သင်စာ ဖတ်စာ - ၈, ဏသတ်၊ နသတ်၊ မသတ်၊ သေးသေးတင် ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၁၃။ သင်စာ ဖတ်စာ - ၈, ဏသတ်၊ နသတ်၊ မသတ်၊ သေးသေးတင် ခန်း

သင်စာ - ၈[edit]

ဏ သတ်၊ န သတ်၊ မ သတ်၊ သေးသေးတင် ခန်း

- ဏ် - ဏ့် - ဏ်း
-န် - န့် -န်း
- မ် - မ့် - မ်း
-ံ -ံ့

ဖတ်ပါ။ ကူးရေးပါ။

ကန် ကန့် ကန်း
ခန် ခန့် ခန်း
ငန် ငန့် ငန်း
ပန် ပန့် ပန်း
ကမ် ကမ့် ကမ်း
ခမ် ခမ့် ခမ်း
လမ် လမ့် လမ်း
ငံ ငံ့
ညံ ညံ့

ဖတ်ပါ။ ကူးရေးပါ။[edit]

ရေကန် ကံ့ကော်ပန်း အခမ်းအနား ခဲတံ
နားပန်းဆံ ဆူဆူညံညံ စာအံသံ ခရမ်းသီး
တောလမ်းခရီး ပန်းကန် ရေနံဆီ မရမ်းသီးယို
အံ့သြ သူငယ်တန်း သံပရာသီး တောလမ်း
အလံတော် မောပန်း တေးသံသာ ထန်းသီး
ဆန်စပါး ဆူညံ အခန်း တေးသံ
စီတန်း ဒဏ်ရာ အသိဉာဏ် သဝဏ်လွှာ

ဖတ်စာ - ၈[edit]

ဖတ်ပါ။ ကူးရေးပါ။

ဦးလေး သာဆန်း၊
ဘာတွေထမ်း၊
မောမောပန်းပန်း သည်တောလမ်း။
ခရမ်း သံပရာ၊
မရမ်းသီးပါ။
ပဲဝါ၊ ဖရုံ၊ ထန်း၊ ကံ့ကော်ပန်း၊
လမ်းမက အသံ၊ ဆူဆူညံ၊
အာကာမိုးယံ ဘယ်သူ့အသံလဲ။
နားပန်းဆံနဲ့ မောင်ဖိုးဉာဏ်၊
ဒိုးသံအံ့မခန်း၊ မိုးယံတစ်ဝန်း။
မရိုးအမှန်ပေပ၊ ဆန်းထွေအက၊
ဒိုးသံဝေမှ အပန်းပြေရ။


၁။ သင့်လျော်သော ခေါင်းစဉ်ရွေးပေးပါ။
(က) ဖိုးဉာဏ်ရဲ့ ဒိုးသံ
(ခ ) တောလမ်းက အလာ
(ဂ ) ဦးလေး လက်ဆောင်

၂။ ဦးလေးသာဆန်း ယူဆောင်လာသော အသီးများကို ဖော်ပြပါ။
၃။ ဦးလေးသာဆန်း အဘယ်ကြောင့် အပန်းပြေသည်ဟု ထင်ပါသလဲ။
သင့်အထင်ကို ပြောပြပါ။

၄။ အောက်ပါမေးခွန်းကိုရေးသားဖြေဆိုပါ။
(က) ဦးလေးသာဆန်းမည်သည့်အရာများယူဆောင်လာသနည်း။

န သတ်၊ မ သတ်၊ သေးသေးတင် လေ့ကျင့်ခန်းများ[edit]

၁။ စာလုံးအမှန်ကို (✔)ခြစ်ပါ။
(၁) ပန်းကန်၊ ပမ်းကန်
(၂) ဆန်စပါး၊ ဆမ်စပါး
(၃) ခဲတံ၊ ခဲတန်
(၄) ခရမ်းသီး၊ ခရန်းသီး
(၅) သံပုရာသီး၊ သံပရာသီး

၂။ အဖြေမှန်ကို (✔)ခြစ်ပါ။
(၁) သူငယ် ___ ကလား။ (၁) တန်း၊ တမ်း
(၂) ခဲ ___ ယူခဲ့ပါ။ (၂) တန်၊ တံ
(၃) ဘူးသီး ___ လာ၏။ (၃) ထမ်း၊ ထန်း
(၄) တော ___ က လာသည်။ (၄) လန်း၊ လမ်း
(၅) အ ___ အနား စတော့မည်။ (၅) ခန်း၊ ခမ်း