ပထမဆင့် အခြေခံ မြန်မာဖတ်စာ

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
မာတိကာ

အမှာစာ[edit]

အခြေခံမြန်မာဖတ်စာကို ဗျည်း၊ သရ၊ ဗျည်းတွဲ နှင့် အသတ်စဉ်တို့ကို အခြေပြု၍သင်ရိုးကုန်ပြုစုထားပါသည်။ သင်ပြရာတွင်ရှေးရိုးမြန်မာသင်ပုန်းကြီးနည်းကို အသုံးပြု၍ သင်ပြရန်ဖြစ်ပါသည်။ သင်စာကိုရှေးဦးစွာသင်ပြ၍ ဖတ်စာကိုသင်ရန် ဖြစ်ပါသည်။ သင်စာကိုကျေညက်မှဖတ်စာသင်ခန်းစာကိုကူးပြောင်းသင်ပြရန်ဖြစ်ပါသည်။ သင်စာ၊ ဖတ်စာကို သင်ပြရာတွင်သင်တန်းသားကိုယ်တိုင် ဖတ်ခြင်း၊ ကူးရေးခြင်း၊ စာရေးစာဖတ်လေ့ကျင့်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်စေရန် အထူးအရေးကြီးပါသည်။ ဖတ်စာကိုကိုယ်တိုင်ဖတ်နိုင်အောင်လေ့ကျင့်ပေးရပါမည်။ ဖတ်စာပါအကြောင်းကို သိ၊ မသိ လေ့ကျင့်ခန်းများ၊ လုပ်ငန်းများကို လက်တွေ့ လုပ်စေရပါမည်။ နားနှင့်ကြား၊ မျက်စိနှင့်မြင်၊ လက်တွေ့ရေးသားစေသော နည်းကို သင်စာ၊ ဖတ်စာတိုင်းတွင် အသုံးချ တတ်အောင်လေ့ကျင့်သင်ယူစေရပါမည်။

ဖတ်စာတိုင်းတွင် သင်ထောက်ကူရုပ်ပုံကားများကို အသုံးချ၍သင်ပြရန်ဖြစ်ပါသည်။ သင်ထောက်ကူရုပ်ပုံများအပြင် ပတ်ဝန်းကျင်ရှိ သက်ရှိ၊ သက်မဲ့ ဝတ္ထုပစ္စည်းများကို အသုံးချသင်ပြရန်လည်းလိုအပ်ပါသည်။

မြန်မာစာသင်ရိုးသည်ဖတ်စာများနှင့်တွဲ၍ သင်ပြရန်ဖြစ်ရာ - ရွာသာယာ၊ ချွေတာငွေစုကောင်းကျိုးပြု၊ ထမနဲပွဲ၊ တို့လယ်သမား၊ တို့ပြည်ထောင်စု၊ ဦးကျည်ပွေ့၊ နှစ်သစ်ကူး၊ မုန်တိုင်းဒဏ်ခံ ဘုန်းတော်ကြီးကျောင်း၊ မိုးဦးကျနှင့် သူငယ်ချင်းထံပေးစာ စသောအကြောင်းအရာတို့သည် စာသင်သားတို့ဘဝဝန်းကျင်နှင့် ဗဟုသုတရဖွယ် အကြောင်း အရာများဖြစ်ရာ အထူးဂရုပြု သင်ပြရန်ဖြစ်ပါသည်။

စာဖတ်စာရေးတတ်အောင်သင်ပြရာတွင် စာပါအကြောင်းအရာကို အခြေခံလျက် စာသင်သားတို့အသိပညာ၊ အတတ်ပညာနှင့်အတွေးအခေါ်ကောင်းစေရန်ရည်သန်လျက် အခြေခံမြန်မာဖတ်စာကိုပြုစုထားပါသည်။

မာတိကာ[edit]