ပေါရာဏကထာ လင်္ကာသစ်

From Wikisource
Jump to navigation Jump to search
ပေါရာဏကထာ လင်္ကာသစ်
by တွင်းသင်းတိုက်ဝန် မဟာစည်သူ
0ပေါရာဏကထာ လင်္ကာသစ်တွင်းသင်းတိုက်ဝန် မဟာစည်သူ

တွင်းသင်းတိုက်ဝန် မဟာစည်သူ ရေးသည့် ပေါရာဏကထာစာတမ်း၏အရ နောံဆရာတို့ လင်္ကာစီကုံးထားသော ပေါရာဏကထာ လင်္ကာသစ်။

၁ မှတ်လေဘွယ်ပင်, နိဒါန်းဆင်မူ, ရှေးလျှင်သူဟောင်း, ခေါ်ဝေါ်ရှောင်း လည်း, လမ်းကြောင်းမတွင်, ရှိလှည့်ကျင်၍, သိမြင်လွယ်ရန်, ဓိပ္ပါယ်ပြန် အံ့။ ။လက်မွန်သည်ကား, ရှေးဖျားရှေးဦး, ကျီးကျူးချွတ်လွဲး, ဖက်လဲးတ ကင်း, ချစ်ခြင်းစုံမက်, ငေါ်ငက်မနာသာ, တန်ထွာသဘော, လဘောပြည့် လျှမ်း, ရမ်းပြည်းရိုသေ, ရဝေနန်းတိုက်, အကိုက်အညှောက်, တောက်တပို လျင်ဆော, သောကားလွှားထောင်, ပြောင်ကားအကြီး, တသီးမှတ်ရန်, ကျွန်ပိုင်မယား, တပါးမှတ်လမ်း, ခြေမစွမ်းမှတ်သင့်, ယခင့်ကားရှေး, ဦး လေးငြီးငွေ့, တပ်ပြွေ့ချစ်ကြင်, ရှောင်းတခင်တောက်ပတ်, လျင်ဆောမှတ် လော့, အမြတ်ရွှေမှောက်, မြစ်အောက်ဥတ္တရ, ခြကားကွဲးအက်, တက် လောက်တက်လဲး, ဝမ်းထဲပူဆွေး, တံဆေးသုံးသေး, ခေါ်ရေးတမန်, သဝန် တံထား, မှာကြားစာစောင်, မြေခေါင်ရပ်ဝေး, မြတ်သန္တေးကား, ဆေးဦး ခေါင်းလျှော်, မျှို့သစ်ခေါ်၏, လူဘော်ခေါ်ရေး, ခွက်သန္ဓေးကား, ငွေကြေး ဘလား, စူးစားရှာဖွေ, ဖျားဒီရေနှင့်, ရွှေကိုဂီဝါ, သာလကာကား, ချမ်း သာသုခ, အကံငကား, ဟီနယုတ်မာ, ကင်္ကာမျက်မှောက်, ကောက်ကစင်း ကား, သွားလာလမ်းစဉ်, ရဉ်ဟူသည်မူ, ဖြတ်သည်ဟူ၏, ပတူပယင်, ဖွဲ့ နွဲ့ဆင်၏, ယဂင်အစီ, တလီဦးလုံး, ဆံထုံးခေါ်ထွေ, သျှောင်ခေါ်ချေသည်, ,မှတ်လေအစဉ်တလျားတည်း။


၂ မှတ်လေဖွယ်သာ, နိဒါန်းဖြာပိမ့်, ဥပါဘီလူး, ဝဲးမကူးခြားသီး, ခါးဆီး ဝတ္ထု, အိမ်မှုလျော်ဒဏ်, တော်လှန်မင်းစစ်, သူကောင်းဖြစ်၏, ကံမြစ်ဆုမ္မ, ဒုဟနှစ်ကွဲး, ဝတဲးဥတဲး, ဖွင့်မြဲးတံခါး, ဆတ်မြားကြမ်းကြုတ်, နားမှုတ် ခေါ်တွင်, နားဝင်အောင်ဆို, ဗဟိုအလယ်, သဟယ်သဟဲ, မှီတွဲအဖော်, ခရော်ခရွတ်, မညီညွှတ်တည့်, ပူအတ်ပူအစ်, ပူလောင်ခြစ်စွ, သစ်သစ်ဆို ရန်, မကျန်မကြွင်း, သစ်ဆင်းဘဒြ, လှေပွဲးရ၏, လတော်သလင်း, ခပင်း ခပဲး, မကွဲးအများ, စိတ်ပြားဖွေရှာ, တတ်လိမ္မာရှင့်, အားမသာနုတ်ကြမ်း, တံစမ်းရေထွက်, တီတွက်ဖင့်နွဲး, တပဲးတူမျှ, မဆွရှေးဖျား, လံပါးဖျဉ်းအိုး, ကိုးကိုးကားကား, ရဉ်သွားတင့်တယ်, သွတ်လှယ်မပြတ်, ကတ်လတ်ကန့် လန့်, တွန့်ကားမြူးဟန်, ကွန်ကားပျံ့တက်, အနက်ဥစ္စာ, မန်းမှာစကော, နစ်နောစဆုံး, ဦးပြုံးခုံတိုင်, တောင်ကိုင်မြေရပ်, ဘေးလွတ်လပ်၏, ဆပ် ဆပ်မုချ, တဒင်္ဂမူ, တခဏသမုတ်, ဝက်ခုတ်ဝါကြိတ်, ဒလိဒ္ဒလာ, ကပ္ပနာ ထီးကျန်, ကိုက်ကန်ရေတွက်, တသက်လျာဟု, မကြာလျင်ဆော, ဖြန်း တောလျင်မြန်, တတန်ချပ်ချပ်, လျပ်လျပ်နှစ်မည်, လျင်သည်သာချည်, သိမ်းပြည်းရှိမ်းပြည်း, နှစ်နည်းရှက်ကြောံ, သအောက်သအုန်, မှုန်မှုန်ဆန် ဆန်, လူ့ဌာန်ထွေထွေ, ရှေ့နောက်ဘွေသည်။ ။မှတ်လေအစဉ်စကားတည်း။


၃ မှတ်လေဘွယ်ကို, နိဒါန်းဆိုပိမ့်, စိုစိုပြည်ပြည်, ကြာမြင့်သည်တည့်, တလည်လည်မူ, အတူတူတည့်, ပစ္စူဆိုရိုး, ပုဆိုးဖြူလှပ်, ကပ်လပ်အမြဲး, အော်လဲးတပုံ, တလုံလဲးလဲး, နှစ်ကွဲးဆိုဟန်, ကြိမ်ဖန်အများ, ဒေါမားအိုး ကြီး, တန်စီးရွှံ့ညွှန်, မကန်လွန်ကဲး, ကုတ်သဲလုံ့လ, ပြုကြမကွဲး, လင့်ကဲး တဖြာ, မျက်နှာရှစ်ရပ်, ချပ်တိချပ်နှောင်, လျင်မြန်ဆောင်၏, ယခေါင်ဝေး ရှည်, ကျိုးကျည်အာသံ, မောင်နှံလင်းမှီး, မသီးမခြား, လင်မယားတည့်, မီးတားတန်တိုင်း, ပရိုင်းခြံပွတ်, ရှဲခတ်သမိုက်, ကိုက်ရွေပေါ်ချော, စော ကျောထောံချင့်, နိမ့်မြင့်မျှော်ရှု, ကယုကယင်, သွင်ပြင်တင့်တယ်, ဓဝယ် ညှင်းမျိုး, အမိုးပိတ်ကွယ်, မဝယ်မလှယ်, မှတ်ဘွယ်ရှေးငြမ်း, ကမ်းလှမ်း မနီး, ဘုံပတီးမူ, ခင်းနှီးပိတ်ပါး, စုလျားဖြူလွင်, ပေါ်တင်ပုဆိုး, အဲးခိုး အားသံ, ခါရံကာလ, ရံခါမျှတည့်, တိုင်းတွကြာရှည်, တရထည်မူ, တူ သည်သဘော, မုနောစံခွင့်, အတင့်အတော်, တွေးငေါ်သံငက်, နှုတ်ပွက် စကား, သိစားသိမြင်, ကြင်လျင်ကျွမ်းခြင်း, ညီလင်းတိမ်းစောင်း, နှစ် ထောင်းအားရမ်း, ဝမ်းကားမနော, နှစ်မြောစုံမက်, အက်ကားရွှင်မော, တိတ်တောလျှောကျ, ပတ်လျငယ်နု, ယခုပစ္စုပ္ပန်, အကုန်သွန်၍, မချန်ပေး စွန်, အစို့သွန်မူ, မချန်မချွင်း, ပေးကမ်းခြင်းတည့်, ခွက်ခွင်းကိုမူ, လင်း ကွင်းဟူ၍, မြန်လူသူစိမ်း, ခပ်သိမ်းလုံချုံ, ပတုံပလဲ့, မရှိမဲ့တည့်, မဟဲ့ မဟေ, မတွေ့မရှိ, နတ္ထိအနေ, လွဲမသွေသည်။ ။မှတ်လေအစဉ်မပြားတည်း။


၄ မှတ်လေဓွန့်ရှည်, နိဒါန်းဆည်ပိမ့်, ထူးတည်အနီး, ဝှဲချီးချီးမြှောက်, အ ဆောက်အဦ, ပည်းတူခြံရံ, နက်တံတိမ်နက်, ကြံထက်ပညာ, သည်လျာ သည်ပင်, ထိုပြင်တရိုး, သည်မျိုးသည်ရန်, တတန်ဆွေသည်, ချစ်ကြည် မယွင်း, သည်ရင်းသခင်, ဆွေအိမ့်ရှင်ကား, လင်နှင့်မယား, ခြားနားတသီး , ဇနီးအိမ်သူ, မယားဟူ၏, ပိတ်လူပိတ်ထုန်း, ဆုန်းဆုန်းစဉ်ထွက်, ယွက် ယွက်ယွင်းယို, ဥဒါဟိုကား, လူဗိုလ်မစဲ, ပုလဲးတမူး, ကြည်နူးမြတ်လေး, တင်ကျေးထွန့်ထွန့်, အဓွန့်ဟူသည်, အရှည်အလျား, မှုန်စားနှိုးဆော်, ကော်ရော်ရိုသေ, မှဲ့မှည်းချေတည့်, ပလေလက်ချား, စကားပေါ့သွပ်, အောက်ရပ်အထဲး, ပြိုင်တဲးထိခိုက်, တိုက်ကားရိုက်ပုတ်, အစုတ်တသွယ်, ပေါယယ်ဖြင့်ပည်း, နည်းအခြားခြား, များ၏အဟုတ်, စရကုတ်ကား, သူ ယုတ်သိခြင်း, တင်းလင်းတည်းလည်း, တန်းလမ်းချည်းတည့်, နည်းမထူးပြီ , ဓိပ္ပါယ်ညီ၏, မဖီမဆန်, မကြူးလွန်တည့်, အိုးတန်အိုးခွက်, ဖုံးဖွက်စ လောင်း, တောင်းကားအတို, တန်စိုနုမျစ်, ဖက်ထစ်အမြဲး, ကြလဲးခနောင်း, မြစ်ချောင်းရေဝဲး, စဲးစဲးအသစ်, စုလစ်အထွတ်, တမွတ်မြတ်ဖြား, ဟုပ်စား ညဉ့်ငှက်, လုယက်ဖျက်ဆီး, သင်းသီးတခြား, ဖြားနှင့်ဂနိုင်, မြိုင်နှင့်ရဂုံ, စုံနှင့်ဟေဝန်, ဟေမန်ဟေမာ, ရိပ်သာဆိုင်းဆိုင်း, အင်တိုင်းစေးပျစ်, တော ချည်းဖြစ်၏, ညွန့်သစ်ဆောင်းဆောင်း, နှာမောင်းနွယ်ဖျား, ပိတ်ပေါင်းကား ခြုံ, လူ့ဘုံထွေထွေ, ခေါ်ကြလေသည်။ ။မှတ်လေအယဉ်အကျေးတည်း။


၅ မှတ်စိမ့်နောင်လာ, နိဒါန်းသာစိမ့်, မထောင်တာလူလတ်, ခပ်သွတ်လျင် ခုပ်, သရုပ်ဖော်ပြ, ကာလအရှည်, စက်ဝန်းလည်တည့်, ထူးတည်သိပ်သည် , ယရည်းဆင်ထိန်း, ပျော်စံကိန်း၏, မိန်းကားငြိမ်သက်, စက်ကားအိပ် ပျော်, ခဲးလှော်ခက်ရပ်, ပိတ်စပ်အနှံ့, သတင်းပျံ့၏, ဖို့ရွံ့ကြောက်ငြင်, ရှင်ကိုအရည်း, ရထည်းပိတ်ထည်, စီရင်ကြည်သည်, ယွင်းဖည်ယိုယိုင်, ဂလိုင်ဆူရိုက်, အောက်ကလှိုက်၏, ထက်တိုက်ဆို့မှု, ယခုတိုင်အောင်, လူ့ ဘောင်သက်ဆင်း, စင်းလျင်းမပြတ်, အပတ်အကုတ်, အားထုတ်အမ်ချ, ဝီရိယမယုတ်, ကုတ်ကုတ်ကော်ကော်, စေ့ဆော်လုံ့လ, တောင့်တသွေးချို, ဆုရည်းဆို၏, တံသိုတိုင်ဘူး, သောက်ရှုးစိုက်ရှုး, ဆေးထူးသောက်ကြာ, မြို့မှာကာလ, လျင်စွာ့ချက်ပြုတ်, ပါဋ္ဌကုပ်ကား, ဖော်ထုတ်ဋ္ဌကထာ, ပက် ပါရင်ဆိုင်, တိုင်ထိဆင်းရဲး, မကွဲးအတ္ထ, တွင်းဆုံးကျလည်း, ဒုက္ခအပြီး, အကြီးမိမိုင်း, ကြံသိုင်းမြော်မြင်, ဘင်ကားညစ်ကြေး, ချေးသစ္စေးတည့်, စိတ်စေးဝေါဟာ, နာလောတိုက်တွန်း, ထင်းပန်းမှတ်ခြင်း, မယွင်းနှင်းပန်း, နှုန်းနှုန်းရည်တူ, ထက်မူဘဝဂ်, နရက်ကားအောက်, အဆောက်ဒါးရိုး, နတ် ကိုးတင်ရွယ်, နတ်ဘွယ်ဆိုနည်း, လက်တည်းလက်ကြပ်, ကွမ်းကပ်ပန်း တောင်း, ထောင်းကားနှိုတ်စက်, အုတ်ကျက်ညံညံ, စဲးသောင်ယံတည့်, ဆံ ထုံးစုလည်း, ရိုက်ကျည်းကျော်ဟိန်း, အပြိန်းလွန်လေ, ခွဲဝေလိုက်သည်။ ။ မှတ်လေအစဉ်တပြေးတည်း။


၆ မှတ်လော့စဉ်စီ, နိဒါန်းချီပိမ့်, သွေးသီပြောဆို, ဦးမစိုက, မတောင့်တ တည့်, တန္တမောသော, ခိုးသူဟော၏, ဖြောဖြောများလှ, ကုံဝပြည့်စုံ, များ ဥဿုံတည့်, တုံကားရပ်တည်, ကျည်ကားခိုင်မာ, မင်္ဂလာမျှို့, ပြတို့ထွေးခံ, ဟစ်ကြော်သံကား, ကျံကျံတမည်, ကျည်ကျည်ကျာကျာ, တွင်ဝေါဟာ၏, ငါသာကြုံးကြုံး, ဟုံးစုံသံပ, ဆင်ကအဟည်း, မြေသော်ကြည်း၏, မြင်း လည်းအဟီ, သံပြီသံပြိုင်, အပြိုင်အညီ, သနီသနဲး, ခြမ်းအခွဲးတည်း။ ရှဲး ကားခွါထွေ, သဟေကျွမ်းဝင်, ယခင်ကားတော်, သဲးသောင်သော်မူ, ခေါ် ဝေါ်ပြင်ကြီး, စစ်စီးနှိုင်းရှဲ့, ကြွင်းမဲ့ချက်ကုံ, အောက်အုံဆွေးမြည့်, များ၏ ကြွေ့ကြွေ့, လွေ့လွေ့ပြည်းထူ, အောက်အူနံစော်, သရော်ညစ်ကြေး, ကြော့ သွေးအကြောင်, သံလျောင်သံကြိုး, ကန်သင်းပျိုးနှင့်, ကန်ရိုးကန်ပိုင်, ထိမ်းခုတ်ချိုင်၏, ချက်ရိုင်ပြည့်စုံ, ကြိုက်ကြုံချက်တွေ့, ဓလေ့ဆိုရိုး, အမျိုး ဒေသ, ကုလမဖောက်, ဝသီရောက်၏, လှံမစောက်မှာ, သမာစိဏ္ဏ, ကောင်းလှမဖောက်, အကျင့်ရောက်၏, ချောက်ကားကျော်ကြား, ချောက် ချားလှုပ်တုန်, ဖားခုန်ဖားဆင်း, နိမ့်နင်းမညီ, ကသီလင်တ, ဆင်းရဲးကျ၏, မျောက်မလင်စောင်, ရှောင်ခွါသရည်း, ညစ်အတည်းတည့်, ထက်ချည်းယွင်း ကွာ, သိစိမ့်မှာသည်။ ။မှတ်စာအပြင်အထွေးတည်း။


၇ မှတ်လမ်းစဉ်စီ, တထုံးချီပိမ့်, မြီကားသူ့ကြွေး, ပစေးပဦ, ကြည်ဖြူမဆို , ရိုသေကင်းလစ်, တစ်ကားဆွတ်ဖြန်း, ပွတ်တွန်းချောငင်, တွေးတောသင် မူ, ဆင်ခြင်နှိုင်းဆ, တလ’ရွံဘွယ်, နောင်မယ်ဆိုမူ, မယ်မောင်ဟူ၏, ရည် ချူလှမ်းဆွတ်, လွှတ်ကားပူဇော်, လှူပွဲးခေါ်၏, ငေါ်မကောင်းချက်, အနံ့ ပျက်၏, ညှီရှက်အရှောက်, စစ်တလောက်တီးမောင်း, ပေါင်းပည်းပေါင်း ကုတ်, သူနုတ်ယုတ်မာ, အလျာဟူသည်, ပုံလောင်းမည်၏, အသည်အဝါ, တင့်တယ်စွာ၏, လံပါအင်စောက်, သယောက်ညစ်ညမ်း, မအော်အမ်းကား, သွမ်း၏မှတ်ရာ, ခူမာငယ်ကြီး, ဝှဲချီးဆိုသည်, အံ့သြသည်တည့်, ဖရည် ယစ်မူး, မယ်ဖြူအိုးကင်း, သင်းချောစင်ကြယ်, ကုံကယ်အများ, ငွါးငွါးမှာ သော်, အမြင့်မော်၏, ကုတ်ကော်ခက်ခဲ, ဖအဲးဖအေ, ထွေငေါ်ထွေသံ, ဆို သံစကား, နှရားကြောက်ကြိမ်း, သိမ်းပကားသိမ်းစည်း, နည်းအထွေထွေ, များလှချေသည်။ ။ကြံလေရှေးသူစာဟောင်းတည်း။


၈ ကြံလေစရာ, ပြောပြမှာအံ့, တောင်တာရှည်လျား, မှုန်မွားဆိုလစ်, နစ် တုံပေါ်တုံ, ကြေးမုံမူကား, ကြေးပြားဖြူလွင်, မှန်အသွင်တည့်, ကြမ်းပြင် ဟူသည်, အကြည်ခေါ်ခြင်း, ကြမ်းတပြင်းတည်း။ အတွင်းမဟူ, ပြင်ပင်ယူ လော့, နည်းတုံဆိုဟောင်း, လည်းကောင်းခေါ်ဆို, နှောင်းစိုခေါ်ကြ, နောက် ကာလတည်း။ ခဏမဟုတ်, ချက်ဖြုတ်လျင်လျား, ချက်ကားအလယ်, တ သွယ်ပညပ်, လိမ်းသပ်ဖွယ်မှု, ပြုသည်ငါးပါး, ရှစ်ကွက်ကျားကို, တကျစ် ဆို၏, ဦးချိုခေါ်မှတ်, တည့်မတ်စူးစူး, မီးရှုမြော်ကာ, ဖွားမျက်နှာမြင်, ရေ ပြင်တံရှောင်း, ချီးသောင်းချီးမွမ်း, မြစ်၏ကမ်းကို, ခမ်းသမုတ်မြို့, ကမ်း နုတ်စို့ကား, ကမ်းသို့နှုတ်တိ, တရှိဆိုဟန်, မလွန်မကျူး, မူးမူးဆိုမြဲ, ဆဲး ဆဲးအနီး, လုံးသီးလုံးပေါ, သဘောမိကာ, တမ်းစေ့ကာတည့်, ဖီလာဧကန်, မုချမှန်၏, လှန်ကန်ပွါးတိုး, ရှေးရိုးမှာကား, ရှေးသွားရှေ့ဦး, တထူးမှတ် ရာ, နွယ်တာနံကာ, ဝါဆိုဝါခေါင်, ရှောင်ခဲ့တုံမှ, သံတူလမူ, ဝါကကင်း လွတ်, သတင်းကျွတ်တည့်, ပူးပွတ်မကွာ, လတာကျယ်ဝန်း, ကြငှန်းအ မြတ်, ချေချွတ်ပြောဟော, ပြောပအများ, ကုန်းကားရန်တိုက်, ခိုက်ဆဲးခိုက် ဆည်း, နှစ်နည်းရန်ဖြစ်, သရစ်အညွန့်, အဓွန့်များစွာ, တကာအများ, စကားထွေထွေ, ခြားလှချေသည်။ ။မှတ်လေရှေးသူလမ်းကြောင်းတည်း။


၉ မှတ်လေစရာ, တကြောင်းမှာအံ့, ပလာဟင်းလင်း, ညီလင်းတိမ်းစောင်း, ဦးမထောင်းကား, ဘေးများမရှိ, ပစိနှိပ်စက်, ယုတ်ယက်တခင်း, လက်ငင်း လျင်ဆော, ရုရောနှောတည့်, ပလောဖြောင့်စင်း, ရောင့်ရင်းတူကွ, ငယ်က ပျော်ပါး, ကစားကြခြင်း, ရိုးရင်းမကွေ, ကြီးမိတ်ဆွေတည်း။ ပြွေကားမှုတ် ဝါး, ခုကားပလွေ, ခေါ်ပြန်ချေ၏, မြောက်မြေပိုင်ဆန်း, လုပ်ငန်းပြေရုံ, ရိပ်မြုံနေရာ, ကူဟာတွင်မည်, ကဝါသည်တည့်, ရမ်းသည်ရိုသေ, ဆိုထွေ တကွ, ရမ်းဘဲးသဘော, မှတ်လောဟုတ်သင့်, လေးဖင့်ဟူထွေ, ဣန္ဒြေ စောင့်ရေး, ဆေးလေးစောင့်ချုပ်, ကြုပ်ကားအဆင့်, တဖြင့်ခြားနား, ချော် ကားကြမ်းမာ, လွှာလွှာပါးပါး, ရှိုးရှားကုန်စင်, ထိုပြင်တခြား, ယိုးယားဟူ ရာ, ရှောင်ရှားစွာ၏, အမာဟူသည်, အနာမည်၏, ပက်ပည်တည့်တည့်, ကြည့်နဲကြည်နူး, ပျင်းရိယူလော, ဟူမိကနား, မဆုတ်ရှားပြီ, ချောင်းကား ငယ်ညံ့, ဖြိုးမူ့ဖွံ၏, ဆွတ်ဖြန့်ဦသည်း, လွမ်းစိတ်ပည်းစွ, လိပ်လည်းတိမ်း စောင်း, တောင်းလောင်းခေါ်ဆို, ဖြတ်တိတို၏, ဦးမစိုမှာ, မရှာမဖွေ, စိမ့် ချေငြိမ်သက်, မခေါက်ရက်တည့်, နှစ်သက်အင်ပြည့်, သလည့်သလွင်း, ရောနှောခြင်းတည့်, ပြတင်းတံခါး, လေသွန်ထား၏, တခြားလူ့ဘောင်, ပြ တည်းချောင်မှာ, အိပ်ရာတိုက်ခန်း, တုကျွမ်းတုမဲ့, ပဲ့သူကြီးကို, တမုန်ဆို၏ , ငြိုငြင်ဆင်းရဲ, ကြဉ်တဲဆိုချက်, သောက်ရေခွက်တည့်, လျက်ကားအဖြား, အရှည်ကားလျောင်, အန်ထောင်လုံ့လ, ပြဖြညီစွာ, ညောင်းညာကြာရှည်, ဆိုရိုးတည်သည်။ ။အမည်ထူးထွေသောင်းပြောင်းတည်း။


၁၀ သောင်းပြောင်းထူးထွေ, စကားဖွေပိမ့်, စီးရေတံလည်း, စနည်းသည် ကား, မြွက်ကြားကြောင်းဟိတ်, အမြိတ်ဘက်စ, အမ်းမရကား, အကျအ ရောက်, အတောက်မမီ, လှီလွဲးရှောင်တိမ်း, မုဒိမ်းရန်ဘေး, ကလေးကုလား , ထင်ရှားသိမြင်, ဖြင်ကားအများ, တခြားခေါ်ချင်, ဖြင်နှင့်သင်တိုင်း, မှတ်ပိုင်းဒုရင်, အင်းကျီပင်တည့်, စစ်နှင့်စစ်ရေး, ကြဲသေးဆိုတုံ, ချပ်ဝတ် လုံတည့်, တပြုံဖြည်းဖြည်း, ဖြစ်နည်းဖြစ်ဟန်, ကြိမ်ဖန်များပြီ, မတီမရာ, မအပ်စွာတဉ့်, လည်မှာဘရက်, ရိပ်မြွက်လျောင်ကာ, နီးစွာစေ့ချဉ်း, ခိုင် မျဉ်းကြာနှေး, တထွေးစာနား, တွေးကားအကြံ, ဝလံနွယ်သီး, ပြုန်းတီး ကြေညက်, ငက်ကားပြောဆို, စင်စိုရွက်စပ်, အောက်ရပ်အကြေ, ရိုသေကျိုး နွံ, နွှံကားနှိပ်စက်, တချက်ကလူ, နှိပ်စက်ယူလော, မြီးကူသည်ကား, မြီး ဖျားအဖြူ, ရည်တူဆုရ, ရည်မှတ်စွတည့်, ထိုမှတသုန်, ခုန်ခဲ့တတွန်, နှစ် တန်ဆိုမှု, ရုံးတစုတည်း။ ရောင်ပြုသလွင်, တန်းဆာဆင်၏, ထက်ခွင် ထက်ဆို့, အလို့လို့ကား, တွန့်တို့နောက်ဆုတ်, သုတ်ကားသေပြောက်, သောက်ထားထွန်းဝင်း, လင်းယဉ်ဟူသည်, လှေရွက်မည်၏, လူ့ပြည်ရပ်မှာ , ဆိုပေါဟာသည်။ ။ဘာသာရှေးရှေးနှောင်းနှောင်းတည်း။


၁၁ ရှေးရှေးနှောင်းနှောင်း, သောင်းပြောင်းဆိုရာ, မှတ်ကုန်နာလော့, တဖျာ လှင်ကန်, ဆုံးစွန်နောက်ရောက်, ပန်းသပေါက်ဟု, ယူကောက်ခေါ်ကြ, အကံငကား, ဗာလမှတ်သား, စူးစားရှာလှည့်, တည့်တည့်မြဲပင်, လည်း တောင်ထင်ကား, ကုန်းခင်ခေါ်ဆို, မကုတ်ရှိုကား, ဝန်တိုကင်းပြောက်, အ စောက်ဟူသည်, ကာလမည်တည်း။ လူ့ပြည်သမုတ်, ရုတ်ရုတ်ဆိုကြ, အသံ ရ၏, တန္တဘေးဒဏ်, အန်ထောင်မာန, ကြုံးပသံပေး, ဦးမလေးကား, ဝန် လေးကွာလပ်, မီးယပ်သားဖွား, လူဖုန်းစားကား, သူတောင်းစားမျိုး, နှင်း နှိုးနှုန်းနှိုင်း, နှင်းပန်းနှိုင်းကား, မခြားထူလစ်, မနှစ်မရှား, သနားစုံမက်, မွေးသက်လောမ, ပျင်းမွေးရ၏, ထိုမှတနည်း, တီးလင်းကျည်းမှာ, ကွယ် ကာမယှဉ်, ငသည်ကားအသရေ, ချေကားမှဲ့မည်း, အသည်းညစ်ကြေး, ကပ်စေးနှဲးတံ, ချံကားခွဲဖဲ့, တုံလှုပ်ချဲ့တည့်, လေးတွဲ့ဂုဏ်ရှိ, မှတ်ဘိတကွဲး , လေးတွဲးဆင်ခြင်, ယူငင်စမ်းစုံ, လေးတုံငြိမ်သက်, တချက်ရှင်နည်း, မောင်နည်းဆွေနည်း, ချစ်စည်းမမျို, ထဲကြည်ညို၏, မှိုမှိုထွားထွား, ရှည် လျားဟောင်းမျည်း, နီးချည်းစေ့ချည်း, မျည်းကားအိပ်ခါ, ခင်အိပ်ရာတည်း။ ရှောက်ရှာမိုးသီး, အတီးရှေ့စည်, တမည်ခေါ်ခြင်း, နိမိတ်ခင်းတည်း။ တ ရင်းတထောင်, ရွှေတောင်ကားနန်း, ခေါ်ရိုးမှန်းသည်။ ။ဥဒါန်းနည်းမှာ မစောင်းတည်း။ ။


တွင်းသင်းတိုက်ဝန် မဟာစည်သူရေးသည့်ပေါရာဏကထာစာတမ်း၏အရ နောက်ဆရာတို့ လင်္ကာစီကုံးထားသော ပေါရာဏကထာလင်္ကာသစ် ပြီး၏။