သင်စာ ဖတ်စာ - ၇, လုံးကြီးတင် ချောင်းငင် ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၁၂။ သင်စာ ဖတ်စာ - ၇, လုံးကြီးတင် ချောင်းငင် ခန်း

သင်စာ - ၇[edit]

လုံးကြီးတင် ချောင်းငင် ခန်း

-ို -ို့ -ိုး

ဖတ်ပါ။ ကူးရေးပါ။

ကို ကို့ ကိုး
ခို ခို့ ခိုး
ငို ငို့ ငိုး
စို စို့ စိုး
ဆို ဆို့ ဆိုး
ပို ပို့ ပိုး
ဖို ဖို့ ဖိုး
မို မို့ မိုး
သို့

ဖတ်ပါ။ ကူးရေးပါ။[edit]

အိုးစည် နေညိုညို စာပို့သမား မီးဖို
တို့စရာ ဖရိုဖရဲ မိုးရေ သတို့သား
ဝိုးတိုးဝါးတား ပုဆိုး အဘိုးအို သတို့သမီး
လူဆိုး သို့ကလေး အားကိုးအားထား ဆီးယို
ဓားမတို ရိုးရိုးသားသား ပဲနို့ အမယ်အို
မစို့မပို့ ရိုသေ အဆိုတော် လိုရမယ်ရ
တေးဆို သူငယ်တော် ပိုပိုမိုမို မိုးခို

ဖတ်စာ - ၇[edit]

ဖတ်ပါ။ ကူးရေးပါ။

ဆရာ မိဘကို ရိုသေပါ။
ရိုးရိုးသားသား နေပါ။
အဘိုးအို မိုးခိုနေပါသလား။
နေညိုညို အဘိုးအို ဘယ်ကလာသလဲ။
အားကိုးစရာ သမီးသား ပါ၏။
မိုးစိုနေသလား။
တဲထဲကို လာပါ။
ဆီးသီးကို ယိုထိုးထား၏။
သမီးသားတို့ ဆီးယိုစားပါ။
ပဲနို့ ပူပူ အဘိုး ဖို့ပါ။
အင်အား ရဖို့လိုပါသည်။


၁။ သင့်လျော်သော ခေါင်းစဉ်ရွေးချယ်ပေးပါ။
(က) မိုးခိုတဲ့ အဘိုးအို
(ခ ) အားကိုးစရာ သမီးသား
(ဂ ) စေတနာထားသူ

၂။ အောက်ပါမေးခွန်းများကို နှုတ်ဖြင့် ဖြေဆိုပါ။
(က) ကျွေးမွေးသော အစားအစာများကိုဖော်ပြပါ။
(ခ ) ပဲနို့သည် မည်သည့်အရာကို ရစေသနည်း။
၃။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) အဘိုးအိုသည် မည်သူတို့နှင့်အတူလာသနည်း။
(ခ ) ဆီးသီးကိုမည်ကဲ့သို့ပြုလုပ်ထားသနည်း။

ရွတ်ဆိုရန်[edit]

ကြွက်ကလေး

ကြောင်ကလေးက ဗေဒင်တွက်လို့၊
ကြွက်ကလေးက ချောင်မှာခို၊
မျက်ရည်တောက်တောက်ယို။
မငိုပါနဲ့ ကြွက်ကလေး။
ဗေဒင်ဆရာအတွက်မှားလို့၊
စပါးကျီအို ကြိုအကြားကို၊
သွားပြီကွဲ့လေး။
မင်းသုဝဏ်


၁။ ရွတ်ဆိုပါ။
၂။ ကဗျာအကြောင်းပြောပြပါ။
၃။ အောက်ပါမေးခွန်းကိုရေးသားဖြေဆိုပါ။
(က) ကြွက်ကလေးကဗျာရေးစပ်သူအမည်ကိုဖော်ပြပါ။

လုံးကြီးတင် ချောင်းငင် လေ့ကျင့်ခန်းများ[edit]

၁။ အောက်ပါ စကားစုများဖြင့် ပေးထားသော စာကြောင်းကို ဆက်ရေးပါ။
ရိုသေပါ၊ အားကိုးပါ၊ ပြောဆိုပါ၊ သယ်ပိုးပါ၊ နေပါ။
(၁) လူကြီးမိဘကို ___။ (၁)___
(၂) ချိုချိုသာသာ ___။ (၂)___
(၃) ရိုးရိုးသားသား ___။ (၃)___
(၄) ကိုယ့်ကိုယ်ကို ___။ (၄)___
(၅) အများအကျိုး ___။ (၅)___

၂။ အဖြေမှန်(✔)ခြစ်ပါ။
(၁) ငို ___ မလိုပါ။ (၁) ဘို့၊ ဖို့
(၂) ဆရာမကို ___ဆိုကြပါစို့။ (၂) ကျို၊ ကြို
(၃) အတန်းထဲ ___ လာပါ။ (၃) သို့၊ တို့
(၄) ကလေး ___မလှန့်ရ။ (၄) ကို၊ ဂို
(၅) အ ___အို လာနေပြီ။ (၅) ဖိုး၊ ဘိုး