သင်စာ ဖတ်စာ - ၁၇, က သတ် ခန်း အဆက်

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၂၂။ သင်စာ ဖတ်စာ - ၁၇, က သတ် ခန်း အဆက်

သင်စာ - ၁၇[edit]

က သတ် ခန်း အဆက်

-ို က်

ဖတ်ပါ။ ကူးရေးပါ။

ကိုက် ကျိုက် ကြိုက် နှိုက် ခိုက် ချိုက် ခြိုက် ရှိုက်
ပိုက် ပျိုက် ပြိုက် လှိုက် မိုက် မျိုက် မြိုက် ဝှိုက်

ဖတ်ပါ။ ကူးရေးပါ။[edit]

လူမိုက် မီးမြှိုက် ကောက်စိုက်မ ပူအိုက်
ဝမ်းဗိုက် တိုက်ခိုက် စာကြည့်တိုက် လှိုက်လှိုက်လှဲလှဲ
ကြုံကြိုက် ပိုက်ကွန် စိုက်ပျိုးရေး သိုက်သိုက်မြိုက်မြိုက်
ပိုက်ဆံ အမှိုက်ပုံ ကျိုက်ထီးရိုး အခိုက်အတန့်

ဖတ်စာ - ၁၇[edit]

စာကြည့်တိုက် စာကြည့်တိုက်ကို ရပ်ရွာပညာပဒေသာစာကြည့်တိုက်ဟု အမည်ပေးထား သည်။ စာကြည့်တိုက်သို့ လူငယ်တစ်သိုက် သွားကြသည်။ မောင်ဘထိုက် ကြုံကြိုက် ၍လိုက်သွားသည်။ စာကြည့်တိုက်မှူး လှိုက်လှိုက်လှဲလှဲရှိလှ၏။ ကြိုက်ရာစာကို ရွေး၍ ဖတ်နိုင်သည်။ အချိန်ရှိခိုက် လုံ့လစိုက်ပါ။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး ဗဟုသုတအဖြာဖြာရပါမည်။


၁။ စာကြည့်တိုက်အကြောင်းကိုဖတ်ပြပါ။
၂။ အောက်ပါမေးခွန်းများကိုဖြေပါ။
(က) စာကြည့်တိုက်အမည်ကိုပြောပြပါ။
(ခ ) 'အချိန်ရှိခိုက် လုံ့လစိုက်' ကိုနားလည်သလိုပြောပြပါ။
၃။ အောက်ပါမေးခွန်းကိုရေးသားဖြေဆိုပါ။
(က) စာဖတ်ခြင်းကြောင့်မည်သည့်အကျိုးကျေးဇူးများရနိုင်သနည်း။

ပညာမရှိသော သူဌေးသား အကြောင်း[edit]

မောင်ငယ်ရင်သွေး၊
နာဘိသေးလော့၊
ရှေးသရောခါ၊
ပြည်ဗာရာဝယ်၊
ကုဋေကြွယ်သား၊
သူဌေးအားလျှင်၊
သားတစ်ယောက်ဖြစ်၊
ချစ်၍တစေ၊
အိမ်မှာနေ၍
စာပေ မကျ၊
မိဘစုတေ့၊
ခန္ဓာရွေ့သော်၊
အရှေ့ အနောက်၊
တောင် မြောက် ဘယ်မှာ၊
မသိပါငြား၊
သူဌေးသားသည်၊
သိုငြားမတတ်၊
အရပ်ရပ်၌၊
နှံအပ် ဥစ္စာ၊
ရှိသည်ငှာကို၊
များစွာ ကျွန်ပေါင်း၊
မကောင်း ခိုးသူ၊
ယူ၍ ပြေးရှောင်း၊
အိမ်ကို ရောင်း၍၊
ထောင်းထောင်း ကြေလျက်၊
ခွက်လက် စွဲကာ၊
တောင်းစားပါလည်း၊
နင်သာ လူမိုက်၊
ဒုစရိုက်ဟု၊
ရိုက်ပုတ်လိုက်ကြ၊
ရွာမှ ထွက်လေ၊
တောမှာ သေသည်၊
ကောင်သေ လင်းတ ကျ၏တည်း။
ဆားတုံ ဆရာတော်

ပြည်ဗာရာ = ဗာရာဏသီပြည် (အိန္ဒိယနိုင်ငံအလယ်ပိုင်း)
ကုဋေ = တစ်ဆယ်သန်း
စုတေ = ကွယ်လွန်သည်။
သိုငြား = သိမ်းဆည်းထားသည်။
ဒုစရိုက် = မကောင်းသောအကျင့်
ကောင်သေ = သေဆုံးသွားသောသူဌေးသား



၁။ ဖတ်ပါ။ ရွတ်ဆိုပါ။
၂။ ကဗျာအကြောင်းပြောပြပါ။
၃။ ကဗျာထဲက သူဌေးသားလို မဖြစ်အောင် ဘာလုပ်မလဲ။

လုံးကြီးတင် တစ်ချောင်းငင် ကသတ် လေ့ကျင့်ခန်း[edit]

၁။ မှန်သောစာလုံးကို ရွေး၍ကွက်လပ်ဖြည့်ပါ။
ဖြိုက်ဖြိုက်၊ သို့်မြိုက်၊ အမှိုက်၊ ထိုက်ထိုက်၊ လှိုက်လှဲစွာ
(က) ပဲခူးမြို့မှ ___ ကြိုဆိုပါ၏။
(ခ ) လှေပြိုင်ပွဲကို စည်ကား ___စွာ ကျင်းပသည်။
(ဂ ) နိုင်ငံ့ဂုဏ်ဆောင်သူတို့ကို ___ တန်တန် ဂုဏ်ပြုကြသည်။
(ဃ) တောင်လေတိုက်၍ ___ လွင့်နေသည်။
(င ) မိုးတ ___ ရွာနေသည်။