပျက်စွာ၊ မဖြစ်ရာဘူး၊” “ပညာ *မဲ့ငြား၊ မောဟအားဖြင့်၊ တရား မလျော်၊ မတော် ကျင့်၍့၊ မသင့် ပြုထွေ၊ သရေ ကင်းဘိ၊ ဘုန်း မယှိကြောင့်၊ သိရီ့လက္ခီ၊ နတ်ဒေဝီလျှင်၊ မမှီ ရှောင်လွဲး၊ ကာဠီစွဲးလျက်၊ မိုက်မဲး စိတ်မှာ၊ မညစ်ရာဘူး၊” “ငါသာ ငါမင်း၊ ဖြစ်တုံလျှင်းဟု၊ လွန်ပြင်း အ†မျက်၊ ပြင် မထွက်နှင့်၊ ထက်†မြက် *ဝှန်သည်း၊ စောင့်စည်း မမူ၊ ငါတည်းဟူ၍့၊ လှိုက်ဆူ ပွက်ပွက်၊ မင့်းမာန်ထွက်သော်၊ ရက်ရက် စက်စက်၊ သူ့အသက်ကို၊ ဖျက်ဖျက် ဆီးဆီး၊ လောင်သည့်မီးသို့၊ စပ်နီးရာရာ၊ ပရိဝါနှင့်၊ ဉာတကာ မျိုးဆွေ၊ ပျက်စီးစေ၏၊” “ရေ နိမ့်ရာစီး၊ မီး မြင့်ရာလောင်၊ ဆိုသော့ယောင်သို့၊ မရှောင် စိတ်က၊ မျက်ဒေါသနှင့်၊ မာန လွန်စွာ၊ မယစ်ရာဘူး၊”ရာဇာ*သနင်း၊ မင်းတို့ မာန်စောင်း၊ ထိတိုင်း *တောင်း၏၊ “ဆိုး-ကောင်း ကျိုး-ပြစ်၊ မစိစစ်ဘဲး၊ လူဖြစ်လျက်ကဲ့၊ ချမ်းသာ*မဲ့သား၊ ငရဲ့းဒုက္ခ၊ အပါယ်ကျအောင်၊ ဘဝ ယုတ်†မာ၊ မနှစ်ရာဘူး၊ သ†မ္မာ *မဟဲ့၊ ပညာ *မဲ့က၊ ငရဲ့ စီးပွား၊ အပြစ် များ၏၊”ယောက်ျား မိန်းမ၊ မင်းက ပုဏ္ဏား၊ မဟူငြားခဲ့၊ ချစ်သား ဒါလီ၊ မှတ် နာအီလော့၊ “လောကီပုဂ္ဂိုလ်၊ လူထိုထိုကား၊ မလို မလှ၊ လိုလျှင် †လှရှင့်၊ ဗာ†လလက္ခဏာ၊ ကြမ်းကြုတ်စွာဖြင့်၊ ဣဿာသဘော၊ ပြန့်*ပြော များသူ၊ ခွေးနှင့်တူ၏၊ ခွေးဟူတုံက၊ လှ-မလှနှင့်၊ ဟီန ဥက္ကဌ်၊ ယုတ်-မြတ် လူ-ရှင်၊ မြင်မြင်သမျှ၊ သွားကို ပြ၍့၊ ဒေါသ မျက်ဆူ၊ ဟိန်း ငြူစူ၏၊” “မမူ မာန၊ အဒေါသနှင့်၊ ကောဓ ကင်းကွာ၊ ပွား မေတ္တာဖြင့်၊ မြတ်*လျာဆု ယူ၊ ဗုဒ္ဓင်္ကူတို့၊ လူကို သတ်ပြု၊ ကြမ်းကြုတ်မှုနှိုက်၊ မရှု *ဆိတ်လို၊ တောင့်တဆိုလျက်၊ ကိုယ်သို့အလား၊ မခြား အတူ၊ သတ်ထိုက်သူကို၊ ကယ်ယူလိုငှါ၊ ဆု*ပန်ထွာရှင့်၊”နန်း*လျာ ပျိုထွား၊ ဘ,စကားကို၊ *ရှိုးရှား ကုန်စင်၊ နားဝယ် တင်၍့၊ ကိုယ်တွင် ယုတ်မာ၊ လွန်ဆိုးစွာသား၊ ဆန္ဒာ-ဒေါသ၊ မိုက် မောဟကို။။ သားလှ မလိုက် မညှာတည်း။ (၆၆)

(၂၃၆) “ဆန္ဒာ ဒေါသ၊ ဘယ မောဟာ၊ လွန်ဆိုးစွာသား၊ လေးဖြာ ဂတိ၊ လိုက်မှားငြိက၊ သိရီ့ နွမ်းညှိုး၊ ဘုန်း မတိုးဘူး၊ တန်းခိုး သိမ်ဖျင်း၊ သတင်း ညံ့-ယုတ်၊ လဆုတ်သဘော၊ ရွေ့ရွေ့ လျော၍့၊ နစ်မျော ဘဝ၊ ပါယ်တွင်း ကျရှင့်၊” “လောက ဓမ္မတာ၊ ဤလူ့ရွာနှိုက်၊ လိမ္မာ မြင်ယှိ၊ အသိပညာ၊ ဟူသည်မှာကား၊ ဆရာတို့ထံ၊ နည်းခံ တိုးဝင်၊ မသင် မမေး၊ အရေး မထား၊ မတတ်ငြားဘူး၊ ငယ်ကကား မာန်၊ ကြီးသော် ဟန်နှင့်၊ သိဉာဏ် ဝမ်းတွင်း၊ မယှိ ကင်းလျက်၊ ဟင်းလင်း ဟာလာ၊ အူမျှသာတည့်၊ ပညာ သတိ၊ မယှိသသူ၊ အပြစ်ထူ၏၊” “ရှေးရှု မေတ္တာ၊ ကရု†ဏာနှင့်၊ နာ†နာ ကျင်ကျင်၊ အပြစ် မြင်တိုင်း၊ ဝမ်းတွင်း မသို၊ ဟုတ်တိုင်း ဆို၍့၊ ကျိုးလို စိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့၊ မထူ *မတီး၊ အယူ သီးနှင့်၊ ဟူရီး *ဟူးရာ၊ ငါတို့သာဟု၊ ပညာ မဆ၊ မပြုရဘူး၊”ဘဝ ဤကိုယ်၊ မင်းဟုဆိုလည်း၊ “နေကို ပုံပြ၊ လကို ပုံထား၊ မှတ်တုံငြားလော့၊ နေကား ထွက်-ဝင်၊ ပေါ်ချုပ် ထင်၏၊ လလျှင် ပြည့်ကွယ်၊ ကြီး၍့ ငယ်၏၊ ထိုနှယ် မလွဲး၊ အမြဲး ချမ်းသာ၊ မယှိစွာရှင့်၊ အာဏာ တန်းခိုး၊ အမျိုး စည်းစိမ်၊ ဘုန်း ဂုဏ်သိမ်လည်း၊ ထင်-တိမ် ပေါ်-ငုပ်၊ ဖြစ်-ချုပ်တတ်စွာ၊ ဓမ္မတာတည့်၊” “ခေါက်ရှာငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံ ရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြား လူမှာ၊ မမြဲးစွာတည့်၊ ငါငါ ယူမှား၊ မာနအားဖြင့်၊ တရား ယွင်းခွ၊ မရှုရဘူး၊” “ပစ္စန္တမင်း၊ ရုန့်ရင်း ဒေါသ၊ တယောက်မျှကို၊ ဇီဝ ချွေဖြတ်၊ သတ်မိသော့အား၊ သေလွန်သွားသော်၊ နှစ်များ ရှည်ကြာ၊ ငရဲးရွာနှိုက်၊ ချမ်းသာ မရ၊ ဖြစ်ဖူးစွရှင့်၊”ထိုမှ တဖြာ၊ “ရှေးသောခါလည်း၊ ဗာရာပြည်ဝယ်၊ နှစ် နှစ်ဆယ်မျှ၊ အကယ်တစိ၊ မင်းပြုမိ၍့၊ မချိတင့်ကဲး၊ အောက်မြေထဲးနှိုက်၊ ဆင်းရဲး*အစုတ်၊ လွန်ကြမ်းကြုတ်သား၊ ဥဿဒရက်၊ ငရဲး ကျက်သည်၊ ရေတွက် ကြာ*ညောင်း၊ နှစ် ရှစ်သောင်းတည့်၊”ကျမ်းဟောင်း စာထွက်၊ မောင် နားရွက်၍့၊ “အသက် တခု၊ ကိုယ်တမှုကြောင့်၊ ဗဟု သတ္တဝါ၊ မချမ်းသာအောင်၊ ပညာ မရှု၊ ရေး မပြုလင့်၊ အမှု မ†ကြီး၊ ဆင် တစီးကြောင့်၊ †ကျီးအများ သေ၊ သရေ လွန်စ၊ စားကြ မဝေး၊ အတွင်းခွေးကြောင့်၊ ပြင်ခွေးအပေါင်း၊ သတ်ဖြတ်ကြောင်းနှင့်၊ မင်းလောင်း တယောက်၊ ပေါ်မည် ကြောက်၍့၊ အထောက်အတန်၊ ပြစ် လေးလွန်အောင်၊ ကိုယ်ဝန် ဝမ်းတွင်း၊ ပုခက်တွင်းက၊ ငယ်သင်း နွား†ကျောင်း၊ များအပေါင်းကို၊ အ†ကြောင်း မသင့်၊ သတ်စေလင့်သည်။။ မင်းကျင့် မရေမရာတည်း။”(၆၇)

(၂၃၇) မရေ မရာ၊ ပညာ မရှု၊ မင်းတို့မှုကို၊ ဂရု မစိုက်၊ ထုံး မလိုက်လင့်၊ *ဘေးရိုက် ဘ,ရာ၊ နွယ်လိုက် ဖြာလျက်၊ မဟာသမ္မတ၊ ကမ္ဘာစ,က၊ ဗြဟ္မာ့မျိုးရင်း၊ မင်းတို့ တန္တီ၊ ပဝေဏီနှင့်၊ ညီစေ အစဉ်၊ နတ်လမ်း ယှဉ်၍့၊ ဓမ္မ ဉ္စရ၊ ဟောပြတတ်သူ၊ ညွတ် ကြည်ဖြူလော့၊ “လူမဟုတ်သေး၊ သမင် ခွေးနှင့်၊ ကျေးသား ဆက်ရက်၊ ခင်ပုပ်ငှက်က၊ ဆတ်-ဝက် ဥဒေါင်း၊ ဗောဓိလောင်းတို့၊ ကျင့်ကောင်း ဟောရာ၊ မြတ်နိုးစွာဖြင့်၊ လိုက်နာ မချို့၊ နှစ်လို့ မြှောက်ခြီး၊ နန်းနှင့် ထီးပါ၊ ပြည်ကြီး ပူဇော်၊ နတ်ပြည် ပျော်သည့်၊ သူတော်*တကာ၊ များ ရာဇာသို့၊ နတ်ရွာဆု ယူ၊ မှတ်တည်မူလော့၊” “လူတို့သဘော၊ မနော စင်ဖြူ၊ ကောင်းသောသူနှင့်၊ ပေါင်းဘက်သင့်က၊ ကောင်းကျင့် ကောင်းမှု၊ မကောင်းသူနှင့်၊ အတူ ပေါင်းမှု၊ မကောင်းတုကို၊ လိုက်ပြုတတ်စွ၊” “ဤလောကနှိုက်၊ တံငါ့ အိမ်ပါး၊ တံငါလားဟု၊ ဆိုငြား မှန်ဘိ၊ ယွင်း မယှိတည့်၊ တမိဝမ်း အောင်း၊ ရသေ့ကျောင်းနှင့်၊ ဆိုးတောင်း ယုတ်မာ၊ ခိုးသူ့ရွာသို့၊ ရောက်ရှာကုန်ကြ၊ သူဝ နှစ်ကောင်၊ ကျေးညီနောင်တို့၊ တကောင်မှာသော်၊ သူတော်အလေ့၊ သိမ်မွေ့ လိ†မ္မာ၊ တကောင်†မှာမူ၊ ဝါစာ ဖရုသ်၊ ကြမ်းကြုတ် စရိုက်၊ ရုန့်ရင်း မိုက်ရှင့်၊”မှတ်ပိုက် တဖြာ၊ “ရှေးသော့ခါနှိုက်၊ မဟိလာမုခ၊ ပြောင်မုန်လှနှင့်၊ ပဏ္ဍဝမည်လျှင်း၊ စီးတော်မြင်းလည်း၊ နီးရင်း နေသူ၊ စောင့်ထိန်း လူကို၊ အတူ သင်နိုး၊ တုလိုက်ခိုး၍့၊ နင်းချိုး သတ်ပုတ်၊ လွန်ကြမ်းကြုတ်နှင့်၊ ခုတ်ခုတ် ခြေသံ၊ နာခံ မကောင်း၊ အသွား ပြောင်း၍့၊ နှောင်းမှ ပြုပြင်၊ သွန်သင်သဖြင့်၊ အသင့်ဖြစ်ပြန်၊ တိရစ္ဆာန်မျိုး၊ ကောင်းဆိုး ရိုင်း-ယဉ်၊ ဂုဏ်ထူး ယှဉ်၏၊”ဝိညာဉ်*မဲ့ဘိ၊ စိတ်ယှိ သတ္တဝါ၊ မဟုတ်စွာသေး၊ “တမာ ခွေးတောက်၊ မြစ်ရှောက် ရောယှက်၊ တူနှော ဘက်၍့၊ သရက် ချိုမြ၊ ဘန္တရလျက်၊ ကွယ်ပ အပြီး၊ အခါး သီး၏၊ မနီးစကောင်း၊ မပေါင်းစထိုက်၊ သူမိုက်ဟူသည်၊ ကျင့်မူ နှီးနှော၊ ဖျက်တတ်သောကြောင့်၊ သဘော မ†ကြည်၊ ဆိပ်မျိုးရည်နှင့်။။ *မြား†ကျည် ငါးပုပ်ပမာတည်း။”(၆၈)

(၂၃၈) ထို့ကြောင့် မှတ်ယူ၊ “လောက လူတွင်၊ ရန်သူ မှန်စွာ၊ ဖြစ်စေကာလည်း၊ ပညာယှိက၊ မြတ်တုံစွ၏၊ ဗာလ အစစ်၊ မိတ်ပင်ဖြစ်လည်း၊ အပြစ်သာ *ပြဲ့၊ ကျိုး *မဟဲ့ဘူး၊” “တဆဲ့ရှစ်ခေါ်၊ သင်းဗိုလ်ဘော်ကို၊ မဟော် မတ်ရဲး၊ ဥမင်ထဲးသို့၊ ခွဲး၍့ မကြွင်း၊ လှောင်သွင်းသော့ခါ၊ တရာ ထီးဆောင်း၊ မင်းအပေါင်းနှင့်၊ သေကြောင်း ကြံညီ၊ စူဠနီတို့၊ ကိုယ်စီ အသက်၊ လက်သို့ သီးသီး၊ ရောက်ကုန်ပြီးလည်း၊ ရန်မီးငြိမ်းလျက်၊ မေတ္တာ ဆက်၍့၊ အသက် မသေ၊ ချမ်းသာစေ၏၊” “တွေဝေ မိုက်†လှ၊ သား ဗာလကား၊ အဘ ထိပ်ထက်၊ ကိုက်သည့် မှက်ကို၊ တချက်တည်းသာ၊ သေစိမ့်ငှါဟု၊ ထက်စွာ ကြီးမား၊ ပဲ့ခွပ်သွားဖြင့်၊ ပေါက်ငြားတုံလေ၊ ဘခင် သေ၏၊ မသွေ မှန်†လှ၊ ဤသို့ စသား၊ ဗာ†လ ပဏ္ဍိ၊ အထူး သိလော့၊” “ကင်းဘိ ဉာဏ၊ ထိုဗာလတို့၊ အတ္တ ပရ၊ ဟိတတရား၊ ပိုင်းခြား နှစ်ဘော်၊ ရှု မမျှော်ဘူး၊ သူတော်ယောင်ယောင်၊ ကြောင် သီတင်းသုံး၊ နှလုံး ညစ်*ထည်း၊ စောင့်စည်း မယှိ၊ ပြုတတ်ဘိ၏၊” “ဂတိ*မဲ့စွာ၊ သူယုတ်မာလည်း၊ မာယာကာရ၊ ကေဝဋ္ဋသို့၊ မလှ ဝမ်းထဲး၊ သံကောက် စွဲးလျက်၊ ပေါ်ရွဲး သကာ၊ စိတ် မပါဘဲး၊ ဝါစာ ဆန်း†ပြား၊ နှုတ်ချို †ပျားနှင့်၊ တရား အလွတ်၊ စကား တတ်၏၊” “ယုတ်-မြတ် ဓမ္မတာ၊ သတ္တဝါကား၊ တံငါ ချင်း†ချင်း၊ မုဆိုး†ချင်းတို့၊ မယွင်း အယူ၊ သဘောတူသို့၊ မသူတော်+ချင်း၊ သူတော်+ချင်းတို့၊ ဓာတ်+ချင်း သင့်လျော်၊ ပေါင်းကြ ဘော်၏၊” “မသူတော်စွာ၊ ဤလူ့ရွာနှိုက်၊ သမ္မာ မကြိုက်၊ သူမိုက်အလေ့၊ လိုက်မိ၍့ကား၊ ရသေ့ စဉ်းလဲး၊ ကျားငမွဲးနှင့်၊ မိုက်မဲး လိမ်လစ်၊ ဗျိုင်းကောက်ကျစ်ကြောင့်၊ စွန့်ပစ် အိုင်ပြောင်း၊ ငါးပေါင်း ကုန်သေ၊ တောနေ မိဂ၊ ကာလ မည်တွင်၊ သမင်အသင်း၊ မကြွင်း ကုန်စင်၊ သဲးပြင်လယ်ကြီး၊ ခရီး မှောက်မှား၊ ဘီလူး စားသည့်၊ လှည်းသား ငါးရာ၊ ကမ္ဘာလုံးနစ်၊ ရေဖြစ် သဲးစု၊ ဖုံးလွှမ်းပြု၍့၊ ကုရုရဋ္ဌ၊ တိုင်း မဇ္ဈနှင့်၊ ကုမ္ဘဝတီ၊ ပူရီ ပြည်လုံး၊ ပျက်ဆုံးကုန်ကြ၊ ကျင့် ပါပကြောင့်၊ အဓမ္မနတ်၊ ပရိသတ်နှင့်၊ လတ်လတ် ရှင်ရှင်၊ ပါယ်တွင်း ဝင်သည်။။ မျက်မြင် မျက်မှောက် *ဂင်္ဂါတည်း။”(၆၉)

(၂၃၉) သူမိုက်ဟူသည်၊ မီးတူ စင်စစ်၊ ပျက်ကြောင်း ဖြစ်၏၊ သားချစ် သတိုး၊ နန်းညွန့်ပျိုးသား၊ နေမျိုး နန်း*ကိုက်၊ မှတ်ယူပိုက်လော့၊ သူမိုက်လေ့လာ၊ မလိုက်နာနှင့်၊ “ပညာယှိရှင်၊ သူမိုက်သွင်ကို၊ မမြင်ရထိုက်၊ သူမိုက်စကား၊ မကြား*ခလို၊ သူမိုက်ကိုယ်နှင့်၊ ထိုထို တကွ၊ မပေါင်းရလျှင်း၊ ပြောရုံခြင်းမျှ၊ ကင်းရစေသား၊ ဆု လေးပါးကို၊ သိကြားထံမှာ၊ *ပန်ထွာ အထူး၊ တောင်းကြဖူး၏၊” “ကျေးဇူး မဖြစ်၊ သူမိုက် ချစ်က၊ အပြစ်သည်သာ၊ များတတ်စွာခဲ့၊ သမ္မာဖြောင့်သား၊ ပညာအားဖြင့်၊ တရား ယှိသူ၊ မြတ်သည်ဟူ၏၊ အယူ မသ†မ္မာ၊ ယုတ်†မာစွာကား၊ မိစ္ဆာ မိုက်ကာန်း၊ မုသား ဆန်း၍့၊ နတ်ပန်း ကက္ကရု၊ မွှေးပေါင်းစုကို၊ ရမှု တောင်းဆို၊ ပုဏ္ဏားအိုသို့၊ ဤကိုယ် ဒိဋ္ဌ၊ ဒုက္ခ ကြမ်းကြုတ်၊ မီ့းနှယ် ဖုတ်၏၊ ဟုတ် မဟုတ်ဆို၊ မနာလိုနှင့်၊ နာလိုတုံဘိ၊ ကျိုး မယှိငြား၊ စကား လေးလုံး၊ သူမိုက်သုံးကို၊ သက်ဆုံး ဉာဏ့်ရှင်၊ မမိန့်ချင်ဘူး၊ သူပင် နာလို၊ မနာလိုတိ၊” “ကျိုးရှိ ဟုတ်မှန်၊ ဤနှစ်တန်သာ၊ သူ*မွန် သူထွတ်၊ သူမြတ် ပညဝါ၊ သမ္မာသမ္ဗုဒ္ဓ၊ သုဂတတို့၊ ပြောကြ စရိုး၊ နည်းမှန် ခိုးလော့၊” “အမျိုး ညံ့†ယုတ်၊ အကျင့် †ယုတ်၏၊ မျိုး†ယုတ် ကျင့်ယုတ်၊ လူ*အစုတ်ကား၊ မဟုတ် ယွင်းခွ၊ အဒိဋ္ဌနှိုက်၊ ဒိဋ္ဌဟူဘိ၊ ကြား မသိလည်း၊ ကြားသိသော့ယောင်၊ ဟန်ဆောင် ပြုတတ်၊ ဗောဓိသတ်နှင့်၊ သူမြတ်တို့မှာ၊ နှုတ်သစ္စာကို၊ လွန်စွာ မဖျက်၊ အဆက်ဆက်ပင်၊ သက်ထက် စွဲးယူ၊ မြဲးကြမူ၏၊” “သူတော့် မနော၊ သဘော ဖြောင့်စွာ၊ စိတ် သမ္မာမှ၊ သစ္စာ စောင့်တတ်၊ အမျိုး မြတ်မှ၊ ကျင့်ဝတ် တည်မြဲး၊ မဘောက်လဲးတည့်၊ ဝမ်းထဲး သမ္မာ၊ မှန် သစ္စာမှ၊ များစွာ ကြည်ညွတ်၊ ခုံတည် မှတ်၏၊ မျိုးမြတ်တုံရှောင်း၊ အကျင့်ကောင်းမှ၊ လူပေါင်း ရိုသေ၊ ဂုဏ်နေ မြင့်ရာ၊ မချွတ်စွာရှင့်၊” “ရပ်ရွာနှိုက်လျှင်၊ သူမိုက်ရောက်က၊ မီးပွား ကျသို့၊ ထိုမျှ သတ္တဝါ၊ မချမ်းသာဘူး၊ ပညာယှိသူ၊ လူတို့ ရောက်ရာ၊ ထိုပြည်-ရွာကား၊ များစွာ အိုင်ထုံး၊ ကန်လုံး မောက်လျှမ်း၊ ဗူး ခရမ်းနှင့်၊ ပဲး-နှမ်း ညွန့်ရှင်၊ ကောက်ပင် မြက်-သစ်၊ ပွားကြောင်းဖြစ်သား၊ ခုနစ် နှစ်လီ၊ ရက်ညီ သွန်းကြိုး၊ ရွာသည့် မိုဃ်းသို့၊ လူမျိုး*တကာ၊ ရ ချမ်းသာ၏၊” “ပညာ*မဲ့ငြား၊ သူယုတ်များသို့၊ တရား မေ့လျော့၊ ယွင်း မပေါ့နှင့်၊ သူတော့်နှလုံး၊ ကြိုးနှယ် ထုံး၍့။။ သုံးလော့ မင်းမှာ သစ္စာတည်း။”(၇၀)

(၂၄၀) “မင်းမှာ သစ္စာ၊ လူမှာ ဂတိ၊ ဆိုရိုးယှိတိုင်း၊ မြဲးဘိ ဘယ်ခါ၊ မချွတ်ရာဘူး၊ သစ္စာနှင့် ကြုံ၊ ရေစီး*တုံဟု၊ လူပုံဆိုမှု၊ *ဥဒါန်းပြုရှင့်၊ အကုသိုလ်မှာ၊ မုသာဝါဒ၊ ကုသိုလ်မှကား၊ သစ္စဝါစာ၊ လေးဆုံ့းသာတည်း၊ သစ္စာ ဘောက်လှန်၊ မတော်မှန်က၊ ဘေးဒဏ် ရောက်ကာ၊ ပျက်တတ်စွာ၏၊ သစ္စာနှုတ်သီး၊ မန္တာန်ကြီးကား၊ သေပြီးသော်မှ၊ ရှင်ပြန်ရ၏၊” “ရှေးက ဖြစ်ဟန်၊ လောင်းသုဝန်ကို၊ ငြိုးမာန် တစိ၊ ရန်စယှိသို့၊ ပီဠိယက္ခ၊ ဗာရာ့သခင်၊ လေးကြီး ငင်၍့၊ နင်သို့ ယော†က်ျား၊ ဘယ်သူ့ သားနည်း၊ သိ†ကြား*တမုံ့၊ ဖြစ်သော်တုံ့မှ၊ လွတ်ပုံ့ အရေး၊ ယှိလတ်သေးဟု၊ မနှေး လျင်ဟူး၊ မြား ဆိပ်လူးဖြင့်၊ ရွှေဒူး ယာဘက်၊ မြေ့ထက် အားထုတ်၊ ချောင်းကာ တုတ်၍့၊ ရွယ်ဖြုတ် ချိန်ကာ၊ ပစ်သော့ခါနှိုက်၊ သစ္စာ ဆိုသီး၊ သေတပြီးလျက်၊ ရှင်ကြီး ရှင်ပြန်၊ နတ်မတန်တည့်၊” “ပြင်းထန် ဆိပ်တောက်၊ တောမြွေဟောက်လျှင်၊ ပေါက်၍့ မြေဝယ်၊ သူငယ် စင်းစင်း၊ သေတုံလျှင်းလည်း၊ မှန်ခြင်းအရာ၊ မိမာတာတို့၊ သစ္စာ ဆိုကြ၊ ငုတ်ငုတ် ထ၏၊”ထိုမှ တသွယ်၊ “တော*မြိုင်လယ်တွင်၊ ငုံးငယ် မီးရှောင်၊ ပင်လယ်ခေါင်ဝယ်၊ ရေဆောင် နစ်မျော၊ သင်္ဘော ဝဲးစုတ်၊ ဗလဝါမုခ်မှ၊ ဆယ်ထုတ် ဘေးကင်း၊ ငါးမင်း ရာဇာ၊ နွေလခါနှိုက်၊ သစ္စာမှန်တိုင်း၊ ရွတ်ဆိုခိုင်းက၊ ဗျိုင်းအောက်တို့ ဘိုး၊ ခါ*မဲ့မိုဃ်းလျှင်၊ ကြိုး၍့ ရွာချ၊”ဤသို့ စသား၊ များလှ ဝတ္ထု၊ အစုစုကို၊ ရွှေဥ သည်းအူ၊ မှတ် နည်းယူလော့၊ “ဤလူတို့မှာ၊ မပျက်ရာသား၊ သစ္စာမဏ္ဍိုင်၊ ချိန်ကြီး ခိုင်က၊ ရွှေတိုင် မြင့်မိုရ်၊ ယုဂန္ဓိုရ်တို့၊ လဲးပြို ဖိလည်း၊ မပိ ထိုသူ၊ တည်လိမ့်ဟူ၏၊” “မသူတော်မှာ၊ သစ္စာ မကြိုက်၊ မုသား လိုက်၏၊ ဒုစရိုက်အမူ၊ လောက လူတွင်၊ ပြောထူ မု†သား၊ ထိုသူအားကား၊ †သားတိ မဘွား၊ သမီးများဟု၊ ထင်ရှား ကျမ်းနှိုက်၊ မိန့်တော် *ရိုက်၏၊ သူမိုက်ဝါဒ၊ စေတိယနှင့်၊ ထိုမှ တုံပြီ့း၊ ကရမ္ပိတို့၊ အဝီစိထဲး၊ မီးငရဲးသို့၊ မြေခွဲး၍့ မျို၊ အစ တိုရှင့်၊” “အလို မကောင်း၊ သူ အပေါင်းက၊ တိမ်းစောင်း ပါယ်ရွာ၊ သူတော်စွာမူ၊ သစ္စာ သက်ဆုံး၊ စောင့်ကြ သုံး၍့၊ နှလုံး မပျက်၊ နတ်ပြည် တက်၏၊”မှတ်ချက် တံဆိပ်၊ မြဲး ခတ်နှိပ်သို့၊ “အအိပ် အစား၊ မေထုန်အားဖြင့်၊ သုံးပါးသာမျှ၊ သိတတ်ကြသား၊ ဗာလ တိရစ္ဆာန်၊ နိဗ္ဗာန်နှင့် ဝေး၊ မိုက်သွေး တူမျှ၊ မကွဲးကြဘူး၊ ထိုဗာလဟူ၊ လူတို့သဘော၊ ပမာ*လျောက၊ ဥသြဥနည်း၊ ညိုရောင်ချည်းသို့၊ *အထည်း စာရိတ်၊ ကိုယ်စိတ် နှစ်ဝ၊ တွင်း အပ,ပင်၊ မလှသည်သာ၊ ဆိုး ယုတ်မာ၏၊” “ပညာယှိရှင်၊ သူတော်စင်မူ၊ ရုပ်သွင် ရူပ၊ မြင်မလှလည်း၊ ပြင်က ညိုလျက်၊ ကျီးနက်ဥတူ၊ အတွင်း ဖြူ၏၊ မသူတော် ညစ်၊ သူတော် စစ်တို့၊ ကျိုး-ပြစ် ခြင်းရာ၊ ဤနှစ်ဖြာနှင့်၊ လက္ခဏာတရား၊ လွန်ထင်ရှားသည်။။ ခြား၏့ ကျင့်ပြု မူရာတည်း။”(၇၁)

(၂၄၁) ကျင့်မူ အပြု၊ မှတ်ကြောင်း ရှုသော်၊ ဒုစိန္တိတ၊ စိန္တာ စသား၊ ဗာလ လက္ခဏာ၊ မှန်စွာ ထိုပြီ့း၊ သုစိန္တိတ၊ စိန္တာစသား၊ ဉာဏ မဆိတ်၊ ပဏ္ဍိတ် လက္ခဏာ၊ သုံးဖြာ ကမ္မ၊ တံခွန် ပြ၏၊ “လောက လူ့ရွာ၊ လူတို့မှာမူ၊ အချို့သူက၊ ဤလူ ဗာလ၊ ဟူကုန်ကြလည်း၊ ချို့ကတုံသော်၊ ပဏ္ဍိတ်ခေါ်၏၊ သူတော် သူယုတ်၊ လူတို့နှုတ်ကား၊ သမုတ် မမြဲး၊ မှတ်ရာ ခဲးရှင့်၊ သိခဲး မှတ်ခဲး၊ သို့*တပဲးလည်း၊ ဝေခွဲး သေချာ၊ ယှိပညာတို့၊ လက္ခဏာ မှန်ပြ၊ စံညွွှန်းကြ၏၊” “ဗာလမည်ငြား၊ ထိုယောက်ျားကား၊ နွားချေးပုံထက်၊ ဘားတလက်လျှင်၊ တက်မိသော့အား၊ ဆောင့်ကြွား မျှသာ၊ ထိုင်တတ်ကာဖြင့်၊ ငါ ခြင်္သေ့မှတ်၊ ထင်မှားတတ်သို့၊ မချွတ် တူရောင်၊ ဉာဏ်*မဲ့ဘောင်ဝယ်၊ မာန်ထောင် *ဟုံးစုံး၊ ငါဟု ကြုံး၍့၊ လက်ရုံး ချီကြွ၊ သံဝှန် ပ,၏၊” “မာန ထောင်လွှား၊ တက်သောအားဖြင့်၊ ခေါင်းစား မင်းဖြစ်၊ ကိုယ့်ဂုဏ် လှစ်၍့၊ မဟစ်တန်ရာ၊ ဟစ်မိစွာကြောင့်၊ ကိုယ်သာ စင်စစ်၊ ဟင်းလျှင် ဖြစ်လျက်၊ လည်ဆစ် ကျိုးကာ၊ မချမ်းသာဘဲး၊ ခန္ဓာ ယွင်းပျက်၊ အသက် သေဆိုး၊ ကြက်မိုက်မျိုးသို့၊ သူခိုး ရွှေရ၊ တပြပြတည်း၊”ဗာလ တံဆိပ်၊ ခပ်နှိပ် လက္ခဏာ၊ ကံ သုံးဖြာနှင့်၊ ချမ်းသာ သုခ၊ ဘယ် မရဘူး၊ ထိုမှတပါး၊ “သူမိုက်အားလျှင်၊ စီးပွား ဖြစ်ဘွယ်၊ အကယ် မရွေ့၊ သိန်းတန် တွေ့လည်း၊ ကောက်ကွေ့ လိမ်လည်၊ ကြံစည် ဝမ်းထဲး၊ မုသား စွဲး၍့၊ စဉ်းလဲး စဉ်းစား၊ မတရားဖြင့်၊ ယူငြားလိုစွာ၊ ဆိုး ယုတ်မာ၏၊ ချမ်းသာ လက်လွတ်၊ ချွတ် တပြီးမှ၊ မီးထက် မက၊ ကြီး နောင်တနှင့်၊ သေရိဝမည်၊ ရွဲးကုန်သည်သို့၊ မကြည် နှလုံး၊ သက်ဆုံး ခန္ဓာ၊ ကျိုးယုတ်စွာ၏၊” “မိစ္ဆာဇီဝ၊ ဒုကမ္မနှင့်၊ နေသာဒပုဏ္ဏား၊ ပတ္တမြားကို၊ နတ်သား ပေးခါ၊ မယူပါဘဲး၊ ပယ်ခွါ သက်သက်၊ ရှောင်ခဲ့ ထွက်ပြီး၊ သူ့လက် ရောက်†မှ၊ အဓ†မ္မဖြင့်၊ တောင့်တ လိုချင်၊ ကျေးဇူးရှင်ကို၊ သဲးတွင် ရေသွန်၊ ပြညွှန် ပြစ်မှား၊ ပတ္တမြားနှင့်၊ သားလည်း ကင်းလျက်၊ မိတ်လည်း ပျက်၍့၊ သုံးချက် လုံးလုံး၊ တကွ ရှုံး၏၊” “မိုက်တုံး ကြီးကျယ်၊ အလမ္ပါယ်လည်း၊ အလွယ် ရငြား၊ ပတ္တမြားကို၊ နဂါးနှင့် လဲး၊ ဆင်းရဲး ကြီးစွာ၊ ဝေဒနာလျှင်၊ ကိုယ်မှာ ဒိဋ္ဌ၊ မျက်မှောက် ရ၍့၊ ဒုက္ခ သက်ဆုံး၊ ဘဝ တုံး၏၊” “နှလုံး မ†လှ၊ လူ့ဗာ†လကား၊ ဓန ဘောဂ၊ သိပ္ပ ဝိဇ္ဇာ၊ ပြည်စုံပါလည်း၊ ချမ်းသာ မပြီး၊ ကိုယ် ပျက်စီး၏၊ ချည်းနှီးသာမျှ၊ အနတ္ထရှင့်၊”သားလှ အစဉ်၊ နွယ်တော် ယှဉ်၍့၊ ဒု-ကြဉ် သု-သုံး၊ နှလုံး *မွန်ဘိ၊ ကောင်း ခေါင်ထိလိမ့်၊ ဇာတိ ကျင့်မူ၊ ရွှေစင် တူသား၊ အယူ မစောင်း၊ တမျဉ်းကြောင်းသို့၊ ဘေးလောင်း*တကာ၊ ရှေးရာဇာနှင့်၊ ပညာယှိပေါင်း၊ ကျင့်လမ်းဟောင်းသည်။။ နည်းကောင်း တော်ဖြောင့် သမ္မာတည်း။ (၇၂)

(၂၄၂) အယူ သမ္မာ၊ တော်ဖြောင့်စွာလျှင်၊ ပညာရှိပေါင်း၊ သူမြတ်လောင်းတို့၊ လမ်းကြောင်း ကျင့်နည်း၊ *နိဿရည်းကို၊ ဆည်းဆည်း ပူး†ပူး၊ ဘုရား†ဖူးသို့၊ ကြား†ဖူး နားဝ၊ သုတ *လောက်ငံ၊ စုံ ပြည့်လျှံအောင်၊ နာခံ မှတ်သား၊ သင်ကြား ကြံ-မေး၊ ဆွေးနွေး ဆောင်ပြု၊ ရတိုင်း စုလော့၊ ပျော်မှု လိုက်စား၊ မလိုလားနှင့်၊ မပွား သုတ၊ မရ ကောင်းမှု၊ မစု ဥစ္စာ၊ နွာ့းပမာလျှင်၊ ချမ်းသာ နည်းပါး၊ မကောင်းစားဘူး၊” “တရား မြင်-သိ၊ ပညာယှိနှင့်၊ ကြိုက်ဘိ ကြုံတွေ့၊ တနေ့ တရက်၊ တနံနက်မျှ၊ ပေါင်းဘက်ရက၊ ဒေါသ မစွန်း၊ ကျေးဇူး ထွန်း၏၊ ကျယ်ဝန်း သိ-မြင်၊ ပညာရှင်မှ၊ လူတွင် တယောက်၊ တစ်,ခေါ်လောက်ရှင့်၊” “*မိုးသောက် နေပေါ်၊ ကျူးကျော် အိပ်ခြင်း၊ ပျင်းရိ ကြမ်းကြုတ်၊ *သောက်ထုတ် သေစာ၊ သွားလာ ကိုယ်ထူး၊ အိမ်ရာ ကျူးဟု၊ ခြောက်ဦး ပုဂ္ဂိုလ်၊ စည်းစိမ် တို၍့၊ ပျက်ပြို နွမ်းညှိုး၊ ဘုန်း မတိုးဘူ့း၊” “လိုဆိုး သွမ်းသော့၊ မမေ့လျော့နှင့်၊ သူတော့် ဥစ္စာ၊ ရေမှာ ပစ်ငြား၊ မဆုံးပါးတည့်၊ တရား မရှု၊ ကောင်းပြု မမူ၊ မိုက်သွေးထူသည့်၊ လူ မလိ†မ္မာ၊ ဟူသည်†မှာလည်း၊ ချမ်းသာ နည်းပါး၊ ဒုက္ခ များ၏၊ ကောင်းစား ဆိုးစား၊ ဤနှစ်ပါးကား၊ အခြား နတ်လူ၊ မည်သူ မပြု၊ မိမိမှုတည့်၊ ယခု ဝတ္တမာန်၊ ပစ္စုပ္ပန်နှင့်၊ ရှေးလွန် *ကြမ္မာ၊ အကြောင်းသာရှင့်၊ ကိုယ့်ဟာ ဧကန်၊ မမှန် မြွေဆိုး၊ မှန် ရွှေအိုးဟု၊ ဆိုရိုးစကား၊ ယှိ ထင်ရှား၏၊”ငါ့သားလိမ္မာ၊ “အရာရာနှိုက်၊ ပညာလည်း ယှိ၊ သတိလည်း မြဲး၊ ယူစွဲးတရား၊ လွတ် မမှားနှင့်၊ စီးပွားအရာ၊ ချမ်းသာ မချွတ်၊ ဖြစ်စေတတ်လျက်၊ သင့်မြတ် လျော်ကန်၊ တော်ဖြောင့်မှန်သည့်၊ အပဏ္ဏက၊ ကျင့်ကိစ္စနှိုက်၊ လုံ့လကိုသာ၊ ဖြစ်စေရာ၏၊” “မိစ္ဆာဝါဒ၊ ကျင့် ယွင်းခွလျက်၊ တက္ကဂါဟီ၊ မမှီ ဉာဏ်†လွတ်၊ တချက်†လွှတ်ဖြင့်၊ ဖွတ်ဓား မပစ်၊ မဖြစ်ကောင်းစွာ၊ ဖြစ်စေပါက၊ ငါးရာ လှည်းသား၊ ဘီလူးစားသို့၊ ပျက်ပြားတတ်ချေ၊ မောင် မှတ်လေလော့၊ ပုဗ္ဗေကတ၊ ရှေးဘဝက၊ ပုည မပါ၊ ဉာဏ်*မဲ့စွာတည့်၊ *ကြမ္မာ မကောင်း၊ ထိုသူပေါင်းကား၊ သျှားစောင်း တခွက်၊ ပျားတစက်သို့၊ အပျက်တို့သာ၊ ကြံစည်ပါ၏၊ ပညာ မယှိ၊ ဒုစ္စိန္တိတို့၊ မိုက်မိ မိုက်မဲး၊ ကံ-ဉာဏ် မွဲးသည်။။ ဆင်းရဲး ပူဆိ ပူဆာတည်း။ (၇၃)

(၂၄၃) “ပုညမင်္ဂလာ၊ ချို့ခဲ့ပါ၍့၊ ချမ်းသာ မထိုက်၊ ကံလျှင် မိုက်က၊ ဉာဏ်မိုက်တတ်စွာ၊ ဤလူ့ရွာဝယ်၊ ကံသာ အရင်း၊ မှတ်တုံလျှင်းလော့၊” “ကံဖျင်း လူမိုက်၊ ကံ မလိုက်က၊ တခိုက် မဟုတ်၊ အားထုတ်ရာရာ၊ လုပ်ပါသမျှ၊ ထိခိုက်ရ၏၊ ဓာတ်ကလည်း ခိုက်၊ နတ် အတိုက်နှင့်၊ အကြိုက် သင့်ကြုံ၊ ကျားနှင့် ဆုံသို့၊ အထုံ မကောင်း၊ အကြောင်း မလှ၊ ဖြစ်တတ်ကြ၏၊” “ပုဗ္ဗကာလ၊ ရှေး*မဆွနှိုက်၊ မိတ္တဝိန္ဒက၊ ဗာလ ယုတ်†မာ၊ ဆိုး *ကြ†မ္မာကြောင့်၊ ကုန်း†မှာ သွားလေ၊ ဘေး သင်္ချေနှင့်၊ ရေမှာ သွားလည်း၊ ပေါများ ရေဝယ်၊ အန္တရာယ် ဘယ၊ အနန္တတည့်၊” “ယက္ခ ကန်†လွှင့်၊ ကောင်းကင်မြင့်သို့၊ စဉ်†လွင့် ပျံဝဲး၊ *ကြမ္မာ ဆွဲး၍့၊ ဆိတ်ထဲး ကျလစ်၊ ဆိတ်ခိုး ဖြစ်လျက်၊ အပြစ်ကြီးစွာ၊ မင့်းအာဏာဖြင့်၊ ဖမ်းကာ ချည်နှောင်၊ သုသာန်ဘောင်သို့၊ ထုတ်ဆောင်ကုန်ကြ၊”ဤသို့စသား၊ “ပါပ ဆိုးညစ်၊ ကံ့အပြစ်ကား၊ မ*နစ် စဉ်စိုက်၊ တောခွေးလိုက်သို့၊ ကိုယ်နှိုက် မကွာ၊ နောက်ထပ် ပါ၏၊ *ကြမ္မာ ကောင်းခွင့်၊ မခြီးမြှင့်ဘူး၊ အသင့် စီရင်၊ တခွင် လုံ့းမောင်၊ သွားတိုင်း အောင်ဟု၊ လူ့ဘောင် ရှေး†က၊ မှတ်ဆောင်ကြသား၊ ဒိ†ဂ္ဂဖလ၊ ကမ္ဘာ့ တန်းဆာ၊ လပ်မကွာလည်း၊ *ကြမ္မာ ဆိုးဝါး၊ ထိုသူအားကား၊ သွားလေရာရာ၊ ဘေး မကွာရှင့်၊ ကံသာ စီရင်၊ *ကြမ္မာ ငင်သော်၊ ခုတင် ရွေ့လစ်၊ လူစင်စစ်လျက်၊ ဆိတ်ဖြစ်ရကြောင်း၊ ထုံးဟောင်း ရှေးက၊ မှတ်ဆိုကြ၏၊” “ဟီနလိင်္ဂ၊ ဘာဝယုတ်ငြား၊ မိန်းမများတို့၊ သိကြား မန္ဓာတ်၊ မာရ်နတ် ဗြဟ္မာ၊ မဖြစ်ရာသို့၊ သုံးဖြာ အမိုက်၊ ဒုစရိုက်မျိုး၊ ထိုကံဆိုးလည်း၊ ကောင်းကျိုး ဘယ်ခါ၊ မပေးရာဟု၊ မြတ်စွာ လူ့ဘ၊ သမ္ဗုဒ္ဓတို့၊ မုချ သေချာ၊ ဟော မိန့်မှာ၏၊”ထိုပါပက၊ မိုက်ဆိုးလှသား၊ “မိတ္တဝိန္ဒက၊ လူ့ဗာလပင်၊ မွေးမိခင်ကို၊ နာကျင်စေမှု၊ ထောင်းထု ခြေ-လက်၊ ရိုက်နှက် ကျောက်ကန်၊ နှုတ်လှန် ဆို-ဆဲး၊ ကံ မိုက်မဲးကြောင့်၊ ငရဲးမီးလျက်၊ သင်တုန်းစက်ကို၊ ထိပ်ထက် ပန်ဆင်၊ ရွှေပန့်းသွင်သို့၊ သို့စင် စိတ်†မှာ၊ ထင်ရစွာ၏၊ *ကြ†မ္မာလည်း မိုက်၊ ဉာဏ်လည်း မိုက်၍့၊ လူမိုက်ယောက်ျား၊ ကံ-ဉာဏ် မှားတို့၊ အလား ဆိုးညစ်၊ ဘဝ နစ်သည်။။ အော်ဟစ်ကျူ*ကျူ †ကျာကျာတည်း။”(၇၄)

(၂၄၄) ပါပတရ၊ ယုတ်မာ †လှသား၊ ဗာ†လအတိ၊ မိုက်ခေါင်ထိတို့၊ “အမိဟူသည်၊ လူတို့ပြည်ဝယ်၊ နို့ရည် တိုက်ကျွေး၊ ငယ်က မွေးလျက်၊ နို့ကြွေး တင်ရုံ၊ မဆပ်တုံတည့်၊” “လူ့ဘုံဌာန၊ ဤလောကနှိုက်၊ ဘ,ကို လက်ျာ၊ မိမှာ လက်ဝဲး၊ အမြဲး ဆောင်ရွက်၊ ပခုံ့းထက်တွင်၊ တင်လျက် လုပ်ကျွေး၊ မပြတ် မွေးလည်း၊ ကျေးဇူး ဂုဏ်*စိုင်၊ မကုန်ခိုင်ဘူး၊”ဉာဏ်ခိုင် ဇာတိ၊ သန္ဓေ သိနှင့်၊ “ဗောဓိပွင့်*လျာ၊ သူတို့မှာကား၊ မာတာ ပိတ၊ မိဘတို့အား၊ မစား ကိုယ့်ဝမ်း၊ ရိနွမ်းခံလစ်၊ ဧကရာဇ်ဖြင့်၊ မင်းဖြစ် စွန့်ပယ်၊ မင်းစွယ် ချိုးကာ၊ လွန်စွာ မြတ်လေး၊ သက်စွန့် မွေး၏၊” “ခွေးနှင့်*တမျှ၊ ထိုဗာလတို့၊ မိ-ဘ နှစ်ပါး၊ ကြီးမား ဂုဏ်အင်၊ ကျေးဇူးရှင်ကို၊ ပြင်ပြင် မရှု၊ မပြု မမွေး၊ မလုပ်ကျွေးဘူး၊ ကျင့်ရေး ယွင်းချွတ်၊ တရား †လွတ်လျက်၊ ပေါက်†လွှတ် ဘာသာ၊ အချို့မှာလည်း၊ ထင်ရာအလိုက်၊ ဒုစရိုက်နှင့်၊ သူမိုက် အမှု၊ လေ့လာ ပြု၏၊”သက်စု မင်းဖြူ၊ ဘ,သည်းအူကား၊ ကျင့်မူ ဆိုးစွာ၊ မသမ္မာကို၊ ဘယ်ခါ တစိ၊ လိုမယှိနှင့်၊ “ဒုစိန္တိတံ၊ မတော် ကြံဖြင့်၊ အကြံသမား၊ ဉာဏ်†သမားတို့၊ ကံ†မှား ဉာဏ်မှား၊ ကြံတိုင်း မှား၍့၊ အပါး လွန်မြောက်၊ ပါးတိုင်း ပေါက်၏၊ အလျောက် ကိုယ်ထူး၊ ကြံ မ†ကျူးနှင့်၊ စုန်း†ကြူး ပိုးငယ်၊ ရောင်* နုန့်နယ်သို့၊ ညဉ့်ဝယ် ထွန်းပ၊ သုံးမရသို့၊ ဗာလအကြံ၊ ပါပကံဖြင့်၊ မစံရသီး၊ ကျိုး မပြီးတည့်၊” “ရပ်ကြီး ပြည်မ၊ လူမျာ့းအလေ့၊ ယဉ်သိမ်မွေ့လည်း၊ မရွေ့ နေရာ၊ မခွါ အရပ်၊ ပရိကပ်ဖြင့်၊ ပစပ် စကြာ၊ ဟူစပါသို့၊ လျှာ မ*နုန့်နှေး၊ နှုတ် မလေးဘူး၊ အတွေးနှင့် ထောင်း၊ ဟူတတ်ရှောင်း၏၊ ကျိုး-ကြောင်း *နက်တံ၊ နှိုင်းထောက်စံလော့၊” “အကြံနှင့် မေး၊ အတွေးနှင့် ဖြေ၊ ဟူသောထွေကား၊ ထဲးနေ အာဘော်၊ ရည်ရော် ကြံရင်း၊ နှလုံးသွင်းတိုင်း၊ မှန်ခြင်းလည်း ယှိ၊ မှားခြင်း ယှိခဲ့၊ မမိ တခါ၊ မိ တခါတည့်၊ ထင်ရာ မဆိုင်း၊ ထင် မလှိုင်းနှင့်၊ ထင်တိုင်း မမှန်၊ ဤလူ့ဌာန်ဝယ်၊ ကံ-ဉာဏ်မွဲးက၊ အလွဲး ထင်တတ်၊ ထင်မှား ချွတ်၏၊” “သူမြတ် ပဏ္ဍိ၊ ပညာယှိနှင့်၊ မညှိ မဆ၊ ပြုသမျှကား၊ မလှ စီးပွား၊ ရေနစ် ဆားသို့၊ ပျက်ပြားတတ်စွာ၊ မချမ်းသာဘူး၊ ဆရာ မိဘ၊ သြဝါဒဖြင့်၊ ဆုံးမစကား၊ မလိုက်ငြားဘဲး၊ မြင်-ကြား သုတ၊ မရ နည်းနာ၊ ပညာမျက်စိ၊ မြော်မယှိက၊ မိမိအတတ်၊ ကိုယ်ကို သတ်၏၊ နက္ခတ် ယှဉ်သန့်၊ မန္တာန့် တန်းခိုး၊ ရွှေမိုဃ်း ရွာစေ၊ ကျားသေ သက်သွင်း၊ ခရုသင်း စည်ကြီး၊ မှုတ်တီး လွန်လစ်၊ လက်ပစ်ယောက်ျား၊ လှံကစားနှင့်၊ တောသား *ခပင်း၊ ကိုယ် မကြွင်းအောင်၊ ပျက်ခြင်း ကုန်ချီ၊ မိုက်သွေး မှီသည်၊ ပထဝီဇယ၊ သိင်္ဂါလသို့၊ တွေးဆ *မဲ့မှု၊ သေကြောင်းပြုသည်။။ ကံဟု မဆို*စမာတည်း။ (၇၅)

(၂၄၅) “ကံဟု မူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာ ဘောဂ၊ ဇီဝိတနှင့်၊ သုခ ပွားရန်၊ ဤလူ့ဌာန်နှိုက်၊ ဉာဏ် ဝီရိယ၊ ပယောဂတည့်၊ ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကို ယုံ၍့၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲးရာလည်း၊ *ကြမ္မာအကြောင်း၊ မရိုးကောင်းတိ၊ သူဟောင်း ရှေးက၊ ဆိုကုန်ကြ၏၊ လုံ့လ မထူ၊ ဉာဏ်မကူဘဲး၊ အယူ တချောင်း၊ ကံ တကြောင်းမျှ၊ မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာ ဉာဏ်ဖြင့်၊ သင့် မသင့်ကို၊ အခွင့် ရှု၍့၊ အပြု လုံ့လ၊ ရှိအပ်စွတည့်၊ တံငါ့ လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင် ငါးကို၊ မှတ်သား ဝမ်းထဲး၊ နည်းယူ စွဲးလော့၊ ကံမွဲး ဉာဏ်*နုန့်၊ မလုံ့ မလ၊ နတ် မ,မဘူး၊ အလသမျိုး၊ အကျိုး ယွင်းယို၊ အလို ရော့ရည်း၊ မ*ကျော့ကျည်းနှင့်၊ ကိုယ်လည်း လုံ့လ၊ နတ်လည်း မ၍့၊ တောင့်တ ကြံရာ၊ မြန် မကြာလျှင်၊ လွယ်ကာ ကိစ္စ၊ ပြီးနိုင်ကြ၏၊ စိတ်က မ†လျော့၊ အား မ†လျော့နှင့်၊” “ရှေးသရော့ခါ၊ ပင်လယ်ချာတွင်၊ မဟာဇနက်၊ သင်္ဘော ပျက်လည်း၊ ရွှေစက် ဝီရိယ၊ ဥဿာဟဖြင့်၊ ယောက်ျားသတ္တိ၊ စွမ်းအင်ယှိတိုင်း၊ အိအိ လှိုက်တိုး၊ *တံပိုး ပစ်ကြဲး၊ ခေါင်းမွဲး ခေါင်းဖြူ၊ သဲးသဲး†ဦလျက်၊ သည်း†-အူ ပြောင်းပြန်၊ မှောက်လှန် လိမ့်လက်၊ လှိုင်းဂ†ယက်နှိုက်၊ ခုနစ်†ရက်လုံး၊ မဆုံး နေ့ည၊ လက် မချဘဲး၊ လုံ့လ ဆော်နိုး၊ အားထုတ် ကြိုး၍့၊ မိုးက ဆင်း†လှာ၊ မေခ†လာလျှင်၊ ရေမှာ ဆယ်လျှင်း၊ မ,စခြင်းကြောင့်၊ ဘ,မင်း *ရိုက်ရာ၊ မိထိလာကို၊ စိုးကာ ပိုင်သ၊ နန်းထိုင်ရ၏၊ ထိုမှ တပါး၊ သင်္ဘောသား များစွာ၊ ခုနစ်ရာမူ၊ ရေမှာ မွန်းနစ်၊ ငါးစာ ဖြစ်ရှင့်၊ စင်စစ် မယွင်း၊ ဆင်ခြင်လျှင်းက၊ ထိုမင်း ဇနက်၊ ပင်လယ်*ချက်ဝယ်၊ အသက်ရှင်ဟန်၊ ဉာဏ် ဝီရိ†ယ၊ နတ်မယ် မ,၍့၊ နန်း†ရ စိုးလစ်၊ မင်းအဖြစ်ကား၊ စင်စစ် မှန်လှ၊ ကံကိစ္စတည့်၊” “အန္ဓဗာလ၊ လူ ထိုမျှတို့၊ ကမ္မ ဝီရိယ၊ မယုံကြဘူး၊ သီဝမဟေ၊ ပရမေ သုရာ၊ ဗြဟ္မာ ဗိဿနိုး၊ ကမ္ဘာစိုးနှင့်၊ တန်းခိုး ကြီးမား၊ နတ်ဘုရားတို့၊ ပေးစား ဘန်ဆင်း၊ ဖြစ်တုံလျှင်းဟု၊ ချွတ်ယွင်းသမှု၊ အမှား ရှုသည်။။ တောင်သူ့့ ယူလေ့ ယူလာတည်း။”(၇၆)

(၂၄၆) တောင်သူ့အယူ၊ *မိလက္ခူသို့၊ အမူ သိမ်ဖျင်း၊ သမ္မာ ကင်းလျက်၊ ချွတ်ယွင်းသမှု၊ မှား မရှုသင့်၊ မင်းဟု ဖြစ်ရှောင်း၊ ဆိုးကောင်းကြံရာ၊ အောင်လွယ်စွာခဲ့၊ စိတ်မှာ ထင်တိုင်း၊ ဉာဏ် မပိုင်းဘဲး၊ မနှိုင်း မရှု၊ ကျင့် မပြုလင့်၊ ပြုပြုသမျှ၊ ထိုကမ္မကို၊ ပြုကြသော့သူ၊ အမွေယူ၏၊ နတ်-လူတို့တွင်၊ ပြုပြင် မရ၊ ဤလောကနှိုက်၊ ကမ္မ နှစ်မျိုး၊ ထို့အကျိုးဖြင့်၊ ကောင်း-ဆိုး ခံကာ၊ သတ္တဝါ ဟူသမျှ၊ ကျင်လည်ကြ၏၊ မောဟ ပိတ်ကာ၊ ဉာဏ်*မဲ့စွာနှင့်၊ ပညာ ချည်းနှီး၊ မင်း ဘုန်းကြီးက၊ ကျားမြီးဆွဲးတူ၊ စစ်မက် ထူ၍့၊ *ဗိုလ်-လူအများ၊ တိုင်းကား ပြည်-ရွာ၊ မချမ်းသာဘူး၊ “သတ္တဝါ *ခပဲး၊ ဆင်းရဲး ဖြစ်†ကြောင်း၊ မကြံကောင်းရှင့်၊ မိ†ကျောင်းမိုက်နှယ်၊ စော်ကား ကျယ်က၊ ကိုယ်ဝယ် မျက်မှောက်၊ ဒုက္ခရောက်လိမ့်၊ ယွင်းဘောက် သမ္မာ၊ ကရုဏာ ကင်းငြား၊ သူ့အား ဖရုသ်၊ ကြမ်းကြုတ်အမူ၊ ပြုတတ်သူကား၊ ထို့တူ မချွတ်၊ ခံရတတ်၏၊” “ဗြဟ္မဒတ်ရာဇာ၊ မင်း တရာကို၊ ဖမ်းကာ သတ်၍့၊ ညောင်နတ် တင်ဘိ၊ ပြုချေမိကြောင့်၊ မျက်စိ ဟောက်တောက်၊ ဤမျက်မှောက်ပင်၊ ပေါက်၍့ ချက်ခြင်း၊ ဝီစိ ဆင်း၍့၊ ချွတ်ယွင်း မိစ္ဆာ၊ မက် ကာလာနှင့်၊ ခဏ္ဍာဟလ၊ ဗြဟ္မဏလည်း၊ ဓမ္မဓဇ၊ လောင်း စန္ဒအား၊ သတ်ရအောင်သာ၊ ပြစ်ရှာ တစိ၊ ကြံကုန်ဘိ၍့၊ မိမိတို့ပင်၊ မျက်မြင် ပြက်†ပြက်၊ ချက်ခြင်း †ယှက်၏၊” “ဝိပါက်ဟူသည်၊ ကြာမရှည်ခင်၊ ပြန်လည်တတ်မျိုး၊ မကောင်းကျိုးဖြင့်၊ နောက်ပိုး လိုက်တတ်၊ သူ့ကို ဖျက်က၊ ကိုယ် ပျက်တတ်စွာ၊ ဤလူ့ရွာဝယ်၊ ဓမ္မတာ အရိုး၊ ပမာ *နိုးမူ၊ ခါးမျိုး ချိုမျိုး၊ စေ့ စိုက်ပျိုးက၊ ထိုမျိုးအလား၊ မခြား တူပြီး၊ ခါး-ချို သီးသို့၊ သားကြီး မင်းပျို၊ မှတ်ပိုက်သိုလော့၊” “သူ့ကို သရမ်း၊ မကြော့ကြမ်းနှင့်၊ လူနှမ်းကိစ္စ၊ ကျိုး မလှဘူး၊ နိယာမမျိုး၊ ကောင်း အဆိုးတိ၊ ပြစ်-ကျိုး နှစ်ပါး၊ ဖြစ်တတ်ငြား၏၊ ဘုရားသော်မှ၊ မလွတ်ရဘူး၊ စိတ်က ပြစ်မှား၊ မတရားဖြင့်၊ သူ့အား ကိုယ်ကြံ၊ ကိုယ့်အကြံတိုင်း၊ သူကြံကြမြဲး၊ မလွဲး မှန်လှ၊ ဧကန္တတည့်၊ ပါပ မနော၊ သဘော ဖရုသ်၊ ကြမ်းကြုတ် မျက်ဆူ၊ အမူ ဆိုးဝါး၊ တောချုံ†ကြားက၊ †ကျားသို့ ကျင့်သူ၊ ကျားတူ မုချ၊ ပျက်စီးရသည်။။ ဒိဋ္ဌ မချွတ် *ပက်ပါတည်း။”(၇၇)

(၂၄၇) ထိုမှ တကွဲး၊ မှတ်ယူ စွဲး၍့၊ ဝမ်းထဲး ပိုက်သို၊ ထောင်နား ချိုလော့၊ “အလို ယုတ်မာ၊ ဤလူ့ရွာနှိုက်၊ မနာတရား၊ မြင်-ကြား သုတ၊ မယှိစွသား၊ ဗာလ မနော၊ လူ့သဘောကား၊ မောဟ တိုးကာ၊ အိုကြာကြာတည်း၊ သမ္မာ မပွား၊ မိစ္ဆာ များ၍့၊ သောက်စား ပျော်ယစ်၊ ကံ အပြစ်နှင့်၊ လူဖြစ် လုံးလုံး၊ ဘဝ ရှုံး၏၊ သက်ဆုံး စောင်း†-ယွဲ့၊ နွားအိုကဲ့သို့၊ အ†ရွယ့်အလိုက်၊ ဘိုး မထိုက်ဘူး၊” “စရိုက် ပြန့်*ပြော၊ *ရမ္မက်ဇောနှင့်၊ သဘော ဝမ်းထဲး၊ လောဘ ကဲးလျက်၊ မရောင့်*ရဲးသီး၊ အလိုကြီးသော်၊ ပျက်စီးတတ်စု၊ ဆင်းရဲးမှုတည့်၊ စတုဒီပါ၊ နတ်မဟာနှင့်၊ ဝတိံသာထိပ်၊ ဘုန်းတော် နှိပ်၍့၊ သုံးကျိပ် ခြောက်ပါး၊ သိကြားတို့ဘောင်၊ ဝေယန်ဆောင်ထက်၊ ဘုန်းခေါင် ဘုန်းမြတ်၊ စံစားလတ်လျက်၊ မန္ဓာတ်မင်းကြီး၊ လောဘကြီး၍့၊ ကိုယ်ထီး လူ့ရွာ၊ ကျရောက်လာ၏၊” “ငယ်ခါကသော်၊ မပျော် နန်းတွင်း၊ နန်းကို နှင်းလည်း၊ မင်း မပြုလို၊ ညီတော်ကို လွဲး၊ *ဖဲး၍့ နေပြီး၊ နောင် ကြီးသော်မှ၊ တစစဖြင့်၊ လောဘတရား၊ ဆင့်ဆင့် ပွားလျက်၊ တိုင်းကား သိမ်းဆောင်၊ သုံးပြည်ထောင်ကို၊ ရအောင် ကြံငြား၊ လို ကြီးမား၍့၊ သိကြား လှည့်ပတ်၊ သေလုလတ်သော်၊ သဟဿိယာ၊ ရှစ်ဂါထာဖြင့်၊ မဟာဗောဓိသတ်၊ ဆုံးမလတ်မှ၊ တည့်မတ် စိတ်က၊ ချမ်းသာ ရသား၊ တဏှာ့ လိုလိုက်၊ လောဘ တိုက်သည့်၊ စရိုက် ချွတ်ယွင်း၊ မင်း၏ ပမာ၊ မဖြစ်ရာဘူး၊”သေချ မှတ်ယုံ၊ “ဤ လူ့ဘုံဝယ်၊ မီးပုံ သမုဒြာ၊ လူမှာ တသီး၊ လောဘကြီးအား၊ *ပုံဖြီး ပစ္စည်း၊ အလှည်းလှည်းဖြင့်၊ *ဖြင်ပည်း ထိုမျှ၊ ပေးတုံထလည်း၊ အားရ *ရောင့်ရဲး၊ ပြည့်နိုင်ခဲးဟု၊ မလွဲး မှန်စွာ၊ ကျမ်းနှိုက် လာ၏၊” “ရွှေဟင်္သာငှက်၊ တောင် တခက်ဖြင့်၊ နှစ်သက် စိတ်က၊ ပေးသမျှကို၊ အားရ မယှိ၊ ကဲးလွန်ဘိလျက်၊ အတိ ဗလဝ၊ ကြီး လောဘနှင့်၊ အရ သုတ်သုတ်၊ ပြုတ်ပြုတ် မကြွင်း၊ နင်း၍့ ကုန်အောင်၊ နုတ် ယူဆောင်သော်၊ ရွှေရောင် ကွယ်လစ်၊ ဗျိုင်းတောင် ဖြစ်၏၊” “သားတစ် ကိုက်ကာ၊ ရေမှာ ကူးဘိ၊ မိမိ ရိပ်သွင်၊ မြင်လျှင် *ငပ်ငပ်၊ လောဘ တပ်ပြီး၊ လိုက်ဟပ်တုံလျှင်း၊ နှုတ်ခံတွင်းက၊ ကိုက်ရင်း သားတစ်၊ စင်စစ် လွတ်ထ၊ ရေတွင် ကျ၍့၊ မရ လက်ချည်း၊ ဝမ်းနည်း မှိုင်ကာ၊ နေရစွာသား၊ လိမ္မာ *မဲ့လစ်၊ မြေခွေးညစ်သို့၊ စင်စစ် ယုတ်မာ၊ ဤလူ့ရွာနှိုက်၊ မဟိစ္ဆာဆိုး၊ လောဘမျိုးကား၊ အကျိုး မ*ဖြီး၊ အချည်းနှီးသည်။။ ပျက်စီး လက်*မဲ့ လက်ခါတည်း။”(၇၈)

(၂၄၈) “လောဘကြီး၍့၊ ပျက်စီးတတ်စွာ၊ မချွတ်ရာရှင့်၊ မှာမှာ အာရုံ၊ တွေ့လာ ကြုံတိုင်း၊ *ခုံခုံ မင်မင်၊ *ဆောတလျင်တိ၊ တခင် မက်မက်၊ တ*ငက်ငက်နှင့်၊ စက်စက် ယိုစိတ်၊ ရေ့နှယ် ဖိတ်၍့၊ အတြိစ္ဆာ၊ မဟိစ္ဆာဖြင့်၊ အသိတာ ဘူ၊ မိနန်းသူမှ၊ တမူ သွေယိမ်း၊ တိမ်းခဲ့ ဘော်နည်း၊ ခွါ*သရည်းလျက်၊ လူလည်း တပိုင်း၊ ငှက် တပိုင်းနှင့်၊ အရိုင်း တောသူ၊ မတူ နွယ်ရိုး၊ မျိုး သကုဏ၊ ငှက်မိန်းမကို၊ ယောက်ျာ့းသဘော၊ အာရုံ *ပြောတိုင်း၊ မက်မော လိုလား၊ လိုက်မိ မှား၍့၊ နှစ်ပါး လက်လွတ်၊ ချွတ်ကြီး ချွတ်လျက်၊ ဗြဟ္မဒတ် မင်း*လျာ၊ တော *ဟေမာဝယ်၊ ကြီးစွာ ဒုက္ခ၊ ကိုယ်ထီး ရခဲ့၊” “ရာဂမိုက် လွှမ်း၊ လူတို့ တမ်းကား၊ ခြီးမွမ်းဆိုက၊ နှစ်သက်ကြလျက်၊ လှပ ရုပ်သွင်၊ အဆင်း မြင်လည်း၊ ခုံမင် မဆိုင်း၊ မြင်တိုင်း တွေ့ရာ၊ ကြိုက်တတ်စွာ၏၊ လိုရာ ပြရှောင်း၊ ဆို *ဖြားယောင်းလည်း၊ ထောင်းထောင်း လွယ်ကာ၊ လိုက်တတ်စွာ၏၊ ကိလေသာဆိုး၊ အမိုက်မျိုးတည့်၊ အကျိုး*မဲ့မှု၊ အမြဲး ပြုရှင့်၊” “ဤ လူ့လောက၊ တဘဝနှိုက်၊ ခဏခိုက် ခေတ်၊ မင့်အဖြစ်လည်း၊ ကျိုး-ပြစ် နှစ်ပါး၊ အလွန် များခဲ့၊ တရား မယှဉ်၊ စဉ်လေ *နရက်၊ တရား ဘက်က၊ တက်လေ နတ်ရွာ၊ ဆက်ဆက်သာတည့်၊ ငါသို့ မင်းစစ်၊ ဖြစ်သကားဟူ၊ မာန်မမူနှင့်၊ မည်သူမဆို၊ ရှေးကုသိုလ်လျှင်၊ ပေးလို အခွင့်၊ ပန့်းနှယ် ပွင့်၏၊ ခါလင့် ချိန်*ဆုန်း၊ နတ်တ*နှုန်းတို့၊ လူ့ဘုန်း သမ္ဘာ၊ မမြင်သာဘူး၊ *ကြမ္မာနှင့်ချည်း၊ အရိပ် နည်းရှင့်၊ သူတည်း တ†ယောက်၊ ကောင်းဘို့ †ရောက်က၊ တယောက်သူမှာ၊ ပျက်မြဲးသာတည့်၊ ဓမ္မတာဟူဘိ၊ မောင် မှတ်-သိလော့၊” “ဘုန်းယှိ ပေါ်ရောက်၊ ဘုန်း*မဲ့ ပျောက်၏၊ မဘောက် မှန်ဟုတ်၊ ပမာထုတ်မူ၊ သစ်ငုတ် မြင့်တုံ၊ မြက်မြင့် တုံနှင့်၊ တူပုံ မယွင်း၊ ရွှေရောင်ဝင်းလည်း၊ မှန်ကင်း တလှည့်၊ ထင်း တလှည့်သို့၊ လူ၏့ ထုံးစံ၊ လောက†ဓံကား၊ ငါ့†ထံ မ+ရောက်၊ မဆို*စောက်ရှင့်၊ တ+ယောက် မကြွင်း၊ *ခပင်း ယုတ်-လတ်၊ မြတ်ဘူ သ†ယံ၊ အရဟံမှ၊ တ†ရံ ဘယ်ခါ၊ မလွဲးရာတည့်၊ “ခန္ဓာမီးခိုး၊ တိမ်ရုပ်မျိုးလည်း၊ တစိုး တစိ၊ မြဲးမယှိဘူး၊ ဖြစ်မိ ဖြစ်ရာ၊ ဖြစ်တတ်စွာ၏၊ *ကြမ္မာအလိုက်၊ ခါ ခိုက်တန့်မျှ၊ *အဓွန့် မကွာ၊ မနည်း အာရုံ၊ လိုရာ မရ၊ တခဏဖြင့်၊ မဝ မျက်မြင်၊ မိုးကောင်းကင်နှိုက်၊ ခုဆင် ခုမြင်း၊ ရွေ့ရွေ့ ယွင်းလျက်၊ ကြည့်တွင်း မမှန်၊ ရုပ်သဏ္ဌာန်တို့၊ ဘောက်ပြန်တုံဘိ၊ လေလိုက်အိသို့၊ မိမိအမှု၊ စီမံ ပြုသည်။။ ငါဟု မမူစ,သာတည်း။”(၇၉)

(၂၄၉) “ငါမမူသာ၊ ဤခန္ဓာကို၊ တဏှာ ဒိဋ္ဌိ၊ မာန ငြိ၍့၊ ဟုတ်လိစနိုး၊ အား မကိုးနှင့်၊ ကျင့်ရိုး မယုတ်၊ မှန် အဟုတ်ဖြင့်၊ အားထုတ် မပေါ့၊ မမေ့လျော့အောင်၊ မြဲးလော့ စိတ်ဝယ်၊ လွဲး မပယ်ဘဲး၊ ဘုန်းကြွယ် ဟောထား၊ တရား မှန်စွာ၊ မျက်မှောက်မှာပင်၊ ပရာဘဝ၊ ဒုက္ခ ကြောင်းစု၊ ပျက်စီးမှုကို၊ ဂရု ကတ၊ လုံ့လပြုကာ၊ ဘောက်ပြန်စွာလျက်၊ မင်္ဂလာတရား၊ မှတ်သော့အားဖြင့်၊ စီးပွား*မဲ့မျိုး၊ မှား မတိုးနှင့်၊ ကောင်း-ဆိုး မမှတ်၊ ပြုတတ်သော့သူ၊ အပြစ် ထူ၏၊”တမူ ထိုပြီ့း၊ မှတ်ကြောင်း သိစိမ့်၊ “မိမိ ကိုယ်မှာ၊ ဥစ္စာ စည်းစိမ်၊ ဂုဏ်သိမ် ယုတ်-ယွင်း၊ ပျက်စီးခြင်းက၊ ဝမ်းတွင်း ပူချုံး၊ နှလုံး မသာ၊ ရှိလတ်ရာနှင့်၊ မေတ္တာ သက်ပြီး၊ သမီးနှင့် သား၊ မယားနှင့် လင်၊ သူတို့တွင်တိ၊ ပြစ်မြင် စိုးစိ၊ ယှိခဲ့တုံမြောက်၊ တယောက်ယောက်လူ၊ ပြင်ပသူတို့၊ *ပအူ ပစေး၊ မလေး မစား၊ ကျူးသည်များကို၊ ထင်ရှားပြကာ၊ မပြုရာဘူး၊ ပြုပါတုံငြား၊ ရှေ့ နှစ်ပါးမူ၊ ရန်သူ*တကာ၊ ဝမ်းပန်းသာလိမ့်၊ နောက်မှာ နှစ်ခု၊ ပြစ်ယူ ပြုက၊ ကြက်ဥ ချင်းချင်း၊ ပေါက်ကြလျှင်းသို့၊ မယွင်း ပုံတူ၊ ပျက်ခြင်းဟူသည်၊ သူသာ မဟုတ်၊ ကျိုးယုတ် ကိုယ်ပါ၊ ပျက်စီးရာ၏၊” “ပညာယှိငြား၊ ယောက်ျား မိန်းမ၊ ဟူသမျှတို့၊ ဉာဏ ထောက်ကူ၊ သတိမူ၍့၊ မှတ်ယူ သေချာ၊ လူတို့မှာလျှင်၊ ပညာ*မဲ့မျိုး၊ အကျိုး မသိ၊ ပြုမိ တတ်ဆန်း၊ မျက်ကာန်းအသွင်၊ ပြုတတ်ချင်၏၊ ဗုဒ္ဓင်္ကူပေါင်း၊ သူမြတ်လောင်းတို့၊ နည်းကောင်း သမ္မာ၊ ယူ လိုက်နာ၍့၊ မင်္ဂလာဓမ္မ၊ စရိယ ကျင့်ရိုး၊ ဘုန်း ပွင့်ဖြိုးလော့၊ ပြစ်-ကျိုး နှစ်အင်၊ ဘယ်သူ မြင်လိမ့်၊ ဖြစ်ချင်လည်း ပျက်၊ မင်းဇနက်သို့၊ ပျက်ချင်လည်း ဖြစ်၊ ခုနစ် ရတနာ၊ မိုဃ်းကြီး ရွာ၍့၊ သုံးရာ ယောဇန၊ ကုမ္ဘဝတီ၊ ဒဏ္ဍကီတို့၊ အညီ တိုင်းလုံး၊ သဲးဖုံး ညွန်နစ်၊ လူ*မဲ့ ဖြစ်၏၊”ဟောင်း-သစ် အလို၊ အကုသိုလ်နှင့်၊ ကုသိုလ် အကျိုး၊ ထိုနှစ်မျိုး၏့၊ အဆိုး အကောင်း၊ အကြောင်း နှစ်ဖြာ၊ မသိသာဘူး၊ ကောင်းရာ ကျင့်ပြု၊ ကောင်းစွာ ရှု၍့၊ ကောင်းမှု ကုသိုလ်၊ *မငြင်†ငြိုနှင့်၊ ကြည်†ညို မြတ်+နိုး၊ ဘုန်းပွင့် +နှိုးလော့၊” “မကြိုး မကုတ်၊ အားထုတ် မမူ၊ လူ မလုံ့လ၊ နတ် မ,မတည့်၊ ပယောဂစက်၊ ပျက်သည့်သူအား၊ လူကို ထား၍့၊ ဘုရားသော်မှ၊ ကယ် မရဘူး၊ ဘဝ ရှေးက၊ ပုည အား†ကြိုး၊ †ကြမ္မာမျိုးနှင့်၊ ကောင်း†ကျိုး ပေးလို၊ ဤလူ့ကိုယ်နှိုက်၊ ကုသိုလ် ဥပထံ၊ အခံတရား၊ ကံ ကြီးမား၍့၊ ကောင်းစားမည့်သူ၊ ဖြစ်ဘိမူကား၊ ထိုသူ ထင်ရှား၊ မကောင်းစားဘဲး၊ မသေမြဲးတည့်၊ ဆင်းရဲး တဆစ်၊ ခိုက်တန့်ဖြစ်လည်း၊ မနစ် မနာ၊ ဒုက္ခ ကွာ၍့၊ ချမ်းသာစေငြား၊ ထိုယော†က်ျားကို။။ သိ†ကြား မ,ရမည်သာတည်း။”(၈၀)

(၂၅၀) “သိကြား နတ်†သျှင်၊ ကုသိုလ်†ရှင်အား၊ မမြင် ရှောင်ကာ၊ မနေသာတည့်၊ မြင်ပါလျက်ကဲ့၊ ကုသိုလ် *မဲ့က၊ တိမ်းငဲ့ မျက်နှာ၊ မရှုသာတည့်၊ လက်ျာ ပညပ်၊ ဇမ္ဗူရပ်နှိုက်၊ အပ္ပကလူ၊ နည်းငယ်သူမျှ၊ ကြီးထူ ဖြိုးလျှံ၊ ဘုန်းကျိုး စံ၏၊ နိုင်ငံ အယှိ၊ များဘိ အဟို၊ လူ ထိုထိုကား၊ ကုသိုလ် ရှေးပြု၊ ကံ ကောင်းမှုနှင့်၊ ယခုဘဝ၊ ပစ္စက္ခနှိုက်၊ လုံ့လ သမ္မာ၊ ပညာ နှစ်ပါး၊ ကျိုး ခံစား၏၊” “ဘုန်းယှား ကံယှား၊ ထိုသူများကား၊ အုဌ်ကြား မြက်ပေါက်၊ တယောက် စာရင်း၊ မသွင်းသော့အား၊ နည်းပါး ဂုဏ်အင်၊ လူ မမြင်ဘူး၊ အသွင် ရူပ၊ မလှသည့် ငှက်၊ ဇီးကွက် စုန်းထင်၊ ဟူသော့သွင်သို့၊ မြင်လည်း မကောင်း၊ အကြောင်း မသန့်၊ လူဘုန်း*ကြန့်တို့၊ ဆွန့်*ဆွန့် ယှားယှား၊ ချမ်းသာ ပါး၏၊” “ဘုန်းသား ဘုန်းဘန်၊ ဘုန်းရင်း သန်က၊ လာဘ်*မွန် မ*ညောင်း၊ ရတတ်ရှောင်း၏၊ ဘုန်းကောင်း *တာသင့်၊ ဆိုင်း မလင့်နှင့်၊ အခွင့်တော်ကြိုက်၊ အခိုက် ကြုံလှည့်၊ ရသည့်အခါ၊ မင်္ဂလာတည့်၊ ဇီဝါငှက်ငယ်၊ ရှေးခါဝယ်က၊ လူ့နှယ်အလား၊ ပြောစကားကို၊ ငါ့သား သည်းချာ၊ ယူမှတ်ရာ၏၊” “ပညာယှိမြတ်၊ ဗောဓိသတ်တို့၊ နက္ခတ် ယှဉ်ရာ၊ အခါ *ဖင့်နှေး၊ နေ့ မရွေးဘူး၊ အရေး လက်ရောက်၊ မျက်မှောက် ကျိုးထင်၊ ရခြင်းပင်သာ၊ ဤလျှင် သင့်မြတ်၊ ကောင်း နက္ခတ်တည့်၊ အမှတ်မသွေ၊ မလွန်စေနှင့်၊” “ပုဗ္ဗေကတ၊ ရှေးဘဝက၊ ပုည ဆင်းရဲး၊ ကံမွဲး ချို့တဲ့၊ ဘုန်း*မဲ့သသူ၊ များ ဗိုလ်လူတို့၊ ချမ်း-ပူ မနေ၊ ရှာဘွေ ကြိုးကုတ်၊ အားထုတ် အထူး၊ ဆည်းပူး လုံ့လ၊ ပြုသမျှကား၊ ရှေးက ကောင်းမှု၊ အပြု များလှ၊ ပုည သိရီ့၊ ပြည့်စုံဘိသည့်၊ ဘုန်းယှိသူတို့၊ ခံစားဘို့တည့်၊ ထိုသို့ စင်စစ်၊ ဖြစ်၏ လူတွင်၊ အမြင် မျက်စိ၊ ရှုမျှော် သိလော့၊” “ဘုန်းယှိကား စံ၊ ဘုန်း*မဲ့ ရံ၏့၊ ကြောင်းခံ ပြည့်ဝ၊ အကျိုး လှလျက်၊ ကြယ်မျာ့းအလယ်၊ လ၏နှယ်သို့၊ တင့်တယ် ပ-ထွန်း၊ ဘုန်းရောင် ရွှန်း၍့၊ ရွေဝန်း ရံခြုံ၊ သောင်းသောင်း အုံနှင့်၊ *ကုံလုံ မချို့၊ ဂုဏ် မညှို့ဘူး၊ ကုသိုလ်သဘော၊ အလယ်†ဇောကို၊ ရှင်†စော အားလုံး၊ ဟော မတုံးသည်။။ သက်ဆုံး အာယု ကမ္ဘာတည်း။”(၈၁)

(၂၅၁) “ရှေးက ပြုသား၊ ကောင်းမှုဟုဆို၊ ကုသိုလ်အဘို့၊ ပြည့်စုံမြို့၍့၊ မချို့ ဘုန်းကံ၊ အခံ ပုည၊ ယှိကြသူမှာ၊ ဇာတာ မူလ၊ ဇနမနှိုက်၊ ပါပဂြဟ၊ စီးနင်းကြလည်း၊ ကိုယ်မှ တပါး၊ ခြွေရံများနှင့်၊ ကျွဲး-နွားမျှသာ၊ ပျက်စီးရာ၏၊ ကိုယ်မှာ ချမ်းမြေ့၊ ဘေး မတွေ့ဘူး၊ *မဟေ့ ကုသိုလ်၊ လူ ထိုထိုကား၊ ကိုယ်နှင့် တကွ၊ ပျက်တတ်စွတည့်၊ သုခ ဒုက္ခ၊ ကြောင်း မူလကို၊ ကမ္မတရား၊ နှစ်ပါးဖြင့်သာ၊ ကျမ်းနှိုက် လာ၏၊ ပုညာပုည၊ ဝိသေသကို၊ ဒိဋ္ဌ မြော်ငဲ့၊ ရှုမြင်*ပြဲ့လော့၊” “ဘုန်း*မဲ့ ခြံရံ၊ ဘုန်းယှိ စံ၏၊ ကံလျှင် အရင်း၊ စီမံ†ခြင်းဖြင့်၊ မင်း†ချင်း ရှင်-ကျွန်၊ မလွန် ဓမ္မတာ၊ ထင်ရှားစွာခဲ့၊ ရှေးခါ ယခု၊ အားထုတ်ပြုသား၊ ကောင်းမှုအလို၊ ကုသိုလ် မယှိ၊ သိရီ့မင်္ဂလာ၊ ကောင်း *ကြန်စာနှင့်၊ *ကြမ္မာ *မဲ့ငြား၊ ထိုသူ့အားကို၊ လူသား မက၊ သိကြား မ,လည်း၊ မရနိုင်စွာ၊ သတ္တဝါတို့၊ ကံသာ ဘ-မိ၊ ကံ မယှိက၊ ဉာဏ်ချိတိုင်း မွဲး၊ ကြံတိုင်း လွဲး၏၊ ဆင်းရဲဘို့သာ၊ ကြံရာရာလျှင်၊ မိစ္ဆာ နတ်-စုန်း၊ ဝိုင်း၍့ မုန်းသို့၊ ပျက်ပြုန်းရခြင်း၊ အယွင်းယွင်းတည့်၊ ကံရင်း မသန်၊ နတ် မဘန်ဘူး၊ ဧကန် မှန်ဘိ၊ ချစ်သား သိလော့၊” “ကံယှိသူသာ၊ သမုဒြာ လယ်ချက်၊ သင်္ဘော ပျက်လည်း၊ အသက် မသေ၊ ရေမှာ မမွန်း၊ သောင်-ကျွန်း လှေကြီး၊ ကပ်နီး ရှေးရှူ၊ ဆယ်ယူ အမှန်၊ နတ်တို့ ဘန်၍့၊ ရန်ဌာန် ဆောင်ပို့၊ လိုရာသို့လျှင်၊ မချို့ ရောက်ကာ၊ ရ ချမ်းသာ၏၊” “*ကြမ္မာ မကောင်း၊ မကြောင်း မ†လှ၊ လူ့ပါပကား၊ ဗာ†လ မနော၊ ပရာဘောကို၊ မြတ်သောအလား၊ တရား မင်္ဂလာ၊ ထင်တတ်စွာ၏၊ မင်္ဂလာမည်ငြား၊ ဤတရားလည်း၊ မကောင်းစားထိုက်၊ ဒုစရိုက်နှင့်၊ လူမိုက်တို့မှာ၊ မုန်းဘို့သာတည့်၊ ထောင်-ရာ မက၊ မိုးကြီး ချသို့၊ ဆုံးမ *တပဲး၊ ချင်းကြားထဲးနှင့်၊ သောင်-သဲးပေါ်တွင်၊ ရေ မတင်သို့၊ အမြင် နည်းပါး၊ သူမိုက် နားနှိုက်၊ တရား ဘယ်ခါ၊ မတည်ရာဘူး၊ မိစ္ဆာ ဖျင်း*သုန်း၊ တရား မုန်းက၊ ပျက်ပြုန်းကြောင်းသာ၊ မချွတ်စွာတည့်၊ သမ္မာ စင်စစ်၊ တရား ချစ်မူ၊ ဆန်းသစ် လ,နှယ်၊ ပွားစီးကယ်ရှင့်၊ *ပေါယယ် များစွာ၊ သတ္တဝါအား၊ ချမ်းသာ ဆင်းရဲး၊ ဖြစ်မြဲး အမျိုး၊ ပြစ် အကျိုးဖြင့်၊ ကောင်းဆိုးခေါ်မှု၊ ထိုနှစ်စုကား၊ ကိုယ်ပြု ကိုယ့်ကံ၊ *မြောင်းမြီ ခံ၏့၊ ထုံးစံ ဖြစ်ရှောင်း၊ အကြောင်း နှစ်သွယ်၊ လူဝယ် မချို့၊ မှန်လှတို့၏့၊”ဤသို့ သားလှ၊ မွေး ချစ်ဘ,လျှင်၊ ကမ္မသကာ၊ ဒါယာဒါကို၊ သမ္မာဒိဋ္ဌိ၊ ဉာဏ်လက်ယှိဖြင့်၊ အသိ မြဲးစွာ၊ ခိုင်စေပါ၍့၊ မိစ္ဆာ ပယ်ရှား၊ ကျင့် တည်ကြားသည့်။။ အမှား မလိုက် မပါတည်း။ (၈၂)

(၂၅၂) မိစ္ဆာ ပယ်ရှား၊ ကျင့် တည်ကြားလျက်၊ အမှား မတိုး၊ လွှား မမိုးနှင့်၊ ကျင့်ရိုး ကုသိုလ်၊ ဗြဟ္မစိုရ်နှင့်၊ မဂ်-ဖိုလ်ခရီး၊ ပိတ်ဆီး တောင့်နှယ်၊ ဖီလာ ကွယ်သည့်၊ အပါယ် သုံးဝ၊ အရူပ,က၊ အသညသတ်၊ စက်မြတ် လေးပါး၊ ရှိငြား အမှန်၊ ရပ် ပစ္စန်နှင့်၊ ဝေကလ္လိန္ဒြိယ၊ နိယတမိစ္ဆာ၊ ရှစ်ဖြာ အက္ခဏ၊ ကင်းထ အဟုတ်၊ အင် မယုတ်ဘဲး၊ မနုဿတ္တ၊ ဒုလ္လဘကို၊ အရတော်စွာ၊ ဤအခါနှိုက်၊ မကွာ စဉ်စိုက်၊ အမြဲး လိုက်သား၊ ကိုယ်နှိုက် ယှဉ်ပြု၊ အရိပ်တုသို့၊ အနုဂါမိ၊ နိဓိခေါ်ရိုး၊ ရွှေအိုးပမာ၊ ဆယ်ဖြာ ကောင်းမှု၊ လှူဝတ္ထုကို၊ ဗိန္ဒု ရေ*နှုန်း၊ ခြပုန်းအလား၊ *စုံမြိုင်†ဂပြားဝယ်၊ †ပျား၏့ *တန္တု၊ ပုံကို ရှု၍့၊ ပြုစု အားကြိုး၊ ပွား မညှိုးနှင့်၊” “မြတ်နိုး သဒ္ဓါ၊ စေတနာဖြင့်၊ လှူပါသမှု၊ ဒါနစုကား၊ ဝတ္ထု ညံ့*နုံ့၊ မုယောမုံ့မှ၊ မကျုံ့ ကျယ်စွာ၊ နန်း သိင်္ဂါနှင့်၊ ဗာရာပြည်လုံး၊ ကျုံး၍့ အုပ်စိုး၊ နုဘော်*ဖြိုး၏၊ တန်းခိုး တေဇာ၊ ချမ်းသာ ဘောဂ၊ ဣဿရကား၊ ပုည ရှေးပြု၊ ကောင်းမှု အ†ရင်း၊ မှန် မယွင်းတည့်၊ †ယင်းကုသိုလ်လည်း၊ အလို မြတ်ကြီး၊ စိတ်ဖြင့် ပြီးရှင့်၊ အသီး တရာ၊ အညှာ တခု၊ ပမာ ရှု၍့၊ စိတ်ဟု မည်ငြား၊ ဤတပါးမှ၊ တရား ကိုယ်ကြပ်၊ စောင့်စည်း ကွပ်က၊ လူ့ရပ် နတ်ရွာ၊ ဗြဟ္မာ နိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏၊”သား*မွန် စိတ်ဖြောင့်၊ သွေ မထောင့်နှင့်၊ “ရေကြောင့် ညွန်ဖြစ်၊ ထိုညွန်ညစ်လည်း၊ စင်စစ် မထင်၊ ရေကြောင့် စင်၏၊ ထို့သွင် မှန်စွာ၊ စိတ်ကြောင့်သာလျှင်၊ ယုတ်မာ ညစ်ညူး၊ အထူး စင်ကြယ်၊ လူဝယ် နှစ်မျိုး၊ ဖြစ်မြဲးရိုးတည့်၊” “တစိုး တစိ၊ မလှူဘိဘဲး၊ မိမိ ဥစ္စာ၊ မိမိသာလျှင်၊ ပမာ ခွေးလား၊ ကိုယ်ထီး စားကို၊ ဘုရား အရိယာ၊ သူမြတ်စွာတို့၊ ဘယ်ခါ ရွှင်ဝမ်း၊ မခြီးမွမ်းတည့်၊ ပေးကမ်း လှူ†ဒါ၊ တွေ့ရာရာနှိုက်၊ သ†ဒ္ဓါ မညှိုး၊ ရွာသည့် မိုးသို့၊ နောင်ကျိုး မြော်ငဲ့၊ မ*နုန့်နဲ့လင့်၊ ဘုန်း*မဲ့ ပြုငြား၊ ဘုန်းယှိ စား၏၊ တရား အရိုး၊ လမ်းမှန် ကိုးလော့၊” “ကောင်းကျိုး ကုသိုလ်၊ နောင်ဘို့ လိုက၊ ပုဂ္ဂိုလ် ယုတ်-မြတ်၊ မမှတ်သင့်ရေး၊ သဒ္ဓါ စေး၍့၊ မရွေးအပ်စွာ၊ တွေ့ရာရာအား၊ စေတနာ မြတ်နိုး၊ ဖြစ်စေ †ကြိုးလော့၊ နောင်†ကျိုး ပိတ်ပိတ်၊ ဉာဏ် အဟိတ်နှင့်၊ ပြိတ္တာ့အလောင်း၊ သူမကောင်းတို့၊ တိမ်းစောင်း ဝါဒ၊ သဒ္ဓါ ပ,၍့၊ ဒါန ပစ်ပယ်၊ အလှူ ကွယ်၏၊ မြင်ကျယ် မယှိ၊ နှလုံး *ကျိလျက်၊ ဒိဋ္ဌိအလို၊ ထဲး ကုတ်*ရှိူ၍့၊ ဝန်တိုတရား၊ ပိတ်ပင် တားသည်။။ ယူမှား မိစ္ဆိ မိစ္ဆာတည်း။”(၈၃)

(၂၅၃) “ယူမှား မိစ္ဆာ၊ မောဟ ကာ၍့၊ သဒ္ဓါ ကင်းထ၊ မစ္ဆေရနှင့်၊ ထိုမျှသသူ၊ စိတ် မဖြူတို့၊ လှူမည် ဝမ်းထဲး၊ ကြံ မရဲးဘူး၊ ကြံခဲး အလို၊ ဝန်တို *ငက်ငက်၊ မယှငှက်သို့၊ တသက် လုံးလုံး၊ မသုံးရက်ဟူ၊ မလှူရက်ဘဲး၊ ခန္ဓာ*စဲးက၊ မူး-ပဲး မပါ၊ ငတ်မွတ်စွာလျှင်၊ ပြိတ္တာ ပြိတ္တိ၊ ဖြစ်ကုန်ဘိ၏၊”မှတ်သိ သေချာ၊ ဤအရာကို၊ “မိစ္ဆာ မောဟ၊ မှောင်ကြီး ကျ၍့၊ လောဘ ငြိစွဲး၊ မစေးနှဲနှင့်၊ မွဲးမည့်အရေး၊ ကြံတွေး မလှူ၊ ကြောက်ဧးမူကား၊ ထိုသူ လွန်ကဲး၊ သူ့ထက် မွဲး၏၊ ဆင်းရဲမည့်ရေး၊ တွေး၍့ အ†လှူ၊ မပေးသူလည်း၊ ထို†လူ အမြဲး၊ နောင် ဆင်းရဲးလိမ့်၊ စေးနှဲး မယှိ၊ ကပ် မငြိဘဲး၊ သံဝိဘာဂ၊ လှူဒါနဖြင့်၊ ဝေမျှ ခွဲးခြမ်း၊ *လွေ့လွေ့ရမ်းလော့၊” “ပေးကမ်းလေ့ဟူ၊ မယှိသူတို့၊ နတ်-လူ နိဗ္ဗာန်၊ ချမ်းသာ*မွန်ကို၊ ဧကန် ဘယ်ခါ၊ မရရာတည့်၊ သံသာ ရှည်*ညောင်း၊ ဝဲး*ခနောင်းနှိုက်၊ တီး*တောင်း မော်ယွန်း၊ ကမ်းရေစွန်းက၊ ကျွန်းကို မမြင်၊ ခွေးကျသွင်သို့၊ အကြင်သသူ၊ အလှူ မယှိ၊ သုဂတိနှင့်၊ ဗောဓိ သုံးတန်၊ နိဗ္ဗာန် နတ်ရွာ၊ မရောက်ရာဟု၊ ကျမ်းလာ အလို၊ ဟောမိန့်ဆိုရှင့်၊” “ကုသိုလ် ဥပထံ၊ ကြောင်းခံ ကြီးဘိ၊ ကံယှိသူကား၊ သေဘေး ညားလည်း၊ နတ်များ စောင်မ၊ မသေရဘူး၊ ပုညစေတနာ၊ မဟာ*သဟာယ်၊ မျိုး သူကြွယ်လျှင်၊ ကိုယ်ဝယ် မကွာ၊ ထပ်ကြပ်ပါ၍့၊ ရေမှာ ပေါ်ထွန်း၊ ကျွန်း၏သဖွယ်၊ ကိုးကွယ် မှီရာ၊ ဖြစ်တတ်စွာ၏၊” “ရှေးခါ ကာလ၊ သင်္ခဗြာဟ္မဏ၊ လောင်းသတ္တလျှင်၊ အိမ်က နေ့ခင်း၊ သင်္ဘော ဆင်းစဉ်၊ ပူပြင်း ကျက်ကျက်၊ သဲးပြင်ထက်နှိုက်၊ နင်းလျက် ကြွလာ၊ ပစ္စေကာအား၊ *ပက်ပါ ရှေ့တွင်၊ တွေ့လေ မြင်၍့၊ ကိုယ်တွင် စီးအပ်၊ ထီး ဘိနပ်ကို၊ *လျပ်လျပ် ချွတ်ယူ၊ ကြည်ဖြူ မ†ငြို၊ လှူ ကုသိုလ်ကြောင့်၊ ရေ†ညို ကျယ်*ပြော၊ ပင်လယ်ကြောနှိုက်၊ သင်္ဘော ပျက်ခါ၊ မေခလာလျှင်၊ ရတနာ *ဖြိုးဝှန်၊ ဘောင် ဗိမာန်နှင့်၊ ရပ်ဌာန် ရောက်အောင်၊ ကယ်ဆောင် ပို့သ၊ ချမ်းသာရ၏၊”သားလှ ထို့ကြောင့်၊ စိတ် မထောင့်နှင့်၊ ဖြောင့်သည့် စေတနာ၊ လက် မကွာဘဲး၊ သဒ္ဓါ မြတ်နိုး၊ ကုသိုလ်မျိုးကို။။ ပျိုးလော့ *ပတေ ပတာတည်း။ (၈၄)

(၂၅၄) ပတေ ပတာ၊ ရိုသေစွာလျှင်၊ လှူဒါ ပုည၊ ကုသ †လကို၊ သား†လှ သည်းချာ၊ ဆည်းပူး ရှာလော့၊ သဒ္ဓါ *နုန့်နဲ့၊ မချို့တဲ့နှင့်၊ လဲ့လဲ့ *ကျိတ်ကျိတ်၊ “မစ္ဆေစိတ်နှင့်၊ ဒိဋ္ဌိ လောဘ၊ မောဟ ပိတ်ဆို့၊ ပညာ ချို့သည့်၊ လူတို့ ဥစ္စာ၊ များတုံပါလည်း၊ မဟာသမုဒ်၊ ရေ*အစုတ်သို့၊ *သောက်ထုတ် သုံး-ချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုး မရ၊ ပဏ္ဍိတတို့၊ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ *ဗိုလ်ခြေအလုံး၊ သောက်-သုံး ချမ်းသာ၊ ပြီးတတ်စွာရှင့်၊ သဒ္ဓါ မရှေး၊ မပေး မလှူ၊ မုန်းဆေးဟူ၏၊ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည့်၊ လူ့ဘော် ဌာန၊ ဤလောကနှိုက်၊ စိတ်က ကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါ ဝမ်းတွင်း၊ ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်စွာသည်၊ မင်္ဂလာ လွန်မြတ်၊ ဖြစ်သတတ်ရှင့်၊ အမှတ် မြဲးမှု၊ ဆောက်တည် ပြုလော့၊” “ရှုမြော် အသိ၊ ဉာဏ်မျက်စိဖြင့်၊ မြင်ယှိ ကျယ်စွာ၊ ကြီး ပညာနှင့်၊ မဟာဗောဓိသတ်၊ သူမြတ်တို့ကား၊ မစား ကိုယ့်ဝမ်း၊ ရိနွမ်း ခြိုးခြံ၊ အငတ်ခံ၍့၊ *အားသန် မမေ့၊ လှူဓလေ့၏၊ တနေ့ ငါးသိန်း၊ တွက်ကိန်း မက၊ စွန့်သမျှလည်း၊ အားရ စိတ်ထဲး၊ *ရောင့်ရဲး မယှိ၊ အဇ္ဈတ္တိမှ၊ မျက်စိ ထုတ်လှူ၊ ဖြတ်ယူခါခါ၊ စွယ်မြတ်စွာကို၊ တောင်းလာ မငြင်း၊ အာ-ခံတွင်းနှိုက်၊ စွယ်ရင်း မ†ကျန်၊ သွေးကြန်†ကြန်နှင့်၊ ထွင်းလှန် ယူစေ၊ မစ္ဆေ မတွန့်၊ သက်စွန့် လှူပေး၊ လေးနှင့် ခွင်း-ပစ်၊ သေဆစ် ပါးနီး၊ ရောက်လုပြီးလျက်၊ ဆုကြီး ရွယ်ဆောင်၊ စွယ် ခြောက်ရောင်ကို၊ ကုန်အောင် လှူခြင်း၊ မီးပုံတွင်းသို့၊ ခုန်ဆင်း ကိုယ်ကို၊ လှူလို အသား၊ ဤသို့အားဖြင့်၊ သိကြား ဟန့်ဆီး၊ မာရ်ကြီး တားဖျက်၊ နတ်စက် ပုဆိန်၊ ထိပ်ထက် ချိန်လည်း၊ သမာဓိန် ခိုင်၊ စိန်ကျောက်တိုင်သို့၊ မယိုင် မယိမ်း၊ မတိမ်း မပြို၊ ကံ-ကုသိုလ်မှ၊ အလို မစောင်း၊ ယူ မပြောင်းသည်။။ မြတ်လောင်းတော်တို့ *တန်ထွာတည်း။ (၈၅)

(၂၅၅) မြတ်လောင်း *တန်ထွာ၊ ဓမ္မတာသို့၊ မှန်စွာ လိုက်၍့၊ နန်း*ကိုက် ရင်နှစ်၊ နန်းနွယ်စစ်သား၊ သားချစ် မင်း†ညို၊ မြတ် အလိုဖြင့်၊ မ†ငြိုမငြင်၊ စိတ်တွင် စွဲး+နစ်၊ ကုသိုလ် ချစ်လျက်၊ အ+နှစ်ကိုသာ၊ ထွင်း ဘွေရှာလော့၊ ကမ္ဘာဦးက၊ စေတိယနှင့်၊ လမ်းစ ကင်းလွတ်၊ ငတ်မွတ် ပိန်†ခြောက်၊ တော*မြိုင်†ချောက်နှိုက်၊ နွားပျောက်ပုဏ္ဏား၊ စသည်များတို့၊ မုသား ယွင်းပျက်၊ မိတ်ဖျက် ယုတ်မာ၊ အရိယာ စွပ်ကျူး၊ ကျေးဇူး ချေမှား၊ ပြုကြငြားသား၊ လေးပါး ထင်စွာ၊ ဤကမ္ဘာထက်၊ မဟာပါပ၊ ကမ္မမည်တွင်၊ မသေခင်နှိုက်၊ မျက်မြင် တပ်တပ်၊ ဒုက္ခ ကပ်ဟု၊ လူ့ရပ် နတ်ရွာ၊ ဗြဟ္မာပြည်ထိ၊ ကြားနှံ့ သိ၏၊”ကြီးဘိ ပြစ်ဝန်၊ အလွန် ထင်ရှား၊ ထိုလေးပါးလည်း၊ ငါ့သား ဝေးစွာ၊ ကင်းစေပါလော့၊ “ကိုယ်မှာ ပြုဖူး၊ သူ့ကျေးဇူးကို၊ ထိမ်မြူး မအပ်၊ တုံ့ပြန် ဆပ်၍့၊ *ထွက်နတ်ကောင်းပေ၊ ပစ် မချေနှင့်၊ သသေမိယ၊ သုဒေဝသို့၊ ဒိဋ္ဌ ကြီးစွာ၊ ပြစ်ရောက်လာလိမ့်၊”သမ္မာ ကျင့်သုံး၊ သူတော့်ထုံးကို၊ နှလုံးတွင်းမှာ၊ သွင်း သေချာလော့၊ “ဆရာကို ပယ်၊ ကိုယ်ဝယ် လှံစူး၊ အထူး မျက်မှောက်၊ မန္တာန် ပျောက်နှင့်၊ အုဌ်-ကျောက်ခဲး ဖြို၊ မြေ ခွဲးမျို၍့၊ ဤကိုယ် ဒိဋ္ဌ၊ ဒုက္ခ ဖြစ်ကြောင်း၊ ထုံးဟောင်း ထင်စွာ၊ ကျမ်းနှိုက်လာ၏၊” “မေတ္တာ ရှေးဦး၊ ပြုပေဖူးကို၊ ကျေးဇူးသိမူ၊ ကတညူတည့်၊ ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင် မချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်၊” “လောကီ လူစု၊ မြင်ဉာဏ်နုတို့၊ သူပြု အထူး၊ သူ့ကျေးဇူးကို၊ ကြည်နူး ဝမ်းမြောက်၊ *မခေါက် မရက်၊ နှစ်သက် အင်*ရွဲး၊ သိတတ်ခဲ၏၊ အမြဲး မှတ်၍့၊ သူမြတ်ဝါဒီ၊ ထုံ ဝသီဖြင့်၊ မှန်ညီ သစ္စာ၊ တော်ဖြောင့်စွာလျက်၊ ကတာကတ၊ ဝိသေသကို၊ သားလှ ပဏ္ဍိ၊ မောင်ဉာဏ်ယှိလျှင်၊ မှန် သိအပ်စွာ၊ မချွတ်ရာဘူး၊” “ယထာနုယာတ၊ ကျမ်းပြအလာ၊ ပါဌ်ဂါထာတိုင်း၊ သွားရာ လိုက်လျက်၊ စွတ်လက် မဖုတ်၊ မဖြုတ် မိတ်ဆွေ၊ ကိလေ ပါပ၊ မိုက် မောဟနှင့်၊ မိန်းမနိုင်ငံ၊ ဆက်ဆံ မလိုက်၊ လူနှိုက် ထင်ရှား၊ ဤလေးပါးကား၊ ပိုင်းခြား စတု၊ မှတ်ကြောင်း ပြုသည့်၊ သာဓုနရ၊ မြတ်ဓမ္မတည့်၊ စွဲးထ စိတ်မှာ၊ မလွတ်ရာဘူး၊” “လူ့ရွာ လူသား၊ လူဖြစ်ငြားလျက်၊ တရား ကင်းစင်၊ မတင် အထူး၊ ကျေးဇူး*မဲ့စွာ၊ ယူ မိစ္ဆာနှင့်၊ သစ္စာ မယှိ၊ ဂတိ မတည်၊ လူဟူသည်ကား၊ သွေဖည် ယွင်းကွက်၊ စည်းစိမ် ပျက်၍့။။ အသက် မရှည်သည်သာတည်း။ (၈၆)

(ဤ ၃-ပိုဒ်တို့ကား 'သဘာဝိက ဝိဘာဝနာလင်္ကာရ'ရှိသောပိုဒ် ဟူလို။)

(၂၅၆) သဝိညာဏက၊ မဟုတ်စွသေး၊ “ရုက္ခဆာယာ၊ သစ်ရိပ်သာနှိုက်၊ ရံခါ တခိုက်၊ ကြုံကြိုက် နေ-နား၊ ခိုမိငြားက၊ ပြစ်မှားလိုလျက်၊ တရားဖျက်၍့၊ အခက်ကိုမျှ၊ မချိုးရဘူး၊ ချိုးက ဗာလ၊ မိတ္တဒုဗ္ဘောာ်၊ ပျက်ခေါင်ကျော်သည့်၊ မတော် စရိုက်၊ လူ့ငမိုက်တည့်၊” “လူနှိုက် ဂုဏ်ထူး၊ ကျေးဇူးကြီးစွာ၊ ဆရာ မိ-ဘ၊ ဘုရား စသား၊ ထိုမျှ မိတ်ချစ်၊ သူတော်စစ်ကို၊ မပြစ် မမှား၊ သူတို့အားကား၊ တပါး ရပ်ရွာ၊ သွားစပါလည်း၊ အစာ အစား၊ မယှားပါးဘဲး၊ ရောက်သွားရာရာ၊ ပူဇော်လာ၏၊ ရာဇာ စောရ၊ ထားပြ ခိုးသူ၊ ကလူ နိုင်ထက်၊ မနှိပ်စက်ရာ၊ မျက်နှာ ချစ်†ဘွယ်၊ လ,သ†ဖွယ်နှင့်၊ ပွဲလယ် အထူး၊ ရဲးဂုဏ် မြူးလျက်၊ ကျေးဇူးသတင်း၊ ကျော်ခြင်း မိုးပျံ၊ ခြံရံ မကွဲး၊ အမြဲး မကွေ၊ ကြက်သရေ နတ်နှယ်၊ တင့်တယ် ပွင့်လင်း၊ ဆင်-မြင်း ကျွဲ-နွား၊ လယ်ယာများနှိုက်၊ စပါး *စံနှံ၊ သီးခွံ မပျက်၊ တောင့်ထက် ချောက်ကမ်း၊ စွဲးလမ်း လွတ်ကွာ၊ ကျတုံပါလည်း၊ တည်ရာ ရငြား၊ သားနှင့် သမီး၊ ညောင်ပင်ကြီးသို့၊ *ခိုင်ဖြီး ခြေမြစ်၊ မြဲးမြံ ဖြစ်ဟု၊ စင်စစ် မှန်လှ၊ ဟောဘော်ပြသား၊ ဒသမိတ္တ၊ ပူဇနဂါထာ၊ ဤဆယ်ဖြာကို၊ ကောင်းစွာ နားလည်၊ မှတ်သား တည်လော့၊” “လူ့ပြည်ဘဝ၊ လူ့လောကနှိုက်၊ ဒိဋ္ဌ တမလွန်၊ ကျိုး နှစ်တန်ကို၊ အမှန် မုချ၊ မမြင်ကလျှင်၊ အန္ဓစက္ခု၊ လူဟုမည်ကာ၊ ပညာမျက်စိ၊ မရှိ ဖြစ်ဆန်း၊ နှစ်ဘက်ကာဏ်းတည့်၊ လူမှန်း သိ†ရုံ၊ ကံ မ†ယုံဘဲး၊ မစုံ မလင်၊ မျက်မှောက်တွင်သာ၊ အမြင် ဒိဋ္ဌ၊ တဘက်လှကား၊ ဧကစက္ခု၊ နှစ်စု အကျိုး၊ စုံပြည့်*ဖြိုးအောင်၊ ထိုးထိုးထွင်းထွင်း၊ မြင်တတ်လျှင်းမူ၊ ထိုသသူကို၊ လူတွင် ပဏ္ဍိ၊ မည်ယှိ ခေါ်ပြု၊ ဒွိစက္ခုတည့်၊ မောင်ပု ရွှေစင်၊ ဘ, သက်တင်လည်း၊ အမြင် မျက်စိ၊ နှစ်ဘက်ယှိအောင်၊ သတိ သမ္မာ၊ ကင်း မကွာဘဲး၊ ပညာ ဝမ်းတွင်၊ အမြဲး ထင်၍့။။ ဆင်ခြင် *တိတ်တွေး *စာနာတည်း။”(၈၇)

(၂၅၇) “အပြစ် ကင်းစွာ၊ နိပ္ပရာဓ၊ ဒေါသ*မဲ့ငြား၊ သူမြတ်များအား၊ ပြစ်မှားတုံထ၊ မိုးပေါ် လ,ကို၊ စိတ်က ငြူစူ၊ ပစ်သော့ မြူသည်၊ ပစ်သူသို့သာ၊ ကျရောက်လာသို့၊ မှန်စွာ အပြီး၊ နောက်ပိုး စီးလျက်၊ မြေကြီး မျိုရှောင်း၊ မိကျောင်း သစ်-ကျား၊ ဖမ်းစား ဘီလူး၊ ရေကူး လှေမှောက်၊ စိတ်နောက် သွေးအန်၊ စက်ပျံ မိုဃ်းကြိုး၊ ပြစ် ရှစ်မျိုးနှင့်၊ လွှမ်းမိုး ပြင်းစွာ၊ ဝေဒနာ ကြီးမား၊ လျော့ပါး စည်းစိမ်၊ နေအိမ် မီးလောင်၊ ကုန်အောင် ကျွမ်းသက်၊ ကျိုး-ပျက် အင်္ဂါ၊ နူနာ စိတ်ဘောက်၊ ကျရောက် မင်းဒဏ်၊ မမှန် စွပ်စွဲး၊ ပြိုကွဲး မျိုးဆွေ၊ ရွှေ-ငွေ ကျွဲ-နွား၊ ယွင်း-ဘောက်ပြားသား၊ ဆယ်ပါး မျက်မှောက်၊ ဒဏ်ကြီး ရောက်၍့၊ နောက်နှိုက် အမြဲး၊ သေ ဘောက်လဲးသော်၊ ငရဲး ကြီးစွာ၊ လားတို့†ရာ၏၊” “အရိ†ယာစစ်၊ ဖြစ်သား တမူ၊ မြတ်သောသူကို၊ အရိယူပဝါ၊ ယုတ်မာစကား၊ ဒေါသအားဖြင့်၊ ပြစ်မှား ချွတ်လွဲး၊ စွပ်စွဲ ဖရုသ်၊ ဆဲးဆိုခုတ်သား၊ ကြမ်းကြုတ် ဝစန၊ နှုတ်ဓားမလည်း၊ သူမျာ့း ကိုယ်မှာ၊ အရာ မယှိ၊ မိမိကိုသာ၊ ဖြစ်တတ်စွာ၏၊ “အရိယာ ပြစ်မှား၊ ဆိုးဝါး မိုက်ညစ်၊ ထိုကံပြစ်ကား၊ စင်စစ် ကြီး†မား၊ ဟူတုံငြား၏၊ ပြစ်†မှား သူ့ထံ၊ *ကျိုးနွံ ခ,ယ၊ တောင်းပန်ကလည်း၊ ပျောက်ပ,စမြဲး၊ မလွဲး ဧကန်၊ မတောင်းပန်က၊ သေလွန် ထုတ်ချောက်၊ ငရဲးရောက်၏၊ မီးလောက် ထင်ငြား၊ သူမြတ်များကို၊ မမှားအပ်စွာ၊ ရှားတို့†ရာ၏၊”အရိ†ယာစစ်၊ မဟုတ်ဖြစ်စေ၊ “အပြစ်*မဲ့ဘိ၊ သီလ ယှိသား၊ တိရစ္ဆာန၊ အဟိတ်မျှလည်း၊ ဒေါသအမှု၊ ပြစ်မှား ပြုက၊ ယခုဘဝ၊ ဤဒိဋ္ဌပင်၊ ဒုက္ခ ပြစ်ဆိုး၊ မကောင်း†ကျိုးဖြင့်၊ မိုဃ်း†ကြိုး လောင်မီး၊ ကျ ပျက်စီးရှင့်၊” “*အတီး ရှေးခါ၊ တော ဟေမာဝယ်၊ ပညာ ဇာတိ၊ မွေးကျိုး သိ၍့၊ မွေးမိ မွေးကြ၊ နန္ဒိယဟု၊ ရွယ်လှ ဆင်းရောင်၊ မျောက် ညီနောင်ကို၊ နှစ်ကောင်လုံးပင်၊ ပစ်သတ်ကျင်၍့၊ အိမ်တွင်အသီး၊ လောင်းမီး ကျငြား၊ သမီး သားနှင့်၊ မယား*၄င်း၊ ကိုယ်ပါ ပေါင်း၍့၊ အလောင်း လေးခု၊ တစုတည်းသာ၊ ဖုတ်ရစွာ၏၊” “လူ့ရွာ လူ့ဇစ်၊ လူဟုဖြစ်လည်း၊ အနှစ် မငံ့၊ အနံ့ မပါ၊ ပွင့်ရုံသာမျှ၊ ပန်းရာ မသွင်း၊ ဂုဏ်*မဲ့ ကင်းလျက်၊ မသင်း †မကြူ၊ တလူလူဖြင့်၊ ဝါး†-ကျူပမာ၊ မဖြစ်ရာဘူး၊” “မိစ္ဆာဝါဒ၊ ကျင့် ပါပနှင့်၊ ဉာဏ ကင်းဘိ၊ လူ့ဒိဋ္ဌိတို့၊ ပြုမိ ပြုရာ၊ ပြုတတ်စွာ၏၊ သမ္မာ မချစ်၊ ထိုသူညစ်ကား၊ လူဖြစ်တုံမြောက်၊ လူ့ရွာ ရောက်လည်း၊ တခေါက် တဘန်၊ နောက် မပြန်ဘဲး၊ လေးတန် ပါယ်ရွာ၊ အိမ့်ပမာလျှင်၊ နေရာ မလွဲး၊ တည်အမြဲးဖြင့်၊ ဆင်းရဲး *ဖက်ထစ်၊ ဒုက္ခ နစ်သည်။။ လူဖြစ် တကြိမ် တခါတည်း။”(၈၈)

(၂၅၈) “လူဟု ဖြစ်လာ၊ လူတို့ရွာနှိုက်၊ ငါသာ တတ်သိ၊ ပညာယှိဟု၊ ဟူဘိ တယောက်၊ သို့လောက် စကား၊ တရားပင်လော၊ နှိပ်သဘောဖြင့်၊ ပြောတတ်သောသူ၊ ငါတမူလည်း၊ တဆူ ကဝိ၊ ပဏ္ဍိဟူငြား၊ ဤစကား,ကား၊ ဘုရား ဟောမြွက်၊ ဘယ်ကျမ်းထွက်နည်း၊ အပျက် ပြုလို၊ ဆိုသူ တဦး၊ အထူး ထွေပြား၊ ငါကား ပညာ၊ မယှိပါဟု၊ ရှောင်ကာ ဆိုမြောက်၊ သူတယောက်နှင့်၊ အလျောက် ပြောတုံ၊ ငါ မယုံသေး၊ ပေးလော့ ပါဠိ၊ ညှိလော့ ကျမ်းဂန်၊ နှုတ်လှန် ပယ်ရှား၊ ယောက်ျား တမျိုး၊ သိနိုး တတ်ယောင်၊ ဟန်ဆောင်မူတတ်၊ မမြတ်ဝါဒ၊ ဝိတဏ္ဍဟူ၊ ခြောက်ဦးလူတည့်၊ အယူ မမှန်၊ ဉာဏ် ပြဒါးပွတ်၊ တရား †လွတ်၏၊ ပေါက်†လွှတ် မမြဲး၊ ချွတ်လွဲး မိစ္ဆာ၊ မသမ္မာဘူး၊”အကာသဖွယ်၊ တံလှပ်နှယ်သို့၊ လူဝယ် မင်းဖြစ်၊ မာန် မယစ်နှင့်၊ မချစ်ကောင်းစွာ၊ သူယုတ်မာလည်း၊ ဘယ်ခါ မစပ်၊ မနီးအပ်ဘူး၊ ပညပ် လူ့ဘောင်၊ ချိုယှိကောင်ကို၊ အတောင် ငါးဆယ်၊ လွဲးဖယ် ခွါဆုတ်၊ ကြမ်းကြုတ် ခက်ထန်၊ ပေါက်-ကန်တတ်ခြင်း၊ ခွါရှိ မြင်းမှ၊ ကွင်းလေ တရာ၊ ဆင်မှာ တထောင်၊ *ဖဲးရှောင်အပ်ရှောင်း၊ သူမကောင်းကား၊ ဝေးကြောင်း မယှဉ်၊ ရပ်စွန့် ကြဉ်ဟု၊ အစဉ် သေချာ၊ နီတိ မှာ၏၊” “များစွာ *ပုံယင်၊ ဤ လူရှင်ကား၊ အသွင် မတူ၊ အိမ်သူ မဖြစ်၊ သူမိုက်ညစ်လည်း၊ မိုက်ညစ်ချင်းသာ၊ လူသမ္မာလည်း၊ သမ္မာ ချင်း†ချင်း၊ ပေါင်းကြ သင်း၏၊ ပြု†ခြင်း မူခြင်း၊ နှလုံးသွင်းဖြင့်၊ ဓာတ်†ချင်း မလျော်၊ သူမတော်နှင့်၊ သူတော် မြတ်-ယုတ်၊ သဘောထုတ်က၊ သမုဒြာ၊ ဤမှာ ထိုဘက်၊ ကမ်း နှစ်ဘက်နှင့်၊ ဘဝဂ် ဝီစိ၊ ဟူဘိ မက၊ ပမာ ပြ၍့၊ မမျှနိုင်ရာ၊ ဝေးကြ ကွာ၏၊” “သဒ္ဓါ ပညာ၊ သမ္ဘာ မမျှ၊ ဤ လောကနှိုက်၊ မိန်းမရတနာ၊ ယုတ်မာ ယောက်ျား၊ အတူ ထားလည်း၊ နီးပါး မသီ၊ ရေနှင့် ဆီသို့၊ မညီ စိတ်မှာ၊ ဝေးကြစွာ၏၊” “သေချာ မှတ်ယုံ၊ ရှေ့ခါ†တုံက၊ ဥ†ဒုမ္ဗရ၊ ပိင်္ဂုတ္တတို့၊ ကာလ ရှည်လျား၊ တကွ သွားလျက်၊ ယဉ်ပါး နီးကပ်၊ ကိုယ် မစပ်ဘဲး၊ မတပ် စိတ်တွင်၊ သဖန်းပင်ထက်၊ ဆူးလျှင် အုံကာ၊ ကင်းဝေး ကွာအောင်၊ ပစ်ခွါ မနှေး၊ စွန့်၍့ ပြေး၏၊” “ခွေးနှင့် ပတ္တမြား၊ တွေ့သော့လားသို့၊ ဘုန်းယှား ကံယှား၊ သူယုတ်များတို့၊ စံစား မထိုက်၊ ကံလျှင် မိုက်က၊ ဉာဏ်မိုက်သောအား၊ အမှားမှားတည့်၊ စီးပွား ကိုယ်မှာ၊ ချမ်းသာ ဖြစ်ကြောင်း၊ ရပါရှောင်းလည်း၊ မကောင်း ကံမြစ်၊ ကျိုး မဖြစ်ဘူး၊ သူညစ်စရိုက်၊ သူမိုက်သဘော၊ ကျင့် မနှောသည်။။ သား*စော လိမ်မောင့် လိမ္မာတည်း။”(၈၉)

(၂၅၉) “သူညစ်*တလ္လ၊ *အကံငကား၊ မာနအလိုက်၊ ဒုက္ခ ဆိုက်၏၊ သူမိုက် ခြီးမွမ်း၊ ယုတ်နွမ်း ဂုဏ်ရည်၊ ရှုတ်သည် မည်၏၊ ချစ်ကြည် သနား၊ သူမိုက်အားလျှင်၊ မြှောက်စားမိချေ၊ ဝိဒေဟ†ရာဇ်၊ ပုတ်သင်ညစ်သို့၊ မာန်†ယစ် တတ်ဘိ၊ လောင်း ဂုတ္တိလည်း၊ မုသိလမည်ငြား၊ တပည့်အားလျှင်၊ ချန်ထား မခြွင်း၊ သင်မိလျှင်း၍့၊ စောင်းချင်း ပြိုင်ရ၊ ထိုကြောင်း စ,ကြောင့်၊ ဗာလ ယုတ်မာ၊ ကွင်း သွေခွါလော့၊” “ပညာ နည်းပါး၊ တောသွား ချုံတိုး၊ လူမိုက်မျိုးတို့၊ အကျိုး မထင်၊ အမြင် မနက်၊ တယောက်တွက်နှင့်၊ လေးသက် သေအောင်၊ ကြံဆောင်တတ်ကြ၊ အချို့ကလည်း၊ ရှေးပုညနှင့်၊ ဉာဏ မယှိ၊ ဇာတိ မ*မွန်၊ ကံ မချွန်ဘဲး၊ တိုင်းစွန် ပြည်နား၊ အရပ်ကြားနှိုက်၊ မွေးဘွား လူဖြစ်၊ မျိုး မစစ်တို့၊ ကျင့် ညစ်ဆိုးတန်၊ မမှန် နှုတ်လျှာ၊ ကင်း ပညာနှင့်၊ ထင်ရာ ကြံ-ပြော၊ ဉာဏ် မနှောဘူး၊”သဘော မလှ၊ အချို့†ကလည်း၊ လော†ကနှိုက်မှာ၊ လူတို့ရွာတွင်၊ ကမ္ဘာ အခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ဉာဏ်ရောင် နေ-လ၊ တူ*တမျှသို့၊ ရှေးက ပုည၊ ကြီးလှ ထူးဘိ၊ ယှိသူတို့သာ၊ ပြီးနိုင်ရာသား၊ မဟာဂန္ဓာရ၊ ဗြဟ္မစာရီ၊ ဗေရာဂီနှင့်၊ လောကီ မုနိ၊ ကဝိ ကဝေ၊ တိဟိတ်နေတို့၊ ထားပေခဲ့ငြား၊ ပြဒါး သံသတ်၊ အဂ္ဂိရတ်ဟု၊ အတတ် သိမ်မွေ့၊ လွန် ကောက်ကွေ့သား၊ ခြင်္သေ့ ထီးဆောင်း၊ အပေါင်း ဝင်ရာ၊ ဥသာ စိန်ပန်း၊ ဒန်းလှ ကိုရှာ၊ နံသင့်†ရာနှင့်၊ အက္ခ†ရာ လေးခု၊ ဂြိုဟ် ပေါင်းစုဖြင့်၊ စတုပညာ၊ သင်္ချာအရ၊ သြသဓမျိုး၊ ဆေးရိုး အချုပ်၊ အလုပ် အချိန်၊ ဆတ္တိန်တြင်း၊ နဝင်း နက္ခတ်၊ လေးပါးဓာတ်က၊ ပါဒ် တရာ့ရှစ်၊ တွက်စစ် မတ်ပေါင်း၊ တကြောင်း အလို၊ ရှစ်လုံးဂြိုဟ်ထက်၊ ပို၍့ အထူး၊ ကိတ်နှင့် ပူးပါ၊ ဘီလူး လေးကောင်၊ လူ လေးကောင်နှင့်၊ တောကြောင်လည်း ဘက်၊ အိမ်က ကြွက်ဟု၊ သိခက်စရာ၊ လျှို့ဝှက်စွာကို၊ ပညာ နုပ်-သေး၊ ဉာဏ် တရွေးနှင့်၊ ကြံ-တွေးဆ,ကာ၊ ထင်ရာရာတိုင်း၊ မီးမှာ နေ့-ည၊ ပြာချသော့အား၊ သံ ပြဒါးနှင့်၊ ပြာကား မကျ၊ အိမ်က မကြွင်း၊ ယှိရင်း ဥစ္စာ၊ ကုန်၍့သာလျှင်၊ ကိုယ်မှာ မလှ၊ မွဲးပြာကျ၏၊ ရှေးက ကောင်းမှု၊ အပြု နည်း၍့၊ ပစ္စည်း ဥစ္စာ၊ ဉာဏ်ပညာလျှင်၊ ကိုယ်မှာ နည်းလျက်၊ ခုလည်း ကုသိုလ်၊ မပြုလိုငြား၊ အားမထုတ်ဘဲး၊ လူငမွဲးက၊ အမဲး ကြိုက်စွာ၊ ဟူစပါသို့၊ မိစ္ဆာ ဝိုးဝါး၊ အကြံ မှားနှင့်၊ ခံစားလိုငှါ၊ ကြံကြစွာ၏၊ ပါရမီ ဖြည့်ခြင်း၊ မပြုလျှင်းတဲ့၊ မာရ်မင်းကြီးပင်၊ ရွှေပလ္လင်ကို၊ လိုချင် အားကြိုး၊ လက်ရုံး ကိုး၍့၊ စစ်ထိုး လု,ကာ၊ မရစွာတည့်၊” “သမ္ဘာ *မဟဲ့၊ ကုသိုလ် *မဲ့က၊ အကဲ့ ပါးနီး၊ ရောက်လာပြီးသည့်၊ နတ်သမီးများ၊ ငါးရာအားလည်း၊ ကိုက်စားလိမ့်နိုး၊ ထင် ကြောက်စိုး၍့၊ မူဆိုး တောသား၊ ထွက်ပြေးသွားရှင့်၊ ကြီးမား သမ္ဘာ၊ လောင်းရာဇာမူ၊ နှစ်ရာ နှစ်ပေါင်း၊ စံရရှောင်း၏၊” “ကျိုး-ကြောင်း စပ်ညှိ၊ ကိုယ့် ဇာတိကို၊ မသိကုန်ကြ၊ ထိုသူကြွတို့၊ မဝ ဝမ်းစာ၊ မရှာ စီးပွား၊ တကြွားကြွားကြောင့်၊ မယားက ဆဲး၊ သားက မဲး၍့၊ ဉာဏ်မွဲး ကံမွဲး၊ အကြံ လွဲးနှင့်၊ ဆင်းရဲး ဒုက္ခ၊ *တွင်း ဆုံးကျသည်။။ ဘဝ ချူချိ ချူချာတည်း။”(၉၀)

(၂၆၀) ထိုမှ အပ၊ အချို့ †ကမူ၊ လော†က လူ့ရွာ၊ ဘုန်း သမ္ဘာနှင့်၊ *ကြမ္မာ ကြီးသူ၊ လူတို့အတွက်၊ *နိမက် နိမိတ်၊ *အတိတ် ဘာဝေါ၊ နတ်ပြော ပြဆောင်၊ သိုက်*တဘောင်ကို၊ ထင်ယောင် ထင်ဝါး၊ ကိုယ့်ဘို့လားသို့၊ ထင်မှား ယူကျုံး၊ ထင် တလုံးနှင့်၊ *လက်ရုံး မီးတောက်၊ အံ့လောက် ဘနန်း၊ ဘုန်းတန်း ကြီးသူ၊ ငါလျှင်ဟူ၍့၊ *ဗိုလ်လူ အုန်းအုန်း၊ နေယှိတုန်းကို၊ ပိုးစုန်း မီးမှုတ်၊ အားပါးထုတ်သို့၊ မဟုတ် မရာ၊ *မဲ့ပညာနှင့်၊ *ကြမ္မာ ဆိုးသူ၊ မိုက်သွေးတူသည့်၊ လူမလိမ္မာ၊ သတ္တဝါ *ခပဲး၊ ကံဉာဏ်မွဲတို့၊ ဆင်းရဲး ရကြောင်း၊ ရပ်တစောင်းက၊ မင်းလောင်းလုပ်ပြီး၊ ပေလိပ်မီးက၊ ငြင်းကြီးကို ရှာ၊ ဆိုပမာဖြင့်၊ အရာ မနီး၊ အကြံကြီးနှင့်၊ နန်း-ထီးကိုပင်၊ စိတ်ကြီးဝင်၍့၊ သို့စင် မြှောက်ကြွ၊ ကြံတတ်ကြ၏၊ ပုည စီမံ၊ ရှေးကြောင်းခံနှင့်၊ ဘုန်းကံ မတူ၊ ကြီးမြတ်သူကို၊ ပြိုင်မူ ဆက်ဆက်၊ ဆင်နှင့် ကြွက်သို့၊ ကိုယ်ပျက်မည်သာ၊ မချွတ်စွာဘူး၊” “မိစ္ဆာ မောဟ၊ မှောင့်နှယ် ကျလျက်၊ ချို့က တထူး၊ ကံစုန်းပြူးနှင့်၊ ဉာဏ်ရူး မွဲးတေ၊ လူရှုပ်တွေလည်း၊ ကဝေ နတ်မော်၊ ရူးဆေး ဘော်၍့၊ အကြော် တ†ငြာ၊ ငါ ဆရာဟု၊ ပ†ညာ ရောင်ဝါး၊ မြင်းမိုရ်ဖျားက၊ သိကြားကိုမျှ၊ ခေါ်ချနိုင်ကြောင်း၊ ဆေးကောင်း စွမ်းအန်၊ မန္တာန် သတ္တိ၊ သိဒ္ဓိ ပြီးယောင်၊ ဟန်ဆောင် ဝါကြွား၊ ထောင် ပလွှားလျက်၊ စိတ်ကား ဣန္ဒာ၊ နှုတ် ဝိဇ္ဇာဖြင့်၊ ကိုယ်မှာ ဖွတ်လား၊ ခေါင်း စုတ်ဘွားနှင့်၊ ခေါင်းပါး မွဲးပြာ၊ ဆင်းရဲးစွာ၏၊” “သမ္မာဝါယာ၊ သမ္မာသင်္ကပ်၊ မစပ် တရား၊ ကောင်းကြံ ယှားတိုင်း၊ ကြိုးစား ပမ်းစား၊ လူဝိုးဝါးတို့၊ မပွား ပညာ၊ ချည်းနှီးသာတည့်၊ ထင်ရာ မှန်းလျက်၊ မျက်ကာန်း လမ်းသွား၊ ပြုတုံငြားလည်း၊ မှန်-မှား မသိ၊ ကျိုး မယှိရှင့်၊” “မဇ္ဈိမပဋိပါဒ်၊ ဗောဓိသတ်တို့၊ အမြတ် ကျင့်မျိုး၊ လမ်းရိုး မ†မှီ၊ ပါရ†မီတရား၊ မဟုတ်ငြားဘူး၊ ဆယ်ပါး ပုည၊ ကုသလမှ၊ မုချ ကျိုးယှိ၊ သုဂတိနှင့်၊ ဗောဓိ သုံးတန်၊ မြတ်ဆုံးဉာဏ်ကို၊ ဆုပန် ပတ္ထနာ၊ ပြီးကြစွာ၏၊” “သိုက်စာ နတ်စာ၊ လုပ်ရပ်စာကား၊ ပညာအရာ၊ ရှေး*ကြမ္မာနှင့်၊ သမ္ဘာကြီးသူ၊ လူတို့အကြောင်း၊ ကောင်းဘို့ပစ္စည်း၊ မှန်သတည်းရှင့်၊ ဘုန်းနည်း ကံမွဲး၊ လူ*ဖြင်ပြဲးအား၊ ဆင်းရဲးဘို့ရာ၊ ဖြစ်သည်သာတည့်၊” “*ကြမ္မာ မကောင်း၊ အကြောင်း မလှ၊ ထိုလူကြွတို့၊ တကွ ရွှင်ဝမ်း၊ ဓာတ်ချင်း ပြွမ်း၍့၊ ခြီးမွမ်း တုံ့ပယ်၊ ကုန် ရောင်း-ဝယ်သို့၊ ဖလှယ် မြှောက်ကြွ၊ စိတ်တူကြ၏၊” “အန္တမည်ငြား၊ ငှက်နှင့် သားတွင်၊ ယုတ်ဆုံးထင်လျက်၊ အသွင် ညစ်ဆိုး၊ အမျိုး နုပ်သေး၊ အကျင့် ဝေးသား၊ မြေခွေး ကျီးနက်၊ မိုက်ခေါင်ပျက်တို့၊ ရောရှက် ကြည်ဖြူ၊ နှုတ်အမူဖြင့်၊ လိုတူ ဆန္ဒ၊ မြှောက်ဆိုကြသို့၊ ဗာလချင်း†ချင်း၊ ခြီးမွမ်း†ခြင်းလည်း၊ ကြား ပျင်းစရာ၊ နှလုံးနာ၍့၊ ပညာယှိ နား၊ အလွန် ခါးသည်။။ တရား မကြိုက် နှုတ်†လျှာတည်း။”(၉၁)

(၂၆၁) “တရား မကြိုက်၊ လျှာ ဒုစရိုက်နှင့်၊ လူမိုက် တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ လူကောင်း တယောက်၊ ပြစ်တင် ကြောက်လော့၊ ရှေ့-နောက် မဆ၊ လူ့ဗာလတို့၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး-ပြစ်၊ စိစစ် မြော်မြင်၊ မဆင်†ခြင်ဘူး၊ ဆို†ချင် မက်မော၊ ဆို *လျင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့် ရိုက်သို့၊ သူမိုက် ခြီးမွမ်း၊ ဂုဏ် နာ-နွမ်း၏၊” “ဝမ်းမမြောက်သာ၊ ဤလူ့ရွာဝယ်၊ ကျွမ်းဝင်ရာ ညွတ်၊ ကြိုက်ရာ နတ်နှင့်၊ မမှတ် ဂုဏ်ဝါ၊ ထူး မရှာဘူး၊ ကြည်ညိုရာ မြတ်၊ ချစ်ရာ တတ်၏၊ ဆတ်ဆတ် ဧကန်၊ မှန်သည် မယှိ၊ လူ့ထုံး သိလော့၊” “လောကီ့ လူတမ်း၊ လူ့နှုတ်ခမ်းကား၊ ခြီးမွမ်း ကဲ့ရဲ့၊ ဖြစ်တတ်ခဲ့ရှင့်၊ ပြစ်ဘွဲ့ ကြည်ညို၊ ပြောကြဆိုလည်း၊ ပြောဆိုသူနှင့်၊ နှိုင်းကာချင့်တည့်၊ *ယခင့် ထိုသူ၊ ယုတ်မြတ်ဟူလည်း၊ အယူ တူမျှ၊ ကြည်ညိုကြ၏၊”လူမျှသည်သာ၊ မဟုတ်စွာသေး၊ “သုရာသုရ၊ သင်္ဂါမနှိုက်၊ သက္က ဣန္ဒာ၊ ဝေစိတ္တာတို့၊ သုဘာသိတ၊ ဆိုကုန်ကြသော်၊ ဗာလတို့အား၊ ဒဏ်ထား ကြီးစွာ၊ ပြုအပ်ရာဟု၊ အသုရာမင်း၊ ရှေးဦး ကျင်း၍့၊ ဆိုလျှင်းသော့ခါ၊ အသုရာတို့၊ လွန်စွာ ရွှင်ပျို့၊ နှစ်လို့ကုန်ကြ၊ ဒေဝ အများ၊ ဝတိံသားမူ၊ နားနှိုက် မသာ၊ ခါးကြစွာ၏၊ ထိုဗာလအား၊ ဒဏ် မထားဘဲး၊ သိကြား သူဇံ၊ နတ်ဘုန်းလျှံက၊ သည်းခံအပ်စွာ၊ ဆိုသော့ခါနှိုက်၊ ဝတိံသာသား၊ နတ်အများတို့၊ ရွှင်အား ညီ†ညာ၊ ကောင်းခြီး†ငြာ၏၊ အသုရာသား၊ အောက်နတ်များကား၊ တရား*မဲ့ဘိ၊ လို မယှိ၍့၊ တုဏှိဘာဝ၊ နေကုန်ကြရှင့်၊ ဓမ္မ အဓမ္မ၊ သဘာဝနှိုက်၊ ဟီန ဥက္ကဌ်၊ ယုတ်-မြတ်ပုဂ္ဂိုလ်၊ အလို နှစ်ဘို့၊ မတူတို့ဘူး၊ ဤသို့ ခြင်းရာ၊ ဝတိံမှာလည်း၊ ဝတိံသာသား၊ တပါး အောက်ရွာ၊ အသုရာမှာ၊ အသုရာများ၊ နှစ်ပုံ ခြား၍့၊ ဓာတ်အားလျော်ရာ၊ ကြိုက်ကြစွာ၏” “ပညာ *မဲ့ထ၊ ဗာလလူကို၊ ခြီးမွမ်းဆိုသော်၊ ထိုသူ ဗာလ၊ ကဲ့ရဲ့ကလည်း၊ မုချ ပဏ္ဍိ၊ အမှန် သိရှင့်၊ မှတ်ဘိ အဟုတ်၊ လူ*အစုတ်နှိုက်၊ သူယုတ်သဘော၊ ဓာတ် မနှော၍့၊ မြတ်သောသူကို၊ မကြည်ညိုဘူး၊ အလို စက္ကဝါ၊ ဝေးကြ ကွာ၏၊” “သမ္မာ မိစ္ဆာ၊ ဤနှစ်ဖြာကား၊ ဘယ်ခါသော်မှ၊ မတူကြတည့်၊ မမျှ ကျိုး-ပြစ်၊ ကျောက်စရစ်နှင့်၊ ဖော့နှစ် *သွေးသီ၊ ရေနှင့် ဆီသို့၊ မညီ စင်စစ်၊ ပေါ်-နစ် ဆန်-မျော၊ မနှီးနှောသည်။။ သဘော အောက်-ထက် *ကြေ†ညာတည်း။”(၉၂)

(၂၆၂) ဒုရာဇီဝ၊ ဒုကမ္မနှင့်၊ ပါပ သက်မွေး၊ အပါယ်ဘေးကို၊ မတွေးကြောက်တတ်၊ သက်သတ် ခိုးစား၊ စသောအားဖြင့်၊ ငါးပါးသီလ၊ စာရ *မဲ့မျိုး၊ မူဆိုး တငါ၊ ကျင့် ယုတ်မာတို့၊ ရံခါ တရား၊ ကျင့်ငြားသော်လည်း၊ စောင့်စည်း မယှိ၊ ပျက်လွယ်ဘိ၏၊” “ဇာတိ နွယ်ရိုး၊ အမျိုး ကျင့်မြဲး၊ စွန့်နိုင်ခဲးစွ၊ မလွဲး မှတ်ယုံ၊ ပြည့်စုံ အသိ၊ မျိုးဇာတိနှင့်၊ ကျင့်ယှိ ထိုလူ၊ မြတ်သည့်သူကား၊ စင်ဖြူ မျိုးနွယ်၊ ကျင့် မပယ်တည့်၊ ဆင်စွယ် မှန်ငြား၊ ပိုးမစားသို့၊ တရား လွဲး*လက်၊ ကျင့် ယွင်းဖျက်၍့၊ အသက် ဆုံးစေ၊ သေသော် သေဘိ၊ ဂတိ လေးပါး၊ မဘောက်ပြားဘူး၊ သိကြားမင်းစစ်၊ ဖြစ်စိမ့်လည်းဟူ၊ ဆိုတုံမူလျက်၊ အယူ မပျက်၊ *နရက်ဝှန်†ခြောင်း၊ ကြိမ်ပိုက်†ချောင်းနှိုက်၊ ဥက္ခောင်း ဦးဆောက်၊ ကျလိမ့် ချောက်လည်း၊ မဘောက် မပြား၊ မမှောက်မှားဘူး၊” “တရား မကြိုက်၊ ဒုစရိုက်နှင့်၊ သူမိုက်တို့ကို၊ မလို ဝေးစွာ၊ ကြဉ်ရှောင်ရာ၏၊ မိစ္ဆာဒိဋ္ဌိ၊ ယူဘိ တိမ်းစောင်း၊ သူအပေါင်းကား၊ အကြောင်း မရှု၊ မကောင်းမှုကို၊ မပြုဟူသည်၊ တမည် မယှိ၊ ပြုသည်တိကြောင့်၊ ဝီစိ*အထဲး၊ ငရဲးဘဝ၊ ယေဘုယျဖြင့်၊ မထနိုင်ပြီ၊ ပထဝီ ဂေါပက၊ ဟူထတုံဘိ၊ သုဂတိမျှ၊ မသိ ဝေးကွာ၊ လူ-နတ်ရွာနှင့်၊ ဖီလာ ကွယ်ထောင့်၊ မြေစောင့် ဝဋ်ငုတ်၊ မပြုတ်နိုင်စွာ၊ ငရဲးရွာဝယ်၊ မီးစာဖြစ်လျက်၊ ကမ္ဘာပျက်လည်း၊ စကြဝဠာ တပါး၊ ပြောင်းသွား ခံရ၊ မလွတ်ကြတည့်၊ နိယတမိစ္ဆာ၊ ပြစ်ကြီးစွာ၏၊ ကမ္ဘာသာ †ကြေ၊ ကံ မ†ကြေဘူး၊ အာသေဝန၊ ပစ္စယဖြင့်၊ ဘဝ ဆက်ဆက်၊ ယူ မပျက်ဘဲး၊ *နရက်နှိုက်သာ၊ ကျင်လည်ရာ၏၊”သည်းချာ ချစ်သား၊ ယူ မမှားနှင့်၊ “တရား မမြော်၊ မသူတော်ကို၊ ပေါင်းဘော်သမျှ၊ ဒုက္ခညီးညီး၊ လောင်သည့်မီးသို့၊ ပျက်စီးတတ်စွာ၊ မချမ်းသာဘူး၊ ဆရာ မိ-ဘ၊ ဆုံးမစကား၊ မလိုက်ငြားလည်း၊ ပျက်ပြား ဆင်းရဲး၊ ဖြစ်မြဲး ဧကန်၊ မသွေလှန်တည့်၊ အမှန် မုချ၊ ယွင်း မခွရှင့်၊” “*မဆွ ရှေးက၊ သုပတ္တဟု၊ လင်းတ ကျေးသား၊ ဘ, စကားကို၊ နားမထောင်ချက်၊ ဆုံးမ ခက်ကြောင့်၊ ပျံတက် ကောင်းကင်၊ ပင်လယ်ပြင်ဝယ်၊ လေသင်တုန်း ဖြတ်၊ လှိုင်းဟုန် ခတ်၍့၊ သက်ပြတ် ကြေမွ၊ သေကုန်ကြ၏၊ မိ-ဘ,စကား၊ နားထောင်ငြားက၊ သံပြား ကျောက်စောင်း၊ ကျိုသော် ပျောင်းဟု၊ သူဟောင်း ရှေးလွန်၊ ဆိုမိန့် ညွှန်၏၊”သား*မွန် မှတ်သား၊ သတိထား၍့။။ တရား ကိုယ်နှင့် မခွါတည်း။ (၉၃)

(၂၆၃) တရား ကိုယ်မှာ၊ စဉ် မခွါနှင့်၊ “ဝါစာ ဖရုသ်၊ ဓားနှယ် ခုတ်လျက်၊ ကြမ်းကြုတ် မျက်ရှိန်၊ နှုတ်ပုဆိန်ဖြင့်၊ မမြိန် ငေါက်ဆတ်၊ သူယုတ်-မြတ်အား၊ ပြောတတ်ကုန်ဘိ၊ လူ ပါပိတို့၊ မိမိ ကိုယ်ကို၊ အပျက် လို၍့၊ တူးဖြို ဆက်ဆက်၊ မိမိ ဖျက်သည်၊ မည်တုံလတ်၏၊ ပေါက်လွှတ်တရား၊ သူတပါးကို၊ *လောက်လား*မဲ့စွာ၊ မပြုရာဘူး၊”ရာဇာ*သနင်း၊ မင်းတို့အမျက်၊ ကမ္ဘာပျက်သို့၊ ထွက်က မရှောင်၊ မီ့းနှယ် လောင်၏၊ သိမ်းဆောင် ဉာဏ၊ ငြိမ်းအောင် ချ၍့၊ ဒေါသ ပယ်ခွာ၊ မျက် နည်းစွာလျက်၊ ရတနာ တဆူ၊ ဘ,သည်းအူလျှင်၊ *ဗိုလ်လူ များစွာ၊ သတ္တဝါအား၊ မေတ္တာ သနား၊ ကိုယ် မခြားအောင်၊ တရား ဂုဏ်နှစ်၊ မြဲးစေရစ်လော့၊ “မစစ် အမျိုး၊ ကျင့် မူဆိုးနှင့်၊ မရိုး ကောက်ကျစ်၊ စည်းစိမ် ယစ်၍့၊ မိုက်ညစ်သဘော၊ *မနော ရင်း†ကျည်၊ စိတ်မြူနည်ဖြင့်၊ မ†ကြည် ငေါ်ငက်၊ အောင့်သက် ငြူစူ၊ ကိုယ့်အောက်လူတို့၊ *ပအူ ပစေး၊ ပလေး *ပလာ၊ ရံခါ ပြစ်မှား၊ ပြုတုံငြားလည်း၊ သိကြား ဒေဝိသ်၊ ဝေပစိတ်၏့၊ မဆိတ် မညံ၊ ကျိန်း-ဆဲးသံကို၊ သည်းခံသမှု၊ ပြန်ပြုမမူ၊ မျက် မရှူသို့၊ အယူ အပြစ်၊ လွဲးစေရစ်လော့၊” “လောင်ခြစ် ပွက်ဆူ၊ မျက်ထွက်သူကို၊ တုံ့မူ အမျက်၊ ပြန်မထွက်က၊ အောင်ခက် နိုင်ခဲး၊ စစ်မြေထဲးဝယ်၊ အောင်ပွဲးရသည်၊ သူဟုမည်ရှင့်၊ မကြည် စိတ်ခက်၊ အမျက်ထွက်သူ၊ ထိုသည့် လူနှင့်၊ အတူ ပြန်လျက်၊ မျက်-မာန် ထွက်သော်၊ ရှေးထက် နောက်လူ၊ မိုက်သောဟူ၏၊ မှတ်ယူ ပိုက်ကျုံး၊ နှလုံးထဲး နစ်၊ စွဲးစေရစ်လော့၊ မုန်း-ချစ် နှစ်တန်၊ လူတို့ဌာန်ဝယ်၊ အမှန်သဘော၊ မယှိသောရှင့်၊ လောကီ့*အစုတ်၊ လူတို့ နှုတ်ကား၊ မဟုတ်လည်း ပြော၊ ဟုတ်လည်း ပြော၏၊”မင်း*စော သားချစ်၊ မာန် မယစ်နှင့်၊ ခံလစ် သည်းညဉ်း၊ သာ ညံ့ဖြည်း၍့၊ အောင့်ဆည်းနိုင်ဘိ၊ မြတ်ခေါင်ထိ၏၊ အဓိဝါသီ၊ ခန္တီမည်ငြား၊ ဤတရားကို၊ လွန်အားကြီးစွာ၊ သူ*တကာထက်၊ ကိုယ်မှာ အစဉ်၊ မြဲးယှဉ် စင်စစ်၊ ကဲးစေရစ်လော့၊ “မချစ် လူများ၊ မပွား နှလုံး၊ ဆိပ်တုံး ပြည့်ဆူ၊ မြွေဟောက် တူသို့၊ ရန်သူ *ဖြင်ပေါ၊ အပြစ် *ပြောလျက်၊ သေသော နောက်ဝယ်၊ အပါယ် ဆတ်ဆတ်၊ လားစေတတ်ဟု၊ ဟောမှတ် ဘော်ပြ၊ အက္ကောသ၏့၊ ပ ဉ္စ ဒေါသာ၊ ဒေသနာကို၊ သေချာ ပိုင်းဆစ်၊ ဆင်ခြင် စစ်လျက်၊ အပြစ် ပြုလို၊ ဒေါသ ပို၍့၊ သူ့ကို မုန်းထား၊ မျက် မပွားသည်။။ တရား သူတော့်ဥစ္စာတည်း။”(၉၄)

(၂၆၄) သူတော့် ဥစ္စာ၊ မြဲးမြံစွာလော့၊ ရံခါ ဘယ်မှ၊ မချရဘူး၊ လုံ့လ၍့သာ၊ တည်စေရာ၏၊ “သဒ္ဓါ သီလ၊ လှူ စာဂဟု၊ ရှေးက ကောင်းမှု၊ တဦး ပြုသည့်၊ ကုသိုလ့် အကျိုး၊ ဘုန်းကံမျိုးကား၊ ခိုး၍့ မရ၊ မှန်တုံစွတည့်၊ ပုည သိရီ့၊ မယှိသော့သူ၊ ဘုန်း*မဲ့လူတို့၊ ခိုးယူအံ့ ကြံ၊ သူဘုန်းကံကို၊ အထံ လာရောက်၊ လှူခံမြောက်လည်း၊ ကြမောက် ပတ္တမြား၊ တောင်ဝှေးဖျားနှင့်၊ မယားဥက္ခောင်း၊ တောင်းတိုင်း ပြောင်းရှင့်၊” “ကံဟောင်း မပါ၊ မရသာဘူး၊ သမ္ဘာ ချို့တဲ့၊ လူဘုန်း*မဲ့၏၊ အကဲ့ လက်တွင်း၊ ရောက်တုံလျှင်းသား၊ မင်းဖြစ် ပံ့သကူ၊ ဟင်းဆူဆူကို၊ ရေယူ လှိုင်းဝှေ့၊ တိုက်သူ့ ရှေ့သို့၊ ဆောင်၍့ လျှင်ကြောင်း၊ ပို့ရရှောင်း၏၊ မိုးကောင်း ဆင်ဖြူ၊ ရပါမူလျက်၊ ရသူ ဘုန်း*မဲ့၊ ဖြစ်ခဲ့ရကား၊ မတန်ငြား၍့၊ တပါး ထိုက်ရာ၊ ပျံသွားပါ၏၊” “ရတနာဟူတုံ၊ တစုံ တခု၊ ဝတ္ထုအမျိုး၊ အဘိုး နဂ်ပြည့်၊ ပြည်တန်လှည့်လည်း၊ သုံးမည့်သူက၊ သုံးမကျလျှင်၊ မြေမှ ထင်စွာ၊ ကြက်ယက်ရာနှိုက်၊ ရတနာ ပတ္တမြား၊ ပေါ်သော့လားသို့၊ သုံးစားမဝင်၊ ဘိုး မထင်ဘူး၊”ရွှေစင် သည်းအူ၊ မှတ်နည်းမူလော့၊ “လူလည်း မတတ်၊ နတ်လည်း မတန်၊ ကမ္မန္တရ၊ ဝိသေသကို၊ အနန္တဉာဉ်၊ စံ မယှဉ်သည့်၊ သဗ္ဗညုဖျား၊ ဉာဏ် ဆယ်ပါးနှင့်၊ ဘုရားတို့သာ၊ သိပိုင်ရာ၏၊ *ကြမ္မာ ရှေ့ပြေး၊ အကျိုးပေးမည့်၊ ရှေးကုသိုလ်ကံ၊ ကြောင်းခံ ကြီးမင်း၊ ယှိတုံလျှင်းက၊ လူပျင်းဖြစ်လျက်၊ သင်္ဘောပျက်လည်း၊ အသက် မသေ၊ ရေမှာ မမွန်း၊ ကျွန်းသို့ ရောက်ငြား၊ မဆုံးပါးဘူး၊ ပတ္တမြားမျက်ပျံ၊ ရောင်လျှံ ဝင်းထိန်၊ ပုဆိန် မုရိုး၊ နို့ဓမ်းအိုးဟု၊ လေးမျိုး စကြာ၊ ရတုံပါ၍့၊ ဗာရာပြည်ကြီး၊ နန်းထီး တကွ၊ စိုးပိုင်ရ၏၊ ထိုမှ တဖြာ၊ ရှေးသော့ခါနှိုက်၊ မဟာဇနက၊ နိဂြောဓနှင့်၊ ဗြဟ္မဒတ္တ၊ နန္ဒိယမင်း၊ ဥယျာဉ်တွင်းဝယ်၊ အိပ်ရင်း စင်စစ်၊ မင်းဖြစ် ရထား၊ ဆိုက်ငြား ရောက်လာ၊ *သာလကာတည့်၊ ကြံပါ ချွတ်လွဲး၊ မကြံဘဲးလည်း၊ ဖြစ်မြဲးတတ်စွာ၊ ဟူစပါ၏၊” “ဝါယာ *ကုတ်ကော်၊ မဆော် မ†လှုံ့၊ မ†လုံ့ မလ၊ ဖြစ်ကြောင်းစကား၊ ရှေးက *ကြမ္မာ၊ ကြီးသူသာတည့်၊ ယှဉ်ကာ ထိုနှင့်၊ မ*နှုန်းသင့်ဘူး၊ အခွင့် ဆိုး-ကောင်း၊ မမြင်တောင်းခဲ့၊ အကြောင်း ယှိရာ၊ အကျိုး လာ၏၊ ကောင်းငှါ ဆိုးငှါ၊ ရှေး*ကြမ္မာလျှင်၊ ခွင့်သာ ရောက်ငြား၊ ထိုသူ့အားကို။။ ဘုရား မပယ်နိုင်စွာတည်း။”(၉၅)

(၂၆၅) ရှေးက ပုည၊ ဝိသေသကြောင့်၊ ကမ္မတန်းခိုး၊ ကံ့အကျိုးဖြင့်၊ အစိုးရခြင်း၊ မင်းဟု ဖြစ်ဘိ၊ ဘုန်းသိရီ့ကား၊ ယှိယှိသမျှ၊ ရေက ကြည်းဖြစ်၊ အနှစ် ဥစ္စာ၊ ရတနာသို့၊ တည်ရာ နေရာ၊ လာရောက်ရာတည့်၊ “သဒ္ဓါဟူငြား၊ ဤတရားလည်း၊ လမ်းသွား သံသရာ၊ သတ္တဝါ၏၊ လူ့ရွာ နတ်ဌာန်၊ နိဗ္ဗာန် ထုတ်ချောက်၊ အဆုံးရောက်အောင်၊ ခြီးမြှောက် ဥပ၊ နိဿယဖြင့်၊ မ,စ မကွာ၊ လိုက်၍့သာလျှင်၊ ကလျာဏစစ်၊ ခင်ပွန်းချစ်သို့၊ ဖြစ်ဖြစ်သမျှ၊ ဘဝ ထိုထို၊ ရတိုင်း ကိုယ်နှိုက်၊ အလိုယှိရာ၊ ပေးတတ်စွာ၏၊ သဒ္ဓါ ရှေးက၊ *မဲ့ကြသော့အား၊ ထိုသူများကား၊ စီးပွား ချမ်းသာ၊ လုပ်ဆောင်ပါလည်း၊ လိုရာ မပြီး၊ မီးနှင့် မပြတ်၊ ဖျက်ရှို့တတ်သည်၊ ဗိသျှတ် ကရိုဏ်း၊ သင့်သောတိုင်းဖြင့်၊ သုံးပိုင်း ပျက်စီး၊ ချည်းနှီးမျှသာ၊ ဖြစ်တတ်စွာ၏၊ ပညာ နှိုင်းညှိ၊ ဆင်ခြင် သိလျက်၊ သတိ မ†လျော့၊ မမေ့†လျော့နှင့်၊ သူတော့်ဥစ္စာ၊ ကျင့် သမ္မာကို၊ ဘယ်ခါ မချ၊ ကြိုး လုံ့လလော့၊” “မိ-ဘ နှစ်ဖြာ၊ စင်ကြယ်စွာလျက်၊ မဟာဝံသ၊ ခတ္တိယဇာတ်၊ မျိုး ဥက္ကဌ်နှိုက်၊ အမြတ် သန္ဓေ၊ တိဟိတ်နေ၍့၊ စက်ရွှေ ဘွားတွင်း၊ စက်မင်းရုပ်မှ၊ ကြွင်းသမျှတိ၊ တရာ့ခုနစ်ဖြာ၊ လက္ခဏာနှင့်၊ စကြာလောင်းစစ်၊ ဖြစ်လင့်*တပဲး၊ စွန့်ကြဲး မယုတ်၊ စောင့် ကိုယ်-နှုတ်ဖြင့်၊ ဥပုသ် ဗြဟ္မ၊ စရိယကို၊ လုံ့လ မြဲးမြံ၊ ကျင့် *ခြိုးခြံမှ၊ စက်ပျံရတနာ၊ ရောက်လာတုံမြို့၊ နတ်တို့ ဆောင်ယူ၊ ဆက်သောဟူ၏၊”သားဖြူ မင်းပျို၊ မှတ် နာချိုလော့၊ “စိန်ကို အစောက်၊ ကျောက်ကို မှောက်မှ၊ ဘိုးရောက် ကဲးလွန်၊ ဂုဏ်ရည် *မွန်၏၊ ထို့ဟန် ပ†မာ၊ လူတို့†မှာလည်း၊ သဒ္ဓါ ပတ္တမြား၊ မောက်မောက်ကြွားလျက်၊ ပိုင်းခြား လက္ခဏာ၊ ရှုတတ်စွာသား၊ ပညာ ဝရဇိန်၊ နတ်ပစ်စိန်လျှင်၊ ချိန်ရာ မယွင်း၊ မြင်းမိုရ် ထွင်းသို့၊ ထုတ်ချင်း မတွန့်၊ ရွယ်တိုင်း *ကွန့်အောင်၊ သွယ်ညွန့် သွန်းသွန်း၊ မြိုက်မြိုက်ချွန်းလော့၊ တု*ကျွန်းဘက် ကွာ၊ ရတနာတိ၊ နှစ်ဖြာ ထင်ရှား၊ ဤတရားကို၊ မှတ်သား ပိုက်ထုပ်၊ ဝမ်းဝယ် မြှုပ်လော့၊ မြေပုပ်လည်း ချ၊ ငါလည်း မ,ဟု၊ မူလထက် ပေါင်း၊ မူလီ လောင်းလျက်၊ ကံဟောင်း ကံသစ်၊ ထပ်ရစ် အားပေး၊ နှစ်ပါး ထွေး၍့၊ နှောင်း-ရှေးအဟုန်၊ ကုသိုလ်ဂုဏ်ဖြင့်၊ ရေစုန် ရွက်တိုက်၊ ရေကြောလိုက်သို့၊ စိုက်စိုက် *လက်ငင်း၊ ကြာမတင်းသည်။။ ဝင်းဝင်းရောက်လိမ့် စ†ကြာတည်း။ (၉၆)

(၂၆၆) စကြာ ရောက်ကြောင်း၊ စကြာလောင်းတို့၊ ကျင့်ဟောင်း အဟုတ်၊ မြဲး မယုတ်သား၊ ဥပုသ် စရိယာ၊ အင် ရှစ်ဖြာထက်၊ မေတ္တာ လောင်းထ၊ နဝင်္ဂလည်း၊ ကာလအစဉ်၊ ကင်း မကြဉ်နှင့်၊ ယှဉ်စေ မပျက်၊ ကျင့် ဆောင်ရွက်လော့၊ “အဘယ် မမျှ၊ ကိုယ့်အောက်ကျသား၊ ဟီနလူမျိုး၊ မျက်မုန်းကျိုး၍့၊ တစိုး တစိ၊ ပြစ်မှားဘိလည်း၊ စိတ်ရှိ ငြိုးထား၊ မျက် မပွားလင့်၊ ပတ္တမြားဂူ၊ ဝက် ငြူစူ၍့၊ ရွံ့မြူ ညစ်စေ၊ ပွတ်လေလေတိုင်း၊ သရေ မညှိုး၊ ရောင်ဝါ တိုးသို့၊ တန်းခိုး ထင်ရှား၊ ပွားထက် ပွားလစ်၊ သစ်ထက် သစ်လိမ့်၊”ရှေးဖြစ်ကာလ၊ “ဘုရာ့းအလောင်း၊ ထောင် ဆင်ပေါင်းနှင့်၊ စံ*ညောင်းလတ်သော်၊ ညီတော် အားပြိုင်၊ စစ်ရေးဆိုင်က၊ နိုင်တော်မူလျက်၊ အသက် ဇီဝ၊ သတ် မချဘဲး၊ ဗလကြီးမား၊ ငါ့ခွန်အားကို၊ အများ သိစေ၊ ပြုတုံပေဟု၊ *ဗိုလ်ခြေပွဲးတွင်း၊ လောင်း ဆင်မင်းလျှင်၊ ထင်လင်း ကြည်ဖြူ၊ မိန့်တော်မူလျက်၊ မယူ အပြစ်၊ ကျေးဇူးဖြစ်အောင်၊ ဂုဏ်လစ် ဘော်ပြ၊ ခြီးမွမ်းစွရှင့်၊”ရှေးက ပူရဏ်၊ ကျမ်းမိန့်ဟန်ကို၊ ရွှေဉာဏ် ယူဆ၊ သဘောကျလော့၊ “လောကနှိုက်မှာ၊ လေးစွာ ကျောက်ထီး၊ ထိုကျောက်ထီးထက်၊ လူကြီး မိ-ဘ၊ ဆရာ စသား၊ ဆုံးမစကား၊ ထို့စကားထက်၊ ဘုရားနှုတ်နက်၊ ဓမ္မစက် အစစ်၊ လေးဆုံး ဖြစ်၏၊ ဘွင့်လှစ်သဘော၊ မြတ်ရှင်*စောတို့၊ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊ မွေ့သိမ် *နက်ကိ၊ ပါဠိ ထင်ရှား၊ ဟောမြွက်ကြားတိုင်း၊ တရား မထောင့်၊ အမှန် စောင့်က၊ စောင့်သည့်တရား၊ စောင့်သူအားကို၊ မမှား ဆတ်ဆတ်၊ စောင့်သတတ်တည့်၊ ယွင်းချွတ် မယှိ၊ ဟုတ်လှဘိ၏၊ သု-စိ-ပု-ဘား၊ စကား လေးသုံး၊ စွဲးသုံး လေ့လာ၊ မလွတ်ရာဘူး၊ သမ္မာဝါဒ၊ မြဲး မခွနှင့်၊ ကိုယ်မှတပါး၊ များလှတုံစွာ၊ သတ္တဝါအား၊ ကြင်နာ ဝမ်းထဲး၊ ညှဉ်းဆဲ မပြု၊ စက္ခု နား-နှာ၊ ခြောက်ဖြာ ဣန္ဒြေ၊ စောင့်တွေ ဆုံးမ၊ ဓမ္မေနဖြင့်၊ ရှာထ ဥစ္စာ၊ ကိုယ်မှာ နိစ္စ၊ သီလယှိမျှို့၊ ထိုလူတို့ကား၊ ကောင်းဘို့ ကောင်းရွာ၊ ကောင်း ဇာတာနှင့်၊ ကောဇာ ကောဝိန်၊ ဆတ္တိန် တြင်း၊ နဝင်း နက္ခတ်၊ ပါဒ် ဗီဇနာ၊ ခရာ ဟူသမျှ၊ ကောင်းကြသည်ချည်း၊ ဖြစ်သတည်းဟု၊ *ရှင်နည်း လောကီ၊ မြတ်ဝါဒီတို့၊ ဝသီ ဉာဏ်စွမ်း၊ ကမ္ဘာ့တမ်းဖြင့်၊ ကျမ်း ဇောတိသတ်၊ မိန့်သတတ်ရှင့်၊ ယုတ်-မြတ် များစွာ၊ သတ္တဝါအား၊ ကံသာ မယွင်း၊ ကောင်း-ဆိုးခြင်းသည်။။ ကြောင်းရင်း ကမ္မဿကာတည်း။”(၉၇)

(၂၆၇) နည်းပါး ပုည၊ ဒုကမ္မနှင့်၊ ဘဝ လူ့ရွာ၊ လူဖြစ်ပါလည်း၊ ပညာယှိထံ၊ နည်း မခံဘဲး၊ ကံလည်း တကွဲး၊ ဉာဏ် တလွဲးနှင့်၊ ကံ†မွဲး ဉာဏ်†မွဲး၊ အကြံ မွဲးတို့၊ ဆင်းရဲး ညှိုးပိန်၊ မိတ္တဝိန်သို့၊ ကောင်းချိန် ကောင်းရာ၊ ကောင်းအခါကို၊ ဘယ်မှာ မရ၊ ဖြစ်တတ်စွ၏၊ ဓမ္မစာရီ၊ ငါလျှင်ပြီဟု၊ အညီ မလစ်၊ တရား ချစ်လော့၊ မဖြစ် ညစ်ကျယ်၊ လူဝယ် ယုတ်-မြတ်၊ မမှတ် ရိုင်းစိုင်း၊ “လူ့မိုက်ထိုင်းတို့၊ မကိုင်းညွတ်လို၊ ထွန်တုံးမျိုသည့်၊ မြွေ့ကိုယ်အလား၊ ပုံ မခြားအောင်၊ စိတ်ထား ခိုင်မာ၊ လွန်စွာ တောင့်တင်း၊ အတွင်း မာန၊ ခက်ထန်ကြ၏၊ နှိမ့်ချ မကျိုး၊ ထိုလူမျိုးကား၊ မိုးကို လက်†လှမ်း၊ မျှော့ သွေးစမ်းသို့၊ စွဲး†လမ်း မရ၊ တဆဆဖြင့်၊ မကျ အရာ၊ ယောင်ကာသာလျှင်၊ ဤမှာ ကောင်း†နိုး၊ ထို ကောင်း†နိုးနှင့်၊ နိုး†နိုးအာရုံ၊ ကာလဟုံ၍့၊ မ*ကုံ ဥစ္စာ၊ ဝိဇ္ဇာ သိပ္ပ၊ *မဲ့တတ်ကြရှင့်၊ ဓန ပညာ၊ *မဲ့တုံပါသော်၊ ဥစ္စာ မယှိ၊ ကတိ မတည်၊ လူမမည်ဘဲး၊ လူရည် မသွင်၊ ပွဲးလယ်ခွင်သို့၊ မဝင် အပ၊ သုံးမကျဘူး၊ တဘဝလုံး၊ သက်ဆုံး အဖျင်း၊ ချမ်းသာ ကင်းရှင့်၊” “မယွင်း မှန်လှ၊ ဤလောကနှိုက်၊ မိ-ဘကိုပင်၊ ဥစ္စာမြင်မှ၊ ခင်မင် မြတ်လေး၊ သားတို့ မွေး၏၊ ပဲး-ရွေး မယှိ၊ ဘ-မိတို့အား၊ သမီး သားလည်း၊ ထံပါး နီးရပ်၊ မကပ်တုံလျှင်း၊ ရှောင်ကြ ကွင်း၏၊”လူပျင်း လုံ့လ၊ တခဏမျှ၊ ရွရွ ရိုးရိုး၊ အား မ†ကြိုးဘူး၊ မ†ကျိုး *မနွံ၊ မခံ ပင်ပန်း၊ လုပ်ဆန်း *မြောက်မြေ၊ လုပ်ငန်း ပြေရုံ၊ အနေ မကျ၊ ပြုကာမျှတည့်၊ ကိစ္စ မပြီး၊ ဖျင်းသီး ဖျင်းသုန်၊ အကြံကုန်က၊ ဂဠုန် ဆားချက်၊ သက်မွေး ခက်၍့၊ ကြက်ယက်မြေကြီး၊ ချွေး ချောင်းစီး၏၊ ယောင်တီး ယောင်တောင်၊ လုပ်မှု †ရှောင်၍့၊ ဂ†သျှောင် တကျော+ကျော၊ ကိုယ်သန့်+ကြောလျက်၊ လောကီ့ ဓမ္မတာ၊ တတ်ပညာနှင့်၊ ဥစ္စာ ရှာဘွေ၊ မပြုနေသော်၊ သေအောင် ဒုက္ခ၊ ဆင်းရဲးရလိမ့်၊” “လောကနှိုက်တွင်၊ ပျားနှင့်ယင်ကို၊ မျက်မြင် ပုံထား၊ မောင် ရှုစားလော့၊ ပျားကား အုံပြု၊ အရည် စု၍့၊ ထားမှု လိ†မ္မာ၊ နောင် ချမ်းသာ၏၊ ယင်†မှာ သော်တုံ၊ ဝမ်းဝရုံမျှ၊ အုံကာ သောက်စား၊ စုမထား၍့၊ ရှာငြား မပြတ်၊ မရ ငတ်၏၊ ဆတ်ဆတ် မုချ၊ အလသဖြင့်၊ ငယ်က ပျင်းသူ၊ ကြီးမူ ဆင်းရဲး၊ ရ,စမြဲတည့်၊”မလွဲး မှန်စွာ၊ ဘ,သည်းချာမူ၊ ပညာ သုတ၊ မင့်းကိစ္စနှင့်၊ ဓမ္မကျေးဇူး၊ နည်းနာထူးကို၊ ဆည်းပူး ရှာစစ်၊ မပျင်းရစ်နှင့်၊ မင်းဖြစ်တုံငြား၊ တရား လက်ကိုင်၊ မခိုင် ယဲ့†ယဲ့၊ ယိမ်းယိုင် †ယွဲ့က၊ ကဲ့†ရဲ့စရာ၊ မိုဃ်းနှယ်ရွာ၍့၊ မင့်းမှာ အပြစ်၊ လုံး*ဓွန်းဖြစ်လိမ့်၊ တဆစ် ထို့ပြင်၊ လေးအင် မျိုးနွယ်၊ ကြီး-ငယ် ယုတ်-မြတ်၊ မှူးမတ် မင်းဆွေ၊ ထံရင်းနေနှင့်၊ ထီး-ရွေ နန်းပြိုင်၊ ခရိုင် သီးခြား၊ မြို့စား ရွာစား၊ တပ်ပေါင်းစားက၊ စော်ဘွား စော်ကန်၊ *ကလန် သံ†ပျင်၊ တွင်း†ပြင် နီး-ဝေး၊ ကျွန်ကျေး အများ၊ ယောက်ျား မိန်းမ၊ သား-ငါး စသား၊ ထိုမျှ သတ္တဝါ၊ လူ*ဗိုလ်ပါအား၊ နတ်ရွာ စီးပွား၊ အကျိုးများအောင်၊ တရား ဆော်ညွှန်း၊ မိန့်တော် ခွန်းဖြင့်။။ တိုက်တွန်း မင်းတို့အာဏာတည်း။ (၉၈)

(၂၆၈) မင်းတို့အာဏာ၊ တိုက်တွန်းရာသား၊ လေးဖြာ ပိုင်းခြား၊ မျိုးနွယ်ပြားတွင်၊ ပုဏ္ဏားတို့မှာ၊ အထူးလာခဲ့၊ “ကမ္ဘာဦးက၊ ဗြာဟ္မဏတို့၊ ပါပ ဗာဟီ၊ ကျင့် ဝသီနှင့်၊ မမှီ လူ့ထုံး၊ နှလုံး စင်ကြယ်၊ သူငယ်ဘာဝ၊ ကုမာရဟု၊ အဋ္ဌ စတ္တာ၊ သင်္ချာ တွက်ဘွယ်၊ လေးဆယ်နှင့်ရှစ်၊ *လုလင်စစ်ဖြင့်၊ အနှစ် ကြာတင်၊ ကျမ်း ဗေဒင်ကို၊ သင်၍့ ပြီးငြား၊ တရားဖြင့်သာ၊ ဥစ္စာ ရှာ၍့၊ ဆရာတို့အား၊ ညွတ်တွား*ကော်ရော်၊ ပူဇော်ခဲ့ပြီး၊ တကိုယ်ထီးတိ၊ တောကြီး ထွက်ရှောင်၊ အိမ် မထောင်ဘဲး၊ ကျင့်ဆောင် ဗြဟ္မ၊ စရိယနှင့်၊ စျာန သမာ၊ ပျော် လေ့လာ၍့၊ ခန္ဓာ ပြောင်းတုံ၊ ဗြဟ္မာ့ဘုံနှိုက်၊ အာရုံ မခွ၊ ဖြစ်ကုန်ကြသည့်၊ ဗြဟ္မသမ၊ ဗြာဟ္မဏတည့်၊ ရှေးကနည်းပင်၊ ဗေဒင် သင်ပြီး၊ တောဝင် ထွက်ခွါ၊ မပြုစွာဘဲး၊ အိမ်ရာထောင်ရိုး၊ အမျိုး ပြတ်*တောင်း၊ မကျင့်ကောင်းဟု၊ ထပ်လောင်း ဝါဒ၊ နောက်ကာလနှိုက်၊ ဖြစ်ထ ထိုဝယ်၊ ပုဏ္ဏေးငယ်နှင့်၊ အကယ်သို့ပင်၊ သားဦးမြင်အောင်၊ လူ့ခွင်နေ၍့၊ တောထွက်လေ့ဖြင့်၊ ရသေ့ပြုထ၊ စျာန်သုခနှင့်၊ ဗြဟ္မာ့ဘုံမှာ၊ ဖြစ်ရှာကုန်ကြ၊ နတ်နှင့်မျှသား၊ ဒေဝသ†မ၊ ဗြာဟ္မဏတည့်၊ နောက်†မှ တဖြာ၊ ကာလကြာသော်၊ နွယ်ဇာတိ †ဇာစ်၊ မ†စစ် အမျိုး၊ ကြိုက်နိုးရာရာ၊ ခင်ပွန်းစာနှင့်၊ အိမ်မှာ မြဲးထ၊ တည်နေကြသား၊ သမ္ဘိန္နမရိယာဒ၊ ဗြာဟ္မဏတည့်၊ ထိုမှ *တသွန်၊ လွန်သည် ကာလ၊ အဓမ္မနှင့်၊ ဓမ္မဖြင့်သာ၊ ရှာသည် ဓန၊ မိန်းမ မရွေး၊ သက်မွေး မျိုးနွယ်၊ မစင်ကြယ်သား၊ အိမ်ဝယ်နေထ၊ စဏ္ဍာလတည့်၊ တစ တစ၊ တရား ပ,၍့၊ ရှေးက *အတီး၊ ပုဏ္ဏားကြီးတို့၊ ကျင့်သီး သိမ်းပိုက်၊ မြတ်စရိုက်ကား၊ လူနှိုက် မမြင်၊ ခွေးနှိုက် ထင်ဟု၊ ချစ်ရှင် ဗုဒ္ဓ၊ ဟောဘော်ပြတိုင်း၊ ဗြာဟ္မဏခေါ်ရိုး၊ ထို ငါးမျိုးသည်။။ နောက်တိုး အကျင့် ချွတ်ကာတည်း။ (၉၉)

(၂၆၉) ထိုပြီး နောက်မှာ၊ လွန် ပြန်ကြာ၍့၊ မြင့်စွာ နှစ်များ၊ ကာလ *လျားသော်၊ သမား ဆေးမှု၊ ဆရာ ပြုလျက်၊ ကု၍့ စားဘိ၊ သက်မွေး ယှိသား၊ တိကိစ္ဆာသမ၊ ဗြာဟ္မဏတည့်၊ ဒါသပမာ၊ ကျွန်သို့သာလျှင်၊ စေပါ ခံဘိ၊ အကျင့်ယှိသား၊ ပါရိစာရိကာသမ၊ ဗြာဟ္မဏတည့်၊ မထ အလှူ၊ ခံယူတတ်ကာ၊ နှိပ်စက်စွာသို့၊ နိဂ္ဂါဟကသမ၊ ဗြာဟ္မဏတည့်၊ ရူပ ဆိုးယုတ်၊ မီးလောင်ငုတ်သို့၊ ညစ်စုတ်သမှု၊ ကိုယ်ကို ပြုသား၊ ခါဏုဃာတသမ၊ ဗြာဟ္မဏတည့်၊ ကြွယ်ဝ လိုလား၊ ကုန်သည်များသို့၊ ကုန်သွား ပြုထ၊ ကုန်သွယ်ကြသား၊ ဝါဏိဇသမ၊ ဗြာဟ္မ†ဏတည့်၊ ဓ†န *ပေါယယ်၊ ဌေး သူကြွယ်တို့၊ ယာ-လယ် ကျွဲ-နွား၊ မွေးစား လုံ့လ၊ လုပ်ကိုင်ကြသား၊ အမ္ဗဋ္ဌသမ၊ ဗြာဟ္မဏတည့်၊ နွားက မလွတ်၊ သူ့သက် သတ်၍့၊ မမြတ်သဘော၊ ကြမ်းကြုတ်မောသား၊ ဂေါဃာတသမ၊ ဗြာဟ္မဏတည့်၊ စောရအတူ၊ ခိုးယူ နိုင်ထက်၊ တိုက် လုယက်၍့၊ ဗလက္ကာရ၊ ပြုတတ်စွသား၊ ဂေါပနိသာဒသမ၊ ဗြာဟ္မဏတည့်၊ ကေဝဋ္ဋမျိုး၊ မုဆိုး တံငါ၊ သူယုတ်မာတို့၊ ငါးရှာ သားရှာ၊ ဝမ်းစာ မွေးကြ၊ သက်ရှင်ရသား၊ လုဒ္ဒကသမ၊ ဗြာဟ္မဏတည့်၊ ကပ္ပကမည်၊ ဆတ္တာသည်သို့၊ ပတ်လည် ရပ်ထဲး၊ အမြဲး သူ့အား၊ ပယ်ယှား ညစ်†ကြေး၊ ဓား-ကတ်†ကျေးဖြင့်၊ သန့်-ဆေး ပြင်ဆင်၊ သုတ်သင် နေ့-ည၊ ရေချိုးရသား၊ မလမဇ္ဇသမ၊ ဗြာဟ္မဏတည့်၊ ဒသ နောက်ပွား၊ ကျင့် ဖောက်ပြားသည်။။ ပုဏ္ဏားဇာတိ ဘေဒါတည်း။ (၁၀၀)

(၂၇၀) ထိုမှ *တသွန်၊ ကြာမြင့် လွန်၍့၊ ကာလန္တရ၊ ယခုကျအောင်၊ ကာလ အခါ၊ ရောက်ခဲ့လာသော်၊ ကမ္ဘာဦးက၊ ဖြစ်သမျှကို၊ အစပိုင်ပိုင်၊ မသိနိုင်ကြောင့်၊ လက်ကိုင် တခု၊ ကျမ်းစာ ပြု၍့၊ သုတိ တပေါ၊ ယောနိ ဟောသား၊ တယော အင်္ဂါ၊ ညီညွတ်စွာဟု၊ မင်းမှာ မ,ခ၊ ကမ္မကရာ၊ စေပါ မနှံ၊ အလှူခံ၍့၊ ကောင်းကြံ ကောင်းကျင့်၊ အသင့်သဘော၊ ဟောပြော ဗေဒင်၊ သက်မွေးစင်သား၊ နွယ်ဝင် မြတ်လှ၊ ဗြာဟ္မဏရိုး၊ ရဲးကိုး ရဲးကား၊ ရဲးခွန်အားနှင့်၊ ခ,စား မင်းထံ၊ မင်းကြံ မင်းတု၊ မင်းမှု ကိစ္စ၊ ရွက်ဆောင်ကြသား၊ ခတြရိုး၊ ရောင်းမျိုး ဝယ်မှု၊ ယာ-လယ် စုနှင့်၊ လုပ်ပြု ကုန်သည်၊ အတည်တ†ကျ၊ သက်မွေး†ကြသား၊ ဗိသျှအရိုး၊ နွမ်းညှိုး ဝမ်းစာ၊ ဆင်းရဲးစွာလျက်၊ စေပါခံထ၊ လုပ်ကိုင်†ရသား၊ သုဒြ†ရိုး၊ လေးမျိုး ပုဏ္ဏား၊ နောက်မှ ပွား၍့၊ ထင်ရှား လူဝယ်၊ ဆင် စလွယ်နှင့်။။ စင်ကြယ် ကျင့်ဝတ် သိက္ခာတည်း။ (၁၀၁)

(၂၇၁) စလွယ် ဆင်ငြား၊ ထိုပုဏ္ဏားတို့၊ ဆယ်ပါး မယုတ်၊ ကျင့်ရန် ထုတ်၏၊ ကိုယ်-နှုတ် နှစ်ချက်၊ ငြိမ်သက် ဆုံးမ၊ ရာဂ စသား၊ ပါပ ကိလေ၊ ပျောက်စေ ငြိမ်းပယ်၊ စင်ကြယ် ကမ္မ၊ သန္တောသနှင့်၊ စိတ်က ဖြောင့်မတ်၊ အမြတ် ရတနာ၊ မချာ ကပ်ဆည်း၊ သည်းညဉ်းခံရာ၊ သစ္စာ မှန်†ခြင်း၊ သနား†ခြင်းဟု၊ ခေါ်†ခြင်း ပညပ်၊ ကျင့် ဆယ်ရပ်ကို၊ ကျင့်အပ် မကွာ၊ ကျင့်ဆောင်ရာ၏၊ မင်္ဂလာ ကြီးကျယ်၊ မျိုးဇာတ်နွယ်တိုင်း၊ စလွယ် တင်ဟန်၊ အဓိဋ္ဌာန်ဖြင့်၊ ကောင်းမွန် မြတ်ခြင်း၊ စင်ကြယ်ခြင်းက၊ နတ်မင်းတို့ နတ်၊ ဘုရားမြတ်နှင့်၊ မချွတ် တကွ၊ ဖြစ်ရ တမည်၊ သက်ရှည် ဉာဏ်ပွား၊ ခွန်အား တင့်တယ်၊ ပျောက်ပြယ် ရန်ငြိုး၊ တန်းခိုး တေဇာ၊ ကြီးရာ*၄င်း၊ ကျမ်းလာရှောင်းသား၊ အကြောင်း ကိုးသွယ်၊ မှတ်စဘွယ်တည့်၊ စလွယ် ဆင်ရာ၊ သိက္ခာ တင်†ခြင်း၊ ဇာတ်သွင်း†ခြင်း၏့၊ ကောင်း†ခြင်းခေါ်ရိုး၊ ဤ ဆဲ့ကိုးသည်။။ အကျိုး အာနိသံသာတည်း။ (၁၀၂)

(၂၇၂) အာနိသံသာ၊ ထူး ဂုဏ်ဝါနှင့်၊ သိက္ခာ ကျင့်ဝတ်၊ တင်ဆောင်မှတ်သည့်၊ *မျိုးဇာတ် စင်ကြယ်၊ ဆင် စလွယ်လည်း၊ ကိုးသွယ် ဗြာဟ္မဏ၊ ခြောက် ခတြနှင့်၊ ဗိသျှ သုံးဟူ၊ သုဒြမူကား၊ မတူ လက္ခဏာ၊ မတင်ရာတည့်၊ သိက္ခာလည်း တင်၊ စလွယ် ဆင်က၊ ဆင်ခြင်အပ်ဘိ၊ သုတိဂန္ထ၊ ကျမ်းနှိုက်ပြသား၊ ဗြာဟ္မဏဟတျာ၊ ဂါထာပါဌ်သား၊ အလိုအားဖြင့်၊ ပုဏ္ဏားသတ်†ခြင်း၊ သေသောက်†ခြင်းနှင့်၊ ခိုး†ခြင်း ရွှေစင်၊ ထို့ပြင် တဝ၊ ဆရာ့မယား၊ ပြစ်မှား ကျင့်တတ်၊ အမိ သတ်တည့်၊ မဟတ်ပါတက၊ နာမ သညာ၊ ပါရာဇိက်ကြီး၊ ဤ ငါးသီးတို့၊ ဖျက်ဆီး ကုသ၊ မရနိုင်ပြီ၊ ပညတ် စီ၏၊ နာရီ ဂေါဏ၊ ဗာလ စဉ်မှတ်၊ မိန်းမသတ်နှင့်၊ နွားသတ် တသွယ်၊ သူငယ် သတ်†ခြင်း၊ ဇာတ်†ချင်းမတူ၊ မျိုးယုတ်သူမှ၊ ရယူ ထမင်း၊ စားခြင်း နှစ်ချက်၊ သန္ဓေဖျက်က၊ ပရဒါရား၊ ရွှေကို ထား၍့၊ တပါး ရတနာ၊ ဥစ္စာ ခိုးငြား၊ နွားသားစားဟု၊ ကိုးပါး သင်္ချာ၊ ဤ သိက္ခာကား၊ ပါရာဇိက်ငယ်၊ အမည်ခြယ်၏၊ အကယ်၍့တိ၊ ကျူးလွန် ယှိမူ၊ မိမိတို့ထုံး၊ ဥပုသ်သုံးက၊ လုံးလုံး ပျောက်နိုင်၊ ပြစ် မဆိုင်သည်။။ လက်ကိုင် သုတိကျမ်းမှာတည်း။ (၁၀၃)

(၂၇၃) ထိုမှ တပါး၊ မျိုး ပုဏ္ဏားတို့၊ မျိုးအား တူကြ၊ ပုဏ္ဏေးမသာ၊ စပ်ရှက်ရာ၏၊ အခါ အခါ၊ *ရတု လာမှ၊ သံဝါ ပြုရေး၊ မိပုဏ္ဏေးကို၊ မြီကြွေး ယူရှောင်း၊ ထင်း-သစ်†ယောင်းသို့၊ မ†ရောင်း မချ၊ ဓန ရွှေ-ငွေ၊ ရှာဘွေ မသိမ်း၊ ကြောင့်ကြ ငြိမ်းလျက်၊ နံနက် ညစာ၊ တန်ရုံသာလျှင်၊ ဘွေရှာ ခံစား၊ ဤငါးပါးကား၊ တရားညီသင့်၊ ပုဏ္ဏားကျင့်တည့်၊ တဆင့် မှတ်ထုံး၊ စောင့်သုံး ဥပုသ်၊ မယုတ် ပ ဉ္စသီ၊ ဖြောင့်ညီ မှန်ကန်၊ မျက်မာန် ညံ့ပြေ၊ ဣန္ဒြေ စောင့်†ခြင်း၊ သည်းခံ†ခြင်းက၊ ကျန်ခြင်း မယို၊ ဇာတ်အလိုနှင့်၊ သူ့ကို မညှဉ်း၊ အကျဉ်း မြွက်ကြား၊ ဤ ရှစ်ပါးလည်း၊ ပုဏ္ဏားမြတ်တို့၊ မပြတ် ကျင့်စဉ်၊ တရား ယှဉ်၏၊ *ဖဲးကြဉ် ဟင်းမျိုး၊ မီး ရှိခိုးနှင့်၊ ရေချိုးကိစ္စ၊ ဟူသမျှကို၊ ဝဋ်မှ ကင်းရာ၊ ယူသည်မှာမူ၊ မိစ္ဆာအကျင့်၊ မှား မသင့်တည့်၊ *ယခင့် ရှေးက၊ ပြခဲ့ နွယ်ရိုး၊ အညွှန့်ချိုးသို့၊ အမျိုး မဆက်၊ တော မထွက်ရာ၊ ဟူသည်မှာလည်း၊ “ကြိုးကြာ မြေတုန်၊ မြေကုန် တီမျိုး၊ မိုးပြို တီတွတ်၊ မျိုးပြတ် ဗြာဟ္မဏ၊ ဓမ္မိကတို့၊ ဗာလစရိုက်၊ မကြောက်ထိုက်ကို၊ အမိုက် လေးမျိုး၊ လွန် ကြောက်စိုး၏၊ အကျိုး*မဲ့ဘိ၊ ပြစ် မယှိဘဲး၊ ပြစ်ရှိ မှတ်မှား၊ မိစ္ဆာ ပွားဟု၊ ဘုရား ရွှေနှုတ်၊ ကြာကုမုဒ်က၊ မိန့်ထုတ် ကျူးရင့်၊ ဟောဘော် ဘွင့်၏၊”နှိုင်းချင့် ပညာ၊ မလျော်ရာကို၊ ရာဇာ ငါ့သား၊ ပယ်မြစ် တားလော့၊ “သိကြား နတ်†သျှင်၊ မြင်းမိုရ်†ရှင်နှင့်၊ သမင်မင်းဖျား၊ ဟောတရားတို့၊ ရှည်လျား ကြာ*ညောင်း၊ နှစ်ပေါင်း တထောင်၊ နတ်ရွာ ဆောင်၏၊ ထို့နောင် တဆင့်၊ ခွေးမင့်းတရား၊ တည်ငြား လူ့ဘောင်၊ သောင့်းနှစ်ထောင်တည့်၊ ညီနောင် ဝတ်မင်း၊ ဖြစ်လျှင်းသော့ခါ၊ မဟာတုဏ္ဍိလ၊ လောင်းသတ္တ၏့၊ ဓမ္မဒေသနာ၊ မြတ်သြဇာမူ၊ မြင့်ကြာ မပြောင်း၊ နှစ် ခြောက်သောင့်းတိုင်၊ တည်ရှောင်း လူဝယ်၊ နတ်ရွာ ကယ်၍့၊ အပါယ်တံခါး၊ ပိတ်ဆို့ တား၏၊ ဆယ်ပါး ပုည၊ ကြိယကား၊ အနဝဇ္ဇ၊ လက္ခဏကြောင့်၊ ဆုံးမ နှိုးဆော်၊ ရွှေပြည်†ပေါ်နှိုက်၊ လေး†ဘော် မျိုးပေါင်း၊ ကျင့်စေရှောင်းသည်။။ ရှေးလောင်း သူမြတ် သူ*လျာတည်း။ (၁၀၄)

(၂၇၄) ထိုသို့ စဉ်လျား၊ ထွေထွေ ပြားသည်၊ ပုဏ္ဏားဟူဘိ၊ ဇာတိ နွယ်ရိုး၊ အမျိုး ဘာသာ၊ ဓမ္မတာဖြင့်၊ သိက္ခာလည်း တင်၊ စလွယ် ဆင်နှင့်၊ မဆင်သမှု၊ နှစ်ဘို့ စုပြီး၊ စတုဝဏ္ဏ၊ လေးပါး ပြ၏၊ ပြသည့်အရ၊ ဗြာဟ္မဏဇာတ်၊ မျိုး ဥက္ကဌ်ဟု၊ အမြတ် တခု၊ ပညတ်ပြုရှင့်၊ စတု မုခ၊ ဗြဟ္မာ့ ခံတွင်း၊ အဆင်း လေးပါး၊ လေးထွေ ပြားတွင်၊ ပုဏ္ဏား လေးမျိုး၊ ဖြစ်ရိုး မတူ၊ မဖြူ ဗြာဟ္မဏ၊ အနီမှကား၊ ခတြမည်ပေ၊ အရွှေ ဗိသျှ၊ သုဒြမူ၊ အညိုဟူငြား၊ ခံတွင်းဘွားဟု၊ မှတ်သား ဝါဒ၊ စွဲးကုန်ကြ၏၊ ထိုမှ တခြား၊ မျိုး လေးပါးတွင်၊ ပုဏ္ဏားတို့မှာ၊ လူ့ရွာ ဘန်ဆင်း၊ ဗြဟ္မာမင်း၏့၊ ခံတွင်းက ဘွား၊ မင်းကား လက်ရုံး၊ မှတ်ထုံး ခေါ်ရေး၊ သူဌေး ပေါင်က၊ သုဒြတို့၊ ခြေမှ ဖြစ်ရိုး၊ ရဟန်းမျိုးကား၊ ဘမိုး ဘဝါး၊ ဗြဟ္မာဘွားဟု၊ ယူမှား သမုတ်၊ လူ*အစုတ်အား၊ မဟုတ်မရာ၊ ဟောသည့်သာတည့်၊ လေးဖြာ မျိုးပြား၊ လူအများတွင်၊ ပုဏ္ဏားတို့မှာ၊ မင်္ဂလာ တခု၊ မင့်း*ရတုဖြင့်၊ မင်းမှုကိစ္စ၊ ဟူသမျှနှိုက်၊ ဒေဝ ပင့်ခေါ်၊ ပူဇော် ဟုံးနတ်၊ ဆောင်လတ် ရေကြည်၊ ရွတ်သည် ပရိတ်၊ ဘိသိက်ပန်း ဆက်၊ သီးသန့် ကွက်၍့၊ မပျက် မှုထမ်း၊ နန်းစဉ်တမ်းဖြင့်၊ ခွဲးခြမ်း စိစစ်၊ စီမံလစ်လော့၊ “အပြစ် မလွတ်၊ ယွင်းချွတ် မကောင်း၊ လားကြောင်း ပါယ်ရွာ၊ ယူ မိစ္ဆာကို၊ ဥဒ္ဒါလက၊ သေတကေတု၊ ဇာတ်ကို ရှု၍့၊ ပယ်ပြုအပ်စွာ၊ မလစ်ရာဘူး၊” “လူမှာ ရာဂ၊ ထိုကမ္မနှိုက်၊ အပ္ပသာဝဇ်၊ အပြစ် မသည်း၊ အကျိုး နည်းလည်း၊ မင်းမည်း ဆီစက်၊ စွန်းကွက် မလွဲး၊ ပြေးနိုင်ခဲရှင့်၊ ရဲးရဲး တောက်ပျံ၊ ဒေါသကံမူ၊ ပွက်လျှံ ဆူပြင်း၊ ခဏခြင်းမျှ၊ နံနွင်းသဖွယ်၊ ပြေးလွယ် ပြစ်ကြီး၊ တသီး မောဟ၊ ကမ္မပုံသွေး၊ ဝံနက်မွေးကို၊ ရေဆေး ဖွပ်ကာ၊ ကြိမ် တရာလည်း၊ ဖြူငှာ ပြုရှောင်း၊ မတတ်ကောင်းသို့၊ ကျိုး-ကြောင်း မသိ၊ ပြုမိ အမြဲး၊ ပြေးခဲ ပြစ်ကြီး၊ နှစ်စီး နှစ်ဝ၊ မျက်ဒေါသနှင့်၊ မောဟတို့မှာ၊ အနန္တရိုက်၊ ထိုက်တတ် ကံမျိုး၊ ဝီစိအိုးနှိုက်၊ စောက်ထိုး ကြာရှည်၊ ကပ်လုံး တည်၏၊”ရွှေရည် သား*စော၊ သွန်သင် ဟောလော့၊ “သြဝါ မိန့်ဆို၊ အကုသိုလ်နှင့်၊ ကုသိုလ်ဟုမည်၊ ကံ နှစ်တည်လည်း၊ လက်သည် ပြု†သူ၊ တိုက်တွန်း†သူတို့၊ ထို†သူ နှစ်မျိုး၊ ပြစ်-ကျိုး အမျှ၊ အတူရ,ဟု၊ သမ္ဗုဒ္ဓဖျား၊ ဘုရား*တကာ၊ မိန့်ကြ မှာရှင့်၊” “ပါရမီဓမ္မ၊ လောကတ္ထဖြင့်၊ စရိယမှတ်၊ အကျင့်မြတ်ကား၊ ဗောဓိသတ်ပေါင်း၊ ရှေးမင်းလောင်းတို့၊ ကျင့်ဟောင်း *တန်ထွာ၊ ဓမ္မတာတည့်၊ ကျင့်ရာ မှန်လှ၊ ကျင့်ကုန်ကြသည်။။ လူမျာ့းစီးပွား ချမ်းသာတည်း။”(၁၀၅)

(၂၇၅) ထိုမှ တဆစ်၊ မင့်းဝန်ဖြစ်သား၊ နှစ်သစ် ပြောင်း †ကူး၊ နှစ်ဟောင်း ကျူး၍့၊ တန်း†ခူး တာကုန်၊ ကဆုန် တာတက်၊ နွေ တာရက်တည့်၊ တွက်ချက် အမှန်၊ ခါသင်္ကြန်နှင့်၊ အာသဠ် နှစ်ပါး၊ ပိုင်းခြား မျှော်ရှု၊ မာတု တော်တု၊ လဲး နှစ်ခုဖြင့်၊ ရှင်မှု ရှင်လို၊ ဝါဆို ဝါကပ်၊ လထပ် ရက်ငင်၊ ဆင်ခြင် နှိုင်းဆ၊ အမ္မဝါသီ၊ ပုဏ္ဏမီနှင့်၊ တိထီ ဓိမာသ်၊ နက္ခတ် စန်းယှဉ်၊ အစဉ် မလွဲး၊ နေ-လ စွဲး၍့၊ ခေါ်မြဲး မွန်းရိပ်၊ နတ်အိပ် နတ်နိုး၊ ကျင့်ရိုး ပညပ်၊ အရပ်ရပ်တိ၊ ကျင့်အပ် မယုတ်၊ ဥပုသ် ပဝါရဏာ၊ မှန်ကန်စွာလျက်၊ ပြုဗ္ဗာသဌ်ဆင်တိုက်၊ မိုးကျိန်းကြိုက်ဟု၊ မိုးလိုက် မိုးခါ၊ မလွန်ရာဘဲး၊ ကြတ္တိကာကြယ်၊ ကြက်သူငယ်တို့၊ မိုဃ်းလယ်အချက်၊ အရုဏ်တက်နှိုက်၊ ထိန်လက် ရိုးရဲး၊ မွန်းမလွဲမီ၊ မျိုးကြဲ ကောက်ကြီး၊ တသီး ရှေးညွှန်၊ နေဝင် လွန်တွင်၊ သရဝဏ် စဉ်းသွား၊ စိုင်ပစ်မြားလျှင်၊ ထက်ဖျား မွန်းယိမ်း၊ မတိမ်းမီခိုက်၊ ကောက်ကြီးစိုက်တည့်၊ လူနှိုက် စဉ်ထုံး၊ မိုးဆုံး ချိန်လွန်၊ ဟေမန်ခါရောက်၊ နှင်းဖြောက်†ဖြောက်နှင့်၊ †ဖျောက်ဆိပ် မြေလူး၊ မကျူးစေဘဲး၊ မုရင်း ကြဲးဟု၊ အမြဲး မှတ်ပြု၊ တောင်သူ့ ဓမ္မတာ၊ နှိုးဆော်ရာလည်း၊ အခါ မရွေ့၊ အချိန်စေ့က၊ မင်းလေ့ မမှား၊ *မှုန်းစား ဆော်ညွှန်း၊ မိန့် တိုက်တွန်းသည်။။ ပြဋ္ဌာန်း အချုပ် အ†ခြာတည်း။ (၁၀၆)

(၂၇၆) *မှုန်းစား ဆော်ညွှန်း၊ မိန့် ပြဋ္ဌာန်း၍့၊ တိုက်တွန်းမသွေ၊ မမေ့စေနှင့်၊ မရေ မရာ၊ နှိုးဆော်ပါလည်း၊ အခါ မရောက်၊ ကျိုး မမြောက်ဘူး၊ *မိုးသောက် ကြက်တင်၊ နေဝင် ကောက်လှန်း၊ ဥဒါန်း မကျေ၊ ဆိုသော့ထွေတည့်၊ ခွဲးဝေ မှတ်ရာ၊ နှစ် ကောဇာတွင်၊ အတာ ပြောင်းတက်၊ နောက်တရက်က၊ စ၍့ တွက်ချိန်၊ ပြက္ခဒိန်ဝယ်၊ သုဒ္ဓိန် ပွားကြွယ်၊ ရာ့လေးဆယ်လျှင်၊ ပြည့်*ကယ်သော့ခါ၊ *နံကာခေါ်ထ၊ ဝါခေါင်လနှိုက်၊ လင်းစ ရောင်ဝါ၊ အရုဏ်လာဝယ်၊ ကြတ္တိကာ ဗွေထိပ်၊ တည်လာရိပ်၍့၊ ဖျောက်ဆိပ် မွန်းမတ်၊ မည်သာတက်ရှင့်၊ မှတ်လော့ ထင်ရှား၊ အတိတ် ကြား၏၊ ရာ့ငါးဆဲ့လေး၊ မဝေး သင်္ချာ၊ ပဒုံကြာနှင့်၊ ယင်းမာ ထုံသင်း၊ တော်သလင်းနှိုက်၊ ကန်ဆင်းခေါ်မြဲး၊ ဖျောက်ဆိပ်လွဲးဟု၊ နှမ်းကြဲးကာလ၊ ဟူကုန်ကြ၏၊ တရာ့ရှစ်ဆယ်၊ ရက်ပြည့်ကြွယ်မူ၊ သံတူမည်မှတ်၊ ဝါကျွတ်ခေါ်ဆို၊ လ, မြင်းမိုရ်ဝယ်၊ *ဗဟို မိုးစွန်၊ နေဝင်လွန်နှိုက်၊ သရဝဏ် မွန်းတည့်၊ *ထွန်းစည့် ရောင်ရှင်၊ ကောက်သားဝင်၏၊ ထိုပြင် နောက်မှာ၊ နှစ်ရာကျော်ငြား၊ နှစ်ဆဲ့ငါးဖြင့်၊ ရက်ပွား ရောက်ထွန်၊ ဆုံးစွန် ဝဿ၊ သရဒဟု၊ မိုးလ ကုန်ဆဲး၊ ကထိန်ပွဲးနှင့်၊ ရိုးရဲးထွန်းပြောင်၊ လ, တန်းဆောင်တွင်၊ လင်းရောင် တက်ပေါ်၊ အရုဏ် မျှော်က၊ *ဖြော်ဖြော် နှင်းရိပ်၊ နောက်တောင်ထိပ်ထက်၊ ဖျောက်ဆိပ် မြေလူး၊ ကျူးခဲ့ ထိုမှ၊ နှစ်ရာ့လေးဆယ်၊ လေးရက်*ကယ်သော်၊ နတ်တော် မည်ရ၊ နတ်လရာသီ၊ ခါတော်မီဟု၊ အကျႋ *ဒု†ယင်၊ ရွှေနန်းခွင်ဝယ်၊ ဘု†ရင် နေမျိုး၊ မြတ်သတိုးတို့၊ ဆင်ရိုး သစ်လဲး၊ မင်းပွဲးတရပ်၊ ခေါ်ပညပ်လျက်၊ *ဖြင်ထပ် မင်္ဂလာ၊ လိပ်ခေါင်း သာ၍့၊ မြောက်ညာ လေညှင်း၊ သုတ်သွင်း ဆော်†လွှတ်၊ သန်မြိတ်†လွတ်၏၊ ပွားလတ် ရက်ဝါ၊ နှစ်ရာကျော်လစ်၊ ငါးဆဲ့ရှစ်ဖြင့်၊ တွက်စစ်အလို၊ လ, ပြာသိုနှိုက်၊ ခွါညို့ ပျံ့ရှား၊ ကောင်းကင်ဖျားဝယ်၊ နဂါးကြယ်*ပြောင်၊ နေရောင် ကင်းခိုက်၊ မုရင်း စိုက်တည့်၊ မှတ်ပိုက် ထိုမှ၊ သုံးရာ့ဆဲ့ရှစ်၊ ပြည့်လစ် မလွဲး၊ တပို့တွဲဟု၊ စိုရွဲး ငွေနှင်း၊ ကုံရက်တွင်းမူ၊ မုရင်းကောက်သား၊ ဝင်တုံငြား၏၊ ပိုင်းခြား အလွယ်၊ ချဲ့ မကျယ်ဘဲး၊ မှတ်ဘွယ် ကျဉ်းရုံး၊ ရွဲ့းနှယ် ကုံးသည်။။ မှတ်ထုံး ကမ္ဘာ့ဝေါဟာတည်း။ (၁၀၇)

(အနန္တရပိုဒ်ကို ဘွင့်သည်)

(၂၇၇) ကမ္ဘာ့ ဝေါဟာ၊ သိစရာလည်း၊ ကောင်းစွာ သိထိုက်၊ မှတ်သိမ်းပိုက်၍့၊ ဝမ်းနှိုက် စွဲးခွေ၊ မပြတ်စေနှင့်၊ မလေ မဖျင်း၊ ငါတို့မင်းကား၊ မကင်း သတိ၊ အမြဲးယှိလျက်၊ ပြည်ကြီ့းအကျိုး၊ ပွားစည်*ဖြိုးအောင်၊ ကိုယ်ကျိုးထက်ပင်၊ သက်စွန့် ခင်၍့၊ သမင် မျောက်မင်း၊ လောင်း*သနင်းတို့၊ ကျင့်ခြင်းမသွေ၊ မချွတ်စေနှင့်၊ သက်ဝေ ဘုန်းပျို့၊ မင်းတို့သတ္တိ၊ အသိပညာ၊ သမ္မာ လုံ့လ၊ မချို့ရဘူး၊ သီဟ*သနင်း၊ သားမျာ့း မင်းသို့၊ မပျင်း ဝီရိယ၊ ဥဋ္ဌာနဖြင့်၊ ကာဠကဏ္ဏီ၊ နတ် ကာဠီလျှင်၊ မမှီ မဝဲး၊ သိရီ့ စွဲး၍့၊ *ဖြိုးကဲး ကြက်သရေ၊ တိုးတက်စေလော့၊ သရေ *မဲ့ဘိ၊ ဘုန်း မယှိမူ၊ သိရီ့နတ်မယ်၊ လွှဲးပယ် မချစ်၊ မနှစ်သက်အပ်၊ ကာဠီ ကပ်၍့၊ လာဘ်သပ် ပဏ္ဏာ၊ ကညာ ဆင်-မြင်း၊ မရောက်လျှင်းတည့်၊ *နုံ့ဖျင်း စင်စစ်၊ မင်းဟုဖြစ်လျက်၊ ဘုန်းသစ် မတိုး၊ လဆုတ် ညှိုးသို့၊ တန်းခိုး ကျရေ၊ မ*ဖြိုးဝေဘူး၊ စံရွှေ*တမျှ၊ ပ ဉ္စင်္ဂနှင့်၊ ဒသနိယံ၊ စောင့် မြဲးမြံလျက်၊ *ခြိုးခြံ ကျင့်ထွေ၊ ကျိုး ထက်စေလော့၊ ပြည်နေ တိုင်းသူ၊ ဦးမည်း-ဖြူတွင်၊ မင်းဟူတုံက၊ ဥက္ကဋ္ဌဖြင့်၊ ကမ္ဘာ့ဓိပတိ၊ လောကီ့ *ဦး†ကိုင်၊ လူ့ မဏ္ဍိုင်တည့်၊ မြဲး†ခိုင် ဓမ္မ၊ ယွင်း မခွဘဲး၊ လူမျာ့း အခေါင်၊ စိုးအုပ် ဆောင်၍့၊ ဘုန်းရောင် တက်နေ၊ ပြိုးပြက်စေလော့၊ လေးထွေ မျိုးသင်း၊ လူ*ခပင်းကား၊ မင်းသို့ မလွဲး၊ စဉ် လိုက်မြဲးတည့်၊ မီးခဲး ရေ့တူ၊ ဧးစေဟူလည်း၊ မည်သူ မလွန်၊ လက်ညှိုး †ညွှန်တိုင်း၊ ညွန်†ညွန် ရေရေ၊ ဖြစ်စေ လိုရာ၊ ပြီးသည်သာရှင့်၊ မင့်းအာဏာစက်၊ မြေကြီး အက်မျှ၊ နှစ်ချက် မချိန်၊ ဝရဇိန်သို့၊ မင်းရှိန် မိုးနှိပ်၊ မိန့်တော်ရိပ်က၊ တောင်ထိပ် ကြာပေါက်၊ အနောက် နေထွက်၊ တချက်တည်းသာ၊ လိုတော်ပါ၍့၊ ရာဇာပဋ္ဌာန၊ ဖြစ်ကုန်ကြသည်။။ လောက လူ့ဓမ္မတာတည်း။ (၁၀၈)

(၂၇၈) လောက ဓမ္မတာ၊ လူတို့ရွာဝယ်၊ မင်းသာ *ပြဋ္ဌာန်း၊ မင်းဘုန်းတန်းဖြင့်၊ တိုင်းခန်း ပြည်လုံး၊ သိမ်းကျူံး *ဗိုလ်ထု၊ ဆိုးကောင်းမှုကို၊ မင်းပြု မင်းပြင်၊ မင်းသာ *ရင်၏၊ လူ-ရှင် သတ္တဝါ၊ များ *ဗိုလ်ပါတို့၊ ကိုးရာ အညီ၊ မှန်စွာပြီကြောင့်၊ မြီတလင်းလှည်း၊ ပြဋ္ဌာန်းနည်းကို၊ ကွပ်တည်း အာဏာ၊ မင်းမှာသာလျှင်၊ ရာဇာပဋ္ဌာန၊ ပြုနိုင်ကြ၏၊ ကမ္ဘာ့ တန်ဆောင်၊ အခေါင် စိုးခြင်း၊ နေတစင်းသို့၊ မင်းလျှင် မဏ္ဍိုလ်၊ မင်း မခိုင်သော်၊ ယိမ်းယိုင် ပြည်ကြီး၊ ပျက်စီး *ချောက်ချား၊ ယှားပါး မိုဃ်း-လေ၊ စာ-ရေ မွတ်ငတ်၊ ဥပဒ် လူပေါင်း၊ ထောင်းထောင်း ကြေညက်၊ နတ်များ မျက်၍့၊ လက်နက် ညွန်-သဲ၊ ကျောက်ခဲး မီးမိုဃ်း၊ ချရာ †ကြိုးလျက်၊ †ကျိုးမဲ့ ကုန်အောင်၊ တိုင်းလုံး လောင်ရှင့်၊ “ရှေ့ဆောင် နွားလား၊ အကောက်သွားက၊ နောက်နွား တသိုက်၊ အကောက် လိုက်၏၊ ရှေ့နှိုက် နွားမှူး၊ အဖြောင့် ကူးသော်၊ မထူး နောက်ပါ၊ နွား*တကာလည်း၊ ဖြောင့်စွာ မြစ်နှိုက်၊ ကူး နောက်လိုက်၏၊ မှတ်ပိုက် ပမာ၊ ဤလူ့ရွာတွင်၊ နရာဓိပတိ၊ ပြည်ကြီ့း ဥက္ကဋ္ဌ၊ နရ*သနင်း၊ မင်းတို့ မတော်၊ တရား ချော်က၊ မြေပေါ် လူများ၊ မဆိုထားလင့်၊ မိုးဖျား နက္ခတ်၊ အာကာဓာတ်က၊ ဂြိုဟ်နတ် ရာသီ၊ သွား မညီဘူး၊ ဖီလာ ကန့်လန့်၊ တုန့်နန့် *ချောက်ချား၊ တ*ဖျင့်ရှားလျက်၊ တိမ်းပါး ချွတ်လွဲး၊ ကရဲး *ကသီ၊ မစီ မလျဉ်၊ အစဉ် ယော့ယဉ့်၊ ကစဉ့် *ကလျား၊ ယှိသောအားဖြင့်၊ နတ်များ စိတ်နူး၊ မပျော်မြူးဘူး၊ လေရူး ဆောင်†ကြဉ်း၊ ရွက်-လင်း*ယဉ်းသို့၊ အ†ကျဉ်း အ+ကျပ်၊ ချဉ်းကြပ်+ကြပ်နှင့်၊ ပူးကပ် ယှဉ်တွဲး၊ လမ်းစဉ် *ဖဲး၍့၊ ခိုက်*တဲး ပြေးဟုန်၊ ကျော်ခုန် နောက်ဆုတ်၊ လွန်-ယုတ် မရွေ့၊ ခြင်္သေ့အလား၊ ကျား၏့ ဂတိ၊ ဘောက်ပြိ ဘောက်ပြန်၊ သွားကြဟန်ကြောင့်၊ မမှန် လေမိုး၊ မဖြောင့်နိုးသည်။။ ရွာရိုး မရွာစပါတည်း။ (၁၀၉)

(၂၇၉) မမှန် လေ-မိုး၊ မဖြောင့်နိုးဘူး၊ ရွာရိုး မရွာ၊ ရွာတုံပါလည်း၊ ရွာကာ တ†မည်၊ ထစ်ချုန်း †မြည်လျက်၊ မိုးရည် မိုးပေါက်၊ မမောက် မ*+ဖြိုး၊ သွန်း မကြိုးဘဲး၊ ဖျိုး+ဖျိုး ဖြောက်+ဖြောက်၊ ကျိုး မမြောက်အောင်၊ လေ+ဖျောက်လွင့်*သုန်၊ ကုန်သည် တခု၊ ရာဟု နတ်ကြီး၊ ခံပြီး လက်ဝါး၊ မိုးဖျား ကောင်းကင်၊ ပင်လယ်ပြင်သို့၊ ပစ်တင် မြှောက်ကြဲး၊ လွဲးခဲ့ တကြောင်း၊ မိုးသောင်း လူ့ရွာ၊ မြေသြဇာတို့၊ ကွယ်ကာ ပျောက်လျက်၊ ခါးတောက် သီး-ပွင့်၊ ရှေးနှင့် မတူ၊ ဧးကြူ ချိုမြက်၊ ရသာ ပျက်၏၊ ငှက်လည်း မမှန်၊ ပန်း မမှန်ဘဲး၊ လေထန် မိုးပျောက်၊ *ကိတ်ရောင်တောက်လျက်၊ အခြောက်တိုက် လွင့်၊ လေနှင့် လေချင်း၊ ကြိတ်ကြလျှင်း၍့၊ ဝင်းဝင်း ဥက္ကာ၊ ကျ ဥဘာနှင့်၊ မဟာပထဝီ၊ ကြူးဟီ *ချောက်ချား၊ ဓာတ် ဘောက်ပြားလျက်၊ လှုပ်ရှား ငလျင်၊ ပဲ့တင် တော်လည်း၊ မြည်ကြည်း အုတ်ကျက်၊ ဥတု ပျက်၏၊ မြေ့ထက် သတ္တဝါ၊ လူ-ဗိုလ်ပါလည်း၊ ရောဂါ ဥပဒ်၊ ငတ်မွတ် စာ-ရေ၊ စိတ်နေ မငြိမ်း၊ တရား *တိမ်း၍့၊ မု*ဒိမ်း သူပုန်၊ ပြည်လုံး တုန်ရှင့်၊ မ*သုန် မင်းကျင့်၊ မှန်သဖြင့်ကား၊ ကောင်းကင့် တန်းဆာ၊ ထက် အာကာဝယ်၊ တာရာ ဂြိုဟ်နတ်၊ ကြယ် နက္ခတ်တို့၊ ဖြောင့်မတ် သွား-လာ၊ မိုးမှန်စွာလျက်၊ ရသာ ချို+ပျား၊ မထွေ†ပြားဘဲး၊ မခါး သစ်သီး၊ စား မငြီးနှင့်၊ *ဖြီး၏ အကျိုး၊ ဖွံ့ဖြိုး ပြည့်နှက်၊ ခွန် ဆီထွက်သည်။။တိုးတက် မြေကြီ့း သြဇာတည်း။။ (၁၁၀)

(၂၈၀) အခါ အခါ၊ မလွဲးရာတည့်၊ လိတ္တာ နေ-လ၊ စန်းယှဉ်ပြသား၊ သောရ သာဝန၊ စန္ဒြနှင့်၊ နက္ခတ္တဟူ၊ မှတ်ယူ နာမ၊ လေးမာနတွင်၊ သောရနှင့်သော်၊ နှစ်ကို ခေါ်၏၊ တဘော် ထိုမှ၊ စန္ဒြဖြင့်၊ လ,ဟု ပညတ်၊ မည်သတတ်ရှင့်၊ ရက်မှတ် သညာ၊ စဉ်လာ ခေါ်ကြ၊ သာဝနတည့်၊ လပြည့် လကွယ်၊ ခေါ်ရာဝယ်ကား၊ အကယ် မှန်လှ၊ နက္ခတ္တဟု၊ မာန လေးလီ၊ မှတ်ရိုး မှီ၏၊ လောကီအလို၊ နက္ခတ် ဂြိုဟ်က၊ ထိုထို သီးပွင့်၊ ခါ မလင့်ဘူး၊ နု-ရင့် ချိန်မှီ၊ *ကိုက် ဖူးစီလျက်၊ ရာသီ မသိ၊ ပန်းနှင့် ညှိသော်၊ ညီဘိ ကာလ၊ မလွန်ကြရှင့်၊ ဘဒြပိုဒ်၊ သမိုက် အစဉ်၊ ကြယ်အင်းပျဉ်နှင့်၊ ထွန်းယှဉ် စန္ဒာ၊ နှင်းမိုး ဖြာ၍့၊ ယင်းမာ ပဒု၊ *ပန်းလု *သစ်ဆင်း၊ တော်သလင်းဟု၊ မြစ်တွင်း သဲးရိပ်၊ *စဲးလိပ်,လိပ်နှင့်၊ ဖျောက်ဆိပ် မွန်းလွဲး၊ နှမ်းကြီး ကြဲးလျက်၊ အမြဲး တူကွ၊ နိယာမဖြင့်၊ တွင်းဝ ညိုးညံ၊ ပရစ်သံတို့၊ မောင်နှံ ဖို-မ၊ မြည်စကြ၏၊ ကမ္ဘာ့ *တန်ထွာ၊ လက္ခဏာနှင့်၊ ဒေဝါနတ် နိုး၊ ခေါ်ရိုး မလွန်၊ ပုဇွန် လက်မ၊ ကင်းက အမြီး၊ သဏ္ဌာန် ပြီးသည့်၊ နှစ်သီး ရုပ်ဝါ၊ စက် ဗြိစ္ဆာလည်း၊ ကြာ ကုမုဒ်ပန်း၊ ပွင့်ဝေလန်း၍့၊ မိုးခန်း ကုန်*စဲး၊ နှင်းဝေ ဖွဲးလျက်၊ ခဝဲး ရွှေဝါ၊ မလွန်စွာတည့်၊ တမာလည်း နု၊ ကျေးလည်း ဥ,ဟု၊ *ရတုအလိုက်၊ လူနှိုက် ဝေါဟာ၊ မှတ်သညာတိုင်း၊ တမာလည်းသီး၊ ကျေးလည်း ကြီးလျက်၊ ဆီး-ဝမ်း ပေါက်ပြဲး၊ တပို့တွဲးဝယ်၊ ပေါက်-လဲး ကင်းငုံ၊ ရာသီ †ကုံနှင့်၊ *ရဂုံ †သာတောင်း၊ ဟေမန် ပြောင်းက၊ တပေါင်း တန်းခူး၊ ဥသြ ကျူး၍့၊ သုံးဖူး ပေထွက်၊ ကင်း သရက်ဖြင့်၊ ပန်း-ငှက် ဓမ္မတာ၊ အမှန်သာတည့်၊ ပြာသို ဝါဆို၊ ညတာ တို၍့၊ နေ့ကို ရွေ့ရွေ့၊ တနေ့ တခြား၊ နာရီပွားလျက်၊ တက်သွား နေမင်း၊ အတွင်း ဝင်ကာ၊ ဥတ္တရာမှီ၊ မြောက်လမ်း ချီသော်၊ ရာသီ ခြောက်လ၊ ကြွေကျ ရွက်ဟောင်း၊ ရွက်နု လောင်း၏၊ ၄င်းထိုမှ၊ ကျန် ခြောက်လနှိုက်၊ ဗာဟိရစက်၊ ရွေ့ရွေ့ သက်၍့၊ ထွက်ခဲ့ အစဉ်၊ အယဉ် နိမ့်ဝှမ်း၊ ပြင်သို့ *လှမ်းသော်၊ တောင်†လမ်း ဒက္ခိဏာ၊ ပြန် စကြာဖြင့်၊ နေ့တာ ယုတ်ရိုး၊ ညတာ တိုးလျက်၊ မိုးက ရွဲးရွဲး၊ နှင်း ဖွဲးဖွဲးနှင့်၊ မြစ်ထဲး ဘောလော၊ ဝံလို မျော၍့၊ တောင်-တော စိုစို၊ စိမ်းစိမ်းညို၏၊ ပြာသို တပို့တွဲး၊ စိုရွဲး ငွေနှင်း၊ သုတ် လေညှင်းနှင့်၊ ယင်း နှစ်လကြား၊ တပါး ထိုမျှို့၊ တပို့ တပေါင်း၊ ရှေး-နှောင်း အညီ၊ လေးရက်စီမှတ်၊ အန္တရဌ်ဟု၊ ပညတ် နာမ၊ ကြား ရှစ်ညနှိုက်၊ *သောက်ပ လင်းဟုန်၊ တက် အရုဏ်ဝယ်၊ ခိုက်တုန် လွန်ကဲး၊ ဧးစမြဲးတည့်၊ မလွဲး မှတ်သို၊ လ-ရက်လိုတည့်၊ ထိုထို လက္ခဏာ၊ နေ ကောဇာ၏့၊ ကမ္ဘာ့လုံ့တမ်း၊ ထွက်-ဝင်လမ်းဖြင့်၊ ပူ-ချမ်း ညီမျှ၊ ဓမ္မိကတို့၊ ရာဇအခါ၊ လက်ထက်မှာလျှင်၊ သောကြာ *စိုင်ရှူး၊ ရောင်ဝါ မြူးသည့်၊ ဆေးတူး မည်ခြင်း၊ ကြယ်*ပြောင်မင်းလည်း၊ မခွင်း လတွင်၊ မမြင် နေ့နှိုက်၊ ဇနပိုဒ် တိုင်းသူ၊ များ ဗိုလ်လူတို့၊ မပူ မဆာ၊ ကင်း ရောဂါဖြင့်၊ ရေစာ မသိပ်၊ ဘေး မနှိပ်နှင့်၊ ဖျောက်ဆိပ် မြောက်ပါး၊ လ မသွားသည်။။ တိုင်းကား* သာယောင့် သာယာတည်း။ (၁၁၁)

(၂၈၁) *တိုင်းကား ပြည်-ရွာ၊ သာကြီး သာအောင်၊ ပညာ သတိ၊ လက်ကိုင်ယှိတိုင်း၊ ပြည်ကြီ့း အ†ကျိုး၊ ဆောင်ရွက် †ကြိုး၍့၊ ကျင့်ရိုး အစဉ်၊ မြဲးစေ ယှဉ်လော့၊ ဓန ဉ္စယ၊ ကောရဗ္ဗဟု၊ လူမျာ့း*သနင်း၊ မင်းနှင့် မယ်တော်၊ ညာပျော် ဒေဝီ၊ တူညီ မရွေ့၊ အိမ်ရှေ့ ပုရောဟိတ်၊ ပဏ္ဍိတ် *ကြံသိုင်း၊ မြေတိုင်း သာရထိ၊ ထိုပြီ့း တရေး၊ သူဌေး ကျီစိုး၊ မတ်မျိုးခေါ်ဆို၊ တံခါးဗိုလ်က၊ ပြည်မ တန်းဆာ၊ ဧကာဒသ၊ ဤမျှ စင်စစ်၊ တကျိပ်တစ်တို့၊ မလစ် အညီ၊ ပ ဉ္စသီကို၊ ကိုယ်စီ ထိန်းမှု၊ အလေးပြု၍့၊ ဂရုဓမ္မ၊ စောင့်ကုန်ကြကြောင့်၊ ဣန္ဒပတ္တ၊ နဂရနှိုက်၊ သွန်းချ မိုဃ်းရည်၊ ဝ*ပြောစည်၏၊ ခိုင်ကျည် ဓိဋ္ဌာန်၊ မဘောက်ပြန်နှင့်၊ ဉာဏ် ဝီရိယာ၊ သမ္မာ မချို့၊ လူတို့ လုံ့လ၊ ပယောဂကား၊ သိကြာ့း နှုတ်ထွက်၊ မိုဃ်းကြိုးစက်လည်း၊ တိမ်းပျက် ယွင်းခွ၊ လွဲးသွေရခဲ့၊ ရှေးက ကျမ်းလာ၊ ထင်ရှားစွာ၏၊ ယတြာ ပြုရှောင်း၊ အကြံကောင်းက၊ အင်းစောင်း၍့ မှောက်၊ မင်းလောင်း ပျောက်ဟု၊ မဘောက် အလို၊ များ *လူဗိုလ်တို့၊ မှတ်ဆိုကုန်ကြ၊ ဤခြင်းတလည်း၊ ဉာဏပယောဂ၊ ဉာဏ်ကိစ္စတည့်၊ ထိုမှ တဝ၊ ဤလောကနှိုက်၊ မုချ တရား၊ မဟုတ်ငြားတည့်၊ “ဟူးရားအလို၊ နက္ခတ် ဂြိုဟ်နှင့်၊ လဂ်ကို သတ်တတ်၊ စနေနတ်တည့်၊ စန်းသတ် ရာဟု၊ နံကို ထုသည်၊ သတြုဂြိုဟ်၊ ဤအဆိုက၊ နဂိုရ် ယာယီ၊ လောကီဝါဒ၊ ဟူသမျှကား၊ ဓမ္မ မစောင်း၊ သူတော်ကောင်းအား၊ ပျက်ကြောင်း စင်စစ်၊ အပြစ် တခု၊ မပြုနိုင်ရာ၊ မှန်လှစွာ၏၊”သည်းချာ သား†လှ၊ သဘောကျလော့၊ “ဗာ†လအမှု၊ ဒုစရိတ၊ ဒုကမ္မဖြင့်၊ ပါပ မလျော်၊ မသူတော်ကား၊ နေသော် နေမှား၊ သွားသော် သွားဆိုး၊ မကောင်း†ကျိုးတိ၊ †ကြိုးသို့လည်း ငြိ၊ ဘေးသာ ထိရှင့်၊ ပြုမိသမျှ၊ အပြစ်ရခဲ့၊”နေ-လ ဂြိုဟ်သွား၊ တိမ်းပါး လွဲးသွေ၊ မိုဃ်းစွေ မိုဃ်းခေါင်၊ ရေတောင် မောက်*ဖြိုး၊ ကြမ်းပိုး ပိုးဟပ်၊ ထူထပ် ပေါများ၊ ပိုးနှံစားက၊ သစ်-ကျားရဲး ထ၊ စောရ သူသတ်၊ ကြခတ်ဝါး သုဉ်း၊ ပေါင်း*နှုန်း မှတ်သား၊ ဤ ဆယ်ပါးတို့၊ ပျက်ပြားကြောင်း ဟိတ်၊ ပြည်နိမိတ်ဟု၊ အတိတ် မှတ်ခြင်း၊ ဆိုတုံလျှင်းလည်း၊ မင်းတည့်ဟူသည်၊ ပြည်သူများ ဘ၊ ဥက္ကဋ္ဌတို့၊ မခွ တရား၊ စောင့်တုံငြားက၊ *တိုင်းကား ပြည်မြတ်၊ ဥပဒ် မယှဉ်၊ ရန်မျိုး စင်သည်။။ ဖဲးကြဉ် ဒုန္နိမိတ္တာတည်း။ (၁၁၂)

(၂၈၂) ဓမ္မ ဉ္စရ၊ ရှေးရာဇတို့၊ ကာလ ရံခါ၊ မိုဃ်း မရွာသော်၊ သစ္စာ ပြုမှန်၊ ဓိဋ္ဌာန်တုံလျက်၊ ခုနစ်ရက်နှင့်၊ လဝက် မယုတ်၊ ဥပုသ်စောင့်ကာ၊ *ခြိုးခြံစွာလျှင်၊ ရေ-စာ သောက်-စား၊ ပယ်ရှား ရှောင်ဝေး၊ မွတ်ရသေး၏၊ တရေး၄င်း၊ ပြည်သူပေါင်းတို့၊ နန်းလောင်း မ*ဟဲ့၊ မင်းလျာ*မဲ့ဟု၊ ပြည်ထဲ့း ရေးရာ၊ ထင်သော့ခါလည်း၊ တောင်ညာ ထွတ်ဖျား၊ မိသက်ထားကို၊ သားဆု တောင်းရေး၊ လွှတ်ရသေး၏၊ ရင်သွေး ငါ့သား၊ နရဖျားလည်း၊ အများ *ဗိုလ်ထု၊ ကိုးရာ ပြုသည့်၊ ပြည်သူ့ ဘ-မိ၊ ဖြစ်လတ်ဘိ၏၊ အဝိရောဓ၊ ရာဇညကို၊ စိတ်က မမှား၊ ရှေးမင်းဖျားသို့၊ တရား အ†ရိုး၊ ထီးနှယ် မိုး၍့၊ မ†ယိုး *မမယ်၊ မောင် ကိုးကွယ်လော့၊ ရှေးဝယ်ခါက၊ ဗာရာဏနှိုက်၊ ပိင်္ဂလမည်သီး၊ မင်းဆိုးကြီးအား၊ သေပြီး†ရောက်လျက်၊ တ+ယောက် မကြွင်း၊ *ခပင်း ပြည်သူ၊ မုန်းသော့ တူနှင့်၊ လူ မဆိုထား၊ သား-ငါး မကျန်၊ တိရစ္ဆာန်က၊ ငြိုးရန် ဘွဲ့ရှောင်း၊ သေဆုတောင်းအောင်၊ တိမ်းစောင်း ဓမ္မ၊ ယွင်းခွသဖြင့်၊ မီ့းနှယ် ကျင့်သည့်၊ မသင့် လွန်စွာ၊ မင်းပ ဉ္စာသို့၊ ပြည်-ရွာ ပတ်ကုံး၊ တိုင်းလုံး အသေ၊ မမုန်းစေနှင့်၊ သက်ဝေ ငါ့သား၊ ပြည်ကျိုး ပွားအောင်၊ တရား နေ့နှယ်၊ မှောင်*မျိုး ပယ်လော့၊ “ပျက်ကွယ် တရား၊ တိမ်းပါး အယူ၊ ကျင့်သောသူကို၊ လူ မနှစ်ခြိုက်၊ နတ် မကြိုက်ဘူး၊ သုစရိုက်မျိုး၊ ကောင်းကျင့်ရိုးကို၊ မြတ်နိုး သိပ်သည်း၊ ကျင့် စောင့်စည်းက၊ လူလည်း ကြည်ညို၊ နတ်လည်း လို၏၊ ထက်ကိုလည်း ရှု၊ အောက်ကို ရှုဟု၊ နှစ်ခုတရား၊ နတ်စကားတည့်၊”ချစ်သား မင်းပျို၊ မှတ်ပိုက် သိုပြီး၊ မပို မလွန်၊ ပြည်ကြီးဝန်ကို၊ အိုးတန် ဆန်ခက်၊ ကျင့်နိုင်တတ်လျက်၊ ကျင့်မြတ် *နှီးနွယ်၊ ဆောင်ပိုး သယ်လော့၊ မှတ်ဘွယ် တသီး၊ ပမာမှီးသော်၊ “စားပြီးတုံ့ရှောင်း၊ အစာဟောင်းနှိုက်၊ *နှစ်ထောင်း ဝမ်းသာ၊ မယှိရာသို့၊ ခန္ဓာဟုဆို၊ ဖြစ်ပြီးကိုယ်နှိုက်၊ အလို *ရမ္မက်၊ မိစ္ဆာ ဘက်၍့၊ နှစ်သက်ကြီးစွာ၊ မပြုရာဘူး၊ နောင်လာ အသစ်၊ ကိုယ့်အဖြစ်ကို၊ မနစ်ဘို့သာ၊ အားထုတ်ရာဟု၊ ပညာယှိသူ၊ အရေးမူ၏၊ အယူ မထောင့်၊ မှန်စွာ စောင့်၍့၊ ဖြောင့်ဖြောင့် သားသား၊ မထွေပြားဘဲး၊ ခါးနှင့် နွယ်ဆက်၊ မြစ်တဖက်သို့၊ အသက်စွန့်ကာ၊ သတ္တဝါကို၊ ချမ်းသာ ဆောင်ငြား၊ မျောက်မင့်းလားသို့၊ တရားသူ့ထက်၊ ဆယ်ပြန် တက်သည်။။ မပျက် ကျင့်ဆောင်အပ်စွာတည်း။”(၁၁၃)

(၂၈၃) နှစ်ဆဲ့လေးတိ၊ စဉ်ရှေး တွက်ဘွဲ့၊ တဘန် ချဲ့လျက်၊ လေးဆဲ့နှစ်ဖြာ၊ ဘိဓာန်လာနှင့်၊ ရှေး ဗျာကရုဏ်း၊ မိန့်*နှုန်း ဘော်ထုတ်၊ ပြယုဂ်အလျောက်၊ ခြောက်ဆဲ့ခြောက်ဖြင့်၊ ထို့လောက် များဘိ၊ မျိုးနွယ်ချိသား၊ ဇာတိ ဂေါတ္တ၊ ရှိသမျှနှိုက်၊ ခတ္တိယဇာတ်၊ မင်းမျိုးမြတ်ဟု၊ မိုးနတ် မဟာ၊ ဗြဟ္မာသနံ၊ ကမ္ဘာ လျှံအောင်၊ မိန့်သံ ခြွေညွှန်း၊ တင် မော်*ကွန်းဖြင့်၊ တု*ကျွန်း လူ့ဘောင်၊ လက်ရုံး ထောင်၍့၊ အခေါင် လွှမ်းမိုး၊ ဦးကိုင်စိုးသား၊ နေ,မျိုး လ,နွယ်၊ ဤနှစ်သွယ်တွင်၊ ကြီးကျယ် စက်ရှိန်၊ နေသူရိန်နှင့်၊ *နှုန်းချိန်*တမျှ၊ ဘုန်းထိန် ပ,၍့၊ ဂေါတမမိတ်၊ သောင်းလုံး ထိတ်အောင်၊ အာဒိစ္စဝင်၊ နေမျိုး စင်သည်၊ ဘ,ခင်သွေး စစ်၊ ဥပရာဇ်။။ သားချစ် သည်းအူ၊ စွဲးမှတ်ယူလော့၊ “ဤလူတလွှား၊ ဇမ္ဗူသားကား၊ တရား ကိုယ်ကြပ်၊ မြဲး မ†ကပ်၍့၊ ဆုတ်†ကပ်အလေ့၊ ကာလ ရွေ့တိုင်း၊ လျော့မေ့ ဘောက်ပြန်၊ မမှန် အမျိုး၊ အမိုက်တိုး၏၊ မိရိုး ဘ,လာ၊ ကျင့်သမ္မာကို၊ ပယ်ခွါ စောင့်လှည့်၊ မျှော် မကြည့်ဘူး၊ မျိုး၏့ စာရိတ်၊ ကွယ်ဆိတ် မြုပ်တိမ်၊ ဂုဏ်သိမ် တန်းခိုး၊ ရွေ့ရွေ့ညှိုးလျက်၊ အရိုး ဟောင်းလစ်၊ အဆန်း သစ်၍့၊ စွန့်ပစ် သမ္မာ၊ ကျင့်တတ်စွာ၏၊ သစ္စာ ကတိ၊ တည်မယှိဘဲး၊ ကလိယုဂ်ဘွား၊ ပါပသားတို့၊ တရား မပြည့်၊ တော်မတည့်ဘူး၊ နှိုင်းရှည့် ပညာ၊ အရာရာကို၊ လိမ္မာနည်းယူ၊ သတိမူလော့၊” “လူ၏့အလျောက်၊ မျက်မှောက် ဘေးရန်၊ ဖြစ်ခဲ့ပြန်သော်၊ မန္တာန် စုပ်ဘိ၊ ပညာယှိနှင့်၊ နှိုင်းညှိ တိုင်ပင်၊ ချစ်ခင်စ†ရာ၊ သာ†ယာစကား၊ ပဏ္ဏာ *ဖြား၍့၊ ပေးငြား တံစိုး၊ ဆွေမျိုး ဆက်နွယ်၊ ဤငါးသွယ်ဖြင့်၊ ကိုယ်ဝယ် ရောက်လာ၊ မှုရေးရာနှိုက်၊ ချမ်းသာရမြဲး၊ မလွဲး မှန်လှ၊ သို့ မရမူ၊ ကမ္မသကာ၊ ငါ့ကံသာဟု၊ *ကြမ္မာကိစ္စ၊ ကံကို ချလော့၊” “ရှေးက ကောင်းမှု၊ မပြု နည်းပါး၊ ထိုသူများကား၊ စီးပွား ဥစ္စာ၊ ချမ်းသာ ရကြောင်း၊ ပြုပါရှောင်းလည်း၊ တိမ်းစောင်း ယွင်းဘောက်၊ လှေ့နှယ် မှောက်၍့၊ မမြောက် ကြံရာ၊ လက်ချည်း ခါအောင်၊ ချမ်းသာ မရ၊ ပျက်တတ်စွတည့်၊ ဘဝတိုင်းပင်၊ ဤလူ့ခွင်နှိုက်၊ မထင် မ†ရှား၊ ဘုန်းကံ †ယှား၍့။။ *ဖုန်းစား မြော်ရမည်ကိုကား။”(၁၁၄)

(၂၈၄) *ဖုန်းစား မြော်ကာ၊ သူပေးရာနှင့်၊ ဝမ်းစာ မဝ၊ ခါး မလှတည့်၊ “ပုည ရှေးပြု၊ ကောင်းမှု မပါ၊ သူတို့မှာလျှင်၊ ချမ်းသာ မရ၊ တဘဝလုံး၊ သူမျာ့းထက် ကဲး၊ ဆင်းရဲး ညစ်စုတ်၊ မဟာဒုက်သို့၊ ဆိုးယုတ် မွဲးပြာ၊ လက္ခဏာဖြင့်၊ ဇာတာ ဂြိုဟ်နေ၊ ယုဂ် လေးထွေတွင်၊ ကေမဓုမ၊ ယုဂ်ကိုရလျက်၊ ဒုက္ခ ပူပန်၊ အထီး†ကျန်၏၊ ကောင်း†ကြန် ကောင်းစာ၊ ကောင်း ဇာတာနှင့်၊ ဒသာ လဂ်-စန်း၊ ဥစ်-ပန်း ကသစ်၊ နဝင်း စစ်လည်း၊ ကောင်းဆစ် မငြား၊ လုပ်တိုင်း မှားဟု၊ ဟူးရားအလို၊ ထိုထိုကျမ်းမှ၊ ဟောဆိုပြ၏၊” “သုခ ဒုက္ခ၊ ဝိပါကဟု၊ ကမ္မ နှစ်ခု၊ ရှေးက ပြုသား၊ ကုသိုလ် အကုသိုလ်၊ အကျိုးကိုမူ၊ မလိုလည်း ရ၊ လို မရဘူး၊ တောင့်တ အားလှိုင်း၊ ကြံစည်တိုင်းလည်း၊ ကြံတိုင်း မပြီး၊ ရှေး *အတီးက၊ ရင်းနှီး ပုည၊ ကုသလသာ၊ ကမ္မမူလ၊ ကြောင်းရင်းစတည့်၊ ရှေးက ကောင်းကံ၊ ကြောင်း မခံ၍့၊ အကြံ ပျက်စီး၊ ကြံ မပြီးက၊ ချည်းနှီး ပညာ၊ မလိမ္မာသည့်၊ လူမှာ စင်စစ်၊ သူမိုက်ဖြစ်၏၊ တဆစ် မဘောက်၊ ကြံတိုင်း မြောက်သော်၊ အံ့လောက် ထိုသူ၊ ပဏ္ဍိတ်ဟူ၏၊ မှတ်ယူ မှန်စွာ၊ ကံရင်းပါမှ၊ ကြံရာပြီးတတ်၊ အမြဲး မှတ်လော့၊”မချွတ် ထို့ကြောင့်၊ “တရား စောင့်လျက်၊ ဖြောင့်သည့်အလို၊ ဤသည့်ကိုယ်နှိုက်၊ ကုသိုလ်ဓမ္မ၊ ယွင်း မခွနှင့်၊ ရှေးကအယူ၊ သမ္မာ ဖြူ၍့၊ လူဟု ဖြစ်ရှောင်း၊ အလာ ကောင်း၏၊ မစောင်း နောက်ပြန်၊ လမ်းဟောင်း မှန်အောင်၊ မြင်ဉာဏ်မျက်စိ၊ နှစ်ဘက်ယှိလော့၊ သတိ ပညာဉ်၊ အမြဲး ယှဉ်မှ၊ အစဉ် မပျက်၊ ကိုယ်ကျိုးနက်လိမ့်၊”သက်သက် မရွာ၊ တစိတ် ရွာနှင့်၊ နှံ့စွာ ရွာမျိုး၊ သုံးပါးမျိုးတွင်၊ နောက်မိုး သဘွယ်၊ ဘယ်ဝယ် မလပ်၊ အထပ်ထပ်သာ၊ အရပ်မရွေး၊ နီး-ဝေးမဆို၊ ပုဂ္ဂိုလ် မစစ်၊ မုန်း-ချစ် မယူ၊ ပေး အလှူဖြင့်၊ ငြူစူ မယှိ၊ စွန့်နိုင်ဘိလော့၊” “လောကီ့ဓမ္မတာ၊ လူတို့ရွာတွင်၊ အိမ်ရာထောင်ပြု၊ လူတစုကား၊ ကောင်းမှု ကောင်းကြံ၊ အရင်းခံ၍့၊ သစ္စံ ဓမ္မ၊ ဝီရိယနှင့်၊ စာဂ ဓီတိ၊ လေးပါးယှိက၊ ကင်းဘိ အပါယ်၊ နောင်ဝယ် နတ်-လူ၊ စိုး မပူတည့်၊”တမူ ထိုပြီ့း၊ သံဝိဘာဂါ၊ “သဒ္ဓါ မုဒု၊ ဝဒညုဟု၊ လေးခု ထင်ရှား၊ ဤတရားလည်း၊ ပြည့်ငြားတုံမြောက်၊ သေပြီး နောက်နှိုက်၊ ထိတ်-ကြောက် မပူ၊ ရဲးဆေးဟူ၏၊” “အယူမှားဘိ၊ လူဒိဋ္ဌိတို့၊ မယှိ ပညာ၊ သဒ္ဓါ မထုံ၊ ကံ မ†ယုံသို့၊ စား†ရုံ အိပ်မွေ့၊ မပျော်လေ့နှင့်၊ မမေ့ ကုသိုလ်၊ မငြင်†ငြိုမှ၊ သား†ညို ကသိုဏ်း၊ ဘ,သက် နှိုင်းသည်။။ ဆက်တိုင်း ပျော်ရမည်ကိုကား။ (၁၁၅)

(၂၈၅) “မိမိဥစ္စာ၊ နှစ်သက်စွာကို၊ သဒ္ဓါကြည်ဖြူ၊ ပေးအံ့ဟူ၍့၊ လှူမည် ဝမ်းထဲး၊ ကြံ မရဲးနှင့်၊ ကြံခဲးစွာဘိ၊ ကြံယှိသည်လည်း၊ မငြိ မနား၊ မန္တာန့်အားဖြင့်၊ အသွား မတုံး၊ ထိလျှင် ဆုံးမျှ၊ သုံးဆဲ့သုံးဘန်၊ လက်သစ်ပြန်သည့်၊ သန်လျက်ဓားကို၊ ထင်ရှား ပြက်ပြက်၊ မျိုသော့ ထက်လျှင်၊ နှုတ်ထွက် ငါသည်၊ ပေးမည် မြွက်ခဲး၊ မြွက်*တပဲးလျက်၊ ရဲးရဲး ရက်ရက်၊ အပေးခက်ရှင့်၊ ဆက်ဆက် မုချ၊ ပေးပြီးမှလည်း၊ နောင်တ မပူ၊ ခဲးစွဟူ၏၊” “ဤလူတို့ဘောင်၊ အိမ်ရာထောင်တို့၊ မရှောင် ပူ-ချမ်း၊ ကြိုးပမ်း ဥစ္စာ၊ ရအောင် ရှာလျက်၊ လေးဖြာ ခွဲးမှု၊ လေးဘို့ပြု၍့၊ တစု ခံစား၊ နှစ်စုအားလျှင်၊ စီးပွား ယှဉ်ရာ၊ တစုမှာမူ၊ လိုခါ နောင်ဘို့၊ မချို့ ဆောင်ဘွယ်၊ မြေဝယ် မြှုပ်ထား၊ ပြုအပ်ငြား၏၊” “ဘုရားဆု တောင်း၊ အလောင်းတို့မှာ၊ သုံးပုံသာမျှ၊ ခွဲးကာ ပိုင်းခြား၊ မြှုပ်မထားဘူး၊ ကြီးမား ဣစ္ဆာ၊ မဟဇ္ဈာဖြင့်၊ ပွင့်*လျာအပေါင်း၊ မြတ်လောင်းတို့ ထုံး၊ အားလုံး မချန့်၊ အစိုး*သွန့်၍့၊ ပေးစွန့်တတ်ဟူ၊ ဗိုလ်လူ*တကာ၊ ပမာ ဘက်†ယှား၊ မတူငြားတည့်၊” “ထင်†ရှား ကျော်ဟိုး၊ ဘိညာဉ်စိုးသား၊ တန်းခိုးကြီးစွာ၊ ရဟန္တာလည်း၊ ဥစ္စာ အသက်၊ နှစ်ပါ့းတွက်ကို၊ မပျက်စီးရာ၊ ဝန်ခံစွာလျက်၊ သဒ္ဓါဟူငြား၊ ဤတရားမူ၊ ဘောက်ပြား ယွင်းသွေ၊ မစ္ဆေ ဖီသမ်း၊ ပျက်လွယ်စွမ်းကြောင့်၊ *ခံထမ်း ပိုင်ပိုင်၊ မပြုနိုင်ဘူး၊ မြဲးခိုင်စိမ့်ငှါ၊ ထိုသဒ္ဓါကို၊ ပညာ*ကွန့်ထွေ၊ မ*ဆွန့်စေနှင့်၊”သက်ဝေ မင်းဖြူ၊ မှတ်နည်းယူ၍့၊ ဆယ်ဆူ ပုည၊ မြဲး မခွဘဲး၊ “ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မလည် *မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ် မစ္ဆေ၊ မတွန့်စေနှင့်၊ လှူထွေ ရှေးဘို့၊ ဉာဏ်*မဲ့ ချို့၍့၊ တွန့်တို့တုံက၊ ပထမရွယ်၊ နောင်ခါဝယ်နှိုက်၊ နွမ်းနယ် ချမ်းသာ၊ ဆိုး ရုပ်ဝါနှင့်၊ မဟာကုသ၊ ပ ဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီ ယက္ခ၊ တူ*တမျှဖြင့်၊ ရူပလက္ခဏာ၊ ပျက်တတ်စွာ၏၊ နောက်မှာ တွန့်ငြား၊ သားသမီး *မဲ့၊ ချို့တဲ့ ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါ ဒုက္ခ၊ ရသည် ဆင်းရဲး၊ တိမ်းလွဲး စည်းစိမ်၊ ဂုဏ်သိမ် နှိမ့်†ကျ၊ ဖြစ်တတ်†ကြ၏၊ ပဒုမဝတီ၊ ဒေဝီ နေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ် မည်ထုတ်၊ အပုတ္တက၊ သူဌေး စသည်၊ ထိုမျှ ဝတ္ထု၊ အစုစုကို၊ မျှော်ရှု နှိုင်းဆ၊ ထောက်အပ်စွရှင့်၊ မု ဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါ ချို့တဲ့၊ ဂုဏ်*မဲ့ မျိုးနွယ်၊ မတင့်တယ်ဘဲး၊ ငယ်၏ တန်းခိုး၊ မပြည့်*ဖြိုးသည်။။ နွမ်း ညှိုးယော်ရမည်ကိုကား။”(၁၁၆)

(၂၈၆) မှတ်လော့ တဘန်၊ ကျမ်းလာဟန်ကို၊ ထုတ်ပြန် ဘော်ပြ၊ “ဤလောကနှိုက်၊ ကာမဘောဂီ၊ လောကီ လူ့ဘောင်၊ အိမ်ရာထောင်တို့၊ လုပ်ဆောင်နေကြ၊ အချို့ကလည်း၊ အဓမ္မသာ၊ အချို့†မှာမူ၊ ဓ†မ္မာဓမ္မ၊ အချို့ကကား၊ ဓမ္မအားဖြင့်၊ သုံးပါးကိစ္စ၊ ပြုကုန်ကြ၍့၊ ဘောဂ ဥစ္စာ၊ ရအောင် ရှာလျက်၊ ချမ်းသာ ကိုယ်ကို၊ မခံလိုနှင့်၊ ခံလို ကောင်းမှု၊ ပြုမပြုငြား၊ ပုဂ္ဂိုလ်များတွင်၊ တရား မညီ၊ ထို-ဤ လုံ့လ၊ ဝါယာမဖြင့်၊ ဘောဂ ဘွေရှာ၊ ကိုယ့်ချမ်းသာကို၊ ခံငှါ မပြု၊ ကောင်းမှုအလုပ်၊ မြေဝယ်မြှုပ်၍့၊ ပိုက်ထုတ်ထားကာ၊ ပြုတတ်စွာသည့်၊ အင်္ဂါ သုံးပါး၊ နှစ်ပါး တပါး၊ ပါငြားသူဝယ်၊ ကဲ့ရဲ့ဘွယ်တည့်၊ အကယ် ထိုမှ၊ ဓမ္မေနနှင့်၊ သုခ ကိုယ်မှာ၊ ချမ်းသာ ခံစား၊ တရား မျှော်ရှု၊ ကုသိုလ်ပြုဟု၊ သုံးခု နှစ်ခု၊ တခု အင်္ဂါ၊ တဖြာဖြာလျှင်၊ ပါရာသူနှိုက်၊ ခြီးမွမ်းထိုက်၏၊ စွဲးပိုက် အာဂုံ၊ မြဲးမှတ် ယုံလော့၊ သုံးဘုံလုံ့း နတ်၊ ရှင်တော်မြတ်တို့၊ ဟောမှတ် ထင်ရှား၊ မြွက်ဘော်ကြားခဲ့၊ တရား ပါဠိ၊ လာတိုင်း သိသား၊ “ပဏ္ဍိပုဂ္ဂိုလ်၊ မြတ်ထိုထိုတို့၊ ကိုယ်ကို နှိမ့်ချ၊ ဓမ္မေ†နဖြင့်၊ ဓ†န ဥစ္စာ၊ ရအောင် ရှာ၍့၊ ချမ်းသာလည်း ခံ၊ အသင့် စံလျက်၊ ကောင်းကြံ ကောင်းပြု၊ ကောင်းမှု ရှေးရှူ၊ ပေးကြ †လှူ၏၊ *က†လူ နိုင်ထက်၊ နှိပ်စက် လျှပ်ဝါး၊ တပါးသူကို၊ မျက်ရည်ယိုအောင်၊ ထိုထိုဒဏ်မှု၊ ပြု၍့ ယူထ၊ အဓမ္မဖြင့်၊ ရသည့် ဥစ္စာ၊ ထောင် သပြာကို၊ လှူပါသော့သူ၊ တသိန်း†လူ၏့၊ အလှူ†တို့ကား၊ တရားညီမှု၊ နည်းငယ် ပြုသည့်၊ ထိုသူ့ဒါန၊ တခုမျှကို၊ ပုံချ တွက်ဘွဲ့၊ စံနှိုင်း*ရှဲ့သော်၊ တဆဲ့ခြောက်စိတ်၊ ခွဲးဝေ စိတ်၍့၊ တစိတ်ကိုမျှ၊ မမီစွဟု၊ ရှေးက ပ ဉ္စသီ၊ ချို-အီ သာမော၊ နတ်မင်း ဟော၏၊”သား*စော မင်းဖြူ၊ ကောင်းနည်း ယူလော့၊ လူတွင် လူမော်၊ သူ့ထက် ကျော်၍့၊ နတ်သော် နတ်မှာ၊ နတ်ထက် သာလျက်၊ တေဇာ ဝှန်*ဖြိုး၊ တန်းခိုး ပြည့်စုံ၊ လူနတ်ဘုံနှိုက်၊ ဝန်းအုံ ခြိမ့်သောင်း၊ ရံ ငြိမ့်*ညောင်းနှင့်။။ ရွေပေါင်း ဖျော်ရမည်ကိုကား။ (၁၁၇)

(၂၈၇) မှတ်စိမ့် ကျမ်းလို၊ တခဏ်း ဆိုပိမ့်၊ “ဗြဟ္မစိုရ် လေးဖြာ၊ တည်ကြခါမှ၊ သတ္တဝါဟူဟူ၊ ဦးမည်း-ဖြူတို့၊ ရှင်-လူ*ခပင်း၊ ရောဂါ ကင်းလျက်၊ ဘေးရှင်း ရန်ကွာ၊ ဆင်းအင်္ဂါနှင့်၊ ချမ်းသာ ခွန်အား၊ သက်ရှည် ပွား၏၊ လေးပါး ဗြဟ္မစိုရ်၊ ကုသိုလ် သမ္မာ၊ ကင်းကြ†ခါနှိုက်၊ ယ†က္ခာဓိပ၊ ဣန္ဒာ စသား၊ နတ်ကြီးများတို့၊ စိမ်းဝါး ကြမ်းခက်၊ သံဘက် ဥပါ၊ မိစ္ဆာ ရဲးဆိုး၊ ဘီလူးမျိုးကို၊ စောင့်စိုး မအုပ်၊ မချုပ်သော့အား၊ ပေါက်လွှတ်ထား၍့၊ လူများ ဘေးရောက်၊ သေပျောက် ဥပဒ်၊ များသတတ်တည့်၊”မှတ်လော့ တသွယ်၊ “လူတို့ဝယ်လျှင်၊ ကြီး-ငယ် အများ၊ မင်း-ပုဏ္ဏားက၊ ယောက်ျား မိန်းမ၊ ကြင်ကာလနှိုက်၊ လောဘတရား၊ စရိုက် များလျက်၊ ပြန့်ပွား မဆိတ်၊ ထိုကြောင်းဟိတ်ကြောင့်၊ ဒုဗ္ဘိက္ခန္တရ၊ ကပ်ကြီး†ကျ၍့၊ ငတ်†ကြ မွတ်ကြ၊ မဝ ရေ-စာ၊ တောင့်တကာလျှင်၊ များစွာ သေပျောက်၊ ပြိတ္တာ ရောက်၏၊ မီးတောက်*တမျှ၊ ဟုန်းဟုန်းထလျက်၊ ဒေါသဟိတ်လွန်၊ ပြန့်ပွား*ဝှန်သော်၊ သတ္ထန္တရ၊ ကပ်ကြီး†ကျ၍့၊ သတ်†ကြ ဖြတ်ကြ၊ အာဃာတဖြင့်၊ သေထတုံမြောက်၊ ငရဲးရောက်၏၊ ထို့နောက် ဉာဏ၊ နည်းပါးကြကြောင့်၊ မောဟသမုဋ္ဌာန်၊ ထိုဟိတ်လွန်က၊ ရောဂန္တရ၊ ကပ်ကြီး†ကျ၍့၊ များလှ ရောဂါ၊ ဝေဒနာဖြင့်၊ ခန္ဓာ ပျက်သူ၊ ပြန့်*ပြောထူလျက်၊ အယူ မမှား၊ ချင်းချင်းအားလည်း၊ သနား ကြင်†နာ၊ ကရုဏာနှင့်၊ မေတ္တာ မကင်း၊ သေကြလျှင်း၍့၊ *ခပင်း များစွာ၊ သတ္တဝါတို့၊ လူ့ရွာ နတ်ခြောက်၊ ဖြစ်ကြ ရောက်၏၊”မဘောက် မှန်စွာ၊ ကျမ်းနှိုက်လာခဲ့၊ လေးဖြာ ဗြဟ္မစိုရ်၊ ပျက် ယွင်းယို၍့၊ အကုသိုလ် မူလ၊ ဟိတ် ပါပတို့၊ ပွားကြကုန်ဘိ၊ ထိုသတ္တိကြောင့်၊ ကလိယုဂ်ဟု၊ သမုတ် သညာ၊ ဝေါဟာ ပညပ်၊ ခေါ်ဝေါ်အပ်သား၊ ဆုတ်ကပ်ကာလ၊ ဟာယနနှိုက်၊ လောက လူ့ရွာ၊ သတ္တဝါတို့၊ ဓမ္မတာတရား၊ ဟိတ် သုံးပါးနှင့်။။ ကပ်အား တော်ရမည်ကိုကား။ (၁၁၈)

(၂၈၈) တပါး မှတ်ရန်၊ ကျမ်းလာဟန်တည့်၊ “သိဉာဏ် မ*ဟဲ့၊ ပညာ*မဲ့၍့၊ ချိုတဲ့ သဒ္ဓါ၊ မျက်မှောက်မှာလျှင်၊ ဥစ္စာ ကုန်မွဲး၊ ဆင်းရဲးမည့်ရေး၊ ငတ်မွတ်ဘေးမှ၊ တွေး၍့ မလှူ၊ ကြောက်တတ်သူတို့၊ နောင်မူ မချွတ်၊ ဘေး မလွတ်ဘဲး၊ ငတ်မွတ် ဆင်းရဲး၊ မွဲးသည့်ဒုက္ခ၊ တွေ့တတ်ကြ၏၊” “မုချ မှတ်ယူ၊ လောက†လူတွင်၊ အ†လှူပေးခြင်း၊ စစ်ထိုးခြင်းကား၊ မယွင်း တူမျှ၊ ဟူကုန်စွတည့်၊ အလောဘဟိတ်၊ ကြောက်ထိတ် ကင်းစွာ၊ စွန့်ကြဲးရာနှိုက်၊ သဒ္ဓါ သူရဲး၊ ဗိုလ်ထု ခွဲးလျက်၊ စစ်ကဲ ဝီရိယ၊ လုံ့လအထူး၊ ရဲးခေါင်ကြူးသား၊ ဗိုလ်မှူး ရွှေဉာဏ်၊ ဆုတ် မလှန်ဘဲး၊ စိတ်သန် ခိုင်*ကျန်း၊ စွဲးယူမှန်းလော့၊” “ရဟန်း ပုဏ္ဏား၊ သူမြတ်များအား၊ လေးပါးပစ္စည်း၊ ထံ ကပ်ဆည်း၍့၊ ဘိတ်လည်း ဘိတ်လျက်၊ ဘောက်ပျက် စေတနာ၊ နောက်အခါသော်၊ သဒ္ဓါ မရှေး၊ မစ္ဆေ မှေး၍့၊ မပေးလိုတတ်၊ မကြည်မြတ်ဘဲး၊ ယွင်းချွတ်သသူ၊ ထိုမျှလူကား၊ နောင်မူ များစွာ၊ ဖြစ်လေရာနှိုက်၊ *ကြမ္မာ မကူ၊ ညှိုး-ကြုံ ပူလျက်၊ ကိုယ်ထူ ကိုယ်ထ၊ ဝီရိယဖြင့်၊ လုံ့လ ကြိုးစား၊ စီးပွားဖြစ်မှု၊ အားထုတ်ပြုလည်း၊ တခုက ယွင်း၊ တခု ဟင်း၍့၊ *တိမ်းပင်း ဆုတ်ဆိုင်း၊ အပိုင်းပိုင်းနှင့်၊ လုပ်တိုင်း မအောင်၊ ဆောင်တိုင်း မမြောက်၊ ဆားလှေမှောက်သို့၊ ဘောက်ဘောက် ပြားပြား၊ မပွား *မဖြီး၊ အချည်းနှီးလျှင်၊ ပျက်စီးတတ်စွာ၊ *ထက်ချည်းခါ၏၊” “သဒ္ဓါ မလှိုင်း၊ ဘိတ်တိုင်း ကြည်ညို၊ မပေးလိုဘဲး၊ ဝန်တို ချုတ်ချယ်၊ အနည်းငယ်မျှ၊ အကယ် ချို့ချို့၊ ပေးသူတို့မူ၊ နှစ်လို့ လိုအင်၊ မပြည့်လင်ရှင့်၊ အကြင် တယောက်၊ ဘိတ်တိုင်းလောက်သာ၊ မဘောက်ရုံမျှ၊ ပေးတတ်ကလျှင်၊ ကိစ္စလိုရုံ၊ ပြီး ပြည့်စုံ၏၊ အပုံ အ*ဖြီး၊ မြှောက်ချီး *ဖြိုးဝှန်၊ ဘိတ်တိုင်း လွန်အောင်၊ သွန်သွန် မှောက်†မှောက်၊ ရွှင် ဝမ်းမြောက်၍့၊ မောက်†မောက် လျှမ်းလျှမ်း၊ လွေ့လွေ့ရမ်းဖြင့်၊ ပေးကမ်းတတ်သူ၊ ထိုလူများကား၊ စီးပွား လုပ်ဆောင်၊ ကြံတိုင်း အောင်လျက်၊ တောင်နှယ် *ဖြိုးဖြိုး၊ ပွားတက်တိုး၍့။။ တန်းခိုးပေါ်ရမည်ကိုကား။”(၁၁၉)

(၂၈၉) “တန်းခိုး ပေါ်ထင်၊ ကုသိုလ့်ရှင်မှ၊ လူတွင် မညှိုး၊ စည်းစိမ်ဖြိုး၏၊ ကျမ်းရိုးအယှိ၊ လမ်းမှန်သိလော့၊ လောကီ့*ချမ်းသာ၊ နောင်ဘို့ ရှာသည့်၊ ပညာရှိပေါင်း၊ သူမြတ်ကောင်းတို့၊ *နှစ်ထောင်း ဝမ်းသာ၊ ပြုအပ်စွာရှင့်၊ လူ့ရွာ နောက်နောင်၊ ကြံတိုင်း အောင်လိမ့်၊”သားမောင် သက်နှင်း၊ ကျင့် မပျင်းနှင့်၊ “ကြောင်းရင်း*ကြမ္မာ၊ ကံ မပါလျှင်၊ ကြံရာ မပြီး၊ အချည်းနှီးဖြင့်၊ ပျက်စီးတတ်စွာ၊ မချွတ်ရာတည့်၊ ကလျာဏာကလျာဏ၊ ကျင့် ကမ္မဖြင့်၊ ပုည ပါပ၊ ကိစ္စအမှု၊ ခွဲဝေရှုသော်၊ အကုသိုလ် ကုသိုလ်၊ နှစ်ခုကိုလည်း၊ မပြုလိုခဲး၊ ပြုလို ရဲး၏၊ ကံမွဲး မပြောင်၊ ကံ မဆောင်လျှင်၊ ဂုဏ်ရောင် မလှ၊ မထွန်းပဘူး၊ ဒုက္ခ လူ့ဘောင်၊ ဆင်းရဲး ခေါင်လိမ့်၊ ကျင့်ဆောင် မယုတ်၊ စောင့် ကိုယ်-နှုတ်နှင့်၊ ဥပုသ် ဗြဟ္မ၊ စရိယလည်း၊ ကာလ အစဉ်၊ အမြဲး ယှဉ်လော့၊ *ဖဲးကြဉ် စေတနာ၊ တညစာဖြင့်၊ အင်္ဂါ မပျက်၊ နေ့တဝက်မျှ၊ ကျိုးစက် လွန်အောင်၊ မင်းဖြစ် ဆောင်၏၊” “*ယခေါင် ရှေးက၊ ပုည သမုဋ္ဌာန်၊ ကုသိုလ် သန်၍့၊ ကောင်းကြန် ကောင်းစာ၊ ကောင်းဇာတာနှင့်၊ ပရမာယု၊ ပိဏ္ဍာယုဖြင့်၊ အာယုဒါ†ယ၊ ကျမ်းလာပြတိုင်း၊ တွက်†ရ အသက်၊ သူ့ထက် ပိုမို၊ ရှည်မည်ဆိုလည်း၊ ကုသိုလ် သမ္မာ၊ မကျင့်စွာဘဲး၊ နေကာ မတ္တ၊ သပ္ပါယဟု၊ ကမ္မ ဘောဇန၊ သြသဓနှင့်၊ ဗြဟ္မစာရီ၊ ပ ဉ္စသီ ဥပုသ်၊ ချို့တဲ့ ယုတ်က၊ အဟုတ် ဆိုတိုင်း၊ ရှည်မလှိုင်းတည့်၊ သက်ပိုင်း တိုရာ၊ ဇာတာပါလည်း၊ သမ္မာပယောဂ၊ ကုသလဖြင့်၊ ဒီဃအာယု၊ ပြိုင် တုဘက်ယှား၊ သက်ရှည် ပွား၏၊ ထင်†ရှား ချမ်းသာ၊ ကြီးကျယ်စွာလျက်၊ တေဇာ ဘုန်းရောင်၊ တိုးတက် ပြောင်၏၊” “နောက်နောင် ဤခု၊ နှစ်စု ဖ†လ၊ အကျိုး†လှသည့်၊ ပုညအရာ၊ သမ္မာအစု၊ ကံ ကောင်းမှုကို၊ အပြု လေ့လာ၊ ကျင့် ယုတ်မာမှ၊ ပယ်ခွါ အရှင်း၊ မသုံး ကင်းလော့၊” “ပြုခြင်းအလို၊ အကုသိုလ်နှင့်၊ ကုသိုလ် နှစ်ပါး၊ ကံတရားကား၊ မယား ပြုရာ၊ စိတ်မပါလျှင်၊ လင်မှာ မရ၊ လင်ပြုကလည်း၊ မိန်းမ အိမ်သူ၊ စိတ်မတူသော်၊ မှတ်ယူ မှန်စွာ၊ မရရာဘူး၊ သူဇာ မာဃ၊ အသယှတို့၊ ရှေးက ဝတ္ထု၊ နှိုင်းယှဉ် ရှု၍့၊ အကုသလ၊ ကုသလ၏့၊ ကမ္မသကာ၊ လက္ခဏာကို၊ မြဲးစွာ ဝမ်းတွင်း၊ နှလုံးသွင်းလော့၊” “မပျင်း ကုသိုလ်၊ ထို†ပုဂ္ဂိုလ်ကား၊ ကိုယ့်†ကို ချစ်သူ၊ မည်သောဟူ၏၊ အယူ မယွင်း၊ ဆောက်တည်ခြင်းဖြင့်၊ ကံရင်း မူလ၊ ဝီရိယနှင့်၊ ဉာဏ ထောက်ကူ၊ ရှိသည့်သူမှ၊ လူတွင် လူလွန်၊ လွှားတံခွန်သို့၊ လူ*မွန်တ†ယောက်၊ တစ် ခေါ်လောက်အောင်၊ ခါ†ရောက် ချိန်*ဆုန်း၊ တု*မဲ့*နှုန်း၍့။။ ရွှေဘုန်း မော်ရမည်ကိုကား။”(၁၂၀)

(၂၉၀) လူ့ဘောင် ရပ်ဌာန်၊ လူ့သန္တာန်နှိုက်၊ ကံ-ဉာဏ်-ဝီရိယ၊ ဤသုံးဝတွင်၊ ဝီရိယ ဉာဏ်၊ ကျိုးပေးဟန်ကား၊ သင့်တန်ရုံမျှ၊ ခံရစရိုး၊ ကံ့အကျိုးမူ၊ ပြည့်*ဖြိုး လွန်စွာ၊ မကြံသာခဲ့၊ *ကြမ္မာ မထောက်၊ ဉာဏ် မလှောက်ဘဲး၊ မောင်းကျောက် ဖျာ†ရက်၊ ဂယောက် ဂ†ယက်တိ၊ အချက် မဟုတ်၊ လွန်ကြိုးကုတ်၍့၊ အားထုတ်သဖြင့်၊ ကျိုး မပွင့်ဘူး၊ ကိုယ်နှင့် စွမ်းအန်၊ မတန် မနီး၊ အကြံ ကြီးက၊ ပျက်စီးကြမြဲး၊ မချွတ်လွဲးရှင့်၊ ဆင်းရဲးဘို့သာ၊ ဤလူ့ရွာဝယ်၊ အနာနှင့် ဆေး၊ မသင့်ရေးကြောင့်၊ ဘေး ဖြစ်တတ်စွာ၊ ဟူစပါ၏၊” “ပညာ မဘက်၊ ကြက်နှယ်†ယက်၍့၊ နေ့†ရက် ကုန်ကာ၊ အရာ မထင်၊ အသက်ရှင်ရုံ၊ နေဝင် နေထွက်၊ လုပ်လက် ရွရွ၊ ဝမ်း မဝတည့်၊ လုံ့လ *နုန့်နှယ်၊ အကြံ ငယ်သော်၊ မကြွယ် မဝ၊ ရှေးကမ္မထက်၊ လုံ့လ ပညာ၊ နှစ်ဖြာ ပင့်ထောက်၊ သမ္မာ လှောက်၍့၊ မီးတောက် လေကူ၊ ဟူ၏့ပမာ၊ များ မကြာခင်၊ ကာကဏိက၊ ကြွက်သေမျှဖြင့်၊ လေးလတွင်းဝယ်၊ နှစ်သိန်း ကြွယ်ရှင့်၊” “အကယ် တတ်*ပွန်၊ ထိုသူ*မွန်ကား၊ ကံ-ဉာဏ်-ဝီရိယ၊ ဤကိစ္စဖြင့်၊ လူမျာ့း အခေါင်၊ မှန်ကင်း ထောင်၏၊ နောင် တမလွန်၊ ချမ်းသာ*မွန်လည်း၊ မိုးစွန် *ဖြိုးမောက်၊ တံခွန်ဆောက်သို့၊ နတ် ခြောက်ဌာန၊ ရမြဲးပေတည့်၊” “မိုးမြေ စကြဝဠာ၊ သတ္တဝါလောက၊ ဟူသမျှနှင့်၊ သုခ ဒုက္ခာ၊ ခံစားရာကို၊ ဗြဟ္မာ-နတ် ဘန်၊ ဆိုကြဟန်ကား၊ မမှန် မိစ္ဆာ၊ ဒိဋ္ဌိသာရှင့်၊ သမ္မာ ရှေ့ထား၊ သဒ္ဓါ ပွားလော့၊” “ဆယ်ပါး ကုသိုလ်၊ မပြုလိုမူ၊ *နှောင်းစိုကာလ၊ ဖြစ်သမျှနှိုက်၊ ဘဝ မမြတ်၊ ယုတ်မာတတ်၏၊ လူ-နတ် ချမ်းသာ၊ မရရာဘူး၊” “တဏှာလိုက်စား၊ မေ့ ပျော်ပါးလျက်၊ တရား မကျင့်၊ လိုလို ရင့်ဟု၊ မသင့် ယူငြား၊ ဆောက်တည် မှားက၊ လေးပါး ပါယ်ဘုံ၊ လားတုံတုံတည့်၊ *မြုံခဲ့ ချမ်းသာ၊ ဘဝ ကြာတိုင်း၊ သမ္ဘာ မရင့်၊ တဏှာ ဆင့်၍့၊ ရှည်မြင့် ကြာ*ညောင်း၊ ဝဲး*ခနောင်းသို့၊ တပြောင်းပြန်ပြန်၊ ညာ မဆန်ဘဲး၊ နိဗ္ဗာန် ဝေးဘိ၊ သုဂတိမျှ၊ မသိတို့စွာ၊ ပါယ်လေးရွာဝယ်၊ ဖီလာ အမြဲး၊ လူ-နတ်ပွဲးနှင့်။။ ချွတ်လွဲး ချော်ရမည်ကိုကား။”(၁၂၁)

(၂၉၁) ဆယ်ပါး ပညပ်၊ ကုသိုလ်ရပ်ကို၊ ပြုအပ်ပြီးသည်၊ လူတမည်ကား၊ လူ့ပြည် နတ်ပွဲး၊ ရ မခဲးတည့်၊ ယူစွဲး မုချ၊ ယွင်းမခွဘူး၊ ဒါန သီ†လ၊ ကုသ†လနှိုက်၊ လုံ့†လ လွှတ်+လျှော့၊ လေဘင်ပေါ့၍့၊ မေ့+လျော့သော့သူ၊ သူသေဟူ၏၊ အလှူ *သီတင်း၊ မကင်း ဘာဝနာ၊ မချာ ရက်-နေ့၊ မမေ့လျော့တတ်၊ ထိုလူမြတ်တို့၊ လူ-နတ်ခန္ဓာ၊ ပြောင်းလဲးကာလျှင်၊ ချမ်းသာ သုခ၊ မပျက်ကြညောင်း၊ ဘဝသဘော၊ မေ့လျော့ခြင်းဟူ၊ စုတိမူလည်း၊ သေသူမမည်၊ ဟူတုံသည်တည့်၊”*ခိုင်ကျည် ဝမ်းထဲး၊ အမြဲး မှတ်ပြု၊ ကံ ကောင်းမှုကို၊ မျက်ရှု သားမောင်၊ ကြောက် မရှောင်နှင့်၊ “ဘုန်းခေါင် ဓိပတိ၊ မဟိဒ္ဓိနှင့်၊ လောကီ့*တမွတ်၊ စက္ကဝတ် မဟာ၊ မြတ်ရာဇာတို့၊ စကြာယာဉ်မင်း၊ ဆင်-မြင်းရတနာ၊ ဤသုံးဖြာကို၊ မဟာကုသလ၊ အဒေါသကြောင့်၊ ရ၏့ဟူငြား၊ ပတ္တမြားနှင့်၊ မိဖုရားနတ်၊ သူဌေးမြတ်မူ၊ စွန့်*လွှတ် စာဂ၊ အလောဘကြောင့်၊ ရ၏့ဟူပေ၊”သက်ဝေ သြရသ်၊ အိမ်ရှေ့မြတ်ဟု၊ လောကဓာတ်†နယ်၊ တိုက်ဝန်းကျယ်နှိုက်၊ နတ်†နှယ်အလား၊ လေးကျွန်းသားကို၊ တရား မဘောက်၊ ရှု ခြီးမြောက်၍့၊ စောင့်ရှောက်နိုင်သီး၊ ချစ်မငြီးသည့်၊ သားကြီး ပရိ†ဏာ၊ ရတ†နာကား၊ ပညာဟူထ၊ အမောဟဖြင့်၊ မူလဟိတ်ကျိုး၊ စုံ ပြည့်*ဖြိုး၏၊ တန်းခိုး မဟိဒ်၊ ပုညဇိဒ်လည်း၊ အတိတ်ကာလ၊ ရှေးဘဝက၊ ပြုထ မမှား၊ ပုညအားကြောင့်၊ တရားဖြင့်သာ၊ *သာလကာလျှင်၊ စကြာ ပြောင်ရွှန်း၊ ရှေ့ဆောင်ညွှန်းလျက်၊ တိုက်ဝန်းနယ်ကျန်၊ အဿကဏ်ကို၊ သီမန္တရိက်၊ နိမိတ် မှတ်သား၊ မိုးသိကြားနှင့်၊ ခြားခဲ့ပြီးလျှင်၊ ရှေ့ခွင် နောက်မြောက်၊ တောင်ကို ဘောက်ပြီး၊ ပြန်ရောက် သပြေ၊ လှည့်သောထွေဖြင့်၊ မြေပြင် ရေပြင်၊ ပတ်ပတ် နှင်လျက်၊ ကောင်းကင် ပျံကြွ၊ ဘုန်းတော် ပြ၍့၊ တလောကလုံး၊ လေးကျွန်း ဆုံးအောင်၊ လက်ရုံး မထောင်၊ လိုလိုအောင်၏၊ မှတ်ဆောင် တဆစ်၊ “ရေစစ် ဆေး-ကျောင်း၊ အဟောင်း ပြုပြင်၊ ပ ဉ္စင် အဋ္ဌ၊ သီလမည်သာ၊ ဤခြောက်ဖြာလည်း၊ ဒီဃာယုက၊ ပုညခေါ်ရိုး၊ ကျင့်တမျိုးတည့်၊ အားကြိုးသမှု၊ ဆောက်တည်ပြုက၊ ယခု ဒိဋ္ဌ၊ ဤဘဝနှိုက်၊ သုခပွားစည်၊ စည်းစိမ် တည်၍့၊ သက်ရှည် ဘုန်းကြီး၊ အံ့မပြီးအောင်၊ *ဝှဲးခြီး လူ့ဘောင်၊ ဘဝ နောင်လည်း၊ အခေါင်*ဓိမိုင်း၊ တု*မဲ့နှိုင်းသည်။။ ဖြစ်တိုင်း ကျော်ရမည်ကိုကား။”(၁၂၂)

(၂၉၂) ထိုမှ *တသွန်၊ မှတ်ကြောင်း ညွှန်ပိမ့်၊ သား*မွန် ဒါလီ၊ မှတ် နာ†အီလော့၊ †ဤသည် ယခု၊ လူဟု သမုတ်၊ မနုဿတ္တ၊ ဇာတ်ဘာဝကား၊ ပုည ပါပ၊ ဝိသဒနှင့်၊ တိက္ခ သူရာ၊ လက္ခ†ဏာဖြင့်၊ စေတ†နာ ပြစ်-ကျိုး၊ လွန်ထက်ရိုးတည့်၊ လူမျိုး ဇာတိ၊ ဖြစ်တုံဘိမှ၊ ဗောဓိ သုံးတန်၊ ဆုကြီးပန်၍့၊ ရွှေဉာဏ် ခိုင်*ဖြီး၊ ချက်ပိုင် ပြီး၏၊”တသီး ထိုမှ၊ မိနှင့် ဘတို့၊ မနုဿ†ဇာစ်၊ မှန်စွာ ဖြစ်လျက်၊ စင်†စစ် ထို့နည်း၊ ကိုယ်လည်း လူ့ဇာတ်၊ မိ-ဘ သတ်သော်၊ မချွတ် မှန်လှ၊ နိယတဖြင့်၊ မုချ ဧကန်၊ မသွေလှန်ဘဲး၊ အာနန္တရိုက်၊ ထိုက်၏့ ကံကြီး၊ သေပြီး နိရယ၊ ငရဲး ကျ၏၊ သဘာဝအား၊ ယွင်း မမှားအောင်၊ တရား ဂမ္ဘီ၊ ဟောရိုးစီရှင့်၊” “လောကီအလိုက်၊ လူတို့နှိုက်လည်း၊ စရိုက် ပြကတေ့၊ အလေ့ဟူထ၊ တဿီလနှင့်၊ ဆုံးမ နည်းယူ၊ ဆောက်တည်မူကား၊ တဆူ မှတ်ကြ၊ တဒ္ဓမ္မတည့်၊ ကျင့်ထအရာ၊ သူ့ထက်သာအောင်၊ လိမ္မာ ကြေ*ပြွန်၊ အလွန် ကောင်းမှု၊ အထူး ပြုက၊ တဿာဓု ဟော၊ သဘော အနက်၊ ဤသုံးချက်ဖြင့်၊ မပျက် အစဉ်၊ အမြဲး ယှဉ်၏၊”ကောင်းယဉ် ဆိုး†ခြင်း၊ အ†ချင်း အထ၊ ပမာပြ၍့၊ လောက အားလုံး၊ မြတ်ထွတ်ဆုံးတို့၊ သိမ်းကျုံး ဟောမြွက်၊ ဓမ္မစက်ကား၊ ချုန်းလျက် မရွာ၊ ရွာလျက် မချုန်း၊ မချုန်း မရွာ၊ ချုန်းရွာ ရွာသား၊ လေးဖြာ မိုဃ့်းနှယ်၊ လူဝယ် လေးကွဲး၊ သဘော မြဲး၏၊ မပြည့်ဘဲး ပိတ်၊ ပြည့် မပိတ်နှင့်၊ မပိတ် မပြည့်၊ ပိတ်ပြည့် ပြည့်သည်၊ အိုး၏့ မှတ်ချက်၊ လေးမျိုးထွက်၏၊ တိမ်လျက် နက်ယောင်၊ နက် တိမ်ယောင်နှင့်၊ တိမ်ယောင် တိမ်လျက်၊ နက်ယောင် နက်သား၊ လေးချက် အိုင်ရေ၊ ဖြစ်မြဲး *နေနှင့်၊ တထွေ လူ့ဘောင်၊ စိမ်းယောင်နှင့် မှည့်၊ မှည့်ယောင်နှင့် စိမ်း၊ စိမ်းယောင် စိမ်းလှည့်၊ မှည့်ယောင် မှည့်သား၊ သရက်၏့ ထုံး၊ လေးလုံး မှန်စွာ၊ တဖြာ အထူး၊ တွင်းတူး မအောင်း၊ တွင်းအောင်း မတူး၊ မတူး မအောင်း၊ တူးအောင်း အောင်းသား၊ မှတ်ကြောင်း ခေါ်ရိုး၊ ကြွက်လေးမျိုးတည့်၊ မိုဃ်းနှင့် သရက်၊ အိုးနှင့် ကြွက်သို့၊ တိမ်-နက် ရေတူ၊ လေးမျိုး လူကို၊ မှတ်ယူ ရိပ်မြွက်၊ သိနိုင်ခက်၏၊ ထဲးနက် ပညာ၊ အလိမ္မာဖြင့်၊ မတ် ဂါမဏိ၊ ပညာယှိတို့၊ ကြံဘိ စုံထောက်၊ သုံးကြိမ်†မြောက်အောင်၊ †မျောက်နှင့်စမ်းတိုင်း၊ မင်းယဉ် *ကျိုင်းသို့၊ ချင့်နှိုင်း ဆင်ခြင်၊ သူ့ရုပ်သွင်ကို၊ မြင်လျှင် ဆတ်ဆတ်၊ သိနိုင်တတ်မှ၊ သားမြတ် ရွှေဘုန်း၊ မိုးနှယ် ချုန်း၍့။။ နတ်*နှုန်း*လျော်ရ မည်ကိုကား။ “ (၁၂၃)

(၂၉၃) နတ်သို့ *နှုန်း*လျော်၊ ရွှေဘုန်း ကျော်အောင်၊ ရှုမျှော် *ကြံထက်၊ မြင်ဉာဏ် နက်လော့၊ “ခွေး-ငှက်အသံ၊ နားယံ ကြားခါ၊ သိလွယ်စွာခဲ့၊ လူ့ရွာ လူသား၊ လူ့စကားမူ၊ ကြား၍့ *နှိုက်နှဲး၊ သိနိုင်ခဲး၏၊ ဝမ်းထဲး တပါး၊ ပြင် တခြားနှင့်၊ စိတ်ကား တ†မျိုး၊ နှုတ် †တမျိုးတည့်၊ လူ†မျိုး*တကာ၊ ဓမ္မတာ တရား၊ အလေ့ များ၏၊” “ယောက်ျားဟူတောင်း၊ လူရည်ကောင်းလည်း၊ ကြက်ဘောင်း တူ*လျော၊ အသွင် ချော၍့၊ ရဲးဘော နတ္ထိ၊ စွမ်း မယှိဘူး၊ သတ္တိ နည်းပါး၊ ရေး ကြုံငြားက၊ ခွေး ကျားကိုမြင်၊ တွေ့သော့သွင်ဖြင့်၊ ကြောက်ငြင် ချုံးပိန်၊ ဘိမသိန်သို့၊ ဇီဝိန် ပြတ်-ကျိုး၊ သေလုနိုးလျက်၊ ပုဆိုး ကိုယ်ဝတ်၊ စိုစွတ် ညစ်ကြေး၊ စီးယို ထွေးအောင်၊ ကြောက်သွေး လွန်ကဲး၊ ပူရည် ရွဲး၏၊”တကွဲး ထို့ပြင်၊ အပျိုစင်လျက်၊ မင်းလွင် မင်းဦး၊ မြူးထူး ပျော်ပါး၊ မွေးသည့် သားသို့၊ စကား ခရာ၊ သမာ နည်းဘိ၊ တည် မယှိဘူး၊ ဇာတိ ပုည၊ ယုတ်ညံ့စွနှင့်၊ သုတ ကြောင်†ကျား၊ မသင်ငြားဘဲး၊ မြင်†ကြား နည်းစွာ၊ ပညာ မဆူ၊ ဂုဏ်*မဲ့သူတို့၊ အယူ မောက်သီး၊ ဂုဏ် လို†ကြီး၏၊ ကြက်†ကျီး မဝေး၊ ခွေး ခြင်္သေ့နှယ်၊ လူရယ်ဘွယ်တည့်၊ ပွဲးလယ် မဝင်၊ ပြင် တကြွကြွ၊ အချို့ကလည်း၊ မလှသော့သူ၊ မှန်ကြည့်ထူဟု၊ *ဗိုလ်လူ ဆိုလှည့်၊ ရေမပြည့်သား၊ အိုး၏့ပမာ၊ သွက်သွက်ခါနှင့်၊ နှုတ်-လျှာ ရွင်ရွင်၊ မိုးဖျင်†ဖျင်တို့၊ ဖြင်ဂ†ဖြင် စကား၊ တဘွားဘွားတည့်၊ လူကြွား ပြောထန်၊ လူသန် မကြွား၊ မောင် မှတ်သားလော့၊ မြင်-ကြား သုတ၊ ဉာဏအရာ၊ အလိမ္မာနှင့်၊ ပညာသိမြော်၊ ရှိပါသော်လည်း၊ တော်မှန် ဖြောင့်ခဲး၊ ဝမ်းထဲး သစ္စာ၊ တော်ဖြောင့်ပါလည်း၊ လိမ္မာ နည်းပါး၊ ဉာဏ်မြင် ရှားခဲ့၊ ရှည်လျား ရောယှက်၊ လူ့ထဲး နက်ကို၊ ပေါင်းဘက်သမှု၊ သိအောင် ပြုလော့၊” “စတု ပုဂ္ဂလာ၊ ဒေသနာနှိုက်၊ ဘိဓမ္မာနည်း၊ ရှင်တော်တည်းသား၊ မိုးလည်း လေးချက်၊ လေးမျိုး ကြွက်နှင့်၊ သရက် လေးလုံး၊ အိုးရေ့ထုံးသို့၊ တွက်ကျုံး စတု၊ ပုဂ္ဂိုလ်စုတွင်၊ သုံးခု ပယ်မြောက်၊ ကျန် တယောက်မျှ၊ ရွေးကောက် နှစ်လီ၊ အင်ပြည့်ညီသား၊ စုံစီ ဂုဏ်ထူး၊ ကျေးဇူး *ပြောထူ၊ ထိုသသူအား၊ ကြည်ဖြူ နှစ်ခြိုက်၊ လွန်ခြီးထိုက်၏၊ လူနှိုက် ထိုသို့၊ သိနိုင်တို့က၊ မချို့ ပွားစီး၊ အကျိုး *ဖြီးသည်။။ ကောင်းခြီး ခေါ်ရမည်ကိုကား။”(၁၂၄)

(ဤ ၁၁-ပိုဒ်တို့ကား 'နေရောင်ခြည်ပြေး'ချနည်းတို့ချည်း။)

(၂၉၄) သမုဒ် လေးသွယ်၊ လေးရောင်ခြယ်သား၊ ပင်လယ် လေးရပ်၊ လေးပြင် စပ်အောင်၊ မလပ် စက်ရှင်၊ ဘုန်း အောင်မြင်၍့၊ ဝန်းကျင် ပတ်ခွေ၊ လေးကျွန်းမြေနှင့်၊ ရေ ယှိသမျှ၊ တိုက်လောကထက်၊ နေ-လ နှစ်ဆူ၊ ထွက်ပြူ ထွန်းရာ၊ နတ်စကြာတွင်၊ သတ္တဝါဟူဟူ၊ ဦးမည်း-ဖြူတို့၊ မည်သူ မလွတ်၊ ထို ယုတ်-မြတ်ကား၊ မန္ဓာတ်မင့်း ကျွန်၊ မလွန်နိုင်မြောက်၊ ရွှေစက်အောက်နှိုက်၊ လျားမှောက် ညွတ်ပြင်း၊ ဥက္ခောင်း ခင်း၍့၊ စင်းရသည်ချည်း၊ ဖြစ်သတည်းဟူ့၊ *ဝှန်သည်း လူ့ဘော်၊ ခုတိုင် ကျော်သား၊ ဘေးတော် မန္ဓာတ်၊ စကြာနတ်၏့၊ နွယ်မြတ် မျိုးစစ်၊ မြေးတော် မြစ်ဖြင့်၊ အဖြစ်လည်း တူ၊ အမူလည်း မျှ၊ ယွင်း မခွကြောင့်၊ တလောကလုံး၊ သိမ်းကျုံး မကြွင်း၊ အခေါင် ချင်း၍့၊ နင်းအံ့ မှန်စွာ၊ လက္ခဏာနှင့်၊ စကြာမျိုးစေ့၊ ဘုန်းရှိန်*ကြွေ့သည့်၊ အိမ်ရှေ့ သားမောင်၊ ဘ,သည်းခေါင်။။ ထောင်လော့ ရွှေနား၊ ခမည်း †ကြားပိမ့်၊ ယော†က်ျား*တကာ၊ ရှောင်အပ်ရာကို၊ ကျမ်းလာ မယွင်း၊ သိစေလျှင်းတည့်၊ ကိုယ်တွင်း ယုတ်မာ၊ ကိလေသာကား၊ ပညာ သီ†လ၊ မျိုးနွယ် စသား၊ မြတ်လှ †အထူး၊ ဂုဏ်ကျေးဇူးကို၊ ထိမ်မြူး မချွတ်၊ ဖျက်ဆီးတတ်၏၊ မြဲးမှတ် မသွေ၊ မတွေဝေနှင့်၊ သေစေ တရေး၊ လျှာ-မေး ခိုင်မှု၊ ချစ်အောင်ပြုလျှင်း၊ ခံတွင်းကိုယ် ခြောက်၊ ရူး-နောက်စေတတ်၊ ခြောက်ဘုံထွတ်က၊ မိုးနတ် မာရ်မင်း၊ မြား ငါးစင်းလျှင်၊ မကြွင်း ကိုယ်တွင်၊ အမြဲး ထင်သည်၊ ဤလျှင် မိန်းမ၊ ဣတ္ထိယတို့၊ ရူပ သဒ္ဒ၊ ဂန္ဓ ရသာ၊ ဖောဋ္ဌဗ္ဗာဟု၊ ယုတ်မာ မမြတ်၊ ငါးဖြာဓာတ်ကား၊ ဥပဒ် များစွာ၊ ဘေး*တကာ၏့၊ မဟာ*သဟဲး၊ မှန် မလွဲးရှင့်၊ မှီဝဲးသူပေါင်း၊ ဆင်းရဲးကြောင်းတည့်၊ ဆိုးတောင်း မပြတ်၊ နှိပ်စက်တတ်၏၊”ဟီနတ်ဘာဝ၊ လူ့လောကနှိုက်၊ ကာမသတ္တဝါ၊ ကာမာရမ္မဏ၊ ကာမသဘော၊ ကာမဇောဖြင့်၊ မက်မော ကြူးတုံ၊ ငါးအာရုံနှိုက်၊ ခုံခုံ *မင်မင်၊ သေ-ရှင် မသိ၊ စွတ်ထိ စွတ်ထိုး၊ ထင်တိုင်း တိုးလျက်၊ ပိုးနှင့် မီးလျှံ၊ နှိုင်းစံ *တမျှ၊ တရွရွတိ၊ မောဟအလို၊ အစတိုအောင်၊ ကိုယ်ကို အပြင်း၊ ဒုက္ခတွင်းသို့။။ နစ်ဆင်းခံလိမ့်မည်ကိုသော်ဝ်။”(၁၂၅)

(၂၉၅) “ရာဂဟူသည်၊ ယစ်မျိုးရည်သို့၊ မကြည် ယုတ်မာ၊ လွန်ဆိုးစွာ၏၊ သတ္တဝါဟူထ၊ သာမညနှိုက်၊ ဘယ်မျှတစိ၊ ဆိုဘွယ်ယှိအံ့၊ ဗောဓိသတ္တ၊ ဘုရာ့းအလောင်း၊ ရွှေဥဒေါင်းလျှင်၊ မင်းပေါင်း ခြောက်ဆက်၊ ကြံလျက် ဖမ်းငှါ၊ မတတ်†ရာလည်း၊ မာ†ယာ ဆောင်ပြ၊ ဥဒေါင်းမနှိုက်၊ ရာဂ လိုဆိုး၊ အိပ်ရာနိုးသို့၊ *ထိုးကျင့် ပြင်းစွာ၊ တပ်ခြင်းရာဖြင့်၊ ယုတ်မာ ညစ်တေ၊ ဤကိလေကြောင့်၊ ဥဒေတယံ၊ ဂါထာပျံကို၊ မအံ-ရွတ်မိ၊ သတိ ချွတ်ယွင်း၊ ညွတ်မိလျှင်း၏၊” “မျိုးချင်း မတူ၊ အမူ တရံ၊ မဆံနိုင်စောက်၊ ဆင်ပေါက်တစီး၊ စားနိုင် ကြီးလျက်၊ ကောက်သီး နယ်ဘိ၊ တလင်း*ရှိမျှ၊ ကုဠိရခေါ်၊ အိုင်နှိုက် ပျော်သည့်၊ အကျော်တသီး၊ ဗုဇွန်ကြီးလည်း၊ တွတ်တီး တွတ်တာ၊ မာယာ ပျောင်းပျ၊ တောင်းပန် ခ,သား၊ ဆင်မအသံ၊ တညံညံကို၊ နာခံ မေ့†လျော့၊ အညှပ် †လျော့၍့၊ ကျော့ထက် ဆင်မင်း၊ နင်း၍့ ကြေမွ၊ ပျက်သေရ၏၊”မုချ မှန်ဘိ၊ သား*မွန် သိလော့၊ “ဣတ္ထိရူပ၊ သဒ္ဒ စသား၊ ဂန္ဓ ရသာ၊ ဖောဋ္ဌဗ္ဗာဟု၊ ငါးဖြာ အပုံ၊ ဤအာရုံကား၊ မြှေးထုံ မောဟ၊ ဤလောကနှိုက်၊ ရာဂ မကင်း၊ ကိုယ်တွင်း မဆိတ်၊ ယောက်ျာ့းစိတ်ကို၊ မပိတ်ဆို့နိုင်၊ ယိမ်းယိုင် ကိုယ်လုံး၊ ကျုံး၍့†ပစ်သို့၊ ပြစ်†ပြစ် ကုန်စင်၊ မွေ မမြင်အောင်၊ ဆင်ခြင်ဉာဏ် ကင်း၊ မကြွင်းစေကြောင်း၊ စိတ်ကောင်း ဟူသမျှ၊ ပြုန်းပြုန်းကျ၏၊” “မိန်းမတို့လည်း၊ ထို့နည်းအတူ၊ ယောက်ျားဟူလျှင်၊ သည်းအူ လှိုက်ဖို၊ ပျက်ပြို စိတ်ကောင်း၊ ပြောင်း၍့ ရုန့်ရင်း၊ ကိုယ့်အတွင်းဝယ်၊ အတင်း ဝင်†ရိုက်၊ ဓားပြတိုက်သို့၊ တုန်†ယိုက် ရိုးရွ၊ အုန်းအုန်းထ၏၊ ယောက်ျာ့း ဆင်း-သံ၊ တရံ ခဏ၊ မြင်-ကြားရသော်၊ မိန်းမတို့ဓာတ်၊ မမှတ်နိုင်ဘိ၊ ဝေ မသိဘူး၊” “ဂုတ္တိလောင်းချစ်၊ စောင်းသံ ယစ်၍့၊ ဘွင့်လှစ်ထားမြောက်၊ လေသောက် ဟင်းလင်း၊ ပြူ*ပြတင်းက၊ ခုန်ဆင်း ထွက်လာ၊ ပြည့်တန်ဆာလျှင်၊ မြေမှာလည်း ကျ၊ သေဆုံးစွတည့်၊ မှန်လှသို့လျှင်၊ လူတွင် ယုတ်မာ၊ ကိလေသာကား၊ လွန်စွာ ဆိုးဝါး၊ မွှေ ချောက်ချား၍့၊ စီးပွား*မဲ့မျိုး၊ ကိုယ့်ကျိုး ဆုတ်နစ်၊ ပျက်ကြောင်းဖြစ်၏၊”စင်စစ် မှတ်ဆောင်၊ ငါ့သားမောင်လည်း၊ “ဆင်းရောင် လွန်ငြား၊ လူချစ်များနှင့်၊ သူ့မယား တထွေ၊ ကချေတတ်စွာ၊ ဥစ္စာလိုဘိ၊ ဣတ္ထိ ငါးမျိုး၊ အတွင်းဆိုးကို၊ မြတ်နိုး အမြဲး၊ မမှီဝဲးနှင့်၊ ကြဉ်*ဖဲး ခွါဆုတ်၊ ဘုန်း မိတ်တုတ်၍့၊ ဘုန်းယုတ် ကံညှိုး၊ ဘုန်း မတိုးသည်။။ ဘုန်း*ခြိုးခြံလိမ့်မည်ကိုသောဝ်။”(၁၂၆)

(၂၉၆) ဘုန်းညှိုး ကံယုတ်၊ သဘော ဟုတ်စွ၊ မျက်သုတ်ပုဆိုး၊ စာရေမျိုးနှင့်၊ အမိုး အကာ၊ မွေ့ရာ ဘုံပြန့်၊ ပန်တော်ပန့်တွင်၊ မသန့် မသက်၊ မိန်းမပျက်တို့၊ ရောရှက် ကျွမ်းဝင်၊ ပြုတတ်ချင်၏၊ မှဲ့ရှင် ပျောက်ဆုံး၊ ညာလက်ရုံးကို၊ အုံးစေမိလျှင်း၊ ထိုသည့်မင်းတို့၊ ညံ့ဖျင်း ဘုန်းပြယ်၊ တန်းခိုး ကွယ်ရှင့်၊”အကယ် မှန်လှ၊ ထိုကြောင်းစကြောင့်၊ “ဝံသအရိုး၊ အမျိုး အနွယ်၊ စင်ကြယ် *တမင့်၊ မြတ်လင့်*ကစား၊ ပတ္တမြားစစ်တွင်၊ ဂေါ် မစင်နှင့်၊ စိန်ပင် ဟုတ်လည်း၊ ခလုတ် တောစာ၊ ငယ်နာ ကြောင်မွေး၊ ပြစ်ဝေး မရှင်း၊ မလွတ်ကင်းက၊ မင်း မသုံးရ၊ ဟူစကြသို့၊ မိန်းမမည်ကာ၊ ကျင့် ယုတ်မာနှင့်၊ မေတ္တာ ဆက်ဆံ၊ သက် မနှံရာ၊ ဆိုမိန့်မှာ၏၊”တဖြာ ထို†မှ၊ *စောလောင်းလှလျှင်၊ ဆုံး†မ အသင့်၊ ရွှေဉာဏ် ဘွင့်၏၊ လူမင့်း ဘုန်းရောင်၊ နေ့နှယ်ပြောင်လည်း၊ ကျင့်ဆောင် ယုတ်-မြတ်၊ မမူတတ်ဘူး၊ ယွင်းချွတ် သမ္မာ၊ ပညာ*မဲ့ငြား၊ ရွှေတောင်ဖျား ထက်၊ နားသည့် ကျီးသွင်၊ ဖြစ်ကျင်တုံဘိ၊ ဂုဏ် မယှိတည့်၊ သိရီ့နတ်မယ်၊ မိဘုန်းကြွယ်ကို၊ ရှေးဝယ် သူတော်၊ ပဏ္ဍိတ်ကျော်တို့၊ မလျော် ဓမ္မ၊ စာရိတ္တဖြင့်၊ ဟီန ဥက္ကဌ်၊ ယုတ်-မြတ် မသိ၊ ဇာတိ မျိုးနွယ်၊ ရွေးခြယ်မမူ၊ မိုက်ကာန်းဟူ၏၊ မည်သူမဆို၊ ကြည်ညို တွေ့ရာ၊ မယ်သဒ္ဓါလည်း၊ ကြားကာ ယုံတတ်၊ မြဲး မမှတ်ဘူး၊ မိနတ် အာသာ၊ ဟူသည်မှာကား၊ လိုရာလိုက်မျိုး၊ မုသားအိုးဟု၊ မြတ်နိုး မယှိ၊ ပယ်ကုန်ဘိလျက်၊ ဇာတိ ဝယ၊ စသည် လေးအင်၊ ကိုယ်နှိုက် တင်၍့၊ ဆင်ခြင် မျှော်ရှု၊ မကောင်းမှုကို၊ မပြု ရှက်တတ်၊ ဂုဏ် ထူးမြတ်သား၊ စောနတ် နှောင်းငယ်၊ ဟီရိမယ်မှ၊ လူဝယ် နတ်ရပ်၊ ကုသိုလ် ကပ်ဟု၊ တင့်အပ် နေရာ၊ နတ်သုဓာကို၊ ကောင်းစွာ မကြွင်း၊ ပေး ဆောက်နှင်း၏၊ သားမင်း ဉာဏ်ရင့်၊ ပန့်းနှယ် ပွင့်လော့၊ ဘုန်းနှင့် သဒ္ဓါ၊ သက်သက်သာမူ၊ ဂုဏ်ဝါ အကျိုး၊ မယှိနိုးဘူး၊ နွမ်းညှိုး ညံ့ယုတ်၊ လ,နှယ် ဆုတ်၏၊ အဟုတ် ထိုကြောင့်၊ မဖြောင့် ထဲးသို၊ အမြင် တိုနှင့်၊ အလို ယုတ်မာ၊ ပညာ*မဲ့ဘိ၊ ဟိရီ့ မကပ်၊ သြတ္တပ် ကင်း†ပ၊ ထိုမိန်းမတို့၊ ပါ†ပစိတ္တ၊ စာရ ချွတ်တိမ်း၊ ကြံ *ပလိမ်း၍့။။ ကျင့်စိမ်း *ဆွံလိမ့်မည်ကိုသောဝ်။ (၁၂၇)

(၂၉၇) “သမုဒ် ဗြာဟ္မဏ၊ မင်း မိန်းမဟု၊ အားရ ဆုံးတိုင်၊ မပြည့်နိုင်ရိုး၊ လေးမျိုးတို့တွင်၊ တပါး ဝင်သည့်၊ အကြင် မိန်းမ၊ ဣတ္ထိယတို့၊ အဋ္ဌပတိ၊ ရှစ်လင် ယှိလည်း၊ လွန်ဘိ ပိုမို၊ ကိုးယောက်ကိုလျှင်၊ အလိုယှိမြဲး၊ လို ပြည့်ခဲး၏၊” “လင်မွဲး လင်နာ၊ လင်သုရာကြိုက်၊ လင်မိုက် လင်ဖျင်း၊ လင်ပျင်း လင်အို၊ အလို မဖြည့်၊ မပြည့် ဆန္ဒ၊ ယှိတုံကလျှင်၊ မိန်းမဟူသည်၊ ဤရှစ်မည်ကြောင့်၊ မကြည် မသာ၊ အနာဒရ၊ ပြုတတ်စွရှင့်၊” “မလှ စိတ်ထား၊ မောဟအားဖြင့်၊ ယောက်ျားတို့မှာ၊ ဥစ္စာတစိ၊ မယှိ မခင်၊ ယှိ သခင်တည့်၊ လူ့ခွင်ဌာန၊ လူ့လောကနှိုက်၊ ကာမဘောဂီ၊ လောကီဘုံသား၊ လူယောက်ျားတို့၊ မယားဟူဘိ၊ ထိုဣတ္ထိနှင့်၊ မယှိ မကောင်း၊ ယှိ မကောင်းဘဲ၊ မပေါင်းလည်း ခက်၊ ပေါင်းလည်း ခက်၏၊ စစ်တက် ယောက်ျား၊ မြွေသမားနှင့်၊ ရေသွား ခရီး၊ ဆင်စီး*တမျှ၊ စိတ်က ဘယ်ခါ၊ မချရာတည့်၊” “သဘာဝ ဆိုး၊ မိန်းမမျိုးတို့၊ အရိုး နည်းပါး၊ အကောက် များ၏၊ သား တရာမြင်၊ လင် တထောင်ကျ၊ စိတ် မချဘူး၊ မိန်းမတို့†ငြမ်း၊ သဘောတမ်းဖြင့်၊ ညစ်†ညမ်း ယုတ်မာ၊ ကြီး ဣစ္ဆာနှင့်၊ အာသာ *ရမ္မက်၊ မျက်သက် ပြင်းထန်၊ စိတ်မာန် *ဝှန်သည်း၊ စောင့်စည်း *မဲ့ငြား၊ အဘောက် များ၏၊” “မယားဟူသည်၊ ဤလူ့ပြည်ဝယ်၊ မကြည် စိတ်က၊ ဒေါသ ငြူစူ၊ အပြစ်မူသော်၊ ရန်သူကြီးစစ်၊ ဖြစ်သော့အလား၊ လွန် မုန်းထား၍့၊ စိမ်းကား ရက်စက်၊ အပျက်သာမျှ၊ ပြုတတ်ကြ၏၊” “အက္ခဏဝေဓိ၊ တတ်ခေါင်ထိသား၊ လေးကြီ့းအရာ၊ လိမ္မာ လေ့ကျက်၊ လျှပ်တပြက်တွင်၊ အဆက် အဆက်၊ ခုနစ်ချက်နှင့်၊ ရှစ်ချက် လျင်လျား၊ ပစ်နိုင်အားသည့်၊ ယောက်ျားတို့လျက်၊ တချက် လွှတ်လျှင်း၊ မြား တစင်းသာ၊ နှစ်စင်း ပူးပြိုင်၊ မလွှတ်နိုင်ကြ၊ မိန်းမတို့မှာ၊ ရူပ သဒ္ဒ၊ ဂန္ဓ ရသာ၊ ဖောဋ္ဌဗ္ဗဟု၊ ကိလေသာရုံ၊ ဆိတ်ပုံ ငါးစင်း၊ တချက်ချင်းဖြင့်၊ မကင်း ရာဂ၊ ပုရိသကို၊ ကျန်ရ မ*ဟဲ့၊ ကြွင်း*မဲ့ မရှောင်၊ ကုန်အောင် တပြိုင်၊ ရွယ်ဆိုင် ခဏ၊ ပစ်နိုင်ကြ၏၊” “ဘာဝကိစ္စ၊ ထိုမိန်း†မတို့၊ ကာ†မဝတ္ထု၊ အစု ငါးပုံ၊ လိုမျိုး စုံအောင်၊ အာရုံ ငါးပါး၊ ကျင်းပ ထားပြီး၊ ယောက်ျားတို့ကို၊ အလို သွေးဆောင်၊ တွေ့တိုင်း လှောင်၍့၊ ရအောင် ဘန်းပြ၊ ရစ်နိုင်ကြ၏၊” “လောက ဓမ္မတာ၊ ပျော်မြူးရာလည်း၊ ကာမာရတိ၊ မြူ့နှယ်ကျိရှင့်၊ လောကီ့ စည်းစိမ်၊ *ဘင်ပုပ်အိမ်သို့၊ ကြိမ်ကြိမ် များစွာ၊ မသွားရာဘူး၊ ကိလေသာဆိုး၊ အယုတ်မျိုးတည့်၊ တန်းခိုး သတင်း၊ ကောင်းကျိုး ဖျင်း၍့။။ ပျက်ယွင်း *ယွံလိမ့်မည်ကိုသောဝ်။”(၁၂၈)

(၂၉၈) “ကိလေ ယုတ်မာ၊ ဓမ္မတာနှိုက်၊ အာသာ *ငက်ငက်၊ ကြီး*ရမ္မက်နှင့်၊ ကလက် *ကလိန်း၊ ဉာဏ် မထိန်းဘဲး၊ မိန်းမနိုင်ငံ၊ ဆက်ဆံ ယစ်မူး၊ အလိုက် ကြူးက၊ ညစ်ညူး ဆိုးရွား၊ အပြစ် များ၏၊”ချစ်သား လည်ရွဲး၊ ဝမ်းဝယ် စွဲးလော့၊ “စိန်ကဲး ရွှေကဲး၊ ဤနှစ်ကဲး ထက်၊ မိန်းမကဲးခက်၊ လွန် ခဲးကတ်၏၊ ယုတ်-မြတ် ကောင်း-ဆိုး၊ ဖြောင့်ရိုးကိစ္စ၊ သဘာဝဖြင့်၊ မိန်းမအလို၊ သဘောကိုလျှင်၊ ထဲးသို ပိုက်ထား၊ ရေနှိုက် ငါးသို့၊ ထင်ရှား ဘယ်ခါ၊ မသိရာဘူး၊” “ကျမ်းလာ အယှိ၊ နီတိဆိုရိုး၊ မယားဆိုးနှင့်၊ ကျွန်ဆိုးဟူဘိ၊ မြွေယှိအရပ်၊ ယှဉ်စပ်နေသူ၊ သေပြီးလူဟု၊ စွဲးယူ စိတ်က၊ ဧကန္တဖြင့်၊ မုချ မြဲးမြံ၊ န သံသယတ်၊ မချွတ် မှတ်တည့်၊ သူသတ် မထူး၊ ထောင်မှူးအတူ၊ မဖြူ စိတ်လက်၊ ဝမ်းတွင်း မျက်က၊ အသက်ကို သတ်၊ ပြစ်မှားတတ်၏၊”ဆတ်ဆတ် အပြီး၊ “ရှေး *အတီးက၊ မရီးနှင့် မတ်၊ လင်ကို သတ်သည်၊ လေးဇာတ် တိုင်တိုင်၊ မခိုင် နှလုံး၊ မသုံး သစ္စာ၊ မိ*ဥပါသို့၊ မေတ္တာ မမြဲး၊ သွေ ဘောက်လွဲး၍့၊ ဝမ်းထဲး ကြံခိုး၊ ဖြောင့် မရိုးဘူး၊ လိုဆိုး မဝ၊ ကြီး ဆန္ဒနှင့်၊ မိန်းမတို့အား၊ မြော်မြင်ပွား၏၊” “တရား မသိ၊ ဣတ္ထိ *တန်ထွာ၊ ဓမ္မတာဖြင့်၊ လင်ကွာ လင်သေ၊ ကိုယ်နေ ပျက်ပြီး၊ မိန်းမကြီးတို့၊ နပ်ပြီးကုန်ကြ၊ လူ့ဘာဝနှိုက်၊ ကိစ္စ သတ္တိ၊ လက်စဉ်း သိ၍့၊ ဟိရီ့ သြတ္တပ်၊ မကပ် ကြောက်-ရှက်၊ တလင်း တက်၏၊ အသက် နုနယ်၊ အရွယ်ရောက်ထ၊ ပျံသင်စက၊ ဟိုင်းမ ပျိုသိုး၊ မိန်းမမျိုးမူ၊ *ဒီတိုးသော့လား၊ ရေငတ်နွားနှင့်၊ နာဖျား ပျောက်စ၊ နာလံထသို့၊ ငတ်လှ ချင်ချင်၊ အိမ်မြှောင် မြင်လည်း၊ စားချင် ငင်းငင်း၊ အာသာ ပြင်းသို့၊ အူတွင်းက ယား၊ ယောက်ျားအလို၊ လူမဆိုသေး၊ ခွေးကိုသော်မျှ၊ ကပ်တတ်ကြဟု၊ ကျမ်းပြ မိန့်မှာ၊ ထင်ရှားစွာလျက်၊ ကိလေသာဓာတ်၊ စိတ္တုပ္ပါဒ်ဖြင့်၊ ဖျတ်ဖျတ် ထဲးမွေ၊ သစ်ရွက်ကြွေနှင့်၊ လေကိုပင်လျှင်၊ လုပ်လုပ် ထင်တိုင်း၊ မြူးရွှင် *ရမ္မက်၊ ကနင်း ဘက်၏၊”ဆက်ဆက် မှန်လှ၊ ဤလောကနှိုက်၊ မိန်းမတို့ကို၊ ထိုထို တပါး၊ မဆံငြားအောင်၊ ယောက်ျား *တကာ၊ စောင့်ပါ ပိုင်ပိုင်၊ မလုံနိုင်လျှင်း၊ ဘောက်ကြ ယွင်းခဲ့၊ ငှက်မင်း သုပဏ္ဏ၊ ဂရုဠှတိ၊ သေဒုမကျွန်း၊ ပင်လယ်ဝန်းလျက်၊ ရေပန်းပတ်လည်၊ ဂဠုန့်ပြည်တွင်၊ လက်ပံပင်ဝယ်၊ ထား-တင် အသီး၊ ကိုယ်တီး စံမော၊ ဘော် မနှောဘဲး၊ သုယောနန္ဒီ၊ ဒေဝီ နတ်မျှ၊ မဟေရလျှင်၊ သဂ္ဂ စောင်းသမား၊ ကျွန်ယောက်ျားနှင့်၊ တွေ့ငြား နှစ်ဘော်၊ မြူးပျော် ကာမ၊ မလွတ်ကြဘူး၊” “ယက္ခ မည်ထူး၊ တောမြိုင်ဦးဝယ်၊ ဘီလူး ဒါနောဝ်၊ သဘော ခဲးအင်၊ သူ မမြင်အောင်၊ ကြုတ်တွင် သွင်းသို၊ ဝမ်းတွင်း မျိုလည်း၊ ဝိဇ္ဇာဓိုရ်ယောက်ျား၊ ကောင်းကင်သွားနှင့်၊ အမှား ကိစ္စ၊ မလွတ်ကြဘူး၊ ဝဋ်မှ ထွက်ကြောင်း၊ ဆုမတောင်းသည့်၊ အပေါင်း ထိုမျှ၊ မိန်းမ*တကာ၊ ကိလေသာဖြင့်၊ ဓမ္မတာမျိုး၊ လိုဆိုး ဝိတက်၊ အတွင်း ပျက်၏၊” “*ရမ္မက်သဘော၊ စရိုက် *ပြောလျက်၊ မိုက်ဇော ထောင်ကြွ၊ မှောင့်နှယ် ကျ၍့၊ မာန ကြီးမား၊ တက်သောအားလည်း၊ ယောက်ျားပေါ်မှာ၊ တကြော သာခဲ့၊ စကြာမင်းစစ်၊ ဖြစ်လင့်*တပဲး၊ ဝမ်းထဲး တစိ၊ တပ်မှန်း သိက၊ မိမိ ခြေအောက်၊ ကျွန်သဘောက်မျှ၊ သို့လောက် ထင်†ငြား၊ မလောက်*လားဘူး၊ ခံ့†ညား*မဲ့-ဝေး၊ အမြင် သေး၍့၊ မိုက်သွေး လျှံလိမ့်မည်ကိုသောဝ်။”(၁၂၉)

(၂၉၉) “မိုက်သွေး တက်လျှံ၊ မိန်းမသျှံကား၊ သယမ္ဗ†ရာ၊ လင်ကို ရှာ၍့၊ လို†ရာ လိုက်စား၊ *ရမ္မက်အားဖြင့်၊ တရား မဘက်၊ အရှက် *မဲ့ဝေး၊ ကိုယ်ကို မွေး၏၊ ဟုတ်လေး *တမက်၊ လို မပြတ်ဘူး၊ မျိုးဇာတ် ဓမ္မတာ၊ ပညာ ကင်းထ၊ ထိုမိန်းမတို့၊ မောဟအလို၊ လူကို ယုတ်-မြတ်၊ မသိတတ်ဘူး၊ အမှတ်မယှိ၊ ထင်မိ ထင်ရာ၊ လိုက်တတ်စွာ၏၊” “ရှေးခါ *အတီး၊ ဌေ့းသမီးလျက်၊ နွားကြီး ဥသဘ၊ ဂေါဝိန္ဒအား၊ များလှထိုထို၊ လူ*ဗိုလ်*ခပင်း၊ ပူဇော်†ခြင်းကြောင့်၊ လူ†ချင်း မတူ၊ လူမည်ရုံမျှ၊ ဟီနအင်္ဂါ၊ ဆိုးယုတ်မာနှင့်၊ လူရာမဝင်၊ ကျောတွင် မို့မို့၊ နွားလားသို့တိ၊ လဘို့ တူ*နှုန်း၊ လူခါးကုန်းကို၊ ဘုန်းကြီးသသူ၊ လူဥသဘ၊ လွန်မြတ်စွဟု၊ စိတ်က မှတ်†ယုံ၊ လိုက်သွားတုံ၏၊” “အာ†ရုံ အထူး၊ တဦးဦးနှင့်၊ ယှဉ်ပူး ဘယ်†ရွေ့၊ မတွေ့†၍့သာ၊ အိမ်ရာ တည်†ကျ၊ နေကုန်†ကြရှင့်၊” “မိန်းမအလို၊ သဘော ဆိုမူ၊ ကိုယ်ကို အမြတ်၊ မစောင့်တတ်ဘူး၊ ဇာတ်လေ့ ဓာတ်လေ့၊ ပြကတေ့တိုင်း၊ တွေ့သာ တွေ့စေ၊ မနေ မုချ၊ ဘောက်ပြန်ကြ၏၊” “မိန်းမ*တန်ထွာ၊ ဓမ္မတာလည်း၊ ကုမာရီရွယ်၊ အငယ်ကာလ၊ မိဘ စောင့်ရှောက်၊ ရွယ်ရောက် အိမ့်ရှင်၊ ဖြစ်ခဲ့ကျင်သော်၊ လင်လျှင် မကင်း၊ စောင့်ကြလျှင်း၏၊ အိုမင်းတုံငြား၊ သားတို့ စောင့်ကြ၊ မိန်းမတို့ချည်း၊ ကိုယ်တည်း ဘယ်ခါ၊ မတည်ရာဘူး၊ တည်ပါတုံလျှင်း၊ အစောင့် ကင်းက၊ မြင်း ကြိုးကျွတ်သို့၊ ပေါက်လွှတ် ကျက်စား၊ ထင်ရာ သွားလိမ့်၊” “တရား*မဲ့ဘိ၊ အသိ *မဲ့စွာ၊ ကင်း သ†မာဖြင့်၊ ကိုယ်မှာ လိမ်းဆောင်၊ နနွင်းရောင်လောက်၊ ကြာအောင် အရှည်၊ စိတ် မတည်ဘူး၊ လော်လည် အမြဲး၊ ဘောက်လဲး မပြတ်၊ ပျက်လွယ်တတ်၏၊”မှတ်လော့ ငါ့သား၊ မယုံမှားနှင့်၊ “ထင်ရှား ရှေးဟို၊ တက္ကသိုလ်က၊ ဆရာ့သမီး၊ ခိုးသူကြီးကို၊ အနီး ခဏ၊ မြင်ကာမျှဖြင့်၊ လောဘ တပ်လျက်၊ ခိုးမှူးလက်နှိုက်၊ သန်လျက်ရိုးထား၊ ကမ်းလိုက်ငြား၍့၊ ယောက်ျားဇာနည်၊ လက်ရုံးရည်နှင့်၊ ဆွေ*သည် သက်စု၊ စံ မတုအောင်၊ ဓနုသိပ္ပ၊ တတ်ခေါင်လှသား၊ မွေးဘ ဆောက်နှင်း၊ လင်ရင်းကို သတ်၊ မမြတ် အလို၊ အမြင် တိုခဲ့၊ ထိုဣတ္ထိယ၊ ဝင်္ကန္တကို၊ နတ်မျှ ပိုင်ပိုင်၊ မသိနိုင်ဘူး၊ တထိုင်တည်းနှိုက်၊ ဆယ်နည်း မက၊ ဘောက်ပြန်ကြ၏၊” “မိန်းမဟူငြား၊ သဘောအားဖြင့်၊ ယောက်ျား*တကာ၊ ဆက်ဆံရာကြောင့်၊ ပမာ မယွင်း၊ လှေနှင့် မြင်းသို့၊ စီနင်းသူ့နောက်၊ ကောက်ကောက်ချည်းသာ၊ ဆောင်ရာပါရှင့်၊ မိစ္ဆာစာရ၊ ကျင့် ပါပလည်း၊ မိန်းမအလေ့၊ ပျောက် မမေ့တည့်၊”မတွေ့ တမူ၊ “ပန်းထိမ်ဟူက၊ တအူ တုံ့ဆင်း၊ နှမရင်းနှင့်၊ ညီရင်း ဥစ္စာ၊ ဖြစ်စေကာတိ၊ မညှာ ယုတ်-မြတ်၊ ခိုးယူတတ်သို့၊ မျိုးဇာတ် ဓမ္မတာ၊ များကြစွာ၏၊” “ကိလေသာဇော၊ မက်မော လိုလား၊ လိုက်သော့အားဖြင့်၊ ရည်းစား တထောင်၊ လင်တကောင်ဟု၊ လူ့ဘောင် ဆိုရိုး၊ *မော်ကွန်းထိုးရှင့်၊ အမျိုး မမှန်၊ မိန်းမတန်တို့၊ ဘောက်ပြန် သွေယိမ်း၊ သူခပ်သိမ်းနှင့်။။ *ပလိမ်း†ကျံလိမ့်မည်ကိုသောဝ်။ (၁၃၀)

(၃၀၀) “*ပလိမ်း†ပကျံ၊ မတော် †ကြံဖြင့်၊ တရံ မချ၊ ပုရိသထက်၊ မိန်းမဆန္ဒ၊ တပ် လောဘကား၊ ရှစ်ဆ လွန်မြတ်၊ အားထုတ်တတ်၏၊” “လနတ် နေနတ်၊ လေးကျွန်းပတ်နှင့်၊ မြေဓာတ် ဝသုန်၊ ရိုက်တုန် စောင်းထောင်၊ ယှိအောင် ထန်ပြင်း၊ ဘန်ဆင်းနိုင်လေ့၊ ဘိညာဉ်*ကြွေ့သည်၊ ရသေ့ ပုဏ္ဏား၊ တန်းခိုးအားထက်၊ တက်ပွား ဆဆ၊ ဤလောကနှိုက်၊ မိန်းမတို့အား၊ လွန်ကြီးမားဟု၊ ထင်ရှား ဆတ်ဆတ်၊ ကျမ်းလာ မှတ်၏၊”သည်းပွတ် ရတနာ၊ ကိလေသာဖြင့်၊ ယုတ်မာ ဖျင်း*သုန်၊ ကာမဂုဏ်နှိုက်၊ မေထုန် လိုက်ကြူး၊ မိုက်မမူးနှင့်၊ “မုန်ရူး ယစ်ဝေ၊ တောနေ ပေါက်ထီး၊ ဆင်*ပြောင်ကြီးကို၊ ရပ်သီး ကွားခြား၊ တောမြိုင်ဖျားက၊ အောက်မား သွေးဆောင်၊ ကျုံးတွင်း လှောင်၏၊ လူ့ဘောင် ဒုက္ခ၊ *တွင်းဆုံး ကျအောင်၊ အောက်မာ့း အတူ၊ မိန်းမဟူသည်၊ သွေးမြူ ဆောင်ပတ်၊ လှည့်ဖြားတတ်၏၊” “နတ်သမီးစစ်၊ ဘုံ ကသစ်က၊ ဒေဝစ္ဆရာ၊ လမ္ဗုသာလျှင်၊ လူ့ရွာဌာန၊ လူ့ဒေသနှိုက်၊ မိန်းမယှိဟု၊ မသိ မထင်၊ မမြင်ဖူးရှာ၊ ကျင့်ထူးစွာကြောင့်၊ ဣန္ဒာနတ်ကြီး၊ ကြက်သီး *ဝှန်းဖြိုး၊ ဖိန့်ဖိန့်နိုးအောင်၊ တန်းခိုး ဣဒ္ဓိ၊ ကြီးဘိ တေဇာ၊ ငါးဘိညာနှင့်၊ တောမှာ မြဲးပင်၊ နေကျင် နိစ္စ၊ သမင်မက၊ ဘွားထ တုံလတ်၊ ရသေ့မြတ်အား၊ နတ်၏့ရူပ၊ မိန်းမမာယာ၊ ပြု၍့သာလျှင်၊ ပိုက်ကာ ချီမွေ့၊ နတ်ကိုယ်တွေ့ဖြင့်၊ ရင်ငွေ့ သွင်းထား၊ စျာန် ပျက်ပြားလျက်၊ တရား လွတ်ကွာ၊ သုံးနှစ် ကြာအောင်၊ သညာ ကင်းကွေ၊ နစ်မူးစေ၏၊”တထွေ ထို့တူ၊ ဆန်းအမူနှင့်၊ “နန်းသူ အပလီ၊ နိလိနီလည်း၊ ပီပီ မ†သိ၊ ရှင်ဣ†သိအား၊ ဣတ္ထိလိင်္ဂ၊ ရုပ်ဘာဝဖြင့်၊ မိန်းမတို့ဇာတ်၊ အဋ္ဌုပ္ပတ်ကို၊ ပြလတ် ထင်စွာ၊ ဝံကိုက်နာဟု၊ ဝါစာ ဆန်းပြား၊ မုသား ကြံစည်၊ လိမ်လည်သမှု၊ ပြောဆိုပြုလျက်၊ ဆေးကုခိုင်းကာ၊ မာယာ လှည့်ပတ်၊ စျာန်ကြိုး ဖြတ်၍့၊ လူ့ဇာတ်သွင်းထွေ၊ ညစ်ညူးစေ၏၊” “ကိလေကိစ္စ၊ ထိုမိန်းမတို့၊ ဖြောင်းဖျ မာယာ၊ ကျင့် ယုတ်မာကို၊ ပညာ မနူး၊ ကြိုက် မရူးနှင့်၊ အထူး သတိ၊ သား*မွန် သိလော့၊” “ဇာတိဓမ္မ၊ ဘာဝတရား၊ မိန်းမများကား၊ ယောက်ျားတို့ကို၊ အလိုသွေးရာ၊ မပါသေးခင်၊ ကျွမ်းမဝင်မီ၊ ခင်မင် မရဲး၊ ဘ,ထက် ကဲးအောင်၊ *ဘက်လဲးတကင်း၊ ပြုတတ်လျှင်း၏၊ လက်တွင်းပါငြား၊ လင်ယောက်ျားအား၊ နွားနှင့် တရှိ၊ ထင်မှတ်ဘိ၏၊ ဣတ္ထိထူးတွင်း၊ သံခြေချင်းနှိုက်၊ ကျုံးတွင်း ဝင်မိ၊ ဆင် ဟတ္ထိသို့၊ မချိ ပူဆာ၊ ပြင်းစွာ ဝေမူး၊ ဒုက္ခ ဆူးလျက်၊ ကျေးဇူး ပျက်ယွင်း၊ ဂုဏ်နံ့ ကင်း၍့။။ သတင်း နံလိမ့်မည်ကိုသောဝ်။”(၁၃၁)

(၃၀၁) မိန်းမတို့မှာ၊ ဓမ္မတာဖြင့်၊ အဇ္ဈာစာရ၊ စာရိတ္တတည့်၊ ပုရိသအသွင်၊ မိမိလင်နှင့်၊ ပြင်ပ တခြား၊ ယောက်ျားတွေ့ခါ၊ ကိလေသာ၏့၊ ခြင်းရာ ပြယာယ်၊ စနက်သွယ်သို့၊ စမ္ပယ်*ယုယ၊ ကျင်းပ ဟန်ယူ၊ အမူ ကိုယ်လုံး၊ မြင်သူ နုံးမျှ၊ ချိုပြုံး ရွှင်ပျ၊ ချီ မျက်စနှင့်၊ သီ-က-ရယ်-ငို၊ ကိုယ်ကို ညွတ်ခြင်း၊ ခံတွင်း ဟဘွင့်၊ သံလွှင့် ဟစ်အော်၊ သွားဘော် လျာထုတ်၊ ခြေချုပ် ခြေ-လက်၊ လျှိုဝှက်အပ်ရာ၊ ကိုယ်အင်္ဂါကို၊ လှစ်ကာ ပြဆောင်၊ ယှက်ယောင် မဲ့†ယွဲ့၊ မူ နွဲ့†ရွဲ့လျက်၊ ကဲ့ရဲ့ ခြီးမွမ်း၊ နှုတ်ခမ်း ကိုက်ငုံ၊ ခြုံရုံ ဘွင့်-ဖုံး၊ ဆံထုံး ဖြေလွှတ်၊ ကိုယ်ဝတ် ချွတ်ပြင်၊ တွင်းဝင် ပြင်ထွက်၊ အောက်-ထက် တက်-ဆင်း၊ ကြည့်ခြင်း *တူရူ၊ စောင်း-စူ မျက်ငြိုး၊ စိတ်ဆိုးဟန်†လုပ်၊ ခါးကို လှုပ်နှင့်၊ နမ်းရှုပ် ချီချ၊ ဤသို့ စသား၊ မိန်းမမာယာ၊ ကျမ်းနှိုက်လာသား၊ သိင်္ဂါရသ၊ သမေ႓ာဂ၏့၊ ဖလနုဘော်၊ လေးဆယ်ကျော်ဖြင့်၊ သွေးခေါ် မတည်၊ လော်လည် မပြတ်၊ လို မမြတ်ဘဲး၊ လှည့်ပတ်ကိစ္စ၊ ပြုတတ်ကြ၏၊” “ရာဂနတ် ဖမ်း၊ ယောက်ျားနှမ်းတို့၊ ကျင့်သွမ်း ယုတ်မာ၊ ကိလေသာဖြင့်၊ လွန်စွာ မက်၍့၊ နှစ်သက် မဝ၊ မိန်းမနိုင်ငံ၊ ပိုးဖလံနှင့်၊ မီးလျှံ*တမျှ၊ လိုက်မှားကြ၏၊” “မိန်းမအာရုံ၊ လိုက်မှားတုံမူ၊ ထိုသသူကား၊ ရှင်-လူ *ခပင်း၊ မင်း ဆင်းရဲးသား၊ မဟူငြားဘူ့း၊ ငါးမိုက် ဗာလ၊ လောဘအလို၊ သံမျှား မျိုသို့၊ ဤကိုယ် ချမ်းသာ၊ မရရာရှင့်၊” “ရှေးခါကသော်၊ တောပျော် သိမ်မွေ့၊ ရသေ့သမီး၊ နတ်နီး ဆင်းဝါ၊ အာသင်္ကာဟု၊ ကြာသန္ဓေဇာတ်၊ ထိုမိနတ်ကြောင့်၊ ဗြဟ္မဒတ်မင်းကြီး၊ ပျက်စီး *ဗိုလ်ပါ၊ သုံးနှစ် ကြာအောင်၊ *ဟေမာ တောတွင်၊ *ငြိုငြင် ဒုက္ခ၊ ခံနေရ၏၊” “မိန်းမတို့တမ်း၊ အပြင်း ဖမ်းသား၊ နတ်ကြမ်း ဂေါ်ရီ၊ ဇော်ဂနီသို့၊ အပလီ လေးဆယ်၊ မာယာ သွယ်၍့၊ ချစ်ဘွယ် မူရူ၊ တွေ့ရာ †မြှူတိုင်း၊ မိုက်†မြူ ဖျင်း*သုန်၊ ကာမဂုဏ်နှိုက်၊ မေထုန် ပျော်မြူး၊ လို မကြူးနှင့်၊ ကျေးဇူး မ*ဖြိုး၊ တန်းခိုး ယုတ်စွာ၊ ပညာ ယုတ်ငြား၊ ခွန်အား ယုတ်-ပျက်၊ ကိုယ်-လက် ပူလောင်၊ ဆင်းရောင် ပျက်စီး၊ ကုတ်ဟီး ချောင်းဆိုး၊ နာမျိုး တည်ရာ၊ လွန်ယုတ်မာ၏၊”ဓမ္မတာဝန်၊ မလွန်နိုင်ကြ၊ ထို့လောက်မျှတည့်၊ ဝစ္စအိမ်ခွင်၊ ထွက်-ဝင် သုံးဆောင်၊ သွားလာယောင်သို့၊ သားမောင် ဉာဏ်ဖြင့်၊ ပညာ ချင့်၍့၊ အသင့် မမှား၊ ပျော် လိုက်စားလော့၊ တရား ပါဠိ၊ ကျမ်းလာယှိသား၊ “ဣတ္ထိဓုတ္တော၊ ပရာဘောကို၊ သို့လော ဝိုးဝါး၊ ယုံမှား မယှိ၊ စွဲမှတ် သိရှင့်၊ သတိ ပညာ၊ မကွာသော့အား၊ သင့် ခံစားက၊ ခေါင်းပါး ရောဂါ၊ ကင်း အနာနှင့်၊ ရသာယန၊ ဆေးသြဇသို့၊ ကာယ မနွမ်း၊ ဧးကြည်ချမ်း၍့။။ သက်တမ်း ကျွံလိမ့်မည်ကိုသောဝ်။”(၁၃၂)

(၃၀၂) အတ္တာ ဝေ ပုတ္တော၊ မှန်သဘောဖြင့်၊ ကျမ်းဟော ထင်ရှား၊ အစဉ် ထားတိုင်း၊ သားတို့ဟူသည်၊ ကိုယ်ဟုမည်ကြောင့်၊ မှတ်တည် မပျက်၊ သက်ချင်းဆက်ပြီး၊ အသက်ပမာ၊ စုံမက်စွာ၍့၊ ဘ,ရာ မကြွင်း၊ ပြည်လုံး နှင်းလျက်၊ လူမင်း ဖြစ်ထိုက်၊ ဆောင်း မကိုဋ်နှင့်၊ သောင်းတိုက် သပြေ၊ ဇမ္ဗူမြေထက်၊ မဟေသရော်၊ နတ်မင်းကျော်သို့၊ ဘုန်းတော် တန်းခိုး၊ ပြောင် မညှိုးသည်၊ နေမျိုး ဥက္ကဌ်၊ ငါ့သားမြတ်။။ မှတ်လော့ တဖြာ၊ ခမည်း †မှာပိမ့်၊ “လိ†မ္မာ မြင်-သိ၊ ပညာယှိလည်း၊ သတိ ဖြစ်ခဲး၊ ဘုန်းကံ *စဲးမှု၊ ချွတ်လွဲး ယွင်းဘောက်၊ ပျက်ချိန်ရောက်က၊ ဉာဏ်ပျောက် ကုန်ကင်း၊ လင်းတမင်းလျက်၊ ညွတ်တွင်း တိုးမိ၊ မောဟဘိသော်၊ အသိ မှောက်မှား၊ ပျက်တတ်ငြား၏၊”ငါ့သား ဘုန်းလျှံ၊ “လူ့ထုံးစံကား၊ ကံလည်း တခု၊ ဉာဏ် တခုတည့်၊ ရှေးပြုအဟုန်၊ ကံတည်း ကုန်လျှင်၊ ဉာဏ် ကုန်တတ်မြဲး၊ အမြင် လွဲးရှင့်၊ မှီဝဲး မိတ်ကောင်း၊ သူမြတ်လောင်းနှင့်၊ ပေါင်း၍့ တဆစ်၊ ဉာဏ်ထူး ဖြစ်က၊ ကံသစ် ပွားမှု၊ အကြောင်းပြု၏၊ သာဓုနရ၊ ဓမ္မအပြား၊ လေးပါးတို့တွင်၊ အကျုံးဝင်သည့်၊”ဤသည် တဝ၊ “မိုက်မောဟနှင့်၊ ဉာဏ မထိန်း၊ လူအပြိန်းသို့၊ မိန်းမအလို၊ ထိုထိုများစွာ၊ မလိုက်ရာဘူး၊ လိုက်ပါတုံငြား၊ ထိုယောက်ျားကား၊ နွား*တရထည်၊ ဤလူ့ပြည်ဝယ်၊ ဂုဏ်ရည် မတိုး၊ သရေညှိုး၏၊” “ကြောင်း-ကျိုး မြင်တို၊ မိန်းမလိုဖြင့်၊ သက်ကို စွန့်ခြင်း၊ မီးပုံဆင်းသား၊ မင်း အဿက၊ ဉာဏ်ကာန်းစွသို့၊ မောဟတိုက်ကာ၊ မမိုက်†ရာဘူး၊” “လ†က်ျာဒူသွေး၊ ဘောက်၍့ပေးလည်း၊ ချစ်ရေး ကြည်နူး၊ တင်အထူးဖြင့်၊ ကျေးဇူး တုံပယ်၊ အသက် လှယ်၍့၊ လင်ဝယ် တစိ၊ မယှိတတ်ကြ၊ သဘာဝကြောင့်၊ မိန်းမတို့စိတ်၊ တံခွန်မြိတ်သို့၊ မြဲကြိတ်စေငှါ၊ မထိုက်ရာဘူး၊” “ယုတ်မာ အလို၊ အမြင် တိုနှင့်၊ လင်ကို မတွယ်၊ မျောက်ကို ဝယ်ပြီး၊ တင့်တယ်စိမ့်ငှါ၊ မြစ်ထဲးမှာလျှင်၊ ကဝါချခိုင်း၊ မြင်းတိုင်း ရယ်အောင်၊ ကြံဆောင် ရုပ်ဖျက်၊ ကျောထက် ကုန်းတင်၊ မြင့်းအသွင်သို့၊ လမ်းတွင် ပြေးစေ၊ မရေ မရာ၊ ညွှန်တတ်စွာ၏၊”သည်းချာ မင်းလှ၊ သားချစ် ဘ,လည်း၊ “မိန်းမ လိုရာ၊ လိုက် မညှာနှင့်၊ ကြီးစွာ ဆန္ဒ၊ တပ် လောဘနှင့်၊ မိန်းမဟူက၊ ယေဘုယျဖြင့်၊ မောဟ အဝိဇ္ဇာ၊ တောင့်နှယ် ကာ၍့၊ ပညာအလင်း၊ မယှိ ကင်း၏၊ အိမ်တွင်း ယုတ်မာ၊ နတ်မိစ္ဆာသို့၊ ကပ်ကာ ဆော်နှိုး၊ တတိုးတိုးဖြင့်၊ လိုဆိုး ကိန်းအောင်း၊ ကျင့် ဖျင်း*သောင်းသည်။။ နတ်ကောင်း ရွံလိမ့်မည်သာကို။ “ (၁၃၃)

(၃၀၃) လူ့ရွာခေါ်လစ်၊ ယောက်ျားစစ်ကား၊ ဆုတ် *နစ်နိုင်ကြ၊ ကိုယ်ဝန်ရသား၊ မိန်းမတို့စစ်၊ ဆုတ်*နစ်မရ၊ ဟူစကြရှင့်၊ ရသည့် ကြောင်းစ၊ ကာရဏလည်း၊ ကာယသံသဂ်၊ စပ်ရှက် မေထု၊ သွင်းပြု သောက်-မျို၊ ချက်ကို သပ်ကျင်၊ ဆင်း-မြင် သံ-ကြား၊ နံ့ရှူအားဖြင့်၊ ရှစ်ပါး ဟူတုံ၊ ခုခု ကြုံက၊ ပြည့်စုံ လွယ်လှ၊ ကြောက်ဘွယ်စွဟု၊ လောက လူတွင်၊ ဆိုရိုး ထင်သည်၊ အကြင် ကြီး†လှ၊ ဝဋ်ကိစ္စနှင့်၊ ကာ†လ ရွယ်သင့်၊ ချိန် မလင့်ဘဲး၊ ပန်းပွင့် ယုတ်မာ၊ စကြာမင့်းသမီး၊ ဖြစ်တပြီးလည်း၊ တောင်ကြီး ဘွားအောက်၊ လင်နောက် လိုက်†ရ၊ ဂုဏ် နှိမ့်ချလျက်၊ ခ†ယ လုပ်ကျွေး၊ သူ့သွေး သန္ဓေ၊ ဆောင်ထွေ စွဲးကပ်၊ မီး*ယပ် သားဘွား၊ ဤငါးပါးတည့်၊ ယောက်ျားတ†ယံ၊ မဆက်ဆံဘဲး၊ ယိုး†ယံ နိစ္စ၊ ထိုဒုက္ခကို၊ မိန်းမတို့သာ၊ ခံရစွာလျက်၊ “အဝိဇ္ဇာတ†မ၊ မိုက် မောဟကြောင့်၊ မိန်း†မအလို၊ မိမိကိုယ်နှိုက်၊ ထိုထို တန်းဆာ၊ ဆင်ယင်ကာလျှင်၊ နံ့သာ နပ်ခါး၊ ရေသား တင်သ၊ တပပဖြင့်၊ ဆံစ ဆံထုံး၊ မျက်ခုံး မင်သတ်၊ ဆံပတ် ဖီးပုံ၊ ပန်းမျိုးစုံနှင့်၊ အာရုံ နှစ်သိမ့်၊ ဘဝင် ငြိမ့်၍့၊ ညွတ်စိမ့် မြင်သူ၊ ယောက်ျားဟူက၊ တူရူ တစောင်း၊ ကြည့်-ချောင်း မဝ၊ အတွင်း ရွလျက်၊ မိန်းမတို့စိတ်၊ ရေဖိတ်သော့သွင်၊ တရွှင်ရွှင်တည့်၊”ငါ့လင် ငါ့သား၊ ဘဝခြားလည်း၊ တပါး မလွှင့်၊ ဤတူဖြင့်သာ၊ တလင့် မယား၊ တသား မိခင်၊ ဖြစ်ချင် *ခလို၊ တောင့်တ ဆို၏၊ လင်ကို မက်မှား၊ သားကို မက်စွာ၊ ထိုတဏှာနှင့်၊ မခွါနိုင်အား၊ ကျင်လည်များလည်း၊ ယောက်ျားဘဝ၊ မရနိုင်ရာ၊ မိန်းမသာတည့်၊” “ယုတ်မာ လိင်္ဂ၊ ဟီနခေါ်ရိုး၊ ဘာဝမျိုးကြောင့်၊ ဘုန်းကျိုး ပုည၊ နတ်နှယ်လှလည်း၊ မိန်းမ ကြက်သရေ၊ ယောက်ျား ခြေနှိုက်၊ တည်နေရမျိုး၊ မလွန်ရိုးရှင့်၊ ခါးကြိုး ရင်လွှမ်း၊ ထိန်လျှမ်း လက်ကောက်၊ ထိန်တောက် လက်ကျပ်၊ ထိန်လျှပ် ခြေချင်း၊ ထိန်ဝင်း ပုတီး၊ ထိန်ညီး နားဍောင်း၊ ရုံးပေါင်း ကိုယ်မှာ၊ နတ်တန်းဆာသို့၊ ရတနာအတိ၊ ဆင်ယင်ဘိသား၊ ဣတ္ထိရတနာ၊ မိကညာထက်၊ မွဲးပြာ ကိုယ်-ခါး၊ ဆိုး ဝတ်စားနှင့်၊ ယောက်ျားဟူက၊ မြတ်တုံစွ၏၊ ကျမ်းပြ စဉ်လာ၊ မိန့်ကြမှရှင့်၊” “ဝိရာဇိတ၊ မိန်းမအလေ့၊ စွန့်ခွါ၍့လျှင်၊ ငြီးငွေ့သော့အား၊ လင်ယော†က်ျားနှိုက်၊ သိ†ကြားပမာ၊ ရိုသေစွာမူ၊ မကြာ စင်စစ်၊ ယောက်ျား ဖြစ်ဟု၊ ရှင်ချစ်*တကာ၊ ဟောပြပါလည်း၊ မနာလိုငြား၊ မကြားလိုချင်၊ နားမဝင်တည့်၊ လူတွင် ညံ့စား၊ အယုတ်အားဖြင့်၊ အောက်ထား နိမ့်ကျ၊ ဘဝဝတိုင်း၊ မိန်းမဓမ္မတာ၊ ခံမြဲးရာသား၊ အာဝေဏိက၊ ထိုဒုက္ခကို၊ မောဟ ပိတ်ထိုင်း၊ *ရမ္မက်လှိုင်းလျက်၊ ဖြစ်တိုင်း ပျော်မွေ့၊ မငြီးငွေ့ဘူး၊ မေ့မေ့ လျော့†လျော့၊ မာန် မ†လျှော့သည်။။ ကော့၍့ ခံလိမ်မည်သာကို။”(၁၃၄)

(၃၀၄) “အာဝေဏိဟု၊ မချိ လွန်ကဲး၊ ဝဋ်ဆင်းရဲနှိုက်၊ အမြဲး ဓမ္မတာ၊ ခံရစွာလည်း၊ ပါရမီ ရင့်သန်၊ ဗောဓိဉာဏ်ကို၊ ဆုပန် မယှိ၊ ဣတ္ထိဟူသမျှ၊ မိန်းမ*တကာ၊ တဏှာ လောဘ၊ ကြီး ဆန္ဒနှင့်၊ မောဟ ပိတ်ဖုံး၊ ဒုက္ခတုံးကို၊ လုံးလုံး မမြင်၊ ချမ်းသာထင်၏၊” “သို့စင် မိုက်လှ၊ ထိုမိန်းမတို့၊ ဉာဏ ပညာ၊ နည်းပါးစွာလျက်၊ တန်းဆာ သားဘွား၊ မေထုန်အားဖြင့်၊ လိုလား လွန်ကဲး၊ ပြည့်နိုင်ခဲးရှင့်၊ *ရောင့်ရဲး မယှိ၊ အတိ†တ္တိလည်း၊ ဣ†တ္ထိသဘာဝ၊ သုံးပါး ပြ၏၊ မိန်းမဘာဝ၊ တုပ လူတွင်၊ ဝတ်ဆင် တန်းဆာ၊ လျှပ်ပေါ်စွာကား၊ ရာတန် ထောင်တန်၊ သိန်းတန်မက၊ ရွှေ-ငွေ စသား၊ မြမြ စိန်စိန်၊ ထိန်ထိန် လက်လက်၊ နှစ်သက် လိုလား၊ ဝတ်စားကိစ္စ၊ အားမရဘူး၊”နေ့-ည မချား၊ လင်ယောက်ျားတို့၊ ကြိုးစား ဥစ္စာ၊ စီးပွားရှာလျက်၊ ရေမှာ နစ်နစ်၊ မြစ်မှာ မွန်းမွန်း၊ တကျွန်းနှိုက် သေ၊ စစ်မြေနှိုက် ရှုံး၊ အသက် ဆုံးလည်း၊ ဆံထုံး ပန်းဝေ၊ မချချေရှင့်၊” “သန္ဓေ ဝမ်းနှိုက်၊ နှုတ်ပိုက် စင်စစ်၊ ခုနစ် နှစ်စင်၊ ဆောင်ချင်တုံလျက်၊ ခုနစ်ရက် လူး၊ မိန်းမူး ဒုက္ခ၊ သေလုစွအောင်၊ ဘွားရစေမူ၊ ထို့တူ မအောက်၊ ခုနစ်ယောက် ထပ်ကာ၊ ခုနစ်ခါ မက၊ ဘွားလိုကြ၏၊ မိန်းမဟူငြား၊ သားဘွားကိစ္စ၊ အားမရဘူး၊” “သောဠသစစ်၊ ဆဲ့ခြောက်နှစ်သို့၊ ရောက်လစ်တုံငြား၊ မိန်းမများကား၊ ယောက်ျားအလို၊ ကမ့်းနှယ် ပြို၏၊ စီးယို ကျဖိတ်၊ လော်လည်စိတ်လည်း၊ မပိတ်ဆို့သာ၊ လှိုက်လှိုက် ဆာ၍့၊ ဓမ္မတာအမျိုး၊ တက်ရေ တိုးသို့၊ ဖြိုးဖြိုး ဝေလျက်၊ *ရမ္မက်သွေး ကြွ၊ လျှမ်းလျှမ်းထ၏၊ မိဘ မောင်ကြီး၊ ချစ်မငြီးဘဲး၊ ရွှေသီး မည်လောက်၊ စောင့်ရှောက် အနိုင်၊ နန်းပင်တိုင်နှင့်၊ ရံပြိုင် ခြွေရွေ၊ စံပစေလည်း၊ မပြေ ထဲးနှောင့်၊ ထိန်း မစောင့်တည့်၊ ထို့ကြောင့် မုချ၊ သားမိန်းမအား၊ ကာလ မြင့်စွာ၊ မလင့်ရာဘူး၊ ချိန်ခါ ရောက်ငြား၊ ဆိုင်းလင့်ထားက၊ မောင်ဘွား မိဘ၊ အရှက်ရ၏၊” “မိန်းမဟူသည်၊ လော်လည် ငါးဖြာ၊ ဝါသနာနှင့်၊ ပညာယှိမြတ်၊ ပရိသတ်ခွင်၊ ထွက်-ဝင် ကင်းဘိ၊ လေ့ မယှိသား၊ ဇာတိဓမ္မ၊ သဘာဝကြောင့်၊ သုတ မြင်-ကြား၊ အသိ *ယှား၍့၊ တရား လက်*မဲ့၊ ဉာဏ် ချို့တဲ့လျက်၊ သွမ်းဘွဲ့ ပျော်မြူး၊ စားအိပ် ကြူး၏၊ မျက်ရှူး မာန်မူ၊ ငြူစူ မနော၊ အတင်းပြောနှင့်၊ အသော အသွမ်း၊ ဖုံးလွှမ်း နေ့-ည၊ လို မဝတည့်၊ ရာဂ *တပ်ပြွေ့၊ ကြိုက်သူ တွေ့သော်၊ ရှက်လေ့ မယှိ၊ ထိုဣတ္ထိတို့၊ တပ်မိ မခွါ၊ မြှော့ပမာသို့၊ တံငါ မုဆိုး၊ အမျိုး မ*မွန်၊ ပန်းမှိုက်သွန်က၊ ကျွန်ပင် *တမင့်၊ ဖြစ်လင့်*တပဲး၊ ဘနှင့် လဲး၏၊ မလွဲး မှန်လှ၊ ဧကန္တရှင့်၊ အဘနှင့် လင်၊ တူပင် မကွာ၊ သေကြရာနှိုက်၊ ဣန္ဒာ နတ်ဆေး၊ တလုံးပေးလည်း၊ ကျေးဇူးထွတ်တင်၊ မွေးဘခင်ကို၊ မရှင်စေရာ၊ လင်ကိုသာလျှင်၊ ရှင်ပါစေမှု၊ လျင်စွာ ကုလိမ့်၊”ကျေးဇူး လက္ခဏာ၊ မငဲ့ရာဘူး၊ “ပညာ *မဲ့ကြ၊ မိုက် မောဟနှင့်၊ မိန်းမသဘော၊ မြစ်ရေကြောသို့၊ စုန်မျောသည်သာ၊ အညာ မဆန်၊ များလှ ထွန်ခဲ့၊ ဉာဏ် လက်နှစ်ချောင်း၊ သိ မပြောင်းဘဲး၊ ဆိုး-ကောင်း ယုတ်-မြတ်၊ မရှုတတ်တည့်၊”မိုးနတ် မဟာ၊ ဗြဟ္မာ *တစံ့၊ မြတ်တုံ*မံ့လည်း၊ ယုတ်ညံ့ ညစ်ညူး၊ မိန်းမ ပူးက၊ ကျေးဇူး ချည်းနှီး၊ လောင်သည့် မီးသို့၊ ပျက်စီး မကြွင်း၊ ဂုဏ်ရောင် ကင်း၍့။။ ကျင့်ဖျင်း *သွံလိမ့်မည်သာကို။ (၁၃၅)

(၃၀၅) “ကိုယ့် ပမာဏ၊ ရုပ်ကာယကား၊ ကျားမျှ မကြီး၊ သစ်-ဆင် နီးတည့်၊ နှုတ်သီး တချက်၊ ခြေ လေးဘက်နှင့်၊ လက်နက် ငါးခု၊ နှိပ်စက်ပြုလျက်၊ တောသူ့ ရန်မျိုး၊ မာန် အားကိုး၍့၊ လွန်ဆိုး ပြကတေ့၊ ကြမ်းကြုတ်လေ့သည့်၊ ခြင်္သေ့*တမျှ၊ ဤလောကနှိုက်၊ မိန်းမ*တကာ၊ ထိုများစွာတို့၊ ရူပါရမ္မဏ၊ စသည် လုံးစုံ၊ အာရုံ ငါးပါး၊ လက်နက်အားဖြင့်၊ ယောက်ျားတို့ကို၊ အလို ယုတ်မာ၊ တွေ့ရာ ကိုက်သတ်၊ နှိပ်စက်တတ်၏၊ မမြတ် လိုဆိုး၊ မိန်းမမျိုးအား၊ မြတ်နိုးတနာ၊ သက် ပမာသို့၊ လွန်စွာ စိတ်နှိုက်၊ နွားနှယ် လိုက်၍့၊ သူမိုက်တို့သာ၊ ကျွမ်းဝင်ရာ၏၊ ပညာယှိများ၊ ယောက်ျားတို့မူ၊ သတိ ထူ၍့၊ လျစ်လျူ သင့်မျှ၊ ပေါင်းဘက်ကြရှင့်၊” “သီလ မယှိ၊ ဟိရီ့ မကပ်၊ သြတ္တပ် ကင်းကွာ၊ *မဲ့ပညာနှင့်၊ သမ္ဘာ မပြည့်၊ ဉာဏ် မမှည့်က၊ မဖြည့် ပါရမီ၊ ဒုဿီစရ၊ ဘုန်း မလှသား၊ မိန်းမတို့ဓာတ်၊ လို မမြတ်ဘူး၊ မပြတ် လော်လည်၊ မတည် အာရုံ၊ မြင်တိုင်း ပုံ၍့၊ လမ်းဆုံ သစ်ရိပ်၊ ရေဆိပ်အလား၊ *တံတားသဖွယ်၊ စျေးလယ် မဏ္ဍပ်၊ ဇရပ် မဘောက်၊ သေသောက်အိမ့်တူ၊ ယောက်ျားဟူလျှင်၊ အနူ မရွေး၊ ခွေးနှင့် ခြင်္သေ့၊ အတွေ့ မရှောင်၊ မီ့းနှယ် လောင်၏၊ လူ့ဘောင် ခေါ်ရေး၊ လေးရွေး တပဲး၊ ထိုပဲး နှစ်ဆယ်၊ မှတ်ဘွယ် တကျပ်၊ တရပ်*၄င်း၊ ရွေးပေါင်း စင်စစ်၊ သုံးဆဲ့နှစ်မူ၊ ခေါ်လစ် နာမ၊ ကလ ဉ္ဇမှန်၊ ဆယ်ပြန် ကလ ဉ္ဇ၊ လေးကျပ်မျှဖြင့်၊ မဂဓ တပိုလ်၊ ယင်းပိုလ် တရာ၊ တတုလာဖြင့်၊ တုလာ နှစ်ဆယ်၊ လူဝယ်ခေါ်ထ၊ တဘာရတည့်၊ ထိုဘာရဝန်၊ ချိန်လေးလွန်ကို၊ စွမ်းသန် ကြွားကြွား၊ ဆောင်နိုင်ငြားသည်၊ ယောက်ျားတို့လျက်၊ တကျိပ် ဘက်လည်း၊ *ရမ္မက်ကိစ္စ၊ သဘာဝနှိုက်၊ မိန်းမတို့ကို၊ မနိုင်လိုဘူး၊”သားညို မှတ်ဆောင်၊ မိန်းမကြောင်တို့၊ *အပြောင်စွယ် ပုန်း၊ လက်-ခြေ ပြုန်းနှင့်၊ အကုန်း အကွ၊ ရွတ်တွ ရွယ်အို၊ မဆို *စမာ၊ အခွင့်သာသော်၊ မိစ္ဆာစာ†ရ၊ ယေဘုယျချည်း၊ ကျင့်ကြစမျိုး၊ မြေခွက်ဆိုးမျှ၊ ခိုးတတ်တုံလျက်၊ ရွေခွက်ကိုမှာ၊ ဘယ်ဆို†ရာလိမ့်၊ မာ†ယာ ဝေဝုစ်၊ ဝင်္ကဝုစ်လည်း၊ မဟုတ်ကိုပင်၊ အဟုတ် ထင်အောင်၊ မျက်မြင် ထို့လောက်၊ မျက်စိအောက်နှိုက်၊ မျက်မှောက် လိမ်လည်၊ မျက်လှည့်သည်သို့၊ ကြံစည် ပြုလုပ်၊ တတ်ခေါင်ချုပ်လျက်၊ လက်ခုပ် လက်ဝါး၊ ဟူသော့လားဖြင့်၊ မုသား သစ္စာ၊ ဆိုတတ်စွာ၏၊” “မိစ္ဆာ ကြူးခေါင်၊ တွေ့မရှောင်သည့်၊ လူ့ဘောင် သွမ်းသွက်၊ မိန်းမပျက်ကား၊ နံနက် မစ္ဆေ၊ ညနေ ဣဿာ၊ ညဉ့်ခါ ရာဂ၊ ဤသုံးဝနှင့်၊ ကာလ ကုန်စေ၊ သေလျှင် ငရဲး၊ မလွဲး အညီ၊ လားမြဲးပြီတည့်၊” “နဒီ ဝင်္ကံ၊ အကြံ *ပလိမ်း၊ သူခပ်သိမ်းနှိုက်၊ ညွတ်တိမ်း စိတ်ကွက်၊ ကြီး *ရမ္မက်နှင့်၊ မာန်တက် လေးမည်၊ လော်လည် ငါးဖြာ၊ မာယာ လေးဆယ်၊ အသွယ်သွယ်ဖြင့်၊ ပရိယာယ် ထွေးရစ်၊ လွန် ကောက်ကျစ်၏၊ ချစ်သက်ဝေကာ၊ မယုံသာဘူး၊ သာမာဝေသီ၊ ကာလီဒါသ၊ ပုံကို ဆလော့၊ တဏှာ့ လိုလိုက်၊ စရိုက် အားကိုး၊ စိတ် မရိုးသည်။။ ကြံခိုး ကြံလိမ့်မည်သာကို။”(၁၃၆)

(၃၀၆) “မိန်းမ ဓမ္မတာ၊ များ*တန်ထွာကား၊ ပညာ*မဲ့မျိုး၊ အတွင်း ဆိုး၏၊ ကြောင်း-ကျိုး မြင်တို၊ ကြီး အလိုနှင့်၊ ကိုယ်ကို မစောင့်၊ မဖြောင့် နှလုံး၊ မသုံး စာရိုက်၊ မြဲး မ†ပိုက်ဘူး၊ ပရ†ဗိုဇ်မိန်းမ၊ သစ္စကဟု၊ သီလ မကင်း၊ *သီတင်း ကြည်ညို၊ *သွပ္ဖ ယိုလျက်၊ အလို လိုက်စား၊ *ရမ္မက်အားဖြင့်၊ ပတ္တမြား တချည်၊ ဆန်တပြည်သို့၊ ဂုဏ်ရည် ယုတ်မြတ်၊ မမှတ် ယွင်းကွက်၊ ကျင့် သွမ်းပျက်၏၊” “နန်းထက် ပျော်ကြီး၊ မင်းသမီးလျက်၊ မနီး မျိုးနွယ်၊ ညှိုးငယ် ယောက်ျား၊ ဒွန်းစဏ္ဍားနှင့်၊ ယဉ်ပါး ရောရှက်၊ ကျင့် ကမ်းတက်၏၊ ရွယ်သက် ပျိုထွား၊ နတ်ယောက်ျားသို့၊ ငါးစီး ဆင်*ပြောင်၊ အားကို ဆောင်သည်၊ ညီ-နောင် ငါးပါး၊ လင်ပြုငြားလည်း၊ စေစား ခြေအောက်၊ ကျွန်သပေါက်နှင့်၊ လွန်ဘောက် မိစ္ဆာ၊ ကျင့် ယုတ်မာ၏၊” “လူ့ရွာ *အတီး၊ ဝေါဟာပြီးသား၊ သမီး တကောင်၊ နွား တထောင်သို့၊ လုံအောင် အမြဲး၊ စောင့်နိုင်ခဲးဟု၊ မလွဲး ပ†မာ၊ နန်းတွင်း†မှာလျှင်၊ ရာဇာ မွေးဘ၊ မြဲး နိစ္စဖြင့်၊ နေ့-ည မကင်း၊ စောင့်ပါလျှင်းလည်း၊ လက်တွင်းကသာ၊ သူ့ဘက်ပါခဲ့၊ ချစ်ညာ မဆန်၊ ချစ် မပြန်တည့်၊ ဝင်္ကန္တမျိုး၊ အတွင်း ဆိုးနှင့်၊ ရိုးသည် မယှိ၊ များလှဘိရှင့်၊” “ဇာတိ သဘာဝ၊ ယေဘုယျကြောင့်၊ မိန်းမတို့အား၊ ယောက်ျားဖြစ်သူ၊ ပြစ်ရေးယူက၊ ထိုလူ မိုက်စွာ၊ မလိ†မ္မာတည့်၊ ကိုယ်†မှာ ဝတ်မှား၊ တန်းဆာများတို့၊ ရိရှား ဟောင်းမွဲး၊ စုတ်-ပြဲး ပေါက်-ကွက်၊ စွန်းစက် နွမ်းနယ်၊ ယှိခါဝယ်နှင့်၊ စားဘွယ် သောက်ရာ၊ အစာ ဟာရ၊ ဟူသမျှတို့၊ ဝမ်းဝ သိုမှီး၊ မျို၍့ပြီးသော်၊ ကျင်ကြီး ကျင်ငယ်၊ မစင်ကြယ်ဖြင့်၊ ရွံဘွယ် ဖြစ်ထ၊ ထိုကိစ္စနှိုက်၊ ဒေါသ မျက်ဆူ၊ ထွတ်တတ်သူတို့၊ ထိုလူ မလိမ္မာ၊ တူကြစွာရှင့်၊” “ပညာ ဆီးဆ၊ ဉာဏ် *တီးတွ၍့၊ မိန်းမ ကိစ္စ၊ စာရိတ္တနှိုက်၊ မယာ့းအမှု၊ ပြစ် မပြုက၊ အောင်ဆု ကြော်သဲး၊ စစ်အောင်ပွဲးထက်၊ ထူးကဲး သာလွန်၊ အောင်ပွဲးမွန်ဟု၊ ဉာဏဝန်ပေါင်း၊ ရှေးသူဟောင်းတို့၊ *ခြီးသောင်း သြဘာ၊ ထောမနာ၏၊” “ကြုံရာနှင့် လိုက်၊ ကြိုက်ရာနှင့် မြှောင်၊ တွေ့မရှောင်သား၊ လူ့ဘောင်ဌာန၊ ဤလောကနှိုက်၊ မိန်းမဟုဆို၊ သူတို့ကိုယ်လည်း၊ အလို ဆန္ဒ၊ လောဘ ကြီးမား၊ စရိုက်အားဖြင့်၊ လိုက်စား မက်မော၊ *ရမ္မက်*ပြော၏၊” “မြတ်သော စာရီ၊ ပါရမီနှင့်၊ ဣတ္ထီတို့မှ၊ ကြွင်းသမျှနှိုက်၊ ချစ်လှ လွန်ငြား၊ ငါ့မယားကား၊ ငါ့အားသာမျှ၊ ငါမှ အထူး၊ စိတ်မကူးဟု၊ သားဦး မောင်လှ၊ မမှတ်ရဘူး၊ အဂ္ဂမဟေသီ၊ ဒေဝီဖြစ်လျက်၊ မင့်းထက် လွန်ကာ၊ ကျွန်ဆတ္တာကို၊ အာရုံ မက်မှား၊ *ရမ္မက် ပွား၍့၊ သား သန္ဓေရ၊ ဟူကုန်ကြရှင့်၊” “မိန်းမ လိုလိုက်၊ လူနှိုက် ယောက်ျား၊ အမိုက် ပွား၏၊ တရား *မဲ့မော၊ *ရမ္မက်ဇောဖြင့်၊ သဘော လေဘင်၊ မျက်စ ရွှင်လျက်၊ မြင်မြင်သမျှ၊ ပုရိသကို၊ လာကြ မကျန်၊ ခေါ်ဘိ မှန်သို့၊ သွင်ဟန် ဘန်းပြ၊ တရွရွတိ၊ နေ့-ည သုတ်သင်၊ ပြုပြင် မကင်း၊ ဘီး-မှန် ခင်းလျက်၊ ရောင်ဆင်း တင်ဘွင့်၊ ပင်လုံး ပွင့်သည့်၊ ပန်းပွင့်အလား၊ အာရုံ ငါးဖြင့်၊ ဖြားဖြား ယောင်းယောင်း၊ တွေ့သူပေါင်းနှင့်။။ †ရောင်းတိုင်း စွံလိမ့်မည်သာကို။”(၁၃၇)

(၃၀၇) “တောင်ညာ နန်းမ၊ လက်ျာရသား၊ အဂ္ဂမဟေ၊ ပဒုဗွေထက်၊ ဘိသေသဟံ၊ ရေသွန်း ခံလျက်၊ ငဆွံနှင့် ယွင်း၊ မြင်းထိန်းနှင့် ပျော်၊ ကျွန်တော်ရင်းစစ်၊ သုံးကျိပ်နှစ်နှင့်၊ ကျင့်ညစ် ဘောက်ပြန်၊ မဂ္ဂန္တရ၊ စခန်း ချစဉ်၊ ဗြာဟ္မဏငယ်၊ လုလင်ရွယ်နှင့်၊ မဘွယ် ဘောက်ပြား၊ မင်း နှစ်ပါးတို့၊ မိဖုရားကြီး၊ မြှောက်တုံပြီးလျက်၊ ခရီး မရှည်၊ လော်လည် အထူး၊ ဂင်္ဂါကူးတွင်၊ လှေမှူးနှင့် မှား၊ ပင်လယ်†ကြားဝယ်၊ ယော†က်ျား မထင်၊ လက်ပံပင်ထက်၊ တင်၍့ အသီး၊ စောင့်တပြီးလည်း၊ စောင်းတီးသမား၊ ကျွန်ယောက်ျားနှင့်၊ အမှား မကင်း၊ ကြုတ်တွင် သွင်း၍့၊ ဝမ်းတွင်း မျိုကာ၊ ဆောင်စပါလည်း၊ ဝိဇ္ဇာယော†က်ျား၊ ကြာသမားနှင့်၊ စပ်†ကြား ခိုမြှောင်၊ မြိုင်-ချောင် နှစ်ကိုယ်၊ အောင်းကာ ခိုလည်း၊ ငတိုနှင့် ပျက်၊ ယွင်းခဲ့ကွက်၏၊” “*ရမ္မက်လွန်မျိုး၊ ကြွက် ဆန်ခိုးသို့၊ လိုဆိုးကိစ္စ၊ သဘာဝဖြင့်၊ မိန်းမတို့အား၊ ယောက်ျား အနည်း၊ တယောက်တည်းနှိုက်၊ *ရည်းသည်မယှိ၊ ဟူတုံဘိခဲ့၊” “ဣတ္ထိဆန္ဒ၊ နှုတ် မဟလည်း၊ အားရ ဝမ်းထဲး၊ ဝနိုင်ဘဲးတိ၊ ရောင့်ရဲး မယှိ၊ ထိုသတ္တိကို၊ မုနိဘုန်းမော်၊ မြတ်ရှင်တော်တို့၊ *ထွေငေါ် သံလေး၊ မိန့်တော်ပေးခဲ့၊ ခွေး၏့ အယောင်၊ ကြောင်၏ အလား၊ မိန်းမများနှင့်၊ ယောက်ျား ခြင်းရာ၊ တူကြစွာဟု၊ လက္ခဏာကာရ၊ မှတ်ကုန်ကြ၏၊ မိန်းမ ကာယိန်၊ မှိန်မှိန်နှင့် ဆိုး၊ ကြောက်ဘွယ်မျိုးရှင့်၊” “မျိုး-ဇာတိတိုင်း၊ မသိ ဂုဏ်ထူး၊ မိစ္ဆာ့ ကြူး၍့၊ ကျေးဇူး ချေဖျက်၊ ငယ်ချစ်ဘက်အား၊ သက်သက် မ†ကြင်၊ လွန်စွာ †ကျင်အောင်၊ မမြင် မျက်စိ၊ ဖုံးဘိ လွှမ်းမိုး၊ လင်ငယ်ဆိုးကို၊ ထိုးစေ ထိပ်ပြင်၊ *ယိုးမယ်ဆင်လျက်၊ ချောက်တွင် တွန်းချ၊ တခဏမျှ၊ တွေ့ကြ လမ်းကြုံ၊ ကိုယ်လုံး ပုံ၍့၊ မြင်ရုံနှင့် မက်၊ ခိုးသူ့လက်သို့၊ သန်လျက်ရိုး ကမ်း၊ သေလမ်း ဆောင်သွေး၊ သေဆေး ထည့်ခတ်၊ မိမိ မက်နှင့်၊ ကြိုက်လတ်တုံငြား၊ လင်ကြီးအားကို၊ ပယ်ရှား သတ်စေ၊ တထွေ ယုတ်စွာ၊ မိမာတာလည်း၊ တရာကျော်ပြီး၊ သေခါနီးလျက်၊ သားကြီးကို သတ်၊ ဤသို့ မှတ်သား၊ နိပါတ် ဝတ္ထု၊ အစုစုကို၊ မျှော်ရှု မပေါ့၊ မမေ့လျော့မှ၊ သားကြော့ ပုလဲး၊ ဘ, လည်ရွဲးသည်။။ သက် မြဲးမြံလိမ့်မည်သာကို။”(၁၃၈)

(၃၀၈) မှတ်လော့ စွဲးဆောင်၊ “ဤလူ့ဘောင်တွင်၊ လုံအောင် စောင့်ငြား၊ မိန်းမအားကို၊ ယောက်ျား *တကာ၊ မစွမ်းရာရှင့်၊ မိစ္ဆာစာရ၊ ကျင့်ပါပနှင့်၊ ဒုဿီလမျိုး၊ လိုဆိုး ဟော့ရမ်း၊ မိန်းမသွမ်းတို့၊ ပေါ်ဆမ်း ပျားရည်၊ ယုံစိမ့်သည်ဟု၊ ထွေလည် ထိုထို၊ တောင်ကြီး မျို၍့၊ ရွတ်ဆို နှုတ်က၊ ကျိန်သမျှလည်း၊ မိန်းမသစ္စာ၊ မုသားသာတည့်၊ မာယာကာရီ၊ ပလီ နှုတ်လျှမ်း၊ တွေ့ရာ ယမ်း၍့၊ ဖုံးလွှမ်း ကာ-ဆို့၊ လျှာ မချို့ဘူး၊ နွားနို့ကုလား၊ ထန်းသမားတို့၊ မုသား မဘက်၊ ရေ မစွက်သည်၊ သက်သက် မရှိ၊ ဟူတုံဘိသို့၊ ဣတ္ထိ *တန်ထွာ၊ ဓမ္မတာတည့်၊ ဖွတ်လျှာ့သဏ္ဌာန်၊ နှစ်ခွဉာဏ်နှင့်၊ မမှန်သည်သာ၊ များလှစွာ၏၊ ပညာယှိသူ၊ ရေး မယူရာ၊”ကျမ်းလာ အထူး၊ မောင် မှတ်ဦးလော့၊ “အရူး တသွယ်၊ သူငယ် တဝ၊ မိန်းမ တပါး၊ ပြောစကားတည့်၊ တရား *မဲ့ရိုး၊ ဤသုံးမျိုးကို၊ အကျိုး အပြစ်၊ မစိစစ်†ရာ၊ လျစ်လျူ†ရာ၏၊” “အ†ရာ ဟုတ်သည်၊ မဟုတ်သည်နှင့်၊ တို-ရှည် ရှေ့-နောက်၊ မထောက် မဆ၊ မိန်းမဟူသည်၊ ဉာဏ်မစည်ကြောင့်၊ မယုံကြည်ထိုက်၊ ယုံကြည်ထိုက်ဟု၊ မနှိုက် မရှု၊ မပြုစရာ၊ ပြုစရာလည်း၊ ပညာ*မဲ့ဘိ၊ ထူး မသိဘူး၊ လောကီ့ရေးရာ၊ ထင်ရှားငှါနှင့်၊ ပကာသန၊ ဤဒိဋ္ဌနှိုက်၊ ကိစ္စကိုသာ၊ လိုကြစွာ၏၊”ဝါသနာ ဆိုးလှ၊ ထိုမိန်းမတို့၊ မောဟ ကြီးမား၊ လင်ယောက်ျားနှိုက်၊ အားပါးမနာ၊ ပြုတတ်စွာ၏၊” “ဂင်္ဂါရေကြော၊ နစ်မျောနေပြီး၊ သေလုနီးတွင်၊ မိမိ လင်ကို၊ ဆင်ခြင်*မဲ့ရှောင်း၊ သီချင်း တောင်း၏၊ တကြောင်း ထိုမှ၊ အဿကမင်း၊ တောင်ညာနှင်းလည်း၊ မိုက်ခြင်း လွန်စွာ၊ မထောက်ညှာဘဲး၊ မီးမှာ ဆင်းပြီး၊ မင်းကြီး သေကြောင်း၊ မန္တာန် တောင်း၏၊” “မကောင်း စာရိတ်၊ ယုတ်မာစိတ်လည်း၊ ဆို့ပိတ် မရ၊ မိန်းမ ဓမ္မတာ၊ ကင်း ပညာကြောင့်၊ ထင်ရာ စိုက်စိုက်၊ အာရုံ ဆိုက်က၊ သံလိုက်နှင့် အပ်၊ ခွေးနှယ် ဟပ်လျက်၊ တွပ်တွပ် ကိုက်ချင်၊ ငါးစိမ်း မြင်လျှင်၊ ငါးကင် စွန့်ပစ်၊ မြေခွေးညစ်သို့၊ ရှေးချစ် ခွါပြောင်း၊ နွားနှယ် ရောင်း၏၊ ချစ်ဟောင်းကို ရှဲး၊ ချစ်သစ် လဲး၍့၊ သေပွဲး သွင်းကာ၊ မိသာမာသို့၊ ကြင်နာ ကင်း*မဲ့၊ ချစ် မငဲ့ဘူး၊ ကိုးဆဲ့ကိုးဇာတ်၊ လင်ကို သတ်သား၊ မမြတ် ယုတ်မာ၊ ကျမ်းနှိုက်လာခဲ့၊ လွန်စွာ မိုက်လှ၊ သဘာဝကြောင့်၊ မိန်းမ ဖျက်က၊ ပြည်ပျက်တတ်စွာ၊ ဆိုရိုး မှာရှင့်၊” “သမ္မာဆန္ဒ၊ ဘဝဝက၊ ဉာဏ မြှော်ရှု၊ ဗောဓိဆုကို၊ ရမှု ရည်သန်၊ မပန် ကုန်ကြ၊ ဖြစ်ကာမျှဖြင့်၊ မိန်းမတို့မှာ၊ ဤသို့သာတည့်၊ မေတ္တာ မမြဲး၊ သစ္စာ လွှဲး၍့၊ ဘောက်လှဲး ရွေ့လွယ်၊ လှေ့သဖွယ်နှင့်၊ အကယ် မယွင်း၊ အာလွန်မြင်းသို့၊ တင်း၍့ မနိုင်၊ ကိုင်၍့ မရ၊ ဇာတိ စသည်၊ မိ-ဘ ဆွေညာ၊ ဂုဏ်မျက်†နှာကို၊ စာ†နာ *မဲ့ငြား၊ မထောက်ထားသည်။။ မိုက်အား*သန်လိမ့်မည်သာကို။ (၁၃၉)

(၃၀၉) မိုက်အား *သန်လှ၊ ထိုမိန်းမတို့၊ ဆန္ဒ အလို၊ တိုက်တွန်းဆိုလည်း၊ သားညို လိမ္မာ၊ မလိုက်နာလင့်၊ “ကြီးစွာ မောဟ၊ တပ် လောဘနှင့်၊ မိန်းမဟူသည်၊ တို-ရှည် မသိ၊ အလိုယှိတိုင်း၊ ထင်မိ ထင်ရာ၊ ပြုတတ်စွာ၏၊” “ရှေးခါသော်က၊ ဆိတ်မ တကောင်၊ သီခေါင် *နရက်၊ ရေတွင်းနက်နှိုက်၊ မြက်နုကို မြင်၊ စားလိုချင်ဟု၊ လင် ဆိတ်ဖိုအား၊ ကြားလတ်သော့ခါ၊ နင်းရာ မလှ၊ စောက်ထိုး ကျ၍့၊ သေရမည် ငါ၊ မရသာခဲ့၊ သက်*လျှာ နှမ၊ မတောင့်တနှင့်၊ ဆိုထလတ်သော်၊ သြော် မြက်နုကို၊ မရဆိုလျှင်၊ မယ့်ကိုယ် ခုသည်၊ သေတော့†မည်ဟု၊ ဆို†မြည် ချက်ချင်း၊ မြေမှာ စင်း၍့၊ အတင်း သေလု၊ လူးလည်းပြုက၊ မယ်ပု ချစ်ဆွေ၊ သည်မောင် သေလျှင်၊ သက်ဝေ စင်စစ်၊ ဆိတ် လင်သစ်နှင့်၊ ပျော်ရစ်မည်သာ၊ ကျွနု်ပ် ငါလည်း၊ မယ်သာ သေက၊ ဆိတ်မကလေး၊ လှယဉ်ကျေးနှင့်၊ ချစ်ကြွေးချကာ၊ နေတော့ပါအံ့၊ ဤခန္ဓာ†ကိုယ်၊ အသက်†ကိုကား၊ ဖြစ်လို ဖြစ်စေ၊ မသေဝံ့ပါ၊ မပဇာဟု၊ ဆိုခါသော်+မှ၊ ချမ်းသာရ၏၊” “မိန်း+မတို့ ထုံး၊ နှလုံး *တန်ထွာ၊ ဓမ္မတာဖြင့်၊ အာသာ ငင်းငင်း၊ တောင့်တခြင်းကား၊ ဝမ်းတွင်း အမြဲး၊ ဖြေနိုင်ခဲးရှင့်၊ စွဲးမိ မလွှတ်၊ ညွတ်မိ မခွါ၊ ထင်ရာ ထင်ကြောင်း၊ ဆိုး-ကောင်း ကျိုး-ပြစ်၊ ပိုင်းဆစ် ရှုမြင်၊ မဆင်ခြင်ဘူး၊ လင်တည်း ကောင်းက၊ မိန်းမ ကျင့်တန်၊ မိုက် ကဲးလွန်၏၊ ကျွန်လောက် မလေး၊ ခွေးလောက် မခန့်၊ လိုလွန့် လင်မှာ၊ ကျင့်တတ်စွာလည်း၊ ရံခါ တစိ၊ ရှေးရှိတုံလျှင်း၊ ယောက်ျား ကင်းက၊ အိမ်တွင်းနှိုက်ပင်၊ မဝင်ဝံ့စွာ၊ အိပ်ရာ မရ၊ ထိုမိန်းမတို့၊ ထိတ်လှသည်မှန်၊ ကြောက်သွေး သွန်၏၊ ဘောက်ပြန် ယွင်းကွက်၊ ကျင့် ကမ်းတက်၍့၊ လင့်ထက် မယား၊ မလွှားစေရာ၊” “ဓမ္မတာတ†ရား၊ ထုံးစံအားဖြင့်၊ မ†ယားဟူလစ်၊ အိမ်သူဖြစ်လည်း၊ ပေါင်းချစ်အပ်စွာ၊ စွန့်ခွာထိုက်ကြ၊ ဘရိယနှင့်၊ မိန်းမ လေးမျိုး၊ ကျမ်းရိုး အလာ၊ အင်္ဂါ နိမိတ်၊ ကြောင်းဟိတ် ဘာဝ၊ စာရိတ္တက၊ ဆန္ဒ အလို၊ ထိုထို လက္ခဏာ၊ ကောင်း-ဆိုးစွာသား၊ ခြင်းရာ မူထား၊ အပြားပြားကို၊ ပိုင်းခြားနိုင်မှ၊ လူ့လောကနှိုက်၊ ယောက်ျာ့း ကြက်သရေ၊ ဂုဏ်နေ တက်တိုး၊ သက်ရှည်*ဖြိုး၍့၊ မညှိုး ထင်ရှား၊ မြင်းမိုရ်ဖျားထက်၊ လေးပါး ထိပ်ချာ၊ ဝတိံသာဝယ်၊ ဣန္ဒာ *ရန်မှုန်း၊ သိကြာ့းဘုန်းနှင့်။။ တု*နှုန်း စံလိမ့်မည်သာကို။”(၁၄၀)

(၃၁၀) “မိန်းမဟူသည်၊ *သွမ်း လော်လည်က၊ မျိုး-မည် ဆွေဝါး၊ မိ-ဘများနှင့်၊ လင်းသား*တကာ၊ ဂုဏ်-မျက်နှာကို၊ မညှာ မထောက်၊ ခြေဖြင့် †ကျောက်သို့၊ မ†ကြောက် မရှက်၊ မငဲ့ကွက်တည့်၊ အသက် တရာ၊ လင် တရာဟု၊ လူ့ရွာ ဆိုရိုး၊ ဟုတ်လှနိုး၏၊” “လိုဆိုး ကြီးမား၊ မိန်းမများတို့၊ ယောက်ျားတို့က၊ ပြောလာ စ,သော်၊ နှုတ်မျှ ထိုထို၊ ပယ်ငြား ဆိုလျက်၊ အလိုယှိလည်း၊ မယှိဟန်မူ၊ စောင်းယွဲ့ စူ၏၊ လိုတူ ထဲးက၊ သဘောကျပြီး၊ မစ,တုံငြား၊ စင်စစ်အားဖြင့်၊ အပ်ဖျားမျှလောက်၊ မဟ စောက်တည့်၊” “စိတ်ရောက် ကိုယ်ပါ၊ မလိုက်သာ၍့၊ မာယာကာရီ၊ သဒ္ဒါလီနှင့်၊ စူဠနီ မင်းဖျား၊ မွေးစား မကွာ၊ စက်ရာ စောင့်ထ၊ သာလိ†မတို့၊ ထို†မှ ဤမှ၊ ဟန်ဆောင်ကြသို့၊ ပြင်က မသိ၊ ထဲး မချိဘူး၊ မှတ်ဘိ ဧကန်၊ သဘောမှန်ရှင့်၊” “တိရစ္ဆာန်မိန်းမ၊ လူမိန်းမဟု၊ ဘာဝအလို၊ ထိုသဘောမူ၊ မတူ မယှိ၊ တူကြဘိ၏၊ ဇာတိသာ ခြား၊ ဓာတ် မပြားဘူး၊ တရား ကိုယ်နှိုက်၊ စရိုက် ဆန္ဒ၊ သည်မျှသာတိ၊ အထူး ယှိခဲ့၊ တပ်မိသော့အား၊ အူမ ယား၏၊ ယောက်ျားတို့က၊ လျင် မစ,သော်၊ ရွရွ မစောင့်၊ အမှောင့် ပူးဝင်၊ ကပ်သော့သွင်ဖြင့်၊ စတင် အရေး၊ မျက်ချို သွေး၍့၊ ခွင့်ပေးတတ်စွာ၊ ဓမ္မတာတည့်၊” “ရှေးခါသော်က၊ ပဒုမနှင့်၊ ကိန္နရဒေဝီ၊ မဟေသီတို့၊ မပီ လူရုပ်၊ ကိုယ် ဘားပြုတ်သို့၊ မည်းပုပ် နက်-ညို၊ င*ဆွံ့အိုနှင့်၊ ပေါင်တိုယောက်ျား၊ သူတို့အားလည်း၊ သွား၍့ ကိုယ်တိုင်၊ အနိုင် အတင်း၊ စ,ကုန်လျှင်း၏၊” “အိမ်တွင်း ဝင်ကာ၊ ဥစ္စာ ယူမျိုး၊ လူသူခိုးအား၊ အိပ် နိုးရာတွင်၊ ရုပ်သွင်ပြင်ကို၊ မြင်လျှင် မြင်ခြင်း၊ တပ်မက်လျှင်း၍့၊ လင်ရင်းက ခွါ၊ ထလာခဲ့ပြီး၊ ကပ်ကာ မနှေး၊ ကိုယ်ကို ပေးသည့်၊ သူဌေးကတော်၊ ပြည်လုံးကျော်သို့၊ မလျော် ယုတ်မာ၊ ကိလေသာဖြင့်၊ တွေ့ရာ ညစ်ညမ်း၊ မြှော့နှယ် ဖမ်း၏၊ ကျင့်*သွမ်းတတ်ကြ၊ ယေဘုယျတည့်၊ မိန်းမတို့ဓာတ်၊ သည့်တိုင်း †မှတ်လော့၊” “†မတ်နှင့် *တသွန်၊ ကျွန်နှင့် ကြုံ+ကြိုက်၊ တွေ့ရာ +ကြိုက်၍့၊ ကြုံ+ကြိုက်သမျှ၊ ကြံကြ မကောင်း၊ လင်ကြီးဟောင်းနှိုက်၊ ငန်းစောင်း မြွေဟောက်၊ ပြန်ကာ ပေါက်သို့၊ စိတ်ကောက်ဝင်ကာ၊ ပျက် သစ္စာနှင့်၊ မေတ္တာ သွေပြောင်း၊ သတ်ခွင့် ချောင်းလျက်၊ သေကြောင်းကို†သာ၊ ကြံတတ်စွာ၏၊” “ကိလေ†သာဟူ၊ မိုက်သွေး ဆူက၊ လူသော ခွေးသော၊ ကျွန်-ကျေးသောဟု၊ သဘော မထင်၊ မဆင်ခြင်ဘဲး၊ အမြင် မဖြောင့်၊ မျိုး မစောင့်ဘူး၊ ထို့ကြောင့် ရှေးက၊ ပေါရာဏတို့၊ မယာ့းအနား၊ ကျွန်ယောက်ျားကို၊ မထားအပ်ရာ၊ မိန့်ကြမှာရှင့်၊” “မိစ္ဆာ လိုကြူး၊ လင်ကုန်ကူးသည့်၊ ညစ်ညူး စာရီ၊ အလဇ္ဇီဖြင့်၊ ဒုဿီ ဣတ္ထိ၊ မျိုး-ဇာတိတို့၊ မိမိ ကိုယ်ကို၊ စိတ်အလိုတိုင်း၊ ထိုထိုယောက်ျား၊ တပ်ရာ များနှင့်။။ လိုက်စား နှံလိမ့်မည်သာကို။”(၁၄၁)

(၃၁၁) “ဣတ္ထိ ဓမ္မတာ၊ နည်း ပညာနှင့်၊ သမာ ကင်းလေ့၊ အာရုံ တွေ့သော်၊ *တပ်ပြွေ့ ရာဂ၊ ကြီး ဆန္ဒဖြင့်၊ တိုင်းဆ မညှာ၊ ကျင့်တတ်စွာ၏၊”သည်းချာ ချစ်သား၊ သတိထားလော့၊ “မယားဟူသည်၊ သက်တူ ကျွမ်းဝင်၊ သဘောစင်က၊ လူတွင် မိတ်ချစ်၊ ဆွေရင်း ဖြစ်၏၊ အပြစ် တမူ၊ အမျက်ယူက၊ ရန်သူကြီးဖြစ်၊ သေမင်းစစ်၏၊ ချစ်သော် သက်*နှုန်း၊ မုန်းသော် ရန်သူ၊ သေကြောင်းမူ၍့၊ ပြစ်ယူ ဒေါသ၊ ပြုတတ်ကြရှင့်၊ မုချ မှတ်ရာ၊ ထို့ကြောင့်သာလျှင်၊ ပညာမြင် ယှိ၊ ဉာဏ်သတိနှင့်၊ ဗောဓိယောက်ျား၊ သူမြတ်များတို့၊ တရား မလစ်၊ ဆင်ခြင် ချစ်၏၊” “ကျင့်ညစ် လော်†မာ၊ ဤလူ့ရွာတွင်၊ မြစ်†မှာ ကောက်ခြင်း၊ တောကား ထင်းသို့၊ *သီတင်း အလဇ္ဇီ၊ ဒုဿီ မကောင်း၊ မိန်းမပေါင်းကား၊ ပုန်းအောင်း ကွယ်ရာ၊ ကပ်မိခါသော်၊ ယုတ်မာ ညစ်ကျု၊ မကောင်းမှုကို၊ ကျင့်ပြုသည်သာ၊ များကြစွာ၏၊” “အမရာ ကိန္နရီ၊ မဒ္ဒီ သမ္ဘူ၊ ဤလေးဆူသို့၊ ကြည်ဖြူ ချစ်ဇော၊ ချစ်မနောနှင့်၊ သဘော ဖြောင့်ကား၊ အလွန်ရှားခဲ့၊” “သား တရာမြင်၊ လင် တထောင်†မြောက်၊ ဒေဝီ†မြှောက်လည်း၊ †ဂမျောက်မ မလွတ်၊ ဟူသတတ်ရှင့်၊ မမြတ် စာရ၊ ကျင့် ဟီနနှင့်၊ မိန်းမတို့အား၊ ယောက်ျားဆန္ဒ၊ တယောက်မျှနှိုက်၊ အားရ မယှိ၊ ဟူဘိ မှန်စွာ၊ ဓမ္မတာတည့်၊” “တဏှာဒေဝီ၊ ထိုပြီ အပ၊ တုရင်္ဂဒေဝီ၊ ပလီ ဉာဏ၊ ဇလာကနှင့်၊ ကာကဝတီ၊ သညီ တဝ၊ ပိယင်္ဂက၊ ပ ဉ္စပါပီ၊ သုနန္ဒီဟု၊ မဟေသီ ခံ၊ ဒေဝီ ခံတို့၊ နန်းယံ ထွတ်ဖျား၊ စံ ပျော်ပါးလျက်၊ လိုက်စား မိစ္ဆာ၊ ကျူးကြစွာ၏၊” “မင်္ဂလာမှုကြီး၊ ပြုပြီး ချက်ချင်း၊ ရွေသင်းပင်းနှင့်၊ မကင်း ရံ၍့၊ ယဉ်မွေ့မွေ့ထက်၊ သူဌေ့း ချွေးမ၊ ဆောင်ခဲ့စလျက်၊ ဒေသ လမ်းကြား၊ ခရီး သွားစဉ်၊ ပုဏ္ဏား ရုပ်ဆင်း၊ တင်းတိမ်တွင်းနှိုက်၊ မင်းနှင့် ဆုံ၍့၊ ခဏတွေ့မျှ၊ မရွေ့ နှုတ်ပိတ်၊ နှစ်ကိုယ်စိတ်ဖြင့်၊ လက်ဆိပ် ကုတ်ကာ၊ မြူးကြစွာ၏၊” “ကိလေသာစက်၊ *ရမ္မက်ကိစ္စ၊ သဘာဝဖြင့်၊ မိန်းမဟူသည်၊ ယေဘူယျချည်း၊ ထို့နည်း မလွဲး၊ သည်ပုတ်ထဲးက၊ သည်ပဲးမျိုးသာ၊ ဆိုပမာတည့်၊ အနာစာရီ၊ လောကီ မိန်းမ၊ ဒုဿီလတို့၊ ဆန္ဒအလိုက်၊ စရိုက် ပြကတေ့၊ ဇာတိလေ့ကား၊ တနေ့ ဆယ်ကြိမ်၊ တင်းမတိမ်သည့်၊ ပန်းထိမ်လူမျိုး၊ ရ,တိုင်း ခိုးသို့၊ နွယ်ရိုး ယုတ်-မြတ်၊ မျိုး-ဇာတ် မရွေး၊ လူ-ခွေး တိရစ္ဆာန်၊ မချန် ယဉ်-ရိုင်း၊ ချင့် မနှိုင်းသည်။။ တွေ့တိုင်း ပြွံလိမ့်မည်သာကို။”(၁၄၂)

(၃၁၂) မယား ခုနစ်မျိုး၊ ယှိမြဲးရိုးတွင်၊ ခိုးသူ အရှင်၊ သူသတ်သွင်သို့၊ အကြင်မယား၊ လား၏့ ငရဲး၊ အမြဲး မှတ်ဘိ၊ အမိ*တမျှ၊ နှမ မယွန်း၊ ခင်းပွန်းသဖွယ်၊ ကျွန့်နှယ် လေးဖြာ၊ မယား†မှာကား၊ နိ†မ္မာနတ်ပြည်၊ လားမြဲးမည်၏၊ ယင်းသည် လေးသွယ်၊ မယားဝယ်လည်း၊ ကျွန့်နှယ်အလား၊ ထိုမယားမူ၊ ယောက်ျားဆုပန်၊ နိဗ္ဗာန်ဆုကောင်း၊ တောင်းက မလွတ်၊ မချွတ် *တူးတည်၊ ပြည့်မြဲးမည်၏၊ *မွန်ရည် ထူးမြတ်၊ ထိုမိနတ်တို့၊ ကျင့်ဝတ် တမူ၊ သဘောဖြူသား၊ စိတ်တူ ကျွမ်းဝင်၊ လူတို့ခွင်နှိုက်၊ လင်နှင့် မယား၊ ဖြစ်ခဲ့ငြားက၊ အားမနာ†တမ်း၊ မရှက်†တမ်းသို့၊ လူ†တမ်းတစိ၊ အစဉ်ယှိလည်း၊ ဟိရိ သြတ္တပ်၊ အမြဲး ကပ်လျက်၊ ကိုယ်ကြပ် ထဲးနှီး၊ သဘော ပြီး၍့၊ မောင်ကြီး နှမ၊ *တမျှ တူပင်၊ ကျွန် သခင်သို့၊ လင်ကို မသွေ၊ ရှက် ရိုသေ၏၊ *မထေ အောက်မေ့၊ မပြုလေ့ဘူး၊ ကောက်ကွေ့ ကြံစည်၊ လော်လည် စရိုက်၊ စိတ်လိုလိုက်သည့်၊ အမိုက်မယား၊ လူနှိုက် များ၏၊”ငါ့သား မင်း†ပျို၊ မိန်းမလိုသို့၊ သဲး†ပြိုသော့လား၊ မလိုက်စားလင့်၊ “ယောက်ျား ငါးဦး၊ အာရုံ ကြူးနှင့်၊ ယစ်မူး *တပ်ပြွေ့၊ လမ်းကြုံတွေ့ကို၊ ဆောင်၍့ မကြွင်း၊ နန်းလုံး နှင်းသား၊ မင်း တက္ကသိုလ်၊ ရှေးအဟိုက၊ ကိုယ်ပါ ဆုံးပါး၊ ဘီလူးစား၍့၊ ပျက်ပြားကုန်ကြ၊ အမိမျှလည်း၊ *ပုစ္ဆ မအို၊ လင်ငယ် လို၍့၊ သားကို သတ်ကြောင်း၊ ထုံးဟောင်း ရှေးက၊ နိပါတ် ပြ၏၊” “မိန်းမ အပြစ်၊ သဘောညစ်ကို၊ အနှစ် တရာ၊ တထောင် လျှာဖြင့်၊ လူ့ရွာ တည်ငြား၊ ကြင်ယောက်ျားလျှင်၊ တပါးအမှု၊ မပြု လုံးလုံး၊ ပြောမဆုံးဟု၊ မှတ်ထုံး ထင်စွာ၊ မဟာရဟ၊ နီတိပြ၏၊”ထိုမျှ ဝတ္ထု၊ ရေးပုံပြုလျက်၊ မြော်ရှု မငြီး၊ ဆင်မုန် စီးသို့၊ သားကြီး နေ့-ည၊ စိတ်မချနှင့်၊ ဉာဏဝရဇိန်၊ ဉာဏ်ချွန်း ချိန်၍့၊ သမာဓိန်မှု၊ ကျောက်တောင် ထုသို့၊ မေရုပမာ၊ ခိုင်စေပါလော့၊ “သမ္ဘာ ပညာ၊ ပတ္ထနာနှင့်၊ ပါရမီ ဆည်း†ပူး၊ ဖြည့်ကျင့်†ဖူးသား၊ ဆုထူးပန်သူ၊ မဟူကုန်ကြ၊ ယေဘုယျဖြင့်၊ မိန်းမတို့†မှာ၊ ဤသို့သာချည်း၊ ပ†မာ မယွင်း၊ အိမ်တွင်း နတ်မျိုး၊ ပြင် နတ်ဆိုးနှင့်၊ အကျိုး*မဲ့မှု၊ ပေါင်းဘက်ပြု၍့၊ အိမ်သူ့ ဥပဒ်၊ ဖြစ်စေတတ်သို့၊ မမြတ် မူထား၊ ကိုယ့်မယားကြောင့်၊ ယောက်ျားတို့နှိုက်၊ ဘေးဆိုက် ခန္ဓာ၊ ပျက်တတ်စွာ၏၊ ပညာ သတိ၊ မပြတ် ယှိမှ၊ လောကီ့ဓမ္မတာ၊ ဤလူ့ရွာဝယ်၊ ချမ်းသာ မညှိုး၊ သက်ရှည် *ဖြိုး၍့။။ တန်းခိုး လျှံလိမ့်မည်သားကို။ (၁၄၃)

(ဤ ၁၂-ပိုဒ်ကား 'ရွှေလောင်းပြန်ချ'နည်းချည်း။)

(၃၁၃) အသက် မှတ်၍့၊ လေးမြတ် လွန်စွာ၊ ဝတိန်သာထက်၊ သုရာ နာထ၊ ဝါသဝနှင့်၊ မာဃ သက္က၊ ဣန္ဒ ဝတြဘူ၊ သူဇမ္ပတိ၊ အစယှိသား၊ အဘိဓာန၊ နာမ မည်ခေါ်၊ နှစ်ဆယ်ကျော်ဖြင့်၊ မြေပေါ် နတ်ရပ်၊ ဘုံ နှစ်ထပ်ကို၊ စိုးကွပ် ပိုင်ကား၊ လွန်ထင်ရှားသည့်၊ သိကြားမင်းစစ်၊ ဒေဝရာဇ်၏့၊ လွန်ချစ် ပြင်းဟုန်၊ နတ်ဝရုဏ်သို့၊ ဘုန်းဂုဏ် လက္ခဏာ၊ စုံစကြာကြောင့်၊ ဘ,ရာ နှင်းထိုက်၊ နန်းညွန့် စိုက်သည်၊ နန်း*ကိုက်ရတနာ၊ သားသည်းချာ။။ “လူ့ရွာဌာန၊ လူ့လောကနှိုက်၊ မိန်းမတို့သာ၊ ကျင့် ယုတ်မာ၍့၊ မိစ္ဆာ ဆိုးဝါး၊ မဟုတ်ငြားဘူး၊ ယောက်ျားသည်လည်း၊ ပညာနည်းတို့၊ စောင့်စည်း မယှိ၊ မျိုး ဣတ္ထိသို့၊ မသိ ကျေးဇူး၊ သူ့ဂုဏ်ထူးကို၊ ထိမ်မြူး ချေတတ်၊ ကျင့် မမြတ်တည့်၊”မှတ်လော့ ထိုရော်၊ “ရှေးခါသော်က၊ ခြောက်ဘော် မင်းသား၊ တောရပ်သွားတို့၊ မယားကိုသတ်၊ စားကုန်†တတ်ရှင့်၊ ဗြဟ္မ†ဒတ် ကုမာ၊ မင်း*လျာ သောတ္ထိ၊ မည်ယှိ ထင်ရှား၊ ထိုနှစ်ပါးလည်း၊ ကြွသွား တောခွင်၊ လုပ်ကျွေးကျင်လည်း၊ ရုပ်သွင် နတ်တူ၊ သိတာဘူနှင့်၊ သမ္ဗူတို့အား၊ စွန့်ပယ်ထား၍့၊ ယောက်ျားတို့စိတ်၊ မြင်တိုင်း ညိတ်လျက်၊ ဆိတ်၏့အလား၊ နွား၏့သဘော၊ အာရုံ *ပြောတိုင်း၊ လိုက်လျော ထွေပြား၊ သူအခြားနှင့်၊ ပျော်ပါး မေ့ကျန်၊ ယွင်း ဘောက်ပြန်၏၊” “သေဒဏ် ကယ်မှု၊ သက်လုံး စု၍့၊ လင်ပြုပါလျက်၊ ချောက်*နရက်သို့၊ အသက် သေစိမ့်၊ ချပိမ့် ကြံစည်၊ ဗာရာပြည်ဝယ်၊ လေးမည် ယော†က်ျား၊ သူဌေ့းသားလည်း၊ †ကြား၍့ မလျော်၊ လိုရာ ခေါ်၍့၊ ပျော်လိုသမျှ၊ ပျော်ကိစ္စဖြင့်၊ ပျော်ကြပြီးခါ၊ မိကလျာအား၊ သတ်ကာ မသနား၊ ဆင် ဝတ်စားကို၊ ယူငြား ကုန်လျှင်း၊ မိုက်ခေါင်ချင်း၏၊”မယွင်း စင်စစ်၊ ထိုသို့ဖြစ်၍့၊ “အချစ် လိုက်စား၊ ယုံမိ မှားလျက်၊ ယောက်ျား ဗာလ၊ လူ့ပါပနှင့်၊ တွေ့ရ ကြုံရ၊ ပေါင်းဆုံရသော်၊ မိန်းမတို့ထုံး၊ ငွေကုန် ရှုံးက၊ သက်ဆုံး မတိုင်၊ ကိုယ်ပိုင်ယောက်ျား၊ သွေ ဘောက်ပြား၍့၊ တရား မစောင့်၊ မဖြောင့် နှလုံး၊ လင်ကုန်ရှုံးက၊ သက်ဆုံးတိုင်လစ်၊ ပြောရာဖြစ်ရှင့်၊ “အနှစ် ပညာ၊ မယှိပါက၊ အင်္ဂါ ခြေ-လက်၊ ယောက်ျားလျက်လည်း၊ မိန်းမထက်သာ၊ ယုတ်မာ ဆိုးဝါး၊ မိုက်လုံး ထွားသည်။။ နွားနှင့် ကျားနှင့် အတူတည်း။”(၁၄၄)

(၃၁၄) “သသေဓိယ၊ သုဒေဝနှင့်၊ ချောက်ကျပုဏ္ဏား၊ တောမှား မုဆိုး၊ ရှိခိုး နေ့-ည၊ ပဏ္ဍရ၏့၊ ဂုယှမန္တာ၊ ရှို့ဝှက်ရာကို၊ မညှာ ထောက်ထား၊ ဂဠုန့်အားလျှင်၊ ပြောကြားတုံဘိ၊ ကရမ္ပိဟု၊ အာဇီဝက၊ ဤသို့စသား၊ မိန်းမ မဟုတ်၊ ယောက်ျားယုတ်တို့၊ မိတ်ဖြုတ် ကျင့်တန်၊ ကျေးဇူးလှန်၍့၊ မမှန် သစ္စာ၊ ယုတ်မာ ဆိုးလှ၊ မိုက်ကုန်ကြ၏၊”ထိုမှ တဝ၊ “ပုရိသတို့၊ မိန်းမအာရုံ၊ တွေ့ ကြိုက်ကြုံသော်၊ ရာဂုမ္မတ္တက၊ သတိ ပ,၍့၊ မောဟ မွှန်တက်၊ ဆားနှယ် †လျှက်မျှ၊ ထန်း†လျက် သကြား၊ သကာများနှင့်၊ ချိုပျားသဏ္ဌာန်၊ သာယာဟန်ဖြင့်၊ ဉာဏ်သက်သက်*မဲ့၊ နွား၏့†ကဲ့သို့၊ လာ†ခဲ့ သွားလေ၊ မိန်းမ စေတိုင်း၊ သေဆို သေထ၊ လိုက်ကုန်ကြ၏၊” “မယာ့းအလို၊ အလိုက် ပိုလျက်၊ မျောက်ကို မြစ်မှာ၊ ကဝါချခြင်း၊ မြင်း၏့အသွင်၊ ကျောကုန်း တင်၍့၊ လမ်းတွင် ပြေးစွ၊ ဗာရာဏနှိုက်၊ အဿကမင်း၊ မီးပုံဆင်းခဲ့၊”ယင်းမှ တသွယ်၊ “ရှေးခါဝယ်တိ၊ သူကြွယ်ဟူထ၊ သုဇာတလည်း၊ ဣန္ဒ ထံနီး၊ နတ်သမီးကို၊ မြင်ပြီး ခဏ၊ တ, တတနှင့်၊ မရသော့အား၊ မစား အစာ၊ မြည်တမ်းကာလျှင်၊ ခန္ဓာ ပျက်ကြွေ၊ အသက် သေရှင့်၊ ကျမ်းရွှေ နိပါတ်၊ ဟောဘော်လတ်၏၊” “ဟီနတ်ဘာဝ၊ ဓာတ် ကာမနှိုက်၊ လောဘအရာ၊ ကိလေသာကား၊ ပညာ သတိ၊ ကင်းလတ်ဘိသော်၊ အနိတ္ထိဂန္ဓ၊ မင်းကုသတို့၊ မိန်းမထက် လွန်၊ *ဟေဝန် *မြိုင်ကွေ့၊ တော ပျော်မွေ့သား၊ ရသေ့ ဖြစ်လျက်၊ သီလ ဖျက်ပြီး၊ *ရမ္မက်မီး ကြွ၊ ဂန္ဓဗ္ဗနှင့်၊ ရဋ္ဌဝတီ၊ ကိန္နရီကို၊ မူးသီ ကိလေ၊ မြင်ရုံ သေမျှ၊ တွေဝေ မိန်းပြတ်၊ ဉာဏ် ကျိုးဆတ်၏၊” “သူမြတ် ဗောဓိ၊ လောင်းဇာတိလျက်၊ ဟရိတစ၊ ရှင်လောမတို့၊ လောဘအဟုန်၊ ကျ ဆင်မုန်သို့၊ ကာမဂုဏ်ညစ်၊ ရာဂ ယစ်၍့၊ အပြစ် မထင်၊ မိန်းမသွင်ကို၊ မြင်လျှင် မြင်ခြင်း၊ သတိ ယွင်းလျက်၊ ဉာဏ်ကင်း လက်လွတ်၊ စျာန်ကြိုးပြတ်၏၊” “ယုတ်-မြတ်ဟူကြ၊ ဤလောကနှိုက်၊ မိန်းမ ယောက်ျား၊ သဘောအားဖြင့်၊ ခြားနား မယှိ၊ သားချစ် သိလော့၊ သတိ ပညာ၊ အရင်းသားတည့်၊ ပညာမည်ငြား၊ ဤတရားလည်း၊ ယောက်ျားနှိုက်သာ၊ မဟူ†ရာဘူး၊ အမ†ရာဒေဝီ၊ ဘေရီဓမ္မ၊ ဒိန္န စသည့်၊ အပ္ပကဟူ၊ နည်းငယ်မူကား၊ လူဝယ် ထိုသို့၊ မိန်းမတို့လည်း၊ မချို့ ပညာ၊ ယှိတတ်စွာ၏၊” “မိစ္ဆာ မိုက်ကြူး၊ ကျေးဇူး ချေတတ်၊ မမြတ် စာရ၊ မောဟ *ပြောထူ၊ မိန်းမဟူသည်၊ ယေဘုယျနည်း၊ ဖြစ်သတည်းရှင့်၊ သိမ်းဆည်း*မဲ့ဘိ၊ ကင်း သတိနှင့်၊ အသိ ပညာဉ်၊ မယှဉ်သသူ၊ ထိုမျှလူတို့၊ ကျင့်မူ ဘောက်ပြား၊ မတည်†ကြားသည်။။ ယော†က်ျား မိန်းမ မဟူတည်း။”(၁၄၅)

(၃၁၅) “လိမ္မာ ခွင့်,သိ၊ ပညာယှိသား၊ ဓီတိ တည်မတ်၊ မိန်းမမြတ်တို့၊ နတ်နှင့် မခြား၊ လင်ယောက်ျားကို၊ ပျော်ပါး မပြတ်၊ ရွှင်စေတတ်လျက်၊ လေးမြတ် သက်တင်၊ မိမိလင်၏့၊ လူတွင် စင်စစ်၊ မိတ်ကြီး ဖြစ်၏၊ တဆစ် ထိုပြီ့း၊ မြတ်ဇာတိဖြင့်၊ ဗောဓိဆုပန်၊ ယောက်ျားမွန်တို့၊ ငါးတန် ပရိစ္စာဂ၊ စရိယနှိုက်၊ တကွ မချွတ်၊ တူ ကြည်ညွတ်၍့၊ အမြတ် ဝသီ၊ ပါရမီကို၊ ကူညီ အား*သစ်၊ ဖြည့်ဘက် ဖြစ်၏၊ ဉာဏ်လစ် ယောက်ျား၊ ယှိခဲ့ငြားသော်၊ ယောက်ျားတို့ထက်၊ ရုတ်တရက်ဉာဏ်၊ ပဋိဘာန်ဖြင့်၊ လျင်မြန် မချွတ်၊ ကြံစည်တတ်၏၊” “ဗြဟ္မဒတ်မင်းကြီး၊ သဘော သီး၍့၊ ထီးစင်း တရာ၊ သတ်မည့်ခါနှိုက်၊ ဣန္ဒာထွတ်ဖျား၊ သိကြားသော်လျက်၊ ကြံနိုင် ခက်လည်း၊ ထက်မြက် ပြင်းရှိန်၊ ဝရဇိန်သို့၊ ဓမ္မဒိန်မည်၊ ဉာဏ်ရည် ထူးမြတ်၊ မိဘုန်းမြတ်လျှင်၊ သက်လွှတ် ချမ်းသာ၊ ရစေပါ၏၊” “မင်း*လျာ နရိန်၊ သောတ္ထိသိန်လည်း၊ ညှိုးပိန် ကာယ၊ ကိုယ်ဒုက္ခဖြင့်၊ ကုဋ္ဌရောဂါ၊ ဝေဒနာကို၊ သမ္ဗူလာနတ်၊ မိဘုန်းမြတ်လျှင်၊ နှုတ်ရွတ် သာယာ၊ ချစ်မေတ္တာနှင့်၊ သစ္စာဆေး ကု၊ ပြု၍့ သုခ၊ ချမ်းသာ ရ၏၊” “မတ်လှ မဟော်၊ ပညာကျော်လည်း၊ မမြော်နိုင်ဘိ၊ မသိနိုင်တတ်၊ လွန်ခဲးကတ်သား၊ ဗြဟ္မဒတ်မင်း၊ နှလုံးသွင်းကို၊ ဝမ်းတွင်း ထုတ်ဆောင်၊ ပညာရောင်ဖြင့်၊ ထင်အောင် ဘော်ပြ၊ ဘေရီမလျှင်၊ ကြောင့်ကြ ကင်းမှု၊ ကြံစည် ပြု၏၊” “မတ် သုဇာတာ၊ ဖြစ်သော့်ခါနှင့်၊ စန္ဒာ တဝ၊ စန္ဒကိန္နရီ၊ ဒေဝီမြတ်ပေါင်း၊ ယသော်လောင်းတို့၊ လင်ကောင်းတို့နှိုက်၊ ဘေးဆိုက် သေလု၊ သေမှု ရောက်ခါ၊ နှုတ်သစ္စာဖြင့်၊ ချမ်းသာစေကြောင်း၊ ပန် ဆုတောင်း၍့၊ ကြံကောင်း ကြံမ၊ ပြုကုန်ကြ၏၊”မှန်လှ ထို့ကြောင့်၊ “*ယခေါင့် ကာလ၊ ရှေးမဆွနှိုက်၊ ကိစ္စတသီး၊ အရေးကြီး၍့၊ မပြီးနိုင်က၊ ကြံ မရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ် ကြားလျက်၊ ထင်ရှား မိန့်မှာ၊ *ဥဒါန်း လာ၏၊” “ကိလေသာဓမ္မ၊ သဘာဝကား၊ သုတအရာ၊ ပညာ မယှိ၊ သတိ *မဲ့ထ၊ ဟူသမျှပင်၊ ဆန္ဒအလိုက်၊ စရိုက် များရာ၊ ကြူးကြစွာ၏၊ ယုတ်မာ မြတ်ခြင်း၊ ဗြဟ္မာမင်းနှင့်၊ နတ်မင်း မတန်၊ သဘောမှန်ရှင့်၊ သဏ္ဌာန် ရုပ်ဝါ၊ မည်သညာနှင့်၊ ဝေါဟာ သက်သက်၊ အထူး ထွက်လည်း၊ ကျောဘက် ဝမ်းဘက်၊ ပက်လက် မှောက်ခုံ၊ မ,နှင့် စုံသို့၊ ခေါ်ရုံသာ ခြား၊ ဓာတ် မပြားသည်။။ လက်ဝါး လက်ခုပ် မှတ်ယူတည်း။”(၁၄၆)

(၃၁၆) မဟာသမတ်၊ ကမ္ဘာနတ်က၊ မန္ဓာတ် စက္ကရာဇ်၊ ဘိုးချစ် ဘေးလောင်း၊ ဘီ ဘော်ပေါင်းတို့၊ ရှစ်သောင်း မက၊ ခတ္တိယချည်း၊ နေမှ ဆက်ကာ၊ အစဉ် ဖြာလျက်၊ ကေသရာ သီ၊ ရွှေစာမြီသို့၊ ဇာနည်ယျဇာစ်၊ ကျင့်ချစ် မြဲးမြံ၊ သက်နှံ မချ၊ စာရိတ္တဖြင့်၊ ကမ္ဘာ့ ထိပ်မိုး၊ ကမ္ဘာ စိုး၍့၊ တန်းခိုး မဟိဒ်၊ ပုညဇိဒ်နှင့်၊ အာဒိစ္စဗန်၊ နေနွယ် မှန်သည့်၊ ဘုန်းသန် ပဝရ၊ သားချစ် ဘ။။ ဉာဏစက္ခု၊ မြော်ရှုအပ်စွာ၊ အရာရာကို၊ လိမ္မာနက်ကိ၊ ရှာကြံ သိလော့၊ “လောကီ့အလိုက်၊ လူနှိုက် ရေးရာ၊ ပညာ မြော်မြင်၊ မယှိ†ကျင်က၊ အ†ကြင် ပုဂ္ဂိုလ်၊ စည်းစိမ်တို၏၊ ထိုထို မျိုးဇာတ်၊ ယုတ်-လတ်-မြတ်တို့၊ အတတ်ပညာ၊ အလိမ္မာကို၊ ငယ်ခါကလျှင်၊ မသင်စေငြား၊ မိဘများကား၊ သား၏ ရန်သူ၊ မည်သော့ဟူရှင့်၊”ဘုန်းလူ ဘဘွား၊ ဆုံးမကြားပိမ့်၊ တရားဂမ္ဘီ၊ ခြင်္သေ့ဆီလျှင်၊ သိင်္ဂိ ရွှေခွက်၊ တည် မပျက်သို့၊ နားထက် တင်-သိ၊ နာခံဘိလော့၊ “ဣတ္ထိ ပုရိသ၊ ရုပ်ဘာဝနှင့်၊ ကာမ သန္ဓေ၊ အရင်းနေ၍့၊ ကိလေနိုင်ငံ၊ လောကဓံနှိုက်၊ ဆက်ဆံ ပေါင်းသင်း၊ နှီးနှောခြင်းဖြင့်၊ မကင်းကုန်ဘိ၊ လူအချိကား၊ လောကီ့အကျိုး၊ မယုတ် ညှိုးဘဲး၊ တက်တိုး ပွားကြောင်း၊ မယားကောင်းနှင့်၊ သားကောင်း ဥစ္စာ၊ လိမ္မာ *သီတင်း၊ နာကင်းသော့အား၊ ဤခြောက်ပါးတည့်၊ ပိုင်းခြား မှတ်လေ၊ မကြွင်းစေနှင့်၊” “အလေ အဖျင်း၊ ကိုယ့်အသင်းနှိုက်၊ ရုန့်ရင်း ကြမ်းကြုတ်၊ သူ့မှာ စုတ်သည့်၊ နွားယုတ် အတူ၊ အချို့လူတို့၊ ကျင့်မူ ချည်း†နှီး၊ ကိုယ့်နှင့် †နီးက၊ မခြီးမွမ်း*စောက်၊ မမြှောက်နိုင်လို၊ ထိုထို တပါး၊ ရပ်ဝေးသားမှ၊ မြှောက်စား ဝမ်းသာ၊ ခြီးတတ်စွာ၏၊ ထိုလူဝါမျိုး၊ လူ့နွားဆိုးကား၊ ပြစ်-ကျိုး ယုတ်-မြတ်၊ မသိတတ်သူ၊ လူတဦးတည့်၊ ကျေးဇူး မပွား၊ မမြှောက်စားရာ၊ မင်းပါး လူရေ၊ မသွင်းစေနှင့်၊”တထွေ မှတ်ဘွယ်၊ ဝမ်းဝယ် ပိုက်ကျုံး၊ နန်းစဉ်ထုံးတည့်၊ မင်းသုံး မင်းဆောင်၊ ဘောင်ဘောင် ကျိုး-ဆတ်၊ ကွဲး-ပြတ် ပျက်-ကြွေ၊ ပဲ့ယွဲ့ထွေက၊ မရေ မရာ၊ နတ်မိစ္ဆာနှင့်၊ မျက်နှာ လူရုပ်၊ ခင်ပုပ်ငှက်မျိုး၊ လင်ကောင်ပိုးတို့၊ ငင်ရိုးမထင်၊ နန်းတွင်း ဝင်သော်၊ နန်းတွင် ပျော်ပါး၊ နန်းသူများတို့၊ တရားကျင့် ချွတ်၊ ဘောက်ပြန်တတ်၏၊ သားမြတ် သည်းအူ၊ သတိမူလော့၊ လျစ်လျူ ဘယ်ခါ၊ မရှုရာဘူး၊ မိစ္ဆာ တိမ်းပါး၊ ချွတ်ဘန်များသော်၊ တရား ပျက်ကြ၊ အခွင့်ရလျက်၊ ပြင်ပ တွင်းသား၊ ကျင့်ဘောက်ပြား၍့။။ ပြစ်မှားကြလိမ့်မည်သော့ကြောင့်။ (၁၄၇)

(၃၁၇) “ရှေးသရော့ခါ၊ ပြည်ပ ဉ္စာဝယ်၊ မဟာစူဠနီ၊ ဆမ္ဘီပုဏ္ဏား၊ သား မယားတို့၊ ပြစ်မှားကုန်ကြ၊ ပျက်စီးရ၏၊ ဇလာကဒေဝီ၊ စူဠနီတို့၊ ပလီ ဝင်္ကန်၊ သံကောက်ဟန်ဖြင့်၊ ဉာဏ် အတွင်းပုန်း၊ ဝမ်းထဲး မုန်းနှင့်၊ ချစ်*နှုန်း ပြင်က၊ ချစ်ယောင်ပြ၍့၊ ခွင့်ရသော့အား၊ ပြစ်မှား မချွတ်၊ ပြုကြတတ်၏၊”ကျင့်ဝတ် ယွင်းသွေ၊ မဟင်းစေနှင့်၊ “ရေကိုလည်း သောက်၊ လူကို ချောက်သည့်၊ တောမျောက် ညစ်တေ၊ မိုက် သန္ဓေနှင့်၊ သရေပေါ် ထက်၊ တက်၍့ အိပ်ငြား၊ သရေနားကို၊ စားသည့် ခွေးတူ၊ မိုက်သော့သူတို့၊ လူပင် *တစေ၊ မိုက်တတ်†ချေ၏၊ အ†ခြေအနေ၊ မယွင်းစေနှင့်၊”သက်ဝေ သိရီ့၊ မောင်ဘုန်းယှိလျှင်၊ သတိတမန်၊ ဉာဏ် မြေကတုတ်၊ လွန်-ယုတ် နှိပ်တွန်း၊ အုပ်ချွန်း ပညာဉ်၊ သမ္ပဇဉ်နှင့်၊ ယှဉ်ကာ မပြတ်၊ မြဲးစေတတ်လော့၊ ကျင့်ဝတ် ကင်းဝေး၊ သား မလေးက၊ ကျေး မရိုသေ၊ ကျွန် မ†ချေက၊ ဗိုလ်†ခြေ မညွတ်၊ ဖြစ်တို့တတ်၏၊ လေးမြတ် စိတ်နေ၊ မကင်းစေနှင့်၊ ခြွေ-ရွေ ယုတ်-မြတ်၊ မှူးမတ် *သဇိုင်း၊ ပတ်ဝိုင်း ရံ-ခ၊ သား-မြေး စသား၊ မောင်းမ မိဖုရား၊ နန်းသား နန်းသူ၊ *ပြောထူ နီး-ဝေး၊ များ ကျွန်†ကျေးကို၊ မှန် †ကြေးမုံတု၊ လုံ့လပြု၍့၊ မျှော်ရှုသော့ထွေ၊ မပျင်းစေနှင့်၊ “ရိုသေ ကြောက်-ချစ်၊ သဘောဖြစ်မှု၊ ခြီးမြှောက်ပြုလော့၊ ပုထုဇန၊ ထိုမျှ ပုဂ္ဂိုလ်၊ များ လူ*ဗိုလ်တို့၊ မလို မကောင်း၊ လိုလျှင် ကောင်းရှင့်၊ အဟောင်း အသစ်၊ ပျို-အို ဖြစ်လည်း၊ မချစ် မလှ၊ ချစ်လျှင် လှ၏၊ လောက ဓမ္မတာ၊ လူ့*တန်ထွာတည့်၊ ပညာ†စက္ခု၊ မြော်ထောက်ရှုလော့၊” “ယ†ခု ဝတ္တမာန်၊ ပစ္စုပ္ပန် ဒိဋ္ဌ၊ ဤဘဝနှိုက်၊ ဟိတအထူး၊ ကျေးဇူး ပြုထွေ၊ ပုဗ္ဗေဘဝ၊ သိနေဟဖြင့်၊ တကွ မကင်း၊ ချစ်ရင်းပါကြ၊ ကြောင်း နှစ်ဝကြောင့်၊ ပိယသဟာ၊ ရေနှင့် ကြာသို့၊ မေတ္တာ နူးဆွတ်၊ ချစ်ကြတတ်ဟု၊ မြတ် သမ္ဗုဒ္ဓ၊ ဟောဘော်ပြ၏၊ ကိုယ်က အ†လျင်၊ ပြုတတ်†လျှင်မူ၊ လူရှင် ဗိုလ်ထု၊ ချစ်ပေါင်း စုလိမ့်၊ ချစ်သူ့စကား၊ သတင်းများကား၊ လျှာဖျားပေါ်က၊ မဆင်းရဟု၊ ဆိုကြပမာ၊ လူ*တကာတို့၊ မေတ္တာ သစ္စာ၊ မြဲးမြံစွာဖြင့်၊ ကွယ်ရာ မျက်မှောက်၊ မဘောက် မပြား၊ တော် ဖြောင့်သားလျက်၊ တရား မချော်၊ ရွှေနန်းပေါ်ထက်၊ သက်တော် ရှည်ကြောင်း၊ ဆို ဆုတောင်း၍့။။ ခ,ညောင်း ရံလိမ့်မည်သောကြောင့်။ “ (၁၄၈)

(၃၁၈) ထိုမှ တထွေ၊ သားမင်း *ခြေလျှင်၊ ပြည်နေ တိုင်းသူ၊ ဦးမည်းဖြူတိ၊ ရှင်-လူ များစွာ၊ မျိုး လေးဖြာနှင့်၊ ရပ်ရွာ မဝေး၊ နယ်ကျေး *တိုင်း†ကျပ်၊ စိုးအုပ် ကွပ်၍့၊ စောင့်†ကြပ် ဆော်ဘန်၊ သာမန္တရာဇ်၊ ဒီပရာဇ်စု၊ အနုရာဇာ၊ ပြည်-ရွာ နီးရှက်၊ ပြည်ထောင်ဘက်အား၊ စုံမက် စိတ်မှာ၊ မပြတ်ရာဘူး၊ ငါသား မင်းစစ်၊ ဧကရာဇ်ကို၊ ကျိုး-ပြစ် တူက၊ ပြုနိုင်စွဟု၊ မာနဟူသည်၊ လေးမူ*မဲ့စွာ၊ မမှတ်သာဘူး၊ စူးရာ စူးလျောက်၊ ဆောက်ရာ ဆောက်တည့်၊ ချင့်ထောက် ပညာ၊ သင့်လျော်စွာအောင်၊ အရာ လျောက်ပတ်၊ ခြားစေတတ်လော့၊ “ခဲးကက် ရေးရာ၊ ရံခါ လူတွင်၊ ဖြစ်မြဲးအင်ကား၊ ဆင် မတက်နိုင်၊ ကြွက် တတ်နိုင်၏၊ လက်ကိုင် စွဲးထုံ၊ အရေး ပုံဖြင့်၊ မှတ်ယုံ တသီး၊ လွန်လေပြီးက၊ ဆင်ကြီး ကြွက်ငယ်၊ ဝတ္ထုနှယ်သို့၊ ပြုဘွယ်ကိစ္စ၊ ကိုယ်နှင့် မျှအောင်၊ ဆောင်မှ မချွတ်၊ ပြီးတတ်ကြရှင့်၊”အမြတ် အယုတ်၊ *ဗိုလ်*အစုတ်ကို၊ မရှုတ် မချ၊ နေတကျဖြင့်၊ ကိစ္စ တန်ရာ၊ မျှော်ကာ ဝမ်းထဲး၊ မှတ်ယူ စွဲးလျက်၊ လွန်ကဲး ကြင်†နာ၊ ကရု†ဏာနှင့်၊ မေတ္တာရေ သွန်း၊ *တစ်ဆွတ် †ဖျန်း၍့၊ စီး†ဖြန်း ပရိကံ၊ စာပေ အံသို့၊ ယိုးယံ မပြတ်၊ ပွားစေတတ်လော့၊ ယုတ်-မြတ် *ဗိုလ်†လှေး၊ နှလုံး ဆွေး၍့၊ မ†လေး မမြတ်၊ လူ မညွတ်က၊ နတ် မကြည်ညို၊ နတ် မလိုလည်း၊ ထိုထို ကြီး-ငယ်၊ ပြုဘွယ်ကိစ္စ၊ ကြံသမျှလျှင်၊ ဆုတ်လသို့ ညှိုး၊ ဘုန်း မတိုးဘူး၊ တန်းခိုး ဂုဏ်သိမ်၊ ရေ့နှယ် တိမ်၍့၊ စည်းစိမ် အသက်၊ ပျက်လွယ်တတ်၏၊ မချွတ် မင်းပျို၊ ယွင်း မယိုအောင်း၊ ဗြဟ္မစိုရ် လေးဆူ၊ တရားဟူသည်၊ နတ်-လူ ချစ်ဆေး၊ ရှူတိုင်း မွှေးကို၊ မြတ်လေး ဆောင်လွယ်၊ ကင်း မပယ်နှင့်၊ ဝမ်းဝယ် မပြတ်၊ ထားစေတတ်လော့၊ သူမြတ် သူ*မွန်၊ ဆုကြီးပန်တို့၊ ရံဘန် တဆစ်၊ ခိုက်ရန်ဖြစ်၍့၊ သတ်ညှစ် မကောင်း၊ သေကြောင်း ကြံစည်၊ ရည်သူမည်လည်း၊ ချစ်ကြည် မိတ်စစ်၊ ခင်ပွန်း ဖြစ်၏၊ အပြစ် ယူစွဲး၊ အမြဲး မပြု၊ ဉာဏ်ဖြင့် ရှု၍့၊ ရင့်-နုသဘော၊ နှီးနှော လိုက်ဘက်၊ စည်ကြီး†ကြက်သို့၊ သူ†ကျက် သူစိမ်း၊ သူခပ်သိမ်းကို၊ ညွတ်တိမ်း မပြတ်၊ *ဖြားစေတတ်လော့၊ ယုတ်-မြတ် အပေါင်း၊ *ခြီးသောင်း လူ*ဗိုလ်၊ ကောင်း*တင်း ဆို၍့၊ ကြည်ညို နူးဆွတ်၊ မေတ္တာ ညွတ်လျက်၊ လေးမြတ် လွန်စွာ၊ နတ်ပမာသို့၊ သစ္စာ မယွင်း၊ ရိုသေခြင်းဖြင့်။။ ခြေရင်း †နွံလိမ့်မည်သောကြောင့်။ (၁၄၉)

(၃၁၉) ထိုမှ တချက်၊ လုပ်လုပ် လက်ဖြင့်၊ သားငှက် တိရစ္ဆာန်၊ သက်ယှိမှန်တိုင်း၊ မကျန်စေငှါ၊ သတ္တဝါအား၊ ကြင်နာ ပိုက်†ဖြား၊ ရင် သည်း†ဖျားသို့၊ သနား ကြီးစွာ၊ ကရုဏာနှင့်၊ မေတ္တာ မျှ၍့၊ ဒါန ပရိစ္စာ၊ မိုဃ်းနှယ် ရွာလျက်၊ သမ္မာ မချွတ်၊ ကျင့်ဝတ် မွေ့လျော်၊ တရားပျော်မှ၊ ကိုယ်ပေါ် စောင့်တတ်၊ နတ်နှင့် တကွ၊ ဂန္ဓဗ္ဗက၊ ထိုမျှ တစု၊ လူကို ရှုသား၊ ပိတုလောက၊ တဌာနဖြင့်၊ လ၏့ ထက်မှာ၊ နတ် တရွာဝယ်၊ ပိတရာမည်၊ သက်ရှည် နတ်မျိုး၊ လောကစိုးတို့၊ မြတ်နိုး ချစ်ကြည်၊ မြဲး စောင့်တည်လိမ့်၊ ဆယ်မည် ပုည၊ ကုသလနှိုက်၊ နိစ္စ မြဲးစွာ၊ လက် မကွာဘဲး၊ မဟာသမ္မတ၊ ဘေးလောင်း စသား၊ ဗြဟ္မာ့ နွယ်ရင်း၊ ကမ္ဘာမင်းတို့၊ ကျင့်ခြင်း စဉ်လာ၊ ထုံး *တန်ထွာဖြင့်၊ ရာဇကိစ္စ၊ မင့်းဓမ္မကို၊ မချ ဝမ်းထဲး၊ စိတ်မှာ စွဲးလော့၊ မလွဲး မှန်ဘိ၊ ထိုပြီ့း တဝ၊ “လှူဒါနနှိုက်၊ ပေတကိစ္စ၊ ဥဒ္ဒိဿကား၊ ရည်ထ ပေးပြု၊ သာဓု ခေါ်တတ်၊ လှူခံ မြတ်မှ၊ သေသူ ရ၏၊ ဘဝ နောင်ဘို့၊ ဖြစ်ရာတို့ဝယ်၊ မချို့ ကုသိုလ်၊ ကိုယ်ကျိုး လိုက၊ ပုဂ္ဂိုလ် ယုတ်-မြတ်၊ မမှတ်အပ်စွာ၊ ရရာ မရွေး၊ *မဖင့်နှေးနှင့်၊ လှူပေး စွန့်ကြဲး၊ တွေ့တိုင်း ရဲးလော့၊” “မှီဝဲးသမှု၊ ဆရာပြုမူ၊ ဗဟုဿုတ၊ ဂုဏ ပညဝန်၊ သီလဝန်မှ၊ သား*မွန် လည်ရွဲး၊ ဆည်းကပ် မြဲးလော့၊ မှီဝဲး များရာ၊ အလေ့ပါ၏၊”မင်္ဂလာအဿ၊ ပဏ္ဍဝလျှင်၊ နိစ္စ စောင့်မှတ်၊ ဂီရိဒတ်ဟု၊ ပညတ် မည်တွင်၊ ခြေခွင် ယောက်ျား၊ မြင်းထိန်းသွားသို့၊ ကားရား ကွကွ၊ မလှ နင်းချက်၊ အသွား ပျက်၏၊ “စက် နိဿယ၊ ပုဂ္ဂလဟု၊ ပါပဝါဒီ၊ အမှီ မကောင်း၊ ယှဉ်မိ ပေါင်းက၊ အလောင်းတို့လျက်၊ ကျင့်ကောင်း ပျက်၏၊ မနက် မနဲး၊ လူ့*ခပဲးကား၊ နှိုက်နှဲး ရေးရာ၊ မယှိစွာဘူး၊” “ဝိပလ္လာသ၊ ဘောက်ပြန်ကလည်း၊ မောဟ လွှမ်းပြီး၊ အယူသီး၍့၊ စပါးကြီး ချက်ငြိ၊ ဟူတုံဘိသို့၊ အဝီစိ သွား၊ အကျင့်မှားကို၊ မြစ်တား မရ၊ ဆုံးမ မနာ၊ ယှိတတ်စွာခဲ့၊ ပညာ အားနည်း၊ သဒ္ဓါ သည်းက၊ အရည်းမည်ကာ၊ ယူမိစ္ဆာနှိုက်၊ သဒ္ဓါ လေးမြတ်၊ ဆည်းကပ်တတ်၏၊ ပရမတ်အရာ၊ မလိမ္မာဘဲး၊ သဒ္ဓါ *နုန့်နဲး၊ ပညာ ကဲးလည်း၊ အလွဲး ပြေးဝင်၊ အမြင် ယွင်းခွ၊ တိမ်းပါးကြလျက်၊ မီပြသ†မား၊ တွင်းကျွံ†မှားသို့၊ ဆယ်ပါး ကောင်းမှု၊ လှူဝတ္ထုကို၊ စွန့်ပြု မ*လွှတ်၊ စိတ္တုပ္ပါဒ်မျှ၊ ဒါန အလှူ၊ မြောက်သောဟူ၍့၊ အယူ ဘောက်လွဲး၊ မိစ္ဆာ စွဲး၏၊ လိပ်ခဲးပမာ၊ မြဲးမြံစွာလျက်၊ သတ္တဝါ တယောက်၊ ယူ မှားမှောက်ကို၊ သိန်းလောက် ဘုရား၊ လှန်သော့အားဖြင့်၊ ဟောကြား *ခြေချွတ်၊ ဖြေ မလွှတ်ဘူး၊ အကျွတ် မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီး မျိုလည်း၊ ယူကို စွန့်ဘဲး၊ အကျင့် လွဲး၍့။။ ငရဲး ခံလိမ့်မည်သောကြောင့်။”(၁၅၀)

(၃၂၀) ကောင်း-ဆိုး စစ်၍့၊ ကျိုး-ပြစ် ရှု †မျှော်၊ သိမြင် †မြော်လော့၊ သူတော် မဟုတ်၊ သူယုတ်တို့နှိုက်၊ တခိုက်မျှဖြင့်၊ ပေါင်းမိ သင့်က၊ စိန်နှင့် သမ္ပရာ၊ အဆိပ်စာသို့၊ မိစ္ဆာ တိမ်းပါး၊ ယူ ဘောက်ပြား၍့၊ တရား မလျော်၊ မှား ချွတ်ချော်၏၊ သူတော် သူစင်၊ ပညာရှင်တို့၊ မိန့်ကျင်စကား၊ တခွန်း ကြားက၊ ပတ္တမြား ဆန်ကျိုး၊ အဘိုး ပြည်တန်၊ ဧကန် မုချ၊ တလုံး ရသို့၊ နဂ္ဃ ဘိုး*မွန်၊ ကျိုး ကဲးလွန်၏၊” “ဘောက်ပြန် ရှေးက၊ ဝိဒေဟနှိုက်၊ ဝါဒ ယွင်း*သုန်၊ ဂုဏ် ကဿပ၊ မောဟန္ဓအား၊ ခဏ ကပ်မိ၊ အင်္ဂတိကို၊ ဗောဓိသတ္တ၊ နာရဒဟု၊ မိုးက ဗြဟ္မာ၊ ကိုယ်တိုင် လာ၍့၊ ကြီးစွာ ကုတ်ပတ်၊ ဟော *ခြေချွတ်မှ၊ ဖြေလွှတ် ကွာရှင်း၊ မိစ္ဆာ ကင်း၏၊” “ကိုယ်တွင်း ရောဂါ၊ ဝေဒနာလည်း၊ ဆရားကောင်းနှင့်၊ ဆေးကောင်း တွေ့မှ၊ ချမ်းသာရ၏၊ မုချ မှန်စွာ၊ ဟူစပါရှင့်၊ မိစ္ဆာဒိဋ္ဌိ၊ ယူဘိ ယွင်းချော်၊ အပါယ်ဘော်တည့်၊ သူတော် မဟုတ်၊ သူယုတ်တို့အား၊ ထံပါး ရောရှက်၊ မိတ်ဘက် ဘယ်ခါ၊ မပြုရာဘူး၊ ပညာယှိပေါင်း၊ သူတော်ကောင်းနှင့်၊ အကြောင့်သင့်မျှ၊ ပေါင်းမိကြ၍့၊ သဒ္ဓမ္မသဝန၊ ကြားနာရမှ၊ ဝါဒ သမ္မာ၊ တည်နိုင်စွာရှင့်၊”ကြားနာ သုတ၊ မြတ်ဆန္ဒကို၊ သားလှရတနာ၊ မြဲး မကွာနှင့်၊ “နံ့သာကြုတ်တွင်း၊ သေပုလင်းနှိုက်၊ တည့်ရင်း နံ့သာ၊ သေ ကင်းကွာလည်း၊ ဂန္ဓာ ထုံပျံ့၊ အနံ့သဖွယ်၊ ပျောက် မပြယ်သို့၊ ရှေးဝယ် လဲးပြောင်း၊ ဘဝဟောင်းက၊ ဆိုး-ကောင်း ကမ္မ၊ လေ့လာကြသား၊ ဆန္ဒ ဝါသနာ၊ အထုံပါ၏၊ သမ္မာ ယူ-စွဲး၊ စိတ်ဝယ် မြဲးလော့၊ မနဲး မနက်၊ လေ့ကျက် ဝသီ၊ ထုံ မ†မှီ၍့၊ ပါရ†မီ နဂိုရ်၊ မယှိ လိုကြောင့်၊ ကုသိုလ် သုစရိုက်၊ မုန်း မကြိုက်ဘူး၊ သူမိုက်*ရမ်းဘဲး၊ နောင် ဆင်းရဲးလိမ့်၊”တကွဲး ထိုမှ၊ “မိ-ဘမည်ငြား၊ ဤနှစ်ပါးတို့၊ ရှေးထားအပ်စွ၊ ဘာဝတ္ထကြောင့်၊ ပြုဗ္ဗဒိသာ၊ မျက်နှာ ရှေ့မှတ်၊ ဆရာမြတ်ကား၊ မပြတ်ကာလ၊ ပူဇော်ရကြောင့်၊ ဒက္ခိဏခေါ်၊ တဘော် ဝန်းလျား၊ သား-မယားမူ၊ နောက်ထား ပစ္ဆိ၊ မှုယှိ ထုတ်ပေ၊ မိတ်ဆွေ မြောက်ညာ၊ ဥတ္တရာမည်ထ၊ ကမ္မကရာ၊ ကျေးကျွန်မှာလျှင်၊ ဒိသာ အောက်ခန်း၊ ရဟန်း ပုဏ္ဏား၊ ဘုရား ပစ္စေက၊ ဟူသမျှကား၊ မြတ်လှ ဂုဏ်ဝါ၊ ထိပ်မှာ တင်အပ်၊ အထက်ရပ်တည့်၊ ပညတ် ဝေါဟာ၊ ခြောက်ဒိသာကို၊ ကောင်းစွာ မ†ငြို၊ သက်ဆုံး ကိုယ်ဖြင့်၊ ကြည်†ညိုအား*လှိုင်း၊ သားမောင် ကျိုင်းလျှင်၊ နေ့တိုင်း *ကော်ရော်၊ ပူဇော် မပြတ်၊ မြတ်နိုးတတ်က၊ မြတ်ထက် မြတ်ရာ၊ နောင် သံသာနှိုက်၊ နတ်ရွာခရီး၊ ပိတ်-ဆီး မယှိ၊ ဇာတိ မဘောက်၊ ဤမျက်မှောက်လည်း၊ ထက်-အောက် *ခပဲး၊ အံ့*မစဲးအောင်၊ ခြီးဝှဲး *ဗိုလ်လူ၊ ကောင်းဆု ယူလျက်၊ ကြည်ဖြူ ရွှင်ပြုံး၊ ရွှေစက် အုံး၍့။။ သက်လုံး နှံလိမ့်မည်သော့ကြောင့်။ (၁၅၁)

(၃၂၁) ယင်းသို့ဖြစ်၍့၊ သားချစ်ရတနာ၊ ဘ,သည်းချာလည်း၊ မဟာသမတ်၊ ကမ္ဘာနတ်က၊ နွယ်မြတ်တော်ရင်း၊ သက်ဆင်း ဖြစ်ပွား၊ မှန်သော့အားဖြင့်၊ မှာထားသမျှ၊ မင့်းကိစ္စနှင့်၊ ပုည ပွားရာ၊ ကျင့် သ†မ္မာကို၊ စိတ်†မှာ မထောင့်၊ စွဲးယူ ဖြောင့်လော့၊ “အဘကောင့်း သား၊ ခံရ များ၏၊ သားကောင့်း အဘ၊ ဖြစ်ခဲးစွရှင့်၊ သားလှမောင် သိ၊ အတိ အနု၊ ခေါ်ပြု အဝ၊ ဇာတ သုံးဖြာ၊ ကျမ်းနှိုက်လာသား၊ မာတာ ပိတ၊ မိနှင့် ဘထက်၊ သီလ သမာ၊ ပညာ ကျင့်မူ၊ လွန်-တူ-ယုတ်ထ၊ သား သုံးဝတည့်၊ ပါပသမုတ်၊ ကလိယုဂ်နှိုက်၊ ဆုတ်ကပ် ဘွားသည့်၊ နောက်သား*တကာ၊ အဝဇာဖြင့်၊ အလိမ္မာကို၊ မလို ဆည်းပူး၊ လေလွင့် ရူး၍့၊ အမူး အမော်၊ စားပျော် သောက်ပြု၊ ကစားမှုနှင့်၊ မိုက်တု မိုက်ထ၊ လိုက် များကြလိမ့်၊” “ဓန ဥစ္စာ၊ ပညာ ကုသိုလ်၊ ပွားစလိုက၊ ခြကို ပုံထား၊ ပျားကို ပုံပြု၊ ရရာ စုလော့၊” “ဤလူ့လောက၊ လူ့ဘဝနှိုက်၊ သကျရူပံ၊ မိန့်သံ ဂါထာ၊ ကျမ်းအလာတိုင်း၊ ငယ်ခါကလျှင်၊ မသင် ပညာ၊ ဥစ္စာ မစု၊ သူ့ကို ချစ်ဖျက်၊ သူ့သက် သတ်စား၊ သူ့မယားနှိုက်၊ ပြစ်မှားတုံဘိ၊ ပစ္စည်း ယှိလျက်၊ စိုးစိ မလှူ၊ မွေးမြူ မိ-ဘ၊ မပြုရနှင့်၊ ဆုံးမ မနာ၊ ပညာယှိထံ၊ နည်းခံ မမှတ်၊ အမြတ် မကျင့်၊ ဤဆယ်ဆင့်ကား၊ ကြီးရင့် ဇရာ၊ အိုသော့ခါလျှင်၊ ပူဆာ နောင်တ၊ ရတတ်စွတည့်၊” “လောက ဓမ္မတာ၊ လူ့*တန်ထွာဖြင့်၊ နောင်ခါ ထို့တူ၊ မွေးစိမ့်ဟူ၍့၊ မှတ်ယူသော့အား၊ သမီး-သားကို၊ ဝတ်စား ဆင်ယင်၊ သုတ်သင် လုပ်†ကျွေး၊ ပြုစု မွေးကာ၊ †ကြွေးသစ်ချသည်၊ သဘောမည်၏၊ ရွှင်ကြည် အထူး၊ မွေးခဲ့ဖူးသည့်၊ ကျေးဇူးသခင်၊ မွေးမိခင်နှင့်၊ ဘခင်တို့အား၊ ခစား မကင်း၊ လုပ်ကျွေးခြင်းမူ၊ မယွင်း ပညပ်၊ ကျွေးဟောင်းဆပ်တည့်၊ တရပ် ထိုမှ၊ သမဏ ဗြာဟ္မဏာ၊ ယာစကာအား၊ သဒ္ဓါ ကြည်ဖြူ၊ ပေးလှူသည်မှာ၊ သံသရာဝယ်၊ လိုရာ မညှိုး၊ သုံးရန်မျိုးဖြင့်၊ ရွှေအိုးမြှုပ်သည်၊ မည်လတ်ရှောင်း၏၊ ကြွေးဟောင်း ဆပ်လစ်၊ ကြွေးသစ် ချခြင်း၊ မြေတွင်း နှံရိုး၊ သူ မခိုးနိုင်၊ ရွှေအိုး မြှုပ်ထ၊ ဤကိစ္စနှင့်၊ သောက ဆယ်မျိုး၊ နောင် မစိုးအောင်၊ သတိုး သက်ဝေ၊ ကျင့်တတ်စေလော့၊”တက်နေသို့ ပြိုး၊ ဘုန်းရောင် တိုး၍့။။ တန်းခိုး လျှံလိမ့်မည်သော့ကြောင့်။ (၁၅၂)

(၃၂၂) ထိုမှ တသွယ်၊ မှတ်သားဘွယ်တိ၊ နားဝယ် *စိစ္စေး၊ နာဘိသေးလော့၊ “ရှေး ကုသလ၊ ဉာဏ မပါ၊ သဒ္ဓါမတ္တ၊ ကံကိစ္စကြောင့်၊ စိုးရ လူနှိုက်၊ ပြည့်စုံကြိုက်လည်း၊ လူမိုက် ကံကောင်း၊ နစ်မွန်းကြောင်းတည့်၊ တောင်ချောင်း ရေကြီး၊ ကောက်ရိုးမီးသို့၊ ညီးညီး ထိန်ပ၊ တရှိန်ကြွဖြင့်၊ ခဏမျှသာ၊ အကြာ မတည်၊ မရှည် အသက်၊ ပျက်လွယ်တတ်၏၊ ဥပတ်ဆေဒ၊ ဃာတကနှင့်၊ ဥပပီဠက၊ ပါပအပုံ၊ ဆူးနှယ် ရုံ၍့၊ ပြည့်စုံ ပျက်စီး၊ လေဝ မီးသို့၊ မကြီး*ဖွံ့ခင်၊ စံ*ဆဲးတွင်နှိုက်၊ မင်းပင် တမူ၊ ရန်သူ မချွတ်၊ ပန်းနှယ် ဆွတ်၏၊ အလွတ်*မဲ့စွာ၊ ဉာဏ် မပါကြောင့်၊ ထင်ရာတိုင်းပြု၊ ကလာဗုနှင့်၊ ဒုသိ မာရ်နတ်၊ ဗြဟ္မဒတ်တို့၊ ယုတ်-မြတ် မသိ၊ ကျင့်မိ ဆတ်ဆတ်၊ မြေမျို သတ်၏၊”မှတ်လော့ ရင်သွေး၊ ကုသိုလ်ရေးနှိုက်၊ *ဖင့်နှေးသဘော၊ နက်ဖြန်သောဟု၊ ပြောတတ်တုံငြား၊ သူ့စကားကို၊ ထောင်နား မနာ၊ ဤခန္ဓာလည်း၊ ခိုင်မာ နစ္စ၊ မမှတ်ရဘူး၊ ဝါဒ ယုတ်မာ၊ မိစ္ဆာ မယူ၊ လူဟု ဖြစ်လျက်၊ *နရက် ရောက်ကြောင်း၊ မကျင့်ကောင်းတည့်၊ ဆိုးတောင်း ပါပ၊ ဒုကမ္မလည်း၊ ပယ်ထ ကင်းဘိ၊ ဒိဋ္ဌိ သမုတ်၊ ဆိတ် မဟုတ်သို့၊ ခွါဆုတ် မငဲ့၊ ကျိုး*မဲ့ မယှဉ်၊ ခုနစ်စဉ်တရား၊ နန်းစဉ် ထားကို၊ တပါးသူ့ထက်၊ ဆယ်ပြန် တက်၍့၊ မပျက် ကျင့်ကာ၊ ဆောင်သင့်ရာ၏၊” “ဤခန္ဓာညစ်၊ ကိုယ့်အဖြစ်ကား၊ အပြစ်တရား၊ အလွန်များခဲ့၊ သိကြား ဗြဟ္မာ၊ စကြာမင်းစစ်၊ အကယ်ဖြစ်လည်း၊ အနှစ် မယှိ၊ အကာတိမျှ၊ ပျက်ဘိလွယ်စွာ၊ *တသက်လျာတည့်၊ ကျင့်ပါ အထူး၊ ဂုဏ်ကျေးဇူးသာ၊ ခြီးကျူး *ဥဒါန်း၊ မကုန် *ကျွန်းအောင်၊ စဉ်ထွန်း ကမ္ဘာ၊ နောင် မြင့်ကြာ၏၊” “ခန္ဓာဟုဆို၊ ဖြစ်ပြီး ကိုယ်၏၊ အို-သေ-နာ-ဖျား၊ ဤတရားကို၊ များများ စိတ်မှာ၊ ပူဆာ သော†က၊ မကြောင့်ကြနှင့်၊ ဖြစ်†က မချွတ်၊ ပျက်လတ္တံ့တည့်၊ မျှော်ငံ့ စောင့်စား၊ နေရငြားခဲ့၊ တရား ကိုယ်မှ၊ လွှတ် မချဘဲး၊ ဒါန သီလ၊ စာရိတ္တကို၊ ပျက်ရမည်သာ၊ ကြောင့်ကြရာ၏၊” “ယုတ်မာ ဆိုးတောင်း၊ ကျင့်မကောင်းကို၊ မှားကြောင်း တစိ၊ သိလျှင် သိချင်း၊ စွန့်ပယ်လျှင်းလော့၊ အတင်း ယူစွဲး၊ ဘား မြွေခဲးသို့၊ အမြဲး မှတ်သို၊ မစွန့်လိုက၊ ဤကိုယ် သုခ၊ နောင် မရဘူး၊”ပုည သမ္မာ၊ စရိယာကို၊ ကောင်းစွာ ကျင့်*မွန်၊ ကျင့် မလွန်မူ၊ ဟေမန်ခေါ်ပြု၊ ဆောင်း*ရတုနှိုက်၊ ငှက်မှု ငှက်လျော၊ ငှက်သဘောဖြင့်၊ ဥသြ မတွန်၊ တိမ်တံခွန်လျှင်၊ မိုးစွန် မလွှား၊ ဂြိုဟ်-နတ်များတို့၊ အသွား ဖြောင့်မှန်၊ မဘောက်ပြန်ဘဲး၊ ငွေစန္ဒြ၊ သော်တာ လ,လည်း၊ ထွန်းပ မိုးလယ်၊ *ကြက်တိုက်ကြယ်နှင့်၊ စမ္ပာယ် မကွာ၊ ပြိုင်-ယှဉ်ကာဖြင့်၊ သွေခါ မ†တိမ်း၊ ပြည်-ရွာ ငြိမ်းလျက်၊ မု†ဒိမ်းလူမျိုး၊ ပေါ မဆိုးသည်။။ ဘုန်းချိုး †နွံလိမ့်မည်သော့ကြောင့်။

-၁၅၃

(၃၂၃) ဤသို့လျှင်တိ၊ ရွှေစင် လည်ရစ်၊ ဂုဏ်အနှစ်ကို၊ လွန်ချစ် မြဲး*နေ၊ မကျေစေနှင့်၊ ပတေ †ပတာ၊ ရိုသေစွာလော့၊ “အခါ အခါ၊ မရောက်ရာနှိုက်၊ ပညာ မိမိ၊ ယှိသည့်အဖြစ်၊ ကိုယ့်*သနစ်ကို၊ ဘွင့်လှစ် ထင်စွာ၊ မပြုရာဘူး၊ မာ ဝိဘာဝယိ၊ မိန့်ပါဠိတိုင်း၊ တေမိ လောင်းလှ၊ မ*ဆွံ့-အ,လည်း၊ ဆွံ့-အ ပင်းယောင်၊ အ,ဟန်ဆောင်ရှင့်၊ ကြောင် လက်သည်း ဝှက်၊ ပြင် မထွက်ဘဲး၊ ထဲးနက် ထားသို၊ ခါရောက် လိုမှ၊ ပဟိုရ် ရွှေစည်၊ တီးတိုင်း မြည်သို့၊ ခုံတည်မြောက်အောင်၊ ရှေ့-နောက် နုသန်၊ အရိုးမှန်လျက်၊ သမ္ဗန် ပယောဇဉ်၊ စပ်ယှဉ် မကင်း၊ ခံတွင်း မဆိတ်၊ ဖိုလ်ဟိတ်ခတ်ကာ၊ ဆောင် ဥဒါနှင့်၊ ပမာ ပမည်း၊ သိပ်သည်း မိန့်ထွေ၊ မဝေစေနှင့်၊” “ရှာဘွေ ဥစ္စာ၊ ဤလူ့ရွာဝယ်၊ ချမ်းသာ ဖြစ်ကြောင်း၊ ဉာဏ်အပေါင်းကား၊ နည်းကောင်းမည်ထ၊ ကျင့်ဓမ္မတည့်၊ ရသည့် ချမ်းသာ၊ အရာရာကို၊ ကောင်းစွာ မယွင်း၊ စောင့်ရှောက်ခြင်းကား၊ မည်လျှင်း အတ္ထ၊ ပ ဉ္စ အာရုံ၊ စည်းစိမ်ပုံနှိုက်၊ ပြည့်စုံတိုင်းသာ၊ လိုရာ ရွင်အား၊ ခံစားနိုင်ဘိ၊ ဂုဏ်သတ္တိကား၊ မည်ယှိ ကာမ၊ တိဝဂ္ဂတည့်၊ ဘဝ ငြိမ်းရာ၊ နောင် သံသာဝယ်၊ နတ်ရွာ နိဗ္ဗာန်၊ အ*မွန် ထင်ရှား၊ မြတ်တရားမူ၊ မည်ငြား မောက္ခ၊ တိဝဂ္ဂနှိုက်၊ ထည့်က မှန်စွာ၊ ဤလေးဖြာကား၊ ကျမ်းလာ မိန့်မြွက်၊ စတုဝဂ်တည့်၊ ပျိုသက် နုစဉ်၊ တိဝဂ်ယှဉ်လျက်၊ ပညာဉ် ရင့်ပြီး၊ သက်ရွယ် ကြီး၍့၊ သေနီး အိုခါ၊ နိဗ္ဗာန် ရှာလော့၊ နည်းနာတရား၊ အမြဲး ထား၍့၊ မှတ်သား စွဲးလေ၊ မထွေစေနှင့်၊”ရေမယှိ ကန်၊ ဆန်*မဲ့ စပါး၊ တရား*မဲ့ မင်း၊ ခိုးကင်းသည့် မီး၊ ဤလေးသီးကား၊ ချည်းနှီးမျှသာ၊ လူမှာ တစိ၊ ကျိုး မယှိဘဲး၊ အသိ မင်း*ခြေ၊ မသွေစေနှင့်၊” “သရေ ကင်းဘိ၊ မယှိ ဘုန်းကံ၊ အကြံ ပေတုံး၊ နှလုံး ညစ်*ထည်း၊ ပညာ နည်းတို့၊ အသည်း ဧရာ၊ တခုသာနှင့်၊ တိရစ္ဆာန၊ မျိုးဘာဝသို့၊ ကာမ အိပ်-စား၊ ထိုသုံးပါးမျှ၊ လိုလား လေ့လာ၊ သိတတ်စွာရှင့်၊ နတ်ရွာ တံခါး၊ ဆို့ပိတ် တား၏၊ ပိုင်းခြား သိစေ၊ မောင် မှတ်လေလော့၊ သန္ဓေ ဉာဏ်ဆိတ်၊ ဒွိ-အဟိတ်တည့်၊ စျာန်ပိတ် မဂ်ကင်း၊ ဇာတိ ဖျင်းမျိုး၊ ပိုးပုရွက်မိုက်၊ အချို ကြိုက်တို့၊ စရိုက် သက်သက်၊ အချိုခွက်နှိုက်၊ နစ်လျက် မုချ၊ သေကုန်ကြသို့၊ ကာမ မူးဝေ၊ မသေစေနှင့်၊”ကျင့်*နေ ဓမ္မ၊ မြဲး မချမှ၊ ဒိဋ္ဌ တမလွန်၊ နှစ်တန် ခိုင်*ဖြီး၊ အကျိုး ပြီး၍့၊ ကောင်းခြီး ကြေ†ညာ၊ လွှံ့ကြော်†ငြာလျက်၊ လူ့ရွာ နတ်ပွဲး၊ မချွတ်လွဲးသည်။။ ရမြဲးမြံလိမ့်မည်သောကြောင့်။ (၁၅၄)

(၃၂၄) ရမြဲး နတ်ရွာ၊ မချွတ်ရာတည့်၊ သမ္မာဝါဒ၊ ကျင့်ဓမ္မနှင့်၊ မချ သတိ၊ လက်ကိုင်ယှိလော့၊ အဘိသမ္မစိုရ်၊ တရားကိုယ်ဖြင့်၊ လူ*ဗိုလ် ချမ်းသာ၊ ငြိမ်းကြောင်း ရှာ၍့၊ ပြည်ရွာ ပွားစီး၊ အကျိုးပြီးအောင်၊ ရွှေထီးအုပ်လျက်၊ ရွှေနန်းထက်နှိုက်၊ နှစ်သက် မွေ့လျော်၊ စံ†သရော်တိ၊ ရင့်†ယော် ခန်းခြောက်၊ ဇရာ ထောက်၍့၊ ဓာတ်+ချောက် ဓာတ်+ခြား၊ ရုပ် ဘောက်ပြားလျက်၊ ထူး†ခြား ညှိုးသွေ့၊ ဤကိုယ်လေ့ဖြင့်၊ အိုငွေ့ ခြောင်း†ခြောင်း၊ မြတ် ဥက္ခောင်းထက်၊ တ†ချောင်း ဆံဖြူ၊ မြင်ကာမူလည်း၊ ငါ့တူ မပျက်၊ သားကို ဆက်၍့၊ တောထွက်ရစ် မင်း၊ ရွှေနန်းတွင်းနှိုက်၊ *စင်းလျင်း *ဖက်ထစ်၊ စည်းစိမ် ယစ်လျက်၊ မင်းဖြစ် မူးဝေ၊ မသေစေနှင့်၊ မသွေ မပယ်၊ နားဝယ် စွဲးသိပ်၊ မြဲးစေစိပ်လော့၊ “အအိပ် အစား၊ အပျော်ပါးကား၊ လူ့နွား တိရစ္ဆာန်၊ သဏ္ဌာန်မျှသာ၊ ခြားကြစွာ၏၊ လူမှာ သီလ၊ အာစာရနှင့်၊ ဉာဏ ကျေးဇူး၊ ဂုဏ်သာ ထူးခဲ့၊ သားဦး သိစေ၊ မတွေဝေနှင့်၊ ခြွေရွေ *ဝန်းလျား၊ သား မယားကား၊ ပျော်ပါး မွေ့လျော်၊ ပါယ်လားဘော်တည့်၊”တွေးမြော် ဉာဏ်ဖြင့်၊ ရွှေနန်းမြင့်ထက်၊ အသင့် မမှား၊ စံ လိုက်စားလျက်၊ တရား မမေ့၊ ပျော် သိမ်မွေ့လော့၊ ညဉ့်-နေ့ ကုန်*ကျွန်း၊ ကျိုး*မဲ့ ခန်း၍့၊ သေပန်းပွင့်ခါ၊ သေမင်း လာသော်၊ ကိုယ်မှာ ကောင်းမှု၊ စုံ တခုမျှ၊ မပြု နေမိ၊ မေ့ကျန်ယှိကြောင့်၊ သုဂတိဘုံ၊ မဆောင်တုံဘဲး၊ ပြော*ဟုံ ဒုက္ခ၊ ပါယ် လေးဝသို့၊ ချအံ့ မသွေ၊ မလွဲးပေဘူး၊”တထွေ မှတ်စွဲး၊ “သံတွေခဲးလျှင်၊ သံထဲးက ဖြစ်၊ သံ့အညစ်ကြောင့်၊ စင်စစ် ပျက်ပြုန်း၊ သံချေး ဖြုန်းသို့၊ နှိုင်း*နှုန်း မ*ယွက်၊ ကိုယ့်*ရမ္မက်ဖြင့်၊ ကိုယ်ပျက်ကြမြဲး၊ မချွတ်လွဲးတည့်၊ တင့်ရဲး လူ့ဘောင်၊ တထောင်ထောင်နှင့်၊ မရှောင် ဒုစရိုက်၊ အကျယ် ကြိုက်လျက်၊ လူမိုက် လေ့လာ၊ မကျင့်ရာဘူး၊ *ကြမ္မာ ချိန်စေ့၊ လူက ရွေ့၍့၊ စုတေ့ ယွင်းယို၊ အနန္တိုရ်ဝယ်၊ ဤကိုယ် ပျက်စီး၊ သေပြီးကာလ၊ နောင်ဘဝနှိုက်၊ ဒုက္ခ မြဲးကပ်၊ ကျယ်သူ ကျပ်၏၊ လေးရပ် ပုံပြ၊ ပုဂ္ဂလတွင်၊ တမပရာယဉ်၊ လူ-နတ် †ကြဉ်လျက်၊ ပုပ်†ကျဉ် ဥ+*ဖျင်း၊ စပါး+*ဖျင်းသို့။။ ဂုဏ်+*ဖျင်း *သွံလိမ့်မည်သောကြောင့်။”(၁၅၅)

(၃၂၅) *သွံ*ဖျင်း ဂုဏ်သိမ်၊ သေးမြုပ် တိမ်အောင်၊ စည်းစိမ် *ရမ္မက်၊ သံချေးတက်၍့၊ ကိုယ်ပျက် ကိုယ်ကြေ၊ မယှိစေနှင့်၊ မှုန်ဝေ မောဟ၊ ဤလောကနှိုက်၊ သဘာဝဇာတ်၊ ကာမဓာတ်ဖြင့်၊ သတ္တဝါ *ခပင်း၊ ကိုယ်အတွင်းဝယ်၊ ထမင်း မွတ်ဆာ၊ ရေဆာ သိပ်ခြင်း၊ အိပ်ငိုက်ခြင်းက၊ တပ်ခြင်း ရာဂ၊ ဤလေးဝကား၊ တူကြသတတ်၊ မှန်မချွတ်တည့်၊ ငတ်မွတ် ပြင်းစွာ၊ ထမင်းဆာနှင့်၊ ရေဆာ အိပ်ချင်၊ သို့လျှင်တစေ၊ နှိပ်စက်ချေက၊ စာရေအမျိုး၊ ကောင်း-ဆိုး မရှာ၊ နေရာ မရွေး၊ မနှေး *ငက်ငက်၊ ကြောက်ရှက် မယှိ၊ ရမိ တွေ့ရာ၊ စားကာ မျိုခြင်း၊ ငိုက်မျည်းလျှင်းသို့၊ မယွင်း ထို့တူ၊ ရာဂဟူသည်၊ လွန်ပူ မချိ၊ ထိုးကျင့်ဘိသော်၊ ဣတ္ထိ ပုရိသ၊ မိန်းမ ယောက်ျား၊ နှစ်ပါး တွေ့ရာ၊ ဂုဏ်ဝါ မျိုးဇာတ်၊ ယုတ်-မြတ် ဆင်းရွယ်၊ ရွေးချယ် မပြု၊ ဉာဏ် မရှုနိုင်၊ မေထုနက၊ သံသဂ္ဂဖြင့်၊ ကာမအကျင့်၊ ရတိုင်း သင့်၏၊ အခွင့် သာယာ၊ ထိုအခါနှိုက်၊ ညှာတာသော့ထွေ၊ ပေးမျိုးပေတည့်၊ တွေဝေ မိုက်ဇော၊ မြစ်ရေကြောသို့၊ စုန်မျောလွယ်ကာ၊ လိုက်ကြစွာ၏၊ သတ္တဝါဟူငြား၊ ကာမသားတို့၊ နည်းပါး ပညာ၊ ကိလေသာနှိုက်၊ များရာ လိုက်ကြ၊ တား မရဘူး၊ မောဟ ဘိထွေ၊ မငြိစေနှင့်၊ ကိလေဝဋ်ထဲး၊ အိမ်ထောင် မြဲးက၊ ဆင်းရဲး လောင်လင်၊ လွန်ငြိုငြင်လိမ့်၊ ညွတ်တွင်မိလျှင်း၊ ညွတ်တွင်းနှိုက် သေ၊ ညွတ်ပြင်နေ၍့၊ သေသော် ညွတ်တွင်း၊ ညွတ်တွင်းမိလျက်၊ လွတ်ထွက် သေရ၊ ညွတ်မှ ကင်းကွာ၊ မမိစွာဘဲး၊ ချမ်းသာ*တစေ၊ လွတ်သေ သေသား၊ လေးထွေ ငှက်နှယ်၊ လူတို့ဝယ်တိ၊ မှတ်ဘွယ် ထင်ရှား၊ လူ လေးပါးကို၊ ငါ့သား သက်ဝေ၊ သိတတ်စေလော့၊”တထွေ မှတ်ချက်၊ မောင် နားရွက်စိမ့်၊ ကျီးနက် မိုက်ခေါင်၊ ဆင်သေကောင်ထက်၊ သောင်ကို မလှမ်း၊ ကမ်းသို့ မတက်၊ အပုပ် မက်၍့၊ စီးလျက် စားကာ၊ လိုက်လေပါက၊ သမုဒြာ ရောက်ဆိုက်၊ လှိုင်း-ဝဲး ရိုက်၍့၊ ရေနှိုက် မွန်း-နစ်၊ ငါးစာဖြစ်သို့၊ စင်စစ် မှတ်ဆောင်၊ လူတို့ဘောင်တွင်၊ အိမ်ထောင်ဝဋ်ထဲး၊ သေအောင် စွဲး၍့၊ အမြဲး နေငြား၊ သား မယားနှင့်၊ ခံစား ကာမ၊ လူထိုမျှကို၊ ကာကပညာ၊ ကျီးပမာဟု၊ မဟာဝိသုဒ်၊ မြတ်သမ္ဗုဒ်တို့၊ ရွှေနှုတ် လှစ်ခြွေ၊ ဟောခဲ့ပေ၏၊”မှာလေ ဆက်ဆက်၊ ရွှေပေထက်နှိုက်၊ တင် အက္ခရာ၊ နန်းစဉ်စာဖြင့်၊ သေချာ စေ့ငု၊ ရေးပုံ ပြု၍့၊ မြဲးရှု နောင်လာ၊ စွဲးမှတ်ရာ၏၊ လူ့ရွာက တက်၊ နတ်ဘုံထက်သို့၊ ပြောင်းဆက် ကူးသန်း၊ သာ ရွှင်လန်းသည်။။ နတ်နန်း စံလိမ့်မည်သော့ကြောင့်။ (၁၅၆)

(၃၂၆) ဤတကြောင်းလည်း၊ သားကောင်း ရွှေစင်၊ မှတ် နားတင်ဦး၊ “အကြင်ယောက်ျား၊ အားကြီးသသူ၊ တဦး လူသည်၊ ခေါင်းဖြူ ခေါင်းမွဲး၊ သဲးသဲး ဝှန်*ဖြိုး၊ လှိုင်း*တံပိုးဖြင့်၊ ရိုက်ကြိုး ထန်စွာ၊ မဟာသမုဒ္ဒ၊ ဝေမဇ္ဈနှိုက်၊ ဧကဆိဂ္ဂဠ၊ တပေါက်မျှ ယှိ၊ ကြီးဘိ ဖြိုး*ဖြိုး၊ လှည်းထမ်းပိုးကို၊ အားကြိုးမာန်ပါ၊ ပစ်သော့ခါဝယ်၊ ထင်ရာ ဝိုးဝါး၊ အသွား *တိမ်းပင်း၊ ချွတ်ယွင်း သွေဖည်၊ လိပ်ကာဏ်းသည်လျှင်၊ ရက်ရှည် များစွာ၊ တရာ တရာ၊ နှစ်လွန်ကြာမှ၊ တခါ တခါ၊ ပေါ်၍့လာသော်၊ ဧကာဆိ†ဒ္ဒ၊ ထိုယုဂဝယ်၊ အ†န္ဓ အက္ခိ၊ မျက်စိ မလှ၊ ကစ္ဆပ၏့၊ ဂီဝ လည်မှ၊ စွတ်မိရာ၏၊ လူ့ရွာ တဆစ်၊ လူ့အဖြစ်ကား၊ စင်စစ် ထို့ထက်၊ ဆ,ထက် ထောင်-ရာ၊ မက,စွာအောင်၊ ဖြစ်လာခဲးလှ၊ ဒုလ္လဘတည့်၊ အရတော်ပြန်၊ လူဖြစ်မှန်သော်၊ လက်*မွန် ဦးစွာ၊ ကင်း အနာနှင့်၊ ရောဂါ မစပ်၊ မြတ်သော လာဘ်ကို၊ လိုအပ်သည်သာ၊ ထိုနောက်မှာလျှင်၊ ငါးဖြာ ပ ဉ္စသီ၊ ထိန်း စောင့်ညီလျက်၊ ထိုပြီ နောက်တိ၊ ပညာယှိထံ၊ နည်းခံ ဆုံး†မ၊ နောက်†မှ တပါး၊ မြင်-ကြား ရှာဘွေ၊ နောက်ပေ သုစရိုက်၊ ကိုယ်နှိုက် မကွာ၊ တည်စေရာ၏၊ တဖြာ ထိုမှ၊ ဓန ရှာခြင်း၊ မပျင်း လုံ့လ၊ ဝီရိယကို၊ ဖြစ်ထစေရာ၊ ဤခြောက်ဖြာကား၊ လူ့ရွာနှိုက် မှီ၊ လူဟူပြီတို့၊ လောကီ လောကုတ်၊ မယုတ် အကျိုး၊ မညှိုး စင်စစ်၊ ပွားကြောင်းဖြစ်၏၊”သားချစ် ဒါလီ၊ လမ်းရိုး မှီသည်။။ ကျမ်းညီ ဖြောင့်တန်းစေပြီး၍့။ (၁၅၇)

(၃၂၇) တနည်း ထွေလာ၊ မှတ်သားရာတည့်၊ “ပညာယှိထံ၊ ရို*ကျိုးနွံ၍့၊ နည်းခံ သင်မှ၊ ပညာ ရ၏၊ ထကြွ ဝီရိယ၊ ဥဋ္ဌာနဖြင့်၊ လုံ့လယှိမှ၊ ဥစ္စာ ရ၏၊ မခွ နှုတ်-လျှာ၊ မှန်ကန်စွာလျှင်၊ သစ္စာတည်မှ၊ ကျော်စော ရ၏၊ ကိုယ်က ဥစ္စာ၊ စွန့်*လွှတ်ကာလျှင်၊ မေတ္တာ ရှေး၍့၊ ပေးကမ်းတတ်မှ၊ မိတ်ဆွေ ရ၏၊”တဝ မှတ်ခင်း၊ နှလုံးသွင်းလော့၊ “မိုဃ်းလင်း မေထုန်၊ အရုဏ် နေထွက်၊ ပျော်အိပ်စက်နှင့်၊ သုံးရက် မပေါ်၊ ငါးရက်ကျော်သည်၊ ချဉ်စော် နို့ခဲး၊ အမဲး-ငါး ပုပ်၊ စက်ဆုပ် ရွံဘွယ်၊ လွန် အရွယ်ဖြင့်၊ ငါးဆယ် ကျော်ပြီး၊ သက်ကြီး မိန်းမ၊ မိုးလအတွင်း၊ ရှိန် ပူပြင်းသည့်၊ တော်သလင်းနေ၊ ပုဇွန်သေတည့်၊ ရှောင်လေ အပြား၊ ဤခြောက်ပါးကား၊ အင်အား အသက်၊ ဆက်ဆက် ယုတ်ကာ၊ ပျက်တတ်စွာ၏၊”တဖြာ မှတ်ဘွယ်၊ ဝမ်းဝယ် တံဆိပ်၊ မြဲးခတ်နှိပ်လော့၊ “သလိပ် သည်းခြေ၊ လေ သန္နိပါတ်၊ မပြတ် ယှဉ်မှု၊ ဥတု ဟာရ၊ ပယောဂနှင့်၊ ကမ္မတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြား သက်ဆစ်၊ သေကြောင်းဖြစ်၏၊”သားချစ် ယူမှတ်၊ “ဤလူ့ဇာတ်နှိုက်၊ လျောက်ပတ် ကျင့်ငြား၊ လျောက်ပတ် စားနှင့်၊ ဆေးဝါး စာကြေ၊ သွားထွေ ကာလ၊ ဗြဟ္မစာရီ၊ ဤငါးလီမူ၊ လောကီ လူပေါင်း၊ သက်ရှည်ကြောင်းတည့်၊”*၄င်းထိုမှ၊ ရှေးက ကျမ်းလာ၊ တနည်းမှာကား၊ “အစာကြေမှ၊ စားထ ဘော†ဇဉ်၊ အ†စဉ် မှတ်ဘွယ်၊ ကြီး-ငယ် နှစ်ပါး၊ ကျင့် အသွားကို၊ မတား အဟုန်၊ မေထုန် ကြဉ်ရှား၊ သူ့အား မညှဉ်း၊ မစဉ်းစားမှု၊ မပြု လျင်စွာ၊ ဤငါးဖြာလည်း၊ သက် အာယုမြတ်၊ ရှည်ကြောင်း မှတ်လော့၊ ဆုံးဖြတ် စဉ်လာ၊ ကျမ်းဟောင်း မှာ၏၊”တဖြာ ထို့ပြင်၊ “ငါးအင် သီလ၊ ပ ဉ္စင်္ဂကို၊ စောင့်ထ မမှား၊ ထိုအပြားတွင်၊ မယား တယောက်၊ လင် တယောက်ထက်၊ မဘောက် ဘယ်မျှ၊ သန္တောသဟု၊ ဗြဟ္မစရိယာ၊ ကျင့်မြတ်စွာလည်း၊ မဟာဓမ္မ၊ ပါလ ပုဏ္ဏား၊ အမျိုးသားတို့၊ တရား ဆောင်ကယ်၊ ကင်း အပါယ်နှင့်၊ သူငယ်ဟူသမျှ၊ ငယ်က မသေ၊ ထောင်သက် နေ၏၊”မသွေ မှတ်ရာ၊ “မဟာဘူတ၊ ဤကာယလျှင်၊ မမျှ ယွင်းချွတ်၊ မညီညွတ်က၊ ကျင့်ဝတ်တရား၊ မဖြည့်အားဘူး၊ ငါးပါး သုံးမည်၊ ကျင့် ဆောက်တည်လျက်၊ သက်ရှည် လူ့ရွာ၊ အားထုတ်ရာသည်။။ ခန္ဓာ ခိုင်*ကျန်းစေပြီး၍့။”(၁၅၈)

(၃၂၈) ထိုမှ တထူး၊ အတာ†ကူးသား၊ တန်း†ခူး ကဆုန်၊ ပူဟုန် တက်ကြွ၊ ဝသန္တနှင့်၊ တဝ ထိုမျှို့၊ တပို့ တပေါင်း၊ ကြက်ဆောင်း မာသ၊ သိသိရနှိုက်၊ လုံ့လ ကြိုးကုတ်၊ အားထုတ် ပြင်းစွာ၊ မပြုရာတည့်၊ ဂိမှာ*ရတု၊ ခေါ်မှု နယုန်၊ ဝါဆို ကုန်အောင်၊ မေထုန် မြားမြောင်၊ မှီဝဲး ရှောင်လော့၊ ဝါခေါင် တော်သလင်း၊ ခတ္တာမင်းနှင့်၊ ရွှေရင်းမာ† လ၊ ဝဿာနနှိုက်၊ မှန်†လှ မချွတ်၊ ဖက်ဆွတ်ရေမျိုး၊ မချိုး သောက်ရာ၊ ချိန် ဝါကျွတ်ကင်း၊ သီတင်း တန်ဆောင်၊ လူ့ဘောင် ခေါ်ကြ၊ သရဒကား၊ ကြဉ်ထ မအပ်၊ ချဉ်-စပ် ငံ-ပူ၊ နို့ဓမ်းဟူ၏၊ ကြည်ဖြူ ရွှင်အား၊ နှစ်ပါး ကိုယ်-စိတ်၊ စင်ကြယ်ဟိတ်ဖြင့်၊ အနိဋ္ဌ ကင်း၊ ရောဂါ ရှင်း၍့၊ ရှည်ခြင်း အသက်၊ တည် မပျက်မှ၊ မကွက် လုံ့လ၊ မှုကိစ္စနှိုက်၊ နေ့-ည မချာ၊ ယှဉ်နိုင်ရာ၏၊ အနာ မကင်း၊ ဘေး မရှင်းဘဲး၊ ယှိလျှင်းသော့ခါ၊ ကိုယ်မှာ ကျိုးပျက်၊ စတုဝဂ်နှင့်၊ အသက်ကိုလည်း၊ *ထက်ချည်း မှန်စွာ၊ ဖျက်ဆီးရာ၏၊ အိုနာ ဘေးကြီး၊ ဖိစီး နှောက်ယှက်၊ မနှိပ်စက်အောင်၊ အသက် ဉာဏ်စောင့်၊ ရှေး *ယခေါင့်က၊ သူဟောင့်း စကား၊ မြဲး မှတ်သားတည့်၊ ဆေးဝါး ကျင်မြတ်၊ မပြတ် ယှဉ်ပြု၊ အားထုတ်မှုကား၊ အာယု ခန္ဓာ၊ ချမ်းသာ မပျက်၊ အသက် ရှည်ကြောင်း၊ မှန် တုံရှောင်း၏၊”*၄င်းတသီး၊ ကိုယ်တွင်ပြီးသား၊ “ဝမ်းမီးဟူထ၊ ကမ္မဇတေဇော၊ နုံ့သောသူမျိုး၊ ရုပ် မတိုးဘူး၊ နားဆိုး ပြော*ဟုံ၊ ကိုယ် လှီ-ကြုံ၏၊ မှတ်တုံ အပြီး၊ ဝမ်းမီး ထိုဓာတ်၊ ထက်လတ်သူအား၊ ရုပ် တိုးပွား၏၊ လေးပါး မဟာ၊ ဘုတ်ခန္ဓာ၏့၊ အီသာ *ကျန်းတော၊ ထိုသဘောကား၊ မြတ်သော လာဘ်*မွန်၊ ရကြောင်း မှန်၏၊ ရှောင်ရန် ရှောင်ပြု၊ ဥတု ဘောဇန၊ မျှတ မပျက်၊ ဟာရ ဆက်လော့၊”မှတ်ချက် ရှေးက၊ မိန့်ကြ ဆရာ၊ စဉ်အလာလည်း၊ “ဂါထာ တသောင်း၊ အင်းကောင်း တကွက်၊ ဆေး တစက်တိ၊ ထက်မြက် သြဇာ၊ နတ်သုဓာသို့၊ အို-နာ ပျောက်ခြင်း၊ ရွယ်-ဆင်း တင်ဘိ၊ မျက်စိ မသီ၊ မကြုံလှီဘဲး၊ သား-ဆီ ပွားတိုး၊ သက်ရှည်*ဖြိုးသား၊ တန်းခိုး ကြီးစွာ၊ ရသာ ဆေးမင်း၊ မှီဝဲးခြင်းဖြင့်၊ ဓာတ်ရင်း ညီဖြောင့်၊ သက် ဉာဏ်စောင့်၍့၊ *ယခေါင့် ရှေးက၊ ကမ္မအလို၊ ဇာတာ ကိုယ်ဝယ်၊ ဂြိုဟ်သက် လဂ်သက်၊ တွက်ချက် ပေါင်းစည်း၊ အာယုဒည်းဖြင့်၊ ဟောနည်း မချွတ်၊ မိန့် ဆုံးဖြတ်တိုင်း၊ အဇ္ဈတ် ကိုယ်တွင်း၊ သန့်ရှင်း ရောဂါ၊ ကင်း အနာနှင့်၊ ခန္ဓာ *ခိုင်ကျည်၊ သက်ပိုင်း တည်လျက်၊ သက်ရှည် ချမ်းသာ၊ ကျင့်အပ်စွာသည်။။ လိုရာ ရည်မှန်းစေပြီး၍့။”(၁၅၉)

(၃၂၉) ပါဏာတိပါတ်၊ သက်သတ် ရှေးဟို၊ အကုသိုလ်ကြောင့်၊ သက်တို လူဝယ်၊ သေပျောက်လွယ်၏၊ အကယ် ဆက်ဆက်၊ သူ့သက် သတ်မှု၊ မပြု အစဉ်၊ မေတ္တာယှဉ်၍့၊ ပယ်ကြဉ်တတ်ငြား၊ သက်ရှည်လျားရှင့်၊ သနား *မဲ့လျက်၊ တုတ် လက်နက်ဖြင့်၊ နှိပ်စက်တတ်သူ၊ ရောဂါ ထူ၏၊ ကိုယ့်တူ မခြား၊ သူတပါးအား၊ သနားတတ်လျှင်း၊ ကင်း၏ အနာ၊ များစွာ မျက်ရှု၊ ထွက်တတ်သူတို့၊ လူနှင့် လူချင်း၊ မတူလျှင်းအောင်၊ အဆင်း မလှ၊ မျက်နည်းကလျှင်၊ ရူပ တင့်တယ်၊ ရှုဘွယ် မငြီး၊ ဣဿာကြီးက၊ ကိုယ်ထီး ချို့တဲ့၊ ရှိန်စော် *မဲ့၏၊ ကဲ့ရဲ့ ငြူစူ၊ ကင်းသူတို့အား၊ ပေါများ ခြွေရံ၊ တန်းခိုး လျှံရှင့်၊ လှူခံတို့အား၊ ဆယ်ပါး ဒါန၊ လှူ မချသော်၊ အပ္ပဘောဂါ၊ ဖြစ်လေရာဝယ်၊ ချမ်းသာ မရ၊ မဝ ရေ-စာ၊ ဆင်းရဲးစွာ၏၊ ဆယ်ဖြာ ဝတ္ထု၊ လှူ ကောင်းမှုကို၊ ရှေးပြု များသူ၊ ထိုထိုသူကား၊ လူတွင် လူနတ်၊ လူများ မှတ်အောင်၊ သမ္ပတ် ရိပ်ငြိမ်၊ ဘုံနန်း အိမ်နှင့်၊ စည်းစိမ် ကြီးကျယ်၊ ပြည့်ဖြိုးကြွယ်၏၊ အကယ် ရှေးက၊ ကြီးမာနနှင့်၊ နှိမ့်ချ မကျိုး၊ ရှိခိုးထိုက်စွာ၊ ဂုဏ်ဝါ ကြီးမား၊ သူတို့အားလျှင်၊ မပြား မဝပ်၊ မပျပ် မကိုင်း၊ မိုက်ရိုး မ*ထေ၊ ရိုသေ ကင်းထ၊ လူထိုမျှကား၊ ဟီန မျိုးနွယ်၊ ညှိုးငယ် ယုတ်မာ၊ ဖြစ်တတ်စွာ၏၊ သဂါရဝ၊ သက္ကစ္စဖြင့်၊ နှိမ်ချ *ကော်ရော်၊ ပူဇော် လေးမြတ်၊ ပြုတတ်တုံက၊ သေဋ္ဌ နွယ်ရိုး၊ လူမျိုး ရိုညွတ်၊ မျိုးမြတ် ထွတ်၏၊ သူမြတ်တို့ထံ၊ နာခံ တရား၊ လျှောက်ထား မေးခြင်း၊ အပြု ပျင်းက၊ ညံ့ဖျင်း ပညာ၊ နုံ့ထိုင်းစွာ၏၊ ကြားနာ ဓမ္မ၊ သုတ ကွေစစ်၊ ကျိုး-ပြစ်အရေး၊ လျှောက်မေးတတ်စွာ၊ သူ*တကာမူ၊ ပညာ ကျယ်-နက်၊ ဉာဏ် ထက်မြက်၏၊ ဟောမြွက် မိန့်မှာ၊ ဒေသနာနှိုက်၊ သင်္ချာ ပေါင်းဘွဲ့၊ တဆဲ့လေးပါး၊ ဤအပြားကို၊ မှတ်သား ဝမ်းထဲး၊ သေချာ စွဲးရှင့်၊ ချွတ်လွဲး မိစ္ဆာ၊ ပေါ့ဖျင်းစွာသား၊ ဘာသာ ယူရိုး၊ ပုဏ္ဏားမျိုးသို့၊ ရေချိုး ပြုက၊ အကုသလ၊ ကံ ပါပတို့၊ တစ မကြွင်း၊ ရှင်း၏့ ဟူငြား၊ မယူမှားနှင့်၊ ငါ့သား ရတနာ၊ ဘ,သည်းချာလျှင်၊ မကောင်းရာ ကြဉ်၊ ကောင်းရာ ယှဉ်ပြီး၊ သမ္ပဇဉ် မကင်း၊ *ရိုးရင်း မပျက်၊ ဆောက်တည်လျက်တိ၊ အောက်-ထက် မြော်ရှု၊ ဗုဒ္ဓင်္ကုတို့၊ ရှေးသူ့ ကျင့်ထုံး၊ အစဉ် သုံးလော့။။ နှလုံး ရွှင်လန်းပေပြီး၍့။ (၁၆၀)

(ဤ ၄-ပိုဒ်ကား '၍့နှင့်ချည်း'ချသောကြောင့် 'ပုလဲးသွယ်ချ')

(၃၃၀) ဤသို့ ဂ†ခိုင်ကျည်၊ လောင်း ဘုန်းစည်လျှင်၊ ချစ်†ကြည် လွန်ပြင်း၊ သား သက်နှင်းအား၊ မင်းမင်း*တကာ၊ ပေးခဲးစွာသား၊ ပေးရာ မချို့၊ ပေးခြင်းတို့ဖြင့်၊ မောင်မြို့ မောင့်နန်း၊ မောင့်*ကြငှန်းဟု၊ တိုင်းခန်း ရွှေပြည်၊ ထီးစည် မကြွင်း၊ မင်း၏့ ရိပ်ငြိမ်၊ နန်းရွှေအိမ်နှင့်၊ စည်းစိမ် အပ်ကာ၊ ဆုံးမ မှာ၍့၊ ပြည်ရွာ စွန့်ဘိ၊ ကပ် မငြိဘဲး၊ နှမိ နှ†မြော၊ ရေနှိုက် †မျှောသို့။။ သဘော လုံးစုံ၊ မိန့်လတ်တုံတည်း။ (၁၆၁)

ဤသို့လျှင်တိ၊ ဤတွင် ကျယ်မော၊ ပုတ္တောဝါဒ မည်ထူး†ရသည်။။ တတီ†ယခဏ်းကြီး၊ ပြည့်စုံ ပြီးတည်း။ (၁၆၂)

ပုတ္တောဝါဒခဏ်း (၁၆၂)ပိုဒ်။

တတီယခဏ်းကြီး ပြီး၏၊

၄င်း တတီယခဏ်းကြီးနှိုက် ဆုတော်ပေးခဏ်း (၉)၊ ပုတ္တာရောစနခဏ်း (၇)၊ ပုတ္တောဝါဒခဏ်း (၁၆၂)ပိုဒ်၊ ပေါင်း (၁၇၈)ပိုဒ် ရှိသတည်း။