အာဋာနာဋိယသုတ် လင်္ကာ

From Wikisource
Jump to navigation Jump to search
အာဋာနာဋိယသုတ် လင်္ကာ
by အရှင်သာသနဝရ

၁။ ဝိပဿီမည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၂။ သိင်္ခမည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး ရှိခိုး ကန်တော့ပါ၏ ဘုရား။
၃။ ဝေဿဘူမည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၄။ ကကုသန်မည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၅။ ကောဏာဂုမ်မည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၆။ ကဿပမည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၇။ ဂေါတမမည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၈။ ရှေးရှေး ကမ္ဘာ ကမ္ဘာ့၊ အခါသမယက၊ ပွင့်ခဲ့ကြပေ၊ ဘုရားအသင်္ချေ၏၊ ခြေတော်အစုံ၊ ကြာပဒုံကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၉။ ပွင့်ပြီးကြပေ၊ ဘုရားအသင်္ချေက၊ တန်ခိုးတေဇော်၊ အာနုဘော်ဖြင့်၊ တပည့်တော်တို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၀။ အရှေ့အရပ်မှ၊ တန်ခိုးကြီးလှသည့်၊ ဂန္ဓဗ္ဗဟု၊ နာမထင်ရှား၊ နတ်မင်းများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၁။ တောင်အရပ်မှ၊ တန်ခိုးကြီးလှသည့်၊ ကုမ္ဘဏ္ဍဟု၊ နာမထင်ရှား၊ နတ်မင်းများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၂။ အနောက်အရပ်မှ၊ တန်ခိုးကြီးလှသည့်၊ နာဂ ထင်ရှား၊ နဂါးများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၃။ မြောက်အရပ်မှ၊ တန်ခိုးကြီးလှသည့်၊ ယက္ခထင်ရှား၊ ဘီလူးများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက် ကြ၊ ချီးမြှောက်ကြပါစေ။
၁၄။ အရှေ့အရပ်မှ၊ ဓတရဋ္ဌဟု၊ နာမမည်ဟီး၊ နတ်မင်းကြီးက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၅။ တောင်အရပ်မှ၊ ဝိရူဠကဟု၊ နာမမည်ဟီး၊ နတ်မင်းကြီးက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ ချီးမြှောက်ကြပါစေ။
၁၆။ အနောက်အရပ်မှ၊ ဝိရူပက္ခဟု၊ နာမမည်ဟီး၊ နတ်မင်းကြီးက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၇။ မြောက်အရပ်မှ၊ ကုဝေရဟု၊ နာမမည်ဟီး၊ နတ်မင်းကြီးက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၈။ ကောင်းကင်နေကြ၊ တန်ခိုးကြီးလှသည့် ဒေဝထင်ရှား၊ နတ်အများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ ချီးမြှောက်ကြပါစေ။
၁၉။ မြေ၌နေကြ၊ တန်ခိုးကြီးလှသည့်၊ ဒေဝထင်ရှား နတ်အများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၂၀။ မြေ၌နေကြ၊ တန်ခိုးကြီးလှသည့်၊ နာဂထင်ရှား၊ နဂါးများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၂၁။ သာသနာစောင့်နတ်များ၊ ဗြဟ္မာများက၊ များပြား လှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ် သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြောက် ကြပါစေ။
၂၂။ အာဋာနာဋိယခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ်ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုးဖြာဖြာဝေ။
၂၃။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၂၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။