ရယ်ခြင်း သုံးမျိုး လင်္ကာ
Jump to navigation
Jump to search
(၁) ချစ်လို့မငြီး၊ ဇနီးအိမ်ရှင်၊ မိမိလင်သည်၊ ချစ်ခင်သောအား၊ သားသမီးကို၊ ပိုက်ဖျားအားရမ်း၊ ချီရှုပ်နမ်းသော်၊ မယ်ဝမ်းကမွေး၊ သူများသွေးကို၊ အလေးအမြတ်၊ သင့်သားမှတ်၍၊ လည်ပတ်ဖက်ချီ၊ နမ်းလေပြီတည့်၊ မတည်ကလေး၊ အသွမ်းသွေး၍၊ အဝေးမျက်ကွယ်၊ မယားရယ်၏။
(၂) ငါ့လယ် ငါ့ယာ၊ ငါ့မြေယာဟု၊ ဥစ္စာခင်မင်၊ ဆိုပြန်လျှင်လည်း၊ အရှင်ငဲ့ပါ၊ ငါတို့မှာမူ၊ ကမ္ဘာမကျေ၊ မချင်းနေ၏၊ မသွေယွင်းယို၊ သင်တို့ကိုယ်တိုင်၊ ထိုမပိုင်ဘဲ၊ ဘွယ်သရဲဟု၊ မြောင်မြဲသောနယ်၊ မြေကရယ်၏။
(၃) ငါ့စိန် ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သား၊ ဆိုပြန်ပါလည်း၊ ကြမ္မာတော်တိုက်၊ ကောင်းတော်ခိုက်မို့၊ အိမ်ဆိုက်လှေသာ၊ တည်းခိုပါရှင့်၊ ငါးဖြာရန်သူ၊ ယူလည်းတို့ပါ၊ သေမင်းခွါလည်း၊ သင့်ရာအလျောက်၊ ငါတို့ရောက်သည်၊ တို့သခင်လျှင်၊ ဖြစ်ချင်လွန်းစွ၊ လွန်မင်းစွဟု၊ ဒေါသချီးရယ်၊ ရွှေငွေရယ်သည်၊ သုံးသွယ်ရယ်ဆေး၊ ပျက်သွမ်းသွေး။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago. |