မင်္ဂလသုတ် လင်္ကာ

From Wikisource
Jump to navigation Jump to search
မင်္ဂလသုတ် လင်္ကာ
by အရှင်သာသနဝရ

၁။ လူနတ်ဗြဟ္မာ၊ သတ္တဝါအနန္တ၊ ချမ်းသာကြဖို့၊ ဗုဒ္ဓမြတ်စွာ၊ စောသတ္ထာက၊ မင်္ဂလာတရား၊ သုံးဆယ့်ရှစ်ပါး၊ ဟောကြားခဲ့ပါပေ။
၂။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၃။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၄။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၅။ မင်္ဂလခေါ် အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၆။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၇။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။