ဗောဇ္ဈင်္ဂသုတ် လင်္ကာ

From Wikisource
Jump to navigation Jump to search
ဗောဇ္ဈင်္ဂသုတ် လင်္ကာ
by အရှင်သာသနဝရ

၁။ သတိ, ပညာ၊ ဝီရိယာ, ပီတိ၊ ပဿဒ္ဓိနှင့်၊ သမာဓိ, ဥပေက္ခာ၊ ခုနှစ်ဖြာ၊ သစ္စာ သိကြောင်းပေ။
၂။ ဤတရား ခုနစ်တန်၊ ကျင့်သူမှန်၊ နိဗ္ဗာန် ရောက်နိုင်ပေ။
၃။ ဤတရားခုနစ်တန်၊ ကျင့်သူမှန်၊ မဂ်ဉာဏ် ရနိုင်ပေ။
၄။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၅။ အရှင်မဟာမောဂ္ဂလ္လာနာ၊ ထေရ်မဟာ၊ ရောဂါ ဝင်ခဲ့ပေ။
၆။ မြတ်ဗုဒ္ဓက၊ ဗောဇ္ဈင်္ဂ၊ ဟောပြခဲ့ပါပေ။
၇။ ဗောဇ္ဈင်ဒေသနာ၊ နာပြီးရာ၊ ရောဂါကင်းခဲ့ပေ။
၈။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။
၉။ အရှင်မဟာကဿပါ၊ ထေရ်မဟာ၊ ရောဂါ ဝင်ခဲ့ပေ။
၁ဝ။ မြတ်ဗုဒ္ဓက၊ ဗောဇ္ဈင်္ဂ၊ ဟောပြခဲ့ပါပေ။
၁၁။ ဗောဇ္ဈင်ဒေသနာ၊ နာပြီးရာ၊ ရောဂါကင်းခဲ့ပေ။
၁၂။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့်၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခုညောင်း ကြပါစေ။
၁၃။ သုံးလူ့ထွတ်တင်၊ ဘုရားရှင်၊ ရောဂါ ဝင်ခဲ့ပေ။
၁၄။ စုန္ဒထေရ်အား၊ ဗောဇ္ဈင်တရား၊ ရွတ်ပွားစေခဲ့ပေ။
၁၅။ ဗောဇ္ဈင်ဒေသနာ၊ နာပြီးရာ၊ ရောဂါကင်းခဲ့ပေ။ ၁၆။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁၇။ ဗောဇ္ဈင်္ဂခေါ် အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁၈။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၉။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂ဝ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။